အပိုင်း ၁၀၈၄
Viewers 53k

အခန်း ၁၀၈၄

နတ်ဆိုးနတ်ဘုရား မျက်နှာသေ Vs. ရေစီးအောက်က တံတားငယ်


စားဖိုမှူးစိန်ခေါ်ပွဲရဲ့ ခေါင်းစဉ်က ခေါက်ဆွဲလား ...


ခေါက်ဆွဲသည် ချက်ပြုတ်ရာတွင် အဓိက အမျိုးအစား ဖြစ်သည်။


ခေါက်ဆွဲအမျိုးအစားပေါင်းများစွာ ရှိသော်လည်း ချက်ပြုတ်သည့်နည်းလမ်းက အနည်းငယ်ခန့်သာရှိသည်။ 


ခေါက်ဆွဲအရောအနှော ခေါက်ဆွဲပြုတ် ခေါက်ဆွဲကြော် ...စသဖြင့် အမျိုးအစားများကို ထပ်မံခွဲခြားနိုင်သည်။


ခေါက်ဆွဲများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စားဖိုမှူးများက ချက်ပြုတ်ခြင်းအတွက် အထူးနည်းလမ်းများကို ပိုမိုလေ့လာခဲ့ကြပြီး ၎င်းတို့အပေါ် သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာမှုများသည် ပို၍နက်နဲလာသည်။


စွပ်ပြုတ်၏ ချက်ပြုတ်နည်း ခေါက်ဆွဲအတွက် ဂျုံနယ်နည်း ခေါက်ဆွဲနှင့် တွဲဖက်စားရာ ပါဝင်ပစ္စည်း ရွေးချယ်မှုအပေါ် မူတည်၍ နည်းလမ်းများ ကွဲပြားသွားသည်။


ခွေးဘုရင်က စားဖိုမှူးစိန်ခေါ်ပွဲ၏ ခေါင်းစဉ်ကို ကြုံရာကျပန်း ရွေးချယ်လိုက်သော်လည်း ချီလင်စားဖိုမှူးနှစ်ယောက်အတွက် အလွန်ခက်ခဲသည့် တိုက်ပွဲတစ်ခု ဖြစ်သွားသည်။


နယ်သာစားဖိုမှူးများ၏ အတွေးထဲတွင် မုန့်ချီက ကျိန်းသေပေါက်ရှုံးတော့မည်သာ ဖြစ်သည်။


ထိုမိန်းကလေးက ပါဝင်ပစ္စည်းများကို မပြင်ဆင်ထားသည့်အပြင် ပထမအဆင့်အင်မော်တယ်စားဖိုမှူးက ပေးသည့် ပါဝင်ပစ္စည်းကိုပင် အသုံးပြုဦးမည်။ 


အင်မော်တယ်စားဖိုမှူးများ၏ အဆင့်မှာ ကွာခြားချက်များစွာရှိသည်ကို အားလုံးသိကြသည်။ သူတို့၏ ပါဝင်ပစ္စည်းရရှိမှုနှင့် ပြင်ဆင်မှုများလည်း ထိုကဲ့သို့ပင်ဖြစ်သည်။


ကျန့်ခွမ်းကျိုး ပြင်ဆင်ခဲ့သည့် နတ်ဆိုးနတ်ဘုရားသွေးဘာလီပင်က ထိပ်တန်းအဆင့် မသေမျိုး ပါဝင်ပစ္စည်းတစ်ခု ဖြစ်သည်။ ဤ ပါဝင်ပစ္စည်း၏ အရည်အသွေးဖြင့် မြို့တော်သခင်မုန့်ချီကို ချေမှူန်းရန် လုံလောက်သည်။


ယခုမှ စတင်သည်ဖြစ်သော်လည်း မုန့်ချီ ရှုံးနိမ့်နေပြီဖြစ်သည်။ 


ထို့အပြင် မုန့်ချီ၏ ပါဝင်ပစ္စည်းကို မည်သူမျှ အလေးမထားကြပေ။

ပထမအဆင့်အင်မော်တယ်စားဖိုမှူးဆီက ပါဝင်ပစ္စည်းတွေက ချီလင်စားဖိုမှူးကိုယ်တိုင် ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေလောက် ကောင်းမယ်တဲ့လား ...


