အပိုင်း ၈၉
Viewers 16k

Chapter 89
ရေလွှဲသားရဲ



လူသားများက တီထွင်ဆန်းသစ်နိုင်စွမ်းရှိသည်။ သို့သော် သူတို့၏ သက်တမ်းက ယောင်ကျင့်ကြံသူတစ်ဦး၏ ဆယ်ပုံတစ်ပုံပင် မရှိပါပေ။ သူတို့က ကျင့်ကြံခြင်း လမ်းစဉ်ကို ကျင့်သုံးလျှင်ပင် သူတို့က အသက်ကြီးကာ သေဆုံးနိုင်သေးသည်။ ယောင့်ကျင့်ကြံသူများက ဉာဏ်ပညာရရှိရန် ခက်ခဲသော်လည်း သူတို့ ရရှိပြီးနောက် နှစ်ငါးရာထက် ပိုနေရန် မခက်ခဲပါပေ။ တစ်ခြားတစ်ဖက်တွင် လူသားကျင့်ကြံသူများက ကျင့်ကြံခြင်းတွင် အပင်များ တိရစ္ဆာန်များထက် လွယ်ကူသော်လည်း နှစ်ငါးရာထက်ပိုနေထိုင်သူက ရှားပါးကျင့်ကြံသူတစ်ဦးဖြစ်နေ နိုင်ပေသည်။ 

ဆုံးရှုံးမှုများတွင် ရရှိမှုများ အမြဲလိုလို ရှိပေသည်။ မည်သူက ပို၍ အကျိုးကျေးဇူးပိုရသည်မှာ မရှင်းလင်းပါပေ။

ပင်လယ်ကြီးက အမြဲလိုလို အရောက်အပေါက်နည်းကာ ဆန်းကြယ်နေမည်ဖြစ်သည်။ အတိတ်တွင် လူသားများက ရေနှင့် မကင်းကွာနိုင်သည့်တိုင် ရေမှ ယူဆောင်လာသော ကပ်ဆိုးများကို ကြောက်လန့်ကြ၍ ရေနှင့်သက်ဆိုင်သည့် နတ်ဘုရား သတ္တဝါများအားလုံးကို ယဇ်ပူဇော်ကြပေသည်။ ဥပမာဆိုရသော် နဂါးဘုရင်၊ ရေနဂါး၊ ဟယ့်ပေါ် စသည်တို့ဖြစ်သည်။

လူသားတို့၏ ဗဟုသုတနှင့် အတွေ့အကြုံက တိုးမြင့်လာရာ နတ်ဘုရား သတ္တဝါများကို ယဇ်ပူဇော်ခြင်းက သူတို့ကို မကူညီနိုင်သည်ကို သဘောပေါက်သွား၍ ထိုနတ်ဘုရား သတ္တဝါများကို လက်လျော့ကာ သူတို့၏ ကိုယ်ပိုင် ဖန်တီးထားသော ပစ္စည်းများအပေါ်ကို စတင်မီခိုလာပေသည်။ ဤသည်က အဘယ့်ကြောင့် သမိုင်းဦး မှတ်တမ်းများတွင် လူသားများက နတ်ဘုရား သတ္တဝါများအပေါ် ပိုမိုမြှုပ်နှံထားသော်လည်း
နောက်ပိုင်းတွင် လူသားများက သူတို့ကိုယ် သူတို့ ပိုမို ယုံကြည်လာကြသည်ဟူသောအကြောင်းပြချက် ဖြစ်ပေသည်။ 

လူသားများသည် သက်ရှိသတ္တဝါ အများအပြားထက် တိုးတက်လာကာ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သည်က လူသားဆန်မှု၏ အကြီးမားဆုံး ခွန်အားဖြစ်နိုင်ပေသည်။ 

.....

