အပိုင်း ၁၀၉၃
Viewers 52k

အခန်း ၁၀၉၃

တစ်မှတ်ပိုရရင် မင်း စိတ်ကြီးဝင်သွားမှာကို စိုးရိမ်မိတယ်


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ အရိပ်က တိမ်တ်ိုက်များကြားတွင် အုပ်မိုးနေသည်။


၎င်း၏ မျက်လုံးမှထွက်လာသည့် သွေးနီရောင် အလင်းတန်းက မော့ရှို့၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည်။


ထိုလူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးနေပုံရပြီး သူ၏ခေါင်းအထက်၌ အနီရောင်နံပါတ်များ ပေါ်လာသည်။


၎င်းက ပုဖန်၏ ရမှတ်ဖြစ်သည်။


ဒိုင်လူကြီးများက အမှတ်ကို ပြိုင်ပွဲဝင်၏အဆင့်အရ ပေးခြင်းဖြစ်သည်။


ယခင်က ကျန့်ခွမ်းကျို့နှင့် နတ်ဘုရားမမုန့်ချီတို့၏ စားဖိုမှူးစိန်ခေါ်ပွဲတွင် သူတို့က ချီလင်စားဖိုမှူးအဆင့်အရ အမှတ်ပေးခြင်းဖြစ်သည်။ ယခု ပုဖန်နှင့် လျှို့မော့ပိုင်၏ စိန်ခေါ်ပွဲတွင် သူတို့နှစ်ယောက်၏ သက်ဆိုင်ရာ အင်မော်တယ်စားဖိုမှူးအဆင့်အရ အကဲဖြတ်ပေးခြင်းဖြစ်သည်။


ဤရလဒ်နှစ်ခုကို နှိုင်းယှဉ်၍ မရပေ။ 


ထို့ကြောင့် လျှို့မော့ပိုင် ၉၇မှတ် ရခြင်းမှာ သူ၏ဟင်းလျာအတွက် အလွန်မြင့်သော ရမှတ်တစ်ခု ဖြစ်သည်။


၉၇မှတ်သည် ပထမအဆင့်နယ်သာစားဖိုမှူးတစ်ယောက်အနေဖြင့် ထိပ်တန်းအဆင့်ဖြစ်သည်။


ထိုအချိန်မှာပင် မော့ရှို့၏ ဦးခေါင်းထက်မှ အမှတ်က ထိုနေရာ၌ ရှိနေသူအားလုံးကို လန့်သွားစေသည်။


အားလုံးအသက်ပြင်းပြင်းရှုနေကြပြီး မျက်လုံးများကိုပင် မယုံနိုင်ကြပေ။


" ကိုးဆယ့်သုံးမှတ်တဲ့ ..."


ရမှတ်ကို မြင်သည့်အခါ မော့ရှို့ကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားကြောင့် သူပေးသည့်အမှတ်က ရင်ထဲမှလာသည့် ရမှတ်အစစ်အမှန်ဖြစ်သည်။ ဤနေရာတွင် လှည့်စားထားခြင်းမျိုး မရှိပေ။ 


သို့သော် ၉၃မှတ်ပေးလိုက်မိခြင်းကြောင့် သူ့ကိုယ်သူ အလွန်အံ့ဩသွားသည်။


လျှို့မော့ပိုင်၏ဟင်းဟျာမှာ ၉၁မှတ်သာ ရရှိခဲ့သည်။ 


မော့ရှို့တိတ်ဆိတ်နေပြီး ပုဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။


သူ ချင့်ချိန်တွေးပြီးနောက် ရှင်းပြလိုက်သည်။

" ဒီရမှတ်မှာ ၉၁မှတ်က တကယ့်အောင်မြင်မှုပဲ ... ကျန်တဲ့နှစ်မှတ်မှာ တစ်မှတ်က မင်းရဲ့အစားအစာရဲ့ သုံးကြိမ်ပြောင်းလဲမှုအတွက် ... နောက်တစ်ခုကတော့ ပါဝင်ပစ္စည်းအတွက်ပဲ ..."


ပုဖန် ခေါင်းငြိမ့်ပြီး လက်များကို ဆုပ်ထားသည်။

" ရှင်းပြဖို့မလိုပါဘူး ကျုပ်သဘောပေါက်တယ် ..."


