အပိုင်း ၁၀၈၈
Viewers 53k

အခန်း ၁၀၈၈

မျိုးစပ် ပါဝင်ပစ္စည်းများ၏ဖခင် နျိုဟန်စန်း


နံရိုးချိုချဉ်တဲ့လား ...


ဒုတိယပွဲ၏ ခေါင်းစဉ်က အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ 


ခေါင်းစဉ်က အထူးဟင်းလျာတစ်မျိုး၏ အမည်ဖြစ်လိမ့်မည်ဟု မထင်ထားကြပေ။


ထိုမျှသာမက ... နံရိုးချိုချဉ်ဟုသာ ပြော၍ ရသော်လည်း ထိုခွေးက ရှေ့မှ ရသာမွန် ဆိုသည်ကို ထည့်ပြောထားသေးသည်။ 


ကမောက်ကမဖြစ်နေသည်ဟု အားလုံးခံစားနေရသည်။ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။


ခွေးဘုရင်၏ အမူအရာကို မြင်သောအခါမှ ထိုခွေးက ဒုတိယစိန်ခ်ါပွဲအတွက် အဘယ်ကြောင့် နံရိုးချိုချဉ်ကို ရွေးချယ်ရန် ကြံစည်ထားသည်ကို သိလိုက်ကြရသည်။


ထိုသို့ စိတ်လှုပ်ရှားနေသောအကြည့် အသံကိုမြှင့်လိုက်ခြင်းနှင့် သိသာထင်ရှားနေသည့် တံတွေးမျိုချသံများက ကြေညာချက်နောက်တွင် ကပ်ပါလာသဖြင့် ခွေးဘုရင်က သူ၏အစာအိမ်အကြောင်းသာ တွေးသည်က်ို သူတို့ သိလိုက်ရသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။

ခွေးဘုရင်က အကြံ‌သမား ဖြစ်လာတာပဲ ...


သူက ဒီနေရာကို နံရိုးချိုချဉ်စားချင်လို့ ရောက်လာတာကိုး ...


ခွေးဘုရင်ကို လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်ကို လျှာနှင့်သပ်နေပြီး သူ့ကိုလှမ်းကြည့်နေသည်ကို ပုဖန်မြင်လိုက်ရသည်။


လျှို့မော့ပိုင် မျက်စိစွေကြည့်လိုက်သည်။

ခေါင်းစဉ်က နံရိုးချိုချဉ်တဲ့လား ...


သူ အသက်ပြင်းပြင်းရှုလိုက်သည်။ 


ကြီးမားတဲ့ ကန့်သတ်ချက်တစ်ခုပဲ ... အရင်ဆုံး ဟင်းလျာက နံရိုးချိုချဉ် ဖြစ်ရမယ် ...ရရာပစ္စည်းနဲ့ အလွယ် လုပ်လို့မရဘူးပေါ့ ...


ပုံသေဟင်းလျာတစ်ခုတွင် တီထွင်ဖန်တီးမှုရှိပြီး အပြောင်းအလဲပြုလုပ်ရန် ခက်ခဲလိမ့်မည်။


သို့သော် လျှို့မော့ပိုင် မစိုးရိမ်ပေ။


နယ်သာစားဖိုမှူး၏ အမွေအနှစ်ကြောင့် သူ့ထံတွင် အတွေ့အကြုံများစွာရှိသည်။ စားဖိုမှူးစိန်ခေါ်ပွဲကို မည်သည့်အခါမျှ ရှုံးမည်မဟုတ်ပေ။ 


ကိုးကြိမ်ပြောင်းမျိုးနွယ်၏ အမွေအနှစ်က စားဖိုမှူးစိန်ခေါ်ပွဲအတွက် ဖြစ်တည်လာခြင်းဟုပင် ဆိုနိုင်သည်။


ထိုမျိုးနွယ်က ရက်စက်ကြမ်းကြုတ်သည်ကိုသိ၍ မော့ရှို့က လျှို့မော့ပိုင်အပေါ်တွင် ယုံကြည်ချက်ရှိသည်။ ထိုမျိုးဆက်က သူတို့၏ ရန်သူများကို စိတ်ပျက်အားငယ်အောင် ပြုလုပ်နိုင်သည်။ 


" မင်းတို့ရဲ့ ဟင်းလျာအကြောင်းစဉ်းစားဖို့ လက်ဖက်ရည်တစ်ခွက်ငှဲ့ချိန်ရဲ့ တစ်ဝက်စာ အချိန်ရမယ် ..."

