အပိုင်း ၁၀၇၂
Viewers 53k

အခန်း ၁၀၇၂

ရင်းနှီးနေသည့်လူဖြစ်သော အသန်မာဆုံးနတ်ဆိုးဘုရင်


ပဉ္စမအလွှာ မြို့တော်သခင်နန်းတော်


နယ်ပယ်သခင်တိထိုက်၏ ဝတ်ရုံရှည်က လှုပ်ရမ်းနေသည်။ သူ၏ဝတ်ရုံအောက်တွင် ကိုယ်လုံးတီးကို ထင်ထင်ရှားရှားမြင်နေရသည်။


သူ၏ပုံရိပ်က မြို့တော်သခင်နန်းတော်၏ ဂိတ်တံခါးကြီးရှေ့သို့ ဆင်းသက်လာသည်။ ကြီးကျယ်ခံ့ညားသည့် နန်းတော်ကြီးကိုကြည့်ပြီး သူ၏မျက်လုံးက အနည်းငယ် အရောင်တောက်သွားသည်။


အနက်ရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး ဂိတ်ဝရှေ့တွင် ခွေးဘုရင် ပေါ်လာသည်။


" ဝင်ကြရအောင် အဲ့လူက ငတုံးလိုမျိုး နန်းတော်ထဲ ထိုင်စောင့်နေမယ် မထင်ဘူး ..."

ခွေးဘုရင် ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။ ထို့နောက် သိမ်မွေ့သည့် ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် အထဲကို လှမ်းသွားသည်။


နယ်ပယ်သခင်တိထိုကိ ရွှေရောင်ဆံပင်များကို လှန်တင်လိုက်သည်။ ထို့နောက် မြို့တော်သခင်မုန့်ချီနှင့်အတူ ကတ္တီပါနီရောင်တံခါးကြီးကို တွန်းဖွင့်လိုက်ကြသည်။


ချက်ချင်းပင် မည်းနက်သော စွမ်းအင်လှိုင်းများက သူတို့ထံ တစ်ဟုန်ထိုး ရောက်လာသည်။


ခွေးဘုရင်နှင့် နယ်ပယ်သခင်တို့ မျက်ခုံးများ ပင့်လိုက်ကြသည်။


လူနှစ်ယောက်နှင့် ခွေးတစ်ကောင် အတွင်းသို့ ဝင်လာသည်။


မြို့တော်သခင်နန်းဆော်တစ်ခုလုံး အကြွင်းမဲ့ တိတ်ဆိတ်နေသည်။ မူလက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသည့် နန်းတော်ကြီးတွင် မည်သူ့ကိုမျှ မမြင်ရပဲ သေမင်း၏နန်းတော်ကြီးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။


ထိုသို့ဖြစ်နေခြင်းက ခွေးဘုရင်နှင့် နယ်ပယ်သခင်တိထိုက်ကို သံသယဝင်စေသည်။


ဖုန့်ကွမ်ကျန်းက မြို့တော်သခင်နန်းတော်ကို အရင်ပြန်ရောက်လာပြီး ဒီမှာရှိတဲ့လူအားလုံးကို ရှောင်ခိုင်းထားတာများလား ...


သူက လမ်းဘေးခွေးတစ်ကောင်လိုမျိုး နောက်ကလိုက်ခံနေရတာပဲ ဒီလိုအသေးအဖွဲ့လေးတွေ ဂရုစိုက်ချိန် ရှိပါ့မလား ...


လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့ ခြံဝင်းအတွင်း ဝင်လာကြသည်။


ရုတ်တရက် ခြံဝင်းထဲတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။


သွေးနီရောင် အလင်းတန်းများ ကောင်းကင်ထိရောက်ပြီး မိုးကုပ်စက်ဝိုင်းကိုပင် လွှမ်းမိုးသွားသည်။


ဝုန်း ဝုန်း ဝုန်း ...


