အပိုင်း ၁၀၈၂
Viewers 53k

အခန်း ၁၀၈၂

အင်မော်တယ်စားဖိုမှူးနှင့် နယ်သာစားဖိုမှူး 


" မင်းက ဘာကောင်လဲ ... ခွေးဘုရင်စကားပြောနေတာကို နှောင့်ယှက်ရဲတယ်ပေါ့ ..."


ခွေးလက်ဖဝါးကြီး ကျလာသည်။ 


အံ့အားသင့်နေသော ဖုန့်ကွမ်ကျန်း လေထဲ ပျံတက်သွားသည်။ 


ထိုလက်ဖဝါးတွင် ကြောက်မက်ဖွယ်ခွန်အားကြီး ပါဝင်ပြီး သူ၏ခေါင်းကို ထိလိုက်သည့်အခါ အလွန်ဆိုးဝါးစွာ အော်ဟစ်လိုက်သည်။မြေပြင်ပေါ်သို့ ရိုက်ချခံရချိန်တွင် နာကျင်မှုကြောင့် အဆုံးမဲ့အော်ဟစ်နေရသည်။ 


မော့ရှို့ လှုပ်ရှားရန် အစီအစဉ်မရှိပေ။ ဖုန့်ကွမ်ကျန်းက သူစိုက်ပျိုးသည်ကို ရိတ်သိမ်းရခြင်းသာ ဖြစ်သည်။ 


ထိုခွေးနှင့် တိုက်ခိုက်ရပါက မော့ရှို့သည်ပင် အနိုင်ရရန် အခွင့်အရေး မရှိပေ။ သို့သော်လည်း ဖုန့်ကွမ်ကျန်ူက မမျှော်လင့်စွာပင် သူ့ကို မေးခွန်းထုတ်လိုက်သည်။


အဲ့ဒါ သေချင်နေတာပဲ မဟုတ်ဖူးလား ...


ကျင့်ကြံသူတစ်ယောက်အနေဖြင့် မော့ရှို့တွင် ကိုယ်ကျင့်သိက္ခာရှိသည်။ 


ဖုန့်ကွမ်ကျန်းမှာ မော့ရှို့လက်ထဲမှ ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်သည်။ သူဆိုသည့် မော့ရှို့မှာ ‌ကမ္ဘာမြေအကျဉ်းထောင်ခွေးကို အသေးအဖွဲ့ရုပ်သေးရုပ်တစ်ရုပ်ကြောင့် မစော်ကားဝံ့ပေ။


ထို့အပြင် ...


‌ကမ္ဘာမြေအကျဉ်းထောင်ခွေး၏ အကြံပြုချက်က မဆိုးလှဟု မော့ရှို့တွေးနေသည်။ 


အမှန်‌တွင် သူတို့ဘက်က ‌အရေးသာနေသည်။ 


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တို့က သူတို့၏ စားဖိုမှူးများကြောင့် လူသိများကြသည်။ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်တွင် လေ့ကျင့်ထားသူများကို နယ်သာစားဖိုမှူးဟုခေါ်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူများကို အင်မော်တယ်စားဖိုမှူးဟု ခေါ်သည်။


ဤအခြေအနေတွင် ချက်ပြုတ်ခြင်းကို အသုံးပြု၍ မသေမျိုးပျိုးပင်ပေါက်များကို ပိုင်ဆိုင်မည့်သူကို ဆုံးဖြတ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။


ဖုန့်ကွမ်ကျန်း အပျက်အစီးပုံထဲမှ ထလာသည့်အခါ သူ၏ခေါင်းတွင် သွေးများရွှဲနစ်နေသည်။ သွေးနီရောင် မျက်လုံးများဖြင့် ခွေးဘုရင်ကို အော်ဟစ်လိုက်သည်။


ယုတ်မာတဲ့ခွေး ...


သူဆိုတဲ့ ခွေးသားဆရာသခင်က တစ်ခါမှ ဒီလိုအရှက်ရမှုမျိုး မကြုံဖူးဘူး ...


ခွေးတစ်ကောင်ရဲ့ အရှက်ခွဲတာ ခံရတယ်လို့ ...


