အပိုင်း ၆၇
Viewers 12k

ဝမ်မင်ယီ လှေကားပေါ်သို့တက်သွားသည့်ခြေသံဖွဖွများကိုကြားလိုက်ရသည်။ သူနောက်သို့လှည့်ကြည့်လိုက်ရာတွင် ထိုသူမှာစစ်ကျွင်းတောက်ဖြစ်နေသည်ကို သိလိုက်ရ၏။
သူသည် TVရီမုကို စုန့်ရှုဟန်ဆီသို့လှမ်းပေးကာသူမကိုပြောလိုက်သည်။
"မင်းအရင်ကြည့်နှင့် ငါအပေါ်တက်လိုက်ဦးမယ်"
စုန့်ရှုဟန်က ခေါင်းညိတ်ကာဖြေသည်။
"အိုခေ"
ဝမ်မင်ယီသည် မတ်တပ်ရပ်ကာ အမြန်လျှောက်လိုက်သည်တွင် မကြာမီပင်စစ်ကျွင်းတောက်ကိုနောက်ဆုံးခြေလှမ်းအနည်းငယ်တွင် မီသွားတော့ သည်။သူသည် စစ်ကျွင်းတောက်၏ပခုံးကိုလှမ်းပုတ်ကာ မကျေမနပ်ဖြင့်ပြောလိုက်၏။
"ကော အခန်းထဲပြန်မှာကို ဘာလို့ကျွန်တော့်ကို မခေါ်တာလဲ"
စစ်ကျွင်းတောက်သည် စိတ်တည်ငြိမ်မှုရသွားပြီဖြစ်ကာ သူ၏ထုံစံအတိုင်းစိတ်ဝင်စားမှာကင်းမဲ့နေသည့်ပုံစံသို့ပြန်ပြောင်းသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ခပ်အေးအေးပင်ဆိုလာ၏။
"အဲ့လိုဆိုတော့ မင်း ဟန်ဟန်အနားမှာခဏလောက်ပိုပြီးကြာကြာနေနိုင်တာပေါ့"
ဝမ်မင်ယီသည် စစ်ကျွင်းတောက်က သူဟန်ဟန်ကိုအပြင်ထွက်လည်ရန်ခေါ်သွားရမည်အား သဘောတူလိုက်ရုံလေးကို အပြစ်တင်နေဆဲဟု
ထင်သွားသည်။ သူကရှင်းပြလိုက်သည်။
"စိတ်ဆိုးနေတုန်း ပဲလား။စိတ်မဆိုးပါနဲ့ကော...။နောက်ဆုံးကျတော့ကျွန်တော်တို့အကုန်လုံးမသွားဖြစ်
ဘူးမလား"
"မင်း သူ့ကို အပြင်ခေါ်သွားချင်လား..."
စစ်ကျွင်းတောက် ကသူ့ကိုမေးသည်။
ဝမ်မင်ယီသည် ခဏမျှကြောင်အ နေပြီးမှ အမှန်တိုင်းပြန်ဖြေလိုက်၏
"အဲ့ဒါက ကိစ္စမရှိဘူးလေ။မမျှော်လင့်ဘဲ မွေးစားအမေကအဲ့လိုပြောလာတယ်လေ။ပြီးတော့ သူမကဒီကိုခရီးလည်ပတ်ဖို့အတွက်လာတာလေ။အဲ့ဒါအပြင် သူမက ကျွန်တော့်ဖန်လည်းဖြစ်သေးတယ်။အမှန်ကတော့ ပျော်ရအောင်လို့"
"အဲဒါနဲ့ မင်းကမနက်ဖြန်ကျရင် သူ့ကိုအပြင်ထွက်လည်ဖို့ခေါ်သွားမယ်ပေါ့"
စစ်ကျွင်းတောက်က
အေးအေးဆေးဆေးဆိုလာသည်။
"ဆွေမျိူးတွေကရုတ်တရတ်ကြီး မနက်ဖြန်အိမ်လာမယ်တဲ့။ မင်းကဒီလို့လူစုလူဝေးကိုဘယ်တုန်းကမှမကြိုက်ဘူးလေ ပြီးတော့ သူတို့နဲ့ဆက်ဆံရတာကိုလည်းမကြိုက်ဘူး။ မင်းအပြင်ထွက်ပြီး စုန့်ရှုဟန်နဲ့သွားလည်လို့ရပါတယ်"
"မနက်ဖြန် ကောရဲ့အမျိူးတွေလာမှာလား"
ဝမ်မင်ယီက အံ့အားသင့်စွာမေးသည်။
