အပိုင်း ၁၀၆၉
Viewers 53k

အခန်း ၁၀၆၉

နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ စတုတ္ထမြောက်အပိုင်း ကျားဖြူ ကောင်းကင်မီးဖို


လဲလှယ်မယ် မှန်တာပေါ့ လဲရမယ် ...


ပုဖန် ဒီအခွင့်အရေးကို ဆုံးရှုံးခံလို့ ဘယ်ဖြစ်မလဲ ...


နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံက စားဖိုမှူးတစ်ယောက်၏ ချက်ပြုတ်စွမ်းရည်ကို အဆင့်မြှင့်တင်ပေးနိုင်သည်။ ၎င်းက ပုဖန်အတွက်သာ ကန့်သတ်ထားခြင်း ဖြစ်နေသည်။


အကယ်၍ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား မဟူရာလိပ်ခုံးဒယ်အိုးနှင့် ဟင်္သာပြဒါးစားဖိုမှူးဝတ်ရုံတို့ကို ဆုံးရှုံးခဲ့ပါက သူ၏ချက်ပြုတ်စွမ်းရည်မှာ အဆင့်တစ်ခုလုံး နိမ့်ကျသွားနိုင်ပြီး အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပထမနေရာ ရရန်လည်း မဖြစ်နိုင်ပေ။ 


၎င်းက အခြားအင်မော်တယ်စားဖိုမှူးများအတွက်လည်း တူတူပင် ဖြစ်သည်။ သူတို့၏ မသေမျိုးကိရိယာများ မရှိပါက ယှဉ်ပြိုင်နိုင်စွမ်း အများအပြား ကျဆင်းသွားလိမ့်မည်။ 


ထို့ကြောင့်ပင် ပုဖန်က နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ ကောင်းကျိုးများကို နားလည်သဘောပေါက်ထားခြင်းဖြစ်သည်။


စတုတ္ထမြောက် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံက ဘာများဖြစ်လိမ့်မလဲ ...

ပုဖန် မျှော်လင့်နေသည်။


" မီးဖိုများ ဖြစ်နေမလား ..."


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စိတ်ထဲ‌တွင် ၎င်းက မီးဖို ဖြစ်နိုင်ချေများသည်ဟု ထင်နေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အင်မော်တယ်စားဖိုမှူများက သူတို့၏ မသေမျိုးကိရိယာမီးဖိုကို အမြဲအသုံးပြုကြသည်။ မီးဖိုက စားဖိုမှူး၏ မီးတောက်ထိန်းချုပ်မှုကို တိုးတက်စေနိုင်သည့်အတွက် ဟင်းလျာအရသာကို အသေးစိတ် ထိန်းချုပ်နိုင်ကြသည်။


မီးဖိုသာဖြစ်ပါက မဆိုးလှပေ။


မည်သို့ပင်ဖြစ်စေ ပုဖန် မီးဖိုတစ်ခု အမှန်ပင် လိုအပ်နေသည်။


" လဲလှယ်လိုက်ပါ ..."

ပုဖန် စနစ်ကို ပြောလိုက်သည်။


စနစ်က ခဏခန့် တိတ်ဆိတ်သွားသည်း ခဏအကြာတွင် လေးနက်သည့် အသံတစ်ခု တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။


" နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့အစိတ်အပိုင်းကို လဲလှယ်ခြင်း စတင်မယ်... ပိုင်ရှင် ခဏစောင့်ရပါမယ် ..."