ခွေးဘုရင် ပြောလိုက်သည်။


ထို့နောက် သူ၏မျက်လုံးများက ပုဖန်နှင့် လျှို့မော့ပိုင်ဘက်သို့ ရောက်သွားပြီး ထပ်ပြောလိုက်သည်။

" ခွေးဘုရင်က မင်းတို့ကို မျှော်လင့်ထားတယ်နော် ..."


ပုဖန် မျက်ဆဲလှန်လိုက်သည်။ 

မဟုတ်ပါဘူး ခင်ဗျားက နံရိုးချိုချဉ်ကိုပဲ မျှော်လင့်နေတာပါ ...


ဝဲစားခွေးက နောက်ဆုံးတော့ အကြံအစည်တွေကို ထုတ်ဖော်ပြောလိုက်ပြီပေါ့ ...


မြို့တော်သခင်မုန့်ချီ က မျက်ခုံးများ ပင့်ထားသည်။ သူမ မျက်လုံးများက စိုးရိမ်နေသည့်ပုံပင်။ လျှို့မော့ပိုင်၏ ကိုးကြိမ်ပြောင်းအချက်အပြုတ်နှလုံးသားလမ်းစဉ်က သူမကို နှလုံးခုန်မြန်အောင် လုပ်နေသည်။


ပိုင်ရှင်ပု နိုင်မှဖြစ်မယ် ...


ပိုင်ရှင်ပု ရှုံးနိမ့်သွားပါက တတိယမြောက် စားဖိုမှူးစိန်ခေါ်ပွဲကို မဖြစ်မနေ လုပ်ရတော့မည်ဖြစ်သည်။


တတိယမြောက် စားဖိုမှူးစိန်ခေါ်ပွဲက နယ်ပယ်သခင်တိထိုက်နှင့် မော့ရှို့တို့ကြားမှ ပြိုင်ပွဲ ဖြစ်လာလိမ့်မည်။


မော့ရှို့က သူမကို ပြင်းထန်သည့် ဖိအားများပေးနေသည်။ အကြည့်တစ်ချက်ဖြင့် သူ့ထံမှလာသည့် ကြောက်မက်ဖွယ်ဖိအားကို ခံစားနိုင်သည်။


သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ရင်ဆိုင်ရခြင်းက တစ်ကမ္ဘာလုံးကို ရင်ဆိုင်ရသည်ဟု ခံစားရပေလိမ့်မည်။


အရမ်း ကြောက်စရာကောင်းတယ် ...


နယ်ပယ်သခင်က မော့ရှို့ကို ချေမှူန်းနိုင်ပါ့မလား ...


ဖြစ်နိုင်ချေ အလွန်နည်းလိမ့်မည်ဟု သူမထင်ထားသည်။


အပျက်အစီးများကြားမှ အင်မော်တယ်စားဖိုမှူးများ ရုတ်တရက် ပြန်လည်ရွှင်မြူးလာကြသည်။


" နတ်ဆိုးဘုရင်ကြီး နိုင်မှဖြစ်မယ်နော် ... သူ့ကိုချေမှူန်းပြီး ကျွန်တော်တို့အတွက် လက်စားချေပေးရမယ် ..."

အင်မော်တယ်စားဖိုမှူးတစ်ယောက်က နီရဲနေသော မျက်လုံးများဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။


ပုဖန် အံ့အားသင့်သွားပြီး အင်မော်တယ်စားဖိုမှူးကို ကြည့်နေသည်။


ထိုအချိန်တွင် တခြားအင်မော်တယ်စားဖိုမှူးများလည်း စတင်အော်ဟစ်လာကြသည်။


" အဲ့ဒီ မျိုးမစစ်ကို အဆုံးသတ်လိုက် ..."