"တကယ်ကြီးပေါ့"
စစ်ကျွင်းတောက်က ခေါင်းညိတ်ပြသည်။ မနေ့ညက သူဝမ်မင်ယီကိုသွားမကြိုခင်တွင် ကျိစစ်ယောင်ကသူ့ကိုပြောခဲ့ခြင်းဖြစ်သည်။
"ဒါဆို ကောတို့အိမ်ကို မနက်ဖြန်ကျွန်တော်မလာတော့ဘူးနော်။ "
ဝမ်မင်ယီက ပြောလိုက်သည်။
မည့်သို့ပင်ဖြစ်စေ သူသည်အမှန်ပင် စစ်,မိသားစု၏ဆွေမျိူးများနှင့် ဆက်ဆံရာတွင်
အတော်လေးကောင်းမွန်ခြင်းမရှိလှပေ။ထို့အပြင်
တခြားဆွေမျိူးများ အတူစုဝေးကြသည့်အခါ တွင် သူသည်အပြင်လူတစ်ယောက်အနေဖြင် လုံးဝပင်ပါဝင်နိုင်ခြင်းရှိမည်မဟုတ်ပေ။
"သူတို့ပြန်သွားပြီးရင် ကျွန်တော်ကောကိုလာတွေ့မယ်"
"ကောင်းပြီ"
စစ်ကျွင်းတောက်က သဘောတူလိုက်၏။
ဝမ်မင်ယီသည် သူ့ကိုကြည့်နေရင်း စစ်ကျွင်းတောက်ကအနည်းငယ်ထူးဆန်းနေသည်ဟု တွေးမိသော်လည်း ဘာကိစ္စဖြစ်နေသည်ကိုမပြောနိုင်သဖြင့် ဆက်မပြောတော့ပေ။
နောက်နေ့မနက်ခင်းတွင် ဝမ်မင်ယီသည် သူ၏စတိုင်နှင့်ဆံပင်ကိုအနည်းငယ်ပြောင်းလဲလိုက်ပြီ
မျက်မှန်တပ်၊ဦးထုပ်ဆောင်း၊maskတပ်ကာထွက်လာလိုက်သည်။ စုန့်ရှုဟန်က သူ့ဆီသို့လျှောက်လာရင်း အံဩသွားကာပြောလာ၏
"ညီမတောင် အစ်ကို့ကိုမမှတ်မိတော့ ဘူး "
ဝမ်မင်ယီကပြုံးလိုက်ပြီး maskထဲမှထွက်လာသောအသံသည်ကား အနည်းငယ်ဝေ့ဝါးနေသည်။
"ငါ့ကိုမမှတ်မိအောင်လုပ်တာပဲလေ"
"မှန်တာပေါ့"
သူမသည် ယနေ့တွင် သားမွှေးကော်လာပါသည့်အဖြူရောင်ကုတ်တစ်ထည်ကိုပြောင်းလဲဝတ်ဆင်ထားသဖြင့် သူမ၏မျက်နှာကိုအတော်လေး သေးသွယ်ပြီးငယ်ရွယ်နေပုံပေါ်နေစေသည်။
ဝမ်မင်ယီ ဂိုထောင်ထဲမှကားထုတ်လိုက်ပြီး သူမအားမနက်စာရောင်းသည့်စတိုးတစ်ခုဆီသို့ မနက်စာစားရန်ခေါ်သွားခဲ့သည်။
"မွေးစားအမေကမင်းကို ဒီနေရာကိုဘယ်တော့မှခေါ်လာမှာမဟုတ်ဘူး ဟ..ဟ"
စုန့်ရှုဟန် ကခေါင်းညိတ်လိုက်သည်။ သူမ ရှေ့ရှိ ဆိုင်၏သက်တမ်းကိုဖော်ပြနေသည် အသွင်အပြင်ကိုကြည့်လိုက်၏။ ထို့နောက် မနက်စာဝယ်ရန်တန်းစီနေသည် လူတန်းကိုကြည့်ကာ
သူမကိုယ်တိုင်ပင် စေတနာ့ဝန်ထမ်းလုပ်လိုက်သည်။
"ညီမတို့နှစ်ယောက်လုံးအတွက် ညီမပဲ
မနက်စာသွားဝယ်လိုက်မယ်"
"ငါဝယ်လိုက်ပါ့မယ်"ဟုဆိုကာ ဝမ်မင်ယီကသူ၏ထိုင်ခုံခါးပတ်ကိုဖြုတ်သည်။
စုန့်ရှုဟန်က သူ့ကိုအမြန်ဆွဲချလိုက်သည်။