ပုဖန် ထိုနေရာတွင်သာ မျက်နှာသေဖြင့် ရပ်နေသည်။


ထိုအချိန်တွင် စင်မြင့်ပေါ်၌ အင်မော်တယ်စားဖိုမှူဆယ်ယောက် ရပ်နေကြပြီး အခြားစားဖိုမှူးများစွာက ပုဖန်ကို စူးစမ်းသကဲ့သို့ ကြည့်နေကြသည်။


သူတို့၏ အကြည့်များက လေးစားမှု စူးစမ်းမှုများနှင့် ပြည့်နေသည်။


ထိုလူမှာ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပထမနေရာ ရခဲ့သည့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွာမှ အင်မော်တယ်စားဖိုမှူးဖြစ်သည်။


သူက ရင်းမြစ်များ ချို့တဲ့သည့် ပထမအလွာမှ လာခဲ့သော်လည်း သူ၏ ထူးချွန်သည့်ပင်ကိုစွမ်းရည်က သူ၏လမ်းကြောင်းပေါ်မှ အရာအားလုံးကို ချေမှူန်းခဲ့သည်။


အသန်မာဆုံးမကောင်းဆိုးဝါးဖြစ်သည့် ပဉ္စမအလွှာမှ လုယီကိုပင် အဆုံးသတ်ပေးခဲ့ပြီး အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပထမနေရာ ရခဲ့သည်။


သူကိုယ်တိုင်က နတ်ဆိုးဟုပြောလျှင်ပင် ယုံကြည်ကြလိမ့်မည်။


တကယ်လို့ နတ်ဆိုးဘုရင်ကြီးကိုသာ ပဉ္စမအလွှာမှာ ပျိုးထောင်ခဲ့ရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေမလဲ ...


ရင်းမြစ်များကိုသာ သာတူညီမျှ ရရှိပါက နတ်ဆိုးဘုရင်ကြီးက အားလုံး၏ခေါင်းကို တက်နင်းသွားနိုင်သည့် အိမ်မက်ဆိုးကြီးတစ်ခု ဖြစ်လာနိုင်သည်။


ကြောက်မက်ဖွယ်အကောင်းဆုံး အိမ်မက်ဆိုးကြီး ...


ပုဖန်ကို စပ်စုနေသည့် အင်မော်တယ်စားဖိုမှူးများက နတ်ဆိုးဘုရင်ကြီး ထိုနေရာတွင် အရူးကဲ့သို့ ငေးငိုင်နေသည်ကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။


ယခု ပုံဖန်၏ပုံစံများ ပြိုင်ပွဲမှ လူအားလုံးကို အနိုင်ယူခဲ့သည့် နတ်ဆိုးဘုရင်ကြီးနှင့် လုံးဝကွဲပြားနေသည်။


သူ့ကိုကြည့်ရတာ တကယ့်အရူးလိုပဲ ..


သို့သော် မည်သူကမျှ ပုဖန်ကို အထင်မသေးရဲကြပေ။ 


နောက်ဆုံးမှာတော့ သူက လုယီကိုတောင် အဆုံးသတ်စေခဲ့တဲ့ နတ်ဆိုးဘုရင်ကြီးပဲလေ ...


ဝတ်ရုံနက်လူက ပုဖန်ကို သားကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ စိတ်ဝင်တစားကြည့်နေသည်။


လုယီကမူ သူ၏ရှုံးနိမ့်မှုများကြောင့် ပြန်လည်မကောင်းမွန်လာသေးသဖြင့် မှိုင်တွေညိုးငယ်နေသည်။


ဝီ ...


ပုဖန်၏စိတ်ထဲမှ အတက်အကျလှိုင်းများ ပျောက်သွားသည်။ ထို့နောက် သူ၏စိတ်က ဝိညာဉ်ပင်လယ်ထဲ နစ်မြုပ်သွားသည်။


သူ ထိုနေရာသို့ ဝင်လ်ုက်သည်နှင့် ပြင်းထန်နေသော လေထုတစ်ခုကို ခံစားမိလိုက်သည်။


ရွှေရောင်နတ်နဂါး လိပ်နက်ကြီးနှင့် ဟင်္သာပြဒါးငှက်တို့က ကြောက်မက်ဖွယ်တည်ရှိမှုကြီး ဆင်းသက်လာသကဲ့သို့ စိတ်မသက်မသာ ဖြစ်နေကြသည်။


" ဒီစွမ်းအင်က ... အဲ့ကောင်‌လာနေပြီ ..."

