အပိုင်း ၁၀၈၆
Viewers 53k

အခန်း ၁၀၈၆

သူတို့ကို ကိုယ်တိုင်စိုက်ထားတာ


မုန့်ချီက ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်နေသဖြင့် ပုဖန် အံ့ဩသွားသည်။


ကျေးဇူးတင်စရာ အကြောင်းမရှိဟု ပုဖန်တွေးနေမိသည်။

သူက ဂျုံပင်နည်းနည်းပေးလိုက်ရုံပဲလေ ... ဘာလို့ အဲ့လောက်ထိ ကျေးဇူးတင်နေရတာလဲ ...


မြို့တော်သခင်မုန့်ချီက အရမ်းယဉ်ကျေးလွန်းတာပဲ ...


အမှန်တွင် အစောပိုင်းက မုန့်ချီ မျှော်လင့်ချက်များ ပျောက်ဆုံးပြီး ယုံကြည်ချက်မရှိခဲ့ပေ။ သို့သော် ပုဖန်၏ ဂျုံပင်များကို ရရှိပြီး ၎င်းကို ထိလိုက်ချိန်တွင် ဤဂျုံပင်တစ်စည်းက အခြေအနေကို ပြောင်းလဲနိုင်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ ထူးဆန်းပြီး အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။


နောက်ပိုင်းတွင်လည်း ချက်ပြုတ်နေချိန်၌ ဂျုံပင်များက သူမကို ယုံကြည်ချက်ရှိရန် ကူညီပေးခဲ့သည့်အတွက် ပုဖန်ပေးသည့် ဂျုံပင်များက အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။


မော့ရှို့ ခေါက်ဆွဲများကို စားနေချိန်၌ သူ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။


ဘေးနားမှလူများလည်း သူ၏ ပြောင်းလဲမှုကို သတိထားမိသည်။


၎င်းက အံ့ဩခြင်းတစ်မျိုးဖြစ်ပြီး သူစိတ်ကူးမယဉ်နိုင်သော အံအားသင့်စရာတစ်ခုဖြစ်သည်။


မော့ရှို့က မုန့်ချီကို အချိန်အတော်ကြာ စစ်ဆေးနေခဲ့သည်။ သို့သော် မုန့်ချီက သူ့ကို စွဲမက်ဖွယ် အပြုံးဖြင့် ပြန်ဖြေခဲ့သည်။


ဂလု ...


မော့ရှို့ မှော်ဆန်သောအရာတစ်ခုကို ခံစားမိသည်။ ခေါက်ဆွဲများမှ ခံစားချက်က သာမန်မဟုတ်သည့် အတွက် နောက်ထပ်တစ်လုတ် ထပ်စားပြီး သူ၏ သံသယများကို စစ်ဆေးကြည့်မည်ဖြစ်သည်။


ထို့နောက် ... ဒုတိယမြောက်တစ်လုတ်က သူ၏မျက်လုံးများကို မှေးစင်းသွားစေသည်။


မော့ရှို့၏ ကမောက်ကမ ဖြစ်နေသည့်အသွင်အပြင်ကို နယ်ပယ်သခင်တိထိုက် မြင်လိုက်သည်။

မုန့်ချီရဲ့ ခေါက်ဆွဲက တစ်ခုခု ထူးဆန်းနေတာများလား ...


မုန့်ချီ၏ အချက်ပြုတ်စွမ်းရည်က မဆိုးလှသော်လည်း သူမက ခေါက်ဆွဲများ ချက်ပြုတ်ရာတွင် မကျွမ်းကျင်ပေ။


ကျန့်ခွမ်းကျို့၏ ခေါက်ဆွဲကြော်ကို ရင်ဆိုင်ရသည့်အခါ သူမ ဆိုးဝါးသောအခြေအနေတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ပင်။ 