"မရဘူး..ဒီနေရာမှာ လူတွေများလွန်းတယ်။အစ်ကိုဝင်ပြီးတန်းစီလိုက်ရင် တစ်ယောက်ယောက်က အစ်ကို့ကိုအမှတ်တမဲ့ စိုက်ကြည့်မိပြီး မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ။ ညီမသွားတာကလုံခြုံတယ် "
ဝမ်မင်ယီက ထိုသို့သောအရာမျိုးကို များစွာအာရုံမစိုက်တတ်ပေ။ထို့ကြောင့် သူမကိုသွားခွင့်ပြုလိုက်၏။
စုန့်ရှုဟန် မနက်စာမဝယ်မီခဏမျှတန်းစီခဲ့ရပြီးမှ ကားထဲသိုမနက်စာကိုယူခဲ့လိုက်သည်။
"စားကြည့်"ဝမ်မင်ယီ ကပြောလိုက်သည်။
သူမသည် အဖုံးဖွင့်ပြီး အနည်းငယ်မြည်းစမ်းကြည့်ရာတွင် အရသာကမဆိုးလှကြောင်းသိလိုက်ရ၏။"တော်တော်လေး အရသာရှိတယ်"
"ဒါက ဒီမှာရှိတဲ့ ငါတို့ရဲ့ထူးရှယ်စားကောင်းသောက်ဖွယ်တွေထဲက တစ်ခုပဲလေ။
မင်းစားနိုင်သလောက်အရင်စားထားလို့ရတယ်။ငါတို့စားပြီးသွားရင် မြို့တံတိုင်းဆီကိုသွားလည်ကြမယ်"
စုန့်ရှုဟန်ကခေါင်းညိတ်ကာ ဖြေးဖြေးချင်း တစ်ကိုက်ပြီးတစ်ကိုက်စားနေသည်။
စစ်ကျွင်းတောက် ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ကာ ဝမ်မင်ယီနှင့် စုန့်ရှုဟန်တို့
မြို့တံတိုင်းခြေသို့ရောက်နေလောက်မည်ဟုစဉ်းစားနေမိသည်။ သူတို့ယခုအချိန်တွင် ဘာလုပ်နေမည်မှန်းသူမသိပါချေ။ သူတို့အဆင်ပြေလောက်တယ်မလား...။ အမှန်တွင် ဝမ်မင်ယီသည် အမြဲလိုလို အပျော်အပါးအလွန်မက်ခဲ့သည်ပင်။
သူ ထိူနှစ်ယောက် စက်ဘီးအတူတူစီးနေကြမည့်မြင်ကွင်းကို တွေ့ကြည့်မိကာ မပျော်ရွင်မှုများ တဟုန်ထိုး ထိုးတက်လာတော့သည်။ သို့သော်လည်း ဤသည်မှာ သူလက်ခံရမည့်အရာတစ်ခုဖြစ်ကြောင်းသိနေခဲ့ပါ၏။တစ်နေ့တွင် ဤသကဲ့သို့သော အရာများဖြစ်လာလိမ့်မည်ပင်။
ဝမ်မင်ယီ အခြားသူတစ်ယောက်ဖြင့်အတူရှိနေမည့်တစ်နေ့ သည်ကားရောက်လာမည်ဖြစ်သည်။
ကျေနပ်အားရမနေနိုင်မည့်အစား၊ လက်ခံလိုစိတ်မရှိဖြစ်နေမည့်အစား ဖြေးဖြေးချင်း ကျင့်သားရအောင်လုပ်ယူခြင်းက ပိုကောင်းပါ၏။ဤနည်းအတိုင်းသာဆိုပါလျှင် အချိန်ကျလာပါက သူသည် ပုံမှန်မဟုတ်သည့်မည်သူ့အရာကိုမျှလုပ်မိမည်မဟုတ်ပေ။
စစ်ကျွင်းတောက် ဖြေးဖြေးချင်းပင် သူ့အကြည့်များကိုပြန်ရုတ်သိမ်းလိုက်သည်။ သူသည် မနီးမဝေးရှိ ခုတင်ဘေးစားပွဲပေါ်မှ လူနှစ်ယောက်၏အဖွဲ့လိုက်ဓာတ်ပုံလေးကိုကြည့်ပြီး တိတ်ဆိတ်စွာပင် အဝေးဆီသို့ငေးကြည့်နေမိသည်။
...