‌သို့သော် ခွေးဘုရင်က ထပ်ပြီး ရိုက်ချလိုက်သဖြင့် ဆုံးအောင်ပင် မအော်လိုက်ရပေ။ 


ထောင်ချီသော ငရဲစွမ်းအင်များ စုဝေးလာပြီး ကောင်းကင်နှင့် နေမင်းကြီးကိုပင် ဖုံးကွယ်လာပြီးနောက် လက်ဖဝါးက ထပ်မံရိုက်ချလိုက်ပြန်သည်။ 


ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ကြားရပြီးနော် မြေပေါ်၌ လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီး ပေါ်လာပြန်သည်။ 


ဖုန့်ကွမ်ကျန်း မြေပြင်ပေါ်သို့ ကျသွားပြန်သည်။


" နားငြီးလိုက်တာ ..."


ခွေးဘုရင်က ဖုန့်ကွမ်ကျန်းဆီမှ အကြည့်လွှဲပြီး လက်ဖဝါးကို ပြန်သိမ်းလိုက်သည်။


ခွေးဘုရင်၏ အရိုက်နှက်ခံလိုက်ရပြီး သနားဖွယ်ရာ အခြေအနေရောက်နေသော ဖုန့်ကွမ်ကျန်းကို အဝေးမှ မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့ ကြည့်နေကြသည်။ သူတို့ အလွန် စိတ်အားတက်ကြွနေကြသည်။ 


" အရမ်းအားရတာပဲ ... အကြမ်းဖက်တဲ့ တိရစ္ဆာန်ဖုန့်ကွမ်ကျန်းကို ဒီလိုပဲ ကြမ်းကြမ်းတမ်းတမ်း ဆုံးမသင့်တယ် ..."

မြို့တော်သခင်ကျိုး ပြောလိုက်သည်။ သူ၏ မျက်နှာက ဖြူဖျော့နေသော်လည်း မျက်လုံးများက စိတ်လှုပ်ရှားနေဟန်ပင်။ 


မြို့တော်သခင်မုန့်ချီ လက်သီးဆုပ်ထားပြီး သူမ မျက်ဝန်းထဲတွင် ဝမ်းမြောက်နေသည့် အကြည့်များ ပေါ်လာသည်။ 


သစ္စာဖောက် ဖုန့်ကွမ်ကျန်းမှာ ထိုသို့ ဆက်ဆံခံရသင့်သည်။ အကယ်၍ သူတို့သာ ခွေးဘုရင်နေရာတွင် ဖြစ်လျှင်လည်း ထိန်းထားနိုင်မည် မဟုတ်ပေ။ 


နယ်ပယ်သခင်တိထိုက် လက်များကို ပွတ်နေသည်။ သူသည်လည်း ဖုန့်ကွမ်ကျန်းကို နာကျင်အောင် ရိုက်ချင်စိတ်များဖြင့် ထိန်းမရ ဖြစ်နေသည်။


အဲ့လိုရိုင်းစိုင်းယုတ်မာတဲ့သူကို သစ္စာရှိတတ်အောင် လက်သီးချက်များများနဲ့ သင်ပေးဖို့လိုတယ် ...


ပုဖန် လက်ပိုက်ထားသည်။ ပုစွန်ပိစိ၏ ကျောဘက်တွင် ရပ်နေလျက် ရိုက်နှက်ခံရသော ဖုန့်ကွမ်ကျန်းကို ကြည့်နေသည်။ 


ခွေးဘုရင် ပြောခဲ့သည်ကိုသာ သူ ဂရုစိုက်သည်။ 


မသေမျိုးအပင်ပေါက်တွေရဖို့ ချက်ပြုတ်တာကိုသုံးပြီး ဆုံးဖြတ်မယ်တဲ့လား ...


အကြံကောင်းတစ်ခုပဲ ...


ခွေးဘုရင် ဖုန့်ကွမ်ကျန်းကို ရိုက်နှက်ပြီးသွားပြီဖြစ်၍ မော့ရှို့ ပါးစပ်ကို ဖြည်းဖြည်းချင်းဟပြီး ပြောလိုက်သည်။

" မင်း ပြောတာက မဖြစ်နိုင်တာ မဟုတ်ဖူး ... ဒါဆိုရင် ကျုပ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်နဲ့ စားဖိုမှူး စိန်ခေါ်ပွဲ လုပ်မယ် ... ဘယ်သူနိုင်နိုင် မသေမျိုးအပင်ပေါက်ကို ရမယ်နော် ဘယ်လိုထင်လဲ ..."