ရွှေရောင်နတ်နဂါးကြီးက ရှူးသိုးသိုးဖြင့်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြင်းထန်သည့်လှိုင်းများ ဝေ့ဝဲလာသည်။


" သူက တကယ်ကို ရက်စက်ပြီး ပြဿာနာရှာတတ်တဲ့သူပဲ ... ငါအဲ့ကောင်ကို မုန်းတယ် ..."

လိပ်နက်ကြီး၏အသံမှာလည်း သုန်မှုန်နေသည်။ သူ၏ ကြီးမားသော အခွံကြီးက ကောင်းကင်ဘုံတစ်ခုလုံးနှင့် ကမ္ဘာမြေကြီးကို သယ်ဆောင်ထားသကဲ့သို့ပင်။


ဟင်္သာပြဒါးငှက်၏ မျက်လုံးများက ပုဖန်ပေါ်ရောက်လာသည်။ တကျီကျီ အော်မြည်ပြီး သူ၏မီးတောက်တောင်ပံများကို ဖြန့်ကျက်ကာ ပြောလိုက်သည်။

" ပိုင်ရှင်လေး ... ဒါကိုတော့ သတိရပါ ... အဲ့ကောင်ရဲ့ လွှမ်းမိုးတာ မခံရစေနဲ့ ...."


ပုဖန် လက်ပိုက်ထားသည်။ ထို တည်ရှ်ိမှုသုံးခုကို မျက်နှာချင်းဆိုင်နေစဉ် သူ သိချင်စိတ်ပြင်းပြလာသည်။


" ခင်ဗျားတို့ ပြောနေတာ ဘယ်သူ့အကြောင်းလဲ .."


" နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ ကိရိယာဝိညာဉ်အသစ်အကြောင်း‌ ..."

ရွှေရောင်နတ်နဂါးကြီးက ဖြေလိုက်သည်။


ပုဖန် အနည်းငယ် အေးခဲသွားသည်။


အလွန် ဆန်းကြယ်လှသည်။ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံအသစ်မှာ ထိုကိရိယာဝိညာဉ်သုံးမျိုးကိုပင် လှုံ့ဆော်ပေးနိုင်သည်အထိ အံ့ဩဖွယ်ကောင်းပုံရသည်။


" သူက အလွန်ရက်စက်တဲ့ တည်ရှိမှုပဲ ... ပိုင်ရှင်လေး ဘယ်တော့မှ သူ့ရဲ့လွှမ်းမိုးမှုကို မခံရစေနဲ့ ..."

လိပ်နက်ကြီးက လေးနက်သွာ ပြောလိုက်သည်။


လိပ်နက်ကြီးက အသိပညာရှိသူဖြစ်၍ ပုဖန် သူ၏စကားများကို ယုံကြည်လိုက်သည်။


လိပ်နက်ကြီးကိုတောင် လေးနက်တည်ကြည်လာအောင် လုပ်နိုင်တယ်ဆိုတော့ အဲ့ဒီအသစ်က အရမ်းစိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲ ...


ပုဖန် ရုတ်ချည်းစိတ်လှုပ်ရှားလာပြီး ကြာကြာမစောင့်နိုင်တော့ပေ။


ရုတ်တရက် ...


ပုဖန်၏ ဝိညာဉ်ပင်လယ်တွင် လှိုင်းထန်လာသည်။


ဝိညာဉ်ပင်လယ်၏ အောက်ခြေမှ ထောင်နှင့်ချီသော လှိုင်းဂယက်များ ပေါ်လာသည်။


ရွှေရောင်နတ်နဂါး လိပ်နက်ကြီးနှင့် ဟင်္သာပြဒါးငှက်တို့ ခေါင်းလှည့်၍ ဝိညာဉ်ပင်လယ်၏ အောက်ခြေကို ကြည့်လိုက်ကြသည်။


မြူနှင်းများ အကန့်အသတ်မရှိ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပုံပင်။ 


မြူနှင်းများကြားတွင် ဧရာမပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။


ဝုန်း ဝုန်း ဝုန်း ...