စားသောက်ဆိုင် အသေးလေးတစ်ခုရှိ အများပိုင် တီဗွီတွင် သမိုင်းကြောင်းသိပ္ပံ အစီအစဉ်တစ်ခုကပြသနေလေသည်။ လွန်ခဲ့သည့် ရက်များက ရွာသွန်းခဲ့သည့် မိုးသည်းထန်မှုက မြစ်အောက်ခြေမှ ကျောက်ရုပ်ထုတစ်ခုကို တိုက်စားသွားပေသည်။ ကျောက်ရုပ်ထုက နဂါးတစ်ကောင်နှင့် ဆင်တူသော်လည်း လိပ်များနှင့်လည်း ဆင်တူပေသည်။ ၄င်း၏ ဝမ်းဗိုက်အောက်တွင် ကျောက်ပြင်တစ်ခုရှိလေသည်။ ၄င်း၏ ခြေလက်လေးဘက်က သံကြိုးများဖြင့် ချည်နှောင်ထားသည်။ ၄င်းတွင် မကောင်းဆိုးဝါးသွင်ပြင်တစ်ခု ရှိပေသည်။

ရှေးဟောင်းသုတေသန ပညာရှင်များ ၄င်းဆီသို့ ရောက်ရှိပြီး တစ်ညီတညွတ်တည်း ပြုလုပ်ခဲ့သော ကောက်ချက်မှာ ၄င်းက ရှေးဟောင်း ရေလွှဲသားရဲအမျိုးအစားတစ်ခုဖြစ်သည်ဟူ၍ပင်။ ထိုအချိန်က လူသားများက ဤရေလွှဲသားရဲ၏ ရုပ်ထုကို ကျောက်ထွင်းကာ ၄င်းတို့ကို ချည်နှောင်ရန် ချိန်းကြိုးကို သုံးပြီး သမုဒ္ဒရာအောက်ခြေတွင် နစ်မြုပ်စေကာ မြစ်ကမ်းဘေးရှိ မျိုးဆက်များစွာကို ကာကွယ်ရန် အကျိုးရစေမည်ဖြစ်သည်။ 

နစ်မြုပ်သွားပါက ရေလွှဲသားရဲမှာ မည်သည့်အကြောင်းနှင့်ပင် ပြန်၍ ဆွဲတင်မရနိုင်ဟု ဆိုရိုးရှိပေသည်။ ကျောက်ရုပ်ထုက ရုတ်တရက် သောင်တင်လာပါက ထိုဒေသတွင် ရေလွှဲသားရဲပင် မရပ်တန့်နိုင်သော ရေကြီးမှုကြီးတစ်ခုက ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထိုရှေးဟောင်းဆိုရိုးကို သိရှိပြီးနောက် တစ်ချို့သူများက ကျွမ်းကျင်သူများကို ရေလွှဲသားရဲအားပြန်ထားရန် တောင်းဆိုကြသည်။ သို့သော် ပိုများသော လူများက ဤသည်က အရေးမပါဟူသည်နှင့် သဘာဝ ဘေးအန္တရာယ်များကို ရှောင်ရန်အတွက် ကျောက်ရုပ်ထုတစ်ခုကို မီခိုနိုင်ပါက ဘေးအန္တရာယ်များစွာဖြစ်လာမည်မဟုတ်ဟု ခံစားရပေသည်။ 

စားသောက်ဆိုင်ထဲသို့ လူများ ဝင်ထွက်နေကြသည်။ ထိုကျောက်ရုပ်ထုက အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်ကို တစ်ဦးတစ်ယောက်မှ စိတ်မဝင်စားပါပေ။ သူတို့က အလုပ်သွားရန်၊ အသက်မွေးဝမ်းကြောင်းရန်နှင့် သူတို့၏ မရောက်ရှိနိုင်သော အိပ်မက်များဆီသို့ ရောက်ရှိရန် အလုပ်များနေကြပေသည်။ 

သို့သော် တိုက်ဆိုင်မှုများက လောကကြီးထဲတွင် များပြားလှပေသည်။ ကျောက်ရုပ်ထုက ယာဉ်တစ်စီးကြောင့် သောင်တင်လာပြီးနောက်နေ့တွင် ဆယ်ရက်ဆက်တိုက် မရပ်မနား မိုးရွာခဲ့သည်။ အစိုးရ၏ အကူအညီဖြင့် ရေလွှမ်းဒေသရှိ ပြည်သူများကို ယာယီရွေ့ပြောင်းပေးထားရပေသည်။ မိုးက မည်မျှကြာအောင်ရွာမည်ကို မည်သူမှ မသိသလို ရေကြီးမည်ဟုလည်း အတည်မပြုဝံ့ပါပေ။ မည်သူကမှ ပြည်သူများ၏ အသက်ကို လောင်းကြေးမထပ်ဝံ့ပါပေ။ 