အချက်အပြုတ်စွမ်းရည်နှင့် ပတ်သက်ပါက သူဆိုသည့် မော့ရှို့က အလွန် ယုံကြည်ချက်ရှိသည်။


မဟူရာငရဲ ချက်ပြုတ်ခြင်းနယ်ပ်ာတွင် သူက ထိပ်တန်းချီလင်စားဖိုမှူးများထဲမှ တစ်ယောက်ဖြစ်သည်။


ထို့အပြင်သူက ငရဲအကျဉ်းထောင်တွင် လေ့ကျင့်ခဲ့သည့် ချီလင်စားဖိုမှူးဖြစ်သည်။ ပျက်စီးတော့မည့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ချီလင်စားဖိုမှူးနှင့် နှိုင်းယှဉ်ပါက ကျိန်းသေပေါက် သန်မာသည်။ 


ထို့ကြောင့် ဤစားဖိုမှူးစိန်ခေါ်ပွဲက သူ့အတွက် များစွာ အကျိုးရှိသည်။ 


နယ်ပယ်သခင်တိထိုက်သည်လည်း မော့ရှို့၏ အတွေးများကို သိသည်။ သူ၏မျက်လုံးများ မှေးစင်းလာပြီး ဖိအားကို ခံစားလိုက်ရသည်။ 


မော့ရှို့က အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ယောက် ဖြစ်သည့်အတွက် ပြင်းထန်သည့်ဖိအားကို ခံစားနေရသည်။ 


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ် စားဖိုမှူးများကို အဆင့်ခွဲခြားထားပုံက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နှင့် ဆင်တူသည်။ 


အင်မော်တယ်စားဖိုမှူးများကဲ့သို့ နယ်သာစားဖိုမှူးများကို အဆင့်သုံးခုခွဲခြားထားပြီး ၎င်းတို့အထက်တွင် ချီလင်စားဖိုမှူးဖြစ်သည်။ 


သို့ရာတွင် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ် စားဖိုမှူးများက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများထက် သန်မာကြသည်။ 


ရိုးရှင်းစွာပြောရလျှင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာနှင့် ပဉ္စမအလွှာ၏ ကွာခြားချက်ကဲ့သို့ ရင်းမြစ်များကြောင့်သာဖြစ်သည်။ 


အရင်းအမြစ်များက အရည်အချင်းများ၏ အဆင့်နှင့် အမြင်ကို ဆုံးဖြတ်သည်။


ဥပမာအားဖြင့် လုယီဆိုလျှင် ကောင်းကင်ဘုံလမ်းကြောင်းကြီးမှ ပံ့ပိုးပေးသော ကြွယ်ဝသည့်အရင်းအမြစ်များရှိသည့် ပဉ္စမအလွှာတွင် မွေးဖွားလာခဲ့သည်။ ထို့ကြောင့် သူ၏မွေးရာပါ ပင်ကိုယ်စွမ်းရည်ကို ပြုစုပျိုးထောင်ပေးကာ အလွန် ထူးချွန်လာခဲ့သည်။ အကယ်၍ သူသာ ပထမအလွှာတွင် ကြီးပြင်းခဲ့ပါက ယခုလက်ရှိရောက်နေသာ့် အဆင့်ထိပင် ရောက်ဦးမည် မဟုတ်ပေ။ 


" မဟုတ်ဖူး မင်းနဲ့ အဲ့ဒီ အာရုံစိုက်ခံချင်တဲ့သူဆိုရင် မမျှတဘူး ..."

ခွေးဘုရင် ပြောလိုက်သည်။


မော့ရှု့ မျက်မှောင်ကြုတ်သွားသည်။

အဲ့ဒီ ဝဲစားခွေးက ဘာလိုချင်နေတာလဲ ...


" ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ..."


