အပိုင်း ၁၀၉၀
Viewers 53k

အခန်း ၁၀၉၀

ပြောင်းလဲခြင်းသုံးပါး နတ်ဆိုးအမဲနံရိုးချိုချဉ် Vs. အနက်ရောင်ထောင်တျဲ နံရိုးချိုချဉ်


ရွဲ ရွဲ ရွဲ ...


နေရာတစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။


အားလုံးက မှော်အခင်းအကျင်းထဲမှ စင်မြင့်ပေါ်တွင် ချက်ပြုတ်နေသူနှစ်ယောက်ကို ကြည့်နေကြသည်။


အသားရနံ့များက နေရာတစ်ခုလုံးကို ပြည့်နှက်နေသည်။


လျှို့မော့ပိုင်၏နေရာတွင် ထောင်တျဲနံရိုးများက ဒယ်အိုးထဲ ရောက်နေပြီး ဆီများလှည့်ပတ်နေလျက် နံရိုးများကို ဝါးမျိုနေသည်။


ပူစီဖောင်းများ ပလုံစီနေပြီး တရှဲရှဲအသံများ ထွက်နေသည်။


နံရိုးအားလုံးဒယ်အိုးထဲ ရောက်သွားသည့်အခါ လျှို့မော့ပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ လက်မြှောက်လိုက်သည့်အခါ မျက်နှာပေါ်မှ သွေးအမှတ်အသားများ လှုပ်ရှားသွားသည်ဟုပင် ထင်ရသည်။


စိတ်စွမ်းအင်များက ဒယ်အိုးကို ဖုံးအုပ်သွားသည်။ ၎င်းက ဒယ်အိုးထဲ စိမ့်ဝင်သွားကာ ပါဝင်ပစ္စည်းများ၏ ပြောင်းလဲမှုကို အာရုံခံနေသည်။


တစ်ချိန်တည်းမှာပင် ကောင်းကင်ထိ ရောက်နေသည့် ငရဲစွမ်းအင်များက သူ၏ကိုယ်မှထွင်လာကာ ဒယ်အိုးပတ်ပတ်လည် ရစ်ပတ်နေသည်။


ယခု ဆီ၏အပူကိုထိန်းချုပ်ရန် အရေးကြီးဆုံးနေရာသို့ ရောက်နေပြီဖြစ်သည်။ သူ အမှားလုပ်မိပါက နေ့နှင့်ည ခြားနားသကဲ့သို့ အမှားများ ဖြစ်လာနိုင်သည်။ 


တစ်ဖက်တွင်မူ ...


ပုဖန်သည်လည်း အပူထိန်းချုပ်ရမည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။


သူ၏ နှုတ်ခမ်းထောင့်စွန်းများ တစ်ကြိမ်ခန့် ကွေးညွတ်သွားသည်။


လက်ကိုခါလိုက်ပြီး အဖြူရောင်အမှုန့်များ ဖြူးလိုက်သည်။ ထို့နောက် သူ၏စိတ်စွမ်းအင်က ကျယ်ပြန့်လာပြီး ဒယ်အိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


ဝှစ် ...


လိပ်နက်ကြီးအော်ဟစ်လိုက်သည့်အခါ ပုဖန်၏ ဝိညာဉ်ပင်လယ်ထဲတွင် လှိုင်းထန်လာသည်။


စွမ်းအားကြီးသည့် စိတ်စွမ်းအင်များ ရွာသွန်း၍ လှိုင်းဂယက်များထလာပြီး နေရာတစ်ခုလုံးကို ကြောက်လန့်သွားစေသည်။


ထိုအချိန်တွင် လေထုက အေးခဲသွားသကဲ့သို့ပင်။


ယခုအချိန်တွင် ဆီများဆူပွက်နေသည့်အသံသာ ကြားနေရသည်။


အင်မော်တယ်စားဖိုမှူးများ အသက်အောင့်ထားကြသည်။ ထိုနှစ်ယောက်က နံရိုးချိုချဉ်ကို နည်းလမ်းတစ်ခုတည်းဖြင့် ချက်ပြုတ်နေကြသည်ဖြစ်၍ ယခုအချိန်ထိ ကြီးမားသော ကွာခြားချက် မရှိသေးပေ။