ပို၍ ကြောက်စရာကောင်းသည်မှာ သုတေသနပြုလုပ်ရန် ယူဆောင်လာခဲ့သော ကျောက်ရုပ်ထုက ပျောက်ဆုံးသွားခြင်းဖြစ်ပေသည်။ ဝန်ထမ်းများနှင့် ရဲများက ထောက်လှမ်းရေး ပစ္စည်းများကို အကြိမ်များစွာ ရှာဖွေခဲ့သော်လည်း သံသယဖြစ်ဖွယ် မည်သူကိုမှ မတွေ့ခဲ့ပါပေ။ တစ်ခုတည်းသော အရာမှာ ကျောက်ရုပ်ထုပျောက်သွားသောညတွင် စောင့်ကြည့်ကင်မရာက အကြိမ်အနည်းငယ် တဖျပ်ဖျပ်ဖြစ်သွားခြင်းပင်။ သံချေးပုံကြီးတစ်ခု၊ ချိန်းကြိုးများနှင့် အလွန်ကြီးမားလှသော ကျောက်တုံးကြီးသာ ကျန်ရစ်ခဲ့ပေသည်။ 

ထိုထူးထူးဆန်းဆန်းအဖြစ်က ဒေသခံများကို အထိတ်တလန့်ဖြစ်စေမည်ကို စိုးရိမ်ကာ ထိုကိစ္စကို လျှို့ဝှက်ထားပြီး သက်ဆိုင်ရာ ဌာနက ထိုကိစ္စကိုဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာနိုင်မည်ဟု မျှော်လင့်ကာ သူတို့၏ အကြီးအကဲများဆီသို့ အစီရင်ခံစာတစ်ခုပို့လိုက်ပေသည်။

စီမံခန့်ခွဲရေး ဗျူရိုက လုံခြုံရေးဌာနမှ အချက်အလက်များ ရရှိလာသည့်အချိန်တွင် နှစ်ရက် ကုန်သွားပြီ ဖြစ်သည်။ ကျွမ်းချင်က ဓာတ်ပုံများကို ကြည့်လိုက်သည်။ သူ့အကြည့်က ရေလွှဲသားရဲ၏ ခြေလက်လေးဘက်ကို ချည်နှောင်ထားသော သံကြိုးများကို ကြည့်ကာ သူ့မျက်နှာထက်တွင် အမူအရာက သိသိသာသာ ရုပ်ဆိုးလာပေသည်။

လွန်ခဲ့သည့် နှစ်၁၈၀၀က သူက ဤမိစ္ဆာသားရဲကို တစ်ခါတွေ့ဖူးပေသည်။ သူက ထိုအချိန်တွင် ပြေးလွှားနေ၍ ထိုမိစ္ဆာသားရဲနှင့် ကြုံရပြီးနောက် ထိုသူသည်လည်း သူ့ကိုစားချင်နေသည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ထိုသူက ကမ်းနံဘေးတွင် ပျင်းရိစွာ ထိုင်ချကာ သူဘယ်သို့သွားနေသည်လဲကို မေးလာပေသည်။

သူက ထိုအချိန်တွင် မောပန်းက သတိတကြီးဖြစ်နေ၍ အမှန်ကို မပြောခဲ့ပါပေ။ တစ်ခြားတစ်ဖက်တွင် ၄င်းမှာ သူ့ကို ဆွဲခေါ်ကာ တတွတ်တွတ်ပြောဆိုနေခဲ့သည်က ဤရေလွှဲသားရဲဖြစ်ပေသည်။ 