ဤခွေးအပေါ်မှ အကြောက်တရားများကြောင့်သာ မဟုတ်လျှင် မသေမျိုးအပင်ပေါက်များကို ယူဆောင်သွားပြီး ဤသို့ အချိန်ဖြုန်းနေမည် မဟုတ်ပေ။ 


မော့ရှို့ ဒေါသများကို ရင်ထဲတွင်သာ ထားလိုက်သည်။ 


" ဆုအဖြစ်ရမယ့် ပစ္စည်းတွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွက် အရေးကြီးဆုံးဖြစ်တဲ့ ပျိုးပင်ပေါက်တွေဆိုတော့ ပြိုင်ပွဲတစ်ပွဲတည်းနဲ့ ဘယ်သူပိုင်မယ်ဆိုတာ မဖြစ်သင့်ဘူးလေ ... နှစ်ဖက်လုံးမှာ လေ့ကျင့်ထားတဲ့ စားဖိုမှူးတွေရှိမှတော့ စားဖိုမှူးစိန်ခေါ်ပွဲအတွက် အဆင့်တစ်ဆင့်စီရဲ့ နှစ်ဖက်လုံးကနေ ကိုယ်စားပြုတစ်ယောက်စီ ပါရမယ် .." 

ခွေးဘုရင် ပြောလိုက်သည်။ 


" အဆင့်တစ်ခုစီကို ကိုယ်စားပြုတဲ့စားဖိုမှူး တစ်ယောက်လား ..."


မော့ရှို့နှင့် နယ်ပယ်သခင်တိထိုက် အနည်းငယ် အံ့အားသင့်သွားသည်။ 


" မင်းတို့နှစ်ဖက်လုံးကို ကိုယ်စားပြုတဲ့ အဆင့်မြင့်ချီလင်စားဖိုမှူးနဲ့ အဆင့်နိမ့်ချီလင်စားဖိုမှူးတွေ ရှိကြတယ်လေ ... ပြိုင်ပွဲသုံးပွဲပြိုင်မယ် သုံးပွဲမှာ နှစ်ပွဲနိုင်တဲ့ဘက်က အနိုင်ရသူပဲ ..."


ခွေးဘုရင် နှုတ်ခမ်းထောင့်များ ကွေးညွှတ်လိုက်သည်။ ကြည့်ရသည်မှာ ဤသဘောတူညီမှုကို စိတ်ဝင်စားပုံပင်။ 


" အခွင့်အရေး မပေးဘူးဆိုပြီး ခွေးဘုရင်ကို အပြစ်မတင်နဲ့နော် ..."


" စားဖိုမှူးစိန်ခေါ်ပွဲ သုံးခုလား ..."

မော့ရှို့ မျက်လုံးများ ကျဉ်းမြောင်းပြီး ဆံပင်များလေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ 


" ကောင်းပါပြီ အဲ့လို လုပ်ကြတာပေါ့ ..."


" ချက်ပြုတ်တာနဲ့ ပတ်သက်လာရင် ဘယ်အရာကိုမှ ငါမငြင်းဘူး တိထိုက်ဆိုတဲ့ငါ့မှာ ကြောက်စရာမရှိဘူး ..."

နယ်ပယ်သခင်တိထိုက်က ရွှေရောင်ဆံပင်များကိုလှန်၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ 


" ကောင်းပြီ ဒါဆိုရင် ကိုယ်စားပြုတွေ ရွေးမယ်လေ ... ဒါနဲ့ စကားမစပ် တတိယပြိုင်ပွဲအတွက် ပထမအဆင့်စားဖိုမှူးကိုပဲ ရွေးရမယ်..."

ခွေးဘုရင်က အထူးတလည် ညွှန်ကြားနေသည်။


မော့ရှို့နှင့် နယ်ပယ်သခင်တိထိုက် အံ့အားသင့်သွားပြန်သည်။


မမျှော်လင့်ပဲ ဒါမျိုးတောင်းဆိုလိုက်တာလား ...


သို့ရာတွင် ပထမအဆင့်နယ်သာစားဖိုမှူးနှင့် အင်မော်တယ်စားဖိုမှူးတို့မှာ ကိုယ်စားပြုနယ်ပယ်နှစ်ခုလုံး၏ အခြေခံအုတ်မြစ်များ ဖြစ်သည့်အတွက် ထိုစားဖိုမှူးများကို ရွေးချယ်သည်က ကျိုးကြောင်းဆီလျော်သည်။


ဒါက မဖြစ်နိုင်ဘူးလေ ...