သို့ရာတွင် အနိုင်ရလိုပါက ပြောင်းလဲမှုအချို့ပြုလုပ်ရမည်ကို ရှင်းလင်းစွာ နားလည်ထားကြသည်။


အားလုံးက နံရိုးချိုချဉ်ကို ချက်ပြုတ်နိုင်ကြသော်လည်း ပုံမှန်ချက်နေကြ နံရိုးချိုချဉ်ဖြင့် ဤပွဲတွင် အနိုင်ရရန် မဖြစ်နိုင်ပေ။


သူတို့ရဲ့ နံရိုစချိုချဉ်မှာ ဘယ်လို ထူးခြားချက်အသစ်တွေ ထပ်ထည့်ထားမှာပါလိမ့် ...


လျှို့မော့ပိုင်က ထောင်တျဲနံရိုးကိုသုံးထားပြီး နတ်ဆိုးဘုရင်ကြီးက အမဲနံရိုးကို အသုံးပြုထားသည်။


မတူညီသည့် အသားများကို အသုံးပြုထားကြသည်။ သို့ရာတွင် နံရိုးချိုချဉ်၏ သော့ချက်မှာ ပါဝင်ပစ္စည်းသာမကပဲ စားဖိုမှူး၏ စွမ်းအားနှင့် အရည်အချင်းဖြစ်သည်။


ဝုန်း ...


မမြင်နိုင်သည့် စွမ်းအင်လှိုင်းများ ဂယက်ထလာသည်။


ပုဖန်နှင့် လျှို့မော့ပိုင် ခေါင်းမော့လိုက်ကြသည့်အခါ မျက်လုံးများ စူးရှလာသည်။


သူတို့၏စိတ်စွမ်းအင်များ ယခုအချိန်တွင် ဖြန့်ကျက်လာကာ လှိုင်းများအဖြစ်ပြောင်းလဲသွားပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်။


တိုက်မိသွားကြသော်လည်း လေပွေများဖြစ်ပေါ်လာကာ အသားရနံ့ကိုပျံ့နှံ့အောင် ကူညီပေးနေသကဲ့သို့ပင်။ 


ယခုအချိန် အသားရနံ့မှာ အစပိုင်းကခန့် မထူထဲတော့သော်လည်း စတင်ပြီး လှုံ့ဆော်လာသည်။


ပုဖန် လက်ခါလိုက်သည့်အခါ တူတစ်စုံပေါ်လာသည်။ သူ၏လက်ထဲတွင် လှည့်နေပြီး အောက်ရောက်သွားသည်။


ဝှစ် ဝှစ် ...


ဒယ်အိုးကို လက်တစ်ဖက်တွင်ကိုင်ပြီး အခြားတစ်ဖက်က တူများကိုင်၍ နံရိုးများကို ဆယ်ယူနေသည်။


ရွှေရောင်ဆီများ လေထဲသို့ စင်ထွက်လာသည်။


အဆီရွှဲနေသော ရွှေရောင်နံရိုးများ ဖြူပြာကြွေပန်းကန်ထဲ ကျရောက်သွားသည်။


တစ်ဖက်မှ လျှို့မော့ပိုင်၏ လှုပ်ရှားမှုများက ပို၍တိုက်ရိုက်ဖြစ်သည်။


ခရမ်းရောင်ဝါးကို အသုံးပြု၍ ယောက်ချိုပြုလုပ်လိုက်ပြီး ရွှေရောင်သမ်းနေသည့် နံရိုးများကို ဆယ်လိုက်သည်။


လျှို့မော့ပိုင်၏ လှုပ်ရှားမှုများက ချောမွေ့၍ ကျွမ်းကျင်မှုရှိသည်။ ယောက်ချိုကို လက်ကိုင်၏ အဝေးဆုံးနေရာမှကိုင်ကာ အဆက်မပြတ်လှုပ်ယမ်းပြီး ဆီများကို စစ်ထုတ်နေသည်။