ရိုးရိုးခေါက်ဆွဲပြုတ်က ပျင်းစရာကောင်းသော်လည်း ခေါက်ဆွဲကြော်က အနံ့မွှေးပြီး အရသာအလွှာပေါင်းစုံ ရှိသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။


ဟင်းလျာနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ရိုးရိုးခေါက်ဆွဲက ပို၍ ဆိုးဝါးသည်ဟု ထင်ရစေသည်။ 


အလင်းရောင်နှင့် မီးတောက်ဆိုလျှင် မီးတောက်က ပို၍ဆွဲဆောင်မှုရှိသည်။


နယ်ပယ်သခင်တိထိုက်က ပန်းကန်လုံးအသေးလေးကို ယူလိုက်သည်။ ပန်းကန်လုံးထဲမှ စွပ်ပြုတ်ဟင်းရည်က သူတော်စင်တော်ပေါ်မှ သန့်စင်သည့်ဝိညာဉ်စမ်းချောင်းတစ်ခုနှင့် တူနေပြီး အစက်အပြောက်ကင်းသည့် မှန်တစ်ချပ် ကဲ့သို့ပင်။ 


ခေါက်ဆွဲမျှင်များက နို့နှစ်ရောင် ဖြစ်နေကာ သေချာစွာဖီးသင်ထားသကဲ့သို့ သပ်ရပ်နေသည်။


ပူနေသည့်ခေါက်ဆွဲများကြောင့် စွပ်ပြုတ်ကလည်း ပို၍ ပူလာသည်။ ပန်းကန်လုံးထဲမှ ရေနွေးငွေ့များက ထူထဲသော တိမ်များကဲ့သို့ အဆက်မပြတ် တရွေ့ရွေ့ တက်လာသည်။


နယ်ပယ်သခင်တိထိုက် ပန်းကန်လုံးကို ကိုင်လိုက်သည်။ အငွေ့ကိုမှုတ်ထုတ်ရန် သူ၏ပါးစပ်က ပန်းကန်လုံး နှုတ်ခမ်းသားနားကို ရွေ့သွားသည်နှင့် အငွေ့က နောက်ပြန်ရွေ့သွားသည်။


ရွှတ် ...


ပထမဦးစွာ စွပ်ပြုတ်ကို သောက်လိုက်သည်။


ပူနွေးသာ့်စွပ်ပြုတ်က ပါးစပ်ထဲ ဝင်လာသည့်အခါ လှပသည့်အရသာတစ်ခု ပွင့်လန်းလာသည်။


ခေါက်ဆွဲစားသည့်အခါ ဟင်းရည်ကို ဦးစွာသောက်ရန် လိုအပ်ပေသည်။


ဟင်းရည်က ခေါက်ဆွဲတစ်ပန်းကန်ကို အကဲဖြတ်ရန် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်သောကြောင့် အရသာရှိမရှိ စစ်ဆေးရန် ၎င်းကိုမြည်းစမ်းကြည့်ရမည်ဖြစ်သည်။


နယ်ပယ်သခင်တိထိုက် ပါးစပ်ပိတ်လိုက်သည်နှင့် သူ၏မျက်လုံးများ တောက်ပလာသည်။


ဤစွပ်ပြုတ်က ကြည်လင်နေသော်လည်း ထူထဲသည့် အဆီအနှစ်များ ပါဝင်သည်။ 


" ဒီစွမ်ပြုတ်ရည်ကို ဒါဇင်နဲ့ချီတဲ့ မသေမျိုးဆေးပင်‌တွေရယ် ဝိညာဉ်သားရဲ အရိုးတွေနဲ့ ‌ချက်ထားတာမလား ..."


