အပိုင်း ၉၀
Viewers 17k

Chapter 90
စာလွှာ


ကလေးငယ်က လက်မောင်းတွင်တစ်စုံတစ်ခုကို သယ်ထားပုံရပေသည်။ သူက ပလတ်စတစ်အိတ်နှင့် တင်းတင်းပတ်ထားသော အရာကို ရတနာများသဖွယ် ရင်ဘတ်တွင် ကာကွယ်ကာ ဖက်ထားလေသည်။

ကျွမ်းချင်က လက်တစ်ဖက်ကိုမြှောက်ကာ သူတို့ကို ချိတ်ပိတ်ပြီး အရံအတားတစ်ခု ချလိုက်သည်။ 

တစ်ချို့သောကလေးများက ထူးခြားသော ဇီဝစရိုက်ရှိကာ ဝိညာဉ် တစ်ချို့သို့မဟုတ် ထူးခြားသော နိယာမများကို မြင်နိုင်ပေသည်။ သို့သော် ထိုအရည်အချင်းက ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်ကာ သာမန်လူတစ်ဦးနှင့် မခြားနားတော့ပါချေ။

ထိုစွမ်းရည်မပျောက်သွားသည့် ကလေးများက ကျင့်ကြံခြင်း လောကထဲသို့ ဝင်ရောက်ကာ ကျင့်ကြံခြင်း လမ်းစဉ်ကို ကျင့်သုံးနိုင်ပေသည်။

ကလေးငယ်က မြစ်ဘေးသို့ရောက်သောအခါ ထပ်မံလဲကျသွားသည်။ ဤတစ်ကြိမ်တွင် သူက အနည်းငယ် ပိုမိုကံမကောင်းပါပေ။ သူ့တစ်ကိုယ်လုံးက ဖရဲသီးတစ်လုံးသဖွယ် လိမ့်သွားကာ မျက်နှာနှင့် ခေါင်းများအနှံ့ ရွံ့များပေသွားပေသည်။

ဖူလီက အနက်ရောင်ဝတ်လူကို ကြည့်လိုက်သည်။ မမျှော်လင့်ထားစွာပင် သူက မည်သည့် တုံ့ပြန်မှုမှ မရှိပဲ ကလေးငယ်ကို မြစ်ကမ်းဘေးသို့ အပန်းတကြီး လျှောက်လာသည်ကို ခွင့်ပြုထားပေသည်။ မြစ်ဘေးသို့ ရောက်သောအခါ ကလေးက လက်ဆေးကာ မျက်နှာသစ်ပြီး မျက်လုံးတောက်တောက်ကြီးကြီးများကို လှစ်ဟပြလိုက်သည်။

ကလေးငယ်က အိတ်များပေါ်ရှိ ရွံ့များကိုသုတ်ရန် သူ့၏ အင်္ကျီလက်ကို အသုံးပြုလိုသော်လည်း သူ့အင်္ကျီလက်များက ပလတ်စတ်အိတ်ထက်ပင် ပို၍ ညစ်ပတ်နေပေသည်။ နောက်ဆုံးတွင် သူက ရိုးရှင်းစွာပင် သူ့၏ ဂျာကင်အင်္ကျီကို ချွတ်ကာ ရေထဲတွင် သန့်ရှင်းအောင် ပွတ်တိုက်လိုက်သည်။ ၄င်းကို ရေခြောက်အောင် ညစ်လိုက်ပြီးနောက် သူက ပလတ်စတ်အိတ်မှ ရွှံ့များကို သုတ်လိုက်သည်။

ထို့နောက် ကလေးငယ်လေးက ပလတ်စတတ်အိတ်ကို တစ်လွှာချင်းစီခွာလိုက်ပြီး အထဲရှိ ဧရာမ ကြွေခွက်ကြီးကို ထုတ်လိုက်သည်။ ယင်းခယ့်ထင်ရှူးတစ်ပင်၏ ပုံရိပ်ကို ကြွေခွက်ပေါ်တွင် ထွင်းထုထားသည်။ ခွက်က အလွန်ရှေးကျသည့်ဟန်ရပေသည်။ 

သူက ကြွေခွက်ကို ဖွင့်လိုက်ပြီး အထဲရှိ ကြက်ခြေထောက်တစ်ချောင်းနှင့် ပေါက်စီနှစ်ခုကို ထုတ်လိုက်သည်။ 

ကလေးငယ်လေးက ကျောက်စရစ်ခဲ သုံးခုကို တွေ့ကာ ၄င်းတို့ပေါ်တွင် ကြွေခွက်ကို တည့်တည့်မတ်မတ် တင်ထားလိုက်သည်။

"ဘိုးဘိုးနတ်ဘုရား သားရဲ... အခုနောက်ပိုင်း အဆက်မပြတ် မိုးရွာနေတာမို့ သားတို့မိသားစုက မြို့ပြင်ထွက်ရတော့မယ်..."