သွေးနီရောင် ရေဘဝဲလက်များ ရုတ်ချည်းပေါ်လာပြီး မြေပြင်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။ ၎င်းတို့က ပိုက်ကွန်တစ်ခုပုံ ပြောင်းသွားကာ ခွေးဘုရင်နှင့် နယ်ပယ်သခင်တိထိုက်ဆီသို့ ပျံသန်းလာသည်။


" အဲ့တာဘာကြီးလဲ ..."

နယ်ပယ်သခင်တိထိုက် အံ့အားသင့်သွားသည်။


" အဲ့တာ သွေးပိုက်ကွန်လို့ခေါ်တယ် ..."

ခွေးဘုရင် ခေါင်းမော့၍ သွေးပိုက်ကွန်ကိုကြည့်ကာ ဖြေလိုက်သည်။


"အဲ့တာ ငရဲအကျဉ်းထောင်ရဲ့ လုပ်ထုံးလုပ်နည်းပဲ ဖုန့်ကွမ်ကျန်းက တကယ်ကို အဲ့ကောင်တွေနဲ့ ပတ်သက်နေတာပဲ ..."


ခွေးဘုရင် သက်ပြင်းချပြီးနောက် ဆက်ပြောလိုက်သည်။

" ငါ ကောင်းကင်ဘုံလမ်းကြောင်းကြီးကို ကိုက်စားခဲ့တဲ့အချိန်က ဖုန့်ကွမ်ကျန်းက ဒီကိစ္စနောက်ကွယ်မှာ လှုပ်ရှားနေခဲ့တာဖြစ်မယ် ..."


နယ်ပယ်သခင်တိထိုက် အေးခဲသွားသည်။ ထို့နောက် မျက်နှာမဲ့လိုက်ပြီး ခွေးဘုရင်ကို မျက်စိစွေကြည့်လိုက်သည်။


" ခွေးငပျင်း ဒီအခွင့်အရေးကို အသုံးချပြီး အပြစ်လွှဲချဖို့ ကြံစည်မနေနဲ့ ..."


ခွေးဘုရင် နယ်ပယ်သခင်ကို မျက်ဆံလှန်၍သာ ကြည့်လိုက်သည်။


ဒီအရူးကတော့ ...


ဝုန်း ဝုန်း ဝုန်း ...


သွေးပိုက်ကွန် ရုတ်တရက် ပြုတ်ကျလာပြီး ‌ဟင်းလင်းပြင်ထဲတွင် တရှဲရှဲမြည်နေသည့် ဓာတ်ငွေ့များက ပေါက်ကွဲလာသည်။


ဤသွေးပိုက်ကွန်၏ အစွမ်းမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားသည်။


" ဒီသွေးပိုက်ကွန်ကို ဘယ်လိုချိုးဖျက်ရမလဲ ..."

မြို့တော်သခင်မုန့်ချီ မေးလိုက်သည်။


" သွေးပိုက်ကွန်က ငရဲအကျဉ်းထောင်ရဲ့ ရက်စက်တဲ့ နည်းစနစ်တစ်မျိုးပဲ ထိလိုက်တာနဲ့ စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကိုတောင် သွေးအိုင်ထဲ ရောက်သွားစေနိုင်တယ် ... ဘယ်လို ချိုးဖျက်ရမလဲဆိုရင်တော့ လက်ဖဝါးတစ်ချက်စာနဲ့ လုံလောက်ပါတယ် ..."

ခွေးဘုရင်‌ ပြောလိုက်သည်။


ခွေးဘုရင်က သူ၏နှုတ်ခမ်းကို အထင်အမြင်သေးဟန်ဖြင့် တွန့်ချိုးလိုက်သည်။


ခဏတွင်းချင်းမှာပင် သူ၏လက်ဖဝါးက ကောင်ူကင်အထိရောက်သွားပြီး အလွန်ကြီးမားလာသည်။


သွေးပိုင်ကွန်ကို မျက်စိတစ်မှိတ်အတွင်း ချိုးဖျက်လိုက်ပြီး ဧရာမတွင်းကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။


ထိုတွင်းကို မြင်သည့်အခါ နယ်ပယ်သခင်တိထိုက်နှင့် မြို‌့တော်သခင်မုန့်ချီတို့ တစ်ဟုန်ထိုး ပြေးလာကြသည်။