မည်သို့ပင်ဖြစ်စေ မုန့်ချီ အရှုံးမပေးပေ။ ပုဖန်ပေးထားသည့် ဂျုံပင်များကို ဂျုံမှုန့်ဖြစ်အောင်လုပ်လိုက်သည်။


ထို့နောက် တည်ကြည်နေသော မျက်နှာထားဖြင့် စတင်ချက်ပြုတ်တော့သည်။


ဤစားဖိုမှူးစိန်ခေါ်ပွဲအတွက် မုန့်ချီ အနည်းငယ်မျှ သတိမလစ်ဟင်းရဲပေ။ 


မုန့်ချီအပေါ် အကျိုးသက်ရောက်မှု မရှိသည်ကို မြင်သောအခါ ကျန့်ခွမ်းကျို့၏ မျက်နှာလည်း လေးနက်သွားသည်။ ချီလင်စားဖိုမှူးတစ်ယောက်ကို ရင်ဆိုင်ရသည်က မလွယ်ကူကြောင်း သူသိသည်။


မ‌ဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ ရက်စက်သည့် စားဖိုမှူးစိန်ခေါ်ပွဲများဖြင့် ကြီးပြင်းလာသည့် ကျန့်ခွမ်းကျို့အနေဖြင့် ရန်သူကိုအထင်သေးခြင်းဟူသည့် အမှားကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။


ထို့ကြောင့် သူ၏ဟင်းလျာကိုသာ အာရုံစိုက်ပြီး ချက်နေသည်။ 


လေထုက ရုတ်ရက် ပြင်းထန်လာပြီး လူအားလုံး အသက်ပင်ကျယ်ကျယ် မရှုရဲပေ။ 


အနက်ရောင်စားဖွယ်ဆိုသည်မှာ ငရဲနန်းတော်မှ နယ်သာစားဖိုမှူးများ တိုးတက်အောင်ပြုလုပ်ထာသည့် အစားအစာအုပ်စု ခွဲခြားခြင်းပင်ဖြစ်သည်။ ၎င်းကို ငရဲစွမ်းအင်များဖြင့် ချက်ပြုတ်ထားသဖြင့် ထူးဆန်းနေသော်လည်း သွားရည်ယိုချင်စဖွယ်ပင် ဖြစ်သည်။ 


ဂျုံမှုန့် ပြုလုပ်ခြင်းက ပထမဆုံးအဆင့်ဖြစ်သည်။ ဂျုံအမျိုးအစားက သူတို့၏ ချက်ပြုတ်နည်းလမ်းကို ဆုံးဖြတ်ပေးနိုင်သည်။


ဝုန်း ဝုန်း ...


ကတ္တီပါနီရောင် ဂျုံမှုန့်များ ပြန့်ကျဲသွားသည်။


နတ်ဆိုးနတ်ဘုရားသွေးဘာလီပင်မှ ပြုလုပ်ထားသည့်ဂျုံမှုန့်များက အမှန်တကယ်ပင် နတ်ဆိုးသွေးကဲ့သို့ ကတ္တီပါနီရောင် တောက်နေသည့်အတွက် မြင်ရသူတိုင်းကို ထိတ်လန့်စေသည်။ 


ကျန့်ခွမ်းလျှို့၏ စိတ်စွမ်းအင်က လှိုင်းများကဲ့သို့ ဖြတ်သန်းသွားသည်။


ထို့နောက်တွင် ကတ္တီပါနီရောင် ဂျုံမှုန့်များကို လက်ပေါ်တွင် ဖိလိုက်သည့်အခါ ‌ဂျုံမုန့်ညက် အလုံးများ ဖြစ်သွားသည်။ 


လက်မကိုမြှောက်လိုက်သည့်အခါ ဂျုံမုန့်ညက် ဘောလုံးများက ကတ္တီပါနီရောင် အမှုန်များကဲ့သို့ လက်ချောင်းများပေါ် လည်ပတ်နေသည်။


၎င်းတို့ လည်နေစဉ် ကျန့်ခွမ်းကျိုး၏ အခြားလက်တစ်ဖက်က မရေမတွက်န်ိုင်သည့် အရိပ်များဖြစ်သွားပြီး ဂျုံမုန့်ညက်များကို ရိုက်နေပြီး ပို၍ လျင်မြန်စွာ လည်ပတ်သွားစေသည်။


တရှူးရှူးအသံဖြင့် သွေးရောင်အလင်းများ ထိုနေရာမှ ဖြာထွက်နေသည်။


တစ်ဖက်တွင်မူ ...