ဝမ်မင်ယီနှင့် စုန့်ရှုဟန်တို့ တံတိုင်းဆီသို့ရောက်သောအခါ အနားပတ်ဝန်းကျင်တွင်လူများစွာရှိမနေခဲ့ချေ။ ဤနေရာသည် မြို့တံတိုင်း၏ယနေ့ထိတိုင် အများဆုံး ထိန်းသိမ်းထားနိုင်သည့် အစိတ်အပိုင်းဖြစ်၏။ထို့ကြောင့် စက်ဘီးဖြင့်ခရီးသွားရန် လူအများက ရွေးချယ်ကြသည်။
စုန့်ရှုဟန်သည် စက်ဘီးစီးရန်အလျင်မလိုခဲ့ဘဲ အရင်ဦးစွာ မြို့တံတိုင်းပေါ်တွင် ဆယ်လ်ဖီအနည်းငယ်ဆွဲနေ သည်။
ဝမ်မင်ယီကမေးလိုက်သည်။
"မင်းငါနဲ့ဓာတ်ပုံတစ်ပုံလောက်အတူရိုက်ချင်လား"
"ရိုက်လို့ရလား"စုန့်ရှုဟန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ဒါပေါ့..မင်းရိုက်လို့ရပါတယ်"
ထို့နောက် စုန့်ရှုဟန်သည် အနားသို့တိုးလာပြီး ထူထဲစွာဖုံးကာထားသည် ဝမ်မင်ယီနှင့် အဖွဲ့လိုက်ဓာတ်ပုံရိုက်ခဲ့သည်။
ဝမ်မင်ယီက ထိုပုံကိုကြည့်လိုက်ပြီး ကင်မရာထဲရှိသူသည်သူနှင့်ပင်မတူတော့ဟု ခံစားလိုက်ရသည်။
"ငါmaskချွတ်ပြီး မင်းနဲ့တစ်ပုံလောက်တွဲရိုက်ရင်ရော"
"ဒါဆို နောက်ရက်တွေထိစောင့်ရအောင်လေ"
စုန့်ရှုဟန်က ဖြစ်နိုင်လာချေရှိသောအကျပ်အတည်းများကို ပိုပြီးသတိထားမိခဲ့၏။
"ညီမတို့အပြင်မှာ မဟုတ်တဲ့အထိစောင့်ပါဦး"
"ကောင်းပြီလေ"
အား...အား..အား...စုန့်ရှုဟန်သည် မနေနိုင်စွာဖြင့် စိတ်ထဲတွင်အော်ဟစ်မိလိုက်သည်။ ကောကောကအရမ်းကို ကြင်နာတတ်တာပဲ!အရမ်းချိူမြိန်တာပဲ!ငါသူ့ကိုအရမ်းကြိုက်တာပဲ! ! !
သူမက စိတ်လှုပ်ရှားစွာဖြင့် နှစ်ကြိမ်မျှခုန်ပေါက်လိုက်လေရာ ဝမ်မင်ယီသည် သူမ၏အပြုအမူကြောင့် မသိလိုက်ဘာသာဖြင့် ပဟေဠိဖြစ်နေဟန်အမူရာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမအနည်းငယ်ရှက်ရွံသွားပြီးပြောလိုက်သည်။
"ညီမကပျော်နေရုံပါ~အခုပဲ စက်ဘီးသွားစီးကြစို့ ရေး"
ဝမ်မင်ယီက သူဘောတူခဲ့ပြီး နှစ်ယောက်သား စက်ဘီးအတူငှားကာ မြို့တံတိုင်းပတ်လည်တွင်
စက်ဘီးစစီးကြသည်။
မြို့တံတိုင်း၏ ဦးတည်ဘက်လေးခုတွင်အနည်းငယ် မတူကွဲ ပြားသည့် ဗိသုကာလက်ရာများရှိနေသည်။ စုန့်ရှုဟန်သည် တစ်ခါတလေတွင်ရပ်ကာကြည့်နေပြီး တစ်ခါတလေတွင် ဒီနေရာကဘာလဲ၊ ဒီဟာကိုဘယ်လိုသုံးတာလဲ စသည်ဖြင့် မေးတတ်သည်။ ဝမ်မင်ယီက သူမ၏မေးခွန်းတိုင်းကိုစိတ်ရှည်စွာ ရှင်းပြပေးခဲ့သည်။ သူသည်ဤမြို့တွင်ကြီးပြင်းလာခဲ့လေရာ
