အပိုင်း ၆၈
Viewers 14k

"အဲ့ဒီကောင်မလေးကငါ့ရဲ့ဖန်ပဲ...ငါ့ကောရဲ့အမျိူးတွေက ဒီနေ့လာလည်တယ် ..အဲ့ဒါကြောင့် ငါသူ့ကိုမြို့တံတိုင်းမှာစက်ဘီးစီးဖို့ခေါ်လာတာ။ငါကအခုချက်ချင်းပြန်ရမှာ။ဒါပေမဲ့ငါသူ့ကို မထားခဲ့နိုင်ဘူး။ဒီကောင်မလေးက ဒီကိုလည်ပတ်ဖို့အတွက်
ရောက်လာတာ...သူရဲ့အချိန်တွေကို ငါ့အပေါ်မှာမဖြုန်းစေချင်ဘူး"
"သူကမင်းရဲ့ဖန်လေ။ သူကမင်းနဲ့အတူအချိန်ဖြုန်းဖို့ လုံးဝကိုဆန္ဒရှိမယ်လို့ငါထင်တယ်။
"သူကဆန္ဒရှိပေမဲ့ငါကမရှိဘူးဟ။မြန်မြန်...အရေးကြီးတဲ့အချိန်ရောက်မှ ချိန်းကြိုးချမပစ်နဲ့။ငါဘာလို့သူများတွေကို အကူအညီမတောင်းပဲမင်းကိုပဲ ကူညီခိုင်းတာလဲသိလား...
ဘာလို့လဲဆိုတော့ ငါမင်းကိုယုံလို့"
လီယွမ်ချင်းလည်း ရွေးချယ်စရာမရှိပဲ လုယွင်ဖေးဆီသို့မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်ရသည်။—(မင်းအရင်ဆော့နှင့်...ငါoutတော့မယ်")
လုယွင်ဖေးက ပဟေဠိဖြစ်သွား၏—(?? ဘာလို့လဲ)
လီယွမ်ချင်းက သက်ပြင်းချသည့်အမူအရာတစ်ခုပို့လိုက်သည်–(ငါတို့ရဲ့သခင်ငယ်လေးကို ပြဿနာတစ်ခုကူပြီးဖြေရှင်းပေးရမှာ။)
လုယွမ်ဖေး(: သူမှာ ဘာအခက်အခဲတွေ၊ပူပန်စရာတွေများရှိနေလို့လဲ။)
လီယွမ်ချင်း: (အာ...ရွှယ်ကျန်းရဲ့အရန်ရည်းစား ...)
လုယွင်ဖေး(:ပိုရှင်းအောင်ရှင်းပြစမ်းပါ။))
(T/N—ရွှယ်ကျန်း=စီနီယာ )
ဝမ်မင်ယီသည် လီယွမ်ချင်းစကားပြောရပ်သွားသည်ကိုတွေ့လိုက်သည်နှင့် တိုက်တွန်းလိုက်သည်။
"ငါပြောတာကိုကြားရဲ့လား။ဒီနေရာကိုမိနစ်၂၀အတွင်းရောက်အောင်လာခဲ့"
"ငါကြားတယ်။မိနစ်၂၀က အလုပ်မဖြစ်ဘူး။
အဲဒီကိုရောက်ဖို့ နာရီဝက်လောက် ကြိုးစားရမှာ..."
"ကောင်းပြီလေ။ဒါနဲ့ ငါ ကောင်မလေးကို မင်းကပရော်ဖက်ရှင်နယ်ဧည့်လမ်းညွှန်တစ်ယောက်လို့ပြောထားတာ။ မင်းရောက်လာရင် မှန်မှန်ကန်ကန်လုပ်ဖို့သတိထားဦး..."
လီယွမ်ချင်းသည် ဝမ်မင်ယီကပိုလွန်းသည်ဟုတွေးမိသည်။
"ငါလား။ပရော်ဖက်ရှင်နယ်ဧည့်လမ်းညွှန်...ငါက ပရောဖက်ရှင်နယ် ဒါရိုက်တာတစ်ယောက်တောင်ဖြစ်နိုင်တယ်ကွ!မင်းကတကယ်ကြီး လိမ်ရဲတယ်ပေါ့!"
"ဟုတ်ပါပြီ...အဲဒါက ဒီနေရာ နဲ့ပတ်သတ်ပြီးဘဲပြောတာလေ...မင်းကမရင်းနှီးလို့လား။ ပရော်ဖက်ရှင်နယ်ဧည့်လမ်းညွှန်တွေတောင်မင်းလောက်ရင်းနှီးမှာမဟုတ်ဘူး..."
