Chapter 91
ရွာလူကြီးက သူသည် ထိုကိစ္စများကို အယုံအကြည်မရှိ၍ ရယ်မောသည်ဟု တွေး၍ ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ဒါတွေ အကုန်လုံးက ကောလဟာလတွေပါ... အမှန် ဟုတ်ချင်မှ ဟုတ်မှာ... ဒီနှစ်တွေ အကုန်လုံးမှာ လူကြီးတွေနဲ့ ကလေးတွေကလွဲရင် ဘယ်သူကမှ လာဘ်ပစ္စည်းတွေ မပေးကြတော့ဘူး..."
"လူသားတွေက အဲ့လိုပါပဲ... မေ့လွယ် ပြောင်းလွယ်တယ်..."
ကုန်းဖုက အဝေးမှ တောင်ကို ငေးကြည့်လိုက်သည်။ ၄င်းက 'သူ' ထိုလူသားများကို ကယ်တင်ပြီးနောက် အခြေချပေးခဲ့သော နေရာဖြစ်ပေသည်။
"အာ..."
ရွာလူကြီးက ကုန်းဖုကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
ဒီနေ့ခေတ် မြို့ကြီးကလူတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ... သူတို့ရဲ့ မကျေမချမ်းဖြစ်မှုက လူသားမျိုးနွယ်တစ်ခုလုံးထိပါ တိုးချဲ့ထားတာ...
ဖူလီက ကုန်းဖုကို ကြည့်ကာ အသံကူးပြောင်းပေးလိုက်သည်။
"ကုန်းဖုလူကြီးမင်း... ဒီလောက်လေးနဲ့ ကြောက်နေရင် တခြားတန်ဖိုးရှိတဲ့ အရာတွေအကြောင်းကို မေးဖို့ မဖြစ်နိုင်လောက်ဘူး..."
ကုန်းဖုက စကားမဆိုပဲ နှာမှုတ်လိုက်သည်။
သူတို့လေးဦးက လမ်းမပေါ်သို့ ရောက်လာကြသည်။ ရှေ့တွင် မှောက်နေသော မော်တော်ဆိုင်ကယ်တစ်စီးကို မြင်ကာ ရွာလူကြီးက ကပျာကသီ ပြေးသွားလိုက်သည်။
"တစ်ယောက်ယောက် မတော်တဆဖြစ်သွားတယ်..."
ကျွမ်းချင်နှင့် ဖူလီက မလှုပ်ပါပေ။ ရွာလူကြီး ညွှန်ပြလိုက်သည့် နေရာသို့ စူးစမ်းကြည့်လိုက်ရာ သနားသည့်အရိပ်အယောင်ပေါ်လာပေသည်။
ရွာလူကြီးက မော်တော်ဆိုင်ကယ်ဘေးသို့ အပြေးသွားလိုက်သည်။ သူ့နှလုံးသားထဲတွင်ထူးဆန်းသော ခံစားချက်တစ်ခု ရှိပေသည်။
အဲ့ဒါက သူ့ရဲ့ မော်တော်ဆိုင်ကယ် မဟုတ်ဘူးလား... ဘယ်သူက သူ့ဆိုင်ကယ်ကို ဒီအခြေအနေဖြစ်အောင် ဝင်တိုက်သွားတာလဲ...
သူက မြေပြင်ပေါ်ရှိ သွေးအိုင်ထဲတွင် လဲနေသော လူကိုတွေ့ရာ ကြောင်အသွားလေသည်။
အဲ့ဒါက... သူကိုယ်တိုင်မဟုတ်ဘူးလား...
သူက အလောင်းအား ကြောင်အစွာ ငေးကြည့်နေပြီးနောက် ဖူလီနှင့် တခြားသူများဆီသို့ အဖြေရှာနေသကဲ့သို့ လှည့်လိုက်သည်။ အတန်ကြာသည့်အခါမှသာ သူက မယုံနိုင်စွာမေးလိုက်လေသည်။
"ငါ-ငါသေသွားတာလား..."
