အပိုင်း ၇၀
Viewers 14k

"အဲ့ဒီတော့ ရွှယ်ကျန်းက အရမ်းတွေးလွန်းနေတယ်လို့ မင်းကထင်တာလား"
"အဲ့လိုလည်း မဟုတ်ဘူး "
ဝမ်မင်ယီသည် အိပ်ရာခင်းကိုငုံ့ကြည့်လိုက်သည်။
"ငါက... ငါသူ့အပေါ်မှာအရမ်းကိုမှားခဲ့တယ်လို့ခံစားနေရုံပါ။အရင်တုန်းက ငါ..အဲ့လို့မဖြစ်ခဲ့သင့်ဘူး။ သူအတော်လေး စိတ်မကောင်းဖြစ်နေခဲ့မှာ"
"အဲ့ဒီနှစ်တုန်းက ကိစ္စတွေကိုပြီးပါစေတော့။ နောင်တရနေလည်း အသုံးမဝင်တော့ဘူး။ဒါကြောင့်.. အနာဂါတ်မှာရွှယ်ကျန်းနဲ့ အဆင်ပြေအောင်နေဖို့ မျှော်လင့်ထားတာက ပိုကောင်းတယ်။"
"ငါသိပါတယ် "ဟု ဝမ်မင်ယီက ဝမ်းနည်းနေဟန်ဖြင့် ပြန်ဖြေလာခဲ့သည်။
"ငါစဉ်းစားနေတာက တကယ်လို့အဆုံးကျ ငါတို့နှစ်ယောက်ခွဲသွားရရင် သူစိတ်မကောင်းဖြစ်မှာကို ငါစိုးရိမ်တယ်"
"မင်းက သူစိတ်မကောင်းဖြစ်မှာကိုပဲ ကြောက်နေတာလား..."
လီယွမ်ချင်းက ကားကိုလမ်းဘေးတွင်
ခေတ္တ ရပ်ထားလိုက်ကာ ဖုန်းပြောတာကို အာရုံစိုက်ရန်စီစဉ်လိုက်သည်။
"မင်းအတွက်ကျတော့ရော..။ မင်းရောဝမ်းနည်းမှာလား"
"ဒါပေါ့.. ငါဝမ်းနည်းမှာပေါ့။ ဒါပေမဲ့ ခုချိန်က ငါရဲ့စိတ်ကို သုံးသပ်နေရမဲ့အချိန်လား။ သူ စိတ်မကောင်းဖြစ်မှာလား မဖြစ်ဘူးလားကိုပဲ ငါဂရုစိုက်တယ်။"
လီယွမ်ချင်းသည် ရှင်းမပြနိုင်လောက်အောင်ပင် ခေါင်းတွေထိုးကိုက်လာတော့သည်။ သူထိုအကြောင်းကိုတွေးကာ ပြောလိုက်သည်။
"မင်မင်
ခုခေတ်လူမှုဆက်ဆံရေးက အရမ်းကိုတိုးတက်လာပြီ။အထူးသဖြင့် မင်းတို့နှစ်ယောက် အခန်းချင်းကပ်ရပ်နေနေတုန်းပဲဆိုရင် မင်းမပြောင်းသရွေ့ သူလည်းပြောင်းသွားမှာမဟုတ်ဘူး။မင်းတို့နှစ်ယောက် အိမ်ထောင်ပြုပြီးရင်တောင် မိသားစုတွေရလာရင် တစ်ဖက်နဲ့တစ်ဖက် မြင်နေရမှာ။နောက်တစ်လှမ်းဆုတ်ပြီး မင်းတို့နှစ်ယောက်လုံးပြောင်းသွားလို့ အိမ်အသစ်တွေကအချင်းချင်း ဘေးချင်းကပ်ရပ်မဟုတ်ရင်တောင်
ပြီးရင် တစ်ယောက်အိမ်တစ်ယောက်သွားလည်လို့ရတယ်ကွာ..။မင်းအထက်တန်းအချိန်တွေ တုန်းကလို သူ့ကိုမဆက်ဆံသရွေ့၊တစ်ယောက်နဲ့တစ်ယောက် ရှောင်တာဒါမှမဟုတ်နှစ်ယောက်ဆုံလိုက်တာနဲ့ ရန်ဖြစ်တာမျိူးမလုပ်သရွေ့ ခွဲနေနေမနေနေအများကြိးကွာခြားမှာမဟုတ်ဘူး..."