မော့ရှို့အေးခဲသွားသည်။


လျှို့မော့ပိုင်၏ မျက်လုံးသူငယ်အိမ်က ပဲစေ့တစ်စေ့ကဲ့သို့ ကျဉ်းမြောင်းသွားသည်။


မော့ရှို့က ပုဖန်ရဲ့အစားအစာကို ဒီလောက်တောင် ချီးကျူးတယ်ပေါ့ ...


သူ့ထက်တောင် နှစ်မှတ်များနေသေးတယ် ... ဘာကိုဆိုလိုတာ ...


အဲ့ဒါ ငါ့ကို အနိုင်ပိုင်းသွားပြီးလို့ ဆိုလိုတာပေါ့ ချီးပဲ ...


အင်မော်တယ်စားဖိုမှူးများလည်း အံ့ဩတကြီးဖြင့် အော်ဟစ်နေကြသည်။


" ကိုးဆယ့်သုံးတဲ့ ငါ အိမ်မက်မက်နေတာများလား ..."


" ဘုရားရေ ... နတ်ဆိုးဘုရင်ကြီးက ပြန်တိုက်ခိုက်နေပြီ ၉၃မှတ်တဲ့ အံ့ဩစရာကြီး ..."


" နတ်ဆိုးဘုရင်ကြီးက အမြဲတမ်းအထာကျနေတာပဲ ..."


ပုဖန်၏ ရမှတ်က လျှို့မော့ပိုင်၏ မျက်နှာကို ရိုက်လိုက်သည့် လက်တစ်ဖက်ကဲ့သို့ပင်။ ဘာကိုမှမကြောက်ပဲ မောက်မာနေခဲ့သော်လည်း ယခုအချိန်တွင် တိတ်ဆိတ်နေသည်။


မော့ရှို့နှင့် အခြားနယ်သာစားဖိုမှူးများလည်း မျက်နှာမဲ့နေကြသည်။


ထိုအချိန်မှစ၍ သူတို့ ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။


လျှို့မော့ပိုင်၏ အမှတ်များ နိမ့်သည့်အတွက် သူ ရှုံးသွားနိုင်သည်။


ကျန့်ခွမ်းကျို့ရှုံးသွားခဲ့ပြီး လျှို့မော့ပိုင်ပါ ချေမှူန်းခံလိုက်ရပါက နယ်သာစားဖိုမှူးများဘက်မှ လုံးဝချေမှူန်းခံလိုက်ရပြီဟု ဆိုလိုသည်။


နှစ်ပွဲရှုံးပြီး လုံးဝ ချေမှူန်းခံလိုက်ရလိမ့်မည်။


သူတို့မျက်နှာပျက်ရမည်က ကိစ္စတစ်ခု ဖြစ်သော်လည်း အကယ်၍သူတို့ရှုံးသွားအါက မသေမျိုးသစ်ပင် အပင်ပေါက်ကို ရနိုင်မည်မဟုတ်တော့ပေ။


နယ်ပယ်သခင်တိထိုက် ယခုချိန်၌ အလွန်ကျေနပ်အားရနေသည်။


ပုပုလေးက သူ့ရဲ့ဂုဏ်သိက္ခာကို တိုးလာစေတာပဲ ...


သူ မျက်မှောင်ကြုတ်နေသော မော့ရှို့ကို ကြည့်လိုက်သည်။


" မဟူရာချက်ပြုတ်ခြင်းနယ်ပယ်က ချီလင်စားဖိုမှူးတွေမှာ ပြောင်မြောက်တဲ့အချက်အပြုတ်စွမ်းရည် ရှိတယ်လို့ ကြားဖူးတော့ မင်းနဲ့တစ်ခါလောက်ပြိုင်ချင်နေတာ ကံဆိုးချင်တော့ ကျွတ် ကျွတ် ကျွတ် ..."


နယိပယ်သခင်တိထိုက် ခေါင်းခါပြီး ဝမ်းနည်းစဖွယ် ပြောလိုက်သည်။


မော့ရှို့၏မျက်နှာက အရုပ်ဆိုးသွားသည်။


ထို့နောက် နယ်ပယ်သခင်တိထိုက်က မော့ရှို့၏ အေးစက်သောမျက်နှာကို လျစ်လျူရှု့လိုက်သည်။ သူခါးထောက်ထားပြီး ရွှေရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျကါလွင့်နေသည်။


" ဟေး မင်း ... နတ်ဘုရား ဘာလဲမသိဘူး ... ငါ့ပေါ်မှာ လာတောက်ပစမ်း ..."