မသေမျိုးသစ်ပင်နေရာ


ကောင်းကင်ဘုံလမ်း‌ကြောင်းမှ လှိုင်းလုံးများကဲ့သို့ လွင့်စင်နေသော စွမ်းအင်များသည် အခြားကမ္ဘာမှအသံတစ်ခုအဖြစ် အဆက်မပြတ် ဆူညံနေသည်။


ဤနေရာ၏ ထောင့်တိုင်းတွင် ပုံရိပ်အများအပြား ခြေထောက်ချိတ်ထိုင်နေသည်။


ထိုပုံရိပ်များတွင် မသေမျိုးစွမ်းအင်များ နှာခေါင်းတစ်ဝိုက်၌ စီးဆင်းနေပြီး သူတို့၏ ခန္ဓာကိုယ်မှ စစ်မှန်စွမ်းအင်များ စီးဆင်းနေသည်။


ရံဖန်ရံခါ သူတို့၏မျက်ခုံးများက တင်းကျပ်လာကာ တစ်ခါတစ်ရံတွင် ပျော်ရွှင်မှုများက သူတို့မျက်နှာပေါ်တွင် ပေါ်လာတတ်သည်။


ဝီ ...


မသေမျိုးသစ်ပင်နေရာအတွင်းတွင် စွမ်းအင်လှိုင်းများ ဖြန့်ကျက်နေပြီး ၎င်း အင်မော်တယ် စားဖိုမှူးများထံသို့ မြင့်တက်လာသည်။


အင်မော်တယ်စားဖိုမှူးတစ်ယောက် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏နှလုံးခုန်သံမှာ ညနေခင်းဗုံသံကဲ့သို့ မြည်ချုန်းနေသည်။


တဒိတ်ဒိတ်ခုန်နေသော နှလုံးသားနှင့်အတူ ပတ်ဝန်ူကျင်မှ သစ်ပင်နှင့် မြက်ပင်များ ညွှတ်ကျ၍ ယိမ်ူနွဒ့နေသည်။


" ဟားဟားဟား ငါနောက်ဆုံးတော့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်ခဲ့ပြီ ..."


ထို အင်မော်တယ်စားဖိုမှူ မတ်တပ်ရပ်လိုက်ချိန်တွင် သူ၏မျက်နှာ၌ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်နေသည်။


အင်မော်တယ်စားဖိုမှူးတစ်ယောက်အတွက် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်ခြင်းမှာ အလားအလျာတစ်ခုဖြစ်သည့်အပြင် ပထမအဆင့် အင်မော်တယ်စားဖှိူးဆိုပါက အလားအလာ ပိုကောင်းသည်။ တတိယအဆင့်အင်မော်တယ်စားဖိုမှူး ဖြစ်ရန် အဆင့်ထဲသို့ ချေချနိုင်ပြီဟု ဆိုလိုသည်။


တတိယအဆင့်အင်မော်တယ်စားဖိုမှူး ဖြစ်လာပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးတွင် အထွဋ်အထိပ် တည်ရှိမှု ဖြစ်လာနိုင်သည်။ 


ရင်ဘတ်ကိုဆုပ်ကိုင်လျက် ထို အင်မော်တယ်စားဖိုမှူး၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ မြင်နေရသည်။


အဝေးမှ မသေမျိုးသစ်ပင်ကို ရိုသေစွာကြည့်၍ ဦးညွှတ်ပြီးနောက် ၎င်းဘက်သို့ မျက်နှာမူ၍ ဒူးထောက်လိုက်သည်။


ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကြောင့်သာ မဟုတ်ပါက သူ့အတွက် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို အချိန်မည်မျှကြာအောင် စုစည်းရနည်မသိပေ။ 


ထို့ကြောင့် ရိုသေလေးစားစွာ ဒူးထောက်ပြီး လက်အုပ်ချီ အရိုအသေပေးလိုက်သည်။


ရုတ်တရက် ...


သူ၏ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။


ထိုအင်မော်တယ်စားဖိုမှူး အေးခဲသွားပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ဝတ်ရုံနက်လူကို မြင်လိုက်ရသည်။


" မင်းကိုး ..."


