အပိုင်း ၈၈
Viewers 19k

Chapter 88



နောက်ဆုံးနှစ်တစ်ထောင်အတွင်း၌ မိုးပြားနဂါးများက အတိုင်းအဆမရှိ အောင်မြင်လာပြီး လူသားများက သူတို့ကို မှတ်တမ်းများထဲတွင်ပင် ထည့်ရေးထားကြပေသည်။ သူတို့ကို ဟင်္သာပြဒါးငှက်၊ ကျားဖြူနှင့် လိပ်နက်တို့နှင့် ပေါင်းစပ်ကာ နတ်ဘုရားသားရဲလေးကောင်ဟုပင် အမည်ပေးထားပေသည်။ 

လူသား ဖျော်ဖြေရေးနယ်ပယ်၏ ဘာသာစကားတွင် ဤသည်ကို ပေါင်းစည်းထားပေသည်။ နတ်ဘုရား သားရဲ သုံးကောင်မှာ လူသားလောကတွင် ပျောက်ဆုံးသွားပြီဟူသော အချက်ကို မီတည်ကာ ဤကောလဟာလများကို မရှင်းနိုင်ပဲ မိုးပြာနဂါးမျိုးနွယ်က အလွန်ပင် မာနကြီးလာပေသည်။ 

မှန်ပေသည်။ ဟင်္သာပြဒါးငှက်၊ မိုးပြာနဂါး၊ ကျားဖြူနှင့် လိပ်နက်တို့က အမှန်တကယ်ပင် နတ်ဘုရား သားရဲလေးကောင်ဖြစ်ပေသည်။ သို့သော် မိုးပြာနဂါးဆိုသည်က ရှေးဟောင်းနတ်ဘုရားကိုညွှန်ဆိုခြင်းဖြစ်ကာ လက်ရှိ မိုးပြားနဂါးတို့နှင့် လုံးဝ မသက်ဆိုင်ပါပေ။ ထို့ကြောင့် နဂါးဖြူမျိုးနွယ်က အမြဲလိုလိုပင် မိုးပြာနဂါးမျိုးနွယ်ကို အမြင်မကြည်ကြပါပေ။ သို့သော် မိုးပြာနဂါးမျိုးနွယ်က အရေအတွက်ကြောင့် ပိုမိုလွှမ်းမိုးနိုင်သည်ဖြစ်ရာ သူတို့လုပ်နိုင်သည်က ကွယ်ရာတွင် ရေရွတ်ပြောဆိုခြင်းသာဖြစ်ပေသည်။ သူတို့က မိုးပြာနဂါးမျိုးနွယ်၏ ရှေ့တွင် ထိုအရာများကို မပြောဆိုဝံ့ပါပေ။ 

အလိမ်အညာ အောင်မြင်မှုတွင် အရှက်မရှိ ကြွားဝါကာ မျက်နှာကို ရွှေကွပ်ထားတတ်သော မိုးပြာနဂါးမျိုးနွယ်က နဂါးမျိုးနွယ်၏ သလင်းကျောက်နန်းတော်ကို အမှန်ပင် ချိတ်ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံခြင်းလောကတွင် မည်သည့် ကိစ္စကြီးကြီးကျယ်ကျယ်မှ မဖြစ်ပါက သူတို့က သူတို့၏ ဆုံးဖြတ်ပိုင်ခွင့်အောက်မှ ပင်လယ်ပိုင်နက်မှ ထွက်သွားမည်မဟုတ်ပါပေ။ သူတို့က သံတမန်တစ်ဦးလွှတ်လိုက်သည့် အကြောင်းအရင်းသည်လည်း သူတို့က သူတို့ကိုယ်သူတို့ တစ်ခြားအကြောင်းကိစ္စများတွင် မစိုးရိမ်စေပဲ သူတို့၏ သေမျိုးစရိုက်ကို ကျင့်ကြံရန် လိုအပ်သည်ဟု သွယ်ဝိုက်ပြောဆိုခြင်းဖြစ်ပေသည်။

