အပိုင်း ၆၉
Viewers 14k

ထိုစကားလေးက စစ်ကျွင်းတောက်၏မျော်လင့်ချက်ထက်ပင်ကျော်လွန်နေခဲ့ပေပြီ။ တစ်နေ့တွင် ဝမ်မင်ယီကသူ့ကိုဤသို့ပြောလာမည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။ သူ၏ရှေ့တွင်ရှိနေသော မျက်လုံးများနီရဲနေသည့် ကောင်ငယ်လေးကို ကူရာမဲ့ဟန်ဖြင့် ကြည့်လိုက်ကာ သက်ပြင်းတစ်ချက်ချရင်း သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။
"ဘာလို့ငိုနေရတာလဲ..အသက်ကဘယ်လောက်တောင်ရှိနေပြီလဲ။ခုထိ ငိုနေတုန်းပဲ"
ဝမ်မင်ယီသည် မသိလိုက်ဘာသာဖြင့် သူ၏ခေါင်းလေးကို ငုံ့ကာ စစ်ကျွင်းတောက် ၏
ပေါင်ပေါ်တွင်မှီ၍ ငြိမ်သက်စွာအနားယူနေခဲ့သည်မှာ ကောင်းကောင်းပြုမူတတ်ပြီး နာခံမှုရှိသည့် သားကောင်ငယ်လေးကဲ့သို့ပင်။
သူသည် လွန်ခဲ့သည့်သုံးနှစ်တာကာလသည် စစ်ကျွင်းတောက်အတွက် အမာရွတ်တစ်ခုဖြစ်နေခဲ့ကြောင်း အမြဲလိုလိုသိနေခဲ့ပါ၏။ စစ်ကျွင်းတောက်က ထိုသည်ကို ဘယ်တုန်းကမျှအပြစ်မတင်ခဲ့ခြင်းသာဖြစ်ကာ ဘာတစ်ခွန်းမျှဆိုခဲ့ခြင်းလည်းမရှိပါချေ။ သူ၊ ဝမ်မင်ယီ သည်လည်း ထိုအကြောင်းကိုမစဉ်းစားချင်သော ကြောင့် နှစ်ယောက်သား နောက်စာတစ်မျက်နှာကိုသာ
လှန်ပစ်ခဲ့ကြသည်။
သို့သော်လည်း သူမမြင်နိုင်သည့်တစ်နေရာတွင်မူ
စစ်ကျွင်းတောက်မည်သို့ မည်ပုံနေခဲ့ရပါလိမ့်..။
စိတ်ဆိုးဒေါသထွက်ပြီး အကူအညီမဲ့ကာ ကျန်ခဲ့လေတိုင်း စစ်ကျွင်းတောက် မည်သို့များ ခံစားခဲ့ရပါလိမ့်..။
ဝမ်မင်ယီထိုအကြောင်းကို မတွေးခဲ့သည်မဟုတ်ပါပဲ မတွေးရဲခဲ့သည်သာဖြစ်၏။ ထိုစဉ်က သူပြောခဲ့၊လုပ်ခဲ့သည်များကို ပြန်မစဉ်းစားရဲခဲ့သည်ပင်။ ယခုသည် ပထမဆုံးအကြိမ် သူဘယ်လိုခံစားခဲ့ရကြောင်း စစ်ကျွင်းတောက်က
သူ့ကိုပြောပြခဲ့ခြင်းဖြစ်ကာ ဝမ်မင်ယီ စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူကိုယ်တိုင်အတွက် မဟုတ်ပါဘဲ စစ်ကျွင်းတောက်အတွက်ပင်။
သူ စစ်ကျွင်းတောက်၏ဒူးပေါ်တွင် လဲပြိုကာ တိတ်တဆိတ်ငိုကြွေးနေရင်း သူ့နှလုံးသားထဲတွင်ကား အပြစ်ရှိစိတ်များနှင့်နောင်တ တရားတို့ဖြင့်ပြည့်နှက်နေခဲ့ပါ၏။
အကယ်၍ သူတတ်နိုင်ခဲ့လျှင် သူသည်လွန်ခဲ့သည့်သုံးနှစ်တွင် ပြန်လည်မွေးဖွားချင်ခဲ့ပေလိမ့်မည်၊ ဆန့်ကျင်ပုန်ကန်လိုမှုကြောင့် သူမပြောင်းရွေ့ခင်ကာလသို့ ပြန်လည်မွေးဖွားချင်ပေလိမ့်မည်ဖြစ်သော်လည်း သူကားမတတ်နိုင်ခဲ့ပါချေ။