ယောက်ချိုကို ကိုင်ထားပြီး နံရိုးများကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။ ထို့နောက် လျှို့မော့ပိုင်၏ မျက်လုံးများက ဒယ်အိုးဆီသို့ ရောက်သွားသည်။


ဒယ်အိုးကို လက်တစ်ဖက်မှကိုင်၍ အခြားတစ်ဖက်က ဓားကိုကိုင်လိုက်ချိန်တွင် ဟင်းလင်းပြင် အက်ကွဲလာပြီး အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။


လျှို့မော့ပိုင် ဒယ်အိုးကိုယူ၍ အက်ကွဲကြောင်းကို ထိလိုက်သည်။


ဒုန်း ဒုန်း ...


ရွှေရောင်ဆီများက ရေတံခွန်ကဲ့သို့ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ စီးဆင်းသွားသည်။


ဆီကိုဖယ်ထုတ်ပစ်ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ် ပြန်တင်လိုက်သည်။ 


ငရဲမီးတောက်များ လောင်ကျွမ်းလာပြီး ဒယ်အိုးကို အပူပေးနေသည်။


တစ်ဖက်မှ ပုဖန်ကလည်း နံရိုးများအားလုံး ဆယ်ပြီးသွား၍ ဆီကိုဖယ်ထုတ်ရန် လိုနေသည်။


" ဝှိုက်တီ ဒီကိုလာဦး ..."


ပုဖန်က လျှို့မော့ပိုင်ကဲ့သို့ ဟင်းလင်းပြင်ကို မစုတ်ဖြဲလိုက်ပေ။ သူ အလုပ်များနေသည့်အတွက် ဝှိုက်တီ့ကိုသာ ခေါ်လိုက်သည်။


ပုစွန်ပိစိပေါ်တွင် ရပ်နေသည့် ဝှိုက်တီ၏စက်ရုပ်မျက်လုံးများ အရောင်လက်လာသည်။


ကျောဘက်မှ သတ္တုတောင်ပံများ ပွင့်လာပြီး ပုဖန်၏ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်တွင်ကိုင်ကာ ဝှိုက်တီ့ဆီသို့ သယ်သွားသည်။


" ပါးစပ်ဟလိုက် ..."

၎င်းက သူ၏သစ်ရွက်ကဲ့သို့ လက်များဖြင့် ခေါင်းကိုပွတ်နေပြီး ခဏအကြာတွင် ဗိုက်ကပွင့်သွားကာ တွင်းနက်ကြီးကို ပြသလိုက်သည်။


ပုဖန် ဆီများအားလုံးကို ဝှိုက်တီ၏ အစာအိမ်ထဲ လောင်းချလိုက်သည်။


ပုဖန် ဆီများဖယ်ပစ်သည့် နည်းလမ်းက အားလုံးကို အံ့အားသင့်သွားစေပြီး ရယ်စရာကောင်းသည်ဟု ခံစားမိလိုက်ကြသည်။ 


အများစုက ဝှိုက်တီ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။


အဲ့ဒီ မြေကမ္ဘာအင်မော်တယ်ရုပ်သေးမှာ ဒါမျိုးလုပ်ဆောင်ချက်တွေ ပါလို့လား ...


ရွဲ ရွဲ ...


အဆီရွှမ်းသော ရနံ့တစ်ခုက ဒယ်အိုးထဲမှ တက်လာသည်။


ပုဖန် ဆီပမာဏများစွာကို အသုံးပြု၍ နံရိုးချိုချဉ်အနှစ်ကို ပြုလုပ်ခဲ့သည်။ 


နံရိုးချိုချဉ်တွင် အနှစ်က မည်မျှ အရေးပါသည်ကို ပြောရန်ပင် မလိုချေ။


ဝိညာဉ်သစ်သီးကို ထုတ်လိုက်ပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုကိုင်ကာ လက်ကောက်ဝတ်ကိုလှည့်ကာ သစ်သီးကို ဝိုင်းလိုက်သည်။