နေကာအများစုကိုသိနေလေသည်။ ရံဖန်ရံခါတွင် သူမသိသည့်နေရာတစ်ခုသို့မဟုတ် နှစ်ခုရှိလျှင် နှစ်ယောက်သားပြုံးကာ ခေါင်းငုံ့သွားကြပြီး သူတို့ထပ်ပြီး သေသေချာချာကြည့်ရဦးမည်ဟုပြောပေလိမ့်မည်။
တစ်နေ့တာကုန်ဆုံးလုနီးပါးတွင် ဝမ်မင်ယီသည် တစ်စုံတစ်ခုကို သတိပြုမိကာ ဖုန်းကိုထုတ်ယူလိုက်၏။သူ ဖုန်းဖွင့်ကြည့်လိုက်ပြီး စစ်ကျွင်းတောက် သူ့အားWechatမက်ဆေ့ခ်ျတစ်ခုမျှပင် ပို့မထားကြောင်းတွေ့လိုက်ရသည်။
ဤသည်မှာ ထူးဆန်းလွန်းသည်။ ဝမ်မင်ယီ၏မျက်ခုံးတန်းလေးများ တွန့်ကွေးသွားကြသည်။ သူတို့ပြန်လည်အဆင်ပြေပြီးကတည်းကပင် စစ်ကျွင်းတောက်သည် ပုံမှန်ဆိုသလို Wechat မက်ဆေ့ခ်ျများမရပ်မနား ပို့တတ်ပြီး
မကြာခဏပင် တစ်ခါပြီးတစ်ခါ အကြိမ်အနည်းငယ်ဖုန်းခေါ်လေ့ရှိသည်။ သူ့ကိုအချိန်အကြာကြီးမဆက်သွယ်ခြင်းကား ထူးဆန်းလွန်းလှသည်။
သူ စစ်ကျွင်းတောက်ဆီသို့ Wechatမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်၏(:ကောရဲ့အမျိူးတွေလာပြီလား)
ခဏအကြာတွင် စစ်ကျွင်းတောက်က သူ့ကိုအကြောင်းပြန်လာသည်(:ရောက်လာပြီ)
ဝမ်မင်ယီ :(သူတို့ဘယ်လောက်ကြာအောင်နေမှာလဲ။ဘယ်ချိန်ပြန်မှာလဲ။)
စစ်ကျွင်းတောက်:( ခဏနေရင် ပြန်တော့မှာ။)
ဝမ်မင်ယီ အံ့ဩသွား၏:(ညစာမစားဘူးလား။)
စစ်ကျွင်းတောက် ကအကြောင်းပြန်သည်:(တခြားကိစ္စတွေ ရှိသေးတယ်။ဒါကြောင့် ငါညစာဝင်မစားတော့ဘူး။)
ဝမ်မင်ယီက ခေါင်းညိတ်လိုက်သည်။ဆိုတော့.
..ဒါကြောင့်ပဲနေမယ်။
(ဒါဆို မြို့တံတိုင်းကိုလာပြီး ကျွန်တော်တို့နဲ့အတူလာကစား ချင်လား...)ဟုစာရိုက်လိုက်သည်။
ဤWechatမက်ဆေ့ခ်ျကိုကြည့်ပြီး စစ်ကျွင်းတောက်မည်သို့စာပြန်ရမှန်းမသိတော့ချေ။
သူခဏမျှတုံ့ဆိုင်းနေခဲ့ပြီးမှ နောက်ဆံမှ စာပြန်လိုက်၏(:မေ့ထားစမ်းပါ။မင်းတို့နှစ်ယောက်ပဲပျော်ခဲ့ကြ။)
သူသည် နောက်ဆုံးတွင် ဝမ်မင်ယီအားဤနေ့အတွက်လွတ်လပ်ခွင့်ပေးလိုက်ရန်၊ သူ၏မြင်ကွင်းထဲမှအပြင်သို့လှမ်းထွက်ခွင့်ပေးရန်နှင့် ဝမ်မင်ယီနှင့်တခြားမိန်းကလေးတို့အား
ခံစားချက်ကောင်းများမွေးမြူခွင့်ပြုရန် ဆုံးဖြတ်လိုက်တော့သည်။သူသည်ယခုအချိန်တွင် ဝမ်မင်ယီ၏ ရှေ့တွင်ရုတ်တရက်ပေါ်မလာသင့်ပါလေ။