ကလေးငယ်လေးက ငိုကြွေးလာသည်။ သူ့၏ စိုထိုင်းထိုင်း ခေါင်းပေါ်သို့ မိုးရေစက်များကျနေပြီး တစ်ဖြောက်ဖြောက်မြည်နေပေသည်။ 

"မေမေက ကျွန်တော်တို့ အိမ်ပြောင်းရမယ်လို့ပြောတယ်... သားတို့ ဘယ်တော့ပြန်လာရမလဲ မသိဘူး..."

ကလေးငယ်လေးက အလွန်ဝမ်းနည်းနေဟန်ရပြီး မြစ်ဆီသို့ လေးလေးစားစားအရိုအသေပေးကာ လက်နှစ်ဖက်ကို ယှက်ထားလေသည်။ ထို့နောက် ကျောက်ပုံတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။

"ကြက်ခြေထောက်နဲ့ ပေါက်စီနံ့ရပြီးပြီမလား... အဲ့ဒါဆို သားစားလိုက်တော့မယ်နော်..."

ကလေးငယ်လေးက ကြွေခွက်ထဲမှ ကြက်ခြေထောက်နှင့် ပေါက်စီများကို ယူလိုက်ပြီး တတိတိကိုက်ကာ အဓိပ္ပာယ်မရှိသည်များကို တတွတ်တွတ်ရေရွတ်နေပေသည်။ မကြာမီတွင် ကြက်ခြေထောက်၏ အရိုးကို မြင်လာရပေသည်။ 

ဤကလေးငယ်မှာ... ချွေတာရေးတွင် အလွန်တော်ပေသည်။ 

ဖူလီက ကလေးငယ်သည် လာဘ်ပစ္စည်းများကို မျောက်တစ်ကောင်သဖွယ် အပြတ်ရှင်းနေသည်ကို ကြည့်လိုက်သည်။ သူက ကုန်းဖုဘက်သို့လှည့်လိုက်သော်လည်း ထိုသူက ဤကဲ့သို့ မမျှော်လင့်ထားသော အခြေအနေတွင် အလွန်တည်ငြိမ်နေသည်ကို သဘောပေါက်သွားလေသည်။ သူက ဤကလေးငယ်၏ အပြုအမူနှင့် ကျင့်သားရနေသည်မှာ ကြာလှပြီ ဖြစ်ပုံရပေသည်။ 
အဲ့ကလေးက မကြာခဏ လာဘ်ပစ္စည်းတွေ လာပေးတတ်တာလား...

"သူတို့အကုန်လုံးက သားရေထဲကျတာတောင် ရေမနစ်လို့ ကံကောင်းတယ်လို့ ပြောကြတယ်... ဒါပေမဲ့ သားကိုကယ်တာ ဖိုးဖိုးဆိုတာ သိသားပဲ..."

သူက ခေါင်းမော့ကာ ရေမျက်နှာပြင်ပေါ်သို့ ကြည့်လိုက်သည်မှာ မြစ်ရေနက်ကို ဖြတ်သန်းကာ သူ့ကို ကယ်တင်ခဲ့သော နတ်ဘုရားသားရဲကို မြင်နိုင်သကဲ့သို့ပင်။ 

"ဖိုးဖိုး နတ်ဘုရားသားရဲ... ဘာစားချင်လဲ... သားကို အိပ်မက်ပေးလိုက်ရင် အနံ့ခံဖို့ သားယူလာခဲ့မယ်..."

ဖူလီက ကုန်းဖုကို ကြည့်လိုက်သည်။
သူက ကောင်းကင်နှင့် မြေကြီးကို အမြတ်ဖြတ်ပစ်မယ်လို့ပြောပြီး ဘာလို့ ရေထဲကျသွားတဲ့ ကလေးတစ်ယောက်ကို ကယ်နေသေးတာလဲ...