သူက သူ့အမည်မှာ ကုန်းဖုဟုဆိုပြီး သူ့၏ မွေးဖခင်မှာ ဟင်္သာပြဒါးငှက်သဖွယ် နာမည်ကြီးသည့် မင်္ဂလာသားရဲဖြစ်သော မိုးပြာနဂါးဖြစ်သည်ဟု ဆိုလာပေသည်။ သူက မွေးဖခင်၏ စွမ်းရည်ဖြစ်သော ရေကို ထိန်းချုပ်နိုင်စွမ်းကို အမွေရထား၍ သူ့အနီးနားတွင် ရေကြီးသည်ကို ကြောက်စရာမလိုပါပေ။ သူတို့ လမ်းခွဲခင်မှာပင် ကိုယ့်ကိုယ်ကို နဂါးမျိုးစပ်သည်ဟု ဆိုသော ကုန်းဖုက သူ့ကို ဆေးတောင့် တစ်သေတ္တာ ပေးခဲ့ပေသည်။ ထိုသို့ လုပ်ရခြင်းအတွက် သူ့၏ အကြောင်းပြချက်မှာ သူတို့နှစ်ဦးစလုံးက နဂါးမျိုးနွယ်များ ဖြစ်၍ ဖြစ်သည်။ 

ကျွမ်းချင်၏ မျက်လုံးထဲတွင် ထိုပျင်းရိသော ယောင်ကျင့်ကြံသူမှာ နဂါးမျိုးနွယ်နှင့် ဆက်နွယ်မှု အနည်းငယ်သာ ရှိပေသည်။ 

"ကုန်းဖု..."

ကျွမ်းချင်က ထရပ်ကာ ရုံးတံခါးကို တွန်းဖွင့်ပြီး အလုပ်လုပ်ရာနေရာသို့ လျှောက်သွားလိုက်သည်။

"ချောင်းယွင်၊ ချင်ရှု၊ ဖူလီ... ငါနဲ့လိုက်ခဲ့..."

"ဘာဖြစ်လို့လဲ..."

အမည်အခေါ်ခံရသော လူသုံးဦးက ထရပ်လိုက်သည်။ ကျွမ်းချင်၏ တည်ကြည်လှသောသွင်ပြင်မှတစ်ဆင့် ဖူလီက ၄င်းမှာ ကောင်းသည့်အရာမဖြစ်နိုင်သည်ကို သိပေသည်။

"ငါတို့ ရောက်မှပဲ ပြောကြတာပေါ့..."

ကျွမ်းချင်က ရှင်းပြရန် အချိန်မရှိပါပေ။ သူက လုပ်ဖော်ကိုင်ဖက် သုံးဦးကို ဦးဆောင်ကာ ကျောက်ရုပ်ထုကို ဆယ်ခဲ့သောနေရာဆီသို့ အလျင်အမြန် သွားလိုက်ပေသည်။

"တော်တော်ကို များတဲ့ အငြိုးပဲ..."

ချင်ရှု၏ခြေထောက်က မြေပြင်ကို ထိထိချင်းမှာပင် ရေမျက်နှာပြင်ထက်က အငြိုးကြောင့် ထိတ်လန့်သွားလေသည်။ သူက အလျင်အမြန်ပင် အငြိုးရှင်းတာအိုဂါထာတစ်ခုကို ရွတ်ဆိုလိုက်ပြီး အလွန်ထူထည်းလှကာ ရုပ်အသွင်ပင် တည်လုနီးနီးဖြစ်နေသော ရေမျက်နှာပြင်ပေါ်က အငြိုးကို ဖယ်ရှားလိုက်သည်။

"ဒါက..."

ကျွမ်းချင်၏ နဂါးချီဓာတ်က သူတို့ကို ကာကွယ်ထားပြီး သူတို့အနီးမှ အငြိုးကို တားဆီးထားပေသည်။ ချောင်းယွင်က ဖူလီကို လှမ်းကြည့်လိုက်သည်။ ဖူလီက အငြိုးတရားနှင့် ပေါင်းစပ်နေပုံရကာ လုံးဝပင် သက်တောင့်သက်သာ မဖြစ်ဟန် မရပါပေ။ 

ကျွမ်းချင်က ဖူလီပခုံးပေါ်တွင် လက်တစ်ဖက်တင်လိုက်သည်။ ချက်ချင်းပင် ရွှေရောင် သူတော်ကောင်းတရားအလင်းတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ အငြိုးက ဖရိုဖရဲပျံသွားပြီး အချိန်မီမပြေးနိုင်သော အငြိုးများက ရွှေရောင် သူတော်ကောင်းတရားအလင်းတွင် ပျောက်ကွယ်သွားလေသည်။ 

"ဒီလောက်ထိ ကြောက်ဖို့ကောင်းရအောင် ဒီနေရာမှာ အငြိုးကဘယ်နှနှစ်တောင် ပုန်းနေတာလဲ..."