"ယွင်ဖေး City Bက တက္ကသိုလ်သွားတက်သလိုမျိူးပဲ။ ယွင်ချန်ကျဲ ကဒီမှာ..ဒါပေမဲ့ သူတို့တစ် ယောက်ကိုတစ်ယောက် ဖုန်းနဲ့ဆက်သွယ်နေမှာပဲ။ပြီးရင် ယွင်ဖေး ဆောင်းတွင်းနဲ့နွေရာသီပိတ်ရက်တွေမှာပြန်လာရင် သူတို့နှစ်ယောက်တွေ့
လို့ရနေတုန်းပဲလေ။ အဲ့လိုနေရတာက သူတို့ရဲ့ခံစားချက်တွေကို မသက်ရောက်ဘူး။သူတို့နှစ်ယောက်မှာ မောင်နှမဆက်ဆံရေးကောင်းတစ်ခုမရှိလို့လား..."
"ဒါပေမဲ့..."
ဝမ်မင်ယီက သူ၏နှုတ်ခမ်းကို ဖွင့်ဟလိုက်ကာ တစ်စုံတစ်ခုပြောရန်ကြိုးစားခဲ့သော်လည်းတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
လီယွမ်ချင်းက သူ၏တုန့်ပြန်မှုကိုစောင့်နေခဲ့သော်လည်း သူ့တွင်ဘာပြောစရာမှမရှိသည်ကို တွေ့လိုက်ရသောအခါ အသေးစိတ်ပြောပြလာ၏။
"မိသားစုဝင်တွေပဲဖြစ်ဖြစ် သူငယ်ချင်းတွေပဲဖြစ် ဖြစ် မင်းရဲ့နောက်ဆုံးအချိန်ထိ အတူရှိနေကြမှာဆိုပေမဲ့ သူတို့က မင်းနဲ့ အနီးစပ်ဆုံးသူတော့ဖြစ်မှာမဟုတ်ဘူးလေ။ ရွှယ်ကျန်းက မင်းကိုကောင်းကောင်းဆက်ဆံပြီး မင်အတွက်အများကြီးလုပ်ပေးခဲ့တယ်။မင်းကသူ့ကို အရမ်းအားကိုးနေပေမဲ့ မင်းတို့က တစ်ချိန်လုံးအတူမနေနိုင်ဘူးလေ။မင်းထွက်သွားရမဲ့တစ်ချိန်တော့ ရှိလာမှာပဲ။
ဒါပေမဲ့ ထာဝရအတွက်ထွက်သွားတာတော့မဟုတ်ဘူး။ အဲ့လိုလေးတွေးရင် မင်းပိုအဆင်ပြေလာလိမ့်မယ်..."
"ပြီးတော့ သူနဲ့ပတ်သတ်ရင်...တကယ်လို့ သူကဒီကိစ္စကို အရမ်းမလိုလားဖြစ် နေပြီး အဲ့ဒီအချိန်မှာ သူ့စိတ်ကိုသက်သာအောင် တစ်ခုခုလုပ်ချင်ရင် မင်းလည်းသူ့ကို လုပ်ခွင့်ပေးရမယ်။ မင်း..."
"ဒါပေမဲ့.. ငါသူ့ကို ငါနဲ့သိပ်ပြီးမဝေးကွာသွားစေချင်ဘူး..."