"ငါက လူသားအလောင်းတစ်ခုက မြစ်ခြေကို ထပ်ပြီး မညစ်ပတ်စေချင်ယုံပဲ..."

ကုန်းဖုက ဖူလီ၏ အကြည့်ကို မြင်ကာ အနည်းငယ် မပျော်မရွှင်ဖြစ်လာပေသည်။

"မင်းက ငါ့ကို ဘာလာကြည့်နေတာလဲ..."

"အဲ့ဒါဆိုလဲ လက်စားချေတဲ့ ကိစ္စကို ဆက်ပြောရအောင်..."

ဖူလီက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ 
"လူသား စာအုပ်တွေနဲ့ မှတ်တမ်းတွေက သမိုင်းခေတ်ကို ပြန်မသွားရဲကြဘူး... ဒါပေမဲ့ ဒီမှာရှိတဲ့ တောင်တွေ၊ အပင်တွေနဲ့ ယောင်ကျင့်ကြံသူတွေက မှတ်မိနေနိုင်သေးတယ်..."

"မင်းက ငါလက်စားချေတာကို တားဖို့ လာခဲ့တာ မဟုတ်ဘူးလား..."

ကုန်းဖုက ကလေးငယ်လေးဆီမှ အကြည့်လွှဲလိုက်သည်။

"မင်းဘေးက နဂါးက တိုင်းပြည်ကံတရားနဲ့ ချည်နှောင်ထားပုံပဲ... သူက ငါ့ကို လက်စားချေခွင့်ပြုမှာလား..."

ကျွမ်းချင်က သူ့ကို ကြားပြီး ဖူလီကို တိတ်တဆိတ်ကြည့်လိုက်လေသည်။ 

"ဒီသူတော်ကောင်းတရား ရွှေအလင်းက နည်းနည်းရင်းနှီးနေသလိုပဲ ဆိုပေမဲ့..."

ကုန်းဖုက မင်္ဂလာသားရဲတစ်ကောင်၏ အငြိုးမှ ပြန်လည်မွေးဖွားလာခြင်း ဖြစ်နိုင်သော်လည်း ကုန်းဖု၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားပေသည်။ သို့ဖြစ်၍ သူက ကုန်းဖုဖြစ်သော်လည်း ကုန်းဖု မဟုတ်ပါချေ။

"အဲ့အရူးက အသက်ရှင်နေတုန်းက မင်းနဲ့ တွေ့ခဲ့တာနေမယ်..."

ကျွမ်းချင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"သခင်ကြီးကုန်းဖုက အရမ်းလေးစားစရာကောင်းတဲ့ မင်္ဂလာသားရဲတစ်ကောင်ပါ..."

"အဲ့ဒါဆို အဲဒီအရမ်းလေးစားစရာ မင်္ဂလာသားရဲက ဘယ်လိုသေသွားလဲ မင်းသိလား..."

ကုန်းဖုက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ 

"သူက ရောဂါဖြစ်တာလေ... သူခန္ဓာကိုယ်က အားနည်းလွန်းလို့ လူသားအသွင်ပြောင်းဖို့တောင် သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တာ... အဆုံးရောက်တာတောင် သူက ရေကြီးတာနဲ့ကြုံရတဲ့ လူသားတွေကို ကယ်ချင်နေတုန်းပဲ... အဲ့လူသားတွေက သူ့ရဲ့ ကျက်သရေကို ရရှိပြီး သူ့ကို သေတဲ့အထိ ကိုးကွယ်ခဲ့ကြတာ... ဒါပေမဲ့ သူသေပြီးနောက် အဲ့လူသားတွေက သူတို့ရဲ့ လောဘကြီးတဲ့ ပုံစံတွေ ပြလာပြီးတော့ သူ့အရိုးစုကိုတောင် သွားခွင့်မပြုချင်ကြဘူး..."