ထိုစကားများကို နဂါးနက် သို့မဟုတ် နဂါးပြာများက ပြောဆိုလာပါက နဂါးဖြူက အများကြီး တွေးတောမည် မဟုတ်ပါပေ။ ထိုမျိုးနွယ်နှစ်ခုက မည်သို့ပင်ဆိုစေ အများကြီး ဂရုမစိုက်တတ်ကြပေ။ သို့သော် ဤသည်က မိုးပြာနဂါးမျိုးနွယ်ဖြစ်ပြီး မိုးပြာနဂါးများမှာ အမှန်တကယ်တွင် ပင်လယ်ပိုင်နက်အားလုံးကို စီမံပိုင်ခွင့်ရရန် အလွန်လိုချင်နေသူများဖြစ်သည်။ သူတို့က သေမျိုးစရိုက်ကို ကျင့်ကြံနိုင်မည်ဟု ယုံကြည်ခြင်းက နောက်တစ်နေ့တွက် မျိုးပြာနဂါးပေါက်တစ်ရာ မွေးလာမည်ဟု ယုံကြည်ခြင်းနှင့် ဆင်တူပေသည်။

မိုးပြာနဂါးမျိုးနွယ်၏ သံတမန်က နဂါးဖြူ မျိုးနွယ်က သူတို့ကို မယုံသည်ကို သိ၍ ခါးသက်စွာ ပြုံးလိုက်သည်။

"ငါတို့က ထုတ်ပြောရင်တောင် လှောင်ခံရမှာ မကြောက်ဘူး... ငါတို့ မိုးပြာနဂါးမျိုးနွယ်က လွန်ခဲ့တဲ့နှစ်တွေမှာ ရူးမိုက်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့ပြီးပြီ... အဲ့ဝေ့ရွှေအဖြစ်အပျက်က ငါတို့မျိုးနွယ်ကို အသက်၂၈ယောက် ဆုံးရှုံးသွားစေတယ်... ဒါပေမဲ့ ငါတို့က အဲ့တာကို ကောင်းကင်ဘုံစည်းမျဥ်းရဲ့ သတိပေးချက်တစ်ခုလို့ သတိမထားပဲ အဲ့လိုပဲ ဆက်ပြီး လုပ်နေခဲ့တာ... ကိစ္စတွေသာ ဒီလိုဆက်ဖြစ်ရင် ကောင်းကင်ဘုံ စည်းမျဉ်းက ငါ့တို့ကို သည်းမခံတော့ဘဲ ငါတို့မျိုးနွယ်တစ်ခုလုံးကို ထုတ်ပယ်လိုက်မှာ စိုးရိမ်တယ်..."

ထိုနှစ်များ၏ ရွှေနဂါးမျိူးနွယ်ကဲ့သို့ပင် သူတို့က လူသားများ၏ ကိုးကွယ်ခြင်းကို များစွာရရှိပြီး မွေးဖွားခြင်းတွင် နတ်ဘုရား စွမ်းအင် ရရှိခဲ့ပေသည်။ သို့သော် သူတို့၏ ရလာဒ်က မည်သည်နည်။ 

"လူတိုင်းပဲ သေသေချာချာ စဉ်းစားကြပါ... နောက်နှစ်တစ်ထောင်အတွက် ငါတို့ နဂါးမျိုးနွယ်မှာ ကလေးဘယ်နှယောက်ကျန်သေးလဲ..."

ကောင်းကင်ဘုံ စည်းမျဉ်း၏ သေဆုံးခြင်းက လျင်မြန်သော သေဆုံးခြင်း ဖြစ်သည်။ 
ဒါပေမဲ့ ငါတို့မှာ ကလေးမရှိရင် အဲ့ဒါက နှေးကွေးပြီး ညှင်းပန်းနိုင်တဲ့ သေဆုံးခြင်းပဲ မဟုတ်လား...