အရာအားလုံးသည့် ဖြစ်ပြီးနေခဲ့ပြီဖြစ်ရာ သူမပြင်ဆင်နိုင်တော့ပါချေ။ခြံစည်းရိုးတွင်ထိုးစိုက်ထားသည့် သံကိုဆွဲနှုပ်ရန်ကြိုးစားခဲ့ပါသော်လည်း သံစိုက်ထားသည့်တွင်းပေါက်သည်
ကားကျန်နေဦးမည်ဖြစ်သည်။
တစ်ချက်မျှကြည့်မိရုံနှင့်ပင် အမာရွတ်များပြည့်နှက်နေကြောင်းတွေ့ရပေလိမ့်မည်။
ဝမ်မင်ယီသည် စစ်ကျွင်းတောက် ၏ဒူးများကိုဖက်ထားရင်း ဝမ်နည်းပူဆွေးမှုနှင့် နောင်တ
တရားများအပြည့်ဖြင့် မျက်ရည်ပေါက်များကျဆင်းနေတော့သည်။
စစ်ကျွင်းတောက်သည် ဝမ်မင်ယီက ပိုပြီး သည်းသည်းနင့်နင့် ငိုကြွေးလာမည်ဟုမထင်ထားခဲ့ပေ။
သူ ဝမ်မင်ယီအားထိုအကြောင်းများကိုပြောခဲ့စဉ်က အတိတ်နဲ့ပတ်သတ်၍အငြင်းပွားချင်၍မဟုတ်ပါပဲ သူ၏ကိုယ်ပိုင်အကြောင်းပြချက်များကို ရိုးရိုးရှင်းရှင်းပြောပြချင်ရုံသာဖြစ်ပါ၏။ သို့သော်ငြား ယခုတွင် ဝမ်မင်ယီသည်
သူ၏စကားများကြောင့် အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေခဲ့သည်။ ၎င်းက သူဖြစ်စေချင်သကဲ့သို့ မဟုတ်ပေ။
သူ လက်ကိုဆန့်ထုတ်ကာ ဝမ်မင်ယီ၏ခေါင်းလေးကို မ,လိုက်သော်လည်း ဝမ်မင်ယီကငြင်းဆန်နေသောကြောင့် သူဆက်ပြီးဖိအားမပေးတော့ချေ။ သူ၏လက်မောင်းဖြင့် ဝမ်မင်ယီ ၏လည်ပင်းလေးကို ရစ်ပတ်ကာ ချိူသာနှုးညံ့သည့်အသံဖြင့်
ဖြောင့်ဖြလာသည်။
"မငိုပါနဲ့.. ကောမင်းကိုပြော တဲ့စကားတွေက မင်းကို ငိုအောင်လုပ်ဖို့အတွက်လား"
သူ တစ်ရှူးအနည်းငယ်ယူကာ ဝမ်မင်ယီကိုပေးလိုက်သည်။
"မျက်ရည်တွေကို သုတ်ပစ်...ငိုစရာဘာမှမပါဘူး။ကောကမင်းကို အပြစ်တင်နေတာမဟုတ်ပါဘူး။ မင်းကဒီလိုငိုနေတော့.. ကောတို့က ရန်ဇယားတွေ ရှင်းနေတာကျနေရော"
ဝမ်မင်ယီက စကားပြန်မပြောလာပေ။ စစ်ကျွင်းတောက်သည် သူ၏လက်ထဲကိုတစ်ရှူးများထည့်ပေးလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"မင်မင်က ဝမ်နည်းနေဖို့မလိုသလို့ ကောအတွက်စိတ်မကောင်းဖြစ်နေစရာလည်း မလိုပါဘူး။ ကောအရင်တုန်းကပြောဖူးသလိုပဲ...ကောမင်းကိုဘယ်တော့မှအပြစ်တင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ ကောအတွက်နဲ့ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်တင်စရာမလိုဘူးနော်"
"မြီးကောင်ပေါက်အရွယ်မှာ လူတိုင်းကမသင့်တော်တဲ့ လုပ်ရပ်တွေလုပ်မိကြမှာပဲ။ မင်းတစ်ယောက်တည်းတင်မဟုတ်ပါဘူး။ ဒါက
ဒီအသက်အရွယ်ရဲ့ လက္ခဏာတစ်ခုပဲ။ မင်းက
ဒီအရွယ်ကိုဖြတ်ကျော်ခဲ့တဲ့ မရေမတွက်နိုင်တဲ့လူတွေထဲကတစ်ယောက်ဖြစ်နေရုံပါ..ဆိုတော့ ဒါကပုံမှန်ပါပဲ..."