" နတ်ဆိုးဘုရင်ကြီး ကျွန်တော်တို့ မျှော်လင့်နေမယ်နော် ... မင်းက ငါတို့ရဲ့ မျှော်လင့်ချက်ပဲ ..."


" နတ်ဆိုးဘုရင်ကြီး အဲ့မျိုးမစစ်ကောင်ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဆွဲဖြဲပြီး စိတ်ဓာတ်ကျအောင် လုပ်ပစ်လိုက် ..."


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများက သူတို့အသံများ အက်ကွဲလာသည်အထိ အော်ဟစ်လိုက်ကြသည်။ သူတို့မျက်လုံးများလည်း နီရဲနေသည်။


အသက်မဲ့ပြီး မရွှင်မလန်းဖြစ်နေသည့် ရွှယ်ယောင်သည်ပင် အော်ဟစ်နေသည်။


၎င်းတို့က လျှို့မော့ပိုင်ထံမှ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုပ်ယူခံလိုက်ရသည့် အင်မော်တယ်စားဖိုမှူးများ ဖြစ်ကြသည်။


သူတို့၏ အော်ဟစ်အားပေးသံများက အာရုံစိုက်စရာ ဖြစ်လာသည်။ 


မုန့်ချီလည်း နှလုံးသားထဲတွင် ခံစားသွားရသည်။


နယ်ပယ်သခင်တိထိုက်လည်း သက်ပြင်းချလိုက်သည်။ ထိုဉာဏ်ကြီးရှင်များ အဆုံးသတ်သွားမည်ကို သူ စိုးရိမ်နေသည်။


မော့ရှို့ လှောင်ပြောင်လိုက်သည်။


" ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်က သန်မာဖို့ဆိုရင် တခြားလူတွေရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဝါးမျိုရတယ် ... နှလုံးသားတစ်ခုကို ရရင် အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ တစ်ကြိမ်ပြောင်းလဲတယ် ကိုးကြိမ်ပြောင်းလဲပြီးသွားရင်တော့ လျှို့မော့ပိုင်ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ချီလင်စားဖိုမှူးနှလုံးသားထက် မနိမ့်တော့ဘူး ..."

မော့ရှို့က ဂုဏ်ယူလေးစားစွာဖြင့် ပြောလိုက်သည်။

  

ကိုးကြိမ်ပြောင်းမျိုးရိုးက လူများ၏ အားကျခြင်း ခံရသကဲ့သို့ တစ်ချိန်တည်းမှာပင် မုန်းတီးခြင်းလည်း ခံစားရသည်။


" ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်က ကိုးကြိမ်ပြောင်းမျိုးနွယ်စုရဲ့ ဆက်ဆံသူကို ချေမှူန်းနိုင်မယ် ထင်နေတာလား ... အိမ်မက်ထဲမှာပဲရမယ် ..."

မော့ရှို့ သရော်လိုက်သည်။


လျှို့မော့ပိုင် အားရပါးရ ရယ်လိုက်သည်။ ထို့နောက် တခြားစားဖိုမှူးများကို ကြည့်လိုက်သည်။


" အရှုံးသမားတွေ ပါးစပ်ပိတ်ထားစမ်း ... ငါသာ မင်းတို့နေရာမှာဆို ပါးစပ်ဟဖို့တောင် သတ္တိမရှ်ိလောက်ဖူး ... မင်းတို့လို အရှုံးသမားတွေက အနိုင်ရတဲ့သူကို အပြစ်မတင်သင့်ဘူး ..."


လျှို့မော့ပိုင်က ထိုအင်မော်တယ်စားဖိုမှူးများကို မောက်မာစွာ ကြည့်လိုက်သည်။


ပုဖန် မျက်ခုံးများပင့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။


မှော်အခင်းအကျင်း၏ အပြင်မှ အင်မော်တယ်စားဖိုမှူးများက ဒေါသငွေ့များဖြင့် ပြည့်နေသည်။


ပုဖန် လက်မြှောက်၍ အခြားစားဖိုမှူးများကို ‌အော်ဟစ်နေကြသည်ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။


" အရာအားလုံးကို အလုပ်နဲ့ပဲ သက်သေပြသင့်တယ် ..."

