အပိုင်း ၆၆
Viewers 12k

စုန့်ရှုဟန် ခေါင်းညိတ်ပြပြီး သူမ၏ဖိနပ်များကိုဇစ်ဆွဲရန် ခေါင်းကိုထပ်ပြီးငုံ့လိုက်သည်။
ဝမ်မင်ယီသည် သူမကတကယ်ပင်ချစ်စရာကောင်းသည်ဟု တွေးမိသည်။ သေချာတာပေါ့...
သူ့ဖန်လေးတွေက ချစ်စရာကောင်းတာအမှန်ပဲ!
သို့ပေမဲ့ အွန်လိုင်းပေါ်တွင် မေ့မေ့ဖန်ထက်မားမားဖန်ပိုများသော်လည်း အပြင်တွင် တွေ့ရသည့်မှာ မေ့မေ့ဖန်တစ်ယောက်ဖြစ်၏။အမှန်ပင်ထူးဆန်းလှသည်။
ဝမ်မင်ယီက စိတ်ကောင်းဝင်နေလျက်သူ့ခေါင်းကို လှည့်လိုက်သည်။ထို့အခါ စစ်ကျွင်းတောက်သည် သူနှင့်မဝေးသောနေရာတွင် ရပ်နေကာ သူ့ကိုပြုံးပြနေသည်ကိုတွေ့လိုက်ရ၏။
ထို့သည်မှာ သူကတော်တော်လေး အကြင်နာတရားမရှိပုံပေါက်နေသည်။
ဝမ်မင်ယီ: ...
ဝမ်မင်ယီသည် အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရ၏။
စုန့်ရှုဟန် ခပ်အေးအေးပင် အပေါ်ထပ်သို့တက်သွားပြီး သူမ၏အဝတ်အစားများကိုလဲပြီးသောအခါ ညစာကအဆင်သင့်ဖြစ်နေလေပြီ။
သူမက အားလုံးနှင့်အတူတူညစာစားရန်အောက်သို့ပြေးဆင်းလာသည်။
"မနက်ဖြန် သမီးဘယ်နေရာ သွားလည်ချင်လဲ..."
ကျိစစ်ယောင်ကမေးလိုက်သည်။
စုန့်ရှုဟန်သည် မူလကမြို့တံတိုင်းဆီသို့ စက်ဘီးသွားစီးချင်ခဲ့သည်ဖြစ်သော်လည်း ယခုတွင်မူ
သူမ၏စိတ်ကိုပြောင်းလိုက်သည်။ သူမ ဝမ်မင်ယီ တစ်ချက်ခိုးကြည့်လိုက်ပြီး ခပ်တိုးတိုးပြောသည်။
"သမီးကြည့်လိုက်ဦးမယ်...အိပ်ခါနီးကျမှ သမီးပြောမယ်လေ"
"ကောင်းပါ့ "ဟု ကျိစစ်ယောင်ကပြန်ပြောသည်။
စစ်ကျွင်းတောက်သည် ထိုအကြည့်ကိုအကင်းပါးစွာဖြင့် သတိထားမိလိုက်ပြီး စုန့်ရှုဟန်ကို တတိတ်တဆိတ်ကြည့်လိုက်၏။
သို့သော်လည်း စုန့်ရှုဟန်ကတော့ သူ့ကိုလုံးဝသတိမထားမိပါချေ။ ယခုအချိန်တွင် သူမသည် သူမ၏ နတ်ဘုရားနှင့် စားပွဲတစ်ခုထဲတွင် အတူတူစားနေရသည့်ပျော်ရွင်မှုထဲတွင် နှစ်မြုပ်
လျက်ရှိသည်။သူမသည် ယနေ့ည ညစာကအရမ်းအရသာရှိသည်ဟုသာ တွေးနေခဲ့သည်။
နတ်ဘုရားရဲ့မျက်နှာလေးကိုကြည့်ပြီး နောက်ထပ်နှစ်ပန်းကန်လောက်တောင်ထပ်စားနိုင်သေးတယ်!