"ကျွန်တော်မှာ ပြောစရာရှိပါတယ်... ကျွန်တော် လူတိုင်းကို နှုတ်ဆက်ဖို့ ပန်ကြားပါတယ်..."

မိုးပြာနဂါးမျိုးနွယ်၏ သံတမန်က ထွက်သွားလေသည်။ နဂါးဖြူမျိုးနွယ်ထဲမှ တစ်ချို့က မိုးပြာနဂါး မျိုးနွယ်၏ စကားလုံးများက အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး တခြားသူများက မိုးပြာနဂါးမျိုးနွယ်၏ အကြောက်တရားက အလွန်နက်နဲနေရာ သူတို့က မကြာသေးမီက အဖြစ်အပျက်တစ်ချို့ကြောင့် ဖြစ်ရမည်ဟု ခံစားရပေသည်။ 

သို့သော် မိုးပြာနဂါးမျိုးနွယ်၏ လက်ရှိအခြေအနေအရ သူတို့ကို မည်သည်က ဤမျှအထိ ကြောက်လန့်သွားစေသနည်း။

နဂါးဖြူက ရုတ်တရက် လွန်ခဲ့သည့်ညအနည်းငယ်က ပေါ်လာသည့် ထူးဆန်းသော စီနီယာကို သတိရသွားသည်။ 

အဲ့ဒါက... သူများလား...

.....

"ဖူကော... ဖူကော... ကျွန်တော်က အစ်ကို့လို လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရေလောင်းခွင့်ပြုရမှာလဲ... ကျွန်တော် လုပ်မယ်... ကျွန်တော်လုပ်မယ်..."

"ဖူကော... ပရင့်ထုတ်တာလောက်တော့ ကျွန်တော့်တာဝန်သာထားပါ..."

"ဖူကော... အခုတစ်လော အင်တာနက်မှာ ခေတ်စားနေတဲ့ မုန့်စားချင်လား... ကျွန်တော်မှာ အများကြီး ရှိတယ်..."

ဖူလီက ထိုင်ချပြီး သူ့စားပွဲပေါ်ရှိ ပန်းများ၊ အအေးများနှင့် မုန့်များကို ကြည့်လိုက်သည်။ သူက မျက်ခုံးပင့်ကာ ဆိုလိုက်သည်။

"မင်း ပြောစရာရှိရင် ပြောသာပြောပါ..."

"တကယ်တော့ အဲ့ဒါက အရေးကြီးတာတော့ မဟုတ်ဘူး..."

ချူးယွီက အရေထူထူထားကာ ဆိုလိုက်သည်။

"ကျွန်တော်တို့ အောက်ထပ်က လန့်ကန်းသစ်ပင်အကြောင်းနည်းနည်း သိချင်လို့... ဖူကော... အစ်ကိုက အရမ်းအစွမ်းထက်တာပဲ... ကျွန်တော်တို့ မြည်းကြည့်ဖို့ ကျူးယွီသစ်သီး နည်းနည်းလောက် ခူးပေးလို့ရမလား..."

"ငါလည်း အဲ့ဒါဘာလဲ နည်းနည်း သိချင်တယ်..."
ဖူလီက ထရပ်လိုက်သည်။

"ငါ့ကို စောင့်နေ..."

လူတိုင်းက ထိုအဖြစ်အပျက်အပြောင်းအလဲကြောင့် အပျော်လွန်သွားကြသည်။ သဘောထားကြီးခြင်းနှင့် ပတ်သတ်လာပါက ဖူကောကို ဖယ်ထား၍ မရပါပေ။

ကျွမ်းချင်က စီမံခန့်ခွဲရေး ဗျူရိုထဲသို့ လျှောက်လာသည့်အခါ ဖူလီက သစ်သီးတစ်အိတ်ကို သယ်ထားသည်ကို တွေ့လိုက်သည်။

"မင်းဘာလို့ အများကြီး ခူးထားတာလဲ..."
သူက တစ်ယောက်တည်းနဲ့ အဲ့လောက်အများကြီး စားမဲ့ပုံလဲ မရပါဘူး...