နယ်ပယ်သခင်တိထိုက် အံ့ဩသွားသည်။ မုန့်ချီကို ကြည့်နေသော သူ၏မျက်လုံးများက ထူးဆန်းနေသည်။


စွပ်ပြုတ်ရည်က အထူးအဆန်းဖြစ်နေသော်လည်း ၎င်း၏ ကွဲပြားချက်မှာ ခေါက်ဆွဲ၏ထူးခြားပြီး ကြွယ်ဝသောအရသာဖြစ်သည်။


ထိုအရသာကြောင့် နယ်ပယ်သခင်တိထိုက် ခေါက်ဆွဲစားချင်စိတ်များ ဖြစ်ပေါ်လာသည်။ 


တူကိုယူပြီး သေသပ်လှပသည့် ခေါက်ဆွဲမျှင်များကို ယူလိုက်သည်။


ခေါက်ဆွဲမျှင်တိုင်းတွင်လည်း စွပ်ပြုတ်အရသာက စိမ့်ဝင်နေသည်။


ခေါက်ဆွဲကို ပါးစပ်ထဲထည့်လိုက်သည့်အခါ ဆူညံစွာ စားသောကိနေသံက အဆက်မပြတ် ပဲ့တင်ထပ်လာသည်။


ကြည့်ရှု့နေကြသော အင်မော်တယ်စားဖိုမှူးအုပ်စုလည်း တံတွေးမျိုချနေကြသည်။ နယ်ပယ်သခင်တိထိုက် ခေါက်ဆွဲစားနေသည်ကို မြင်ပြီး သူတို့လည်း ဗိုက်ဆာလာကြသည်။


ချီလင်စားဖိုမှူးဟင်းလျာများက လူတို့၏ အရသာခံအာရုံကို အမြဲ လှုံ့ဆော်ပေးနေသည်။


နယ်ပယ်သခင်တိထိုက် ခေါက်ဆွဲကို ဝါးလိုက်ချိန်တွင် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ‌ခေါက်ဆွဲအပိုင်းအစတိုင်းက သူ၏ ခံတွင်းထဲတွင် စမ်းချောင်းငယ်တစ်ခု စီးဆင်းနေသကဲ့သို့ ဖြစ်ကာ ထူထဲသည့် မသေမျိုးစွမ်းအင်များကို ထုတ်လွှတ်ပေးနေသည်။


သို့ရာတွင် ၎င်းတို့က အရေးမကြီးပေ။


အရေးကြီးသည့်အရာမှာ ထိုခေါက်ဆွဲမျှင်များတွင် ထူးဆန်းသည့် စွမ်းအင်အတက်အကျများ ပါဝင်ပြီး ၎င်းတို့က ခေါက်ဆွဲ၏ အရသာကို မြှင့်တင်ပေးနိုင်သည်။


မော့ရှို့၏မျက်နှာ အဘယ့်ကြောင့် ထူးဆန်းသွားသည်ကို နောက်ဆုံးတွင် နယ်ပယ်သခင်တိထိုက် သိလိုက်ရသည်။


ခေါက်ဆွဲ၏ စွမ်းအင်အတက်အကျများက ဟင်းလျာတစ်ခုလုံးကို သန့်စင်ပေးလိုက်သည်။


ရိုးရှင်းစွာ ပြောရလျှင် ထိုအတက်အကျလှိုင်းများ မရှိပါက မုန့်ချီရှုံးနိမ့်မည်မှာ သေချာသည်။ သို့သော် ပါဝင်ပစ္စည်းများထဲမှ အတက်အကျစွမ်းအင်များကြောင့် ပြိုင်ပွဲ၏ရလဒ်ကို ဆုံးဖြတ်ရန် ပို၍ ခက်ခဲလာသည်။


ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာ ပြောရခက်လာပြီ ...


" ဒီစွမ်းအင် အတက်အကျလှိုင်းတွေက ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒများလား ..."