ညစာစားပြီးသည့်နောက်တွင် ဝမ်ဝေ့နှင့်ကျီစစ်ယောင်တို့သည် ပန်းကန်ဆေးရန် မီးဖိုချောင်ထဲသို့သွားကြသည်။ စုန့်ရှုဟန်သည် အကြီးများသည်နေရာတွင် မရှိတော့ ကြောင်းတွေ့လိုက်သည်နှင့်
ဝမ်မင်ယီအနားသို့ တိတ်တခိုးတိုးသွား လိုက်၏။
ဝမ်မင်ယီက လိမ္မော်သီးတစ်လုံးကို အခွံခွာနေလေသည်။ သူမအနားကပ်လာသည်ကိုမြင်ရာတွင် သူသည် လိမ္မော်သီးကိုသုံးပိုင်းပိုင်းကာ
သူမကိုတစ်စိတ်ပေးလိုက်ပြီးမေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
စုန့်ရှုဟန်သည် သူ့လက်များဖြင့်လိမ္မော်သီးပေးလာသည်ကို အံ့အားသင့်နေကာ ခဏမျှတုံံ့ဆိုင်းနေပြီးမှ နာခံစွာဖြင့်ယူလိုက်သည်။
"မနက်ဖြန် အစ်ကိုအိမ်မှာနေမှာလား..."
အကယ်၍ သူအိမ်မှာပဲနေလျှင် သူမအပြင်မထွက်တော့ပေ။
ဝမ်မင်ယီက ခေါင်းညိတ်ပြ သည်။
စုန့်ရှုဟန် ကပွင့်ပွင့်လင်းလင်းပြောလိုက်၏
"ဒါဆို ညီမမနက်ဖြန် အပြင်မထွက်တော့ဘူး။"
"ဘာလို့လဲ..."
ဝမ်မင်ယီက နားမလည်ပေ။
"မင်းအတွက် ဒီနေရာကို လာဖို့ခဲယဉ်းတယ်လေ။
အပြင်ထွက်ပြီးအချိန်ကောင်းလေးတွေရအောင်ယူ၊ အိမ်မှာနေဖို့က အဓိပ္ပာယ်မရှိဘူးလေ..."
"စိတ်ဝင်စားစရာကောင်းပါတယ်နော်..."
စုန့်ရှုဟန်က အမြန်ပြောလိုက်၏။
"Idolတွေကိုမြင်ရတာက ခရီးသွားတာထက်ပိုအရေးကြီးတယ်..."
ဝမ်မင်ယီ၏ဘေးတွင်ထိုင်နေသော စစ်ကျွင်းတောက်က ရုတ်တရတ်သဘောပေါက်သွားကာ
မေးလိုက်သည်။
" မင်းက မင်မင်ရဲ့ဖန်တစ်ယောက်လား..."
စုန့်ရှုဟန် ကခေါင်းညိတ်သည်။
မဆန်းတော့ဘူးဟု စစ်ကျွင်းတောက်က တိုးတိုးလေးပြောလိုက်သည်။သူတို့ တံခါးနားမှာ အချင်းချင်းတီးတိုးတွတ်ထိုးနေကြပြီး စုန့်ရှုဟန်က ဝမ်မင်ယီကို တစ်ချိန်လုံးခိုးကြည့်နေခြင်းက မဆန်းတော့ပါချေ။ သူတို့သည် ဖန်များဖြစ်ပါက
သူတို့လုပ်နေသည်များက အပြည့်အဝရှင်းလင်းသွားပြီဖြစ်သည်။
စစ်ကျွင်းတောက် သည် မသိလိုက်ဘာသာဖြင့်စိတ်သက်သာရာရသွားသည်။
သို့သော် သူစိတ်သက်သာရာရပြီးမကြာခင်မှာပင် ကျိစစ်ယောင်သူတို့ကိုပြောလာသည်ကိုကြားလိုက်ရ၏။
"မနက်ဖြန် သားတို့လုပ်စရာတစ်ခုခုရှိလား။ အဆင်ပြေရင် ဟန်ဟန်နဲ့အတူတူ အချိန်ဖြုန်းလို့ရတယ်လေ။ သားတို့နှစ်ယောက်လုံးကလူငယ်တွေဆိုတော့ သွားကစားလို့ရတဲ့နေရာတွေအများကြီးရှိတယ်"
စစ်ကျွင်းတောက်သည်ပြန်ပြီး စိတ်အလိုမကျဖြစ်သွားပြန်၏။
ဝမ်မင်ယီ ထိုအချက်ကဖြစ်နိုင်သည်ဟုတွေးမိသည်။အမှန်တွင် သူမသည်သူ၏ဖန်ဖြစ်ပြီး
ကျိစစ်ယောင်၏သူငယ်ချင်းဖြစ်သူရဲ့ သမီးဖြစ်သည်။ဤနေရာကိုလာလည်ခဲသည်။သူသည် သူမကိုသူနှင့်အတူကစားရန်ခေါ်သွားနိုင်ပါသည်။
"ဟုတ်ကဲ..."