ကျန့်ခွမ်းကျို့၏ ကျယ်လောင်တောက်ပြောင်သော ချက်ပြုတ်နည်းနှင့် မတူပဲ မုန့်ချီ၏ ချက်ပြုတ်မှုက အလွန်ပုံမှန်ဖြစ်နေသည်။


သူမ ဂျုံနယ်နေသည့်အတွက် လက်နှစ်ဖက်လုံးတွင် ဂျုံများဖုံးလွှမ်းနေသည်။ ထို့နောက်ကြက်ဥ ထပ်ထည့်၍ သိမ်မွေ့လှပသော လှုပ်ရှားမှုများဖြင့် ဂျုံဆက်နယ်နေသည်မှာ ကမ္ဘာပေါ်မှ အချိန်အားလုံးကို သူမထံတွင် ယူထားသကဲ့သို့ပင်။


သူမလက်ထဲမှ အဖြူရောင်ဂျုံမှုန့်ညက်က ပို၍ပင် အညစ်အကြေး ကင်းစင်လာသည်။


မုန့်ချီက ဂျုံနယ်ရာတွင် အာရုံစိုက်နေသည့်အတွက် သူမ၏ ဆံပင်အနည်းငယ် နဖူးပေါ်သို့ ကျနေသည်ကို သတိမထားမိပေ။


ထိုသို့ လှပသည့်ဘေးတိုက်ပုံကို မြင်ရသည့်အခါ ကြည့်ရှု့နေကြသူတိုင်း ဆွဲဆောင်ခြင်း ခံလိုက်ရသည်။


မုန့်ချီ မည်သည့်ဟင်းလျာချက်ရမည်ကို ဆုံးဖြတ်ပြီးပုံ ရသည်။ 


သူမက ခေါက်ဆွဲချက်ပြုတ်ရာတွင် အတော်ဆုံး မဟုတ်သော်လည်း ချီလင်စားဖိုမှူးတစ်ယောက်ဖြစ်သည့်အတွက် အတွေ့အကြုံအချို့ရှိသည်။ 


သူမက ဟင်းအမျိုးအစားတစ်မျိုးကို အလွန်အကဲ လေ့လာရုံသည့် ချီလင်စားဖိုမှူးမျိုး မဟုတ်ပေ။


မသေမျိုးစွမ်းအင် ရစ်ဝဲနေသော မီးဖိုတစ်ခု သူမရှေ့တွင် ချထားလိုက်သည်။ ထိုမီးဖိုမှ တောက်ပသည့် အလင်းရောင်ကို ထုတ်လွှတ်ပေးနေပြီး မုန့်ချီစ၏ိတ်ကို ရှင်းလင်းတည်ငြိမ်သွားစေသည်။


သူမ၏ လက်ချောင်းသွယ်သွယ်များဖြင့် ဆက်လက်၍ ဂျုံနယ်နေပြီး ဂျုံများမှတစ်ဆင့် ဂျုံမုန့်ညက်များ ဖြစ်လာသည်ာ ထို့နောက်တွင် ခေါက်ဆွဲအဖြစ် ဆွဲလိုက်သည်။ 


ဂျုံမှုန့်ညက်ကို ခေါက်ဆွဲဖြစ်အောင် ဆွဲရသည်မှာ အဓိကသော့ချက်ဖြစ်သည်။


မုန့်ချီ၏ မျက်လုံးများ မှေးစင်းလျက် သူမစိတ်ထဲ တစ်ချက်လှုပ်ရှားလိုက်သည်။


ဂျုံမှုန့်များဖြင့်ပေနေသော သူမလက်ချောင်းသွယ်သွယ်များကို ဆွဲဆန့်ပြီး ဂျုံမှုန့်ညက်ပေါ် ဖိလိုက်သည်။ ထို့နောက် လက်မြှောက်၍ ဂျုံမှုန့်ညက်များကို ခေါက်ဆွဲအချောင်းများဖြစ်အောင် ဆွဲလိုက်သည်။ 


ခြေဖျားထောက်ပြီး သူမ၏ပုံရိပ်က မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။


ဝုန်း ...


မီးဖိုထဲမှ ဂျုံမှုန့်ညက် စတင်လည်ပတ်လာချိန်တွင် တရှူးရှူးအသံများ ထွက်နေကာ သူမ၏ မသေမျိုးဝတ်ရုံကို တဖျပ်ဖျပ် လွင့်နေစေသည်။ 


သူမလက်ထဲမှ ရှည်လျားသည့် ခေါက်ဆွဲချောင်းများက အဆင်မပြတ် ဆန့်ထွက်လာပြီး ဂျုံမှုန့်ညက်အလုံးက ပို၍ သေးငယ်လာသည်။


ရုတ်တရက် မုန့်ချီက ခေါက်ဆွဲများကို လှည့်လိုက်သည်။


ဝုန်း ဝုန်း ...