သူက ဇနီးမရှိ သားသမီမရှိဖြစ်ကာ အလွန်နာကျင်စရာနည်းလမ်းဖြင့် သေဆုံးရခြင်း မဟုတ်သည်ဖြစ်ရာ ကိစ္စကြီး မဟုတ်ပါပေ။ သူက ခက်ခဲသော ဘဝတွင် နေထိုင်နေသူများက ဆန်ဝယ်ရန် စောင့်နေကြသော ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း ထောက်ပံ့ကြေးကို ပြန်လည်ရရှိရန်အတွက် ပြန်လာခဲ့ခြင်းဖြစ်သည်။ သူသေသွားပြီး ဖြစ်ရာ ဤကိစ္စက ထပ်မံ နှောင့်နှေးသွားနိုင်ပေသည်။
ဤလမ်းမကြီးသည်လည်း ပြင်ဆင်ရမည်ဖြစ်သည်။ ၄င်းက မိုးရွာပါက စိုစွတ်ကာ ရွံ့ထူပြီး လမ်းပေါ်တွင် မတော်တဆမှုများ အလွယ်တကူဖြစ်စေလေသည်။ သူက သိသာထင်ရှားသော ဉပမာဖြစ်ပေသည်။
"ဟုတ်တယ်... ခင်ဗျားသေသွားပြီ..."
ကုန်းဖုက ယဉ်ကျေးမှု အနည်းငယ်ပင် မရှိပဲ ဆိုလိုက်သည်။
"ခင်ဗျားက ငတုံးလား... ခင်ဗျားကိုယ် ခင်ဗျား သေလားရှင်လားတောင် မသိဘူးလား..."
"ဟီးဟီး..."
ရွာလူကြီးက ထိုကဲ့သို့ လှောင်ပြောင်ခံရသော်လည်း ဒေါသမထွက်ပါချေ။ သူက ပြုံးကာ ခေါင်းကုတ်လိုက်သည်။ အောက်ခြေလူတန်းစားတစ်ဦးအနေဖြင့် သူက လူအများစု၏ ဆူငေါက်ခြင်းကို မကြာခဏခံရတတ်ပေသည်။ တစ်ခါတစ်ရံတွင် သူက လုံထွေးသတ်ပုတ်ခြင်းများကိုပင် ကြုံရပြီး ယဉ်ကျေးသော အပြုအမူနှင့် လမ်းပြမှုကောင်းကို အလေးပေးရန် လိုပေသည်။ သို့ဖြစ်၍ ဤအလုပ်ကို နှစ်အတန်ကြာ လုပ်ကိုင်ပြီးနောက် သူက တဖြည်းဖြည်းနှင့် စိတ်ရှည်သော လူတစ်ဦးဖြစ်လာပေသည်။
"အဲ့ဒါဆိုရင် ငါအခု ဘာလုပ်သင့်လဲ..."
ရွာလူကြီးက အနည်းငယ် စိတ်ပူနေပေသည်။
"သေပြီးသား လူတစ်ယောက်က ဘယ်သွားသင့်လဲ..."
"ယင်းချိုင်တစ်ယောက်က ခင်ဗျားကို မြေအောက်သွားဖို့ လာခေါ်လိမ့်မယ်..."
ဖူလီက သူ့ဖုန်းကို ထုတ်ကာ ရဲတိုင်ကြားချက်တစ်ခုပြုလုပ်လိုက်သည်။ ရဲများ၏ သံသယဝင်ခံရမည်ကို စိုးရိမ်ကာ အရေးပေါ်ဆေးအကူကိုလည်း ခေါ်လိုက်ပေသည်။
"အိုး..."
ရွာလူကြီးက လမ်းမဘေးတွင် တင်ပုလ္လင်ခွေထိုင်လိုက်သည်။
"အဲ့ဒါဆိုရင် မင်းတို့ အမြန်ထွက်သွားသင့်တယ်... ငါဒီနားမှာ ယင်းချိုင်ကို စောင့်နေလိုက်မယ်... ငါက သရဲတစ်ကောင်ဆိုတော့ ရေကြီးတာကို မကြောက်ဘူး... ဒါပေမဲ့ မင်းတို့က ရေနစ်တာကနေ မလွတ်မြောက်နိုင်ဘူး..."
"ငါတို့က လူသားတွေလို့ ဘယ်သူပြောလဲ..."