စစ်ကျွင်းတောက် : "..."
ဝမ်မင်ယီကအခုဘာပြောလိုက်တာ...
သူထင်ယောင်ထင်မှားတွေများကြားမိခဲ့တာလား!
သူဝမ်မင်ယီကိုကြည့်ကာပြောလိုက်သည်။
"မင်းကမနက်ဖြန် ဟန်ဟန်နဲ့အတူတူအပြင်လိုက်သွားမှာလား"
ဝမ်မင်ယီက ဘာဖြစ်နေမှန်းမသိချေ။သို့သော် သူစစ်ကျွင်းတောက်၏ စကားများထဲမှ အန္တရာယ်အငွေ့အသက်ကိုချက်ချင်းရလိုက်၏။ သူစစ်ကျွင်းတောက်ကို ကြည့်ပြီးပြောလိုက်သည်။
"ကောရောပါတယ်လေ..ကျွန်တော်တို့သုံးယောက်လုံးအတူတူသွားကြမယ်..."
"ငါတို့သုံးယောက်အတူတူ... "
စစ်ကျွင်းတောက် ကထပ်မေးလိုက်သည်။
ဝမ်မင်ယီ: ...
ဝမ်မင်ယီသည် သူ့အစ်ကိုကဆန္ဒရှိပုံမရဟု ထင်မိသည်။
စုန့်ရှုဟန်သည်လည်း စစ်ကျွင်းတောက် သဘောကျပုံမရမှန်းသတိထားမိလိုက်သဖြင့် ပြောလာသည်။
"ညီမက မနက်ဖြန်ဘယ်မှမသွားဘဲ အိမ်မှာပဲနားမယ်လို့ပဲပြောခဲ့တာလေ... အဲဒါဆို နားပဲနားကြတာပေါ့ အပြင်မထွက်တော့ဘူး "
ထိုသို့ပြောပြီးသည်နှင့် သူမသည် ကျိစစ်ယောင်ဘက်သို့လှည့်ကာပြောလိုက်သည်။
"အန်တီ သမီးတို့ မနက်ဖြန်နားမယ်လို့သဘောတူ ပြီးပြီလေ။သမီး နှစ်ရက်လောက်ကစားပြီးတော့ နည်းနည်းပင်ပန်းနေပြီ။ သမီး ခဏနားပြီးမှ ပြန်ကစားချင်တယ်"
"အိုခေလေ..သမီးဘာသမီး ဆုံးဖြတ်တာနော် အန်တီနဲ့မဆိုင်ဘူး။ကျွင်းကျွင်းရေ..မားအရင်ကလုပ်ထားတဲ့ဝိုင်လေး လာကူရှာပေးပါဦး။မားရှာမတွေ့တော့လို့"
စစ်ကျွင်းတောက်လည်း မတ်တပ်ရပ်ကာသူမနှင့်အတူမြေအောက်ခန်းဆီသို့လိုက်သွားသည်။
မြေအောက်ခန်းဆီသို့ရောက်သောအခါ သူသည် ဝိုင်ဗီရိုများစွာဖွင့်ကြည့်ပြီးနောက်ဆုံးတွင် ဝှက်ထားသည်ဝိုင်ဗီရိုတစ်ခုတွင် တွေ့သွားကာထုတ်ယူလိုက်သည်။
ကျိစစ်ယောင်က ယူလိုက်ပြီး သူ့ကိုမေးသည်။
"မင်းအခုလေးတင် ဘာဖြစ်နေတာလဲ။
မင်းကဟန်ဟန်နဲ့လည်းလိုက်မသွားချင်ဘူး ဒါပေမဲ့ မင်မင်လိုက်မယ်ဆိုတော့လည်းသဘောမတူဘူး"