ဒါက ပုံမှန်မဟုတ်ပါဘူးဟု ဝမ်မင်ယီက စိတ်ထဲတွင် ငြင်းဆန်လိုက်သည်။ တစ်ရက်၊နှစ်ရက်၊တစ်လ၊နှစ်လလောက် ပုန်ကန်တာက ပုံမှန်ပါပဲ..။ဒါပေမဲ့ သုံးနှစ်လောက်ပုန်ကန်နေတာကမှမဟုတ်တာ!ဒါတွေအားလုံးကို ကျန်းဇီမော့ကို ပဲအပြစ်တင်ရမှာပဲ!ကျန်းဇီမော့ကသာ ကောင်းကင်ကိုဆန်တက်ဖို့မကြိုးစားခဲ့ဘူးဆိုရင် သူဒီလိုတွေကြုံစရာကိုမလိုတာ..! ကျန်းဇီမော့...! သူ ကျန်းဇီမော့ ကို လုံးဝအလွတ်ပေးမှာမဟုတ်ဘူး..!
ဝမ်မင်ယီသည် စစ်ကျွင်းတောက်၏လက်ထဲမှတစ်ရှုးကိုယူရန် ခေါင်းကိုငုံ့လိုက်ပြီး တစ်ဖက်လှည့်ကာ မျက်ရည်များကို သုတ်သည်။
စစ်ကျွင်းတောက်က သူ့ကိုကြည့်နေသည်။ ဝမ်မင်ယီက သူ့အပေါ်ဆိုကလေးဆန်နေဆဲပင်။သူက မငယ်တော့သော်လည်း အတွင်းစိတ်သည်ကား အလွန်ကို ရိုးရှင်းနေဆဲဖြစ်၏။
"ကောဒီလို ဆက်မဖြစ်တော့ဘူးမလားဟင်"ဝမ်မင်ယီက နှာသံလေးဖြင့် စိတ်ပျက်အားငယ်စွာမေးလိုက်သည်။
စစ်ကျွင်းတောက်က သူ၏မျက်လုံးနီနီလေးများကိုကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ခုထပ်ချကာ ခေါင်းညိတ်ပြလိုက်သည်။
ထိုမှပင် ဝမ်မင်ယီစိတ်သက်သာရာရသွားတော့သည်။သူကစစ်ကျွင်းတောက်ကို ကတိပေးလိုက်၏။
"စိတ်မပူနဲ့နော်...ကျွန်တော်သေချာပေါက် ကောနောက်မှလက်ထပ်မှာပါ။အဲ့လိုအချိန်ကျရင်...ကျွန်တော်အဝေးကြီးမှာနေမှာမဟုတ်ဘူး။ကျွန်တော့် အိမ်ထဲမှာပဲနေမှာပါ။ ကောလိုချင်ရင် တံခါးကိုတွန်းဖွင့်လိုက်ရုံနဲ့တောင် ကျွန်တော့်ကိုမြင်ချင်မြင်ရမှာ"
"ကောကို မစောင့်ပါနဲ့။ တစ်သက်လုံးနေရင်တောင် ကောကလက်ထပ်နိုင်မယ်၊လက်မထပ်နိုင်ဘူးဆိုတာ မသေချာဘူး။ တကယ်လို့မင်းသဘောကျတဲ့သူတစ်ယောက်ယောက်ကိုတွေ့ရင်
လက်ထပ်ချင်ရင်လက်ထပ်လိုက်ပါ။ ကောကိုစောင့်မနေနဲ့"
သို့သော်လည်း ဝမ်မင်ယီကအလွန်ပင် သေချာနေခဲ့၏။
"ကျွန်တော်အဲ့လိုမလုပ်ချင်ဘူး။ ကျွန်တော်က ကတိတည်တဲ့ယောကျာ်းပါ။ ကျွန်တော် ချစ်ဖို့အတွက် စိတ်မလောပါဘူး။ကောဆီမှာ ကြိုက်ရမဲ့လူရှိပြီးသွားမှပဲ ကျွန်တော်ချစ်သူထားတော့ မယ်"
စစ်ကျွင်းတောက်က သူ့ကိုကြည့်လာသည်။သူ၏နှုတ်ခမ်းက အနည်းငယ်ပွင့်ဟနေကာ တစ်စုံတစ်ခုကို ပြောချင်နေကဲ့သို့ပင်။ သို့ပေမဲ့ သူပြန်ပြီးမြိုသိပ်ထားလိုက်သည်။