ကုန်းဖုက လှောင်ပြောင်လိုက်သည်။
"လူသားဘယ်နှယောက်က သရဲ မြင်ဖူးလို့လဲ..."
ရွာလူကြီးက အထိတ်တလန့် ထရပ်လိုက်သည်။
"အဲ့ဒါဆို မင်းတို့က ဘာတွေလဲ..."
"ငါက..."
ဖူလီက ကုန်းဖု၏ ပါးစပ်ကို ဖုံးလိုက်သည်။
"သူက နောက်နေတာပါ... ငါတို့သုံးယောက်က ကျင့်ကြံသူတစ်ယောက်ဆီကနေ နည်းလမ်းနည်းနည်းသင်ထားလို့ ခင်ဗျားကို မြင်နေရတာ..."
"အဲ့ဒါဆိုရင် မင်တို့က မဟာသခင်တွေပေါ့..."
ရွာလူကြီးက ကျွမ်းချင်ကို သံသယအပြည့်နှင့် ကြည့်လိုက်သည်။
"မင်း ခုဏက ငါ့ကိုပြတဲ့ မှတ်ပုံတင်က အတုပေါ့... အဲ့ဒါဆိုရင် မင်းတို့က ငါတို့ရွာကို ဘာလာလုပ်တာလဲ... ငါတို့ နတ်ဘုရားရဲ့ ရုပ်ထုကို ခိုးဖို့လား..."
ကျွမ်းချင်က သူ့မျက်ခုံးများကို ပင့်လိုက်သည်။
"ငါအဲ့ ကျောက်တုံးကို ခိုးပြီး ဘာလုပ်ရမှာလဲ... ထိုင်ခုံလုပ်ရမှာလား..."
ရွာလူကြီး : ...
မှန်ပေသည်။
ကုန်းဖုက မလှုပ်မယှက်ရှိနေသော ကျွမ်းချင်ကို ကြည့်လိုက်သည်။ ကျွမ်းချင်က ခေါင်းငုံ့ကာ လက်ကိုင်ပုဝါတစ်ခုကို ဆွဲထုတ်ပြီး ဖူလီကို လက်ကိုဆွဲယူကာ သုတ်ပေးလိုက်သည်။
"မင်းလက်ပေါ်မှာ ရွံ့တွေ ပေသွားတယ်..."
"အာ..."
ဖူလီက ပြုံးပြလိုက်သည်။
"ကျေးဇူးပဲ..."
"ရပါတယ်..."
ကျွမ်းချင်က ကုန်းဖုကို တစ်ချက်ကြည့်ကာ ဖူလီကို ဆိုလိုက်သည်။
"နှစ်တစ်ထောင်ကျော်လောက်က သတင်းကိုရဖို့ သစ်ပင်တွေကိုသုံးတာက မဖြစ်နိုင်ဘူး... ဘာလို့လဲဆိုတော့ ဒီမှာ ဘယ်အပင်မှ အဲ့လောက်အကြာကြီးမရှင်ဘူး... ဒီတောင်တွေကလည်း အရမ်းသာမန်ပဲ... ဘယ်ေတာင်မှ တောင်ဝိညာဉ် ရှိမနေဘူး..."
"အဲ့ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ..."
အဝေးမှ ခေါင်းလောင်းသံများကြားရာ ကျွမ်းချင်က ပြန်ဖြေလိုက်သည်။
"မြေအောက်ကမ္ဘာက ယင်းချိုင်တွေက ဒေသခံလူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း လမ်းေကြာင်းတွေကို အရှင်းလင်းဆုံးဖြစ်မှာ..."
"သခင် ဖူလီ... ခေါင်းဆောင် ကျွမ်း... မင်းတို့ဘာလို့ ဒီရောက်နေတာလဲ..."
လီရှုက ဖူလီနှင့် ကျွမ်းချင်ကို မြင်ရာ အနည်းငယ် အံ့အားသင့်သွားလေသည်။
"ယင်းချိုင်ကြီး ကျွန်တော်တို့ မေးစရာတစ်ခုရှိလို့... ယင်းချိုင်ကြီးက ကျွန်တော်တို့ စိတ်ရှုပ်ထွေးနေတာကို ရှင်းပေးဖို့ ဆန္ဒရှိမလား သိပါရစေ..."
