အပိုင်း ၁၀၈၁
Viewers 54k

အခန်း ၁၀၈၁

ယုံကြည်မှုရှိသော ခွေးဘုရင်


ဆွဲဆောင်မှုရှ်ိသော ‌ကြောင်ကဲ့သို့ ခြေလှမ်းများနှင့် တင်ပါးကို လွှဲရမ်းလျက် လျှောက်လာနေသည်။


ဟင်းလင်းပြင်ထဲတွင် ပန်းများ ပွင့်လန်းခြင်းမရှိပဲ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဝိညာဉ်စွမ်းအင်များ မရှိပဲ ၎င်း၏ ရောက်ရှိလာမှုကို ကြေညာရန် နှိုးဆော်မှု တစ်စုံတစ်ရာ မရှိပဲ…


ခွေးနက်တစ်ကောင် ထွက်ပေါ်လာသည်။ 


လျစ်လျူရှုသောမျက်လုံးများဖြင့် သူ၏ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို ဂရုမစိုက်ပဲ သမ်းဝေလိုက်သည်။


ခွေးဘုရင်၏ဘေးတွင် ပုဖန်နှင့် ဝှိုက်တီ့ကို သယ်ဆောင်လာသော ရွှေရောင်ပုစွန်ပိစိရှိနေသည်။ 


သူတို့အောက်တွင် အားလုံး၏ မျက်လုံးများက ဆွဲဆောင်ခြင်း ခံထားရသည်။ 


ခွေးဘုရင်ကို မြင်ချိန်၌ ပုဖန်နှင့် ပုစွန်ပိစိကိုပါ မြင်လိုက်ကြသည်။ 


ငရဲအကျဉ်းထောင်မှ ဝတ်ရုံနက်လူသုံးယောက်၏ မျက်လုံးများက ခွေးဘုရင်ကို တည့်တည့်ကြည့်ကာ မှေးစင်းနေသည်။ 


သူတို့၏ ပြာမှုန်မှုန်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူတို့၏မျက်နှာများက ဂုဏ်သိက္ခာရှိပုံရသည်။


သူတို့ကို ဦးဆောင်လာသူမှာ အစောပိုင်းက ရောက်ရှိလာသည့် ကျင့်ကြံသူဖြစ်သည်။ ထိုလူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 

" ဒီခွေးက ဘယ်နေရာမဆို ရှိနေတာပဲ ..."


ထို့နောက် သူ ပေါ့ပါးစွာ အသက်ရှုထုတ်လိုက်ပြီး မျက်လုံးများက ပို၍ လေးနက်လာသည်။ 


" အဲ့ခွေး ဒီနေရာမှာ ရှိနေရင်တောင် အထွဋ်အမြတ်အဆင့် မ‌သေမျိုးပါဝင်ပစ္စည်းတွေကို ယူသွားခွင့် မပြုနိုင်ဘူး ... ငါတို့ မသေမျိုးသစ်ပင် အပင်ပေါက်တွေကို ရမှဖြစ်မယ် ..."

ထို ကျင့်ကြံသူက အမိန့်ပေးလိုက်သည်။


သူ၏ စကားဆုံးသည်နှင့် ဘေးမှ လူနှစ်ယောက်က စတင်တိုက်ခိုက်တော့သည်။ 


သူတို့ မြေကြီးပေါ် ခြေချလိုက်သည်နှင့် နေရာမှ ပျောက်ကွယ်သွားကြသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော မသေမျိုးအပင်ပေါက်များရှေ့၌ ပြန်ပေါ်လာသည်။ 


အထွဋ်အမြတ်အဆင့် မ‌သေမျိုးပါဝင်ပစ္စည်းများက ငရဲအကျဉ်းထောင်၌ပင် တွေ့ရခဲသော ရင်းမြစ်များ ဖြစ်သည့်အတွက် ထိုကဲ့သို့ ရတနာများကို လွယ်လွယ် အလျှော့မပေးနိုင်ပေ။ 


ထို့အပြင် ဤမသေမျိုးသစ်ပင်အပင်ပေါက်များ၏ အရေးပါမှုမှာ ထူးခြားဆန်းကြယ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒလည်း ပါဝင်သည်။


ထိုအကြောင်းများကြောင့် ဤအပင်ပေါက်များမှ အထွဋ်အမြတ်အဆင့် ပါဝင်ပစ္စည်းများ ကြားထဲပင် ထိပ်တန်းအဆင့် ရှားပါးသည့် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ 


" ငါတို့နယ်ပယ်က မသေမျိုးသစ်ပင်အပင်ပေါက်တွေ လိုချင်တာလား ... အဲ့ဒါဆိုရင်တော့ ဒီနယ်ပယ်သခင်နဲ့ အရင်ဆုံး ရင်ဆိုင်ရမယ် ..."