နယ်ပယ်သခင်တိထိုက် အသံကို မြှင့်ပြောလိုက်သည်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားက လှည့်ပင် မကြည့်ပေ။ ရောင်ခြည်တန်းများကသာ နယ်ပယ်သခင်တိထိုက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။


ခဏအကြာတွင် ကတ္တီပါနီရောင် နံပါတ်များ တိထိုက်၏ ခေါင်းအထက်တွင် ပေါ်ထွက်လာသည်။


နယ်ပယ်သခင်တိထိုက်က စိတ်ကြီးဝင်နေဟန်ဖြင့် ခေါင်းမော့နေပြီး သူ၏ ဝတ်ရုံကို မဖြဲမိစေရန် ကြိုးစားနေရသည်။ 

ဒီလူက စိတ်လှုပ်ရှားနေတိုင်း အဖော်အချွတ်အနုပညာကို ပြချင်နေတာပဲ ...


သူ၏ရမှတ်ကို မြင်ရချိန်၌ ...


အားလုံး မျက်တောင်ခတ်ကာ နယ်ပယ်သခင်တိထိုက်ကို ကြည့်နေကြသည်။ 


မည်သူမှ မဆူညံ အုတ်အော်သောင်းနင်းမဖြစ် စိတ်မလှုပ်ရှားကြပေ။


အချို့က ကြောင်အအပင် ဖြစ်နေသည်။


သူတို့ နယ်ပယ်သခင်တိထိုက်ကို နောက်တစ်ကြိမ် မယုံကြည်နိုင်တော့ပေ။


မုန့်ချီလည်း မတတ်နိုင်ပဲ သူမနဖူးကို ပွတ်နေသည်။


နယ်ပယ်သခင် အရှင်မင်းကြီး ... ဒီထက်ပိုပြီး ကိုယ့်ကိုကိုယ် အရှက်မခွဲပါနဲ့တော့ ...


နယ်ပယ်သခင်လည်း အံ့ဩသွားပြီး ခေါင်းမော့၍ အမှတ်ကို ကြည့်လိုက်သည်။


" ကိုးဆယ့်နှစ် ..."


အယ် ...


ကိုးဆယ့်နှစ်က သူ လျှို့မော့ပိုင်ကို ပေးခဲ့တဲ့အမှတ်နဲ့ တူတူပဲလေ ...


ခုနက ချေမှူန်းမယ်ဆိုတာ ဘာတွေကို ပြောနေတာလဲ ..


တခြားသူများ၏မျက်နှာ အဘယ့်ကြောင့် ဤသို့ဖြစ်သွားသည်ကို တိထိုက် နားလည်သွားသည်။


သူ ကိုးရို့ကားယားပြုံးလိုက်ကာ လည်ချောင်းရှင်းပြီး မျက်နှာကို တည်လိုက်သည်။


" အဟမ်း ... ပုဖန်လေး ... ငါမင်းကို ဒီအမှတ်ပေးတယ်ဆိုတာ ငါတို့အရမ်းကြီး မောက်မာမနေသင့်ဘူးဆိုတာ မင်းကို နားလည်စေချင်လို့ပဲ ..."

နယ်ပယ်သခင်က တင်းမာသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။


" ငါတို့ သိုသိုသိပ်သိပ်နဲ့ နှိမ့်ချနေသင့်တယ် ..."


ပုဖန် သူ့ကို တစ်ချက်သာစောင်းငဲ့ကြည့်လိုက်သည်။


ပတ်ဝန်းကျင်က အင်မော်တယ်စားဖိုမှူးများလည်း ရယ်ရမည်လား ငိုရမည်လားကို မသိတော့ပေ။


နယ်ပယ်သခင် အရှင်မင်းကြီးက ဒီနေရာကို ဟာသလုပ်ဖို့ ရောက်လာတာလား ...


မော့ရှို့ နှုတ်ခမ်းများ ကွေးညွတ်လိုက်သည်။ သူအနည်းငယ် စိတ်သက်သာရာ သွားသည်။


သူတို့မှာ အခွင့်အရေး ရှိသေးတာပဲ ...