လီယွမ်ချင်း ဘာစကားမမျှမပြောနိုင်ဖြစ်သွား၏။သူအနေဖြင့် ဤစိတ်ချထားလို့မရသည့်သူကိုလက်ခံရုံသာရှိပြီး အဝတ်အစားလဲကာထွက်လာလိုက်သည်။
လုယွင်ဖေးသည် လီယွမ်ချင်းထံမှကိစ္စအကြမ်းဖျင်း အား ခပ်မြန်မြန်ပင်ကြားလိုက်ရသည်။ သူ ဤလမ်းကြောင်းသည်ဘယ်ကိုဦးတည်နေမှန်းသူနားမလည်နိုင်ဟုသာ ခံစားရသည်။
ထို့ကြောင့် လီယွမ်ချင်းပြန်လာသည်အထိစောင့်ပြီးမှ ပြီးခဲ့သည့်လုပ်ငန်းစဉ်နှင့်ပတ်သတ်ပြီးမေးရန် အစီအစဉ်ဆွဲလိုက်သည်။
ထို့နောက် တစ်ဖက်တွင် အရေးကြီးသည့် အချက်များကိုဆွဲထုတ်ပြီး အဓိကအကြံဉာဏ်များကိုရွေးထုတ်မည့်သူဖြစ်သော သူ၏ဆရာရှောင်ပြန့်ဆီသို့ တင်ပြလိုက်လေသည်။
(E/N— ရှောင်ပြန့်=ပြန့်လေး၊သူ့ကောင်လေး)
လီယွမ်ချင်းက အတော်လေးလျင်မြန်စွာရောက်လာသည်။သူရောက်သည့်အချိန်တွင် ဝမ်မင်ယီက စုန့်ရှုဟန်ကို ဓာတ်ပုံရိုက်ပေးနေလေသည်။ ဝမ်မင်ယီသူ့အားလှမ်းခေါ်လိုက်ချိန်တွင်ဝမ်မင်ယီသည် မျက်နှာအခြေထိဖုံးထားသည့်
ဦးထုပ်ကြီးကိုဆောင်းထားသဖြင့် လီယွမ်ချင်း
သူ့ကိုမမှတ်မိလုနီးပါးဖြစ်သွားသည်။
ငါ့ကောင်တို့ရေ...ခုခေတ်မှာ နာမည်ကြီးတွေအကုန်လုံးက အပြင်ထွက်ရင် အတော်လေးသတိထားနေကြတာလား! နောက်ဆုံးအကြိမ်ဝမ်မင်ယီသူတို့နှင့်ညစာစားစဉ်က သူဒီလိုအထုပ်အထည်မျိုးဝတ်ထားသည်ကို မမြင်ခဲ့ဖူးပါလေ။
စုန့်ရှုဟန်သည်လည်း ဝမ်မင်ယီကြည့်ရာနောက်ကို လိုက်ကြည့်ရာတွင် သူတို့ဆီလာနေသည့်ယောကျာ်းသည် အရပ်အတော်လေးရှည်၍ ဒူးအထက်ထိဖုံးအုပ်နေသော အနက်ရောက်ကုတ်ရှည်တစ်ထည်ကိုဝတ်ဆင်ထားကာ အတော်မြင့်မားပြီးဖြောင့်စင်းသည့်ကိုယ်ဟန်ရှိပုံပေါ်၏။
သူ၏အသွင်အပြင်သည် ထက်မြသည့်ဓားတစ်ချောင်းကဲ့သို့သောမျက်ခုံးတန်းများနှင့် ကြယ်များကဲ့သို့တောက်ပနေသည့်မျက်လုံးအစုံတို့ဖြင့်အလွန် အမင်းချောမောနေပြီး အနည်းငယ်မြင့်တက်နေသည့် သူ၏မျက်လုံးထောင့်စွန်းများကြောင့် ရက်စက်ပြီး ဂရုမစိုက်တတ်သည့် အရိပ်အယောင်တစ်ခုကို ဖော်ပြနေ၏ ။
အဲ့လိုအကြည့်က ပရော်ဖက်ရှင်နယ်ကျပြီး စိတ်ချလို့ရတဲ့ပုံမထင်ရဘူးရော...
စုန့်ရှုဟန်စိတ်ထဲတွင် ညဉ်းညူမိသည်။သို့သော်လည်း သူမသည်အမြန်ပင် သူမကိုယ်သူမပြန်လည်သုံးသပ်လိုက်ကာ လူတွေကိုပုံပန်းသွင်ပြင်ကိုကြည့်ပြီးအကဲဖြတ်လို့မရဟု သူမကိုယ်သူမပြန်ပြောလိုက်သည်။
ဝမ်မင်ယီကသူမကိုညာမှာမဟုတ်လောက်ပေ။သူကထိုလူကစိတ်ချလို့ရတယ်လို့ပြော မှတော့ အမှန်ပဲဖြစ်ရမယ်!