ကျွမ်းချင်က မိုးရေများ အလျင်အမြန် စီးနေသည်ကို ကြည့်လိုက်သည်။ သူ့လည်ချောင်းက လှုပ်ရှားသွားသော်လည်း ထိုလူသားများအတွက် စကားကောင်းပြောပေးနိုင်ရန် နည်းလမ်းမရှိပါပေ။ 

ကျေးဇူးကန်းခြင်း... ဤသည်က ထိုထက် ပိုပေသည်။

ကျောက်ပုံပေါ်တွင် ထိုင်နေသော ကလေးငယ်လေးက ထရပ်ကာ မြစ်ဆီသို့ လက်ယမ်းပြလိုက်သည်။
"သခင်ကြီး နတ်ဘုရား သားရဲ... နောက်တစ်ခါမှ ထပ်တွေ့မယ်နော်..."
သူက နောက်လှည့်ကာ ခြေနှစ်လှမ်းလှမ်းလိုက်ပြီး ချော်ကျကာ ရေထဲသို့ ပြုတ်ကျသွားသည်။ 

ကျွမ်းချင်နှင့် ဖူလီတို့က မတုံ့ပြန်ရသေးခင်မှာပင် ကုန်းဖုက လှုပ်ရှားပြီး ရေထဲသို့ ခုန်ဆင်းကာ ကလေးငယ်ကို ဆွဲထုတ်လိုက်သည်။ ကလေးငယ်မှာ မေ့လဲသွားသည်ကိုမြင်ရာ သူက အလျင်အမြန်ပင် လက်တစ်ဖက်ဆန့်ထုတ်ကာ အသက်ရှုသံကို စမ်းသပ်လိုက်သည်။ သူက အန္တရာယ်မရှိသည်ကို အတည်ပြုပြီးနောက် ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်မှ စိုထိုင်းထိုင်း အဝတ်များကို ဖယ်ရှားလိုက်သည်။ ကြီးမားထူထည်းသော စောင်တစ်ခုကို ဖန်ဆင်းကာ ကလေးငယ်ကို ပတ်လိုက်ပြီး သူ့အား သန့်ရှင်းသော နေရာတွင်ထားကာ ပြန်လျှောက်လာသည်။

ဤအခြေအနေကို အခြေခံကာ ကုန်းဖု၏ ကောင်းကင်နှင့် မြေကြီးကို အမြစ်ဖြတ်လိုသော ဆန္ဒမှာ မဖြစ်မြောက်နိုင်ပေဟု ဖူလီက တိတ်တဆိတ် တွေးလိုက်သည်။

"ဖခင်နဂါးရဲ့ ကလေးတွေအားလုံးထဲမှာ ငါက အမြန်ဆုံးလေ..."

ကုန်းဖုက အရံအတားဆီသို့ ပြန်လာပြီး အမူအရာမဲ့ ဖြေရှင်းချက်တစ်ခုကို ပေးလိုက်သည်။

"ငါနားလည်တယ်..."

ဖူလီက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ 
"မင်းက မြန်လို့ပဲ အဲ့ကလေးကို ငါတို့ထက်အရင် ကယ်လိုက်နိုင်တာ..."

ကုန်းဖု : ...

ကျွမ်းချင် : ...

စကားဖြင့် ပြောပြရန် ခက်ခဲသော အနေခက်မှုတစ်ခုက လေထဲတွင် ရှိနေပေသည်။ 

"ဒါက မင်းအတွက်..."

ဖူလီက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ကျောက်စိမ်းရိုးထီးကို ထုတ်ကာ ကုန်းဖုကို ပေးလိုက်သည်။

"အဲ့ ကျေးဇူးမသိတတ်တဲ့ လူသားတွေရဲ့ မျိုးဆက်တွေကို ရှာဖို့ မင်းကို အဖော်ပြုပေးမယ်..."

ကုန်းဖုက ထီးပေါ်မှ နဂါးရနံ့ကို ရရှိပြီး ၄င်းကို လက်မခံပါပေ။ 

"နဂါးရိုးနဲ့ လုပ်ထားတဲ့ ထီးလား..."

"စိတ်အေးအေးထားပါ... ဒီလို နဂါးမျိုးက အကျင့်ပျက်နေတာ..  အဲ့ဒါက အရပ်လေးမျက်နှာကို စောင့်ရှောက်ပေးတဲ့ မင်းတို့ရဲ့ ဖခင်နဂါးလိုမျိုး မင်္ဂလာသားရဲနဲ့ ယှဉ်လို့မရပါဘူး..."