သူသည် ယခုလေးတွင်ပင် သူရှေ့မှာ ငိုနေခဲ့သည့်
အမျိူးသားငယ်လေးအားကြည့်လိုက်မိသည်။ တစ်လှမ်းဆက်တိုးလိုက်သည်နှင့် ဝမ်မင်ယီ အံအားသင့်ပြီး ရွံရှာသွားမှာကိုသူကြောက်သည်။
တစ်လှမ်းပြန်ဆုတ်လိုက်လျှင်လည်း အချိန်ကျလာသည့်အခါတွင် လက်မလွတ်နိုင်မှာကို သူစိုးရွံသည်။ ပထမဆုံးအကြိမ်အဖြစ် စစ်ကျွင်းတောက်သည် ခံစားချက်ဆိုင်ရာများက အလွန်ပင်ခက်ခဲကာ လူတစ်ဦးကိုတွန့်ဆုတ်အောင်လုပ်နိုင်သည့် ရွေးချယ်ရခက်သောအခြေအနေ တစ်ခုဟု ခံစားရလာသည်။
မည့်သို့ပင်ဖြစ်စေ ဝမ်မင်ယီကတော့ သူ့ကိုယ်သူအားယူပြီးမတ်တပ်လိုက်လေ ၏။ သူက စစ်ကျွင်းတောက်ကိုတောင်ပြုံးပြလိုက်သေးသည်။ စစ်ကျွင်းတောက်မှ ပြန်ပြုံးပြမည့်ဆဲဆဲတွင် သူကကိုယ်ကိုကိုင်းကာ စစ်ကျွင်းတောက်ကို ပွေ့ဖက်လိုက်လေသည်။
စစ်ကျွင်းတောက် ကြောင်,အသွားခဲ့၏။ထိုသို့ မထင်မှတ်ထားခဲ့သည်ပင်။
ဝမ်မင်ယီ စစ်ကျွင်းတောက်၏ ပခုံးနှင့်လည်ပင်းပေါ်တွင်မှီကာ ခဏတာမျှ တိတ်ဆိတ်
ငြိမ်သက်စွာပွေ့ဖက်ထားခဲ့သည်။ထို့နောက် သူ၏လက်ကိုဖြေးဖြေးချင်း လွှတ်ပြီး မတ်မတ်ရပ်လိုက်သည်။
"ဒီအခန်းကို ကျွန်တော်တို့ကျော်ပစ်ရအောင်...ဆိုတော့ ဒါကိုအတိတ်မှာပဲထားခဲ့လိုက်ပြီနော်"
စစ်ကျွင်းတောက်က တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။
ဝမ်မင်ယီက ပါးများမို့တက်နေအောင်ပြုံးလိုက်၏။
"ဟုတ်ပြီ..ကောစာအုပ်ဆက်ဖတ်နေလိုက်။ ကျွန်တော် အခန်းထဲအရင်ပြန်နှင့်မယ်"
"အင်း"
ဝမ်မင်ယီက လှည့်ထွက်ကာ တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
စစ်ကျွင်းတောက်သည် သူထွက်သွားပြီး တံခါးပိတ်လိုက်သည်အထိ စောင့်ကြည့်နေပြီးမှ စိုရွဲနေသည့် သူ၏ဒူးများကို ငုံ့ကာ ကြည့်လိုက်သည်။
ထိုရေကွက်များသည် ဝမ်မင်ယီ၏ မျက်ရည်များပင်။
စစ်ကျွင်းတောက် ကူရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။မနက်ခင်းတုန်းက ရှိခဲ့သော သူ၏ခိုင်မာသောယုံကြည်ချက်သည် နောက်တစ်ကြိမ်ထပ်ပြီး မပြိုကွဲသွားရန် နေ့တစ်ဝက်သာကြာခဲ့လေသည်။