စစ်ကျွင်းတောက်က ကူရာမဲ့ဖြစ် သွားသည်။
"ဒါဆို ဘာလို့မားက မင်မင်ကိုသူနဲ့လိုက်သွားစေချင်တာလဲ "
"ဟန်ဟန်က ဒီနေရာနဲ့မရင်းနှီးတဲ့မိန်းကလေးတစ်ယောက်လေ။ တစ်ယောက်ယောက်က သူနဲ့လိုက်သွားရင်ပိုပြီးမလုံခြုံဘူးလား။နောက်ပြီး သူကမင်မင်နဲ့သက်တူရွယ်တူဆိုတော့ သူတို့အချင်းချင်းစကားပြောလို့ရတယ်။မင်းက တခြားသူတွေကိုသဘောမကျဘူး ၊မိန်းကလေးတွေကိုသဘောမကျဘူး။ ဒါပေမဲ့ ငါကအရှင်းကြီးကိုပဲ မိန်းကလေးတွေကိုသဘောကျတယ်လေ။
သူတို့တစ်ယောက်နဲ့တစ်ယောက်တွေ့ ကြည့်လို့ရနိုင်တာပဲလေ "
စစ်ကျွင်းတောက်က နားမလည်နိုင်စွာဖြင့်ပြောသည်။
"မားက ဟန်ဟန်ကို တော်တော်လေး
သဘောကျနေ တာလား။ ကျွန်တော်တို့နှစ်ယောက်ထဲကနေ သူအတွက်ကောင်လေးရှာပေး
ဖို့သေချာတယ်ပေါ့"
"သေချာပေါက် မဟုတ်ဘူးပေါ့"
ကျိစစ်ယောင်သည် စစ်ကျွင်းတောက်က သူမ၏နာကျင်မှုများကို လုံးဝပင်နားမလည်ဟုခံစားရသည်။
"မားက ဟန်ဟန်က ကောင်းတဲ့ကလေးတစ်ယောက်လို့ထင်ရုံပါ ။မင်းပဲဖြစ်ဖြစ် မင်မင်ပဲဖြစ်ဖြစ် တစ်နေ့ကျရင် ချစ်မိပြီးလက်ထပ်ကြမှာပဲလေ။ မားတို့လို မိဘတွေအနေနဲ့ မင်းတို့တွေ အကြောင်းဇာတ်မြစ်ကောင်းကောင်းသိပြီ အိမ်လိုမျိူးနွေးထွေပြီးသက်တောင့် သက်သာရှိစေမဲ့ လက်တွဲဖော်ကောင်းကောင်းတစ်ယောက်ရနိုင်ဖို့ သေချာပေါက်မျော်လင့်နေကြတာလေ..."
"ဟန်ဟန်ရဲ့မိသားစုက အခြေအနေကောင်းပြီးတော့တွေးခေါ်တတ်တဲ့သူတွေ။ မားလည်းသူရဲ့မိဘတွေကိုသိတယ်လေ။ တကယ်လို့သာ သူတို့တွဲဖြစ် သွားရင် မင်းရောမင်မင်ရောအတွက်ကောင်းတယ်လေ။ မာယကမင်မင်ကြီးလာတာကိုစောင့်ကြည့်လာတဲ့သူပါ။ မားသူ့အတွက်မစဉ်းစားဘဲနေနိုင်မလား။မင်းရော မင်းရဲ့ညီကို သူ့အကြောင်းကောင်းကောင်းသိတဲ့သူ လှပပြီးတွေးခေါ်တတ်တဲ့သူ၊ သူနဲ့လိုက်ဖက်ညီတဲ့သူကိုရှာမတွေ့စေချင်ဘူးလား..."