"ချူးယွီ၊ ကျန်းခယ့်နဲ့ ကျန်တဲ့လူတွေက မြည်းချင်နေကြလို့ သူတို့အတွက် ခူးလာပေးတာ..."

"ကျူးယွီသစ်သီးမှာက ဝိညာဉ် ချီဓာတ်တွေ အများကြီးပါတာ... သူတို့ခန္ဓာကိုယ်က တောင့်မခံနိုင်မှာ စိုးရိမ်တယ်..."

ကျွမ်းချင်က ဖူလီဆီမှ အသီးတစ်ဝက်ထက် ပိုယူသွားလေသည်။

"ကျင့်ကြံခြင်းလုပ်ရင် အလွယ်လမ်းလိုက်လို့မရဘူး... ဒီသစ်သီးတွေထဲက ဝိညာဥ်ချီဓာတ်ကို စုပ်ယူတာက သူတို့အတွက် လုံလောက်တယ်... သူတို့က သစ်သီးတွေထဲက ဝိညာဉ် ချီဓာတ်တွေကို အပြည့်အဝ စုပ်ယူပြီးရင် သူတို့အတွက် ၂လုံးထပ်ခူးလို့ရတယ်... အဲ့ဒါကို မြဲမြံတဲ့ တိုးတက်ခြင်းလို့ ယူဆလို့ရတယ်..." 

ဖူလီက ရုတ်တရက် နားလည်သွားသည်။
"မင်းပြောတာ မှန်တယ်..."

လျှောက်လမ်းတွင် သစ်သီးစောင့်နေကြသူများအားလုံး : ...

ဘော့စ်ကတော့ တစ်နှစ်လုံး ကပ်စေးကုပ်ဦးမှာပဲ... 

"ငါက မင်းကို စနေတာပါ..."

ကျွမ်းချင်က ရုတ်တရက် ဖူလီကို အသီးများ ပြန်ပေးလိုက်သည်။

"သူတို့က သိချင်နေမှတော့ မြည်းကြည့်ခိုင်းလိုက်လေ... အသီးတစ်လုံးက အရေးမကြီးပါဘူး..."

လူတိုင်း : ...

သူက ဝင်ပူးခံထားရတာလား...

ဘော့စ်က အဲ့လိုစကားတွေ ပြောနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...

"ဒီနေ့ ဘော့စ်က ထူးထူးဆန်းဆန်း စိတ်ကြည်နေတယ်လို့ ခံစားရလား..."

ချောင်းယွင်က ကျူးယွီအသီးကို ကိုက်လိုက်သည်။

"ငါကြားတာတော့ မနေ့ညက ဘော့စ်က နဂါးမျိုးနွယ်တွေနဲ့ သဘောထား ကွဲလွဲမှု ဖြစ်ထားတယ်တဲ့... လူတွေ အများကြီး တွေ့လိုက်တယ်ဆိုပဲ..."

လူတိုင်းက ကျွမ်းချင်ကို စိတ်ဝင်တစားကြည့်လိုက်သည်။ မနေ့ညက မွေးနေ့ပွဲအဖြစ် ကျင်းပသည့် ပါတီပွဲတွင် ကျွမ်းချင်က လူသိအများဆုံးဖြစ်ပေသည်။ 

ကျန်းခယ့်က စိတ်ထဲတွင် ငြီးတွားလိုက်သည်။ သူ့ထံတွင် လူတိုင်း၏ အကြည့်ရောက်နေသည်ကို မြင်ကာ သူက ဖြေရန်သာ တတ်နိုင်ပေသည်။

"ငါ့ဂိုဏ်းရဲ့အကြီးအကဲက ဘော့စ်က နဂါးမျိုးနွယ်တွေနဲ့ ဆက်ဆံရေးမကောင်းဘူးဆိုတာ မသိဘူး... အဲ့ဒါနဲ့ သူတို့ကို အတူတူထိုင်ဖို့ စီစဉ်ထားပေးတာ..."