ဖူလီက ထီးကို သူ့လက်ထဲသို့ ထိုးထည့်လိုက်သည်။

"မင်းတစ်ကိုယ်လုံးမှာ အငြိုးတွေ ရှိနေတယ်... မင်း ဘာမှတောင်မလုပ်ရသေးခင်မှာ ကောင်းကင်ဘုံလျှပ်စီးစည်းမျဉ်းက မင်းဝိညာဉ်ကို ခွဲချေလိုက်မှာ ငါစိုးရိမ်တယ်..."

"အမှန်ပဲ... လက်ရှိနဂါးအများစုက ကျင့်ကြံခြင်းနိမ့်ပြီး သူတို့ရဲ့ ခြေလက်တွေမှာ စွမ်းအားမရှိကြဘူး... အဲ့နှစ်တွေက နဂါးမျိုးနွယ်နဲ့ ယှဉ်ရင် သူတို့က လီုက်မမီနိုင်သေးဘူး..."

ကုန်းဖုက ထီးကို ယူလိုက်သည်။
"မင်းဘေးက နဂါးက စွမ်းရည်နည်းနည်း ရှိပေမဲ့ပေါ့..."

ကျွမ်းချင်က အမူအရာမဲ့ မေးလိုက်သည်။
"ချီးကျူးတာကို ကျေးဇူးတင်သင့်တာလား..."

"မင်းတို့ ဂျူနီယာတွေ အကုန်လုံးက ဘယ်လိုယဉ်ယဉ်ကျေးကျေးနေရမလဲဆိုတာသိရင်  ငါ့ကို ကျေးဇူးတင်တာက အဆင်ပြေမှာပါ"

ကုန်းဖုသည် မြူထူထဲမှ ထွက်လာပြီး ရွံ့ထူထူလမ်းမဆီသို့ လျှောက်လာလိုက်သည်။ သူက ဘေးတွင်လဲနေသော ကလေးငယ်ကို ပြန်လှည့်ကြည့်လိုက်ပြီး အင်္ကျီလက်ကို တစ်ချက်ခါလိုက်ပြီး သူ့ပတ်လည်တွင် ကာကွယ်ရေး အရံအတားတစ်ခု ပြုလုပ်လိုက်သည်။ 

သူက ယနေ့ခေတ် လူသားကမ္ဘာတွင် ကလေးငယ် လူကုန်ကူးခြင်းက ခေတ်စားနေသည်ဟု ကြားပေသည်။ 

ဤနေရာတွင် နေထိုင်သူအများစုက မြစ်ကို မမှီခိုပါပေ။ သို့သော် ဤဒေသက အလွန်ဆင်းရဲသောကြောင့် အများစုက အရွယ်ကောင်းများတွင် အလုပ်ထွက်လုပ်ကာ လူကြီးများ၊ လူမမာများနှင့် အမျိုးသမီးများကို အိမ်တွင် ချန်ထားခဲ့ရပေသည်။ အစိုးရက လူအများစုကို အဝေးသို့ အရေးပေါ် ပို့ထား၍ တစ်ရွာလုံးက အလွန်ခြောက်ကပ်နေသည်။ အုပ်ကြွပ် စိမ်းစိမ်းများဖြင့် အိမ်များနှင့် ၂နှစ်ထပ်အိမ်လေးများက ပတ်ဝန်းကျင်တွင် အလွန် ခြောက်သွေ့စွာတည်ရှိနေပေသည်။

ကုန်းဖုက ဤရွာတွင် လူအများကြီး ရှိခဲ့သည်ကို သတိရသွားသည်။ လူကြီးများက ပိုက်ကွန်ချကာ အမျိုးသမီးများက သီးနှံများ စိုက်ပျိုးကြပြီး အမျိုးသားများက မြစ်တွင် ပိုက်ဆံရရန် ငါးမြှားကြသည်။ သူတို့အတွက် သဘာဝတရား၏ အံသားသင့်ဖွယ် အကောင်းဆုံး လက်ဆောင်မှာ သူနှစ်ပေါင်း ၁၅၀၀တိုင်ဆိုင် နစ်မြုပ်နေသော မြစ်ဖြစ်ပေသည်။