စစ်ကျွင်းတောက်က တိတ်ဆိတ်လျက်ပင်ရှိနေသည်။
ကျိစစ်ယောင်က သူပခုံးကိုပုတ်ကာပြောသည်။
"မင်းကတစ်နေ့မှာအိမ်ထောင်ပြုမှာ၊အဲ့အချိန်ရောက်ရင် သူကအိမ်ကနေပြောင်းသွားလိမ့်မယ်။ အန်တီဝမ်နဲ့မားတို့က အချစ်ဆုံးသူငယ်ချင်းတွေ။သူမက ကလေးလိုပဲ။ မင်မင်အနားမှာတစ်နှစ်ပတ်လုံးရှိနေမှာမဟုတ်ဘူး။အဲ့တော့မားတို့က တချို့အရာတွေနဲ့ပတ်သတ်ပြီးစိတ်ပူနေရတယ်။ တကယ်လို့သူသာဟန်ဟန်နဲ့အတူရှိနေမယ်ဆိုရင် မားကဟန်ဟန်ရဲ့မိဘတွေနဲ့လည်းကောင်းကောင်းသိတယ်လေ။ မားတို့ သူတို့စုံတွဲဆီရံဖန်ရံခါ သွားပြီးလည်ပတ်လို့ရတယ်မလား"
စစ်ကျွင်းတောက်ကား တစ်ခွန်းမျှပင်ပြန်မဆိုလာချေ။ သူသည် မြေအောက်ခန်းမှလှည့်ထွက်ကာ
တစ်လှမ်းပြီးတစ်လှမ်းတက်လာလိုက်သည်။
ပထမထပ်ရှိ ဧည့်ခန်းထဲသို့ပြန်ရောက်လာချိန်တွင် ဝမ်မင်ယီနှင့်စုန့်ရှုဟန်တို့သည် TVအတူကြည့်ရင်း ရယ်မောကာစကားပြောနေကြသည်ကို သူမြင်နေရသည်။
အမှန်တိုင်းဆိုရပါလျှင် စုန့်ရှုဟန်သည် တကယ်ပင်ကောင်းသည့်ရွေးချယ်မှုတစ်ခုဖြစ်သည်။ သူမ၏မိသားစုနောက်ခံ၊ပုံပန်းသွင်ပြင်၊ကိုယ်ရည်ကိုယ်သွေး၊ သူမကဝမ်မင်ယီ၏ဖန်တစ်ယောက်ဟူသည့်အကြောင်းကိုကား
ထည့်ပြောရန်ပင်မလိုပါချေ။ သို့ပေမဲ့...စစ်ကျွင်းတောက်သည် အလှစိုက်ပင်လေး၏နောက်တွင်ရပ်နေကာ ဝမ်မင်ယီ၏နောက်ကျောကို တိတ်ဆိတ်စွာ ကြည့်နေရင်း သူ၏လက်များကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားမိတော့သည်။
ဝမ်မင်ယီ အိမ်ကနေထွက်သွားကာသူ့ကို ထားခဲ့ပြီးတခြားလူများနှင့်အတူနေလိမ့်မည့်ဟုတွေးမိနေသရွေ့ စစ်ကျွင်းတောက်သည် ဝမ်းနည်းပြီးလက်မခံနိုင်ဖြစ်နေရုံလေးပင်။
သူသည် သူဘယ်သောအခါမျှပြန်မရောက်ချင်တော့သည် သူနှင့်ဝမ်မင်ယီပြန်လည်အဆင်မပြေခင်နေ့ရက်များကို မြင်ယောင်နေပုံရလေသည်။
သူဝမ်မင်ယီကို တစ်ကြိမ်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ထိုသည်ကားမည့်သို့မည်ပုံဆိုသည်ကို သူသိခဲ့ပြီးဖြစ်လေရာ တစ်သက်လုံးပင်မဆိုထားနှင့် တစ်ကြိမ်မျှပင် ပြန်၍မဆုံးရှုံးချင်တော့ပါချေ။
ကမ္ဘာပေါ်တွင် မည်သူကမျှ သူ့ထက်ပို၍ ဝမ်မင်ယီကိုချစ်နိုင်မည်မဟုတ်ကာ မည့်သူကမျှ သူထက်ပို၍ဝမ်မင်ယီကို မသိနိုင်ပါလေ။ ထိုကဲ့သို့ပင် ဝမ်မင်ယီသည် သူ့ကိုယုံကြည်သကဲ့သို့ အခြားသူများကိုယုံကြည်လိမ့်မည် မဟုတ်ပေ——
သူ ခွေးတစ်ကောင် သို့မဟုတ်ကြောင်တစ်ကောင်ဖြစ်လာသည်ကို တခြားသူများအားပြောပြခဲ့ခြင်း ပင်မရှိချေ။ ဝမ်မင်ယီက သူ့ကိုပဲပြောပြခဲ့၏...သူတစ်ယောက်တည်းကိုပင်။