ဟင်း...

လူတိုင်းက အတူတကွ သက်ပြင်းရှိုက်လိုက်ကြသည်။ သူက ဂိုဏ်းချုပ်ကျောက်၏မျက်နှာကို ထောက်၍ ထိုနေရာတွင်တော့ ရန်မဖြစ်ခဲ့ပါပေ။ 

"အဲ့တုန်းက ငါက ဧည့်သည်တွေကို ကြိုဖို့ ကူညီနေလို့ အသေးစိတ်တော့ မသိဘူး... ဒါပေမဲ့ မနေ့ညက တခြားဧည့်သည်တွေဆီက သတင်းကြားတာ ဘော့စ်က နဂါးဖြူသခင်နဲ့ ကောင်းကင်မှာ တိုက်ခိုက်ကြတာတဲ့..."

ကျန်းခယ့်က ထပ်ဆိုလိုက်သည်။
"နဂါးဖြူသခင်က အပြတ်အသတ်ကို ရှုံးပြီး ပြန်တိုက်ဖို့တောင် ခွန်အားမရှိတော့ဘူးတဲ့..."

သူ့၏ ခွန်အားအနည်းငယ်လေးက တိုက်ခိုက်ခြင်းတွင်ရော ကျိန်စာတိုက်ခြင်းတွင်ရော အနိုင်ရရန်မလုံလောက်ပါပေ။ သို့သော် သူက ကျွမ်းချင်ကို တမင် ရန်စခဲ့ပေသည်။ 

သူက တမင် ရန်ဖြစ်ချင်နေတာမလား... 

"သူက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပြီး ခံစားချက်ကောင်းနေတာလား..."

ချောင်းယွင်က အလွန်အံ့အားသင့်သွားကာ ကျူးယွီသစ်သီးစားနေသည်ကိုပင် ရပ်တန့်လိုက်သည်။
"အဲ့ဒါက သိပ္ပံနည်းမကျဘူး..."

"ဒီနေရာမှာ ဘာသိပ္ပံနည်းကျတာလဲ..."

ရှုယွမ်က ကွန်ပျူတာပေါ်ရှိ ရုံးလုပ်ငန်းတစ်ခုကို ညွှန်ပြလိုက်သည်။ 

"ဘော့စ်က သူကိုယ်တိုင် မနေ့ညက စည်းကမ်းဖောက်တဲ့ လက်မှတ်နှစ်ခုရေးထားသေးတယ်... တစ်ခုက သူ့အတွက်နဲ့ နောက်တစ်ခုက နဂါးဖြူ သခင်အတွက်..."

"သူက... ဒေါသထွက်လွန်းလို့ တုံးအသွားတာထင်တယ်..."

ချောင်းယွင်က သူမဝတ်ဆင်ထားသော သင်တိုင်းအင်္ကျီကို ဆန့်လိုက်သည်။ လှပသော ကိုယ်နေဟန်ထားဖြင့် သူမက ဆိုလိုက်သည်။

"ဘော့စ်က သူ့ကိုယ်သူ စည်းကမ်းဖောက် လက်မှတ်ပေးရမယ်ဆိုရင်တောင် နဂါးဖြူကို ရိုက်ချင်နေတာဆိုတော့ တော်တော်လေး ဒေါသထွက်နေတာ ဖြစ်ရမယ်..."

"မဟုတ်သေးဘူး... အဲ့ဒါက ဘော့စ်နဲ့ ဖူကောနဲ့က စုံတွဲ ဝတ်စုံဝတ်ထားလို့မဟုတ်ဘူးလား..."