နယ်ပယ်သခင်တိထိုက် အော်လိုက်သည်။


ထိုကျင့်ကြံသူနှစ်‌ယောက်ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်ချည်းပေါ်လာသည်။ သူ၏ဝတ်ရုံရှည်က ပတ်ချာလည် လှည့်နေပြီး ရွှေရောင်ဆံပင်များလည်း အရပ်မျက်နှာအနှံ့ လွင့်ပျံနေသည်။ 


လက်နှစ်ဖက်လုံးမြှောက်၍ ကျင့်ကြံသူနှစ်ယောက်ကို လက်ဖဝါးနှစ်ချက်ဖြင့် ရိုက်လိုက်သည်။


ဝုန်း ဝုန်း ...


နယ်ပယ်သခင်နှင့် ကျင့်ကြံသူနှစ်ယောက်တို့ ထိပ်တိုက်တွေ့ကြသည်။


ထိုနှစ်ယောက် နောက်သို့ပြန်ဆုတ်သွားပြီး ခန္ဓာကိုယ်များက တစ်ပတ်လည်သွားကာ သူတို့၏ ခေါင်းဆောင်ဘေးသို့ ပြန်ရောက်သွားသည်။ 


နယ်ပယ်သခင်တိထိုက်၏ လက်များက ပြင်းပြင်းထန်ထန်ပင် တုန်ယင်နေသည်။ မည်းနက်နေသော ငရဲစွမ်းအင်များက လက်တစ်ဝိုက်တွင် ရစ်ပတ်ထားပြီး လောက်များကဲ့သို့ အသားထဲစိမ့်ဝင်လာသည်။


" အရှင်မော့ရှို့ သူ့ရဲ့ ကျင့်ကြံခြင်းက အားမနည်းဘူး ... ကျွန်တော်တို့ အချိန်နည်းနည်းလိုတယ် ... " 

ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။ 


မော့ရှို့က ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ 


" သူက အထွဋ်အမြတ်နယ်ပယ်ရဲ့ ခြေလှမ်းတစ်ဝက်ပဲ ရှိသေးတာ ... ဘာလို့ အချိန်လိုရတာလဲ ... သူ့ကို မြန်မြန်ဖြေရှင်းလိုက် ... ဟိုခွေးကိုတော့ ငါကိုင်တွယ်လိုက်မယ် ..."

မော့ရှို့က အေးစက်စွာ ပြောလိုက်သည်။ 


ဝတ်ရုံနက်ကျင့်ကြံသူနှစ်ယောက် တုန်ယင်သွားကြသည်။ သူတို့ ခေါင်းငြိမ့်ပြီး နေရာမှတစ်ကြိမ် ပျောက်သွားကြသည်။


ဝုန်း ...


ခဏအတွင်းမှာပင် ကျင့်ကြံသူနှစ်ယောက်က နယ်ပယ်သခင်တိထိုက်ဆီ တစ်ဟုန်ထိုး ပြေးလာကြသည်။ 


နယ်ပယ်သခင်တိထိုက် အပြည့်အဝပြင်ဆင်ထားသည်။ သူ၏ မသေမျိုးက်ရိယာအစုံက ဘေးတွင် လွင့်မျောနေသည်။


" ကျွန်တော် အရှင်နှစ်ယောက်ကို ကူညီနိုင်ပါတယ် ..."


ဖုန့်ကွမ်ကျန်း ပြုံးပြပြီး မျက်လုံးများ ပြူးလိုက်သည်။


ဗုန်း ...


သူ၏ ခြေထောက်အောက်မှမြေပြင် ပေါက်ကွဲသွားပြီး နယ်ပယ်သခင်တိထိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းလာသည်။


တစ်ချိန်တည်းမှာပင် လူသုံးယောက်က ဝန်းရံတိုက်ခိုက်နေသည့်အတွက် နယ်ပယ်သခင်က ဖိအားအနည်းငယ် ခံစားလာရသည်။ 


ဖုန့်ကွမ်ကျန်းကဲ့သို့ အားပျော့သည့်လူက အဆင်ပြေသော်လည်း ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူနှစ်ယောက်၏ ကျင့်ကြံခြင်းက သူနှင့် ယှဉ်နိုင်သည့်အတွက် ကြီးမားသောဖိအားများ ပေးနေသည်။ 


ငရဲအကျဉ်းထောင်က သူ့နာမည်အတိုင်း နေထိုင်တာပဲ ...