ထိပ်တန်းဆယ်ယောက်ထဲမှ အင်မော်တယ်စားဖိုမှူး ဝတ်ရုံနက်လူကို အမှတ်ရသွားပြီး မျက်လုံးများ မှေး၍ကြည့်လိုက်သည်။


ထိုလူက လုယီကို အနိုင်ယူခဲ့သူပင်။ သို့သော် ထိုအချိန်က လုယီက နတ်ဆိုးဘုရင်ကြီး၏ ချေမှုန်းခြင်း ခံရသဖြင့် သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ မတည်မငြိမ်ဖြစ်နေသည်။ ဝတ်ရုံနက်လူက ၎င်းကို အခွင့်ကောင်းယူခဲ့ခြင်း ဖြစ်လိမ့်မည်။


သို့သော် လုယီကို အနိုင်ယူနိုင်သည်ဖြစ်၍ ထိုလူက စွမ်းအားကြီးလိမ့်မည်ဖြစ်သည်။ 


" ဒီနေရာမှာ နောက်တစ်ယောက်လည်း ရှိနေတာပေါ့ တိုက်ဆိုင်လိုက်တာ ..."

အင်မော်တယ်စားဖိုမှူးက ပြုံးပြလိုက်သည်။


" ဟုတ်ပါ့ ... တိုက်ဆိုင်လိုက်တာ ..."


ဝတ်ရုံနက်လူက ပြုံးပြလိုက်သည်။ သို့ရာတွင် သူ၏လေသံက တစ်ဖက်လူကို ရန်စနေသကဲ့သို့ပင်။ 


" မင်းလည်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းပြီးပြီဆိုတော့ ငါတို့ဒီမှာထိုင်ပြီး ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒတွေအကြောင်း ပြောကြရင် ဘယ်လိုလဲ ..."

အင်မော်တယ်စားဖိုမှူးက ပြောလိုက်သည်။


" အိုး ... မင်းက ငါ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို တစ်ဆင့်ထပ်တိုးစေချင်တာလား ..."

ဝတ်ရုံနက်လူက မေးလိုက်သည်။


ဟမ် ...


အင်မော်တယ်စားဖိုမှူး အေးခဲသွားသည်။

အဲ့လူ ဘာကို ဆိုလိုတာလဲ ...


" မင်းရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရတာ ငါ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို တိုးမြှင့်လာဖို့ တကယ်ကူညီပေးချင်ပုံပဲ ... အဲ့လိုဆိုရင် ငါနဲ့စားဖိုမှူးစိန်ခေါ်ပွဲ လုပ်မယ်လေ ..."

ဝတ်ရုံနက်လူက လေးနက်စွာ ပြောလိုက်သည်။


" စား ... စားဖိုမှူးစိန်ခေါ်ပွဲလား ..."


အင်မော်တယ်စားဖိုမှူး၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။


ဝတ်ရုံနက်လူ၏ စားဖိုမှူးစိန်ခေါ်ပွဲက နတ်ဆိုးဘုရင်ကြီးနှင့် မတူပေ။ အကယ်၍ သူ ရှုံးနိမ့်ခဲ့ပါက မီးဖိုချောင်သုံးကိရိယာအကုန် လက်လွှဲပေးရပြီး ချက်ပြုတ်ခြင်းနှင့် သက်ဆိုင်သည်များကို ဆယ်နှစ်ကြာအောင် ထိရမည်မဟုတ်ပေ။


အရေးကြီးဆုံးမှာ သူစ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ချက်ချင်း စုပ်ယူသွားလိမ့်မည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို အခုမှ စုစည်းလိုက်တာလေ ... စုပ်ယူခံရလို့ မဖြစ်ဖူး ...


" မဖြစ်ဖူး မဖြစ်ဘူး ... ဘာလို့ စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ဖို့လိုမှာလဲ ... ဒီနေရာက အေးချမ်းမှုတွေကို စွန်းထင်းသွားလမ့်မယ် ..." 