ချောင်းယွင်က သူမ၏ ဆံပင်များကို ချည်ထားသော ဆံထိုးကို ဖယ်ရှားလိုက်သည်။ သူမက ၄င်းကို လေထဲသို့ ပစ်လိုက်ပြီး ဆံထိုးက မင်္ဂလာရှိသော ချီအလင်းထောင်ချီကို ထုတ်လွှတ်လိုက်ကာ အငြိုးသိသိသာသာကို ဖယ်ရှားလိုက်သည်။

"ဒီက လူတွေ ဘာလုပ်ကြတာလဲ..."

ချောင်းယွင်က အလွန်ကြည့်ရဆိုးသော အမူအရာကို ဆင်မြန်းထားသည်။ သူမက မည်မျှပင် ဖယ်ရှားပါစေ မရှင်လင်းလာသည့် အငြိုးများကို ကြည့်ကာ အလွန်မကောင်းသည့်အရာတစ်ခုကို တွေးမိသွားသည်။ သူမက ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။ ကျွမ်းချင်က သူ့လက်ထဲတွင် သူ့ကိုယ်ထဲရှိ နဂါးပုလဲကို တိတ်တဆိတ် ထွေးထုတ်လိုက်သည်။

နဂါးပုလဲက ရွှေရောင်အလင်းတစ်ခုကို နေရာအနှံ့သို့ ဖြာထွက်သွားစေသည်။ ရွှေရောင်အလင်းအောက်တွင် အထူထည်းဆုံးသော အငြိုးပင် ပျောက်ကွယ်လာပေသည်။ တဖြည်းဖြည်းနှင့် အငြိုးက နည်းပါးလာသည်။ 

အငြိုးက နည်းနည်းချင်း ပျောက်ကွယ်လာရာ ဖူလီက မနီးမဝေးရှိ ကမ်းခြေမှ လူတစ်ယောက် ရေထဲသို့ ရုတ်တရက် ခုန်ချသွားသည်ကို မြင်လိုက်ပေသည်။ ရေမျက်နှာပြင်ပေါ်မှ ဖြတ်လျှောက်ကာ သူက ပျံသွားပြီး ထိုသူကို မြစ်ထဲမှ ဆယ်လိုက်သည်။ ထိုသူက မေ့မျောနေပြီးဖြစ်သည်။ ဖူလီက သူ့အား ဘေးရှိ မြက်ပုံပေါ်သို့ ပစ်တင်လိုက်သည်။ သူက မြစ်တစ်ဖက်သို့ ပြန်လှည့်ကြည့်သောအခါ ရေထက်တွင် မြူများ မြင့်တက်လာသည်ကို သဘောပေါက်သွားလေသည်။ သူက တစ်ဖက်ကမ်းကို မမြင်ရတော့ပါချေ။

ဝူး... ဝူး...

မြစ်ပေါ်မှ လေက တဝူးဝူးတိုက်ခတ်နေသည်။ ၄င်းက သတ္တဝါကြီးတစ်ကောင်၏ ညီးတွားသံနှင့် ဆင်တူသော်လည်း ဒေါသတကြီး ရှုတ်ချနေဟန်နှင့်လည်း တူပေသည်။ 

ဖူလီက သူ့လက်များကို ဝေ့ယမ်းလိုက်ပြီး မြစ်ပြင်ပေါ်မှ မြူခိုးများကို ဖယ်ရှားလိုက်သည်။ သို့သော် ဖူလီတွေ့ရသော မြင်ကွင်းက မြစ်တစ်ဖက်ကမ်းမဟုတ်ပါချေ။ သို့သော် ကုန်းဖုသေဆုံးပြီးနောက် ဖြစ်ပွားသည့်အရာပင် ဖြစ်သည်။ သူ့၏ အရိုးစုကို လူသားများက ကျောက်ရုပ်ထုထဲတွင် ထည့်ကာ သံကြိုးများနှင့် ချည်နှောင်ထားသည်။ ကျောက်ရုပ်ထုပေါ်တွင် အစီအရင်များရေးဆွဲကာ ရုပ်ထုက ရေထဲသို့ လွင့်ပစ်ခံလိုက်ရသည်။ 

တစ်နှစ်... ဆယ်နှစ်... နှစ်တစ်ရာ... နှစ်တစ်ထောင်...