ပုဖန်က ဂရာမစိုက်သလိုပင် ပြောလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက လျှို့မော့ပိုင်ထံ ရောက်သွားသည်။


လျှို့မော့ပိုင် ပြန်ကြည့်လိုက်သည်။


သူတို့၏အကြည့်များ လေထဲတွင် ဆုံသွားသည်က ကောင်းကင်ပေါ်တွင် လျှပ်စီးနှစ်ခု ပွတ်တိုက်သွားသကဲ့သို့ပင်။


လျှို့မော့ပိုင် ရယ်လိုက်သည်။ လက်မြှောက်ကာ လည်ပင်းကို ဖြတ်သည့်အမူအရာ လုပ်ပြလိုက်သည်။


သူက တကယ်ကိုပဲ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြသနေတာပဲ ...


ပုဖန် နှုတ်ခမ်းများစေ့ထားပြီး ခေါင်းခါလိုက်သည်။

ကလေးဆန်လိုက်တာ ...


ထို့နောက် သူ၏စိတ်ထဲတစ်ချက်တွေးလိုက်ပြီး ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ရောက်သွားသည်။ 


ဝှစ် ...


လယ်ယာမြေထဲသို့ ရောက်သည်နှင့် နွေးထွေးသောလေက တိုက်ခတ်သွားသည်။


ပုဖန် သစ်သားအခန်းငယ်လေးရှေ့တွင် ဆင်းလိုက်သည်။


နျိုဟန်စန်းက အခန်း‌ရှေ့မှ ခုံပေါ်တွင် ပျင်းရိပျင်းတွဲထိုင်နေကာ အနားယူနေစဉ် လေချွန်နေသည်။


ပုဖန် ရောက်ရှိလာသည်ကို အာရုံခံစားမိသည့်အခါ အမြန်ထလာပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


" အိုး ... ပိုင်ရှင်ပုပဲ ... ဘယ်လေတိုက်လို့များ ရောက်လာတာလဲ ..."


သို့သော် ပုဖန်က နျိုဟန်စန်းကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။ ထိုအကြည့်က နျိုဟန်စန်းကို အေးစိမ့်စိမ့်ပင် ဖြစ်လာစေသည်။


" ပိုင်ရှင်ပုက အသန်မာဆုံးနတ်ဆိုးဘုရင်ကို ဒီကို ပစ်လိုက်‌တာနဲ့ ကျွန်တော်ကြိုးတုပ်ထားတယ် ... တကယ်လို့ အမဲသားလိုချင်တယ်ဆိုရင် အဲ့ဒီနွားသိုးနက်ကြီးဆီ သွားပါလား ... ကျွန်တော်ရေမချိုးတာ သုံးလရှိပြီ ..."


နျိုဟန်စန်း စကားပြောနေစဉ် နှာခေါင်းမှ အဖြူရောင် အငွေ့များ ထွက်လာသည်။


ပုဖန် မျက်ဆံလှန်လိုက်သည်။ သူ အမဲသားမလိုချင်ပေ။


"ခင်ဗျားပေးလိုက်တဲ့ ဂျုံက ထူးဆန်းတယ် ..."

ပုဖန် ပြောလိုက်သည်။


" ဂျုံလား ..."

နျိုဟန်စန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။


" အဲ့ဒါက ဒီနွားသိုးအိုကြီး ဖန်တီးထားတဲ့ ဂျုံမျိုးစပ်လေ ... သူ့မှာ မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒတွေပါတယ် အံ့ဩစရာကောင်းတယ်မလား ... ဆန်းကြယ်တယ်မလား ..."


ပုဖန် အံ့အားသင့်သွားသည်။


မျိုးစပ် ... အဲ့ဒီဂျုံမှာ မဟာနိယာမလမ်းကြောင်းရဲ့ စိတ်ဆန္ဒတွေလည်း ပါသေးတာလား ...