ဖူလီက လီရှုကို အရိုအသေပေးလိုက်သည်။ လီရှုက သူအရိုအသေပေးတာကို ချက်ချင်းရှောင်လိုက်ကာ ပြုံးပြလိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါ..."
"မြေအောက်ကမ္ဘာက လွန်ခဲ့နှစ် ၁၅၀၀က ဒီမှာ နေထိုင်ခဲ့တဲ့ ပြည်သူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းမှတ်တမ်းတွေကို စစ်ဆေးကြည့်လို့ ရလား..."
ဖူလီက ကုန်းဖုကို ကြည့်လိုက်သည်။
"ဒီကိစ္စက ကျွန်တော်တို့အတွက် အရမ်းအရေးပါတယ်... ယင်းချိုင်သခင်ကြီးက ကျွန်တော်တို့ကို ကူညီပေးဖို့တောင်းဆိုပါတယ်..."
"လွန်ခဲ့တဲ့ နှစ်၁၅၀၀က..."
လီရှုက တွေးတောလိုက်သည်။ သူ့ဖုန်းကို ထုတ်ကာဘေးတွင် ထိုင်နေသော ရွာလူကြီးကို ပြောလိုက်သည်။
"အရင်ဆုံး စောင့်နေဦး..."
"သဘောပါ... သဘောပါ..."
စိတ်လှုပ်ရှားမှုဖြင့် ကြည့်နေသော ရွာလူကြီးက ပျော်ရွှင်သွားသည်။ ဤသည်က သူ့ဘဝတစ်လျှောက်လုံးတွင် မမြင်ဖူးခဲ့သော ယင်းချိုင်တစ်ဦးဖြစ်ပေသည်။
လီရှုက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့၏ စာရင်းသွင်းစနစ်ကို ဝင်ရောက်ကာ လွန်ခဲ့သည့် နှစ်၁၅၀၀ကို ရှာလိုက်သည်။ တည်နေရာကို ထည့်လိုက်ပြီးနောက် စနစ်က သာမန်လူများ၏ မွေးစာရင်းများ၊ သူတို့၏ ဘဝ လမ်းကြောင်းများနှင့် သေဆုံးရခြင်း အကြောင်းတရားများကို ထုတ်ပေးလာသည်။
လူတစ်ဦး၏ ဘဝမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စာရင်းတွင်မူ စကားလုံး အနည်းငယ်သာ ရှိပေသည်။
"လွန်ခဲ့တဲ့ နှစ်၁၅၀၀... ခန့်မှန်ခြေအရဆို CE ၅၂၀တုန်းက ဒီနေရာရဲ့ လူအကုန်လုံးနီးပါးက ဓားပြအဖွဲ့တွေရဲ့ အသတ်ခံလိုက်ရတာ... လူ၂၀၀ကျော် သေသွားတယ်.."
လီရှုက ဆိုလိုက်သည်။
"သူတို့ရဲ့ မူလလမ်းကြောင်းအရဆို မသေသင့်ဘူး... ဒါပေမဲ့ ဒေသခံတွေက သူတို့ရဲ့ ကံတရားတွေကို ပြောင်းလဲသွားစေတဲ့ တားမြစ်နည်းစနစ်တစ်ခုကို သုံးမိထားပုံရတယ်... သူတို့က ကောင်းကင်ဘုံရဲ့ အမျက်သင့်တယ်လို့ပြောတာပဲ..."
"ကောင်းကင်ဘုံရဲ့ အမျက်..."
ဖူလီက အံ့အားသင့်သွားလေသည်။
"လူတွေ အဲ့လောက်အများကြီးက ကောင်းကင်ဘုံရဲ့ အမျက်သင့်တယ်..."
"ဟုတ်တယ်..."