နယ်ပယ်သခင်တိထိုက် အံ့အားသင့်စွာ ပြောလိုက်သည်။


မော့ရှို့က ၎င်းသည် မဟာနယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒဟု ပြောခဲ့သည်။ ထိုဂျုံပင်က ကြီးကျယ်ခမ်းနား၍ နက်နဲသောအရာတစ်ခုဖြစ်သည်။


၎င်းက မဟာနိယာမလမ်းကြောင်းကြီးခန့် စွမ်းအားမကြီးသော်လည်း အဆင်မြှင့်တင်ထားသည့် ဟင်းလျာတစ်မျိုးပင်။


စားပြီးချိန်တွင် ကမ္ဘာသစ်တစ်ခုဆီသို့ လျှောက်လှမ်းနေသည်ဟု ခံစားရနိုင်သည်။


တစ်ဖက်တွင်မူ ...


လုယီ ခေါက်ဆွဲစားနေသည်ကို ကြည့်နေကြသည်။


အားလုံး ထိတ်လန့်သွားကြသည်။


လုယီ ငိုနေတယ် ...


သူ ခေါက်ဆွဲစားလျက် ငိုကြွေးနေဟည်။ မျက်ရည်နှင့် နှာရည်များ စီးကျနေပြီး ငိုရှိုက်နေသည်။


သူ၏ပါးစပ်ထဲမှ ခေါက်ဆွဲက ချက်ပြုတ်ခြင်းအနုပညာတစ်ခုနှင့်တူပြီး သူ့ကို စိတ်လှုပ်ရှားသွားစေသည်။ သူ၏ နှလုံးသားထဲတွင် သိမ်းဆည်းထားသည့် ခံစားချက်ပေါင်းစုံ ပေါက်ကွဲထွက်လာပြီး အချိန်အတော်ကြာ စု‌ဆောင်းထားသည့် နာကျည်းမှုများကို နောက်ဆုံးတွင် လွှတ်ချလိုက်သည်။


ထိုအချိန်တွင် သူ၏နှလုံးသားက ရှင်းလင်းနေသည်။ ရှုံးနိမ့်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ခံစားချက်များက ဤခေါက်ဆွဲတစ်ပန်းကန်ကြောင့် လွင့်ပြယ်သွားသည်။


" ကဲ ရမှတ်တွေပေးဖို့ အချိန်ကျပြီ ..."

ခွေးဘုရင် ပြောလိုက်သည်။


ကောင်လေးပုဖန်က မခန့်မှန်းထားခဲ့တာ တစ်ခုခုကို လုပ်လိုက်တဲ့ပုံပဲ .... ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒပါတဲ့ ဂျုံပင်ကို သူဘယ်ကများ ယူစိုက်ထားတာလဲ ...


သူအရင်တုန်းက ကောင်းကင်ဘုံလမ်းကြောင်းကြီးကို မြည်းဖူးတဲ့အတွက် ခေါက်ဆွဲထဲက အရသာကို မှတ်မိနေတယ် ...


ထို့ကြောင့် ခွေးဘုရင် အံ့ဩနေခြင်းဖြစ်သည်။


ပုဖန်သည်လည်း မည့်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မသိပေ။ တခြားလူများ၏ အကြည့်က သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။


ဘာလို့ သူ့ကို အဲ့လို ကြည့်နေကြတာလဲ ...


ဝှစ် ...


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ ဧရာမအရိပ်ကြီးက ၎င်း၏ သွေးနီရောင်ကျောက်မျက်မှ အလင်းရောင်များ ထုတ်လွှတ်ပေးနေသည်။


မုန့်ချီ၏ ရေစီးအောက်မှ တံတားငယ်ကို ဒိုင်လူကြီးများ အမှတ်ပေးရန်အချိန်ဖြစ်သည်။


အားလုံး အသက်ရှုအောင့်ထားကြသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အနာဂတ်က ဤနေရာတွင် ရှ်ိနေသည်။

ဒီစားဖိုမှူးစိန်ခေါ်ပွဲကို ရှုံးရင် သူတို့ဘာမှ မတတ်နိုင်တော့ဘူး ...