" မဆိုးပါဘူး ... ကျုပ်အရင်က စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပေမယ့် ဒီလောက်မရခဲ့ဘူး ... ဘာပဲဖြစ်ဖြစ်ပါ ပိုင်ရှင်ပုသာ ဒီနွားသိုးအိုကြီးကို ယုံရင် ကမ္ဘာကြီးကိုပါ တုန်လှုပ်သွားစေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ သေချာပေါက် ဖန်တီးပေးမယ် ..."


နျိုဟန်စန်းက ရင်ဘတ်ကိုပုတ်ကာ ထပ်ပြောလိုက်သည်။ 

" ဒီ ရည်ရွယ်ချက်ကြီးတဲ့ နွားသိုးက တစ်ကမ္ဘာလုံးကို စိုက်ပျိုးပေးမယ် ..."


ပုဖန် ၎င်းကို ခဏခန့်တွေးနေပြီး လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

" ကျေးဇူတင်ပါတယ် ..."


မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက ပါဝင်ပစ္စည်းနှင့် ပေါင်းစပ်သွားသည်ကပင် အံ့ဩဖွယ်ရာ ဖြစ်နေပြီဖြစ်သည်။


ဒီ နျိုဟန်စန်းက ရတနာတစ်ခုလိုပဲ ...


လယ်ယာမြေကို သူ့ကိုစီမံခိုင်းခဲ့တာ အကြံကောင်းတစ်ခု ဖြစ်ခဲ့တာပဲ ...


" ကောင်းပါပြီ ... ရတနာရှစ်သွယ်ကြက်ရော ... ငါအခု စားဖိုမှူးစိန်ခေါ်ပွဲလုပ်ရမှာ သူ့ရဲ့ အကူအညီလိုတယ် ..."


ပုဖန် အနားတစ်ဝိုက်တွင် လိုက်ရှာနေသည်။


သူတို့နှင့်အဝေးတွင် ရတနာရှစ်သွယ်ဝက်က ရှစ်လေးနှင့် ကစားနေစဉ် အေးခဲသွားသည်။


ဝက်ကလေး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူတို့နှင့် ဝေးရာကို ပြေးတော့သည်။


" ပိုင်ရှင်ပု အဲဒီ ဝဖီးနေတဲ့ဝက်ကို ဖမ်းပေးရမလား ..."

နျိုဟန်စန်း လက်များကို ပွတ်နေသည်။


" ကျုပ် စားဖိုမှူးစိန်ခေါ်ပွဲအတွက် ဝက်နံရိုးလိုနေတယ် ..."

ပုဖန် ပြောလိုက်သည်။


နျိုဟန်စန်း အံ့ဩသွားသည်။


" ပိုင်ရှင်ပု နွားသိုးနက်ကြီးဆီက အမဲသားကို ဘာလို့ မသုံးတာလဲ ... ကျွန်တော်ထင်တာတော့ အဲ့နွားသိုးက ရတနာရှစ်သွယ်ဝက်ထက် ပိုပြီး အဆင့်မြင့်တယ် ... တကယ်လို့ လိုချင်တယ်ဆိုရင် မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒကို အမဲသားမှာ ထည့်ပေးလို့ရတယ် ..."


နျိုဟန်စန်း၏ မျက်လုံးသုံးလုံးက အရောင်တောက်လာပြီး ပုဖန်ကို ကြည့်နေသည်။


ထိုအကြည့်က ပုဖန်ကို တုန်လှုပ်သွားစေသည်။


ရတနာရှစ်သွယ်ဝက်က မဆိုးသော်လည်း ဤနေရာတွင် နေထိုင်ခဲ့သည်က အချိန်ကာလအနည်းငယ်သာ ရှိသေးသည်။ လယ်ယာမြေကမ္ဘာတွင် နေထိုင်ပြီးပါက ၎င်း၏အဆင့်က တိုးလာမည်ဖြစ်သည်ာ သို့သော် ၎င်းက အသန်မာဆုံးနတ်ဆိုးဘုရင် နွားသိုးနက်ကြီးကို မမှီသေးပေ။