အလွန် ပျက်စီးနေသဖြင့် မူလသွင်ပြင်ပင်မရှိတော့သော ဘုရားကျောင်းတစ်ခုက အစုတ်ပြတ်ဆုံး ရွာထောင့်တွင် မားမားမတ်မတ် ရှိမနေနိုင်တော့ပါချေ။ ၄င်းက မည်သည့် နှစ် သို့မဟုတ် ခေတ်တွင် တည်ဆောက်ခဲ့သည်ကိုရော အကြိမ်မည်မျှ ပြန်ဆောက်ခဲ့ပြီးသည်ကိုရော မသိနိုင်ပါပေ။ ဖူလီနှင့် တခြားသူများက ဘုရားကျောင်းသို့ ရောက်သောအခါ ဘုရားကျောင်းရှေ့ရှိ ကျောက်တုံးလှေကားများက လေကြောင့် တိုက်စားသွားပြီကို တွေ့လိုက်ရသည်။ လေကို ကာပေးသော အစိမ်းရောင်ကြွေပြားများက ကျွတ်ထွက်ကာ အနံ့ဆိုးနေပြီဖြစ်သော သစ်သားအပိုင်းပိုင်းက တစ်ဖက်နှင့်တစ်ဖက် မတည်ငြိမ်စွာ ယမ်းနေပေသည်။ ပေါင်းပင်များက နေရာအနှံ့ပေါက်နေပြီ ဖြစ်သည်။

ဖူလီက လက်တစ်ချက် ယမ်းကာ ဘုရားကျောင်းထဲရှိ ပေါင်းပင်များကို ရှင်းလိုက်သည်။ ဘုရားခန်းထဲတွင် အမည်မသိ ကျောက်တုံးမှ ထွင်းထုထားသော ကျောက်ရုပ်ထုတစ်ခုလည်း ရှိပေသည်။ ထိုကျောက်ရုပ်ထုက ဖွတ်တစ်ကောင်နှင့်ဆင်သည်ကို သူတို့က ခက်ခက်ခဲခဲ ကြည့်လိုက်ရေပသည်။

ဒါကိုကြည့်ရတာ... ကုန်းဖုရဲ့ ပုံစံအစစ်လား...

ကုန်းဖုက ဒီလောက် ရုပ်ဆိုးခဲ့တာလား...

"ရှေ့က ကောင်လေး သုံးယောက် အဲ့နေရာက အန္တရာယ်များတယ်... အဲ့မှာ မနေနဲ့..."

ဘောင်းဘီ ခြေထောက်ကို လိပ်တင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သူတို့ထံသို့ အဝေးမှ လက်ယမ်းပြလေသည်။

"မင်းတို့က တခြားနေရာက လာတာလား... ဒီနေရာက ရေကြီးတော့မှာဆိုတာ သိလား... မင်းတို့ မသွားသေးဘူးလား..."

ကျွမ်းချင်က သက်လတ်ပိုင်း အမျိုးသားဆီသို့ လျှောက်သွားကာ သူ့၏ မှတ်ပုံတင်ကို ထုတ်လိုက်သည်။

"မင်္ဂလာပါ... ကျွန်တော်က မြို့တော်ကနေ ဒီမှာတစ်ခုခုကို စုံစမ်းဖို့လာခဲ့တာပါ.."

"မင်းက ဒီကို ကျောက်ရုပ်ထုကြည့်ဖို့ လာခဲ့တာလား..."

သက်လတ်ပိုင်း အမျိုးသားက မှတ်ပုံတင်ကို ကြည့်ကာ ကျွမ်းချင်၏ ရည်ရွယ်ချက်ကို မှန်းဆလိုက်သည်။

"ငါက ရွာသူကြီးပဲ... ငါက ရွာကော်မတီမှာ ပျောက်သွားတဲ့ အရေးကြီး စာရွက်စာတမ်းကို ပြန်လာယူတာ... မင်းသိချင်တာတွေကို ငါဖြေပေးနိုင်တယ်... ဒါပေမဲ့ ဒီနေရာက အန္တရာယ်များတယ်... လမ်းသွားရင်း ပြောကြတာပေါ့..."

ကျွမ်းချင်က ခေါင်းညိတ်ပြကာ ကုန်းဖုကို ကြည့်လိုက်သည်။

"ကျေးဇူးပါ..."

ကျွမ်းချင်က ရွာလူကြီးကို ကျေးဇူးတင်လိုက်သည်။

"ဘာလို့ အရမ်းယဉ်ကျေးနေတာလဲ... မင်းကလည်း အများအကျိုးအတွက် လုပ်နေတာပဲလေ..."