အကယ်၍ ထိုခွေးနှင့် အင်မော်တယ်စားဖိုမှူးတို့ အမှတ်နိမ့်နိမ့်ပေးပါက ‌အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် အခွင့်အရေး ရှိလိမ့်မည်။


ကွာဟချက်က အမှတ်နှစ်မှတ်သာဖြစ်သည်။ 


နယ်ပယ်သခင်တိထိုက် လေးလေးနက်နက် အမူအရာဖြင့် နေရာသို့ ပြန်လာသည်။


သူ့ကို ကိုးရိုးကားယားဖြင့် ကြည့်နေသူများကို သေချာကြည့်လိုက်ပြီး မျက်နှာအမူအရာမပြောင်းလဲပဲ ပုဖန်ကို ‌အလေးအနက် အကြံပေးနေသည်။

" ငါ မင်းကို သင်ပေးထားတာကို မှတ်ထားနော် ..."


မြို့တော်သခင်မုန့်ချီဘေးနားတွင် ရပ်နေသော မြို့တော်သခင်ကျိုးက နယ်ပယ်သခင်ကိုကြည့်ပြီး အံကြိတ်နေသည်။


" ညီမလေးမုန့်ချီ ငါ နယ်ပယ်သခင်အရှင်မင်းကြီးကဓားနဲ့ထိုးချင်စိတ်ပေါက်လာပြီ ..."


မုန့်ချီ တခစ်ခစ်ရယ်၍ သူမပါးစပ်ကို အုပ်ထားသည်။

" မြို့တော်သခင်ကျိုး စိတ်အေးအေးထားပါ ..."


ဝှစ် ...


လုယီ မတ်တပ်ရပ်လိုက်ခြင်းကြောင့် အားလုံး၏ အာရုံစိုက်စရာ ဖြစ်သွားခဲ့သည်။ စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ အလင်းတန်းက ချက်ချင်းပင် သူ့ကိုယ်ပေါ်၌ တောက်ပလာသည်။


အားလုံးက လုယီကို မျှော်လင့်တကြီး ကြည့်နေသည်။


လုယီ၏အမှတ်က သေရေးရှင်ရေး ဖြစ်နေသည်။


သူက နံရိုးချိုချဉ်ကိုစားပြီး အရမ်းခံစားသွားရလို့ ငိုတောင်ငိုတယ်လေ ... သူ့ပေးမှတ်က မနိမ့်လောက်ပါဘူး ... ဟုတ်တယ်မလား ...


ပုဖန်ကို စိတ်ရှုပ်စွာကြည့်ပြီး လုယီ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။


သူ၏ဦးခေါင်းအထက်တွင် စွမ်းအင်များ စုဝေးလာသည်။


ခဏအကြာတွင် ...


အနီရောင်အလင်းတန်း ထွက်ပေါ်လာပြီး အမှတ်ကို ပြသလိုက်သည်။


လူများ လည်ပင်းစောင်းပြီး ရမှတ်ကို ကြည့်နေကြသည်။


ရမှတ်ပေါ်လာသည်နှင့် မယုံကြည်နိုင် ဖြစ်သွားကြသည်။ သူတို့ လေအေးပင် ရှုရှိုက်လိုက်ရသည်။


" ဘယ်လိုလုပ် ဖြစ်‌နိုင်မှာလဲ ..."


" သစ္စာဖောက်လုယီ ..."


" သေစမ်း ... နတ်ဆိုးဘုရင်ကြီးရဲ့ဟင်းလျာက ဘာလို့ ဒီအမှတ် ရရတာလဲ ... ဒါဆိုမင်းရဲ့ သောက်မျက်ရည်တုတွေက ဘာလို့ကျခဲ့တာတုန်း ..."


အင်မော်တယ် စားဖိုမှူးများ အံကြိတ်နေကြသည်။


" ကိုးဆယ့်ခြောက် ..."


လုယီလည်း အံ့အားသင့်သွားသည်။ ခေါင်းမော့ပြီးအံ့ဩနေသောမျက်နှာဖြင့် ရမှတ်ကို ကြည့်လိုက်သည်။


ကိုးဆယ့်ခြောက်မှတ်က အမှတ်များသော်လည်း လျှို့မော့ပိုင်ထက် တစ်မှတ်နည်းနေသေးသည်။


ဒီတိုက်ပွဲက အခြေအနေပြောင်းလဲသွားနိုင်သေးတယ် ...