အဘယ်ကြောင့်ဆိုသော် သူသည် သူတို့နှစ်ယောက် ကိုမမြင်ရသော်လည်း သူ့နှလုံးသားသည်ကား ဝမ်မင်ယီ နှင့် စုန့်ရှုဟန်တို့ ပျော်ရွှင်စွာ စကားပြောရင်း အတူတူ ခိုးခိုခစ်ခစ်ရယ်မောနေကြမည့်အခိုက်အတန့် ကိုတွေးမိရုံဖြင့် မွမ်းကြပ်လာတော့သည်။ သို့သော်လည်း ထိုသို့သူမမြင်နိုင်သောကြောင့်ပင် သူဘာမျှမလုပ်နိုင်ခြင်းဖြစ်လေသည်။
အကယ်၍ သူသာအမှန်တကယ် မြို့တံတိုင်းဆီသို့ရောက်သွားပြီး သူတို့ကြားရှိရင်းနှီးသည့်အပြုအမူများကို သူ၏မျက်လုံးများဖြင့်ကိုယ်တိုင် ကြည့်ရပါက သူဘာလုပ်မိလိမ့်မလဲဆိုသည်ကိုဘယ်သူသိနိုင်ပါ့မလဲ..။
သူသည် စုန့်ရှုဟန်အားဂရုမစိုက်သော်လည်း
ဝမ်မင်ယီအားအရှက်မရစေချင်ပါလေ။
စာပြန်ပြီးသည့်အခါ သူ့ဖုန်းကိုဘေးတွင်ထားလိုက်သည်။
ဝမ်မင်ယီက သူ၏Wechatပေါ်ရှိ "မေ့ထားစမ်းပါ"ဟူသည့် စကားလေးလုံးကိုကြည့်ပြီး မယုံနိုင်
ဖြစ်နေ၏။
စစ်ကျွင်းတောက်က တကယ်ကြီးသူ့ကိုငြင်းလိုက်တယ်! သူကန်းများသွားတာလား! တကယ်လို့သူက ကန်းသွားရင်တောင် စစ်ကျွင်းတောက်သူ့ကိုငြင်းတာက မဖြစ်သင့်ဘူး!
ဒါက အရမ်းကိုထူးဆန်းလွန်းတယ်!စစ်ကျွင်းတောက်မှာ ပြဿနာတစ်ခုခုရှိနေတာပဲဖြစ်ရမယ်...
ဝမ်မင်ယီ တခဏချင်းပင် စိတ်လွတ်သွားလေသည်။ သူစစ်ကျွင်းတောက်အားရင်ဆိုင်ရန် ချက်ချင်းပင် ပြန်ပြေးသွားချင်မိသည်။ မေ့ထားစမ်းပါ ဆိုတာကဘာအဓိပ္ပါယ်လဲ...။မေ့ထားစမ်းပါ ဟုတ်လား...!ဒါကသူ့အစ်ကို မဖြစ်နိုင်ဘူး...!အတုတစ်ယောက်ပဲ..!တစ်ယောက်ယောက် သူ့ကိုယ်ထဲကိုဝိညာဉ်ကူးပြောင်းလာတာပဲဖြစ်ရမယ်
..!
(အကိုရယ် တစ်ခါလေးအငြင်းခံရတာကိုဖြစ်နေလိုက်တာ @_@)
"ဘာဖြစ်လို့လဲ "
စုန့်ရှုဟန် ကသူ့ကိုမေးလိုက်သည်။
"တစ်ခုခုများဖြစ်လို့လား"
ဝမ်မင်ယီက သူမကိုကြည့်လိုက်၏။သူကကြောင်ငေးနေရင်း ယောင်ဝါးဝါးရှင်းပြလာသည်။
"ငါ့ကောကတစ်ခုခုဖြစ်နေပြီ...ငါပြန်သွားမှရမယ်"
"ဒါဆိုညီမလည်း အစ်ကိုနဲ့အတူပြန်မယ်လေ"
"မလိုပါဘူး "
ဝမ်မင်ယီက ပြုးလိုက်သည်။
"နောက်ဆုံးတော့ မင်းကဒီကိုရောက်လာနိုင်ပြီလေ။ ဒီလိုအထွေထွေကိစ္စတွေအတွက်နဲ့ မင်းရဲ့အချိန်တွေကိုဘာလို့ဖြုန်းနေရတာလဲ။
အရေးကြီးဆုံးက မင်းခရီးသွားတဲ့အခါပျော်ရွင်နေဖို့ပဲလေ။ ခုမှအစောကြီးရှိသေးတယ်။ ငါအရင်ပြန်နှင့်မယ်၊ မင်းကတော့..."