ဒီကျင့်ကြံသူနှစ်ယောက်က အထွဋ်အမြတ်နယ်ပယ်ရဲ့ ခြေလှမ်းတစ်ဝက်ပဲ ရှိသေးတယ် ...


မသေမျိုးသစ်ပင်မှ မရေမတွက်နိုင်သော ရင်းမြစ်များနှင့် နှစ်ပေါင်းများစွာကျင့်ကြံပြီးသော်လည်း နယ်ပယ်သခင်တိထိုက်၏ ကျင့်ကြံခြင်းက အထွဋ်အမြတ်နယ်ပယ်၏ ခြေလှမ်းတစ်ဝက်ကိုသာ ရောက်နိုင်သေးသည်။ 


အဓိက အကြောင်းအရင်းမှာ မသေမျိုးသစ်ပင်၏ အခြေအနေဆိုးရွားလာခြင်းကြောင့်ပင်။ 


မသေမျိုးသစ်ပင် အကျန်းမာဆုံးနှင့် အကြွယ်ဝဆုံး ဖြစ်ခဲ့ချိန်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ စွမ်းအားအကြီးဆုံးအချိန်လည်း ဖြစ်ခဲ့သည်။ 


ထိုကာလများက ချီလင်စားဖိုမှူးများလည်း ရာနှင့်ချီရှိခဲ့ပြီး အထွဋ်အမြတ်နယ်ပယ် ကျင့်ကြံသူများစွာလည်း ရှိခဲ့သည်။ အထွဋ်အမြတ်နယ်ပယ်ကို ခြေလှမ်းတစ်ဝက်ရောက်နေသူ ကျင့်သူများက မရေမတွက်နိုင်အောင် ရှိခဲ့သည်။ 


ထို့အပြင် ငရဲအကျဉ်းထောင်ကလည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အလွယ်တကူ မထိပါးနိုင်ခဲ့ပေ။


မသေမျိုးသစ်ပင်ကြီး အခြေအနေဆိုးရွားလာချိန်မှ ငရဲအကျဉ်းထောင်က မမျှော်လင့်ပဲ ၎င်းတို့၏ချွန်ထက်သည့် လက်သည်းနှင့်အစွယ်များ ထုတ်ပြလာခဲ့ပြီး မသေမျိုးအပင်ပေါက်ကို လုယူချင်လာခဲ့သည်။


မသေမျိုးသစ်ပင် အပင်ပေါက်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အသက်သွေးကြောဖြစ်သည့်အတွက် နယ်ပယ်သခင်တိထိုက် အသက်နှင့်ရင်း၍ ကာကွယ်ရမည်ဖြစ်သည်။


ဝုန်း ...


တိထိုက်နှင့် လူသုံးယောက် တိုက်ခိုက်နေချိန်တွင် ကြောက်မက်ဖွယ်ပေါက်ကွဲသံကြီးက ပဲ့တင်နေသည်။


ခြေလှမ်းတစ်ဝက် အထွဋ်အမြတ်နယ်ပယ်ကျင့်ကြံသူများကြားမှ တိုက်ပွဲက ပြင်းထန်လွန်းလှသည်။ 


၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော စွမ်းအင်လှိုင်းများက ဒီရေလှိုင်းများကဲ့သို့ ဟင်းလင်းပြင်ကို ထပ်ခါထပ်ခါ တုန်ခါသွားစေသည်။


အလင်းတန်းများစွာက မျက်လုံးများကို စူးသွားစေသည်။


မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးများကို ပို၍ပင် ပျက်စီးစေခဲ့ပြီး ကြေမွနေသော ကျောက်တုံးများက အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။


ထိုအချိန်တွင် ခွေးဘုရင်နှင့် ပုဖန်တို့ အဝေးတွင် ဆင်းသက်လိုက်ကြသည်။


သူတို့ရှေ့မှ တိုက်ပွဲကိုကြည့်ပြီး ပုဖန်၏ မျက်လုံးများက အနည်းငယ် ထူးဆန်းလာသည်။


ထို့ အပြင် မသေမျိုးသစ်ပင်အပျက်အစီးများကြားတွင် တောက်ပနေသော ရွှေရောင်ပျိုးပင်ပေါက်သုံးပင်ကို တွေ့လိုက်ရသည်။


ထိုပျိုးပင်ပေါက်များတွင် ကြီးမားသော စွမ်းအင်ပမာဏ ပါ၀င်ပြီး လူများကို တုန်လှုပ်စေပြီး တစ်ချိန်တည်းတွင် မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။


" အဲ့တာမသေမျိုးသစ်ပင်ပျိုးပင်ပေါက်တွေလား ... အဲ့ဒီအပင်ပေါက်တွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးရဲ့ ခွန်အားတွေ ပါဝင်နေတာပဲ ..."