ဝမ်မင်ယီကဖြတ်ကာပြောလိုက်သည်။
"ငါတို့က နောက်ဆုံးမှာ ပြန်ပြေလည်သွားပြီလေ... လက်ရှိမှာဖြစ်မလာသေးတဲ့အရာတွေအတွက်နဲ့တော့ သူနဲ့ငါမဝေးချင်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ခုထိအိမ်ထောင်မကျသေးဘူးလေ။ ငါတို့က တစ်ယောက်အတွက်တစ်ယောက်
အရေးပါဆုံးသူတွေပါ။ဒါဆိုဘာလို့ အနာဂါတ်အတွက်နဲ့ တစ်ယောက်နဲ့တစ်ယောက် တမင်တကာ ဝေးဝေးနေရမှာလဲ"
သူပြောတာကို နားထောင်ပြီး လီယွမ်ချင်းအကူအညီမဲ့စွာ ရယ်မောမိသည်။
"ဟုတ်တာပေါ့.. မင်းဂရုစိုက်မှာမဟုတ်ဘူး။ဒါပေမဲ့ မင်းပဲအဲ့ဒါကိုပြောခဲ့တာမဟုတ်ဘူးလား..။ ရွှယ်ကျန်းဆီမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ပိုင်းဆိုင်ရာအရိပ်ကြီးဖြစ်နေပြီလေ။မင်းကအခု သူ့ကို ကြိုတင်ကာကွယ်နိုင်မဲ့ အစီအစဉ်တွေလုပ်ခွင့်မပေးဘူးဆိုရင်
နောက်ဆုံးခွဲရတဲ့နေ့ရောက်လာလို့ သူလက်မခံနိုင်ရင် မင်းဘာလုပ်မှာလဲ။ သူရောဘာလုပ်ရမှာလဲ။
သူရဲ့စိတ်ခံစားချက်တွေကိုပါ ထည့်မစဉ်းစားသင့်ဘူးလား"
ဝမ်မင်ယီသည် အလွန်ပင် တုန်လှုပ်သွားခဲ့၏။
လီယွမ်ချင်းက အလေးအနက်အကြံပြုလိုက်သည်။
"မင်းဒီလိုလုပ်လို့မရဘူး။ အဲ့ဒါက အရမ်းတစ်ကိုယ်ကောင်းဆန်ရာကျပြီး သူ့အတွက်ကျတော်တော်လေးကိုမတရားဘူး"
ဝမ်မင်ယီက တိတ်ဆိတ်နေဆဲပင်။
သူသည် ဖုန်းကိုကိုင်ထားရင်း ထိုခဏတွင် ဘာပြောရမည်ကို မသေချာတော့ချေ။
လီယွမ်ချင်းကသက်ပြင်းချကာ သူ့ကိုနှစ်သိမ့်လိုက်သည်။
"တကယ်ကျတော့...မင်းတို့ရဲ့ဆက်ဆံရေးက အရမ်းကို ရင်းနှီးကြတယ်။မင်းကိုယ်မင်း အကွာအဝေးနည်းနည်းလောက် ခြားထားရင်တောင် အဲဒီ့ အပေါ်ဘာမှသက်ရောက်မှာ မဟုတ်ဘူး .. မင်းတို့နှစ်ယောက်ကြားမှာ အများကြီးပြောင်းလဲသွားမှာမဟုတ်ဘူးလေ။"
သို့သော်လည်း ဝမ်မင်ယီကား ဆန္ဒမရှိနေဆဲဖြစ်၏။ သူသည် အိပ်အခင်းများကို ကြည့်နေခဲ့ကာ စကားပြောလာခဲ့ပါချေ။
လီယွမ်ချင်းသည် အောင်မြင်အောင်မတိုက်တွန်းနိုင်ခဲ့။
"မင်းအခုချက်ချင်း ပြောင်းလဲစရာမလိုပါဘူးကွာ..အချိန်ယူလို့ရပါတယ်။ဒါမှမဟုတ် မင်း ချစ်သူထားပြီး မင်းရဲ့အချိန်တွေကို တခြားတစ်ယောက်ကို ခွဲပေးလို့ရတယ်။"