ပုဖန် မေးစေ့ကို ပွတ်လိုက်သည်။ နျိုဟန်စန်း ပြောပြသည်က ကျိုးကြောင်းဆီလျော်သည်။ ဂျုံပင်သည်လည်း ပြုပြင်မွမ်းမံလိုက်၍ သန်မာလာခြင်းဖြစ်သည်။ အကယ်၍ မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို အမဲသားထဲ ထည့်လိုက်ပါက သူ၏အဆင့်ကို တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့် တိုးသွားစေလိမ့်မည်။ 


" မျိုးစပ် အမဲသားတချို့ဆိုရင်ရော ဘယ်လိုလဲ ... အချိန်မီ လုပ်နိုင်လား မလုပ်နိုင်လောက်ဖူးလား ..." 

ပုဖန် မျက်ခုံးများပင့်ကာ ပြောလိုက်သည်။


" မျိုးစပ်အမဲသားလား သေချာပေါက် အချိန်မမီဘူးပေါ့ ... ပြီးတော့ နွားတောင်ရှာလို့ မရလောက်ဖူး ... ဒါပေမဲ့ ကျွန်တော့မှာ နည်းလမ်းတချို့ရှိတယ် ..."


နျိုဟန်စန်း၏ မျက်လုံးများ ဝင်းလက်လာသည်။


ပုဖန် သိပ္ပံပညာရှင်တစ်ယောက်နှင့် စကားပြောနေသည်ဟုပင် ခံစားလာမိသည်။


ဒီ နျိုဟန်စန်းကတော့ ... ထူးဆန်းတာ တစ်ခုခု လုပ်ချင်နေပြန်ပြီထင်တယ် ...


ပါဝင်ပစ္စည်းတွေထဲကို မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒတွေ ထည့်ပေးတဲ့ နည်းလမ်းတစ်ခုခုကို သင်ထားတာများလား ...


နျိုဟန်စန်း အချိန်မဖြုန်းပဲ လျင်မြန်စွာ ထွက်သွားသည်။ 


ပုဖန် သူ့ကို စောင့်နေသည်။ ခဏကြာသောအခါ လယ်ယာမြေထဲတွင် အမျက်ဒေါသနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နေသည့် နွားအော်သံတချို့ကို ကြားလိုက်ရသည်။


ခဏကြာသောအခါ ...


နျိုဟန်စန်း၏ လက်ထဲတွင် အမဲနံရိုးတုံးတစ်တုံးယူပြီး အဝေးမှပြေးလာသည်ကို မြင်လိုက်ရသည်။


နျိုဟန်စန်း၏ အမဲနံရိုးများကို တွေ့သည့်အခါ ပုဖန် ၏မျက်နှာက အလွန်ကိုးရို့ကားယား ဖြစ်သွားသည်။


" ပိုင်ရှင်ပု မပူပါနဲ့ ... ကျွန်တော်စိုက်ပျိုးပြီး သားဖောက်ထားတဲ့ ပါဝင်ပစ္စည်းတွေက အညစ်အကြေးကင်းပါတယ် ..."

နျိုဟန်စန်းက ဂုဏ်ယူဝင့်ကြွားသွာဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။

မင်းပျော်နေရင် ပြီးတာပဲ ...


ထို့နောက် အမဲနံရိုးသားကိုယူကာ နျိုဟန်စန်းကို နှုတ်ဆက်ပြီး လယ်ယာမြေမှ ထွက်လာခဲ့သည်။


ပုဖန် ထွက်သွားပြီး ခဏအကြာတွင် ... အဝေး၌ ...