ပုဖန် တီးတိုးပြောဆိုလိုက်သည်။ ထို ပျိုးပင်ပေါက်များကို မြင်ရသည်နှင့် စိတ်အားထက်သန်လာစေသည်။ 


အကယ်၍ ထိုပျိုးပင်ပေါက်များကို ရပါက သနစ်၏မစ်ရှင်ကို ပြီးမြောက်နိုင်ပြီး မသေမျိုးမီးတောက်များကို ‌ပေါင်းစပ်နိုင်စွမ်းအား ရရှိလာလိမ့်မည်။ ဤနည်းဖြင့် ကျားဖြူကောင်းကင်ထွန်းလင်းမီးလျှံကို အခြား စွမ်းအားကြီးသည့် မသေမျိုးမီးတောက်များနှင့် ပေါင်းစပ်နိုင်လိမ့်မည်။


၎င်း၏စွမ်းအားက ပို၍ ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်။


ဟင်းလင်းပြင်က တွန့်ချိုးသွားပြီး ဝတ်ရုံနက်လူက ထိုတစ်ဝိုက်တွင် လှည့်ပတ်သွားလာနေသည်။


မော့ရှို့၏ ပုံရိပ်က လက်ပိုက်ထားလျက် ခွေးဘုရင်ရှေ့တွင် ပေါ်လာသည်။


သူ၏ မီးခိုရောင်ဆံပင်နှင့် ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည့်အတွက် သူ၏ဝတ်ရုံလက်ပေါ်တွင် အလှဆင်ထားသည်။ " စားဖိုမှူး " ဟူသည့် သင်္ကေတကို ပြသနေသည်။ 


" ကမ္ဘာမြေအကျဉ်းထောင်ခွေး ... အခုတော့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ သူများကိစ္စတွေ ဝင်ရှုပ်နေပြန်ပြီပေါ့ ..."

မော့ရှို့ပြောလိုက်သည်။


ခွေးဘုရင်က မော့ရှို့ကို ပျင်းရိပျင်းတွဲဖြင့် ကြည့်လိုက်သည်။ 


" မင်းက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကပဲ ဖြစ်ရမယ် ... ငရဲအကျဉ်းထောင်မှာ မင်းတို့နယ်ပယ်က အတော်လေး ဂုဏ်သတင်းကျော်စောတယ် ..."


" ကျုပ်က မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကဆိုတာ ဟုတ်ပါတယ် ... ကျုပ်ကိုသိတယ်ဆိုမှတော့ မျက်မှာသာပေးပြီး ဒီကိစ္စမှာ ဝင်မပါ ပါနဲ့လား ..."

မော့ရှို့၏ အေးစက်သော အမူအရာက အနည်းငယ် လျှော့ပေါ့သွားသည်။


" မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ် ကလား အင်း ..."

ခေးဘုရင်လျှာသပ်၍ မော့ရှို့ကို ကြည့်နေသည်။


ထို့နောက် သတိပေးခြင်းမရှိပဲ သူ၏လက်ဖဝါးကိုမြှောက်ကာ လွှဲရိုက်လိုက်သည်။


ဝုန်း ဝုန်း ဝုန်း ...


ကြောက်မက်ဖွယ် ငရဲစွမ်းအင်များက ကောင်းကင်တွင် စုစည်းလာပြီး ဧရာမခွေးလက်ဖဝါးကြီး ဖြစ်သွားသည်။ ၎င်းက မြည်ဟိန်းသံများဖြင့် အောက်သို့ဆင်းသက်လာကာ မော့ရှို့ကို ပြင်းထန်စွာ ဖိချလိုက်သည်။


မော့ရှို့၏ မျက်နှာပြောင်းလဲသွားသည်။ သူ၏ ကိုယ်မှ ငရဲစွမ်းအင်များက တစ်ဟုန်ထိုးပေါက်ကွဲကာ ကောင်းကင်ပေါ်တက်သွားသည်။ 


လက်သီးနှစ်ချက်ဖြင့် ဧရာမလက်ဖဝါးကြီးကို တိုက်ခိုက်လိုက်သည်။


ဝုန်း ဝုန်း ဝုန်း ...


ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်လာသည်။


ခဏအကြာတွင် ...


ထိုလက်ဖဝါးအောက်တွင် တိုက်ခိုက်ခံလိုက်ရသည့် မော့ရှို့ မြေကြီးနှင့် ပွတ်မိသွားသည်။


မြေပြင်ပေါ်ရှိ တုန်ခါမှုက ငလျင်ကဲ့သို့ပင်။


လက်ဖဝါး ပျောက်ကွယ်သွားသည်နှင့်အမျှ အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ပြန့်ကျဲသွားကာ ကြီးမားသော လက်ဖဝါးပုံသဏ္ဍာန် ချိုင့်ခွက်ကြီး ကျန်ရစ်ခဲ့သည်။


" ငါက ဒီတိုင်းပဲ ငရဲကမ္ဘာက လူတစ်ယောက်ကို ရိုက်လိုက်တာ မင်းက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုမစိုက်ဖူး ..." 


ခွေးဘုရင်ရ နှုတ်ခမ်းထောင့်စွန်းကို သရော်ဟန်ဖြင့် ကွေးညွှတ်လိုက်သည်။ 


ရက်စက်ကြမ်းကြုတ်နေသော ခွေးဘုရင်ကိုကြည့်၍ ပုဖန်၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


ဒီခွေးက ယုံကြည်ချက် ရှိနေတာပဲ ...


ဝုန်း ...


ကြေမွနေသည့် ကျောက်တုံးများ ပျံထွက်သွားသည်။


လက်ဖဝါးပုံစံ ချိုင့်ခွက်၏အလယ်တွင် သနားစဖွယ်ပုံ ဖြစ်နေသည့်မော့ရှို့ လေထဲတွင် မျောနေသည်။ သူ၏မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။ 


ဒီခွေးရဲ့ ကျင့်ကြံခြင်းက သန်မာလာတာပဲ ...


သူ ဤခွေးကို မတွေ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သန်မာလာသည်ကို နားလည်နိုင်သည်။ သို့သော် ၎င်း၏ အဆင့်နှင့် လက်ရှိ ပုံစံကြောင့် ထိုခွေးကပို၍ပင် သန်မာနေနိုင်ကြောင်း သိနိုင်သည်။ 


သူ၏စစ်မှန်သောစွမ်းအားကို ထုတ်လွှတ်လိုက်ချိန်တွင် အလွန်ကြောက်မက်ဖွယ် ကောင်းသွားလိမ့်မည်။ 


" မင်း ... ငါတို့ ငရဲအကျဉ်းထောင်ရဲ့ မဟူရာငရဲ ချက်ပြုတ်ခြင်းနယ်ပယ်ကို စိန်ခေါ်ချင်နေတာလား ... အဲ့ဒီ တန်ရာတန်ကြေးကို ..."

ထိုသို့ပြောနေချိန်၌ မော့ရှို့၏ မျက်နှာမှာ အကျည်းတန်နေသည်။


သို့သော် သူ၏စကားမဆုံးမီမှာပင် ...


ခွေးဘုရင် ကောင်းကင်ကိုကြည့်၍ ဟောင်လိုက်ပြီး သူ၏ပုံရ်ပါက ရုတ်ချည်းပျောက်ကွယ်သွားသည်။ ခဏကြာသည့်အခါ မော့ရှို့၏ရှေ့တွင် ပေါ်လာသည်။ 


မော့ရှို့တုန်ယင်နေပြီး သူ၏အမြင်ထဲတွင် ခွေးလက်ဖဝါးက တဖြည်းဖြည်း ကြီးလာသည်။


ဝုန်း ...


သူ၏ခန္ဓာကိုယ်ကို လက်ဖဝါးက ပုတ်လိုက်ချိန်တွင် မော့ရှို့ ပျံတက်သွားပြီး နန်းတော်၏ အပျက်အစီးပုံထဲ ရောက်သွားသည်။


ကြေမွနေသော ကျောက်တုံးနှင့် ဖုန်မှုန့်များ တက်လာသည်။ 


တိုက်ခိုက်နေသော လူများ ရုတ်တရက် ရပ်တန့်သွားကြသည်။ 


မီးခိုနှင့် ဖုန်မှုန့်တိမ်တိုက်ကြီးများက ၎င်းတို့တစ်ဝိုက်တွင် ဝေ့ဝဲနေပြီး အရာအားလုံး တိတ်ဆိတ်သွားသည်။


နယ်ပယ်သခင်တိထိုက် ပင့်သက်ရှိုက်ပြီး မော့ရှို့၏သနားစဖွယ်ပုံရိပ်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ 


" ဝဲစားခွေး မင်းရဲ့ ကျင့်ကြံခြင်းက ပိုပြီး သန်မာလာတာပဲ ..."