သူတို့သည် ကလေးဘဝအရွယ်ကတည်းကပင် အတူတကွကြီးပြင်းလာခဲ့ပြီး တစ်ပင်နှင့်တစ်ပင်မှီတွယ်နေကြသည့်သစ်ပင်များကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ထောက်ကူပေးခဲ့ကြသည်။သူတို့၏အကိုင်းများကတစ်ခုနှင့်တစ်ခုပူးကပ်ကာဆက်စပ်လျက် ရှိနေပြီး၊ သူတို့၏အမြစ်များ သည် ရစ်ပတ်နွယ်နေကြကာ ၊သူတို့၏ပင်စည်များသည်ကား တစ်ပင်ကိုအခြားတစ်ပင်၏သစ်နွယ်များဖြင့် အချင်းချင်းဖုံးအုပ်လျက်ရှိနေပြီဖြစ်သည်။
ဆိုတော့..ငါတို့ကဘာလို့ခွဲရမှာလဲ...။
ထိုအချိန်တွင် စစ်ကျွင်းတောက်၏နှလုံးသားသည် အရိုင်းဆန်စွာ ခုန်ပေါက်လာခဲ့သည်။ သူအရင်တုန်းကယောင်ဝါးဝါးခံစားဖူးသည့် ဒီလိုခံစားချက်တွေ၊ သူအရင်တုန်းက မသ်ိခဲ့သလို ဆက်ပြီး မတွေးရဲခဲ့သည့်ဒီလိုစိတ်ခံစားချက်တွေက ဇီဝကျူးကျော်မှုလိုမျိူး ဒီအချိန်မှာ အရူးအမူးကိုကြီးထွားလာတော့သည်။
သူဝမ်မင်ယီကိုသဘောကျသည်။သူတွေးမိသည်မှာ သူသည် ဝမ်မင်ယီ၏အိမ်နီးချင်းအစ်ကိုအနေနဲ့ပင် ဖြစ်ချင်ခဲ့သည်မဟုတ်ဘဲ သူ၏ဘဝခရီးတစ်လျှောက်လုံးအတူတူလိုက်ပါသွားချင်ကာ ခရီးတစ်ဝက်တွင် ဘက်စ်ကားပေါ်မှဆင်းပြီး သူမသိသည့်နေရာများသို့ သွားခွင့်ပေးလိုက်မည်။
ထိုသည်ကား ဝမ်မင်ယီ၏တစ်ဘဝတာလုံးတွင် ပါဝင်ပတ်သတ်ချင်သည့် ၊ဝမ်မင်ယီ ဤဘဝကိုဖြတ်သန်းရာတွင်အတူလိုက်ပါချင်ပြီး သူ၏ အထူးသီးသန့်လေးအဖြစ်သိမ်းထားချင်သည့်အချစ်မျိူးဖြစ်လေသည်။
သူ၏ဘဝထဲတွင် ဝမ်မင်ယီသည် သူဂရုအစိုက်ဆုံးသော သူဖြစ်ပြီး သူအလေးထားဆုံးသူမှာလည်း ဝမ်မင်ယီပင်ဖြစ်သည်။ သူသည် ဝမ်မင်ယီ အား သူ၏စိတ်ခံစားချက်များအားလုံးနီးပါးနှင့်
သူ၏အကောင်းဆုံးသောသဘောထားများကိုပေးထားပါ၏။သူ၏ပခုံးများပေါ်တွင် တာဝန်နှစ်ခုကိုသာသယ်ဆောင်ထားပြီး တစ်ခုမှာသူ၏မိဘများဖြစ်ကာ အခြားတစ်ခုမှာဝမ်မင်ယီဖြစ်လေသည်။
သူသည် ဝမ်မင်ယီအပေါ်ကဲ့သို့ အခြားသူများအားချစ်နိုင်တော့မည်မဟုတ်ချေ။သူသည် ရလဒ်များကိုမလိုချင်၊ဆုလာဒ်များကိုလည်းဂရုမစိုက်ပဲ နောင်တများလည်းမရှိပါလေ။
ဤအခိုက်အတန့်တွင် စစ်ကျွင်းတောက်သည်နောက်ဆုံးတွင် သူဝမ်မင်ယီကို ချစ်နေခဲ့ကြောင်း အတည်ပြုနိုင်လိုက်သည်။အမှန်ပင်၊ သူသည် ဝမ်မင်ယီအား ချစ်နေမိကာ အမြဲတမ်းချစ်နေခဲ့သည်ဖြစ်သော်လည်း ပထမဆုံးအကြိမ်အဖြစ် သူ၏ဝမ်မင်ယီအပေါ်ထားသော ပိုင်ဆိုင်လိုသည့်
ဆန္ဒသည် သူထင်ထားသည်ထက်များစွာပိုသန်မာ
နေကြောင်းတွေ့ရှိလိုက်ရ၏။
.