သို့သော် မည်သူ့ကို ရွေးချယ်ရန်ဆိုသည်က ခက်ခဲသည့် ဆုံးဖြတ်ချက် ဖြစ်လာသည်။ 


နယ်ပယ်သခင်တိထိုက်က မြို့တော်သခင်ကျိုးနှင့် မြို့တော်သခင်မုန့်ချီကို စုဝေးလိုက်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွက် ကိုယ်စားပြုကို ဆုံးဖြတ်နေကြသည်။


အမှန်တွင် သူတို့၌ ရွေးချယ်စရာ မရှိပေ။ 


အဆင့်နိမ့်ချီလင်စားဖိုမှူး နေရာအတွက် မုန့်ချီသာရှိသည်။ မြို့တော်သခင်ကျိုးမှာ အပြင်းအထန် ဒဏ်ရာရထားသည့်အတွက် ခွန်အားစိုက်ထုတ်ရန် ခက်ခဲနေသည်။ 


အဆင့်မြင့်ချီလင်စားဖိုမှူးသည်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးတွင် နယ်ပယ်သခင်တိထိုက်သာ ရှိသည်။ 


ပြဿနာက ပထမအဆင့်စားဖိုမှူးက ဘယ်သူ့ကို ရွေးသင့်တယ် ဆိုတာပဲ ...


အကောင်းဆုံးရွေးချယ်မှုမှာ အင်မော်တယ်စားဖိုမှူပြိုင်ပွဲတွင် အနိုင်ရခဲ့သူ ပုဖန်ဖြစ်သည်။


သို့ရာတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည့်အတွက် ပုဖန်ကို မယုံကြည်ရဲကြပေ။


တစ်ဖက်တွင် ...


နယ်သာစားဖိုမှူးများသည်လည်း မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်အတွက် မည်သူ့ကို ရွေးချယ်မည်ကို ဆွေးနွေးနေကြသည်။ 


ပထမအဆင့် နယ်သာစားဖိုမှူးနှင့်ပတ်သက်၍လည်း အနည်းငယ် ချီတုံချတုံဖြစ်ခဲ့ကြသည်။


" မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကိုပြန်ပြီး အရည်အချင်းရှိတဲ့ ပထမအဆင့် နယ်သာစားဖိုမှူး ရှာရင်ကောင်းမယ်နော် ... ဒီနည်းလမ်းကပဲ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ချေမှူန်းနိုင်မယ်ထင်တယ် ..."

ဝတ်ရုံနက်ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်သည်။ 


မော့ရှို့ တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ မျက်လုံးများ အရောင်လက်သွားသည်။ 


အကယ်၍ သူတို့ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကိုပြန်၍ နယ်သာစားဖိုမှူးများ ရှာဖွေပါက အချိန်များစွာကုန်မည်ဖြစ်သည်။ 


ထို့အပြင် မော့ရှို့က ယုံကြည်ချက်ရှိသည့်အတွက် အခြားနယ်သာစားဖိုမှူးများကို မလိုအပ်ပေ။


ပထမအဆင့် နယ်သာစားဖိုမှူးတစ်ယောက်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်ကို အနိုင်ယူနိုင်သည်။


ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်သာဖြစ်၍ သူတို့အချိန်နှင့် ခွန်အားကို ဖြုန်းတီးရန် မလိုပေ။ 


" မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်အတွက် ကျွန်တော် ကိုယ်စားပြုပေးလို့ရတယ် ..."


ဟင်းလင်းပြင်ထဲမှ ရယ်သံတစ်ခု ပဲ့တင်လာသည်။ 


ခဏအကြာတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။ 


မော့ရှို့နှင့် အခြားလူများ လှည့်ကြည့်လိုက်ကြသည်။ 


လျှို့မော့ပိုင်က မော့ရှို့နှင့် တခြားလူများရှေ့တွင် ပေါ်လာသည်။ ခေါင်းဆောင်းကို ဖယ်လိုက်သည့်အခါ စိတ်လှုပ်ရှားစွာ ရယ်နေသည့် သွေးအမှတ်အသားများနှင့် မျက်နှာတစ်ခု ပေါ်လာသည်။ 


" မင်း ..."