သူတို့၏ဆက်ဆံရေးတွင် ဝမ်မင်ယီသည် အမြဲပင် ဦးဆောင်သူဖြစ်ခဲ့၏။သူသည် သူတို့ဘယ်လိုပုံစံနှင့်အတူရှိကြမည်ကိုအလွယ်တကူပင် ဆုံးဖြတ်နိုင်၏။ သူတို့၏ နီးစပ်မှုနှင့် သူတို့နှစ်ဦး
ဆက်ဆံရေး၏နောက်ဆုံးသော ဦးတည်ချက်ကိုလည်း သူပဲဆုံးဖြတ်သည်ပင်။
၎င်းက စစ်ကျွင်းတောက်ကိုယ်တိုင် သူ့ကိုပေးခဲ့သော အခွင့်အရေး၊ သူဘဝ၏အခွင့်အရေးဖြစ်လေသည်။
ဝမ်မင်ယီသည် သူ၏အိပ်ခန်းထဲသို့ပြန်သွားကာ
အိပ်ရာပေါ်တွင်လဲနေရင်း မျက်နှာကျက်ကိုကြည့်နေသည်။သူ၏စိတ်သည်ကား ယခုတိုင်အောင် မအေးချမ်းသေးပဲ သူ၏အတွေးများကလည်းဖရိုဖရဲဖြစ်နေခဲ့သည်။သူ စစ်ကျွင်းတောက်၏အဝေးတွင်ရှိနေခဲ့သည့် သုံးနှစ်တာသို့
ခဏမျှအတွေးလွင့်နေခဲ့ကာ ပြီးလျှင် စစ်ကျွင်းတောက် အခုလေးတင်ပြောလိုက်သည့် စကားများကို တွေးနေခဲ့သည်။ ထို့နောက် သူတိုနှစ်ဦး၏အနာဂါတ်အကြောင်း တွေးပြန်သည်။ စောင်ကိုဆွဲယူပြီး သူ၏မျက်နှာကိုဖုံးကာ မျက်လုံးများကိုမှိတ်လိုက်၏။
သူတို့က ခွဲရမှာလား..။သူတွေးနေခဲ့သည်မှာ သူ စစ်ကျွင်းတောက်ကို ထားသွားဖို့ဆန္ဒရှိလာမှာလား..။ဒါပေမဲ့ သူကဆန္ဒမရှိတောင် ဘယ်လိုဖြစ်မှာမို့လို့လဲ..။ အရင်းနှီးဆုံး ညီအစ်ကိုတွေတောင် တစ်နေ့မှာခွဲကြရမှာပဲ....သူတို့ဆိုရင်တော့ပြောမနေပါနဲ့တော့။
ဝမ်မင်ယီ ရင်တွေမောဟိုက်လာတော့သည်။သူခဏလောက်အိပ်ချင်မိသည်။ သူအိပ်လိုက်လျှင် ထိုအကြောင်းကိုတွေးနေစရာမလိုတော့သည်ပင်။
နည်းနည်းဆို လုံလောက်မှာပါလေ။
ဝမ်မင်ယီ ပြန်နိုးလာသည့်အချိန်တွင် ည7နာရီတောင်ကျော်သွားပြီဖြစ်သည်။ ကျိစစ်ယောင်နှင့်ဝမ်ဝေ့ တို့ကား အိမ်တွင်ရှိမနေပဲ စစ်ကျွင်းတောက်က ချက်ပြုတ်နေလေသည်။
ဝမ်မင်ယီက သူ၏ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ စစ်ကျွင်းတောက်သည် သူ့အတွက်စွပ်ပြုတ်တစ်ပန်းကန်ပြင်ဆင်ပေးကာ ပြောလာသည်။
"ခဏနေလို့မှ မင်းမထသေးရင် ကော လာခေါ်မို့ပဲ"
"ကျွန်တော်က တရေးတမောပဲအိပ်ချင်ခဲ့တာပါ..ဒီလောက် အကြာကြီးအိပ်ပျော်သွားမယ်လို့ ထင်မထားဘူး "
"ဘာလို့ ဟန်ဟန်က ခုထိပြန်မရောက်သေးတာလဲ"
စစ်ကျွင်းတောက်က သူ့ကို အသီးအရွက်တွေကူဖယ်ပေးရင်းမေးလိုက်သည်။
"ဘယ်အချိန်ထိ လီယွမ်ချင်းကို သူနဲ့လည်ခွင့်ပေးထားလဲ..."