ခေါက်ဆွဲများက လည်နေပြီး ဖဲကြိုးများကဲ့သို့ ရစ်ပတ်နေသည်။ ၎င်းတို့က သူမ ခန္ဓာကိုယ်ကို ဝန်းရံ၍ လည်နေပြီး အရွယ်အစားနှင့် အထူအပါးတူသည့် ခေါက်ဆွဲများ ဖြစ်လာသည်။


လေထဲတွင် မသေမျိုးစွမ်းအင်များ ပြည့်နေသည်။ ခေါက်ဆွဲများ သူမ၏ပတ်ပတ်လည်ကို လှည့်ပတ်နေချိန်တွင် မသေမျိုးစွမ်းအင်များက ကြိုးမျှင်တစ်ခုစီထဲကို စိမ့်ဝင်သွားပြီး ခေါက်ဆွဲများကို အရောင်တောက်ပလာစေသည်။


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများ အိမ်မက်နှင့်တူသော မြင်ကွင်းတွင် နစ်မြုပ်နေကြပြီး မုန့်ချီထံမှ အကြည့်များ မခွာကြပေ။ 


ရုတ်တရက် ...


ကျယ်လောင်သော ပေါက်ကွဲသံက မိန်းမောနေသော အခြေအနေမှ စိတ်လွင့်သွားစေသည်။ 


အင်မော်တယ်စားဖိုမှူးများ ကြောက်လန့်လျက် သူတို့၏ ဆန့်ကျင်ဘက်ကို ကြည့်လိုက်သည်။


ထိုနေရာတွင် ကျန်းခွမ်းကျို့၏ လက်များက ကတ္တီပါနီရောင် ခေါက်ဆွဲမျှင်များကို ဆွဲနေသည်။ ထို့နောက် မီးဖိုကို ပုတ်လိုက်သည့်အခါ ထိုနေရာမှ စူးရှသည့် ပေါက်ကွဲသံတစ်ခု ပဲ့တင်လာသည်။


ထိုအသံက မိုးခြိမ်းသံကဲ့သို့ပင်။ 


အားနှင့် ပုတ်လိုက်သည့်အကြိမ်တိုင်း ကတ္တီပါနီရောင် ခေါက်ဆွဲများက တုန်ခါလာပြီး သွေးရောင်ဂျုံမှုန့်များနှင့် ‌လွင့်မျောနေသည်။ 


ခေါက်ဆွဲများ တုန်ခါလာသည်နှင့် ငရဲစွမ်းအင်များ ဝင်သွားကာ အမျှင်တစ်ခုစီတိုင်းကို တစ်ချိန်တည်းမှာပင် သန်စွမ်းပြီး ပျော့ပျောင်းလာစေသည်။


ကျန့်ခွမ်ူကျို့ လက်ချောင်းများကို ဖြန့်လိုက်သည့်အခါ ခေါက်ဆွဲမျှင်များက ထောင်နှင့်ချီသော သွေးနီရောင်ဆံပင်မွှေးများကဲ့သို့ ဖြစ်လာပြီး တဖျပ်ဖျပ်လွင့်နေသည်။


၎င်းတို့ကို ခါလိုက်ချိန်တွင် တုန်ခါမှုများက လှိုင်းများကဲ့သို့ ဖြည်းညှင်းစွာပျံ့နှံ့လာသည်။


" နည်းစနစ်က တော်တော်ကောင်းတာပဲ ..."


" အဲ့ဒီ တုန်ခါစေတဲ့ နည်းစနစ်က ငရဲစွမ်းအင်တွေကို ပိုးမျှင်တွေအဖြစ်ပြောင်းပြီး အပ်တွေလိုမျိုး ခေါက်ဆွဲထဲ ဝင်သွားတယ် ..."


" ချီလင်စားဖိုမှူးတစ်ယောက် ဖြစ်သင့်ပါပေတယ် ... ဒီလို တိကျသေချာတဲ့ နည်းလမ်းက စိတ်ကူးယဉ်ဖို့တောင် ခက်ခဲတယ် ..."


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများ လေအေးကို ရှုရှိုက်နေရသည်။ 

သူတို့ ဒီလို နည်းလမ်းကို ဘယ်တော့မှ မြင်ရမှာပါလိမ့် ...


ဝုန်း ဝုန်း ...