ဝမ်မင်ယီက လီယွမ်ချင်းကိုကြည့်ပြီး သူဘေးရှိစုန့်ရှုဟန်ဆီသို့ မသိမသာညွှန်ပြလိုက်သည်။ အမှန်တွင် လီယွမ်ချင်းသည် သူမကိုသတိထားမိပြီးသားဖြစ်၏။
သူအနားရောက်လာကတည်းက စုန့်ရှုဟန်ကသူ့ကိုမသိမသာ စိုက်ကြည့်နေကြောင်းလီယွမ်ချင်း
သတိထားမိနေခဲ့သည်။ လီယွမ်ချင်းကပြန်ကြည့်လိုက်သည်နှင့် သူတို့မျက်လုံးချင်းမဆုံမိခင်
စုန့်ရှုဟန်က သူမ၏ခေါင်းကိုအမြန်ငုံ့ပစ်လိုက်သည်မှာ သူမ,မမြင်လိုက်သကဲ့သို့၊ယခုလေးတွင်ပင် သူမဘာမျှမလုပ်ထားသကဲ့သို့ပင်။
ဤသည်ကိုမြင်ရာတွင် လီယွမ်ချင်းက သူမလေး
ကိုစူးစူးစိုက်စိုက်ကြည့်နေလိုက်သည်။စုန့်ရှုဟန်က စကားလဲမပြောသလို မော့လည်းကြည့်မလာပဲသူအကြည့်လွှဲသွားမည်ကို စောင့်နေခဲ့သော်လည်းလီယွမ်ချင်းက အကြည့်မလွှဲသွားခဲ့ပေ။
(ကိုယ်တောင်ရင်တွေခုန်)
စုန့်ရှုဟန်က ခဏမျှစောင့်နေခဲ့သော်လည်း သူ၏မျက်လုံးများသည် သူမအပေါ်တွင်ရှိနေဆဲဖြစ်သည်ကိုတွေ့လိုက်ရသဖြင့် သူမ၏ခေါင်းကိုမော့ကာလီယွမ်ချင်းကိုနှုတ်ဆက်လိုက်၏။
"ဟဲလို"
လီယွမ်ချင်းက သူမ၏ အကူအညီမဲ့ဖြစ်နေပုံ၊ရှက်ရွံ့နေပုံနှင့် ယခုတိုင် တည်ငြိမ်ယောင်ဆောင်နေပုံလေးအားကြည့်နေလိုက်သည်။ သူအကျယ်ကြီးအော်ရယ်မိလုနီးပါးဖြစ်သွားသည်။
စုန့်ရှုဟန်က အတော်ကို စိတ်ဝင်စားစရာကောင်းသည်ဟုသူတွေးမိ၏။ သူမသည် အပြစ်ကင်းစင်ပြီး ဖြူစင်သည့် ကိုယ်ရည်ကိုယ်သွေးရှိပုံရသည်။
သူမတကယ်ကို ငယ်ရွယ်နုနယ်တဲ့အမျိူးသမီးလေးတစ်ယောက်ပဲ...။
"ဒါက စုန့်ရှုဟန်... ငါ့မွေးစားအမေသူငယ်ချင်းရဲ့သမီး"
ဝမ်မင်ယီက စုန့်ရှုဟန်ကို ညွှန်ပြကာပြောလိုက်သည်။ထို့နောက် လီယွမ်ချင်းကိုညွှန်ပြကာ "ဒါက လီယွမ်ချင်း.. ငါ့ရဲ့အကောင်းဆုံးညီအကို"ဟုပြောလိုက်၏။
"ငါတခြားကိစ္စတစ်ခုကိုအရင်သွားလုပ်ရမှာ..ဒါကြောင့် လီယွမ်ချင်း... စုန့်ရှုဟန် ကိုငါမင်းနဲ့ထားခဲ့လိုက်မယ်။ သူဘယ်ကိုသွားလည်ချင်လဲ..ဘာစားချင်လဲ မင်းမေးလို့ရတယ်။အချိန်ရှိတုန်း လျှောက်လည်ဖို့ သူ့ကိုခေါ်သွား။ည9နာရီမတိုင်ခင်သူ့ကို ငါ့အိမ်ကို အချိန်မီပြန်ပို့ပေးနော်"
လီယွမ်ချင်းက အိုကေဟုလက်ဟန်ပြလိုက်သည်။
"ငါသိပြီ"
"ဟန်ဟန်...တကယ်လို့မင်းမှာတောင်းဆိုစရာတွေ အတွေးတွေရှိရင် သူ့ကိုတိုက်ရိုက်ပြောလို့ရတယ်..ရှက်နေစရာမလိုဘူးနော်"
စုန့်ရှုဟန် ကခေါင်းညိတ်လိုက်သည်။
ဝမ်မင်ယီ ရှင်းပြပြီးသွားသည်နှင့် ခဏလေးပင်ဆက်မနေတော့ပဲ လှည့်ထွက်ကာ မြို့တံတိုင်းပေါ်မှဆင်းသွားလေသည်။
လီယွမ်ချင်းက စုန့်ရှုဟန်ကိုကြည့်လိုက်သည်။
စုန့်ရှုဟန်ကလည်း လီယွမ်ချင်းကိုကြည့်နေသည်။
သူတို့နှစ်ဦးစလုံး ဘာတစ်ခုမျှမပြောကြပေ။
အချိန်ခဏမျှ တိတ်ဆိတ်နေပြီးနောက် လီယွမ်ချင်းကအရင်ဆုံးစကားပြောလိုက်သည်။ သူသည် စုန့်ရှုဟန်၏ ကိုယ်ပေါ်တွင်ဘေးတစ်စောင်းလွယ်ထားသည့် ပန်းရောင်ပိုကီမွန်အိတ်ကို တစ်ချက်ကြည့်ကာ ဖော်ရွေစွာပြောလာခဲ့သည်။
"Fat Dingကအရမ်းချစ်စရာကောင်းတယ်"
စုန့်ရှုဟန်သည်လည်း Fat Dingကအရမ်းချစ်စရာကောင်းသည်ဟုမြင်သောကြောင့် ပြုံးလိုက်ကာ သူမ၏အိတ်ကို ဖိညစ်လိုက်သည်။
"တကယ်ကို
ချစ်စရာကောင်းလွန်း တယ်"
"ပြီးရင် Fat Dingအပြင်ကိုမင်းဘာတွေကြိုက်သေးလဲ"
"ရှင်ရောဘာကြိုက်လဲ"စုန့်ရှုဟန်က သူ့ကိုပြန်မေးလာသည်။
"Garlic Bastard "ဟု လီယွမ်ချင်းကဖြေလိုက်သည်။
စုန့်ရှုဟန် က ချက်ချင်းပင်ပြုံးလာကာပြောသည်။
"ကျွန်မက The bald abbotကိုကြိုက်တယ်"
(T/N—တရုတ်ကာတွန်းတွေဖြစ်ပုံရ)
လီယွမ်ချင်းကလည်း ပြုံးလိုက်သည်။ စကားတစ်ခွန်းမျှမပြောသော်လည်း သူ့မျက်လုံးများတွင်ကား နှုးညံ့မှုများရှိနေခဲ့သည်။
ကောင်းကင်ကြီးက အပြာရောင်သန်းနေခဲ့ကာ ဤနှစ်နွေဦးပွဲတော်သည် အေးလွန်းမနေခဲ့။
...