လျှို့မောပိုင်ထံမှ ငရဲစွမ်းအင်ပြည့်နေသည့် အော်ရာများ အာရုံခံစားမိသဖြင့် မော့ရှို့ မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။


" မင်းက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ် ငရဲအကျဉ်းထောင်ရဲ့ အမွေအနှစ်ကို ရထားတာမလား ..."


" မှန်ပါတယ် ဒီစားဖိုမှူပြိုင်ပွဲမှာ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကို ကိုယ်စားပြုရတဲ့အတွက် ဝမ်းသာမိပါတယ် ... ကျွန်တော်မမှားဘူးဆိုရင် သူတို့ရွေးထားတဲ့ ပထမအဆင့်အင်မော်တယ်စားဖိုမှူးက ကျွန်တော့်ရဲ့ ပြိုင်ဘက်ဟောင်းပဲ ..."

လျှို့မော့ပိုင် ပြောလိုက်သည်။


" အိုး ... ပြိုင်ဘက်ဟောင်းလား ... ဒါဆို မင်းက တော်တော် ယုံကြည်ချက်ရှိနေတာပဲ ..."


လျှို့မော့ပိုင်၏ ကိုယ်တွင်းမှ အမွေအနှစ်ကို မော့ရှို့ ခံစားမိနေသည်။ သူပို၍ စူးစမ်းလေလေ ပို၍ အံ့သြလေလေဖြစ်သည်။


" ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်လား ..."

မော့ရှို့ တအံ့တဩပြောလိုက်သည်။ 


ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်က အခြေခံပိုင်းတွင် အတော်အတန် ရှုပ်ထွေးသော်လည်း မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်တွင် အချက်အပြုတ်နှလုံးသားလမ်းစဉ် စုဝေးရန်အတွက် စွမ်းအားကြီးသည့် လှည့်ကွက်တစ်မျိုးဖြစ်သည်။ 


၎င်း၏အင်အားကို ထုတ်လွှတ်လိုက်သည်နှင့် ပြိုင်ဘက်ကို မီးဖိုချောင်သုံးဓားပင် ကိုင်၍မရ ဖြစ်စေသည်။ 


သူတို့၏ရှေ့မှလူက ငရဲချက်ပြုတ်ခြင်းနယ်ယ်၏ ကြောက်ခမန်းလိလိ စားဖိုမှူများနီးတူ သန်မာသည်။


" စိတ်ဝင်စားစရာပဲ ..."


" ကောင်းပြီလေ ... ဒါဆိုရင်မင်းက ငါတို့ရဲ့ ပထမအဆင့် နယ်သာစားဖိုမှူး ကိုယ်စားပြုပဲ ..."

မော့ရှိူ့ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ 


ဒီနေရာမှ အဆင်သင့်ဖြစ်နေတဲ့ လူတော်တစ်ယောက် ရှ်ိနေမှတော့ ဘာလို့ မရ ရမှာလဲ ...


တစ်ဖက်တွင်မူ ...


ခွေးဘုရငါ၏ အကြံပြုချက်ကို ပုဖန် နားထောင်နေပြီး အတွေးထဲ နစ်နေသည်။ 


ခဏအကြာတွင် သူ၏မျက်နှာက ပျော်ရွှင်သည့် အမူအရာ ဖြစ်သွားသည်။ 


ခွေးဘုရင်က သူ့ကို အခွင့်အရေး ပေးလိုက်တာပဲ ...


မသေမျိုးအပင်ပေါက်များကို လိုချင်သော်လည်း သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် အခြားသူများကို မသိမ်းသွင်းနိုင်ပေ။ 


သို့ရာတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အနိုင်ရအောင်ကူညီပေးလိုက်ပါက နယ်ပယ်သခင်တိထိုက်ဆီမှ အပင်ပေါက်တစ်ပင်ကို တောင်းဆို၍ ရနိုင်ပေသည်။ 


ခွေးဘုရင်၏အကြံက အမှန်ပင် ‌ကျိုးကြောင်းဆီလျော်လှပေသည်။


အရမ်းကောင်းတယ် ခွေးဘုရင် ...


အဝေးတွင် ...


မြို့တော်သခင်မုန့်ချီနှင့် အခြားလူများ ပုဖန်ကို လှမ်းကြည့်နေကြသည်။


ပုဖန်၏ ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် သူတို့ကို ကူညီရန် သဘောတူမတူကို မသိသေးပေ။


ရုတ်တရက် ...