ရုံးယဉ်ကျေးမှုကို နားမလည်သော ရိုးသားကာ ဖြူစင်လှသော ဝေ့စန်းက စိတ်ရှုပ်စွာမေးလိုက်သည်။

"အချစ်က တစ်ယောက်ယောက်ကို စိတ်ခံစားချက်ကောင်းစေတယ်လေ... အဲ့ဒါက သဘာဝပဲ မဟုတ်ဘူးလား..."

"ဘာအချစ်လဲ... အခုက ဘယ်သူ့ သားဖောက်ရာသီမို့လဲ..."

ဖူလီက ကျွမ်းချင်၏ ရုံခန်းသို့ သွားပြီး ပြန်အလာတွင် ဝေ့စန်း၏ စကားများကို ကြားသွားပေသည်။ သူက လုပ်ဖော်ကိုင်ဖက်များ၏ ကိုယ်ရေးကိုယ်တာကို လေးစားသည့်အနေဖြင့် ဖူလီက ရုံးခန်းထဲတွင် တစ်ခြားသူများပြောနေသည်အား ကျင့်ကြံခြင်းကို အသုံးပြုကာ နားထောင်လေ့မရှိပါပေ။ သို့ဖြစ်၍ သူက ဝေ့စန်း၏ ရှေ့ပိုင်းမှ စကားလုံးများကို မကြားလိုက်ပေ။

"ကျွန်တော်ပြောနေတာက ဘော့စ်နဲ့..."

ကျန်းခယ်က လက်ဆန့်ကာ သူ့ဂျူနီယာ၏ နောက်ကျောကို ဆွဲလိုက်ပြီး ပြုံးပြလိုက်သည်။ 

"ကျွန်တော်တို့က ဝေ့စန်းရဲ့ ကျားသားဖောက်ချိန်ရောက်တော့မှာမို့ သင့်တော်တဲ့ တွဲဖက်တစ်ယောက်ရှာရတာ မလွယ်ဘူးလို့ ပြောနေကြတာ..."

"အဲ့ဒါက တကယ်ခက်တာ..."

ဖူလီက ခေါင်းညိတ်လိုက်သည်။
"အချိန်ကျလာရင် လူတိုင်းက သင့်တော်တဲ့လူများရှိမလားလို့ တောထဲမှာ ထွက်ရှာကြတယ်..."

"ဖူကောပြောတာ ဟုတ်တယ်... ကျွန်တော် အချိန်ရရင် သူ့ကို ကူရှာပေးလိုက်မယ်..."

ကျန်းခယ့်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ 

ဝေ့စန်း : ...

ဖူလီက ဝေ့စန်း၏ စကားများကို မကြားသည်အားမြင်ကာ လူတိုင်းက သက်ပြင်းချလိုက်ပေသည်။ သီးသန့်စကားဝိုင်းထဲတွင် ပြောသော စနောက်သည့်စကားများကို ထိုထဲတွင် ပါဝင်သူက ကြားသွားသည်မှာ အလွန်နေရခက်မည် ဖြစ်ပေသည်။ 

"ကျန်းခယ့်... ငါတို့ဂိုဏ်းက ခုန်းယိုကို တကယ်ကြီး ဖိတ်ဖို့အတွက် စီစဉ်ပြီးတောင် မျက်နှာသာပေးထားတာ..."

ချူးယွီက သူ့ကွန်ပျူတာပေါ်ရှိ ကျင့်ကြံသူများ၏ ဖိုရမ်ကို ကြည့်နေပေသည်။ 

"မြင့်မြတ်ပြီး သူတော်ကောင်းတရားရှိတဲ့ ဘုရင်ခုန်းယိုက ဂိုဏ်းချုပ်ကျောက်အတွက် သူ့အနုပညာကို ပြဖို့က အရမ်းရှားမှာ..."