"ငါမထားချင်ဘူး။ ကောထက်အရင် မချစ်ကြိုက်ချင်ဘူး။ သူချိန်းတွေ့ ပြီးမှသာ ငါချိန်းတွေ့မယ်"
"ဒါဆို ဘာလို့ ရွှယ်ကျန်းအတွက် နည်းနည်းလောက်မကြီးကြပ်ပေးရတာလဲ...သူက သူရဲ့အားအင်တွေအများကြီးကို မင်းအပေါ်မှာ သုံးနေတာလေ။ မင်းကိုဂရုစိုက်လွန်းလို့ တခြားသူတွေရဲ့ဆွဲဆောင်မှုတွေကို ကြည့်ဖို့အချိန်မရှိတော့တဲ့အထိပဲ"
ဝမ်မင်ယီကား ဆန္ဒမရှိနေဆဲပင်ဖြစ်၏။
လီယွမ်ချင်းကဘသူ့ကိုမေးလိုက်သည်။
"မင်းဘာလို့ တိတ်နေတာလဲ"
"ဘာလို့လဲဆိုတော့ ငါမလုပ်ချင်လို့"ဟု ဝမ်မင်ယီက ပြတ်ပြတ်သားသားပြောလာသည်။
"ငါသူ့ကို အခုချိန်မှာ ချစ်မိမသွားစေချင်သေးဘူး။ ငါက သူနဲ့သိပ်မကြာခင်ကမှ ပြန်သင့်မြတ်ရုံပဲရှိသေးတာလေ။ဒီအချိန်မှာ တခြားသူတွေကို ငါတို့ကြားမှာ ဝင်မစွက်ဖက်စေချင်ဘူး။"
"မင်းက ဒီလိုလည်းမဖြစ်ချင်..ဟိုဟာကိုလည်းသဘောမတူ။ ဒါဆို မင်းကဘာဖြစ်ချင်တာလဲ။"
လီယွမ်ချင်းက သူ့ကိုမေးလိုက်သည်။"မင်းက ရွှယ်ကျန်းနဲ့ ထာဝရမခွဲဘဲအတူနေချင်တာလား"
ဝမ်မင်ယီက နောက်တစ်ကြိမ်ထပ်ပြီး အပြောရပ်သွားပြန်၏။
လီယွမ်ချင်းသည် သူက ပုံမှန်ထက်ကို ဆတ်ဆတ်အထိမခံဖြစ်နေသည် ဟုခံစားရ၏။
"ပြော..ဘာလို့ရုတ်တရတ်ကြီး ငြိမ်သွားရပြန်တာလဲ"
"ငါအိပ်ချင်နေပြီ "
ဝမ်မင်ယီက စကားလမ်းကြောင်း လွှဲလိုက်၏။
"အိပ်မယ်?...အခုကို?မင်းဘာလို့ဒီနေ့ည အရမ်းလက်ပေါက်ကပ်နေရတာလဲ!မင်းဘာလုပ်ချင်တာလဲ..ရှင်းအောင်ပြော!"
လီယွမ်ချင်းသည် သူကား ယင်းကဲ့သို့အခြေအနေတစ်ခုတွင်နေထိုင်နေရသည်ဟု အလွန်အမင်းခံစားလိုက်ရ၏။ဧကရာဇ်ကအလျင်မလိုသော်လည်း အောက်ခြေကကုန်းကုန်း
အလျင်လိုနေသလိုမျိူးပင်။ ဒီခံစားချက်ပိုင်းဆိုင်ရာနှေးကွေးတဲ့ ဝမ်မင်ယီက အိပ်ဖို့စဉ်းစားနေတုန်းပဲလား။ သူကအသေခံဖို့အတွက် စိတ်စောနေတာပဲ..အိုခေ!
"ငါလည်း ငါဖြစ်ချင်တာကိုသိချင်တာပဲလို့!"
ဝမ်မင်ယီကစိတ်ဓာတ်ကျစွာ ဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါမသိလို့လေ...ငါဘာပြောရမှန်းမသိ၊ဘယ်လိုပြောရမှန်းမသိရတဲ့ အကြောင်းအရင်းက အဲ့ဒါပဲ။ငါ့ကောဆီကနေ ငါခွဲမသွားချင်ဘူး... ချိန်းလည်းမတွေ့ချင်ဘူး။ငါတို့ကြားကို ဘယ်သူဝင်စွက်ဖက်တာမှမခံချင်ဘူး...