အငြိုးတရားမှာ ချုပ်နှောင်ခံထားရသော အရိုးစုမှ မွေးဖွားလာပေသည်။ သူက သူ့ခန္ဓာကိုယ်အား ချုပ်နှောင်ထားသော ကောင်းကင်ဘုံ သံကြိုးများကို မုန်းတီးကာ သူ့ဝိညာဉ်ကို ချုပ်နှောင်ထားသော အစီအရင်များကို မုန်းတီးပေသည်။ သို့သော် သူအမုန်းဆုံးမှာ သေဆုံးပြီးသည့်တိုင် သူ့အားအေးအေးချမ်းချမ်း အနားယူခွင့်မပေးပဲ သူ့အား ရွံ့များ၊ ငါးများနှင့် အပျက်အစီးများ အပြည့်နှင့် ပင်လယ်အောက်တွင် နေစေခဲ့သော လူသားများဖြစ်ပေသည်။

ဤသည်က ကုန်းဖုမဟုတ်ပါပေ။ သူ့သေဆုံးခြင်းနောက်မှ အငြိုးတရားတစ်ခုပေ။

ဖူလီသည် ယခင်က ကုန်းဖု၏ ပုံပြင်ကို မျောက်ဝံဖြူကြီးထံမှ ကြားဖူးပေသည်။ သူက နတ်ဘုရား နဂါး၏ သားတော်တစ်ပါးဟု ဆိုပေသည်။ သူ့မိခင်မှာ ဝိညာဉ် လိပ်တစ်ကောင်ဖြစ်၍ သူက နဂါးနှင့်ရော လိပ်နှင့်ပါ ဆင်တူပေသည်။ သူက အလွန်ပျင်းရိကာ ရေထဲတွင် လျှောက်ဆော့ရသည်ကို အနှစ်သက်ဆုံး ဖြစ်ပေသည်။ တဖြည်းဖြည်းနှင့် သူက ကမ်းခြေအနီးရှိ လူသားသို့မဟုတ် မိစ္ဆာများကို စနောက်မည် ဖြစ်သည်။ တစ်ခြားသူက သူ့အကြိုက်နှင့်ကိုက်ပါက သူက လက်ဆောင်ပေးမည်ဖြစ်သည်။ သူက အလွန် စိတ်ဝင်စားစရာကောင်းသော အကျင့်စရိုက်နှင့် မင်္ဂလာရှိသော သားရဲတစ်ကောင်ဖြစ်ပေသည်။ 

ဖူလီငယ်စဥ်က သူတို့တွေ့ဆုံပါက လက်ဆောင်ရရန်အတွက် ကုန်းဖု သူ့အား နှစ်သက်လာစေရန် ဘာလုပ်ရမည်လဲဟု တွေးခဲ့ဖူးပေသည်။

ထိုကလေးဘဝမှ သာမန်ကာ လျှံကာ အတွေးတစ်ခုက ထိုမင်္ဂလာသားရဲကို ဤအနေအထားနှင့် တွေ့ရမည်ဟု မတွေးခဲ့မိပါပေ။

ဖူလီက အလွန်စိတ်တိုနေပေသည်။ သူက ကုန်းဖုအတွက် စိတ်မကောင်းဖြစ်ရမည်လား လူသားများကို စိတ်ပျက်ရမည်လားပင် မသိတော့ပါချေ။ နတ်ဘုရားများကို ကိုးကွယ်ခြင်းက လူသားများသည် စိတ်ပိုင်းဆိုင်ရာ အကာအကွယ် ရှာဖွေခြင်းတစ်မျိုးဖြစ်သည်။ ကျောက်ရုပ်ထုပြုလုပ်ခြင်းသည်လည်း ကိုးကွယ်မှု ပုံစံတစ်ခုပင်ဖြစ်သည်။ 
ဒါပေမဲ့ သူတို့က ဘာလို့ မင်္ဂလာသားရဲရဲ့ အရိုးစုကို ကျောက်ရုပ်ထုထဲကို ထည့်ပြီး ပင်လယ်ထဲမှာ နှစ်တွေအကြာကြီး ပိတ်လှောင်ထားဖို့ လိုလို့လဲ...