အင်မော်တယ်စားဖိုမှူးများ လက်သီးကျစ်ကျစ်ဆုပ်ထားပြီး သူတို့၏ရင်ထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။


မော့ရှို့၏ ခေါင်းအထက်တွင် အလင်းရောင် တောက်နေသည်။ စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရား၏မျက်စိရှေ့မှောက်တွင် စတင်အမှတ်ပေးနေသည်။


" ကိုးဆယ် ..."


အင်မော်တယ်စားဖိုမှူးအုပ်စု သက်ပြင်းချလိုက်ကြသည်။ အမှတ်ကိုးဆယ်က အလွန်မမြင့်သော်လည်း ‌အစောပိုင်းက နယ်သာစားဖိုမှူးကို ပေးခဲ့သည့်အမှတ်နှင့် တူတူဖြစ်သည်။


မည်သို့ပင်ဖြစ်စေ အင်မော်တယ်စားဖိုမှူးများ အားတက်လာပြီး ယခင်ထက်ပို၍ မျှော်လင့်ချက်ရှိလာသည်။


မော့ရှို့က သူတို့၏ ရန်သူဖြစ်သော်လည်းရမှတ်များများ ပေးသည့်အတွက် နတ်ဘုရားမမုန့်ချီ၏ ဟင်းလျာက မဆိုးပေဟု ဆိုလိုခြင်းဖြစ်သည်။


မော့ရှို့ အမှတ်များများ ပေးသည်ကို ကျန့်ခွမ်းကျို့ မယုံကြည်နိုင်ပေ။


သို့သော် သူ ယုံကြည်မှု ရှိနေသည့်အတွက် စိတ်ငြိမ်ငြိမ်ထားလိုက်သည်။


မိုးကြိုးပြစ်ဒဏ်တိုက်ပွဲတွင် သူ၏ မိုးကြိုးနဂါးများက ပို၍ ကြာကြာနေနိုင်ခဲ့သည်။ 


သူ့ရဲ့ဟင်းလျာက အနိုင်ရသင့်တယ် ...


ဘာမှမပါတဲ့ ရိုးရိုးခေါက်ဆွဲပြုတ် တစ်ပန်းကန်က သူ့ရဲ့ ခေါက်ဆွဲကြော်ကို ချေမှူန်းနိုင်မယ်တဲ့လား ...


ကျန့်ခွမ်းကျို့ လက်ပိုက်ပြီး မုန့်ချီကို မောက်မာစွာဖြင့် အေးစက်စက် ကြည့်နေသည်။ 


သူက သေချာပေါက်နိုင်မှာပဲ ... ကျဆုံးခါနီးနေတဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ချီလင်စားဖိုမှူးကို အမှုန့်ချေပစ်ရမယ် ...


ခွေးဘုရင်က အမှတ်ပေးလိုက်သည်။


" ကိုးဆယ့်တစ် ..."


၎င်းက ကျန့်ခွမ်းကျို့၏ ဟင်းလျာနှင့် အမှတ်တူတူပင် ဖြစ်သည်။ အကယ်၍ ခွေးဘုရင်က ကောင်းကင်ဘုံလမ်းကြောင်းကြီးကို မမြည်းစမ်းဖူးပါက ပို၍ အမှတ်မြင့် နေနိုင်သည်။


ကောင်းကင်ဘုံလမ်းကြောင်းကြီးကို မြည်းစမ်းကြည့်ပြီးနောက် ဤဟင်းလျာအပေါ်တွင် စိတ်အားထက်သန်မှု မရှိတော့သည့်အတွက် ဤအမှတ်သာ ပေးခြင်းဖြစ်သည်။


နယ်ပယ်သခင်တိထိုက် ပါးစပ်ထဲမှ ခေါက်ဆွဲများကို မျိုချလိုက်သည်။ ထို့နောက် ပန်းကန်လုံးကိုကိုင်၍ ကြည်လင်နေသော စွပ်ပြုတ်ရည်ကို သောက်လိုက်သည်။


အစာအိမ်ထဲမှ စွပ်ပြုတ်၏ လန်းဆန်းသောခံစားချက်က တိထိုက်၏ ချွေးပေါက်များကို ပွင့်သွားစေသည်။


" အရမ်းကောင်းတာပဲ ..."