ရွာလူကြီးက ဖူလီနှင့် သူတို့ကို မီလာသော ကုန်းဖုဘက်သို့ ခေါင်းလှည့်လိုက်သည်။ သူက ပြုံးပြလိုက်သည်။ 

"မြို့တော်က ဝန်ထမ်းရွေးတဲ့နေရာမှာ ရုပ်ရည်ရော ကြည့်တာလား..."

ကျွမ်းချင်က ရွာသူကြီး မည်သည်ကို ဆိုလိုသည်အား နားမလည်မီတွင် ကြောင်ငေးကြည့်နေပေသည်။ 

"မဟုတ်ဘူး... ဒါက တိုက်ဆိုင်တာပါ..."

"အဲ့ဒါဆိုရင် မင်းတို့ မြို့ကြီးရဲ့ သဘာဝ ပတ်ဝန်းကျင်ကိုက လူတွေကို အဟာရကောင်းကောင်းပေးနိုင်တာနေမယ်..."

ရွာလူကြီးက သက်ပြင်းချလိုက်သည်။

"မျိုးဆက် အဆက်ဆက် ဆင်းရဲလာတဲ့ ငါတို့ရဲ့ ဒီနေရာလိုမဟုတ်ဘူး... သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေက ရှာရခက်တယ်..."

"ရွာလူကြီး... အဲ့ ဘုရားကျောင်းပျက်ကြီးက ဘယ်သူ့အတွက် ဆောက်ထားတာလဲ..."
ဖူလီက မေးမြန်းရန် အခွင့်အရေးယူလိုက်သည်။

"ငါလဲ သေချာတော့မသိဘူး... အဲ့ ဘုရားကျောင်းပျက်ကြီးက ငါငယ်ငယ်တုန်းကတည်းက ရှိနေတာ... သိရသလောက်ကတော့ ပဒေသရာဇ် အယူသည်းမှုတွေ ပျောက်သွားတဲ့ နှစ်တွေမှာ ကလေးတစ်ချို့က မတွေးတောတတ်ပဲနဲ့ ဘုရားကျောင်းကို ဖျက်ချဖို့ သွားကြတယ်တဲ့... သူတို့ပြန်လာတော့ အဖျားအကြီးအကျယ် ခံစားရမယ်လို့ ဘယ်သူက တွေးမိမှာလဲ... သူတို့က အသက်ဆုံးရှုံးတော့မလိုကို ဖြစ်သွားကြတာ..."

ရွာလူကြီးက ဟောင်းနွမ်းနေသော ဘုရားကျောင်းကို ပြန်လှည့်ကြည့်လိုက်သည်။

"အဲ့ကတည်းက အဲ့နေရာ အနီးတဝိုက်ကို ဘယ်သူမှ မသွားတော့တာ... ရွာနတ်ဆရာပြောတာကတော့ အဲ့ဘုရားေကျာင်းက နတ်ဘုရားတစ်ပါးကို ရည်ရွယ်ထားပြီး သူ့ကို ရန်စတဲ့ လူတိုင်းက လက်စာချေ ခံရမယ်တဲ့..."

ရွာလူကြီးက အတော်များများကို ပြောပြလိုက်မိသည်ဟု ခံစားရပြီး အလျင်အမြန်ပင် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ 

"အောက်ခြေလူတန်းစားတစ်ရပ်အနေနဲ့ အဲ့လို ပဒေသရာဇ် အယူသည်းမှုတွေကိုတော့ ငါမယုံဘူးပေါ့... ဒါပေမဲ့ လူအများရဲ့ ဆန္ဒက နာခံရမယ်လေ... ဘာပဲဖြစ်ဖြစ် ရွာက လူနည်းနည်းပဲရှိလို့ နေရာလွတ်တွေပေါတာကို ဒီမှာ ထားထားလဲ လမ်းမပိတ်နေဘူးလေ..."

ဖူလီ : ...

ရွာလူကြီး... ခင်ဗျားရဲ့ နိုင်ငံရေး အသိကတော့ တော်တော်မြင့်တာပဲ...

"အဲ့ဒါက နတ်ဘုရား တစ်ပါးကို ရည်ညွှန်းထားတယ်လို့ ဘာလို့ အတတ်ပြောနိုင်တာလဲ..."

ကုန်းဖုက လှောင်ပြောင်လိုက်သည်။

"တခြားတစ်ခုလဲ မဖြစ်နိုင်ဘူးလား..."