သူတို့က သူ့ကို မလေးစားဘူးလား... သူတို့က သူ့ကို ကျေးဇူးမတင်ဘူးလား... အဲ့ဒါဆို ဘာလို့ ဒီလို ကိစ္စမျိုး လုပ်တာလဲ...

မြစ်ပြင်ပေါ်မှ မြူထူများက တဖြည်းဖြည်း လူသားအသွင်တစ်ခုသို့ ပြောင်းလာသည်။ နီရဲရဲမျက်လုံးများနှင့် လူတစ်ဦးက အနက်ရောင် ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်ရှည်များက နောက်ကျောတွင် အလိုအလျောက် ကျနေပေသည်။ သူက မင်္ဂလာသားရဲနှင့် မတူပါပေ။ 

မင်္ဂလာသားရဲတစ်ကောင်၏ သေဆုံးပြီးနောက် ရန်ငြိုးက မိစ္ဆာတစ်ကောင်အဖြစ် ကျင့်ကြံလိုက်ပြီး ဖြစ်သည်။ အငြိုးတရာမှ ဖြစ်ပေါ်လာသော မိစ္ဆာတစ်ကောင်က သဘာဝအလျောက်ပင် မကောင်းဆိုးဝါး ဗီဇရှိပေသည်။

"ဖူလီ..."

ကျွမ်းချင်က သူ့အား ပြန်တွေ့လေသည်။ သူ့အမူအရာက မြစ်ပြင်ပေါ်တွင် ရပ်နေသော လူကိုမြင်သောအခါ သိသိသာသာ ပြောင်းလဲသွားသည်။

"ကုန်းဖု..."

မဟုတ်ဘူး... မဟုတ်သေးဘူး... ဒါက ကုန်းဖု မဟုတ်ဘူး...

ကုန်းဖုက ကျွမ်းချင်အား လူသားအသွင်ဖြင့် ဆေးတောင့်များပေးသည့် နှစ်က သူ့အင်္ကျီလက်များက တစ်ဖျတ်ဖျတ်ခတ်ကာ ဆံပင်များကို ကျောက်စိမ်းကွင်းဖြင့် ချည်နှောင်ထားသည်။ သူက အလွန်နူးညံ့သိမ်မွေ့ပေသည်။ ယခုသူ့ရှေ့ရှိ မကောင်းဆိုးဝါး မိစ္ဆာက ကုန်းဖုနှင့် တူညီသော်လည်း ၄င်းနှင့် လုံးဝပင် ဆန့်ကျင်နေသော အော်ရာတစ်ခုကို ပေးနေပေသည်။

"ငါက ရူးကြောင်ကြောင် ကုန်းဖုတစ်ယောက်မဟုတ်ဘူး..."

အနက်ရောင် ဝတ်စုံဝတ် လူ၏ သွေးရဲရဲနှုတ်ခမ်းများက မြင့်တက်လာသည်။ 

"ဒါပေမဲ့ ငါမှာ နာမည်မရှိတော့ ကုန်းဖုလို့ခေါ်လည်းရပါတယ်..."

"ဒီဒေသက အဆက်မပြတ် မိုးရွာတာက မင်းလုပ်တာလား..."

ကျွမ်းချင်က ဖူလီ၏ ဘေးသို့ လျှောက်လာလိုက်သည်။ သူ့အကြည့်များက အနက်ရောင် ဝတ်ထားသော သူနှင့် ဆုံသွားသည်။

"မင်းဘာလိုချင်တာလဲ..."

"ငါရေထဲမှာ ဘယ်နှနှစ်ပိတ်မိနေလဲ မင်းသိလား..."