ခေါက်ဆွဲမျှင် တစ်ခုစီတိုင်းက မျောလွင့်နေပြီး အသက်ဝင်နေသကဲ့သို့ပင်။


ကျန့်ခွမ်းကျို့၏ လက်များ လှုပ်ရှားရာမှ ရပ်သွားသည်။ 


ထို့နောက် မီးဖို၏ အခြားတစ်ဖက်သို့သွား၍ ကြောက်မက်ဖွယ်ငရဲစွမ်းအင်များဖြင့် ပြည့်နေသည့် ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ 


ထို ပါဝင်ပစ္စည်း တစ်ခုချင်းစီက ထိတ်လန့်ဖွယ်ရာပင်။


ဧရာမလူခေါင်းခွံသစ်သီး ပင့်ကူကဲ့သို့ ဆေးဖက်ဝင်အပင်များနှင့် အဆက်မပြတ်လှုပ်ရှားနေသည့် ပါဝင်ပစ္စည်းအချို့တို့ ဖြစ်သည်။ ၎င်းတို့အားလုံးကို မည်းနက်နေသည့် စွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည်။


ကြက်သီးမွေးညှင်းထစေသည့် ပါဝင်ပစ္စည်းများကို မြင်သူတိုင်း ရွံရှာကုန်သည်။


အင်မော်တယ်စားဖိုမှူးများ ဆူညံပွက်လောရိုက်ကုန်သည်။ 

ဒီလို ပါဝင်ပစ္စည်းတွေနဲ့ ချက်မှတော့ စားလို့ရပါ့မလား ...


အနားမှ အင်မော်တယ်စားဖိုမှူးများ၏ ထိတ်လန့်နေသော မျက်နှာများကို မြင်ပြီး ကျန့်ခွမ်ကျို့ အထင်အမြင်သေးလိုက်သည်။


ထိုအရာများက ငရဲအကျဉ်းထောင်မှ ပါဝင်ပစ္စည်းများဖြစ်ကြသည်။ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်း၍ ရွံရှာဖွယ်ဖြစ်နေသော်လည်း အားလုံးက ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းများဖြစ်သည်။ 


လခြမ်းကွေးပုံမီးဖိုချောင်သုံးဓား လှည့်ပတ်နေသည်။


ကျန့်ခွမ်းကျို့၏နောက်တွင် လခြမ်းတစ်ခုက ကြောက်စရာကောင်းသည့် ဓါးစွမ်းအင်တစ်ခုအဖြစ် ပေါ်လာပြီး ပရိသတ်ကို ဖိနှိပ်လိုက်သည်။


မုန့်ချီ ခေါက်ဆွဲကွန်ယက်ထဲမှ ပျံထွက်လာသည်။ 


ထို့နောက် ခြေချလိုက်ပြီး အခြားပါဝင်ပစ္စည်းများကို စတင်လုပ်ဆောင်သည်။


ဤတစ်ကြိမ်တွင် သူမက ခေါက်ဆွဲပြုတ်အတွက် စွပ်ပြုတ်ရည် လုပ်နေသည်။


ပါးစပ်ဟလိုက်သည့်အခါ အပြာနုရောင် မီးတောက်တစ်ခု ထွက်လာပြီး မီးဖိုပေါ်ရောက်သွားသည်။


မီးဖိုပေါ်တွင် အိုးကို တင်လိုက်ပြီး စွပ်ပြုတ်ကိုတည်လိုက်သည်။


မြို့တော်သခင်မုန့်ချိ မသေမျိုးပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်အပင်များကို အိုးထဲ တစ်ခုချင်းစီ ဂရုတစိုက် ထည့်လိုက်သည်။ 


အကောင်းဆုံး ပါဝင်ပစ္စည်းများနှင့် ဆေးပင်များကိုသာ သူမ အသုံးပြုထားခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများနှင့် သက်ဆိုင်လာပါက အရေအတွက် သို့မဟုတ် အရည်အသွေး နှစ်ခုစလုံးပေါ်တွင် သူမက တင်းကျပ်သည့် လိုအပ်ချက်များ ထားရှိသည်။


အိုးထဲမှ ဟင်းရည်များ ဆူပွက်လာသည်။ 


မြို့တော်သခင်မုန့်ချီ စွပ်ပြုတ်ဟင်းရည်ပေါ်မှ ပူဖောင်းများကို ဂရုတစိုက် ဖယ်ထုတ်လိုက်ပြီး ပါဝင်ပစ္စည်းတစ်မျိုးစီကိုထည့်၍ ဆက်လက် ချက်ပြုတ်နေသည်။