ဝိညာဉ်သစ်သီး၏ အခွံကိုခွာလိုက်ချိန်တွင် အသီး၏ ဖြတ်ရာမှ ရွှေရောင်အရည်များ ကျဆင်းလာကာ ဒယ်အိုးထဲ ကျသွားသည်။


ချက်ချင်းပင် သစ်သီးရနံ့နှင့် ချဉ်သောအနံ့က လေနှင့်အတူ ပါလာသည်။


နေရာတစ်ခုလုံးတွင် ဤသစ်သီးနံ့များဖြင့် ပြည့်နေကာ သွားရည်ယိုလာစေသည်။


သစ်သီးရည်ကို ဒယ်အိုးထဲ ထည့်ပြီးနောက် ဇွန်းအပြားကြီးဖြင့် သစ်သီးရည်များကို ဆီနှင့် ရောမွှေလိုက်သည်။


ရွဲ ရွဲ ...


သစ်သီးရည်များက လျင်မြန်စွာ ဆူပွက်လာသည်။


လက်ဖြင့်တောက်လိုက်ချိန်တွင် သစ်သီးက လေထဲလွင့်စင်သွားသည်။


ထိုသစ်သီးက ကြယ်ပျံကဲ့သို့ ပျံသန်းနေပြီး လူများကို မိန်းမောတွေဝေသွားစေသည်။ အောက်သို့ ပြုတ်မကျမီမှာပင် ပုဖန်က အတုံးလေးများဖြစ်အောင် လှီးလိုက်သည်။


ထိုအတုံးများက ဒယ်အိုးထဲ ရောက်သွားသည်။


မဟူရာလိပ်ခုံးဒယ်အိုးကိုကိုင်၍ ပစ္စည်းများကို မွှေကြော်လိုက်သည်။


ရွဲ ရွဲ ...


ပါဝင်ပစ္စည်းအချိုး ထပ်ထည့်လိုက်ချိန်တွင် စိမ်းပြာရောင်မီးခိုများက အက်မေပြတ်တက်လာပြီး ‌ဒယ်အိုးကို လှုပ်ပြီး ကြော်နေသည်။


ဒယ်အိုးမှ တက်လာသည့်အငွေ့များက သားရဲတစ်ကောင်၏ ဟိန်းသောက်သံနှင့် တူနေသည်။


ပတ်ဝန်းကျင်မှ လူများကလည်း စားဖိုမှုးများဖြစ်ကြ၍ အလွန် မအံ့ဩကြပေ။


ပုဖန် ဒယ်အိုးကိုလှုပ်၍ ကြော်နေကာ အလွန် တည်ငြိမ်နေပုံပင်။


ထို့နောက် မီးတောက်များက ဖိနှိပ်ခံရပြီး ဒယ်အိုးပျံတက်လာချိန်တွင် ရွှေအိုရောင်အရည်ပျစ်ပျစ်များ စီးဆင်းလာသည်။


အဝေးတွင် ...


လျှို့မော့ပိုင်သည်လည်း နံရိုးချိုချဉ်အနှစ် လုပ်ရမာ့်အဆင့်သို့ ရောက်လာသည်။


ချိုချဉ်အနှစ်ကို သူတို့နှစ်ယောက်၏ အဓိပ္ပါယ်ဖွင့်ဆိုမှုက ကွာခြားသည်။


လျှို့မော့ပိုင်က တောက်ပသော အနက်ရောင်အရည်များပါသည့် သလင်းကျောက်ပုလင်းတစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်သည်။


အဖုံးဖွင့်လိုက်သည့်အခါ ချဉ်သည့်ရနံ့တစ်ခု ထွက်ပေါ်လာသည်။


၎င်းက လျှို့မော့ပိုင် ကိုယ်တိုင်လုပ်ထားသော ရှာလကာရည်ဖြစ်ပြီး စူးရှသော အနံ့တစ်မျိုးရှိသည်။


ရှာလကာရည်အနည်းငယ် ထည့်လိုက်ပြီး ချိုချဉ်အနှစ်များနှင့် မွှေလိုက်သည်။


အားလုံးကို ဆွဲဆောင်နေသာ့် ချဉ်သောရနံ့တစ်ခု ပျံ့နှံ့လာသည်။


လူအားလုံး တံတွေးမျိုချနေရသည်။


ကောင်းကင်ပေါ်မှ ခွေးဘုရင်လည်း အမြှီးကို အဆက်မပြတ် လှုပ်ရမ်းနေပြီး စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ပေ။


နံရိုးချိုချဉ်တွေ ...