ဝမ်မင်ယီ စစ်,မိသားစုနေအိမ်သို့ပြန်ရောက်လာချိန်တွင် အလည်အပတ်လာသည့်ဆွေမျိူးများပြန်သွားကြပြီဖြစ်သည်။
သူက တံခါးကိုဖွင့်ကာ
စစ်ကျွင်းတောက် ၏အိပ်ခန်းဆီသို့တိုက်ရိုက်ဝင်သွားလိုက်သည်။ စစ်ကျွင်းတောက်သည် အခန်းထဲတွင်ရှိမနေခဲ့ပါချေ။ဝမ်မင်ယိသည် ခဏမျှစဉ်းစားကာ စာကြည့်ခန်းဆီသို့ပြေးသွားလိုက်သည်။
စစ်ကျွင်းတောက်က စားပွဲတစ်ခု၏နောက်တွင်ထိုင်နေရင်း စာအုပ်တစ်အုပ်ဖတ်နေခဲ့သည်။ တံခါးပွင့်လာပြီးဝမ်မင်ယီကိုမြင်လိုက်သည်တွင် စစ်ကျွင်းတောက်သည် စာအုပ်ကိုပိတ်ကာ ဘေးတွင်ချထားပြီး မေးလိုက်သည်။
"ဘာလို့ပြန်လာတာလဲ"
ဝမ်မင်ယီ သူ၏မျက်လုံးများကိုမှေးစင်းပြီး
သူ့ကိုအချိန်အတော်ကြာ သေချာစိုက်ကြည့်လာသည်။
စစ်ကျွင်းတောက်က ပဟေဠိဖြစ်သွားပြီးမေးလိုက်သည်။
"ဘာလုပ်နေတာလဲ "
"ကောရဲ့ဝိညာဉ်က အကူးပြောင်းခံလိုက်ရတာလားလို့ကြည့်နေတာ"
စစ်ကျွင်းတောက် : ...
ဝမ်မင်ယီက လမ်းလျှောက်လာပြီး သူ့ခုံရှေ့တွင်
မတ်တပ်ရပ်ကာ မေးလိုက်သည်။
"ကျွန်တော်ငယ်ငယ်တုန်းက ဘယ်တိရစ္ဆာန် ကိုအမုန်းဆုံးလဲ"
စစ်ကျွင်းတောက်က ကူရာမဲ့စွာနှင့်ပြန်ဖြေသည်။
"ပျား...ဘာလို့လဲဆိုတော့ မင်းပျားတစ် ကောင်တုပ်တာခံရဖူးလို့လေ"
ထိုသို့ပြောပြီးသည်နှင့် သူကရည်ရွယ်ချက်ရှိရှိဖြင့်ထပ်ဖြည့်ပြောလိုက်သည်။
"အတုပ်ခံရပြီး ငိုတယ်"
ဝမ်မင်ယီ: ဒီစာကြောင်းကိုထည့်ပြောစရာမလိုဘူးလေ!
"တကယ်အစစ်ကြီးပေါ့။ဒါဆို ကောဒီနေ့ဘာဖြစ်နေတာလဲ"
"ငါဘာဖြစ်လို့လဲ "
"အခုထိဟန်ဆောင်နေတုန်းပဲလား"
ဝမ်မင်ယီကသူဆီလျှောက်လာပြီး ထိုင်ခုံတစ်ခုဆွဲယူကာထိုင်သည်။
"ကောဒီနေ့ ထူးဆန်းလွန်းနေတယ်လို့
မထင်ဘူးလား"
"ငါလား?"
"မဟုတ်ဘူးလား "ဝမ်မင်ယီကသူ့ကိုကြည့်လိုက်သည်။
"မနေ့ညကတည်းက ကောနည်းနည်းလေးထူးဆန်းနေတာ"
သူကသူ၏ဖုန်းကိုကောက်ယူကာမေးလာ၏။
"ဘာလို့ အချိန်အကြာကြီးနေတာတောင် ကျွန်တော်ဆီ မက်ဆေ့ခ်ျတစ်ခုမှ မပို့တာလဲ"
"ငါဧည့်သည်တွေကို ဧည့်ခံနေရလို့"
"ဒါဆို..ကျွန်တော်ကောကို လှမ်းခေါ်ရဲ့သားနဲ့ ဘာလို့မြို့တံတိုင်းဆီကိုလာမလည်တာလဲ "
စစ်ကျွင်းတောက်က တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လာ၏။
"ငါကဒီနေရာမှာပဲ ကြီးလာတာလေ။မြို့တံတိုင်းဆီကို သုံး၊လေး၊ငါးခေါက်သွားမလည်ဖြစ်ရင်တောင် တစ်ခေါက်နှစ်ခေါက်တော့ရောက် ဖူးပါတယ်။ ပျင်းလွန်းလို့မသွားချင်တော့ဘူး။"
ဝမ်မင်ယီက ထိုဟာကို မယုံကြည်နိုင်ဖြစ်သွား၏။
"မြို့တံတိုင်းကအရေးကြီးလို့လား...အရေးကြီးတာကကျွန်တော်ဗျ!!! ကျွန်တော့်ကိုတွေ့ဖို့အတွက်တောင် မြို့တံတိုင်းဆီကို မသွားချင်ဘူးပေါ့..။ကောတကယ်ပဲဝိညာဉ်မကူးပြောင်းသွားဖူးဆိုတာသေချာရဲ့လားဗျာ..!"