နယ်ပယ်သခင်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။


ဝှစ် ...


သူ၏ခေါင်းအထက်တွင် ရမှတ်တစ်ခု ထွက်ပေါ်လာသည်။


" ကိုးဆယ့်တစ် ..."


အင်မော်တယ်စားဖိုမှူးများ အော်ဟစ်ပြီး လက်သီးလက်မောင်းတန်းကုန်ကြသည်။


မုန့်ချီ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ဤရမှတ်က ကျန့်ခွမ်းကျို့၏ အမှတ်ကို ကျော်လွန်သွားခဲ့သည်။


နောက်ဆုံးတွင် လုယီအမှတ်ပေးရန် အလှည့်ရောက်လာသည်။


အားလုံးက လုယီကို စူးစူးရဲရဲ ကြည့်နေကြသည်။

ဒီကောင်က ကျန့်ခွမ်းကျို့ကို ကိုးဆယ့်ငါးမှတ်တောင် ပေးထားတာ ...


ကျန့်ခွမ်းကျို့ စိတ်မသက်မသာ ဖြစ်လာသည်။ ယုံကြည်ချက်များ ပြည့်နေခဲ့သော်လည်း ယခုချိန်၌ ဖိအားကို ခံစားလာရသည်။


သူ လုယီကိုကြည့်ပြီးမျှော်လင့်နေသည်။ ဤလူ၏ ရမှတ်က စားဖိုမှူးစိန်ခေါ်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်။


ယခုအချိန်၌ လထေုက အေးခဲနေသည်။


ပုဖန်လည်း သည်းမခံနိုင်ပဲ လှည့်ကြည့်မိသည်။ ထို့နောက် သူ၏မျက်လုံးများ မှေးစင်းသွားသည်။


လုယီ ငိုနေသည်။ ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကြောင့် အရာအားလုံးကို အပြည့်အဝ နားလည်သွားသည်။


ဝတ်ရုံလက်ဖြင့် မျက်နှာကို သုတ်လိုက်ပြီး နှာရှုံ့လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်နှာမှ မျက်ရည်နှင့် နှာရည်များ ပြောင်စင်သွားသည်။


ရောင်ခြည်တန်းများက ကောင်းကင်မှ ကျလာပြီး သူ၏ခေါင်းပေါ်ရောက်လာသည်။


ထိုရောင်ခြည်တန်းက ကိန်းဂဏန်းများ ဖြစ်ပေါ်လာစဉ် အားလုံးငေးမောကြည့်နေကြသည်။


နံပါတ်များ ထွက်လာသည်နှင့် ...


အားလုံး မျက်လုံးများကျုံ့သွားပြီး ‌မေးရိုးပြုတ်ကျကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။


လုယီက နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးလိုက်သည်။ထို့အပြင် လုယီပေးလိုက်မည့်ရလဒ်က အားလုံး၏ အာရုံစိုက်စရာ ဖြစ်လာသည်။


မုန့်ချီ တဒိတ်ဒိတ်ခုတ်နေသော သူမရင်ဘတ်ကို ဖိထားပြီး သူမမျက်လုံးများက အနည်းငယ် ကြောက်ရွံ့နေသည်။ သူမ ရှုံးသွားမည်ကို ကြောက်နေမိသည်။ ဤဆုံးရှုံးမှုရလဒ်ကို သူမ တာဝန်ခံနိုင်မည် မဟုတ်ပေ။


သူမ၏ မျက်တောင်မွှေးရှည်များလည်း တုန်ယင်နေပြီး မျက်စိကို မှိတ်ထားမိသည်။ ရလဒ်ကို သူမ မကြည့်ရဲပေ။


ရုတ်တရက် ...


ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ပတ်ဝန်းကျင်မှ ကျယ်လောင်သည့် ဆူဆူညံညံအသံများ ထွက်လာသည်။


အင်မော်တယ်စားဖိုမှူးများ၏ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားစွာ အားပေးသံများကြောင်း မုန့်ချီ၏ ခန္ဓာကိုယ်တုန်ယင်လာသည်။


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."

ကျန့်ခွမ်းကျိုး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အော်ဟစ်သံတွင် ဒေါသနှင့် မယုံကြည်နိုင်မှုများ ပါဝင်နေသည်။


မုန့်ချီ အံ့ဩသွားသည်။ သူမ မျက်လုံးကိုဖွင့်ပြီး လုယီ၏ ခေါင်းအထက်မှ ရလဒ်ကို ကြည့်လိုက်သည်။


" ကိုးဆယ့်ရှစ်တောင်လား ..."


အရမ်းမြင့်တဲ့ ရမှတ်ပဲ ...


စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရား၏ မျက်စိရှေ့မှောက်တွင် လုယီကအမြင့်ဆုံးရမှတ်ကို ပေးလိုက်သည်။ လုယီ၏ ကိုယ်ပိုင်အရည်အချင်းက မမြင့်မားသော်လည်း ၎င်း၏နောက်ဆုံးရလဒ်ကို ပေးစွမ်းနိုင်မှုအပေါ် မထိခိုက်စေခဲ့ပေ။


မုန့်ချီ၏ ရမှတ်က ကျန့်ခွမ်းကျို့ကို လုံးဝအနိုင်ယူနိုင်ခဲ့သည်။


လုယီ မျက်လုံးပိတ်ထားသော်လည်း သူ၏မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။


သူ အလွန်ခံစားနေရသာ်။


ဤခေါက်ဆွဲတစ်ပန်းကန်၏ သူ၏ချက်ပြုတ်ခြင်းလမ်းကြောင်းမှ မျှော်လင့်ချက်နှင့် ယုံကြည်မှုများကို ပြန်လည်ယူဆောင်ပေးခဲ့သည်။


ဤချက်ပြုတ်ခြင်းလမ်းကြောင်း‌တွင် သူ လျင်မြန်စွာ ရွေ့လျားမှ ဖြစ်တော့မည်။


သူ ဆက်ပြီး ရှေ့တိုးရမယ် ... အရှုံးပေးလို့ မဖြစ်တော့ဘူး ...


မော့ရှို့၏ မျက်နှာက အရုပ်ဆိုးလာသည်။


သူတို့ ရှူံးသွားတယ်ပေါ့ ... ကျန့်ခွမ်းကျို့က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ချီလင်စားဖိုမှူးရဲ့ ချေမှူန်းတာကို ခံလိုက်ရတာလား ...


" အမှိုက်လိုကောင် ..."


မော့ရှို့၏မျက်နှာက အေးစက်နေသည်။ သူ၏ မီးဖခိုးရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ အေးစက်စွာဖြင့် သရော်လိုက်သည်။


ကျန့်ခွမ်းကျို့ မတွေးတောနိုင်အောင် ဖြစ်သွားပြီး သူ၏မျက်လုံးများက အသက်မဲ့လာသည်။


သူရှုံးသွားတာလား ...


" မဖြစ်နိုင်ဘူး ... ငါက ဘာလို့ ရှုံးရမှာလဲ ... ငါသုံးထားတဲ့ဂျုံပင်က နတ်ဆိုးနတ်ဘုရားဘာလီပင်လေ ... ငါ့အသက်ကိုစွန့်ပြီး နတ်ဆိုးနတ်ဘုရားစစ်မြေပြင်ထဲက သွားခူးခဲ့ရတာ ... ဘာလို့ ရှုံးသွားရတာလဲ ..."


ကျန့်ခွမ်းကျို့က ရလဒ်ကို လက်မခံနိုင်ပဲ အက်ကွဲသံကြီးနှင့် အော်နေသည်။


သူ၏မျက်လုံးများက မခံမရပ်နိုင်ဖြစ်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။


ရုတ်တရက် ...