အင်မော်တယ်စားဖိုမှူးက လက်ခါပြီး ခြောက်ကပ်ကပ်ရယ်လိုက်သည်။


သို့သော် ဝတ်ရုံနက်လူ၏ လက်ထဲတွင် မီးဖိုချောင်သုံးဓား အနက်ရောင် ပေါ်လာသည်။ ဓားထိပ်တွင် အနီရောင်ကျောက်မျက်တစ်ခု နစ်မြှုပ်ထားပြီး နှလုံးကဲ့သို့ ခုန်နေသည်။


အင်မော်တယ်စားဖိုမှူး၏မျက်နှာ ပြောင်းလဲသွားသည်။

" တခြားလူတွေကို တွန်းအား မပေးသင့်ဘူး ..."


ထိုစကားများ ပြောလိုက်ချိန်တွင် ဝတ်ရုံနက်လူက ချက်ချင်းပျောက်သွားပြီး သူ၏နောက်တွင် ပေါ်လာသည်။


ကျောက်မျက်ပါဝင်သည့် မီးဖိုချောင်သုံးဓားကို အင်မော်တယ်စားဖိုမှူး၏ လည်ချောင်းနား တေ့ထားသည်။


သေစေနိုင်‌သော စွမ်းအင် ကြိုးမျှင်များက ၎င်းပေါ်တွင် လည်ပတ်နေသည်။


" ငါကအရမ်းကို ကျိုးကြောင်းဆီလျော်တဲ့လူပါ ... ကောင်းကောင်းမွန်မွန်နေပြီး ငါနဲ့စားဖိုမှူးစိန်ခေါ်ပွဲလုပ်ပါ မဟုတ်ရင် မင်းကိုသတ်ပစ်ဖို့ ဝန်မလေးဘူး ... စားဖိုမှူးစိန်ခေါ်ပွဲလား ... သေမလား တစ်ခုရွေး ..."

ဝတ်ရုံနက်လူက အပြုံးဖြင့် ပြောလိုက်သည်။


အဲ့လို ခြိမ်းခြောက်နေမှတော့ ဘယ်လိုလုပ် ငြင်းရဲတော့မှာလဲ ...


စားဖိုမှူးစိန်ခေါ်ပွဲလုပ်ရန် လက်ခံလိုက်ရသည်။ သူ၏နောက်မှလူက ကျေနပ်အားရစွာ ခေါင်းငြိမ့်ပြလိုက်သည်။



မသေမျိုးသစ်ပင်၏ ‌ထောင့်တစ်‌နေရာတွင် သွေးနီရောင် ချည်နှောင်မှုအခင်းအကျင်း၏ အထက်တွင် အနက်ရောင်စွမ်းမင်းများ လည်ပတ်နေသည်။


အတွင်းတွင် မြည်ချိန်းသံများ ထွက်ပေါ်နေပြီး ဟင်းလင်းပြင်လည်း အဆက်မပြတ် တုန်ခါနေသည်။


အနက်ရောင်ဓားသွား အလင်းတန်းကြီးက အခင်းအကျင်းတစ်ခုလုံးကို ပြည့်နှက်နေသည်။


ခ‌ဏတွင်းချင်း ပုံရိပ်နှစ်ခုက ထောင့်‌တစ်နေရာကို တွန်းထုတ်ခံလိုက်ရသည်။


ဝုန်း ဝုန်း ...


ဓားသွားအလင်းတန်းက ပေါက်ကွဲထွက်သွားပြီး မြေပြင်ကို ကြေမွသွားစေကာ အပျက်အစီးများကို လွင့်ပျံသွားစေသည်။


ဝှစ် ...


ကျောက်တုံးများစွာက ကြယ်ပျံများကဲ့သို့ ဥပဒ်ဖြစ်လောက်စေသည့် အရှိန်ဖြင့် ပျံသန်းနေသည်။


မြို့တော်သခင်လျှို့က သံမဏိပန်းကန်လုံးကြီးကို ကိုင်ထားပြီး သူ၏ရှေ့မှ အနက်ရောင်ဓားသွားစွမ်းအင်များကို တိုက်ခိုက်နေသည်။


တစ်ချက်ထိလိုက်တိုင်း သူ့ကို နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေသည်။


တစ်ဖက်တွင်မူ မြို့တော်သခင်ကျိုးက အနက်ရောင်အိုးကို ကိုင်ထားကာ တိုက်ခိုက်နေသည်။


" ‌ငါ့လခွမ်း ဖုန့်ကွမ်ကျန်းက ဒီအဘွားကြီးကို တကယ်သတ်ဖို့ ကြံနေတာပဲ ..."