ယခုအချိန်တွင် ပုဖန်၏အမှတ်က လျှို့မော့ပိုင်ထက် တစ်မှတ်များနေသော်လည်း အလွယ်တကူ ကျော်ဖြတ်ခံရနိုင်သေးသည်။


လျှို့မော့ပိုင်၏ နှလုံးသားက အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားသည်။

သူ့မှာ အခွင့်အရေးရှိသေးတာပဲ ...


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ ကြီးကြပ်မှုအောက်တွင် အမှတ်များကို မျှမျှတတပေးထားသည်။ ၎င်းတို့က ဒိုင်လူကြီးတစ်ယောက်စီ၏ စိတ်ထဲမှ အရိုးသားဆုံးအမှတ် ဖြစ်သည်။


မော့ရှို့၏ မျက်လုံးများက ခွေးဘုရင်ကို စိုက်ကြည့်နေသည်။


ယခုအချိန်တွင် ထိုခွေး၏အမှတ်ကသာ ရလဒ်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။


ထိုခွေးက လျှို့မော့ပိုင်ကို ၉၃မှတ် ပေးခဲ့သည်။


အကယ်၍ ခွေးဘုရင်က ပုဖန်ကို ၉၁မှတ်ပေးပါက လျှို့မော့ပိုင် အနိုင်ရမည်ဖြစ်ပြီး ၉၂မှတ်ပေးပါက ပြိုင်ပွဲသရေဖြစ်သွားလိမ့်မည်။


ဤအခြေအနေတွင် သရေဖြစ်သည်က ပိုကောင်းသည်။ မော့ရှို့က နောက်ထပ် စားဖိုမှူးစိန်ခေါ်ပွဲတွင် အခွင့်အရေး ရနိုင်သေးသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင်ဆိုသူကို ‌သေချာပေါက် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က စတင်ပြီး ဆုတ်ယုတ်လာသည့်အတွက် ချီလင်စားဖိုမှူးတစ်ယောက် ရှိရန်က ခက်ခဲလွန်းလှသည်။ထိပ်တန်းအဆင့် ရင်းမြစ်များ မရှိပါက စားဖိုမှူးစိန်ခေါ်ပွဲ အတွေ့အကြုံ မရေမတွက်နိုင်အောင်ရှိသော မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ ချီလင်စားဖိုမှုးကို ချေမှူန်းနိုင်မည် မဟုတ်ပေ။


ထို့ကြောင့် ခွေးဘုရင်၏ အမှတ်က အဆုံးအဖြတ်ပေးမည့် အမှတ်ဖြစ်သည်။


ရွှစ် ...


ခွေးဘုရင်က ဖြူပြာရောင် ကြွေပန်းကန်လုံးကိုကိုင်ပြီး ပြောင်စင်အောင်လျက်ထားသည်။


ထို့နောက် အောက်သို့ ချလိုက်သည်။


ခွေးလုရင်၏ အကြည့်များက ပုဖန်ဆီသို့ရောက်သွားပြီး သူ့ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။

ဒီကောင်လေးက ခွေးဘုရင်ဆီကနေ တစ်ခုခုကို အကြာကြီး ဖုံးကွယ်ထားခဲ့တာပဲ ...


ဝှစ် ...


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ အနီရောင်အလင်းတန်းများက ခွေးဘုရငါ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။


ခွေးဘုရင် မျက်မှောင်ကြုတ်ထားပြီး ခေါင်းအထက်တွင် နံပါတ်များ ပေါ်ထွက်လာသည်။


မကြာမီ ထိုကိန်းဂဏန်းများကို မြင်လာရသည်။


ထိုနံပါတ်များကို အားလုံး အာရုံစိုက်နေကြပြီး အသက်အောင့်ထားကြသည်။ အားလုံးစိတ်လှုပ်ရှားနေပြီး မည်သူမျှ အသက်မရှုရဲပေ။


ဒိတ် ဒိတ် ...


ဒိတ် ဒိတ် ...


သူတို့၏ နှလုံးခုန်သံများက စိုးရိမ်ပူပန်မှုများကြောင့် ကသုတ်ကရိုက် ဖြစ်နေသည်။


ထို့နောက် ...