ဒါပေမဲ့ အဲ့တာကမဖြစ်နိုင်ဘူး! သွေးရင်းညီအစ်ကိုတွေတောင် တစ်နေ့မှာခွဲကြရတာပဲ..ငါတို့ဆိုရင်တော့ မပြောနဲ့!"
"ဒါပေါ့..ငါသိတာပေါ့ ။ငါအခုချက်ချင်း ကောနဲ့အကွာအဝေးတစ်ခုခြားလိုက်ရင် အနာဂါတ်မှာ ခွဲရရင် နာကျင်ရမှာမဟုတ်မှန်း...ဒါပေမဲ့ ငါမှမလုပ်နိုင်တာ!သူက ငါအားအကိုးဆုံးသူ..ငါအယုံကြည်ရဆုံးသူ။ သူနဲ့အတူနေရတာအကျင့်ပါနေပြီ။ငါသူ့ဆီကနေခွဲမသွားချင်ဘူး ။"
"အစတုန်းက..မွေးစားအမေ စုန့်ရှုဟန်နဲ့တွဲစေချင်တဲ့သူက ပထမကငါမဟုတ်ဘူး ...ငါ့ကောနဲ့ စုန့်ရှုဟန် ။မွေးစားအမေနဲ့အမေက သူ့အတွက်အခန်းရှင်းပေးနေတာကိုကြည့်ရင်း အနာဂါတ်မှာ ငါပြောင်းသွားပြီးတော့ ငါ့ကောရဲ့အခန်းထဲမှာ တခြားတစ်ယောက် နေနေမှာလို့ စဉ်းစားမိတယ်။
ငါစိတ်တိုပြီး စိတ်ဓာတ်တွေကျလာတယ်..ဒါပေမဲ့
ဒီလိုကိစ္စမျိူးကို ငါကဘာများလုပ်နိုင်မှာလဲ...လက်ခံရုံပဲရှိတာလေ!"
"ယွင်ချန်ကျဲနဲ့ ယွင်ဖေးတို့ကြားက ဆက်ဆံရေးဘယ်လောက်ပဲကောင်းကောင်း... ယွင်ဖေးကြီးလာတဲ့တစ်လျှောက်လုံး သူနားမှာမိဘတွေရှိတယ်..မိသားစုထဲကတခြားဆွေမျိူးတွေရှိတယ်..မင်းနဲ့တခြားသူငယ်ချင်း တွေရှိတယ်။ဒါပေမဲ့..ငါ့အတွက်တော့မဟုတ်ခဲ့ဘူး။ ဟိုးအရင်ကတည်းက...ငါ့မိဘတွေ..မိသားစု ..သူငယ်ချင်းတွေနဲ့ဆွေမျိူးတွေ.. အကုန်လုံးက စစ်ကျွင်းတောက်ရဲ့ဟာတွေပဲ။ငါမှာတခြားသူတစ်ယောက်မှမရှိဘူး။ ငါ့မှာသူတစ်ယောက်ထဲပဲရှိခဲ့တာ!"