မြို့‌တော်သခင်ကျိုး အံကြိတ်ထားသည်။ ထို့နောက် လက်ချောင်းများကို တောက်လိုက်သည့်အခါ အနက်ရောင်အိုးက သူ၏ဘေးတွင်လည်လာပြီး ဓားသွားစွမ်းအင်များကို အဆက်မပြတ် တိုက်ခိုက်တော့သည်။


မြို့တော်သခင်ဖုတ့်၏ မျက်လုံးများက အေးစက်နေသည်။

" ငါ့ရဲ့တိုက်ခိုက်မှုတွေကို မင်းတို့ ဘယ်လောက်ကြာကြာ တားနိုင်မလဲ ကြည့်လိုက်ဦးမယ် ..."


ဝီ ...


ချက်ချင်းပင် အနက်ရောင် ဓားသွားစွမ်းအင်များက ပျံ့နှံ့သွားပြီး ကြီးမားသည့် ဓားစွမ်းအင်ကြီးတစ်ခုဖြစ်ကာ ခုတ်ပိုင်းလိုက်သည်။


" ခွေးသတ်ဓားစွမ်းရည် ..."

မြို့တော်သခင်ဖုန့် အော်လိုက်သည်။


" မင်း ဘယ်လိုတောင် ..."


မြို့တော်သခင်ကျိုး၏ မျက်နှာက မဲမှောင်သွားသည်။ လက်ခလယ်နှင့် လက်မကို ညှစ်ပြီး ‌အရှေ့တည့်တည့်က်ု ချိန်ရွယ်ထားသည်။


ချက်ချင်းပင် အတက်ရောင်အိုးက ကြီးမားသည့် အနက်ရောင်ဓားစွမ်းအင်နှင့် ပွတ်တိုက်သွားကာ ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။


ဝှစ် ...


မြို့တော်သခင်ကျိုး၏ မျက်နှာက ရုတ်ချည်းပြောင်းလဲသွားသည်။


ဓားချက်တစ်ချက်တည်းကိုပင် ခက်ခဲစွာ ခုခံနေရသည့်အတွက် နောက်သို့ တစ်လှမ်းချင်းဆုတ်လာသည်။


ဝုန်း ...


အနက်ရောင်အိုးက ပျံထွက်သွားပြီး သူ၏ခြေထောက်နား ကျလာသည်။ အိုး၏အပေါ်နားတွင် ဓားရာများ ကျန်နေခဲ့သည်။


" ခွေးသားဆရာသခင်ဆိုတဲ့အတိုင်းပဲ ... ခွေးသတ်ဓားစွမ်းရည်ရဲ့ အစွမ်းကတော့ အားကြီးလွန်းတယ် ..."


မြို့တော်သခင်ကျိုး အသက်ကို ဖြည်းညှင်းစွာ ရှုနေရပြီး ရင်ဘတ်ကို ဖုံးထားသည်။


" ဒီ‌တစ်ခေါက်တော့ ငါတို့ တူတူပူးပေါင်းဖို့လိုပြီ ... ဖုန့်ကွမ်ကျန်းက ငါတို့ မြို့တော်သခင်‌တွေထဲမှာ အသန်မာဆုံးပဲ တစ်ယောက်ချင်းစီတိုက်နေရင် နိုင်မယ်မထင်ဘူး ..."

မြို့တော်သခင်ကျိုး ပြောလိုက်သည်။ သူ၏မျက်နှာမှာ အလွန်တင်းမာနေသည်။


" ဟမ့် ... ဒီအဘွားကြီး စိတ်မပါပေမယ့် တစ်ကြိမ်လောက်တော့ လျှို့မျိုးနွယ်နဲ့ ပူးပေါင်းလိုက်မယ် ..."