လီရှုက ထိုနှစ်က ကောင်းကင်ဘုံ၏ အမျက်သင့်သည့် အဖြစ်အပျက်ပေါ်တွင် မှတ်တမ်းတင်ထားသော အချက်အလက်ကို ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"အဲ့သရဲတွေ မြေအောက်ကမ္ဘာကိုရောက်တော့ သူတို့က နတ်ဘုရား နဂါးရဲ့ ကောင်းချီးကို ရခဲ့တယ်လို့ပြောတယ်... ဒါပေမဲ့ နတ်ဘုရား နဂါးက သူတို့ကြောင့် သေခဲ့တာတဲ့... သူတို့ပြောတာကတော့ သူတို့က နတ်ဘုရား နဂါးရဲ့ အရိုးစုကို ပင်လယ်ထဲမှာ မြှုပ်နှံပြီး ဘုရာကျောင်းတစ်ခုဆောက်ပြီး နှစ်တိုင်း လာဘ်ပစ္စည်းတွေ ပေးနေရင် နတ်ဘုရားနဂါးက တစ်နေ့မှာ ပြန်ပြီး ရှင်သန်လာမယ်ဆိုပဲ... သူတို့က အဲ့လို ကလိမ်ကကျစ် အလေ့အကျင့်ကို ဘယ်ကကြားလာတာလဲဆိုတာ ဘယ်သူသိမှာလဲ…"
"သူတို့က... နတ်ဘုရား နဂါးကို ကယ်ချင်ခဲ့တာလား..."
ဖူလီက ရုတ်တရက် ကုန်းဖုကို ကြည့်လိုက်သည်။ သို့သော် ကုန်းဖုက ခေါင်းငုံ့ကာ တခြားသူများ၏ အကြည့်ကို ရှောင်ရှားလိုက်သည်။
"ဒီနေ့ရာမှာ တကယ်ပဲ နတ်ဘုရား နဂါးတစ်ကောင်ရှိရင် နတ်ဘုရား နဂါးက လူနည်းနည်းလေးကို ကယ်တာနဲ့ပဲ ဘယ်လိုလုပ်ပြီး ပင်ပန်းပြီး သေမှာလဲ... အဲ့ဒါက အဲ့နတ်ဘုရားနဂါးက သေလုနီးပါးဖြစ်နေပြီးသားလို့ ဆိုလိုတာလေ..."
လီရှုက သူ့ဖုန်းကို သိမ်းလိုက်သည်။
"နဂါးတစ်ကောင်ကို ပြန်အသက်သွင်းဖို့ ကြိုးစားကြတဲ့ လူတွေက သေဖို့ ကံပါလာကြတာ... အဲ့လို ကိစ္စမျိုးက ကောင်းကင်ဘုံ စည်းမျဉ်းကို ဆန့်ကျင်တာမို့ ကောင်ကင်ဘုံရဲ့ အမျက်သင့်တာ သဘာဝကျပါတယ်..."
"အဲ့လူတွေက လိမ်ပြီး နတ်ဘုရား နဂါးရဲ့ အရိုးစုကို သိမ်းထားပြီး မြစ်ရေကို ရေမကြီးလာအောင် လုပ်ချင်တာရော မဖြစ်နိုင်ဘူးလား..."
ဖူလီက မေးလိုက်သည်။
"သူတို့က အဲ့ဒါဆိုလည်း ကောင်းကင်ဘုံရဲ့ အမျက်သင့်ဦးမှာပဲလား..."
"အဲ့ဒါက အလောင်းတစ်ခုလေ... အမှိုက်တစ်ခုအနေနဲ့ သုံးရင်တောင် ကောင်းကင်ဘုံရဲ့ အမျက်က ဘာလို့ ရှိနေမှာလဲ..."
လီရှုက ခေါင်းခါလိုက်သည်။
"သခင်ဖူလီက အဲ့နှစ်က အဖြစ်အပျက်ကို ဘာလို့ စိတ်ဝင်စားတာလဲ... အဲ့ကိစ္စက အခု အန္တရာယ်ကျလုဆဲဆဲ ရေကြီးမှုနဲ့ တစ်ခုများဆိုင်နေလို့လား..."
"ဒီနေရာက ရေကြီးဦးမှာပဲလား..."
"ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း စာရင်းက မှတ်တမ်းတွေအရတော့ ဒီနေရာမှာ ဟိုးအရင်ကတည်းက ရေကြီးပြီး သေဆုံးမှုတွေ အများကြီးဖြစ်သင့်တာ...."