ထိုအချိန်တွင် ဤရူးသွပ်မိုက်မဲလှသည့်ခံစားချက်များ၏ တိုးထွက်လာမှုသည် သူ၏နှလုံးသားရှိအတားအဆီးများကိုဖြတ်ကျော်လာတော့မည်ဖြစ်လေရာ စစ်ကျွင်းတောက်သည်ကူရာမဲ့စွာဖြင့်
ရှေ့ဆက်တိုးရတော့သည်။
သိုသော်လည်း မကြာမီပင် သူပြန်လှည့်လာလိုက်၏။
ဤတဟုန်ထိုးတက်လာသော ခံစားချက်များသည် ဒီရေပြီးနောက်ရှိ လှိုင်းလုံးများကဲ့သို့ တဖန် ပြန်လည်ဆုတ်ခွာသွားပြီး လှိုင်းများထပြီးသွားသည်နှင့် ပြန်လည်ငြိမ်သက်သွားတော့သည်။
အကယ်၍ ဝမ်မင်ယီသည် မိန်းကလေးတစ်ယောက်ဖြစ်ပါလျှင် ၊ သူဝမ်မင်ယီကို နက်နက်ရှိုင်းရှုင်းမချစ်မိခဲ့ပါလျှင် သို့မဟုတ် သူ့တွင် ဝမ်မင်ယီအတွက် သိတတ်မှုနည်းပါးခဲ့လျှင်ပင် သူသည်ဝမ်မင်ယီဆီသို့အပြေးသွားကာ သူ၏ခံစားချက်များကို တုံ့ဆိုင်းခြင်းမရှိပြောပြလိုက်မည်ဖြစ်သည်။
သို့ရာတွင် အကယ်၍ဆိုသည်များ မရှိခဲ့ ပါချေ။
သူနှင့်ဝမ်မင်ယီ ကြီးပြင်းလာစဉ်တစ်လျှောက်တွင် သူသည် ဝမ်မင်ယီ၏ရှေ့တွင်အမြဲပင်ရှိနေခဲ့သည်။ ဝမ်မင်ယီသည် သူ့ကိုကြည့်ကာ သူ၏ခြေလှမ်းများအတိုင်း တစ်လှမ်းချင်းသူ့နောက်ကို လိုက်လာခဲ့သည်။ဝမ်မင်ယီသည့် သူ့အားအမြဲလိုလိုယုံကြည်ပြီး အားကိုးခဲ့သည်။ သူတို့နှစ်ဦး နေ့ညပေါင်း၁၀၀၀ ကျော်ကွဲကွာနေခဲ့လျှင်ပင် ဝမ်မင်ယီသည် သူဘွဲ့ရခဲ့သည့်တက္ကသိုလ်ကိုရွေးချယ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဘဲ သူခြေရာအတိုင်းလှမ်းလာဦးမည်ဖြစ်သည်။
သူ့အတွက် ဝမ်မင်ယီရဲ့ခံစားချက်ကရောဘာများလဲ။အစ်ကိုကြီးတစ်ယောက်အပေါ် လေးစားမှုလား၊ငယ်သူငယ်ချင်းခံစားချက်မျိူးလား။ သို့ပေမဲ့ ထိုခံစားချက်တစ်ခုကမျှ အချစ်မဟုတ်ပေ။
သူကမိန်းကလေးများကိုသဘောကျသည်။စုန့်ရှု
ဟန်မဟုတ်လျှင်ပင် အခြားသူများလည်းဖြစ်နိုင်သည်။ သူတို့၏ဆက်ဆံရေးတွင် ဝမ်မင်ယီသည်အမြဲပင် သဘောထားကြီးကာ ပွင့်လင်းရိုးသား၏။ဝမ်မင်ယီသည် သူ့အား သန့်စင်သည့်မျက်လုံးများဖြင့်ကြည့်လေ့ရှိပြီး ထိုအကြည့်များထဲတွင် မသန့်စင်မှုသို့မဟုတ်အချစ်နှင့်သက်ဆိုင်သည့်စိတ်ခံစားချက်များ မပါဝင်ခဲ့ပါချေ။စစ်ကျွင်းတောက်သူ့အား စမ်းသပ်ဖူးခဲ့သည်ပင်။သို့သော်ငြား မည်သည့်ရလဒ်မျှထွက်မလာပါလေ။