မြို့တော်သခင်ကျိးက ဝတ်ရုံဖြူနှင့် မြို့တော်သခင်လျှို့ကို တစ်ချက်ကြည့်ပြီး ခါးထောက်ထားသည်။


ခဏအကြာတွင် သူတို့နှစ်ဦး ကောင်းကင်ပေါ် တစ်ဟုန်ထိုး တက်သွားသည်။


မြို့တော်သခင်ကျိုးက အနက်ရောင်အိုးကို ကိုင်ကာ မြို့တော်သခင်လျှို့က ပန်းကန်လုံးအနက်ကို ကိုင်၍ တစ်ချိန်တည်း တိုက်ခိုက်ကြသည်။


အနက်ရောင်အိုးက ကြီးမားလာပြီး နေရာတစ်ခုလုံးကို ဖြန့်ကျက်ထားနိုင်သည့် အရာဝတ္ထုကြီးတစ်ခု ဖြစ်သွားသည်။


တစ်ချိန်တည်းမှာပင် သံမဏိပန်းကန်လုံးက လည်နေပြီး ကြောက်မက်ဖွယ်ရာ စုပ်ယူနိုင်သည့်စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာနေသည်။


အိုးအနက်နှင့် ပန်းကန်လုံးအနက်တို့ လေထဲမှ ဖုန့်ကွမ်ကျန်းကို ချေမွလိုက်ကြသည်။


ဖုန့်ကွမ်ကျန်း အေးစက်စက်ပြုံးပြီး ဓားကိုင်ထားသည်။


ရုတ်တရက် သူ၏မျက်နှာ ပြောင်းလဲသွားသည်။


မြို့တော်သခင်လျှို့၏ပုံရိပ်က ဖုန့်ကွမ်ကျန်းရှေ့တွင် မမျှော်လင့်ပဲ ပေါ်လာသည်။


" သေချင်နေတာလား ..." 

ဖုန့်ကွမ်ကျန်း မာနကြီးစွာ ပြောလိုက်သည်။


သို့သော် သူ ခုတ်ပိုင်းမည့်အချိန်တွင် သူ၏ မီးဖိုချောင်သုံးဓားကို ပိတ်ဆို့ခံလိုက်ရသည်။


သူ၏နောက်တွင် မြို့တော်သခင်ကျိုး ပေါ်လာသည်။


ထိုနှစ်ယောက်က ဖုန့်ကွမ်ကျန်းကို တစ်ချိန်တည်းမှာပင် တိုက်ခိုက်ပြီး ထွက်မပြေးရန်နှင့် ရှေ့ဆက်မတိုးရန် လုပ်လိုက်သည်။


မြို့တော်သခင်နှစ်ယောက်နှင့် တိုက်ခိုက်နေရသည်ဖြစ်၍ အကယ်၍ သူတို့သာ ပူးပေါင်းလုပ်ဆောင်ပါက ဖုန့်ကွမ်ကျန်းကဲ့သို့ လူအတွက်ပက် ခက်ခဲလှသည်။


မီးဖိုချောင်သုံးဓားကို ကိုင်တွယ်လျက် သူ၏ပုံရိပ် လည်ထွက်သွားသည်။


ချက်ချင်းပင် ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးဖြင့် မြို့တော်သခင်ကျိုး လွင့်ထွက်သွားသည်။


" လျှို့မျိုးနွယ် ဒီအဘွားကြီးအတွက် သူ့ကို နိုင်အောင် ချပေးပါဦး ..."