မြည်ချုန်းသံများက သူ၏အတွင်းမှ တုန်ခါလာသည်ဟု ထင်လာသည်။ 


သူ၏ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာသည်။


" ရောက်လာပြီ ..."


" အဲ့ကောင်ရဲ့ ရွံစရာကောင်းတဲ့အော်ရာကို ထပ်ပြီးခံစားရပြန်ပြီ ..."


" တိုက်ခိုက်မှုနဲ့ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နေတဲ့အော်ရာပဲ ..."


ရွှေရောင်နတ်နဂါး လိပ်နက်ကြီးနှင့် ဟင်္သာပြဒါးငှက်တို့စကားများတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။


ပုဖန် ပို၍ပင် သိချင်လာသည်။ ထိုမည်းမှောင်နေသည့် အောက်ခြေကို စိုက်ကြည့်နေသည်။


ဂရား ...


တုန်ခါနေသော ကျားဟိန်းသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ဘုံအထိ ပဲ့တင်ထပ်သွားသည်။


ပုဖန် လေအေးကို ရှုရှိုက်နေရသည်။ ကျားဟိန်းသံကြီးအောက်တွင် သူ၏ ဝိညာဉ်ပင်လယ်က ပေါက်ကွဲတော့မည်ဟုပင် ထင်ရပြီး လှိုင်းဂယက်များကလည်း ကောင်းကင်ပေါ်ထိ မြင့်တက်လာသည်။


ကျားဟိန်းသံနှင့်အတူ ...


ရွှေရောင်နတ်နဂါးကြီးကလည်း နားအူစေသည့်အသံမျိုးဖြင့် ဟိန်းဟောက်လိုက်သည်။


လိပ်နက်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


ဟင်္သာပြဒါးငှက်သည်လည်း အတောင်ပံများ ဖြန့်ကျက်ကာ အော်ဟစ်လိုက်သည်။


ကိရိယာဝိညာဉ်လေးမျိုး တစ်ကြိမ်တည်းမှာပင် အော်မြည်ပြီး ထိပ်တိုက်တွေ့ဆုံနေကြသည်။


ပုဖန်က ဝိညာဉ်လေးမျိုး၏ ရိုက်ခတ်ခြင်းကို ခံရသော သစ်ရွက်လှေကဲ့သို့ အလယ်တွင် ရှိနေသည်။


ရွဲ ရွဲ ရွဲ ..


ဝိညာဉ်ပင်လယ်ထဲမှရေများ ဖြည်းညှင်းစွာ ဆူပွက်ကာ အငွေ့ပျံလာသည်။


နောက်ဆုံးတွင် ထိုကိရိယာဝိညာဉ်၏ အသွင်သဏ္ဍာန်က ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။


၎င်းမှာ အဖြူရောင်ခန္ဓာကိုယ်နှင့် ကြီးမားသော ကျားဖြူကြီးဖြစ်သည်။


တစ်ကိုယ်လုံးမှ အမွှေးများမှာလည်း အဖြူရောင်ဖြစ်သည်။ အမှောင်ထဲမှ ထွက်လာစဉ်တွင် မီးတောက်ဖြူများ တောက်လောင် နေသကဲ့သို့ပင်။ 


ထိုမီးတောက်က ပုံရိပ်ယောင်ဟင်းလင်းပြင်ကိုပင် တွန့်ချိုးသွားစေပြီး တောက်လောင်နေသည့် အပူချိန်ကိုပင် အေးစက်သွားစေသည်။ 


ကျားဖြူကြီး ထွက်လာသည်။


ခေါင်းမော့၍ ပါးစပါဟကာ ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။


ထိုဟိတ်းဟောက်သံကြောင်း လှိုင်းဂယက်များ ဖြစ်သွားပြီး ဝိညာဉ်ပင်လယ်ထဲတွင် တုန်ရီသွားသည်။


" ကျားဖြူကြီး ဘာလုပ်နေတာလဲ ..."