စစ်ကျွင်းတောက်က ပြုံးလိုက်သည်။သူသည် ဝမ်မင်ယီကိုကြည့်ပြီး သူ့အားဒီစကားဝိုင်းကိုဆက်ပြီးဦးဆောင်ခွင့်မပေးတော့ချေ။ ထိုအစား သူကအရင်ပြန်ပြီး စကားဦးသန်းလိုက်သည်။
"မင်းကခုချိန်မှာ ဟန်ဟန်နဲ့မြို့တံတိုင်းတလျှောက်မှာ ပတ်ကစားနေရမှာမဟုတ်ဘူးလား။ ဘာလို့ပြန်လာတာလဲ"
"ကောက ဒီနေ့ထူးထူးဆန်းဆန်းတွေလုပ်နေလို့...
ကျွန်တော်ပြန်လာပြီး... ကောဝိညာဉ်ကူးပြောင်းခံလိုက်ရပြီလားလို့ လာကြည့်တာ"
"တကယ်လို့ ကူးပြောင်းခံရတယ်ဆိုရင်ရော"
"အဲ့လိုဆိုရင် ငါမင်းကို ငါ့ရဲ့ကောအစစ်ကို ပြန်ပေးခိုင်းမယ်..."
စစ်ကျွင်းတောက်၏ မျက်လုံးများထဲတွင် ခပ်ဖျော့ဖျောအပြုံးတစ်ခုဖြစ်တည်လာကာ မေးလိုက်သည်။
"ဟန်ဟန်ရော ပြန်လာတာလား "
"သူမပါဘူး"
ဝမ်မင်ယီက အမြန်ပင်ဖြေလိုက် ၏။
"သူ့ကိုကျွန်တော် လီယွမ်ချင်းဆီပေးခဲ့ လိုက်တယ်"
"လီယွမ်ချင်း"
"ဟုတ်တယ်.. ကျွန်တော်စိတ်မတည်ငြိမ်တော့လို့ အိမ်ကိုစောစောပြန်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်နဲ့ သူရဲ့အလည်အပတ်ခရီးစဉ်ကိုဆိုင်းငံ့ထားခိုင်းဖို့ရာ အတော်လေးအားနာလို့ လီယွမ်ချင်းကို သူနဲ့လိုက်သွားခိုင်းလိုက်တယ်"
စစ်ကျွင်းတောက်ကသည် အချိန်တစ်ခုလောက် တိတ်ဆိတ်နေပြီးမှ နှုးညံ့ညင်သာစွာ ပြောလာသည်။
"ဒါဆို မင်းငါ့အမေရဲ့ ကြိုစားအားထုတ်မှုကို တကယ်ကြီးကျရှုံးအောင်လုပ်ခဲ့တယ်ပေါ့"
ဝမ်မင်ယီ:"..."
စစ်ကျွင်းတောက်က သူ့ကိုမော့ကြည့်လိုက်သည်။
"ငါ့အမေက ဟန်ဟန်ကအရမ်းကောင်းတယ်လို့တွေးနေတာ။သူရဲ့မိသားစုနောက်ခံ၊ရုပ်ရည်၊ကိုယ်ရည်ကိုယ်သွေးတွေက အကုန်လုံးကောင်းတယ်လေ။အဲ့တော့ မားက သူ့ကိုအရင်ဆုံးငါ့နဲ့မိတ်ဆက်ပေးချင်ခဲ့တာ။ ဒါပေမဲ့ ငါကယောကျာ်းလေးတွေကိုပဲကြိုက်တော့ ငါ့အမေက
ဟန်ဟန်ကို မင်းနဲ့မိတ်ဆက်ပေးဖို့စီစဉ်လိုက်တာ"
ဝမ်မင်ယီ: ! ! !
"သူက မင်းကိုဟန်ဟန်ကို အပြင်ခေါ်သွားခိုင်းတာက မင်းတို့နှစ်ယောက်ကို တွဲစေချင်လို့။မင်းက သူ့ကိုလီယွမ်ချင်းလက်ထဲအပ်လိုက်တာတော့ သနားစရာပဲ။တလေးတစားနဲ့အရေးတယူလုပ်ပြီးပြောရမယ်ဆိုရင်တော့ ခံစားချက်တွေနဲ့ပတ်သတ်ရင် လီယွမ်ချင်းက မင်းထက်ပိုပြီး ပါးနပ်တယ်။"
ဝမ်မင်ယီ: "...."