ဝမ်မင်ယီ မျက်မှောင်ကြုတ်လိုက်သည်။
" ငါမင်းတွက် ယာယီဧည့်လမ်းညွှန်တစ်ယောက်ရှာပေးမယ်လေ။နှုးညံ့မယ်၊ ရင့်ကျက်မယ်၊ယုံကြည်စိတ်ချလို့ရမယ်၊အကုန်လုံးကိုသိမယ်၊ မင်းကိုလမ်းတစ်လျှောက် လိုက်ပို့ပေးနိုင်မယ်၊မင်းကိုလုံခြုံအောင်ကာကွယ်ပေးနိုင်မယ်၊ပြီးတော့ မင်းကို ဒီနေရာရဲ့သမိုင်းကြောင်းကိုတောင်ပြောပြနိုင်မယ့်သူ"
စုန့်ရှုဟန်သည် ခဏမျှကြောင်,အသွားပြီးမှ သူမ၏လက်ကိုယမ်းပြလိုက်သည်။
"မလိုပါဘူး။ညီမ ကိုယ့်ဘာကိုယ်သွားရင်တောင်ရပါတယ်။အစ်ကိုညီမအတွက် ဧည့်လမ်းညွှန်ရှာပေးစရာမလိုပါဘူး။"
"အဲဒါက အဆင်မပြေလောက်ဘူး "ဝမ်မင်ယီက စိတ်ပိုင်းဖြတ်လိုက်သည်။"မင်းက မိန်းကလေးတစ်ယောက်လေ။ပြီးတော့ ဒီနေရာနဲ့ရင်းနှီးတာလည်းမဟုတ်ဘူး။အဲ့ဒါအပြင် မင်းကသေးသွယ်ပြီး ပိန်တဲ့ပုံပေါ်တယ်။ မင်းနဲ့အတူလိုက်ဖို့တစ်ယောက်မှမရှိဘူးဆိုရင် တစ်ခုခုဖြစ်သွားနိုင်တယ်။ အဲ့လိုဆိုရင် နောင်တရဖို့နောက်ကျသွား
လိမ့်မယ်။"
စုန့်ရှုဟန် သည် ထိုသို့မဖြစ်နိုင်ဟုထင်မိသည်။
"ညီမထင်တာတော့ ဒီနေရာမှာ တရားဥပဒေတော်တော်လေးစိုးမိုးတယ်တယ်လေ။ အဲ့ဒါကြောင့် မလိုပါဘူး ။"
"ငါ့စကားကိုနားထောင်"ဝမ်မင်ယီက သူမကိုပညာပေးလိုက်သည်။
"မင်းငါပြောတဲ့စကားကို နားမထောင်ဘူးလား "
စုန့်ရှုဟန်: ...
စုန့်ရှုဟန် ရွေးချယ်စရာမရှိပဲသဘောတူလိုက်ရ၏။ဘယ်သူကများ တစ်ဖက်လူကို သူမရဲ့နတ်ဘုရားဖြစ်နေခိုင်းလို့လဲ..။နတ်ဘုရားဘာပြော
ပြောမှန်တယ်...။
"အိုခေ"ဟု လိုက်သည်စုန့်ရှုဟန်ကပြန်ဖြေလိုက်သည်။သို့ပေမဲ့ သူမကဆက်ပြောလိုက်သည်"အဲဒီယာယီ ဧည့်လမ်းညွှန်က ယောကျာ်းလေးလား..မိန်းကလေးလား။ညီမ မိန်းကလေးပဲလိုချင်တယ်။"
"ဒါက နည်းနည်းတော့ခက်ခဲတယ်။
"ဝမ်မင်ယီက
မျက်မှောင်ကြုတ်လိုက်သည်။
"ငါက မိန်ကလေးတွေနဲ့ ဆက်ဆံရေးကောင်းပုံမပေါ်ဘူး။ဒါပေမဲ့
မပူပါနဲ့.. ဒီဧည့်လမ်းညွှန်က ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ပြီးတော့ သူကခရီးသွားတာကို
လက်တွေ့သင်တန်းလည်းဆင်းပြီးပြီ။ သူကမင်းကို ပုံမှန်ခရီးသွားတစ်ယောက်လိုပဲသဘောထားပြီး မင်းအပေါ် တခြားအတွေးတွေဝင်မှာမဟုတ်ဘူး။တကယ်လို့ သူကမင်းမကြိုက်တာ တစ်ခုခုကိုပြောရင်ဒါမှမဟုတ်လုပ်ရင် မင်းငါ့ကို Wechatကနေတိတ်တိတ်လေးမက်ဆေ့ခ်ျပို့ပြီးပြောပြလို့ရတယ်။ ငါမင်းဆီကို ချက်ချင်းလာပြီး