သူ အလွန် စိတ်လှုပ်ရှားနေသည်။


ဝှစ် ... 


စားဖိုမှူးနှစ်ယောက်၏ ချက်ပြုတ်မှုက နောက်ဆုံးအဆင့်သို့ ရောက်လာသည်နှင့် ထူထပ်သော တိမ်မည်းများက ကောင်းကင်တွင် စုဝေးလာသည်။ 


လူအားလုံး အလိုလို ခေါင်းမော့ကြည့်လိုက်ကြသည်။


မည်းမှောင်သော တိမ်တိုက်များ ထူထပ်စွာ စုရုံးနေသဖြင့် ကောင်းကင်ကြီးက အနက်ရောင်ပင်လယ်ကြီးနှင့် တူလာသည်။ တဖြည်းဖြည်းနှင့် အားလုံး၏ ခေါင်းအထက်တွင် လှိုင်းလုံးကြီးများကဲ့သို့ စုပြုံလာပြီး ကြောက်မက်ဖွယ်ဖိအားများကို သယ်ဆောင်လာသည်။


ဝုန်း ဝုန်း ဝုန်း ...


ကျယ်လောင်စွာ မိုးခြိမ်းပြီး လျှပ်စီးများလက်လာသည်။ 


ပုဖန်၏အထက်တွင် အပြာရောင်လျှပ်စီးများ လက်နေစဉ် လျှိူ့မော့ပိုင်၏ အထက်တွင်လည်း အနက်‌ရောင်လျှပ်စီးများ ရောက်ရှိလာသည်။


ကြည့်ရှု့သူများ တအံ့တဩဖြစ်ကုန်သည်။

လျှို့မော့ပိုင် ချက်နေတာ အနက်ရောင်စားဖွယ်လား ...


လူအများစုက အသက်အောင့်ထားကြသည်။


လျှပ်စီး၏ အရောင်များကို စစ်ဆေးခြင်းက ဟင်းလျာအမျိုးအစားကို စစ်ဆေးရန် အခြေခံနည်းလမ်းဖြစ်သည်။ 


ယခင် အချက်အပြုတ်တိုက်ပွဲများတွင် လျှို့မော့ပိုင်က အပြာရောင် မိုးကြိုးပြစ်ဒဏ်များကိုသာ အစပျိုးခဲ့သည်။ ဆိုလိုသည်မှာ သူက အနက်ရောင်စားဖွယ်များ မချက်ပြုတ်ခဲ့ပေ။


ဝုန်း ဝုန်း ဝုန်း ...


မိုးကြိုးနှင့် လျှပ်စီးများက ဟင်းလင်းပြင်ကို အလင်းရောင်ဓားရှည်တစ်ချောင်းကဲ့သို့ ဖြတ်သွားသည်။ ၎င်းတို့ကိုကြည့်ရသည်မှာ ထူထပ်သည့်တိမ်အလွှာများကို ဆုတ်ဖြဲချင်သည့်ပုံပင်။


အားလုံး စိတ်မသက်မသာဖြင့် ကောင်းကင်ကို ငေးမောကြည့်နေသည်။


အစောပိုင်းက စားဖိုမှူးစိန်ခေါ်ပွဲတွင် မြို့တော်သခင်မုန့်ချီနှင့် ကျန့်ခွမ်းကျို့တို့က မိုးကြိုးပြစ်ဒဏ်ခုနစ်ခုကို အစပျိုးခဲ့သည်။


မယုံကြည်နိုင်စရာပဲ ... 