"ဒါပေမဲ့ ကိစ္စမရှိပါဘူး "
စစ်ကျွင်းတောက်ကပြောပြန်သည်။
"မင်းကသူ့ရဲ့Idolပဲ...မင်းမှာပင်ကိုအားသာချက်တွေရှိတယ်။မင်းလိုချင်နေသရွေ့ ...လီယွမ်ချင်းအနိုင်ယူနိုင်တုန်းပဲ "
"ဘာလို့ကျွန်တော်က လီယွမ်ချင်းကို အနိုင်ယူရမှာလဲ"
ဝမ်မင်ယီ ကပဟေဠိဖြစ်သွားသည်။
"ကျွန်တော် ဟန်ဟန်ကိုမကြိုက်ဘူး။တကယ်လို့ သူကလီယွမ်ချင်းကို ကြိုက်ရင်လည်း
ကျွန်တော်မှာ ကန့်ကွက်စရာမရှိဘူး။အဲ့တာကအတော်လေးကောင်းတယ်လို့ ကျွန်တော်ထင်တယ်။လီယွမ်ချင်းရဲ့ အကျင့်စရိုက်ကလည်းတော်တော်ကိုကောင်းတယ်လေ"
"မင်းသူ့ကိုမကြိုက်ဘူးလား"
စစ်ကျွင်းတောက်သည် ဝမ်မင်ယီကို ကြည့်လိုက်ရင်း သူ့အကြည့်များကနက်ရှိုင်းလာသည်။
"မင်းက ချစ်စရာကောင်းတဲ့ကောင်မလေးတွေကိုမကြိုက်ဘူးလား။ သူက ချစ်စရာမကောင်းဘူးလား။ မင်းသူ့ကိုမကြိုက်ဘူးဆိုရင် ဘယ်သူ့ကိုကြိုက်တာလဲ"
"ကျွန်တော် ဘယ်သူ့ကိုမှ မကြိုက်ဘူး "
ဝမ်မင်ယီက ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ဘာလို့ကျွန်တော်က တစ်စုံတစ်ယောက်ကို ကြိုက်ရမှာလဲ။ ဟန်ဟန်က ကျွန်တော့်ဖန်။ကျွန်တော်က သူမနဲ့ချစ်ကြိုက်သွားရင် တခြားဖန်တွေအတွက် မတရားရာကြမှာပေါ့။အဲ့တော့ ကျွန်တော်သူ့ကိုလုံးဝ မကြိုက်နိုင်ဘူး"
သူက သက်ပြင်းချပြီး စာပွဲပေါ်တွင်လှဲလိုက်သည်။
"မွေးစားအမေက တအားတွေတွေးလွန်းနေတာပဲ..ပြီးတော့ ကောရော...မွေးစားအမေကိုတောင်ကူညီလိုက်သေးတယ်လား"
"ငါသူ့ကို မကူညီပါဘူး...ငါက.."
စစ်ကျွင်းတောက် သည် ခဏမျှတိတ်ဆိတ်သွားကာ စက္ကန့်ပိုင်းလောက် သူဘာပြောရမည်မှန်းမသိဖြစ်သွားခဲ့သည်။
ဝမ်မင်ယီက သူ့ကိုပြန်ကြည့်ကာမေးလိုက်၏။
"ဘာကိုငါကလဲ ..."
စစ်ကျွင်းတောက်သည် သူ့ကို တိတ်ဆိတ်စွာပင် ကြည့်နေခဲ့သည်။ အချိန်အတော်ကြာမှ သူကပြောလာသည်။
"ငါက မင်းချစ်မိသွားရင် ဘယ်လိုဖြစ်လာမလဲလို့ ဆက်သိချင်ရုံပါ"
"ကောက ဘာလို့သိချင်တာလဲ"
စစ်ကျွင်းတောက်က သူမေးခွန်းကိုပြန်မဖြေခဲ့ဘဲ
တည်ငြိမ်သည့်အသံဖြင့် သူစကားများကိုဆက်လာသည်။
"မင်းအထက်တန်းပထမနှစ်တုန်းက
အိမ်ကနေပြောင်းသွားတော့ ငါမင်းကို သွားရှာခဲ့တယ်။ပြီးတော့..မင်းက ပြန်မလာချင်ခဲ့ဘူး။
ငါ ဒေါသထွက်ပေမဲ့ မြိုသိပ်ထားခဲ့ရတယ်...အကူအညီမဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။ အဆုံးကျတော့..ငါမင်းရဲ့အလိုအတိုင်းပဲလိုက်နာရုံပဲတတ်နိုင်တယ်။ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါအမြဲတမ်း မင်းရဲ့အိပ်ခန်းကို မပြုမပြင်ပဲထားခဲ့တယ်"
အစပိုင်းမှာ..ငါမင်းရဲ့အိပ်ခန်းထဲကို မကြာခဏဝင်ဖြစ်ခဲ့တယ်..မင်းကိုပြန်လာစေချင်ရင်းနဲ့။နောက်ကျတော့...ငါ..မင်းရဲ့အခန်းထဲကိုသွားဖို့သတ္တိမရှိတော့ဘူး။ မင်းရဲ့အခန်းကို သော့ခတ်လိုက်တယ်။ အခန်းနားက ဖြတ်သွားတဲ့အခါတိုင်း ငါ့ကိုယ်ငါ ဝင်မသွားဖို့ပြောခဲ့တယ်။
ဘာလို့လဲဆိုတော့...မင်းငါ့ဘေးနားမှာရှိနေတဲ့အချိန်မှာ အမှတ်တရတွေက အရမ်းချိုမြိန်တဲ့အရာတွေဖြစ်ပေမဲ့... မင်းထွက်သွားတဲ့အခါကျ အမှတ်တရတွေက ဓားတစ်ချောင်းဖြစ်လာခဲ့တယ်။အမှတ်ရစရာတွေ ပိုများလေလေ...ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်မှန်ကိုပိုပြီးသတိရလေလေပါပဲ..."