မြို့တော်သခင်လျှို့၏ မျက်နှာမှာ ဖြူဖျော့နေပြီး လေထဲမှ ပြုတ်ကျလာသည်။


သို့သော် မြေပြင်နှင့် ထိတော့မည့်အချိန်တွင် သူ၏သိမ်မွေ့သည့် ကိုယ်နေဟန်ထားကို ထိန်းထားလိုက်သည်။


ထို့နောက် မြေပေါ်သို့ပြုတ်ကျသွားသည်။


မြို့တော်သခင်လျှို့၏ အကြည့်များက မီးအိမ်ကဲ့သို့ ဖြစ်နေကာ လက်သီးချက်များ အဆက်မပြတ် ထိုးသွင်းနေသည်။ ထို့နောက် သူ၏လက်ထဲမှ သံမဏိပန်းကန်လုံးကြီးဖြင့် ဖုန့်ကွမ်ကျန်း၏မျက်နှာကို ထုချလိုက်သည်။ 


သူ၏ပန်းကန်လုံးအောက်တွင် ပုံရိပ်ယောင် ဟင်းလင်းပြင်က အဆက်မပြတ် အက်ကွဲသွားသည်။


" သေစမ်း ဖုန့်ကွမ်ကျန်း ..."


မြို့တော်သခင်လျှို့၏ မျက်လုံးများက အဖြူရောင် မလင်းတန်းများ ထွက်ပေါ်နေလျက် အဖြူရောင်ဝတ်ရုံကလည်း လေထဲလွင့်နေသည်။


ရုတ်တရက် ...


မြို့တော်သခင်လျှို့၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ 


သူ၏ရှေ့မှ ဖုန့်ကွမ်ကျန်း၏ အသွင်သဏ္ဍာန်မှာ ပုံစံပြောင်းလဲလာသည်။


သူ၏ဆံပင်အမည်းများက အဖြူရောင်ပြောင်းပြီး အရေပြားများလည်း မည်းလာသည်။


သူ၏မျက်လုံးများက ကတ္တီပါနီရောင်ဖြစ်သွားပြီး အနက်ရောင်ငရဲစွမ်းအင်များ ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေသည်။


ဝုန်း ...


အနက်ရောင်အိုး ရိုက်ချခံလိုက်ရသည်။


သို့သော် ၎င်းကို အသွင်ပြောင်းသွားသော ဖုန့်ကွမ်ကျန်းက ဖမ်းလိုက်သည်။


" ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူးပဲ ... မင်းတို့တွေက ငါ့ပုံစံအမှန်ကို ထုတ်ပြမိအောင် ဖိအားပေးကြတယ် ..."

ဖုန့်ကွမ်ကျန်း အနက်ရောင်အိုးကို ကိုင်၍ အသံအက်အက်ဖြင့် ပြောလိုက်သည်။


ခဏအကြာတွင် သူ၏ လက်ချောင်းများထဲသို့ အစွမ်းများ ထည့်လိုက်သည်။ 


မြို့တော်သခင်လျှို့၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် ထိပ်တန်းအဆင့် မသေမျိုးကိရိယာမှာ ပုံစံပျက်သွားသည်။


အိုး၏အပေါ်မှ မသေမျိုးစွမ်းအင်များက ၎င်းကို ဖိချေလိုက်ချိန်တွင် ပြန့်ကျဲသွားသည်။



ဝီ ...


ပုဖန် သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ပို၍ သိပ်သည်းလာသည်ဟု ထင်လိုက်သည်။


ရုတ်တရက် ခေါင်းမော့၍ အဝေးကို ကြည့်လိုက်သည်။


‌ပုံရိပ်တစ်ခုက လေပေါ်မှ အုပ်မိုးထားသည်။ လက်ပိုက်ထားပြီး ပုဖန်ကို လေးလေးနက်နက် ကြည့်နေသည်။


ပုဖန်ကို စိုက်ကြည့်နေသည့် သူ၏မျက်လုံးများက မီးတောက်နေသည်။ လေတိုက်သည့်အခါ ဝတ်ရုံအနက်က လှန်သွားသည်။


ဝှစ် ...


လေပြင်းတစ်ချက်ဝှေ့သွားသည်။


ဝတ်ရုံ၏ ခေါင်းဆောင်း နောက်သို့လန်သွားပြီး ပုဖန်နှင့် ရင်းနှီးနေသည့် မျက်နှာတစ်ခုကို ပြသလိုက်သည်။


" မတွေ့ရတာကြာပြီလူသား ..."

အသန်မာဆုံး နတ်ဆိုးဘုရင်က ပြောလိုက်သည်။