ဟင်္သာပြဒါးငှက်က ခက်ထန်စွာ အော်ပြောလိုက်ပြီး သူ၏မျက်လုံးထဲတွင် ကတ္တီပါနီရောင် မီးတောက်များနှင့် တောက်ပနေသည်။


ရွဲ ရွဲ ရွဲ ...


ကျားဖြူကြီး၏ ကိုယ်မှ ကြောက်မက်ဖွယ်ဖိအားလှိုင်းများ ထွက်ပေါ်နေပြီး ဝိညာဉ်ပင်လယ်ထဲမှ ရေများကိုပင် အငွေ့ပျံသွားစေသည်။


" မတွေ့ရတာကြာပြီ တီကောင်လေး လိပ်အိုကြီးနဲ့ ငှက်ပေါက်စလေး ..."


ထိုအသံမှာ မြေပြင်ကို ဓားနှင့်ပွတ်တိုက်နေသကဲ့သို့ ရှတတဖြစ်နေသည်။


" မင်း ဘယ်သူ့ကို တီကောင်လေးလို့ ခေါ်လိုက်တာလဲ ..."


ရွှေရောင်နတ်နဂါးကြီး ဒေါသထွက်သွားသည်။


နဂါးကြီး၏ ခန္ဓာကိုယ်ကြီးက ဒီရေကို လှုပ်ခတ်သွားသကဲ့သို့ လှည့်လာပြီး နဂါးဟောက်သံ ထွက်ပေါ်လာသည်။


ကျားဖြူကြီး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးမှုများကို မြင်နေရသည်။


" မင်းစိတ်ဆိုးသွားတာလား နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် တီကောင်လေးဆိုတာ ဝန်ခံလိုက်ပြီပေါ့ ..."


ကျားဖြူကြီးက ရယ်လိုက်သည်။ ထို့နောက် ဒေါသထွက်နေသည့် ရွှေရောင်နတ်နဂါးကို လျစ်လျူရှု့၍ အကြည့်များက ပုဖန်ဆီသို့ ရောက်လာသည်။ 


ပုဖန် သူ၏ပတ်ဝန်းကျင်ရှိ ဖိအားကို ချက်ချင်းခံစားလိုက်ရပြီးနောက် ကွယ်ပျောက်သွားသည်။


ဝုန်း ...


မျက်စိတစ်မှိတ်အတွင်း ကျားဖြူကြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။


ဝိညာဉ်ပင်လယ်ကြီးက ဖိနှိပ်ချုပ်ချယ်သည့် လေချွန်သံများ ထုတ်လွှတ်နေသည်။


ခဏအကြာတွင် ...


ကျားဖြူကြီးက ပုဖန်ရှေ့တွင် ပေါ်လာသည်။ ၎င်း၏ လက်သည်းကြီးများက ပုဖန်၏ခေါင်းနားကိုပင် ရောက်လာသည်။


" ပိုင်ရှင်က အသစ်မွေးဖွားလာတဲ့ ကလေးလား ..."

ကျားဖြူကြီးက မျက်လုံးများ ပြူးကျယ်လျက် ပုဖန်ကို စိုက်ကြည့်နေသည်။


လေပြင်းတိုက်ခတ်လာပြီး ပုဖန်၏ဆံပင်များ တဖျပ်ဖျပ်လွင့်လာသည်။


" အဲ့တာကျုပ်ပဲ ..."

ပုဖန် သက်ပြင်းရှည်ကြီး ချလိုက်သည်။


" ခင်များက နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ ကိရိယာဝိညာဉ်လား ..."


" မှန်တယ် ငါက ကျားဖြူကောင်းကင်မီးဖိုရဲ့ ဝိညာဉ် ကျားဖြူကြီးပဲ ..." 

ကျားဖြူကြီးက စိတ်ဝင်တစားကြည့်ပြီး ပုဖန်ကို ပြောလိုက်သည်။


" နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ ဝိညာဉ်တွေထဲမှာ ငါက သတ်ဖြတ်ရတာကို တာဝန်ယူထားရတာ ... ကမ္ဘာကြီးကို ငါနဲ့တူတူအုပ်စိုးဖို့ စိတ်ဝင်စားလား ..."