အနက်ရောင်ဝတ်လူက မသက်ဆိုင်သော အဖြေတစ်ခုဟပြန်ပြောသည်။ 

"နှစ်ပေါင်း ၁၅၀၀... ငါ့ကို လူသားတစ်ဦးက ဆယ်ပေးဖို့ ငါမျှော်လင့်နေတာ... ငါနေ့တိုင်း နေ့တိုင်းစောင့်နေခဲ့တာ... ဒါပေမဲ့ ဘယ်သူမှ မရှိဘူး... ဘယ်သူမှ မရှိဘူး..."

ကျွမ်းချင်က သူ့ကို ငေးကြည့်လိုက်သည်။ အတန်ကြာအောင် ရပ်နားပြီးမှ သူကဆိုလိုက်သည်။

"မင်းအတွက် အငြိုးတရားပေါ်မှာ ပုံစံတစ်ခုယူဖို့ဆိုတာ မလွယ်လောက်ဘူး... မင်းက ဒီလိုမျိုး အထိန်းအကွပ်မဲ့ ပြုမူနေရင် မင်းဒီလောကကြီးထဲက အမြန်ပျောက်ကွယ်သွားမှာ ငါစိုးတယ်... အဲ့ဒါက ထိုက်တန်ရဲ့လား..."

"ငါက နှစ်၁၅၀၀လောက်လုပ်ခဲ့ရသလိုမျိုး ရွံ့တွေ အပျက်အစီးတွေထဲမှာ လှဲနေရမယ်ဆိုရင် မြန်မြန်သေလိုက်တာမှ ပိုကောင်းမယ်..."

အနက်ရောင်ဝတ် အမျိုးသားက ရူးသွပ်စွာ ဆိုလိုက်သည်။

"အဲ့ လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူသားတွေက သူတို့ရဲ့ ကပ်ဘေးတွေ ရသင့်တယ်..."

"ဒါပေမဲ့ မင်းကို ပင်လယ်အောက်ခြေကို ပို့ထားတဲ့ လူသားတွေက သေပြီလေ..."

ဖူလီက မေးလိုက်သည်။ 
"မင်း သူတို့ရဲ့ မျိုးဆက်တွေ အပေါ်မှာ လက်စားချေမလား..."

ကျွမ်းချင်က ဖူလီဘက်သို့ လှည့်လိုက်ကာ သူက စိတ်ရင်းနှင့်ပြောနေသည်လား ကုန်းဖု၏ အငြိုးကို နှစ်သိမ့်ပေးရန် လိမ်နေသည်လားကို မသေချာတော့ပါပေ။ 

အနက်ရောင်ဝတ် လူက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဘာကို ဆိုလိုတာလဲ..."

"ငါတို့ ပတ်ပတ်လည်မှာ အပြစ်ကင်းတဲ့လူသားတွေ အများကြီးပဲ... သူတို့က မင်းကို အကြွေးတင်မနေဘူး... အဲ့တော့ မင်းသူတို့ကို အန္တရာယ်ပေးလို့မရဘူး... ဒါပေမဲ့ အကြွေးတင်နေတဲ့ လူတွေကတော့ ပြန်ပြီး ပေးဆပ်သင့်တယ်... တစ်ကိုယ်ကောင်းဆန်ပြီး ဒီကိစ္စကိုလုပ်ထားတဲ့လူတွေကတော့ တန်ကြေးပြန်ပေးရမယ်..." 

ဖူလီက ခေတ္တရပ်တန့်လိုက်သည်။
"မင်း အဲ့လူသားတွေရဲ့ မျိုးဆက်တွေကို ရှာနိုင်လား..."

အနက်ရောင်ဝတ်အမျိုးသားက စကားပြောမည့်အချိန်မှာပင် မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာလေသည်။ ဖူလီက မြူထူထူကိုဖြတ်ကာ စူးစိုက်ကြည့်လိုက်သည်။ ကလေးငယ်လေးတစ်ဦးက ကျူပင်များကို ခက်ခက်ခဲခဲဖြတ်လာနေပေသည်။ သူ့နောက်ကျော၊ ရင်ဘတ်နှင့် ဘောင်းဘီခြေထောက်များက ရွံ့များဖြင့် ဖုံးအုပ်နေလေသည်။

လမ်းတစ်လျှောက်မှာ သူက ဘယ်နှကြိမ် ချော်ကာ လဲကျလာသလဲဆိုတာ ဘယ်သူက သိမှာလဲ...