ခွေးဘုရင်က ဟင်းလင်းပြင်ထဲတွင် ကြောင်ခြေလှမ်းများဖြင့် သိမ်မွေ့စွာ လျှောက်နေသည်။ နယ်ပယ်သခင်တိထိုက်၏ စကားများ ကြားသည့်အခါ မျက်ဆံလှန်လိုက်သည်။  


" အဲ့လိုပဲ ပြောရမှာပေါ့ ...ငါ့ရဲ့ဒဏ်ရာက မသေမျိုးသစ်ပင်ရဲ့ ကောင်းကင်ဘုံလမ်းကြောင်းကြီး ကျေးဇူးနဲ့ ပြန်ကောင်းသွားပြီ ... သူ့ရဲ့ သက်ရောက်မှုက တကယ်ကောင်းတယ် ..."


နယ်ပယ်သခင်တိထိုက် သွေးအန်လုနီးပါးဖြစ်သွားသည်။


ဒီဝဲစားခွေးက ကောင်းကင်ဘုံလမ်းကြောင်းကြီးကို ကိုက်ပြီး သူ့ရဲ့သန်စင့တဲ့ အဆီအနှစ်တွေကို ယူသွားတာပဲ ...


ဤဝဲစားခွေး အလွန်အင်အားကြီးနေရခြင်းမှာ ကောင်းကင်ဘုံလမ်းကြောင်းကြီးနှင့် ဆက်နွယ်နေနိုင်သည်။ 


မော့ရှို့ ခန္ဓာကိုယ်ကို တည့်မတ်ပြီး မတ်တပ်ရပ်လိုက်သည်။ 


" ဒီခွေးက အရမ်းမာနကြီးနေတာပဲ ... ငရဲအကျဉ်းထောင်မှာ မင်းကို အနိုင်ယူနိုင်တဲ့သူ မရှိဘူး ထင်နေတာလား ...ငရဲအကျဉ်းထောင်ကနေ ဘယ်လို ထွက်ပြေးခဲ့ရလဲ မေ့သွားတာလား ...


မော့ရှို့ သူ၏ကိုယ်မှ ဝတ်ရုံနက်ကို ပုတ်ပြီး ခွေးဘုရင်ကို အေးစက်စွာ ကြည့်နေသည်။


ဝုန်း ...


သို့သော် ထိုသို့ ပြောလိုက်ချိန်မှာပင် ...


ခွေးဘုရင်၏ ပုံရိပ်က သူ့ရှေ့တွင် ပေါ်လာပြီး ခေါင်းကို ပုတ်ချလိုက်ပြန်သည်။


ဝုန်း ...


မော့ရှို့ ခွေးဘုရင်၏ လက်ဖဝါးကို မဟန့်တားနိုင်ပေ။ ထို့ကြောင့် ပျံထွက်သွား၍ မြေပြင်နှင့်တိုက်မိကာ အရှက်ကွဲသွားသည်။ 


ခွေးဘုရင်၏အရှိန်က အလွန်မြန်သည့်အတွက် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။


သူတစ်ခါဖြတ်သွားတိုင်း မော့ရှို့ ပျံတက်သွားသည်။ 


‌မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးပုံထဲတွင် မီးခိုးမုန့်မှု့န်များ ထပ်ခါထပ်ခါ အလိပ်လိုက် တက်လာနေသည်။


နယ်ပယ်သခင်တိထိုက်နှင့် အခြားလူများ အံ့အားသင့်နေကြသည်။


ဖုန့်ကွမ်ကျန်း တံတွေးမျိုချလိုက်သည်။


မူလက ခွေးဘုရင်ကို သတ်ချင်ခဲ့သော်လည်း သူ၏အကြံဉာဏ်က မည်မျှ တုံးအကြောင်း သိလိုက်ရပြီဖြစ်သည်။ 


ခွေးဘုရင်က တကယ့်မကောင်းဆိုးဝါးပဲ ...


ပုဖန် ပုစွန်ပိစိ၏ ကျောပေါ်တွင် ရပ်နေပြီး အဝေးမှ စိတ်ဝင်တစား ကြည့်နေသည်။


ဒါက ခွေးဘုရင်ရဲ့ပုံစံပဲ ကျိုးကြောင်းဆီလျော်မှု မရှိဘူး ... ရက်စက်ကြမ်းကြုတ်တယ် ...