နယ်ပယ်သခင်တိထိုက်၏ မျက်လုံးများ ကျုံ့သွားသည်။ 


အဘယ့်ကြောင့်ဆိုသော် ပုစွန်ပိစိ၏ ကိုယ်ပေါ်တွင် ရပ်နေသည့်ပုဖန်က ဟင်းလင်းပြင်ကိုဖြတ်သန်းကာ သူတို့ရှေ့တွင် ပေါ်လာသောကြောင့် ဖြစ်သည်။


" ပုပုလေး ဘာများဖြစ်လို့လဲ ..."


နယ်ပယ်သခင်တိထိုက် မျက်လုံးထဲတွင် မျှော်လင့်ချက်များ အပြည့်နှင့် ပုဖန်ကို ကြည့်နေသည်။ 


ပုဖန်၏ မတုန်မလှုပ်သည့် စိတ်နေသဘောထားကို အားလုံးသိကြ၍ ပုဖန် စေတနာ့ဝန်ထမ်း မလုပ်ဟု တွေးထားကြပြီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်းဆိုလိုက်လျှင်ပင် ငြင်းပယ်ခံရမည့် ဖြစ်နိုင်ချေက မြင့်နေသည်။ 


သို့သော် ပုဖန်၏ ဆုံးဖြတ်ချက်က သူတို့၏ မျှော်မှန်းချက်ထက် ကျော်လွန်နေသည်။ သူက သဘောတူရန်ပင် မတွန့်ဆုတ်နေပေ။


မသေမျိုးအပင်ပေါက်များအတွက် သို့မဟုတ် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးအတွက်ပင်ဖြစ်စေ ပုဖန်ပါဝင်ရန် သဘောတူမည်သာ။ 


မသေမျိုးသစ်ပင်ကြီးက နယ်ပယ်တစ်ခုလုံး၏ ဗဟိုချက်နှင့် ထောက်တိုင် ဖြစ်သည်။ ၎င်းပြိုလဲသွားသည့်နေ့မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အဆုံးသတ် ဆိုသည်ကို ပုဖန်နားလည်ထားသည်။ 


အလွှာငါးခုစလုံး အပျက်အစီးများဖြစ်သွားနိုင်ပြီး နယ်ပယ်တစ်ခုလုံး တစ်ခဏအတွင်း ပျက်စီးသွားလိမ့်မည်။ 


ထိုသို့ ဘေးဒုက္ခကြီး ဖြစ်လာမည်ကို ပုဖန် မမြင်လိုပေ။ 


" လိမ္မာတဲ့ ကောင်လေးပဲ ... သတ္တိရှိလိုက်တာ ... မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က လူလိမ်လူကောက်တွေကို ဒီအဘွားကြီးအစား ချေမှူန်းပေးစမ်းပါ ..."

မြို့တော်သခင်ကျိုး အော်ဟစ်လိုက်သည်။ သူ၏မျက်နှာက ဖြူဖျော့နေသေးသော်လည်း ပုဖန်၏ပခုံးကို ကိုင်ရန် ခွန်အားရှိနေသေးသည်။ 


ပုဖန် မျက်မှောင်ကြုတ်ပြီး မြို့တော်သခင်ကျိုးကို စိုက်ကြည့်လိုက်သည်။ 


ဆွေးနွေးပြီးနောက် နှစ်ဖက်စလုံးမှ သူတို့၏ကိုယါစားပြုများကို ဆုံးဖြတ်ပြီးသွားကြသည်။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်အတွက် ကိုယ်စားပြုများမှာ ပထမအဆင့်ပြိုင်ပွဲအတွက် လျှို့မော့‌ပိုင် ... အဆင့်နိမ့်ချီလင်စားဖိုမှူးပြိုင်ပွဲအတွက် ဝတ်ရုံနက်လူ ကျန့်ခွမ်းကျို့ နှင့် အဆင့်မြင့်ချီလင်စားဖိုမှူပြိုင်ပွဲအတွက်က မော့ရှိူ့ဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွက် ကိုယ်စားပြုများမှာ ပုဖန် မြို့တော်သခင်မုန့်ချီနှင့် နယ်ပယ်သခင်တိထိုက်တို့ ဖြစ်သည်။ 