ပါဝင်ပစ္စည်းများကို ငါးကြိမ်ခန့် ထည့်ပြီးနောက် အပူကိုလျှော့လိုက်သည်။


ထိုအချိန်တွင် သူမ နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေသည်။


အချိန်ကြာလာသည်နှင့်အမျှ စင်မြင့်ပေါ်မှလေထုက ပို၍ အသက်ရှုကျပ်ဖွယ် ဖြစ်လာသည်။


အားလုံး၏ ရင်ဘတ်ပေါ်တွင် ဧရာမကျောက်တုံးကြီးတစ်တုံး တင်ထားသကဲ့သို့ ခံစားနေရသည်။ 


" ဒီမိန်းကလေးက မဆိုးဘူး ... ကျန့်ခွမ်းကျို့ရဲ့ ဖိအားကို ကြံကြံခံပြီး တည်တည်ငြိမ်ငြိမ် ချက်ပြုတ်နိုင်တယ် ..." မော့ရှို့ ပြောလိုက်သည်။

" ဒါပေမဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေက အသုံးမဝင်ပါဘူး ..."


ဝုန်း ဝုန်း ဝုန်း ...


အနက်ရောင်တိမ်တိုက်များက တလိမ့်လိမ့် တက်လာပြီး ကောင်းကင်ကို အုပ်မိုးထားသော မကောင်းဆိုးဝါးများကဲ့သို့ ကြောက်မက်ဖွယ်ဖိအားကို ယူဆောင်လာသည်။


ရွဲ ရွဲ ရွဲ ...


မြို့တော်သခင်မုန့်ချီ၏ ဦးခေါင်းထက်တွင် အနက်ရောင်တိမ်တိုက်များ မြည်ချုန်းနေပြီး အပြာနုရောင်လျှပ်စီးမျာ လက်လာသည်။


တစ်ချိန်တည်းမှာပင် ကျန့်ခွမ်းကျို့၏ အထက်တွင်လည်း တိမ်မည်းများနှင့် အနက်ရောင် လျှပ်စီးများ စုဝေးလာသည်။


ကျန့်ခွမ်းကျို့က ကြက်သီးထဖွယ်ကောင်းသည့် ပါဝင်ပစ္စည်းများကို ဒယ်အိုးထဲတွင်ထည့်‌၍ လျင်မြန်စွာ ကြော်နေသည်။


သူက ခေါက်ဆွဲပြုတ် မလုပ်ပေ။ထိုအစား ခေါက်ဆွဲကြော်လုပ်ရန် ရွေးချယ်ခဲ့သည်။


ပါတင်ပစ္စည်းများကိုကါ ရောကြော်လိုက်သည့်အခါ ဟင်းလျာ၏ ရနံ့က လေထဲတွင် ပြည့်နှက်လာသည်။ 


ဒယ်အိုးထဲသို့ ကြက်ဥကိုထည့်လိုက်ချိန်တွင် ကြွယ်ဝသည့်ရနံ့က ပို၍ သိပ်သည်းလာပြီး အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားသည်။


လှိုင်းဂယက်များကဲ့သို့ သွေးရောင်ခေါက်ဆွဲများကို ဒယ်အိုးထဲ ထည့်လိုက်ပြီး ဆက်လက်ကြော်နေသည်။


တိမ်မည်းများဆီမှ ဖိအားများက ပိုပြင်းထန်လာသည်။ 


ချက်ပြုတ်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်လာသည်ကို နှစ်ဖက်လုံး သိကြသည်။


ဝုန်း ...


နောက်ဆုံးတွင် ...


ဖိနှိပ်ခံထားရသည့် မိုးကြိုးပစ်ဒဏ်များ ‌အထက်မှ ဆင်းသက်လာသည်။


နက်ပြာရောင်မိုးကြိုးနဂါးကြီးနှင့် အနကါရောင်မိုးကြိုးနဂါးတို့ ရစ်ပတ်ပြီး တိုက်ခိုက်နေကြသည်။


နယ်ပယ်သခင်တိထိုက်နှင့် အခြားလူများ ကောင်းကင်ပေါ်တွင် မိုးကြိုးနဂါးများ တိုက်ခိုက်နေသည်ကို စူးစိုက်စွာ ကြည့်နေကြသည်။ 


ပထမဆုံးတိုက်မိမှုက မည်သူက အသန်မာဆုံးဖြစ်သ်ာကို ဆုံစဖြတ်ပေးသော်ကြောင့် အလွန်အရေးကြီးသည်။


ရုတ်တရက် ... 