ထိုစကားများ ပြောနေချိန်တွင် ကျားဖြူကြီး၏ပါးစပ်မှ မီးတောက်ဖြူများ ထွက်နေသည်။


" ကမ္ဘာကြီးကို အုပ်စိုးဖို့လား ... စိတ်မဝင်စားဘူး ..."

ပုဖန်၏ အသံက တည်ငြိမ်နေပြီး ကျားဖြူကြီးကို မျက်နှာသေဖြင့် ကြည့်နေသည်။


ကျားဖြူကောင်းကင်မီးဖို စတုတ္ထမြောက် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံက တကယ်ကို မီးဖိုပဲ ...


ပုဖန်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ 


ကျားဖြူဝိညာဉ်မီးထို၏ အကျင့်စရိုက်က အတော်အတန်ဆိုးပုံရသည်။


" မင်းက ကမ္ဘာကြီးကို မအုပ်စိုးချင်ဘူးဆိုရင် ဆားသိပ်ထားတဲ့ ငါးတစ်ကောင်နဲ့ ဘာများကွာတော့မှာလဲ ... မင်းကို လက်ဖဝါးတစ်ချက်စာနဲ့ပဲ သတ်ပစ်လိုက်လို့ရတယ် ..."


ပုဖန်၏ စကားများက ကျားဖြူကြီးကို ဒေါသထွက်သွားစေသည့်ပုံပင်။ ကျားလက်ဖဝါးကြီးကို မြှောက်ပြီး ရိုက်ချလိုက်သည်။ 


၎င်းဖိအားများက ဝိညာဉ်ပင်လယ်ကိုပင် ပေါက်ကွဲသွားစေနိုင်သည်။ 


ပုဖန် မျက်ခုံးပင့်လိုက်သည်။ သို့သော် သူ၏အမူအရာမှာ မပြောင်းလဲပေ။


မျှော်လင့်ထားသည့်အတိုင်း ကျားဖြူကြီး၏ လက်ဖဝါးကြီးမှာ ပုဖန်၏ ခေါင်းအထက်တွင် ရပ်တန့်သွားသည်။ 


" ကျုပ်က ပိုင်ရှင်နော် မင်း ကျုပ်ကို သတ်ရဲလို့လား ..."

ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။


ကျားဖြူကြီးက လက်ဖဝါးကို ပြန်ရုတ်လိုက်သည်။


" ကောင်းတယ် ... သတ္တိရှ်ိတယ် ... ဒါပေမဲ့ ..."


ကျားဖြူကြီး ပြုံးလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး လှဲရန် နေရာရှာလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်မှ မီးတောက်များက ‌တောက်လောင်နေဆဲဖြစ်သည်။


" ငါဆိုတဲ့ ကျားဖြူကြီးက ပိုင်ရှင်များစွာ ရှိခဲ့ပေမယ့် အားလုံးသေကုန်ကြပြီ ... မင်းက ခုမှ အသစ်မွေးဖွားလာတာပဲ ... မင်းလည်း ကြာကြာမနေရလောက်ဖူး ..."

ကျားဖြူကြီးက ပြောလိုက်သည်။


အဝေးတွင် ...


ဟင်္သာပြဒါးငှက် ရွှေရောင်နတ်နဂါးကြီးနှင့် လိပ်နက်ကြီးတို့ တိတ်ဆိတ်နေသည်။ ကျားဖြူပြောသည်မှာ မှန်ကတ်ကြောင်း သူတို့ လက်ခံရလိမ့်မည်။


" ကျားဖြူ ဒီပိုင်ရှင်ငယ်လေးက ... အံ့ဩဖွယ်ရာတွေ ဖန်တီးနိုင်လိမ့်မယ် ..."


ဟင်္သာပြဒါးငှက်က ရုတ်တရက် ပါးစပ်ဟပြီး ပြောလိုက်သည်။ 


သို့သော်ကျားဖြူကြီးက ဟင်္သာပြဒါးငှက်ကို တစ်ချက်သာစောင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် နှာမှုတ်လိုက်ပြီး စကားထပ်မပြောတော့ပေ။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ 

အရင်ပိုင်ရှင်တွေအကုန် သေသွားကြတာလား ...