လီရှုက သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ ဒီမှာတစ်နေ့လုံး စောင့်ကြည့်နေတာတောင် ငါကြည့်လိုက်ရတဲ့ တစ်ခုတည်းသောအရာက သေအောင် စက်ဘီးစီးသွားတဲ့ ကံမကောင်းတဲ့ သရဲတစ်ကောင်ပဲ..."
သူက အလုပ်ဖုန်းကို ထပ်မံထုတ်ကာ ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
"ဒီနေ့ခေတ် လူအသိုင်းအဝိုင်းမှာ ပြောင်းလဲမှုတွေက တကယ်ကို မြန်မြန် ဖြစ်တာပဲ... ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း စာရင်းပေါ်က မှတ်တမ်းတွေကလည်း ပြောင်းသွားပြီ... ဒီမှာ ဘာရေကြီးတာမှ ရှိတော့မှာ မဟုတ်ဘူး... အဲ့ဒါဆို ကျွန်တော် အလုပ်ဆင်းသင့်ပြီ..."
လီရှုက ဝိညာဉ် ပိတ်လှောင် ချိန်းကြိုးဖြင့် ရွာလူကြီး၏ ဝိညာဉ်အား ချည်နှောင်က အလုပ်ဝန်မရှိတော့သဖြင့် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရပေသည်။
"ငါသူ့ကို ခေါ်သွားပြီးရင် အလုပ်ဆင်းတော့မယ်... အားလုံးပဲ နှုတ်ဆက်ပါတယ်..."
"နှုတ်ဆက်ပါတယ်..."
ဖူလီက ဘာပြောရမှန်းမသိပဲ သူ့နောက်ကို ကြည့်လိုက်သည်။
ကုန်းဖုက အဝေးမှ တောင်ကို ငေးကြည့်နေသည်။ ထို့နောက်သူက ခြေဆောင့်ကာ ပျံသွားလေသည်။ ၄င်းကိုမြင်ရာ ကျွမ်းချင်နှင့် ဖူလီက သူ့နောက်မှ လိုက်လာကြသည်။
လွန်ခဲ့သည့် နှစ်များက ပြန်လည် စိုက်ပျိုးရေး ပေါ်လစီကြောင့် တောင်ပေါ်တွင် သစ်ပင်များစွာရှိနေပြီးလမ်းကို မမြင်ရပါပေ။ သဘာဝအလျောက်ပင် လူသားများ၏ ခြေရာများ ရှိနေပေသည်။
တောင်တစ်လျှောက်တွင် လှိုဏ်ဂူတစ်ခုလည်း ရှိနေပေသည်။ ကုန်းဖုက အထဲသို့ မဝင်ပဲ လှိုဏ်ဂူပေါက်တွင် ရပ်နေသည်။
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ညပုလဲကြီးသုံးလုံးကိုထုတ်ကာ ကုန်းဖုနှင့် ကျွမ်းချင်ကို တစ်ခုစီပေးလိုက်သည်။ တောင်လှိုဏ်ဂူ၏ ဝင်ပေါက်က ချက်ချင်းပင် လင်းလက်လာသည်။
သူတို့က လှိုဏ်ဂူထဲသို့ လျှောက်ဝင်သွားသည့်အခါ ဖူလီက တစ်စိတ်တစ်ပိုင်းအားဖြင့် စိတ်ကူးစိတ်သန်းကင်းမဲ့နေကာ ရိုးရှင်းပြီး အကြမ်းထည်ဆန်လှသော နံရံပေါ်ရှိ ကျောက်ထွင်းရုပ်ထုများကို တွေ့ရသည်။
မြစ်ရှည်ကြီးတစ်စင်း၊ ရေနစ်နေသော လူသားများနှင့် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရား သားရဲတစ်ကောင်...
ဤသည်က နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ကျေးဇူးတင် စာလွှာတစ်ခုဖြစ်ပေသည်။
ဤနေရာမှ လူများက နတ်ဘုရား နဂါးက ထပ်မံနိုးထလာကာ ပင်လယ်ပြင်ကြီးနှင့် ကောင်းကင်ပြာသို့ ပြန်သွားရန် မျှော်လင့်နေကြပေသည်။
သို့သော် သူတို့က မိုက်မဲလွန်းသော နည်းလမ်းကို အသုံးပြုခဲ့ကြပေသည်။