နယ်ပယ်သခင်တိထိုက်နှင့် အခြားလူများ၏ မျက်လုံးများ မှေးစင်းသွားသည်။


အဘယ့်ကြောင့်ဆိုသော် မုန့်ချီ၏ မိုးကြိုးနဂါးက ကျန့်ခွမ်းကျို့ထက် အနည်းငယ်စော၍ ပျက်ပြယ်သွားသောကြောင့်ပင်။


မုန့်ချီ၏ ဟင်းလျာက ဆိုးကျိုးများပြီး ချန်ခွင်လျှာက ကျန့်ခွမ်းကျို့ဘက်သို့ အလေးသာသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။


ဝုန်း ဝုန်း ဝုန်း ...


မိုးကြိုးနဂါး တစ်ကောင် နှစ်ကောင် သုံးကောင် ...


မည်းနက်နေသည့် မိုးကြိုးနဂါးများ ကောင်းကင်ကို ဖြတ်သန်းလာနေသည်။


နက်ပြာရောင် မိုးကြိုးနဂါးများလည်း တိမ်မည်းများကို ဖြတ်သန်း၍ ရောက်လာနေသည်။


ဤတိုက်မိမှုကြောင့် အားလုံး၏ မျက်လုံးများတွင် ထိတ်လန့်သည့်ဟန် ပေါ်လာသည်။ 


မိုးကြိုးနဂါးများအားလုံး ပျောက်သွားကြသည်။


စုစုပေါင်း မိုးကြိုးနဂါးများ ထိပ်တိုက်တွေ့ဆုံမှု ခုနစ်ကြိမ်ရှိခဲ့ပြီး တစ်ခုစီသည် မိုးကြိုးနဂါးကို ယခင်တစ်ကြိမ်ထက် ပိုမိုအားကောင်းလာစေသည်။


ထို မိုးကြိုးနဂါးများ ပေါ်လာသည့်အခါ အနီးမှ အင်မော်တယ်စားဖိုမှူးများ ကမ္ဘာကြီး၏ အဆုံးသတ်ကို မြင်နေရသကဲ့သို့ တုန်ယင်နေကြသည်။ 


" ခုနစ် ... သန်မာတဲ့ မိုးကြိုးပြစ်ဒဏ်ခုနစ်ခုလား ..."


" ချီလင်စားဖိုမှူးတွေရဲ့ စားဖိုမှူးစိန်ခေါ် ပွဲ ဖြစ်သင့်ပါတယ်လေ ... အရမ်းကြောက်ဖို့ကောင်းတာပဲ ..."


အင်မော်တယ်စားဖိုမှူးများ လေအေးကို ရှုရှိုက်နေရသည်။


လုယီက မြို့တော်သခင်မုန့်ချီကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများက အရူအမူး ဖြစ်နေဟန်ပင်။


မြို့တော်သခင်မုန့်ချီက ပြိုင်ဘက်ကင်း အရည်အချင်းရှိသူဖြစ်ပြီး သူ၏ နှလုံးသားထဲမှ နတ်ဘုရားမလေးဖြစ်သည်။


" မင်း နိုင်မှဖြစ်မယ်နော် ..."

လုယီ လက်သီးဆုပ်လျက် ရေရွတ်လိုက်သည်။ မုန့်ချီက ချက်ပြုတ်နိုင်ခွင့်ဆုံးရှုံးပြီး သူ့ကဲ့သို့ အသုံးမကျသူတစ်ယောက် ဖြစ်လာမည်ကို သူ လက်မခံနိုင်ပေ။


ပုဖန်လည်း ထိုပြိုင်ပွဲကို ကြည့်နေသည်။


ဒါက ချီလင်စားဖိုမှူးတွေကြားက စားဖိုမှူးစိန်ခေါ်ပွဲပေါ့ ...


သူတို့၏ ဓားစွမ်းရည် အပူထိန်းညှိမှု ခံနိုင်ရည်ရှိမှုနှင့် အချက်အပြုတ်နှလုံးသားလမ်းစဉ် အရာအားလုံးက မှတ်သားဖွယ်ရာပင်။


လှုပ်ရှားမှုတိုင်းသည် မယုံနိုင်လောက်အောင် တိကျပြီး ချက်ပြုတ်ရာတွင်လည်း အမှားအယွင်း အနည်းငယ်မျှ မရှိပေ။


ဟင်းလျာများက ဖတ်စာအုပ်တစ်အုပ်ကဲ့သို့ ပြည့်စုံလှသည်။


မိုးကြိုးပြစ်ဒဏ်ခုနစ်ခု တိုက်မိပြီးချိန်တွင် ...