"အဲ့ကိစ္စမပြောနဲ့တော့... မနေ့ညက သူတို့လှတာကို ရေးကြီးခွင့်ကျယ်လုပ်နေကြတဲ့ မူးနေတဲ့ဧည့်သည်တစ်ယောက်ရှိတယ်... တခြားတပည့်တွေနဲ့ ငါက အရမ်းအလုပ်များနေလို့ ခြေထောက်နဲ့ မြေကြီးတောင်မထိရဘူး... ဖျော်ဖြေရေးတွေကို ကြည့်စရာဘယ်လိုလုပ်အချိန်ရှိမှာလဲ..."

ကျန်းခယ့်က သမ်းဝေလိုက်ပေသည်။ 
"ငါဒီနေ့ အလုပ်သွားစရာ မလိုရင် နေ့လည်ထိကို မထပဲ အိပ်ပစ်မှာ..."

"ဒီဟာက ဖုန်းဟွမ်ကို လုပ်ကျွေးပြုနေတဲ့ ဘာငှက်တစ်ရာလဲ..."

မွေးနေ့ပွဲကို မတက်ရသည့် စုန့်ယွီက ဖိုရမ်ပေါ်ရှိ ဖော်ဖြေရေး ဗီဒီယိုကို အနည်းငယ်ကြည့်လိုက်သည်။ သူက မထီမဲ့မြင် ဆိုလိုက်သည်။

"ဖုန်းဟွမ်အစစ်က အဲ့လို ခမ်းခမ်းနားနား လှုပ်ရှားမှုတွေကို လုပ်မှာ မဟုတ်ဘူး... ဖုန့်ဟွမ်တစ် ကောင်ပေါ်လာတဲ့အချိန်မှာ ငှက်တွေအကုန်လုံးက နာခံလိမ့်မယ်..."

"စုန့်ကော... အစ်ကို ဖုန်းဟွမ်တစ်ယောက်ကို မြင်ဖူးတာလား..."

"ဒါပေါ့..."

စုန့်ယွီက ဝင့်ကြွားစွာ ဆိုလိုက်သည်။
"ငါတို့ခေတ်က ဘယ်မိစ္ဆာက ဖုန်းဟွမ်ကို မမြင်ဖူးမှာလဲ..."

တခြားသူများက မနာလိုဖြစ်ကာ စိတ်ပျက်အားငယ်သွားပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ သေဆုံးမှုအား မဖော်ပြနိုင်သော ဝမ်းနည်းမှုတစ်ခုလိုမျိုး ခံစားလိုက်ရပေသည်။

.....

ချင်းရှောင်ဂိုဏ်းတွင် ရှိနေသော အချိန်တွင် ကျောက်ရှို့နှင့် အကြီးအကဲများစွာက ဧည့်သည့်များပေးသော လက်ဆောင်များကို ဖွင့်နေကြပေသည်။ သူတို့က နောက်ပိုင်းတွင် မည်သည့်လက်ဆောင်ပြန်ပေးမည်ကို သိရန်အတွက် စာအုပ်တစ်ခုထဲတွင် ချမှတ်ထားလေသည်။ ယခုတွင် ဝိညာဉ် ချီဓာတ်က အားနည်းနေပေသည်။ လူတိုင်းတွင် ပစ္စည်းကောင်းများ ရှိသော်လည်း သူတို့တွင် အများအပြားမရှိ၍ ကျောက်ရှို့မှာ ကျင့်ကြံခြင်းလောကတွင် ဂုဏ်သတင်းရှိသော်လည်း ရှားပါးပစ္စည်းများကို ပေးမည် မဟုတ်ပါပေ။ 

သင့်လျော်မှုရှိသော လက်ဆောင်ဖြစ်လျှင် အဆင်ပြေပေသည်။ လူတိုင်းက ၄င်းကို ကောင်းကောင်းသိထားပေသည်။

"နဂါးသခင်ကျွမ်းက အရှေ့ပင်လယ်က သွေးသန္တာကျောက်တစ်စုံနဲ့ ပင်လယ်ပုလဲ တစ်သေတ္တာပေးတယ်..."