မသေမျိုးသစ်ပင်အပင်ပေါက်များက ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။


မော့ရှို့နှင့် အခြားနယ်သာစားဖိုမှူးများမှ ထုတ်လွှတ်နေသော အော်ရာများက အလွန်စွမ်းအားကြီးလှသည်။ သူတို့၏ ဦးခေါင်းထက်တွင် သိပ်သည်းသည့် အနက်ရောင်တိမ်များ စုဝေးနေကြပြီး ခြိမ်းခြောက်နိုင်သည့် ဖိအားများကို သယ်ဆောင်လာသည်။ 


မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးများ တစ်ဝိုက်တွင် အရိပ်များ တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ 


ထိုလူများမှာ လျှို့မော့ပ်ိုင်ထံမှ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုပ်ယူခြင်းခံခဲ့ရသည့် ထိပ်တန်းအင်မော်တယ်စားဖိုမှူးများဖြစ်သည်။ သူတို့၏ရှေ့မှ နန်းတော်အပျက်အစီးများကဲ့သို့ သူတို့မျှော်လင့်ချက်များလည်း ဖုန်မှူန့်ကဲ့သို့ ဖြစ်နေသည်။


မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးများဆီသို့ရောက်သောအခါ ပြင်းထန်သည့် ထိပ်တိုက်ရင်ဆိုင်မှုကို မြင်သွားကြသည်။ 


သူတို့၏မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်ကုန်သည်။ 


ဖြစ်ပျက်ခဲ့သည်များကို မသ်ကြသောကြောင့် အနည်းငယ် အံ့အားသင့်နေကြသည်။ 


စည်းကမ်းဒိုင်အဖြစ်ဆောင်ရွက်မည့် ခွေးဘုရင်က ဟင်းလင်းပြင်ပေါ်တွင် နှစ်ဖက်လုံး၏ အလယ်၌ ရပ်နေသည်။ 


" နှစ်ဖက်လုံးက ပါဝင်မယ့်သူတွေကို ရွေးပြီးပြီဆိုတော့ ခွေးဘုရင်က ဒီစားဖိုမှူးစိန်ခေါ်ပွဲမှာ စည်းကမ်းဒိုင် အဖြစ်ပါဝင်ပါမယ် ..."

ခွေးဘုရင်က သမ်းဝေလျက် ပြောလိုက်သည်။


မသေမျိုးအပင်ပေါက်များ အနီးတွင် ပုဖန်ရှိနေပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ မသေမျိုးသစ်ပင်၏ အလယ်မှ အပင်ပေါက်သုံးခုကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပလာသည်။


မသေမျိုးအပင်ပေါက်တွေအတွက် သူ သိုသိုသိပ်သိပ် နေလို့ မရတော့ဘူး ... သူ့ရဲ့ပြိုင်ဘက်ကို လုံးဝ ချေမှူန်းပစ်မှဖြစ်မယ် ...


" အခု စားဖိုမှစိန်ခေါ်ပွဲ စတင်ပါမယ် ..."


ခွေးဘုရင်၏ သိမ်မွေ့သောအသံက ဟင်းလင်းပြင်ထဲ ပဲ့တင်ထပ်သွားသည်။


ခဏကြာသောအခါ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ဘက်မှ ကြောက်မက်ဖွယ်အော်ရာများက တစ်ဖက်ကို ချေမှူန်းတော့မည်ဟန်ဖြင့် တစ်ဟုန်ထိုး တက်လာသည်။ 


လျှို့မော့ပိုင်၏ မျက်လုံးများ အရောင်တောက်လာသည်။ ဆံပင်များက လေထဲတဖျပ်ဖျပ်လွင့်နေပြီး ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ာ သူ၏တိုက်ခိုက်လိုစိတ်က ကောင်းကင်အထိပင် ရောက်နေသည်။ 


သူ၏ အနက်ရောင်မီးဖိုချောင်သုံးဓားကို လှည့်နေပြီး ပုဖန်ကို ချိန်ရွယ်ထားသည်။ သူ၏မျက်နှာက ပြုံးနေသော်လည်း မုန်းတီးစိတ်များ ပြည့်နေပုံပင်။