နောက်ဆုံးတွင် ရမှတ်များ ပေါ်ထွက်လာသည်။


သူတို့ နံပါတ်များကို မြင်သည့်အခါ အားလုံး အံ့အားသင့်သွားသည်။


အချို့က မျက်လုံးများ ပြူးကျယ်ပြီး မေးရိုးများပင် ပြုတ်ကျနေသည်။ အချို့က လက်မြှောက်ပြီး မျက်လုံးကိုပင် ပွတ်နေကြသည်။


မော့ရှို့ သူ၏နေရာ၌ပင် မလှုပ်မရှားနိုင် ဖြစ်သွားသည်။ ထိုရမှတ်ကိုကြည့်ပြီး သူ၏မျက်နှာက ကမောက်ကမနှင့် ရယ်စရာ ဖြစ်နေသည်။


နယ်ပယ်သခင်တိထိုက် မျက်လုံးများမှေးစင်းသွားသည်။ သူ၏ လက်များဖြင့် ပါးစပ်ကိုအုပ်ထားသည်။

မယုံနိုင်စရာပဲ ...


လုယီက သူ၏ခန္ဓာကိုယ် လေထဲလွင့်သွားသည်ဟုပင် ထင်လိုက်သည်။


ဘာတွေ ဖြစ်ကုန်တာလဲ ...


ဒီလိုအမှတ်မျိုး ... ဘယ်လိုဖြစ်တာလဲ ...


လျှို့မော့ပိုင် ထိုအမှတ်ကို စိုက်ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်က မိုးကြိုးပစ်သည်ကို မြင်လိုက်ရသကဲ့သို့ စတင်တုန်ယင်လာသည်။


ထို့နောက် မျက်လုံးများနီရဲလာပြီး မျက်နှာကိုအုပ်၍ ရူးနှမ်းစွာ ရယ်တော့သည်။


ပုဖန် ထိုအမှတ်ကို ကြည့်နေသည်။ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပခုံးတွန့်လိုက်သည်။


" တကယ်ပဲ ... အဲ့ဒီခွေးက လူတွေကို သိုသိုသိပ်သိပ်ကို မနေစေချင်ဘူး ..."


ကောင်းကင်တွင် " တစ်ရာ " ဟူသည့်စာလုံးက အလင်းရောင်များ တောက်ပလျက် အုပ်မိုးထားသည်။


ခွေးဘုရင် ပါးစပ်ဟပြီး အားရပါးရ ရယ်နေသည်။ ပုဖန်ကို တစ်ချက်စောင့်ငဲ့ကြည့်ပြီး ပခုံးတွန့်ကာ နှာခေါင်းကို တွန့်ချိုးပြလိုက်သည်။


ထို့နောက် ...


လူများသွာ၏ အကြည့်များအောက်တွင် အမှတ်က ကိုးဆယ့်ကိုး သို့ ပြောင်းသွားသည်။


ငါလခွမ်း ... အမှတ်တွေကို အဲ့လို ပြောင်းလို့ ရတာလား ...


အားလုံး အံ့ဩသွားကြသည်။


သူလုပ်လိုက်တာလား ...


ခဏကြာသောအခါ မှင်သက်နေရာမှ ပုံမှန်ပြန်ဖြစ်သွားပြီး ‌ငလျင်လှုပ်သကဲ့သို့ အော်မြည်သံကြီးများ ထွက်ပေါ်လာသည်။


" ဘုရားရေ ... ကြောက်စရာကောင်းလိုက်တဲ့ အမှတ်ကြီး ..."


" တစ်ရာ ... မဟုတ်ဖူး ကိုးဆယ့်ကိုးတဲ့ ... နတ်ဆိုးဘုရင်ကြီးက အမှတ်အများကြီး ရထားတာပဲ ... တစ်မှတ် လျော့သွားတာ ဘာမှမဖြစ်ပါဘူး ..."


" ငါ ... ငါတို့ နိုင်ပြီပေါ့နော် ..."


အင်မော်တယ်စားဖိုမှူးများ ရင်ခုန်စိတ်လှုပ်ရှားတေကြသဖြင့် အော်ဟစ်အားပေးနေကြသည်။


ပုဖန် နှုတ်ယူခံလိုက်ရသည့် အမှတ်ကိုကြည့်ပြီး နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


‌ဝဲစားခွေးက ပြဿနာရှာနေတာပဲ ...