မင်းကိုကူပြီး သူ့ကိုသင်ခန်းစာပေးလိုက်မယ်"
"ညီမ အဲ့လိုမျိူး ဆိုလိုတာမဟုတ်ပါဘူး"
စုန့်ရှုဟန်သည် ဝမ်မင်ယီ သူမကိုနားလည်မှုလွဲသွားမှာကြောက်နေ၏။"အစ်ကိုအကြံပေးတဲ့သူကကောင်းမယ်ဆိုတာကို ညီမသေချာသိတာပေါ့။
ညီမက ယောကျာ်းလေးတွေနဲ့ ဘယ်လိုမျိူးပေါင်းသင်းရမလဲဆိုတာကို မသိရုံပါ။ဒါကြောင့် ညီမတို့နှစ်ယောက်လုံး တအားတွေရှက်နေကြမှာစိုးလို.။ဒါပေမဲ့ အဆင်ပြေပါတယ် ။ညီမအစ်ကို့စကားကိုနားထောင်မယ်။ဒါဆိုသူ့ကိုလာခိုင်းလိုက်ပါ"
"အဲ့ဒါဆို ခဏလောက်စောင့်"ဝမ်မင်ယီက စကားပြောပြီးသည်နှင့်မနီးမဝေးသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ လီယွမ်ချင်းကိုဖုန်းခေါ်လိုက်၏။
လီယွမ်ချင်းက လုယွင်ဖေးနဲ့အတူဂိမ်းဆော့နေခြင်းဖြစ်သည်။သူ့ဖုန်းမြည်သံကိုကြားလိုက်ရာတွင် ခေါ်သူနာမည်ကိုတစ်ချက်ကြည့်လိုက်ပြီး
ကိုင်လိုက်ကာ ဝမ်မင်ယီ ကိုမေးလိုက်သည်။
"ဘာကိစ္စလဲ "
"ငါ့ကို တစ်ခုလောက်ကူ...အခုချက်ချင်း မြို့တံတိုင်းဆီကိုလာခဲ့။ငါကြည့်လိုက်ဦးမယ်....အမ်း..ငါတို့ကအခုတောင်ဂိတ်မှာ။မင်းတောင်ဂိတ်ကိုလာခဲ့နော်။"
"ဘာလို့လဲ... ငါကဂိမ်းဆော့နေတာ။ငါ*ိုး!ဘယ်ကောင် ငါ့ကိုတိုက်တာလဲ! ခိုးကြောင်ခိုးဝှက်တောင်တိုက်လိုက်သေးတယ်!"
ဝမ်မင်ယီသည် ကူကယ်ရာမဲ့ဖြစ်သွားသည်။"မင်းဒီဂိမ်းကိုနေ့တိုင်းဆော့လို့ရတယ်။ တခြားတစ်ခုပြောင်းလိုက်။ ငါဒီမှာအလုပ်ရှုပ်နေတယ်။"
"မင်းဘာ အလုပ်ရှုပ်နေတာလဲ"
"ငါ့ကောက ဒီနေ့ထူးဆန်းလွန်းနေတယ်။ငါပြန်သွားပြီး သူဘာဖြစ်နေလဲကြည့်မှရမယ်။ဒါပေမဲ့ ငါအခုအဝေးကိုသွားလို့မရဘူးဖြစ်နေတယ်။ ငါမင်းကိုအရင်က ပြောခဲ့တယ်မလား။အဲ့နေ့တုန်းကငါ့ကောက မိန်းကလေးတစ်ယောက်ကို သွားကြိုခဲ့တယ်ဆိုပြီးတော့လေ"
"အေး"လီယွမ်ချင်းကပြန်ဖြေသည်။
စာရေးသူမှာပြောစရာရှိပါတယ် :
Gongနဲ့Shouက သွေးသားမတော်စပ်ကြပါ၊အိမ်နီးချင်းကောကော၊အိမ်နီးချင်းတိတိ၊ ကောကောနဲ့တိတိလို့ခေါ်ကြတာက ယဉ်ကျေးမှုအရသာဖြစ်သည် ~
xxxx
ဒင်..ကစားသမားလီယွမ်ချင်း၏CPလိုင်းတက်လာပါပြီ~
လီယွမ်ချင်း:ငါမှာတကယ်တော့ CPရှိတယ်ပေါ့???
စာရေးသူ:ဒါပေါ့။အမှန်တော့ အဖွဲ့ထဲမှာမင်းကတစ်ဦးတည်းသောအဖြောင့်ပဲ~