"မပူပါနဲ့.. ၉နာရီမထိုးခင် သူပြန်လာလိမ့်မယ်"
စစ်ကျွင်းတောက်က ခေါင်းညိတ်ပြီး ဘာမှဆက်မပြောလာတော့ပေ။
၈ :၃ဝ၌ စုန့်ရှုဟန်က နောက်ဆုံးတွင်ပြန်ရောက်လာခဲ့သည်။ သူမက အိတ်ကြီးတစ်လုံးကိုသယ်လာခဲ့သဖြင့် ဝမ်မင်ယီကအနားကပ်ကြည့်လိုက်သည်တွင်အကုန်လုံး အရုပ်တွေဖြစ်နေသည်။
"မင်းဒါတွေဝယ်ခဲ့တာလား"ဝမ်မင်ယီက သူမကိုမေးလိုက်သည်။
စုန့်ရှုဟန်က ခေါင်းယမ်းပြသည်။"လီယွမ်ချင်း
ကောက်ပေးတာ"
သူမကဆက်ရှင်းပြ၏။
"ညီမတို့ စားေသာက္ဖို့
ကုန်တိုက်တစ်ခုကို သွားတော့ အရုပ်ကောက်စက်ကိုတွေ့ရော။ ညီမက အဲဒါလေးက အရမ်းချစ်စရာကောင်းလို့ အကြွေတစ်စေ့ထည့်ပြီး ကောက်ဖို့ကြိုစားခဲ့တာ။ ညီမ ရအောင်မကောက်နိုင်ခဲ့လို့ သူကညီမအတွက်ကောက်ပေးတာ။ သူတို့ကချစ်စရာမကောင်းဘူးလား"
ဝမ်မင်ယီက ခေါင်းညိတ်လိုက်သည်။
"အရမ်းချစ်စရာကောင်းတယ် "
"ဒါဆို အစ်ကို ဘယ်တစ်ခုကိုကြိုက်လဲ...ညီမအစ်ကို့ကိုပေးမယ်လေ"
စုန့်ရှုဟန်က ရက်ရက်ရောရောဖြင့်ပြောလာသည်။
ဝမ်မင်ယီက သူ၏ခေါင်းကိုခါလိုက်သည်။
"မင်းသိမ်းထားတာကပိုကောင်းမယ်...အရုပ်တွေရှိရင်လည်းငါ့အတွက်ကျ အသုံးမဝင်ဘူးလေ။ ဒါပေမဲ့ မင်းနဲ့လီယွမ်ချင်းက ကောင်းကောင်းအဆင်ပြေကြသားပဲ။"
"အဆင်ပြေနေတုန်းပဲ"
စုန့်ရှုဟန် ကပြုံးကာဆိုသည်။
"သူက တကယ်ကို ပရော်ဖက်ရှင်နယ်ကျတယ်။ နေရာတိုင်းကို တကယ်ကြီးကောင်းကောင်းသိနေတာ"
"ဒါပေါ့..ငါမင်းကိုညာခဲ့တာမဟုတ်ဘူး"
ဝမ်မင်ယီက အောင်နိုင်သူအပြုံးပြုံးလိုက်သည်။
"ဒါဆို မနက်ဖြန်ကျရင်လည်း လီယွမ်ချင်းကိုလိုက်ပို့ခိုင်းလိုက်မယ်"
"ဟမ်"စုန့်ရှုဟန် က အနည်းငယ်အံ့ဩသွား၏။
"သိပ် ကောင်းဘူးလားလို့"
"အဆင်ပြေပါတယ်"ဟုဝမ်မင်ယီက ပြောလိုက်သည်။
"လီယွမ်ချင်းက ငါရဲ့သူငယ်ချင်းကောင်း၊ငါရဲ့အချစ်ဆုံးသူငယ်ချင်းလို့ ..မင်းကို မပြောခဲ့ဘူးလား...ဆိုတော့ အဲ့ဒါနဲ့ပတ်သတ်ပြီးပူမနေတော့နဲ့"
သူက စုန့်ရှုဟန်ကို ကြည့်လိုက်ရင်း တိုးတိုးလေးပြောလာ၏
"ငါ့ကောက ဒီနေ့စိတ်အခြေအနေမကောင်းလို့... ငါသူနဲ့မနက်ဖြန်အတူရှိနေပေး
မလို့လေ"
ထိုစကားက်ိုကြားလိုက်သည်တွင် စုန့်ရှုဟန်က အလျင်အမြန်ပင် ခေါင်းညိတ်ပြလာကာ စိတ်ပါလက်ပါပင် သဘောတူလိုက်သည်။
"ဒါဆို ညီမ မနက်ဖြန် စောစောအပြင်ထွက်လိုက်မယ်...အစ်ကို့ကိုမနှောက်ယှက်တော့ဘူး"
ဝမ်မင်ယီက သူမ၏ပခုံးကိုပုတ်ပေးလိုက်သည်။
"လိမ္မာလိုက်တဲ့ကောင်မလေး"
စုန့်ရှုဟန်က ပြုံးကာ ပြန်ဖြေ၏။
"ဖန်တွေရဲ့ ကိုယ်တိုင်ကျင့်ကြံခြင်း"