"ကျင့်ကြံသူဖူလီက..."
လက်ဆောင် သေတ္တာကို ဖောက်နေကြသော အကြီးအကဲက ကြောင်အကာ ငေးကြည့်နေပြီး တုန်ယင်နေသော လက်များဖြင့် ဆိုလိုက်သည်။

"ဂိုဏ်းချုပ်... ဒါက နှစ်ငါးရာ သက်တမ်းရှိတဲ့ တောင်ရိုင်း ဂျင်ဆင်းတစ်ခုပဲ..."

"ဘာ..."

ကျောက်ရှို့က မတ်တပ်ရပ်ပြီး သေတ္တာကိုယူကာ ကြည့်လိုက်သည်။ ထိုထဲတွင် အမှန်တကယ်ပင် အထူး အရည်အသွေးကောင်းမွန်လှသော တောင်ရိုင်းဂျင်ဆင်းတစ်ခုရှိနေပေသည်။ ရှားပါးသည်မှာ ဤတောင်ရိုင်းဂျင်ဆင်းက ပြီးပြည့်စုံစွာ ထိန်းသိမ်းထားခြင်းဖြစ်သည်။ ၄င်းကို တူးထုတ်ထားသော သူမှာ အလွန်ဂရုစိုက်ကာ အလွန်သိပ်သည်းသော ဝိညာဉ် ချီဓာတ်ကို ရရှိထားခြင်းဖြစ်သည်။ 

"ပစ္စည်းကောင်းပဲ..."

ကျောက်ရှို့က တောင်ရိုင်းဂျင်းဆင်းကို ခပ်ဖွဖွ သုတ်လိုက်သည်။ ဤနှစ်များတွင် လူသားများက လျင်မြန်စွာ တိုးတက်လာပြီး ပင်လယ်နှင့် တောင်များတွင် လူသားများမရှိသောနေရာဟူ၍ မရှိချေ။ ကျင့်ကြံခြင်းလောကတွင် အန္တရာယ်ရှိပြီး ကျင့်ကြံခြင်းနိမ့်သော ကျင့်ကြံသူများ မဝင်သွားရဲသည့် တောင်တစ်တောင်ရှိပေသည်။ အဆုံးတွင် သာမန်လူသားများက သူတို့၏ လေယာဉ်များနှင့် ကားများကို မောင်းနှင်ကာ ကြိုးစားပြီး ထိုတောင်ကို ဖြတ်သန်းကာ လှိုဏ်ဂူတစ်ခုတူးလိုက်ပြီး ရထားလမ်းတစ်ခု ဖောက်လိုက်ပေသည်။ 

သာမန်လူသားများက ကျင့်ကြံသူများ၏ အကူအညီမပါပဲ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို မှီတည်ကာ ကျွန်းများတည်ဆောက်ထားသော သန္တာကျောက်တမ်းများ ရှိပေသည်။ 

လူသားခွန်အားနှင့် သူတို့၏ တိုးတက်မှုနှုန်းမှာ အဆုံးမရှိ ဖြစ်ပေသည်။ အနာဂတ်တွင် ထိုလူသားများက ကမ္ဘာမြေကို ကျော်လွန်ကာ စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပေသည်။ သူတို့က ကမ္ဘာမြေမှ ထိုးဖောက်ပြီးနောက်တွင် ကောင်းကင်ဘုံစည်းမျဉ်း၏ တားမြစ်ခြင်းကို ခံရမည်လားကိုတော့ မသိရပါပေ။ 

"အဲ့ဒါကို ချမှတ်ထား..."

ကျောက်ရှို့က အဖုံးပြန်ဖုံးလိုက်ကာ တောင်ရိုင်းဂျင်ဆင်းကို စီမံရန်အတွက် အကြီးအကဲကို လှမ်းပေးလိုက်သည်။ 

"ဒါကို ဆေးတောင့်ဖော်ပြီး ဂိုဏ်းရဲ့ အတွင်းစည်းက အကြီးအကဲတွေကို တိုက်လိုက်..."