သို့ပေမဲ့ ‌မသေမျိုးသစ်ပင်ပျိုးပင်ပေါက်ကိုရဖို့ နည်းလမ်းကို စဉ်းစားမှဖြစ်မယ် ...


ပုဖန် မေးစေ့ကိုပွတ်ပြီး လေးလေးနက်နက် စဉ်းစားနေသည်။ 


နန်းတော်၏ အပျက်အစီးများကြားတွင် မော့ရှို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်နေပြီး သူ၏မျက်နှာက ရုပ်ဆိုး အကျည်းတန်နေသည်။ 


ခွေးဘုရင်၏ လက်ဖဝါးချက်တိုင်းက စွမ်းအားကြီးသည့်အတွက် သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေသည်။ ထိုအကြောင်း တွေးလိုက်ရုံဖြင့် နှလုံးသားထဲမှ မီးတောက်များ တောက်လောင်လာသည်။


" အဲ့လိုဆိုရင် ... ငါ့ရဲ့ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က အဆုံးမဲ့တဲ့ ‌လက်စားချေမှုတွေကို စောင့်နေလိုက်တော့ ..."

မော့ရှို့‌ အေးစက်စွာ ပြောလိုက်သည်။


ရုတ်တရက် သူ၏မျက်လုံးများ မှေးစင်းသွားသည်။


အဘယ့်ကြောင့်ဆိုသော် ခွေးဘုရင်က ကောင်းကင်ပေါ်မှ ဆင်းလာပြီး ပြောင်မြောက်သည့် လက်ဖဝါးက ကြီးမားလာကာ သူ့ကို မြေပြင်ပေါ်သို့ ပုတ်ချလိုက်သည်။ 


ထို့နောက် ခွေးဘုရင် အပျက်အစီးများကြားမှ သိမ်မွေ့စွာ ထွက်လာသည်။ သူ၏ လက်ဖဝါးကို လျက်နေပြီး အပျက်အစီးပုံထဲ ကြည့်လိုက်သည်။


" အင်း ... ငါ့ရဲ့နှလုံးသားက ကျေနပ်အားရသွားပြီ ... ခွေးဘုရင်က ကျိုးကြောင်းဆီလျော်တ်တဲ့ခွေးပါ ... ကဲအခု ထိုင်လိုက်ပါဦး မသေမျိုးအပင်ပေါက်လေးတွေကို ဘယ်လိုခွဲဝေမလဲ ဆွေးနွေးကြမယ် ..."


ဝုန်း ... 


မြေပြင် အက်ကွဲသွားသည်။ 


ခွေးဘုရင်၏ စကားများကို ကြားသည့်အခါ မော့ရှို့၏ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်မီးတောက်များဖြင့် ပြည့်လာပြီး သွေးအန်လုနီးပါး ဖြစ်နေသည်။ 


" ဒီခွေး ... တော်တော် အရှက်မဲ့တာပဲ ..."


သူ့ကို ရိုက်နှက်ပြီးတာတောင် မခန့်လေးစားနဲ့ ဆွေးနွေးဖို့ ဖိတ်နေသေးတယ် ... အဲ့ဒါက ဘယ်လိုကြောင့် ကျိုးကြောင်းဆီလျော်သွားတာလဲ ...


သို့သော် ခွေးဘုရင်ကသူ့ကို အာရုံမစိုက်ပဲ ‌ပြောလိုကါသည်။ 

" မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ် နဲ့ ‌မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကြားမှာ တူညီတာ တစ်ခုရှိတာ ... အဲ့ဒါက စားဖိုမှူးတွေကို လေ့ကျင့်ပေးတာပဲ ... ဒါဆိုရင် ဒီကိစ္စကို ဖြေရှင်းဖို့ အချက်အပြုတ်စွမ်းရည်တွေကိုသုံးပြီး မသေမျိုးအပင်ပေါက်ကို ဘယ်သူရမလဲ ဆုံးဖြတ်ကြပါလား ... ဘယ်လိုလဲ ..."


" မင်းပြောတာကို ငါဘာလို့ နားထောင်ရမှာလဲ ... အထွဋ်အထိပ်အဆင့် မသေမျိုးပါဝင်ပစ္စည်းတွေက ငါတို့မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က ပိုင်တာလေ ... ဒီကိစ္စက ဖြေရှင်းပြီးသားပဲ ..."  