နတ်ဆိုးဘုရင်ကြီးနှင့် လျှို့မော့ပိုင်တို့က မည်သည့်အဆင့် မိုးကြိုးကို အစပျိုးမည်ကို သိရှိနေချင်ကြသည်။


ပုဖန်က ကောင်းကင်ပေါ်မှ မိုးကြိုးပြစ်ဒဏ်များကို ဂရုမစိုက်ပေ။ ဖြူပြာရောင် ကြွေပန်းကန်လုံးကို စားပွဲပေါ်တင်ကာ ရွှေရောင်အမဲနံရိုးများကို ဒယ်အိုးထဲ လောင်းချလိုက်သည်။


ဒယ်အိုးကိုလှုပ်ခါ၍ ကြော်နေသည်။


ရေနွေးငွေ့များနှင့်အတူ မွှေးကြိုင်သော ရနံ့များ သင်းပျံ့နေသည်။


ထိုရနံက ပျံနှံ့၍ စုပြုံလာပြီးနောက် စိမ့်ဝင်သွားသည်။ ဤဟင်းလျာက ပြောင်းလဲမှုသုံးခုကို တွေ့ကြုံလိုက်ရသည်။


အချိန်တစ်ခုစီတွင် အရသာကပို၍ ထူထဲလာသည်။ အထူးသခြင့် ချဉ်သောရနံ့ဖြစ်သည်။


နုပ်နုပ်စင်းထားသည့် ခရမ်းရောင်ကြက်သွန်ဖြူ အမြီးရှည်ကြက်သွန်မြိတ်နှင့် သားအမိဂျင်းတို့ကိုထည့်ပြီး ရောမွှေလိုက်သည်။ 


ဟင်းလျာပြီးဆုံးသွားသည့်အခါ သူပြင်ဆင်ထားသည့် ဖြူပြာရောင်ပန်းကန်ပြားထဲသို့ ထည့်လိုက်သည်။


ဝှစ် ...


ချိုချဉ်အနှစ်ရည်က လိမ္မော်ရောင်သန်းလာပြီး မသေမျိုးစွမ်းအင်များ ဝေ့ဝဲနေသည်။


နံရိုးချိုချဉ်က ပန်းကန်ပြားပေါ် ကျသွားသည်နှင့် လိမ္မော်နီရောင် အနှစ်ပေါ်တွင် ပိုရင့်သည့်အရောင်အစင်းကို တွေ့မြင်နိုင်သည်။


ပုဖန် ပန်းကန်ပြားကို စားပွဲပေါ်တွင် တင်လိုက်သည်။ ခဏအကြာတွင် တယလောက်ကျွမ်းနေသည့် မီးလျှံကဲ့သို့ တခြားသစ်သီးတစ်လုံး လက်ထဲတွင် ပေါ်လာသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြင့် တစ်ကြိမ်လှီးကာ အရာတစ်ခု ပေးလိုက်သည်။


ဝှစ် ...


ရနံ့မွှေးသည့် သစ်သီးရည် စိမ့်ထွက်လာပြီး ဟင်းလျာထဲ ကျဆင်းသွားသည်။


အားလုံး သံသယမကင်း ဖြစ်သွားကြတော့သည်။


နတ်ဆိုးဘုရင်ကြီး ချက်ထားတဲ့ဟင်းလျာက သစ်သီးသုံးမျိုး သုံးထားတာပဲ ... သာမန်နံရိုးချိုချဉ်ထက် ထူးခြားတာ တစ်ခုခုကို တီထွင်နိုင်ပါ့မလား ...


ပန်းကန်ပြားတစ်ဝိုက်ရှိ အနှစ်များကို သုတ်ရန် အဝတ်သန့်သန့်ကို အသုံးပြုခဲ့သည်။ ထို့နောက် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အသက်ရှူသွင်းလိုက်သည်။


" ပြောင်းလဲခြင်းသုံးပါး နတ်ဆိုးအမဲနံရိုးချိုချဉ် ပြီးဆုံးပါပြီ..."