ကျားဖြူကြီးက သူ့ကို ယုံကြည်ချက်မရှိပေ။


သို့သော် ပုဖန် စိတ်ထဲမထားပေ။ အကယ်၍ ယုံကြည်ချက်မရှိပါက သူ့ကို ယုံကြည်ချက်ပေးရန်သာလိုသည်။ 


သူဆိုတဲ့ ပုဖန်က ဒီလောက်လွယ်လွယ် မသေနိုင်ပါဘူး ...


ကျားဖြူကြီးကို မျက်လုံးမှေးကာ ကြည့်လိုက်ပြီး ဝိညာဉ်ပင်လယ်နေရာမှ ထွက်လာလိုက်သည်။


ပုဖန် မျက်လုံးများ ဖွင့်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်တွင် အသိပြန်ဝင်လာသည်။


" ကဲ အားလုံးပဲ မသေမျိုးသစ်ပင်နေရာကို ဝင်ဖို့ပြင်ဆင်ကြပါ ..."


မြို့တော်သခင်မုန့်ချီ၏ နူးညံ့လှပသောအသံက ပုဖန်၏နားထဲတွင် ပဲ့တင်ထပ်လာသည်။ 


ထို့နောက် သူမလက်ထဲတွင် အစိမ်းရင့်ရောင် ကျောက်စိမ်းအင်းကွက်တစ်ခု ပေါ်လာသည်။ အလယ်တွင် သစ်ပင်ငယ်လေးပုံစံ ရေးထွင်းထားသည်။


ကျောက်စိမ်းအင်းကွက်ကို လက်ဖြင့်ညှစ်လိုက်သည့်အခါ လက်ဖဝါးအရွယ်ခန့်ရှိသည့် အဝိုင်းပုံ မှော်အခင်းအကျင်းတစ်ခု လည်နေသည်။


ထို့နောက် ၎င်းကို တစ်ချက်တောက်လိုက်သည့်အခါ အင်မော်တယ်စားဖိုမှူးဆယ်ယောက်၏ ဦးခေါင်းများထက် ရောက်လာပြီး အားလုံးကို လွှမ်းခြုံသွားသည်။


ပုဖန် ဝတ်ရုံနက်လူနှင့် အခြားအင်မော်တယ်စားဖိုမှူများ ခေါင်းမော့ကြည့်ကြသည်။ စိတ်ဓာတ်ကျနေသည့် လုယီပင် ခေါင်းပြန်မော့လာသည်။


သူတို့၏ ဦးခေါင်းထက်မှ မှော်အခင်းအကျင်းကို ကြည့်နေကြသည်။


အစိမ်းရင့်ရောင် ရောင်ခြည်တန်းက တောက်ပနေသည်။


ရုတ်တရက် ၎င်းက ပွင့်ဟသွားသည်။


အခိုက်အတန့်တစ်ခု ကြာသောအခါ အရာအားလုံးက မှော်အခင်းအကျင်း၏ ဝန်းရံခြင်းကို ခံလိုက်ရသည်ဟု ပုဖန် တွေးလိုက်မိသည်။


ဝီ ...


အလင်းရောင်စူးစူးကို မခုခံနိုင်သောကြောင့် မျက်လုံးများ ပိတ်လိုက်ကြသည်။


သူတို့၏ပုံရိပ်များ တွန့်ချိုးသွားသကဲ့သို့ပင်။ 


အလင်းရောင် အားပျော့သွားသည်ဟု ခံစားမိသဖြင့် ပုဖန် မျက်လုံးများ ဖွင့်လိုက်သည်။ 


သူ၏အမြင်အာရုံထဲ ဝင်လာသည်မှာ အဖြူရောင်တိမ်တိုက်များနှင့် အပြာရောင်ကောင်းကင်ကြီး ဖြစ်သည်။ တောက်ပနေသော နေလုံးကြီးမှလည်း မင်းတန်းများ ဖြာကျနေသည်။