ရှစ်လေးနှင့် ရတနာရှစ်သွယ်ဝက်ကလေးတို့ ချုံပုတ်ထဲမှ ခေါင်းပြူကြည့်လိုက်ကြသည်။


အခြေအနေများ ရှင်းလင်းသွားချိန်မှ ထိုနေရာတစ်ဝိုက်တွင် ပြေးလွှားဆော့ကစားနေကြတော့သည်။



ပုဖန်၏ စိတ်အာရုံ ပြန်ရောက်လာသည့်အခါ သူ၏လက်ထဲတွင် အမဲနံရိုးသားတစ်တုံး ပေါ်လာသည်။


ပုဖန် သူ၏လက်ထဲမှ အသားတုံး၏ အလေးချိန်ကို မှန်း‌ဆနေပြီး ‌လျှို့မော့ပိုင်ကို လှည့်ကြည့်လိုက်သည်။


ပုဖန်၏ လက်ထဲအသားတုံးကို မြင်သည့် လျှို့မော့ပိုင် ထိတ်လန့်တကြား ဖြစ်သွားသည်။


" နွားသိုးငတုံးလား ..."


ထိုအသားဆုံးမှ အသန်မာဆုံးနတ်ဆိုးဘုရင်၏‌ အော်ရာကို လျှို့မော့ပိုင် ခံစားမိနေသည်။


သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ 

အဲ့ဒီငတုံးက အရမ်းဆင်ခြင်ဉာဏ်မဲ့တာပဲ ... အခုတော့ ပိုင်ရှင်ပုရဲ့ ပါဝင်ပစ္စည်း ဖြစ်သွားရပြီ ...


သူ့ဘာသူ သေလမ်းရှာနေတာ ...


" အဲ့အသားက မဆိုးပါဘူး ... ဒါပေမဲ့ ကျုပ်ဆီက အသားက အဲ့ဒီ နွားသိုးငတုံးထက်တော့ ပိုကောင်းတယ် ..."

လျှို့မော့ပိုင် အေးစက်သည့် အသံဖြင့်ပြောလိုက်သည်။ ထို့နောက် သူ၏စိတ်ထဲတသ်ချက်လှုပ်ရှားလိုက်သည်။


ငရဲတစ်ကောင်၏ အော်ဟစ်ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။


ပုဖန်၏ မျက်လုံးများ မှေးစင်းသွားသည်။


ခဏအကြာတွင် ပါးစပ်ဟနေသော အနက်ရောင် ဧရာမသားရဲကြီးက လျှို့မောပိုင်၏ဘေးတွင်ထွက်ပေါ်လာသည်။ ၎င်း၏ ခြိမ်းခြောက်နိုင်သော အော်ရာက ခဏတွင်းချင်း ပျံ့နှံ့သွားသည်။


" ထောင်တျဲလား ..."


ပုဖန် အံ့အားသင့်သွားသည်။


လျှို့မော့ပိုင်က နံရိုးချိုချဉ်အတွက် ထောင်တျဲကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။


သူက အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင် ဖြစ်သဖြင့် ထောင်တျဲနှင့် အလွန်ရင်းနှီးလှသည်။


၎င်းက ထောင်တျဲမျိုးစစ် မဟုတ်သော်လည်း ၎င်း၏တည်ရှိမှုက ကြယ်ရှစ်ပွင့်သားရဲဧကရာဇ်နှင့် ညီမျှသည်။


လျှို့မော့ပိုင်၏ ဓားပေါ်မှ ကတ္တီပါနီရောင် ကျောက်မျက်က အလင်းရောင်များ ထုတ်လွှတ်နေသည်။


ချက်ချင်းပင် ထောင်တျဲက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မသက်မသာဖြင့် အော်မြည်နေသည်။


" ဟုတ်တယ် ... ဒေါသထွက်စမ်း ... မင်း ဒေါသထွက်လေ အသားက အရသာပိုရှိလေပဲ ..."