နှစ်ယောက်သား ရယ်မောရင်းစကားပြောရင်းပင် အပေါ်ထပ်သို့ တက်လာကြသည်။ စုန့်ရှုဟန်၏အခန်းက တတိယထပ်တွင်ဖြစ်ပြိး ဝမ်မင်ယီ ၏အခန်းသည် ဒုတိယထပ်တွင်ဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် ဒုတိယထပ်လှေကားပေါ်တွင် လူခွဲလိုက်ကြသည်။
ဝမ်မင်ယီက သူမထွက်သွားပြီးသည်အထိစောင့်ပြီးမှ လီယွမ်ချင်းဆီသို့စာတစ်စောင်ပို့လိုက်သည်။—မနက်ဖြန်ကျရင်လည်း ဧည့်လမ်းညွှန်ဆက်လုပ်လိုက်ဦး။မနက်၉နာရီကျ သူ့ကိုလာကြိုလိုက်။
လီယွမ်ချင်းက သူ့အိမ်အပြန်လမ်းတွင် ကားမောင်းနေဆဲဖြစ်သည်။ သူက မီးနီနေခိုက်တွင် အခွင့်ကောင်းယူကာ ဝမ်မင်ယီ၏ Wechat မက်ဆေ့ခ်ျကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။
"လစာရောရမှာလား။ မင်းငါ နေ့တိုင်းအသုံးချဖို့ခေါ်တယ်။ ဒိလစာကို ငါဘယ်လိုတွက်ရမလဲ"
"အမလေးကွာ"ဝမ်မင်ယီသည် ချဲ့ကားနေယောင်ဆောင်ကာပြောလိုက်သည်။"ဒီလောက်လှတဲ့ကောင်မလေးကို လိုက်ပို့ရတာတောင်..မင်းက
လစာလိုချင်နေသေးတယ်။ မင်းကလူရောဟုတ်ရဲ့လား!"
"ဒါဆို အဲ့ဒီလှတဲ့ကောင်မလေးကို မင်းဆီထားခဲ့လိုက်မယ်။ မင်းကတစ်ကိုယ်တည်းသမားဆိုတော့ ကောင်းတဲ့အရာပဲမလား"
"မင်းက ငါရဲ့မွေးစားအမေလား။ ငါ့မွေးစားအမေနဲ့ တထပ်တည်းတူတဲ့အကြံ ဘယ်လိုများရှိနိုင်ရတာလဲ။ "
ဝမ်မင်ယီက သူ့အခန်းတံခါးကို တွန်းဖွင့် ကာ ဝင်သွားလိုက်သည်။
"အဲ့လိုပဲ သတ်မှတ်လိုက်ပြီ..မနက်ဖြန်မနက်ကျရင် ဒီကိုလာခဲ့..မင်းမှာ နာရီဝက်နောက်ကျပိုင်ခွ့င်ရှိတယ်"
မိးနီနေဆဲဖြစ်သဖြင့် လီယွမ်ချင်းက သူ့ကိုမေးလိုက်သည်။"မင်းဒီနေ့ဘာဖြစ်တာလဲ။ဘာလို့ရုတ်တရတ်ကြီး ပြန်ရတာလဲ ။ရွယ်ကျန်းဘယ်လိုနေလဲ...ဘာဖြစ်တာလဲ"
ဝမ်မင်ယီက ထိုစကားများကိုကြားလိုက်ရာတွင် သက်ပြင်းချလိုက်သည်။
"ပြောရမယ်ဆိုရင်ဇာတ်လမ်းက အရှည်ကြီးပဲ "
"ဒါဆို ရှည်တဲ့ဇာတ်လမ်းကို တိုအောင်လုပ်ပေါ့ကွာ"
ဝမ်မင်ယီက ခဏမျှစဉ်းစားနေခဲ့ပြီးနောက် သူ့ကိုမေးလာသည်။
"ငါ့ကောက ငါ့ကို ကောင်းကောင်းဆက်ဆံတယ်လို့ မင်းထင်လား"
လီယွမ်ချင်း: ...
"မင်းသူ့ထက်ပိုကောင်းတဲ့ လူရှာနိုင်လား"
"ဒါဆို ငါအထက်တန်းတုန်းက သုံးနှစ်ကသူ့ကိုအများကြီး နာကျင်စေတယ်လို့မင်းထင်လား"
"ဒါက ပြဿနာအကြီးကြီး တစ်ခုလား"လီယွမ်ချင်းသည် ဝမ်မင်ယီက ဘာတစ်ခုမှမေးနေတာမဟုတ်ဟုခံစားရသည်။"အဲဒီအထက်တန်းသုံးနှစ်အတွင်းမှာ မင်းဘာတွေလုပ်ခဲ့လဲဆိုတာ မင်းသိပြီးသားမလား"
ဝမ်မင်ယီက သက်ပြင်းချလိုက်ပြန်ကာစိတ်ဓာတ်ကျသွားသည်။
"ဘာလို့လဲဆိုတော့ အဲ့ဒါနဲ့ပတ်သတ်ပြီး ငါအတော်လေးသတိထားမိနေလို့!