သူသည် ဝမ်မင်ယီ၏အချစ်ရေးအတွက် ကိုယ်စားလှယ်စာရင်းထဲမှတစ်ယောက် မဟုတ်ခဲ့ပေ။ ဝမ်မင်ယီ၏ နှလုံးသားထဲတွင် သူသည် ဝမ်မင်ယီ နှင့်အရင်းနှီးဆုံးသူတစ်ယောက်၊ သူအားအကိုးဆုံးသူတစ်ယောက်၊ သူအယုံကြည်ရဆုံးသူတစ်ယောက်ဖြစ်သော်လည်း သူချစ်ချင်သည့်သူတစ်ယောက်ကားမဟုတ်ခဲ့ပါချေ ။
ဝမ်မင်ယီ သည်မည်သူ့ကိုမဆိုချစ်နိုင်သော်ငြား
သူ့ကိုတော့ မဟုတ်သည်ပင်။
စစ်ကျွင်းတောက် အလွန်ပင်ရှင်းရှင်းလင်းလင်းသိနေ၏။ လိင်တူအသိုင်းအဝိုင်းသည် အလွန်ပင်ကျဉ်းလှသည် အသိုင်းအဝိုင်းတစ်ခုဖြစ်သည်ကို အတော်လေးပင်ရှင်းလင်းစွာ သိနေခဲ့ပါသည်။သူကဤနေရာတွင်ရပ်နေကာ ဝမ်မင်ယီသည် နေရောင်အောက်တွင် ရပ်နေခဲ့သည်။ သူသည်ဝမ်မင်ယီအား ဆွဲမသွင်းရက်ခဲ့၊ အထူးသဖြင့် ဝမ်မင်ယီဝင်မလာချင်သည့်အခါမျိူးတွင်ဖြစ်သည်။
အကယ်၍ ဝမ်မင်ယီကသူ့ကိုသဘောကျပြီး သူနှင့်အတူရှိနေချင်ပါလျှင် သူသည်ဘယ်သောအခါမျှငြင်းပယ်လိမ့်မည်မဟုတ်ပေ။ သူသည် ဝမ်မင်ယီအားအမြဲပင်လိုက်လျောပေးနေမည်ဖြစ်သည်။သို့သော်ငြား ဝမ်မင်ယီသည် သူ့ကို သဘောမကျ သလို သူ၏အချစ်များကသူနဲ့မသက်ဆိုင်ခဲ့ပါလျှင် သူသည် ဝမ်မင်ယီကို ရွှံ့ဗွက်အိုင်ကဲ့သို့သော သူ၏ကိုယ်ပိုင်ခံစားချက်များထဲသို့ ခေါ်သွင်းမည်မဟုတ်ချေ။
သူသည် လက်ခုပ်အပြည့်စာ ပုလဲများနှင့်ကျောက်မျက်ရတနာများကို ရွှံ့များအပြည့်ပေနေသောလက်များဖြင့်ကိုင်ထားသည့် ဆင်းရဲသားသူဌေးတစ်ယောက်ကဲ့သို့ပင်ဖြစ်၏။ သူသဘောကျသည့် လူငယ်လေးကိုပေးချင်ပါသော်လည်း တစ်ခြားတစ်ဖက်က မလိုချင်သောကြောင့် တိတ်ဆိတ်စွာပင် သူ၏လက်များကို နောက်သို့ပို့ထားရသည်။
သူနှလုံးသားထဲတွင်စိတ်လှုပ်ရှားမှုများပြည့်နှက်နေသော်လည်း တစ်ခွန်းမှထုတ်ဖော်မပြောနိုင်ခဲ့ပေ။
(မူရင်း—သူ့တွင် လိပ်ပြာများဝမ်းဗိုက်တစ်ခုလုံးအပြည့်ရှိသော်လည်း တစ်ကောင်မျှပျံမထွက်နိုင်ကြချေ။)