ထိုခဏတွင် ဝမ်မင်ယီသည်အလွန်အမင်း တုန်လှုပ်သွားခဲ့၏။
စစ်ကျွင်းတောက်က ဆက်ပြောလာသည်။
"ဒါပေမဲ့ နောက်တော့..ငါမင်းအခန်းကို နောက်တစ်ကြိမ် ပြန်ဖွင့်ခဲ့တယ်။ဖွင့်တဲ့နေ့တုန်းက
အခန်းတစ်ခုလုံး ဖုန်တွေနဲ့ပြည့်နေခဲ့တာ...ဒီနေရာမှာတစ်ယောက်မှ မနေဖူးခဲ့သလိုမျိူး...။ငါမှတ်မိနေခဲ့တဲ့ လူတွေ၊အကြောင်းအရာတွေက အကုန်လုံး.. အတုအယောင်ဖြစ်နေသလိုမျိူး..။မင်းရဲ့အခန်းကိုကြည့်ပြီး အထဲမှာ အကြာကြီးမတ်တပ်ရပ်နေခဲ့တယ်။ပြီးတော့..ရေသွားယူ ၊တဘက်တစ်ထည်နဲ့ ကြမ်းတိုက်တံမြက်စည်းကိုယူပြီး ဖြေးဖြေးချင်း ပြန်ပြီးသန့်ရှင်းရေးလုပ်ခဲ့တယ်..."
"မင်းရဲ့ရောက်လာတဲ့အရွယ် နဲ့လက်ရှိ အကြိုက်တွေပေါ်မူတည်ပြီး အခန်းကိုပြန်ပြီး ပြင်ဆင်ခဲ့တယ်။မင်းရဲ့ပိုစတာတွေဝယ်တယ်...ပြီးတော့ မင်းဂိမ်းထဲမှာသုံးတဲ့ ဂီတတူရိယာတွေအကုန်လုံးကို ဝယ်ခဲ့တယ်။အဲ့ဒီအခန်းက မင်းအသက်ကြီးလာတာနဲ့အမျှ ပုံစံအသစ်တစ်ခုပြောင်းသွားခဲ့တယ်။မင်း အခန်းထဲမှာ အမြဲတမ်းနေနေသလိုမျိူး....အမြဲလိုလို မင်းရဲ့အကျင့်တွေပေါ်လိုက်ပြီး အဲဒီအခန်းကို အလှဆင်ခဲ့တာ"
ဝမ်မင်ယီသည် သူကို့ကြည့်ပြီး မပြောပြနိုင်လောက်သည်အထိ စိတ်မသက်မသာ
ခံစားရလာသည်။ သူကလက်ကိုဆန့်ကာ စစ်ကျွင်းတောက် ၏လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ။အဲ့လိုမျိူးမရည်ရွယ်ခဲ့ပါဘူး။ကျွန်တော် ကောနဲ့ အကြာကြီး
ရန်ဖြစ်မနေသင့်ဘူး..၊ကျွန်တော်..."
စစ်ကျွင်းတောက်သည် သူ၏ခေါင်းယမ်းကာ
ဆက်မပြောစေခဲ့ပေ။သူ၏ရှေ့ရှိ ကောင်ငယ်လေး ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးသည့်အသံဖြင့် နူးညံ့ညင်သာစွာပြောလိုက်သည်။
"မင်မင်..ကော မင်းကို ဒီအကြောင်းတွေပြောပြတာက မင်းကောအတွက် စိတ်မကောင်းဖြစ်အောင်လို့လဲမဟုတ်သလို အတိတ်မှာဖြစ်ခဲ့တာတွေကို အပြစ်တင်နေဖို့လည်းမဟုတ်ဘူး။ မင်းမွေးလာတဲ့နေ့ကတည်းက ကော မင်းကိုစောင့်ကြည့်နေခဲ့တဲ့အကြောင်း ပြောပြချင်ရုံပါ။ မင်းကြီးပြင်းလာတာကို ကြည့်နေခဲ့တယ်...ကျောင်းဝန်းထဲဝင်သွားတာကို ကြည့်နေခဲ့တယ်... မင်းရဲ့ကိုယ်ပိုင်သူငယ်ချင်းတွေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ရသွားတာကိုကြည့်နေခဲ့တယ် ။မင်းရဲ့မိဘတွေ အိမ်မှာမရှိလို့တောင်မှ ကောမင်းရဲ့ကိစ္စတွေအများကြီးကိုတာဝန်ယူခဲ့ရသေးတယ်။ မင်းအပေါ်မှာ ကောရဲ့အချိန်တွေ ခွန်အားတွေ အများကြီးသုံးခဲ့ပြီးပြီ။ မင်းက ကောခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေခဲ့ပြီ...မင်းကို စွဲစွဲမြဲမြဲ ကြည့်နေမိတဲ့ ကောရဲ့မျက်လုံးတွေကို မထိန်းနိုင်တော့ဘူး..."