ပုဖန်၏ လေသံဖျော့ဖျော့ နေရာတစ်ခုလုံးတွင် ပဲ့တင်လာသည်။


သူ၏ အသံ ပျောက်ကွယ်သွားချိန်တွင် ကောင်းကင်၌ မိုးကြိုးနှင့် လျှပ်စီးများ အဆက်မပြတ် တိုက်ခိုက်နေသည်။


တစ်ဖက်တွင် ... 


လျှို့မော့ပိုင်လည်း ဟင်းလျာ ပြီးဆုံးသွားသည်။


သူတို့၏ ဟင်းလျာများက မြင်နေကြ နံရိုးချိုချဉ်များနှင့် ကွဲပြားလှသည် 


ပုဖန်၏ ဟင်းလျာက လိမ္မော်နီရောင် အရောင်အစင်းရှိပြီး လျှို့မော့ပိုင်၏ ဟင်းလျာက အနက်ရောင် အငွေ့အသက်များ ရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းက အလွန်‌တောက်ပနေသည်။


ရေနွေးငွေ့များက ချိုချဉ်ရနံ့များနှင့်အတူ ပျံ့လွင့်နေသည်။


၎င်းတို့က သာမန် နံရိုးချိုချဉ် မဟုတ်ကြသည်မှာ အမှန်ပင်။


အနှစ်ရည်က ထူထဲပြီး နံရိုးများကို ဖုံးအုပ်နေကာ ပူဖောင်းများ တပွက်ပွက်ဖြစ်နေသည်။


ပူဖောင်းများ ပေါက်ကွဲထွက်သွားချိန်တွင် သိပ်သည်းသည့်ရနံ့က ကောင်းကင်ထိပင် ရောက်သွားသည်။


" အနက်ရောင်ထောင်တျဲနံရိုးချိုချဉ် ပြီးဆုံးပါပြီ ..."

လျှို့မော့ပိုင်၏ ယုံကြည်ချက်ရှိသည့်အသံ ထွက်ပေါ်လာသည်။


ဂျုန်း ဂျုန်း ...


နောက်ဆုံးတွင် ဟင်းလျာနှစ်မျိုးလုံး ပြီးဆုံးသွားပြီဖြစ်သည်။


ထိတ်လန့်စက်‌ဆုပ်ဖွယ် ဧရာမထောင်တျဲကြီးက လျှို့မော့ပိုင်၏ ဟင်းလျာထက်တွင် ပေါ်လာသည်။ ပါးစပ်ဟပြီး နားကွဲစေနိုင်သည့် အော်သံကြီးလည်း ပဲ့တင်ထပ်လာသည်။


တစ်ချိန်တည်းမှာပင် ပုဖန်၏ ဟင်းလျာထက်တွင် လိမ္မော်နီရောင် နွားသိုးကြီး ထွက်ပေါ်လာသည်။ နွားသိုးနတ်ဆိုးနှင့် ထောင်တျဲတို့ အပြိုင်အဆိုင် ဟိန်ူဟောက်နေကြသည်။


ဂျိန်း ဂျိန်း ဂျိန်း ...


အချိန်အတန်ကြာ စုဝေးပြီး တလိမ့်လိမ့်တက်လာသည့် မိုးကြိုးပြစ်ဒဏ်များ ရိုက်ခတ်ရန် ပြင်နေသည်။ 


အနက်ရောင် မိုးကြိုးနဂါးနှင့် အပြာရောင် မိုးကြိုးနဂါးတို့ တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေကြသည်။


အင်မော်တယ်စားဖိုမှူးများ၏ မျက်လုံးများ ကျုံ့သွားသည်။ ကြီးမားသော လက်တစ်ဖက်က သူတို့၏ နှလုံးသားကို ဖိညှစ်ထားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်လာသည်။


နောက်ဆုံးတွင် စားဖိုမှူးစိန်ခေါ်ပွဲ၏ ရလဒ်ကို မြင်တွေ့နိုင်ကြပြီဖြစ်သည်။


အားလုံးက လျှပ်စီးကြောင်းများ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည့် ကောင်းကင်ကို ငေးကြည့်နေကြသည်။