"အဲ့ဒါကို ငါလဲ သေချာတော့မသိဘူး" 
ရွာလူကြီးက ထိတ်လန့်နေပေသည်။

"အဲ့ဒါတွေက လူကြီးတွေကနေ အဆင့်ဆင့် ဆင်းသက်လာတာ... အမှန်တရားက မရှင်းလင်းဘူး..."

ဒီသခင်လေးက ဘာဖြစ်နေတာလဲ... နေလဲ မပူ မိုးလဲမရွာပဲနဲ့ ဘာလို့ ထီးဆောင်းထားတာလဲ...

ကုန်းဖုက တိတ်ဆိတ်သွားကာ သူ့မျက်နှာက အမူအရာမဲ့ သွားလေသည်။

"ငါတို့နေရာက ဒီဘုရားကျောင်းရဲ့ နတ်သမီးနဲ့ ဆိုင်တဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်..."

ရွာလူကြီးက သူ့လက်များကို လိမ်ယှက်လိုက်သည်။

"မင်းတို့ စိတ်ဝင်စားလား... ငါပြောပြမယ်..."

ရွာထဲမှ ကလေးငယ်များက ထိုဒဏ္ဍာရီကို ကြားရသည်အား ပျင်းရိသွားပြီ ဖြစ်ရာ ရွာလူကြီးက အပြင်လူများကို ပြောပြရန် ကြုံလာသောအခါ အလွန် တက်ကြွနေပေသည်။

သူ့၏ စိတ်အားထက်သန်မှုကို မြင်ကာ ကျွမ်းချင်က ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါဆိုလဲ ပြောပြပါ..."

"ပြောကြတာကတော့ လွန်ခဲ့တဲ့ နှစ်အကြာကြီးတုန်းက မိုးတွေ အသည်းအသန်ရွာကြီး ပတ်ဝန်းကျင်က ရွာတွေက ရုတ်တရက် ရေကြီးသွားတယ်တဲ့... အဲ့အချိန်မှာ ကိစ္စတွေက အခုလိုမျိုး မဟုတ်ဘူးတဲ့... နိုင်ငံတော်ကလည်း ကိစ္စသေးသေးလေးကြောင့် ငါတို့ကို ကယ်ဖို့ နည်းလမ်းပေါင်းစုံ မစဉ်းစားဘူးလေ... အဲ့အချိန်တုန်းက အကူအညီကလည်း ဝေးလံလို့ ဒေသခံတရားရုံကလည်း ကောင်းကောင်း မကိုင်တွယ်နိုင်တော့ သာမန်လူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ဂရုစိုက်ဖို့ကို ဘယ်လိုလုပ်ပြီး အလေးထားနိုင်မှာလဲ... ရွာတွေအများကြီး ရေမြုပ်ပြီးတော့ သာမန်လူတွေက နေ့တိုင်းနေတိုင်း ငိုနေရတာပေါ့… အဲ့အချိန်မှာ နတ်ဘုရား နဂါးတစ်ကောင်က ရုတ်တရက် ကောင်းကင်ကနေ ဆင်းသက်လာကြီး သာမန်လူတွေ အကုန်လုံးကို တောင်ပေါ်ကို ရွေ့ပေးသွားပြီး အစားအသောက်တွေပါ ပေးသွားမယ်လို့ ဘယ်သူက ထင်မှာလဲ... နတ်ဘုရား နဂါးက လူတွေ အများကြီးကို ကယ်လိုက်ရလို့ အရမ်းပင်ပန်းသွားတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ မကြာခင်မှာပဲ အဖျားကြောင့် သေဆုံးသွားတယ်... အနီးနားက ရွာတွေက ဒီဘုရားကျောင်းကို သူ့ကို အမှတ်တရ တည်ထားတာ..."

ရွာလူကြီးက ဆိုလိုက်သည်။

"အကြီးအကဲတွေကတော့ သူတို့ရဲ့သားသမီးတွေက နေ့တိုင်း လာဘ်ပစ္စည်းတွေ ပေးနေသရွေ့ နတ်ဘုရားနဂါးက  ပြန်လည်ရှင်သန်လာပြီး ပင်လယ်ဆီကို ပြန်လာမယ်လို့ ပြောကြတယ်..."

ကုန်းဖုက လှောင်ပြောင်ရယ်မောလိုက်သည်။