နွေးထွေးသော နေရောင်ခြည်က ပုဖန်၏ကိုယ်ပေါ်သို့ ရောက်လာပြီး စိတ်ကိုအေးချမ်းစေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ရောက်ရှိပြီးကတည်းက ပုဖန် နေပူဆာမလှုံဖြစ်ပေ။ 


ထိုကဲ့သို့ သက်တောင့်သက်သာဖြစ်မှုကြောင့် ပုဖန် သတိလက်လွတ်ဖြစ်သည်။


ရုတ်တရက် ပုဖန်၏အကြည့်က အဝေးသို့ ရောက်သွားသည်။


ထိုနေရာတွင် ကြီးမားသာ့် အပင်မြင့်ကြီးတစ်ခုရ်ှသည်။ ၎င်း၏ပုံပန်းသွင်ပြင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မသေမျိုးသစ်ပင်နှင့်တူသော်လည်း ကောင်းကင်ဘုံထိရောက်အောင် မြင့်မားသော မသေမျိုးသစ်ပင်ထက် သေးငယ်နေသည်။


၎င်းက သာမန်သစ်ပင်များထက် အနည်းငယ်သာမြင့်သော ဆယ်မီတာအမြင့်ရှိသည့် သစ်ပင်ကြီးဖြစ်သည်။


ဝှစ် ...


လေတိုက်ခတ်နေသည်။


သစ်ပင်ကြီး၏အရွက်များက လှုပ်ခါနေပြီး ခဏအကြာ တောက်ပနေသော သစ်ပင်မှ အဆီအနှစ်လှိုင်းများ ထွက်လာသည်။


" ဒါက မသေမျိုးသစ်ပင်နေရာလား ... ဒါဆိုရင် ပြောနေကြတဲ့ ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒလည်း ရှိရမှာပေါ့ ... သစ်ပင်ကြီး ... ဒီအပင်က ခွေးဘုရင် အရင်တုန်းက ကိုက်စားခဲ့တဲ့ဟာလား ..."

ပုဖန် ရေရွတ်လိုက်သည်။


အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အခြားအင်မော်တယ်စားဖိုမှူးများ ပျောက်သွားသည်ကို သတိပြုမိသွားသည်။ 

သူတို့က မသေမျိုးသစ်ပင်နေရာရဲ့ တခြားဧရိယာတွေမှာ ပြန့်ကျဲနေတာဖြစ်မယ် ...


သို့သော် ပုဖန် အလွန်ဂရုမစိုက်ပေ။ 


သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်နှင့် အဖြူရောင်မီးတောက်များ ရှေ့တွင် ထွက်ပေါ်လာသည်။


မီးတောက်များ ပေါ်လာပြီးနောက် ချက်ချင်းပင် လည်ပတ်သွားပြီး အချိန်တိုအတွင်း မသဲကွဲသည့် ပုံရိပ်တစ်ခုလည်း ပေါ်လာသည်။


ဂရား ...


ကျားဟိန်းသံကြီးကြောင့် ပုဖန် အနည်းငယ် တုတ်ယင်သွားသည်။


ခဏတွင်းချင်းမှာပင် မည်သည့်သတ္တုဖြင့် လုပ်ထားမှန်းမသိသည့် မီးဖိုတစ်ခုပေါ်လာသည်။


ဝုန်း ...


မီးဖိုက မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ၎င်းကအလွန်လေးသည့်အတွက် မြေပြင်ကြီးပင် တုန်ခါသွားသည်။


တစ်ချိန်တည်းမှာပင် ပုဖန်၏ စိတ်ထဲတွင်လည်း တုန်ယင်နေသည်။


" ဒါက နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ စတုတ္ထမြောက်အပိုင်း ကျားဖြူ ကောင်းကင်မီးဖိုလား ..."


မီးဖိုကိုကြည့်ပြီး ပုဖန် လေအေးကို ရှုရိုက်လိုက်ရသည်။