"ဆိုတော့..ဒီနေ့ဘာဖြစ်ခဲ့တာလဲ"
လီယွမ်ချင်းသည်သူ့ကြောင့်ရှုပ်ထွေးသွားရသည်။
"ဘာလို့ ရုတ်တရက်ကြီး အထက်တန်းသုံးနှစ်က အကြောင်းကို ပြောနေတာလဲ။ ရွှယ်ကျန်းက မင်းနဲ့ ဇယားရှင်းပစ်မဲ့လူမျိူးလဲမဟုတ်ဘူးလေ"
"သူက ငါ့ကို့အပြစ်မတင်ပါဘူး..ဒါပေမဲ့ သူမှာအဲ့ကိစ္စနဲ့ပတ်ပတ်သတ်ပြီးPTSDအချိူ့ရှိနေတယ်။
အဲတော့ မွေးစားအမေက ငါ့ကိုဟန်ဟန်နဲ့တွဲပေးဖို့ ကြံနေကြောင်းသူသိသွားတော့ ငါကအနာဂါတ်ကျရင် လက်ထပ်ပြီးတော့ မိသားစုတစ်ခုကိုပိုင်ဆိုင်သွားပြီး အိမ်ကနေပြောင်းသွားမှာဆိုပြီး ချက်ချင်းကောက်တွေးပစ်တယ်။ အချိန်ကျလာရင် ငါ့ကိုလက်လွှတ်ပေးနိုင်ဖို့နဲ့ နည်းနည်းလောက်ပိုပြီးခံစားရသက်သာအောင်ဆိုပြီး တမင်တကာကို ငါနဲ့ဟန်ဟန်ကို နှစ်ယောက်ထဲအချိန်ပေးတယ်။ ငါနောက်တစ်ခေါက်ပြောင်းသွားရင် ငါနဲ့ခွဲဖို့ဝန်မလေးအောင်လို့ဆိုပြီး တမင်ကို ငါနဲ့ဝေးဝေးနေဖို့ကြိုးစားလိုက်သေးတယ်။ အဲ့လိုဆို အရင်ခါတုန်းကလောက် မနာကျင်ရလောက်ဘူးဆိုပြီးတော့လေ"
(T/N—PTSD=Post-traumatic stress disorder
ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ၊
ဆိုးရွားသည့်ထိခိုက်မှုများအတွေ့အကြုံများဖြစ်ပြီးနောက် စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းဖြင့်လည်းကောင်း ၊ အိပ်မက်ဆိုးများအနေဖြင့်လည်းကောင်း ထိုအကြောင်းအရာကိုထပ်ခါတလဲလဲ ပြန်ခံစားနေရတတ်ခြင်း)
"သူ့အတွေးက လုံးဝမမှားဘူး"
လီယွမ်ချင်းသည် မီးနီမှမီးစိမ်းသို့ပြောင်းသွားသည်ကို စောင့်ကြည့်နေပြီးနောက် ကားတဖန်စမောင်းလိုက်သည်။
"အဲ့ဒါက သူကမင်းကြောင့် သူစိတ်ထဲမှာ အရိပ်မဲထင်သွားတာလေ။ အဲဒါကြောင့်...သူက သူရဲ့ စိတ်ဒဏ်ရာကို တတ်နိုင်သလောက်လျော့ ချချင်တာမလား..။ဒါက ပုံမှန်ပါပဲ။ "
"ဘာလို့ပုံမှန်လဲ" ဝမ်မင်ယီ ကတော့ ထူးခြားလွန်းသည်ဟုထင်မိသည်။ "ငါက အခုချက်ချင်းလက်ထပ်ပြီး ပြောင်းသွားတော့မယ်လို့လည်း မပြောမိပါဘူး ။ ဒီကိစ္စကို စောစောစီးစီး စဉ်းစားစရာ လုံးဝကိုမလိုပါဘူးကွာ"
စာရေးသူမှာ ပြောစရာရှိပါတယ်:
Gongနဲ့Shouက သွေးသားမတော်စပ်ကြပါ။ ကောကော၊တိတိလို့ခေါ်ကြခြင့းသည် ယဉ်ကျေးမှုအရသာဖြစ်ကြောင်း~