ကျန့်ခွမ်းကျို့ ပန်းကန်လုံးထဲမှ ဇွန်းကို ရုတ်တရက် ထိလိုက်သည်။ ထိုနေရာအထက်တွင် အစွယ်များကို ထုတ်ပြီး လက်သည်းများ ခြေသည်းများ တောက်ပြောင်နေသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ငရဲစွမ်းအင်များ မြင့်တက်လာသည်။


အနက်ရောင်အလင်းရောက် တောက်ပလာပြီး ထူးခြားဆန်းကြယ်ပြီး တစ်ချိန်တည်းမှာပင် ရွံစရာကောင်းနေသည်။


သို့သော် ရနံ့က လူများကို သွားရည်ယိုစေသည်။


" အနက်ရောင်စားဖွယ် နတ်ဆိုးနတ်ဘုရားမျက်နှာသေ ပြီးဆုံးပါပြီ ..."


ကျန့်ခွမ်းကျို့ ရုတ်တရက် သူ၏လက်ချောင်းကို ကွေးပြီး ပွတ်ဆွဲလိုက်ရာ ထိုခေါက်ဆွဲကြော်ပန်းကန်ကို ဖြည်းညှင်းစွာ လေထဲ လွင့်မျောသွားစေသည် ။


ထိုဟင်းလျာ၏ ရနံ့နှင့် ပုံစံကိုကြည့်၍ အားလုံးထိတ်လန့်သွားသည်။ သူတို့၏ အမြင်အာရုံထဲတွင်ညကျယ်ပြောသည့် စစ်မြေပြင်တစ်ခု ပေါ်လာပြီး တိုက်ခိုက်နေသည့်အသံများ အဆက်မပြတ် ပဲ့တင်လာသည်။


နတ်ဘုရားက ဟိန်းဟောက်လိုက်ပြီး နတ်ဆိုးများလည်း အော်ဟစ်နေကြသညိ။


နတ်ဆိုးနတ်ဘုရားများ ကျဆုံးပြီး အလောင်းများက အသူရာချောက်နက်ထဲ ပြုတ်ကျကုန်သည်။


အလွန် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုပင်။


မုန့်ချီထံမှ ပုံမှန်မဟုတ်သော အော်ရာတစ်ခု ရုတ်တရက် ပျံ့နှံ့သွားသည်။


သူမ၏ ဝတ်ရုံလက်များ တဖျပ်ဖျပ်ခတ်နေချိန်တွင် နွေးထွေးသော နေရောင်ခြည်က တောက်ပလာသည်။


ခေါက်ဆွဲပြုတ်ပန်းကန်က ကျန့်ခွမ်းကျို့၏ ခေါက်ဆွဲကြော် ပန်းကန်ဘေးသို့ လွင့်မျောသွားသည်။


နတ်ဆိုးနတ်ဘုရား၏ ပျက်စီးနေသော စစ်မြေပြင်ကြားထဲတွင် သက်ဝင်လှုပ်ရှားနေသည့် ကမ္ဘာတစ်ခု ပေါ်လာသည်။ နွေးထွေးသော နေရောင်ခြည် မြက်တို့၏ စိမ်းစိုနေသောရနံ့ မြစ်ရေစီးဆင်းသွားသံများ ပေါ်လာသည်။


သွေးစွန်းနေသော နတ်ဆိုးနတ်ဘုရားစစ်မြေပြင်တွင် သန့်စင်မြေတစ်ခု ပေါ်လာသကဲ့သို့ပင်။


မုန့်ချီ၏ ဝတ်ရုံက လေထဲတွင် လွင့်နေသည်။ မသေမျိုးစွမ်းအင်များက သူမတစ်ဝိုက်တွင် ရစ်ဝဲကာ မျက်လုံးများ ရီဝေနေသည်။


" ခေါက်ဆွဲပြုတ် ရေစီးအောက်က တံတားငယ် ပြီးဆုံးပါပြီ ..."


ငှက်များ တေးဆိုနေသည့်အသံများလည်း ပဲ့တင်နေသည်။


အားလုံး၏ စိတ်ထဲမှ နတ်တိုးနတ်ဘုရား စစ်မြေပြင်ကို ဓားရှည်ဖြင့် ဖြတ်လိုက်သကဲ့သို့ပင်။


အားလုံး ဆူညံပွက်လောရိုက်သွားသည်။


ချီလင်စားဖိုမှူး ဟင်းလျာနှစ်ခု ပြီးသွားပြီ ...