" ကိုးဆယ့်ကိုးမှတ်ပဲ မတိုးတော့ဘူး ... တစ်မှတ်ပိုရရင် မင်း စိတ်ကြီးဝင်သွားလိမ့်မယ် ..."

ခွေးဘုရင်က လက်ဖဝါးကိုလျက်ပြီး ရေရွတ်လိုက်သည်။


နယ်ပယ်သခင်တိထိုက် သက်ပြင်းချလိုက်သည်။

ကိုးဆယ့်ကိုးမှတ်တဲ့လား ...


အဲ့ခွေးက ဒီလောက်တောင် အမှတ်ပေးတယ်ပေါ့ ... မဟုတ်မှလွဲရော ဒါက လူတွေပြောကြတဲ့ အချစ်စစ်ဆိုတာများလား ...


နယ်ပယ်သခင်တိထိုက် တစ်စုံတစ်ခုကို သင်ယူလိုက်ရသည်ဟု ခံစားလိုက်ရသည်။


မော့ရှို့ ဒေါသထွက်လွန်းသည့်အတွက် သွေးအန်လုနီးပါး ဖြစ်လာသည်။


တစ်ရာ ... မဟုတ်ဖူး ကိုးဆယ့်ကိုးမှတ်တဲ့ ... ဒီလိုအမှတ်မျိုးစားဖိုမှူးစိန်ခေါ်ပွဲမှာ တစ်ခါမှ မရဖူးဘူး ...


ပြီးတော့ ဒိုင်လူကြီးက ပြိုင်ပွဲဝင်တဲ့သူ စိတ်ကြီးဝင်မှာစိုးလို့ တစ်မှတ်တောင် လျှော့လိုက်သေးတယ်တဲ့ ...


ငါတို့ကို လှောင်နေတာလား ...


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားက မည်သည့်ပြစ်ဒဏ်မျှ မပေးသည့်အတွက် ထိုအမှတ်ကို ခွေးဘုရင်၏ အရိုးသားဆုံးပေးမှတ် ဖြစ်နေသည်။


ခွေးလိုကောင်မျိုးကတော့ ...


လျှို့မော့ပိုင် မျက်ရည်များကျလာသည်အထိ ဆက်တိုက်ရယ်နေသည်။ သူ၏လက်နှစ်ဖက်လုံးက မျက်နှာကို အုပ်ထားသည်။


တစ်ရာ ... ပြီးတော့ စိတ်ကြီးဝင်မှာစိုးလို့ ကိုးဆယ့်ကိုးမှတ်ပဲ ပေးတယ်တဲ့လား ...


သူရှူံးသွားပြီ ... သူ့ရဲ့ မျှော်လင့်ချက်လေးတွေ ပျောက်ကွယ်သွားပြီ ...


နှိပ်စက်ညှင်းဆဲခံရသည်ကို ခံစားရသည့်အတွင် နှလုံးသားက အက်ကွဲကြောင်းများ ပေါ်လာသည်ဟုပင် ထကယင်လာသည်။


ဝမ်းနည်းမှုများက လေးလံလွန်းသည့်အတွက် သွေးအန်ချင်လာသည်။


မဟုတ်ဖူး ... လျှို့မော့ပိုင် သွေးအန်နေပြီ ...


ရုတ်တရက် သူ၏ရယ်သံ ရပ်သွားသည်။


သူ၏မျက်နှာက အရောင်ပြောင်းလဲသွားပြီး ပါးစပ်ဟ၍ သွေးများ အန်ထုတ်နေသည်။


ဘယ်လိုတောင် ဒေါသထွက်စရာကောင်းတာလဲ ...


အရှက်မဲ့တဲ့ခွေးက ဒီလိုအမှတ်မျိုး ပေးတယ်ပေါ့ ...


ပုဖန် လက်မောင်းများကို ဆန့်လိုက်သည်။

" တကယ်တော့ အဲ့ခွေး ဝလာကာ ကျုပ်ရဲ့ နံရိုးချိုချဉ်တွေကြောငါ့လေ ကျုပ်လည်း မတတ်နိုင်ဘူး ..."


လျှို့မော့ပိုင် အနည်းငယ် လန့်သွားသည်။ သွေးများစီးကျလာပြီး အမျက်ဒေါသကို ခံစားလာရသည်။


မင်း အဲ့လို ပြောရဲသေးတယ်ပေါ့ ...