ကျန့်ခွမ်းကျို့ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ တစ်ဖက်ကိုလှည့်ကာ အဝေးမှပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


မုန့်ချီအနိုင်ရခဲ့သည်။ ထူးဆန်းသောဖြစ်ရပ်မှာ ထိုကောင်လေးက သူမကို ဂျုံပင်များ ပေးခဲ့ခြင်းပင်။


အဲ့တာ ဘာဂျုံပင်လဲ ...


ဝှစ် ...


ကျန့်ခွမ်းကျို့၏ပုံရိပ်က ပုဖန်ဆီ တစ်ဟုန်ထိုး ပျံသွားသည်။


သို့သော် သူက ပုဖန်နား မကပ်နိုင်မီမှာပင် သူ၏ခေါင်းထက်၌ လက်ဖဝါးတစ်ခု ပေါ်လာသည်။


ဝုန်း ...


ကျန့်ခွမ်းကျို့ ‌ထိုလက်ဖဝါးကြောင့် မြေပြင်ပေါ် ရိုက်ချခံလိုက်ရသည်။ ပါးစပ်ထဲမှ သွေးများစီးကျလာသည်။


ခွေးဘုရင်က ကျန့်ခွမ်းကျို့ကို ဂရုမစိုက်သလိုပင် ကြည့်လိုက်သည်။ 

ဒီကောင်က ‌စားဖိုမှူးစိန်ခေါ်ပွဲမှာ ရှုံးသွားတာနဲ့ ပုဖန်ကို တိုက်ခိုက်တော့တာပဲ ...


ခွေးဘုရင်က ရိုးရိုးခေါက်ဆွဲတစ်ပန်းကန်စားပြီးတာနဲ့ သက်သက်လွတ်စားတဲ့သူ ဖြစ်သွားပြီ ထင်နေလား ...


" အဲ့ ... အဲ့ဒီဂျုံက ဘာလဲ ..."

ကျန့်ခွမ်းကျို့ ခေါင်းမော့၍ ပုဖန်ကိုကြည့်ကာ အက်ကွဲကွဲအသံဖြင့် မေးလိုက်သည်။


" ဒီ ဂျုံပင်တွေကို ပြောတာလား ..."


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။

ဒီဂျုံပင်က မုန့်ချီနိုင်သွားရတဲ့ တကယ့်အကြောင်းပြချက်လား ...


ပုဖန် ခဏခန့်တွေးနေပြီးနောက် ရိုးသားစွာ‌ဖြေလိုက်သည်။

" ဒီ ဂျုံတွေကို ကျုပ်ကိုယ်တိုင်စိုက်ထားတာလေ ..."


ယခင်က ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် အစေ့ကို သူစိုက်ပျိုးခဲ့သည်။


သူစိုက်ထားတာလား ...


ထြီး ...


ကျန့်ခွမ်းကျို့ သွေးအန်နေသည်။

ပထမအဆင့် အင်မော်တယ်စားဖိုမှူး စိုက်ထားတဲ့ဂျုံပင်က သူကိုယ်တိုင် အသက်နဲ့ရင်းပြီး ခူးလာတဲ့ နတ်ဆိုးနတ်ဘုရားဘာလီပင်ကို ချေမှူန်းနိုင်တယ်တဲ့လား ...


ဘာလို့ မျက်နှာတည်ကြီးနဲ့ လိမ်နေရတာတုန်း ...


မုန့်ချီ သူမပါးစပ်ကို အုပ်ထားသည်။ သူမ၏ လှပသောမျက်နှာက အပြုံးများဖြင့် ပွင့်လန်းနေသည်။


" နတ်ဆိုးဘုရင်ကြီးက တကယ်မိုက်တာပဲ ... သူကနယ်သာစားဖိုမှူးကို ဒေါသထွက်ပြီးသေအောင် လုပ်နေတယ် ..."