ထောင်တျဲ၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး အဆငိမပြတ် မြည်ဟိန်းနေသည်။


သူ၏အသံမှတစ်တင့် ‌အမျက်ဒေါသများကို ခံစားမိနိုင်သည်။


ခဏကြာပြီးနောက်


လျှို့မေ့ာပိုင်က ထောင်တျဲ၏ကိုယ်နောက်ပိုင်းမှ နံရိုးပိုင်းကို ဖြတ်တောက်လိုက်သည်။


နံရိုးချိုချဉ်ချက်ရန်အတွက် အသား၏ တည်နေရာက အရေးအကြီးဆုံးဖြစ်သည်။ သူရွေးထားသည်က အကောင်းဆုံး အပ်ိုင်းဖြစ်သည်။


သွေးများ ရွှဲနစ်နေသော ထောင်တျဲနံရိုးကိုကိုင်ပြီး လျှို့မော့ပိုင် ပုဖန်ကိုကြည့်ကာ ပြုံးလိုက်သည်။


" နွားသိုးငတုံးရဲ့ နံရိုးကို သုံးတယ်ပေါ့ ... ပိုင်ရှင်ပြ အဲ့တာက ကျုပ်ကို သက်ရောက်မယ်များ ထင်နေတာလား ... ကျုပ် အမှားတွေ လုပ်မိမယ်ထင်ရင်တော့ မှားသွားပြီ ... ဒီလိုမှားယွင်းတဲ့ ကြိုးစားအားထုတ်မှုအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရတော့မယ် ..."

လျှို့မော့ပိုင်က အေးစက်စွာ ပြောလိုက်သည်။


ထိုနောက်တွင် အနက်ရောင်ငရဲစွမ်းအင်များက ကောင်းကင်အထိ တက်သွားသည်။ 


သူ၏ ခေါင်းအထက်၌ သွေးနီရောင်မီးဖိုတစ်ခု ပေါ်လာပြီး စင်မြင့်ပေါ် ကျလာချိန်၌ ကျယ်လောင်သည့်အသံတစ်ခု ထွက်လာသည်။


ထိုအသံကို ကြားလိုက်ရသူတိုင်း ဖိနှိပ်ခြင်း ခံလိုက်ရသလို ခံစားကြရသည်။


လျှို့မော့ပိုင် ဓားကိုညှင်သာစွာ မြှောက်လိုက်သည့်အခါ တဝီဝီအသံများဖြင့် ကောင်းကင်ပေါ်ထိ ရောက်သွားသည်။


ထို့နောက် အချက်အပြုတ်နှလုံးသားလမ်းစဉ်၏ အင်အားက လျှို့မော့ပိုင်၏ နောက်တွင် ပေါ်လာသည်။


တစ် နှစ် သုံး ...


အလင်းတန်းကိုးခုက မြင့်တက်လာသော လှိုင်းများကဲ့သို့ ကောင်းကင်ပေါ် တက်သွားသည်။


ကိုးကြိမ်ပြောင်းအချက်အပြုတ်နှလုံးသားလမ်းစဉ်က တောက်လောင်နေသော နေကိုးလုံးကဲ့သို့ မျက်စိကျိန်းစပ်စေသည့် အလင်းရောင်များ ထုတ်ပေးနေသည်။


၎င်း၏ ကြောက်မက်ဖွယ်ဖိအားက ပုဖန်ဆီသို့ ကူခတ်လာနေသည်။


" ကိုးကြိမ်ပြောင်းအချက်အပြုတ်နှလုံးသားလမ်းစဉ်နဲ့ဆိုရင် ငါသေချာပေါက် နိုင်မှာပဲ ..."

လျှို့မော့ပိုင်က အရူးကဲ့သို့ ရယ်လိုက်သည်။


အင်မော်တယ်စားဖိုမှူးများအားလုံး ငြိမ်ကျသွားသည်။


ကိုးကြိမ်ပြောင်းအချက်အပြုတ်နှလုံးသားလမ်းစဉ်က အလွန်ပင် သန်မာလှသည်။


နတ်ဆိုးဘုရင်ကြီးအတွက် ဓားကိုင်ဖို့တောင် ခက်ခဲနေမှာပဲ ...


အင်မော်တယ်စားဖိုမှုးပြိုင်ပွဲမှာ ပထမရနိုင်ခဲ့ပေမယ့် ဒီစားဖိုမှူး စိန်ခေါ်ပွဲမှာတော့ ...


နတ်ဆိုးဘုရင်ကြီး ရှုံးတော့မှာလား ...