"ဒါပေမဲ့...မင်းက တစ်နေ့မှာ ထွက်သွားပြီးတော့ ချစ်မိသွားလိမ့်မယ်။ မင်း..ဒီနေရာကိုထားခဲ့မယ်..ကောကိုထားခဲ့မယ်။ ကောက မင်းထားခဲ့တာကို တစ်ကြိမ်ကြုံခဲ့ဖူးပြီ..အဲ့ဒါကဘယ်လိုခံစားရလဲဆိုတာ ကောသိပါတယ်။ဒါကြောင့် မင်းနောက်တစ်ခါထွက်မသွားခင်မှာ... ကောကြိုပြီးပြင်ဆင်ထားချင်တယ်။... အချိန်ကျလာလို့... မင်းဒီကနေနောက်တစ်ကြိမ် ပြောင်းရွေ့
သွားရင် အရင်တုန်းကလိုမျိူး.. ကောရဲ့ခံစားချက်တွေကို ထိန်းချူပ်ထားနိုင်မှာမဟုတ်တော့လို့... "
စစ်ကျွင်းတောက်သည် သက်ပြင်းချပြီး လက်ကိုဆန့်ကာဝမ်မင်ယီ၏ ပါးပြင်လေးကိုထိလိုက်သည်။
"ကောရဲ့မင်မင်လေး...တစ်နေ့ကျရင်
အရွယ်ရောက်လာပြီး..လက်ထပ်သွားမှာ...ကောကိုဆက်ပြီးလိုအပ်တော့မှာမဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင်..မင်းက မင်မင်မဟုတ်တော့ဘူး။
မင်းမရှိတာနဲ့ကျင့်သားရဖို့အတွက် ကော ကိုယ့်ကိုကိုယ် အချိန်ပေးရဦးမယ်..နားလည်ရဲ့လား..."
ဝမ်မင်ယီ၏မျက်ရည်များသည် ချက်ချင်းပင် ကျဆင်းလာတော့သည်။ သူ မသိစိတ်ဖြင့် စစ်ကျွင်းတောက် ၏လက်ကို ဆုပ်ကိုင်ကာ သူ့လက်ဖဝါးဖြင့်ပွတ်သပ်နေမိသည်။
"မဟုတ်ပါဘူး...ကျွန်တော် ဘယ်လောက်ပဲအသက်ကြီးလာပါစေ...ကောကိုလိုအပ်နေတုန်းပါပဲ။ကျွန်တော်ကအမြဲတမ်း ကောရဲ့အပိုင် ဖြစ်နေမှာပါ...."
သူ စစ်ကျွင်းတောက်ကိုကြည့်လိုက်ရာတွင်
မျက်ရည်များဖြင့် သူ၏အမြင်အာရုံသည်ကားဝေ့ဝါးနေခဲ့သည်။ သူသည် မသိလိုက်ဘာသာဖြင့် ရှေ့သို့တစ်လှမ်းတိုး၍ ထိုင်ခုံမှထလာပြီးစစ်ကျွင်းတောက်၏ ရှေ့တွင်ဒူးတုပ်ထိုင်ကာ စစ်ကျွင်းတောက် ၏ဒူးများကို သူ့လက်များဖြင့်ပွေ့ဖက်ထားလိုက်သည်။ထို့နောက် သူ၏ခေါင်းကိုမော့လိုက်သည်။
"ကျွန်တော်က ချစ်ဖို့အတွက်စိတ်လောမနေသလို မိသားစုတစ်ခု ထူထောင်ဖို့လည်းမလောပါဘူး။ကောကျွန်တော့်ကို မလိုအပ်တော့တဲ့အထိ ကောနဲ့အတူနေနိုင်ပါတယ်...ဒါကြောင့် ကော ကျင့်သားရအောင်လုပ်စရာမလိုပါဘူး။ကျွန်တော်ကျိန်ဆိုတယ်...ဒုတိယအကြိမ် ကျွန်တော့်ဘက်ကနေစပြီး ကောကိုထားမသွားပါဘူးလို့...ကောကျွန်တော့်ကို လိုအပ်နေသရွေ့..ကျွန်တော်အမြဲတမ်း ဒီနေရာမှာနေပြီး..ကောနဲ့အတူနေနိုင်ပါတယ် "
စာရေးသူမှာပြောစရာရှိပါတယ်:
Gongနဲ့Shouက !သွေးသားမတော်စပ်ကြပါ၊အိမ်နီးချင်ကောကောနဲ့အိမ်နီးချင်းတိတိပါ ။ကောကော၊တိတိဟုခေါ်ခြင်းသည် ယဉ်ကျေးမှုအရသာဖြစ် သည်။
xxxx
ငါတို့မင်မင်ကဉာဏ်အလင်းမပွင့်သေးပေမဲ့လည်း ငါတို့မင်မင်ကအရမ်းကိုချိုမြိန်တာပဲ!
မင်မင်:ဦးနှောက်ခွဲစိတ်ကုသခြင်းကမလိုအပ်ဘူး!
ဟန်ဟန်ရဲ့cpက လီယွမ်ချင်းပါ။ဒီစာရေးသူက အစက သူမစပေါ်လာချိန်မှာ spoilချင်ပေမဲ့ အချိူ့သောနတ်သမီးလေးတွေက spoilerမကြိုက်
တာကိုတွေးမိရင်း ဒီစာရေးသူ မပြောပြတော့ဘူး
ဆိုတော့..မင်းတို့အားလုံးသူမနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပါဘူး~~~
ဒီနေ့ နတ်သမီးအသေးလေးက မြင်မြင်ချင်း ရေနက်ထဲကိုတော်ပီဒိုပစ်ချလိုက်တာကို ကျေးဇူးတင်ချင်ပါတယ်။ နက်ရှိုင်းတဲ့ရေကို မရတာအတော်ကြာလို့ထင်တယ်...ငါအရမ်းကိုပျော်တာပဲ!!!
Momodaရေ ...ချစ်တယ်..မွ!