မော့ရှို့ အေးစက်စွာ ပြောလိုက်သည်။


" ကောင်းပြီလေ နောက်ထပ် လက်ဖဝါးချက်တွေ လိုချင်သေးတာလား ..."

ခွေးဘုရင်က လက်ဖဝါးကို မြှောက်ထားပြီး မော့ရှို့ကို ကြည့်လိုက်သည်။ 


" အခု မင်းရဲ့သနားစရာ အခြေအနေကို ကြည့်ရတာ ဒီခွေးဘုရင်ရဲ့ သတ်တာကို ခံရတော့မယ်ထင်တယ် ..."


မော့ရှို့ ရုတ်တရက် အေးခဲသွားသည်။ သူ၏ကိုယ်တွင်းမှ ငရဲစွမ်းအင်များ ပြင်းထန်စွာ မြင့်တက်လာသည်။


ဒီခွေးက အရင်လို အရှက်မဲ့တုန်းပဲ ...


ရွဲ ရွဲ ရွဲ ...


ဝတ်ရုံနက်ကျင့်ကြံသူ နှစ်ယောက်နှင့် ဖုန့်ကွမ်ကျန်းက မော့ရှို့၏ဘေးတွင် ဆင်းသက်လိုက်ကြသည်။


အချက်အပြုတ်စွမ်းရည်ကို အသုံးချ၍ အပင်ပေါက်များ ရမည့်သူကို ဆုံးဖြတ်ခြင်းက ကြီးကျယ်ခမ်းနားသည့် မီးဖိုချောင်အင်အားနှစ်ခုအတွက် အလွန်မျှတသည်။


မောရှို့ အမှန်တွင် သဘောမတူချင်ပေ။ သို့သော် ယခု မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ရှိနေသည့်အတွက် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ စွမ်းအားကြီးသူများက သူ့ကိုကာကွယ်ပေးရန် ရှိမနေပေ။


ထို့ကြောင့် ဤအရှက်မဲ့ခွေးကို သူမချေမှူန်းနိုင်ပေ။ ဆက်လက်တိုက်ခိုက်မည်ဆိုပါက အသတ်ခံရနိုင်ချေရှိသည်။ 


စိုးရိမ်ပူပန်မှုနှင့် အမျက်ဒေါသများက သူ၏နှလုံးသားထဲ မြင့်တက်လာသည်။ မမျှော်လင့်စွာနှင့် ဤခွေး၏ လိုအပ်ချက်ကို လိုက်လျောရတော့မည်။


သို့သော် ထိုခွေး သူ့ကို မသတ်ရဲသည်ကို သူရှင်းလင်းစွာ သိသည်။ ငရဲအကျဉ်းထောင်တွင် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှာ အင်အားကြီးသည့်အတွက် ထိုခွေးပြဿနာ မရှာရဲပေ။


သို့သော် မော့ရှို့ အလွန်စိတ်ဓာတ်ကျနေသည်။ 

ခုနကလည်း အရိုက်ခံရတယ် ... အခုလည်း ခံစားရဦးမှာလား ...


အဲ့ခွေး သူ့ကိုဘာလို့ ရိုက်တာပါလိမ့် ...


" အရှင်မော့ရှို့ သဘောမတူပါနဲ့ ... ကျွန်တော်တို့ရဲ့ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က ဘာလို့ ခွေးတစ်ကောင်ကို ကြောက်ရမှာလဲ ..."


မော့ရှို့ ပြောသည်ကို မစောင့်တော့ပဲ ဖုန့်ကွမ်ကျန်း ဖြတ်ပြောလိုက်ပြီး တစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ ယခု သူ့ကိုယ်သူ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် မှတ်ယူထားလိုက်ပုံရသည်။


သို့သော် သူ ပြောပြီးချိန်တွင် မော့ရှို့က အသက်မဲ့စွာ ကြည့်လိုက်သည်။


ဝုန်း ...


ဖုန့်ကွမ်ကျန်း အံ့အားသင့်သွားသည်။ 


ခွေးဘုရင်က သူ့ရှေ့တွင် ရုတ်ချည်းပေါ်လာကာ သူ၏ခေါင်းကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ရိုက်ချလိုက်သည်။


" ခွေးဘုရင် စကားပြောနေတာကို ဝင်ရှုပ်ရဲတယ်ပေါ့ ..."


သူ၏နူးညံ့သောအသံက ဟင်းလင်းပြင်ထဲ ပဲ့တင်ထပ်နေသည်။