ဝမ်မင်ယီသည် အလွန်အမင်းပင် စိတ်ဒုက္ခရောက်နေဟန်ရှိသည်။
"ငါတစ်ကိုယ်ကောင်းမဆန်ချင်သလို သူ့ကိုလည်း မတရားမဖြစ်စေချင်ပါဘူး။ဒါပေမဲ့ ငါတို့ခွဲရရင် ငါဘာများလုပ်ရမှာလဲ။ သူငါ့ကိုဘယ်တုန်းကမှထားမသွားခဲ့ဘူး။ ငါ့ရဲ့ပုန်ကန်ဆဲကာလတုန်းက ငါသူ့ကိုလျစ်လျူရှုထားခဲ့အချိန်မှာတောင် သူငါ့ကို တိတ်တိတ်လေးအာရုံစိုက်နေမှန်းငါသိတယ်။ဒါပေမဲ့ နောက်ကျတော့ ငါထွက်သွားပြီး တခြားတစ်ယောက်ဝင်လာချိန်မှာ သူတခြားသူကိုစပြီးဂရုစိုက်လာတယ်..အဲ့တော့ ငါဘာလုပ်ရမလဲ"
"မင်းနဲ့ယွင်ဖေးက ငါ့ဘေးနားမှာအချိန်ပြည့်ရှိဖို့ မဖြစ်နိုင်ဘူးလေ..ပြီးတော့ ငါ့မိဘတွေကလည်း ငါ့ဘေးမှာမရှိခဲ့ဘူး။ သူသာငါ့အနားမှာမရှိတော့ဘူးဆိုရင် ငါတစ်ယောက်ထဲပဲကျန်ခဲ့မှာ!"
ဝမ်မင်ယီက ချက်ချင်းပင် မပျော်မရွင်ဖြစ်လာတော့သည်။
"ဆိုတော့..ငါသူ့ကို ချစ်မိမသွားစေချင်ဘူး။ဒါပေမဲ့ ဒါကသူအတွက်မတရားဘူးလေ..အဲတော့ ငါလည်းချစ်ဖို့အတွက် အစီအစဉ်ဆွဲမထားဘူး။ အဲ့ဒါကဖြစ်နိုင်တယ်မလား။သူကအနာဂါတ်မှာ တခြားတစ်ယောက်နဲ့ အချိန်အကြာကြီး အတူတူကုန်ဆုံးမှာ ။ သက်တမ်းတစ်ဝက်က ရှည်ကြာလွန်းတယ်။ အဲ့အချိန်ကျရင် သူက
သူအလိုလို ငါနဲ့ပို,ပိုပြီးဝေးသွားမှာ..အဲ့တော့...အခုဘာလို့ငါနားကနေဝေးဝေးမှာနေရမှာလဲ။ ငါမြတ်နိုးတန်ဖိုးထားချင်တာက ငါတို့မိသား စုတွေမထူထောင်ခင် ဒီကာလလေးတင်ပါပဲ"
လီယွမ်ချင်း ကငြိမ်သက်စွာနားထောင်နေရင်း သူ၏စကားသံများနှင့်ရောထွေးနေသည့် ငိုသံများကို မသဲမကွဲ ကြားလိုက်ရသည်။
"မင်းငိုနေတာလား"
"မဟုတ်ပါဘူး"ဟုဝမ်မင်ယီက ခပ်စွာစွာပြန်ပြောသည်။
"ငါမသက်မသာခံစားနေရရုံပဲ"
လီယွမ်ချင်းက ထိုခဏတွင် ဘာပြောရမှန်းမသိတော့ဘဲ သက်ပြင်းချလိုက်သည်။
ဝမ်မင်ယီလည်း မသိတော့ပါချေ။
သူသည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ဖူးပေ....စစ်ကျွင်းတောက်ကိုပင်မပြောဖူးခဲ့။သူသည် အမြဲလိုလိုပင် အကြောက်တရားကင်းမဲ့လွန်းနေပုံပေါ်ကာ ဘာကိုမျှမကြောက်ပဲ သူ၏မျက်လုံးများထဲတွင် ဘာကိုမျှထည့်မထားခဲ့ပေ။
သူနှင့်စစ်ကျွင်းတောက်တို့ကြားထဲတွင် သူကအသာစီးရထားပြီး သူ့အပေါ်တွင် ကန့်သတ်ချက်များလည်းမရှိခဲ့ပါချေ။ သူပုန်ကုန်လိုဆဲကာလအတွင်းတွင် သူသည်စစ်ကျွင်းတောက်ကို ဘေးပို့ထားခဲ့သည်။ သူ၏ပုန်ကန်လိုဆဲကာလပြီးဆုံးသွားသည်နောက် စစ်ကျွင်းတောက်ဆီသို့ ပြန်လာခဲ့သည်။စစ်ကျွင်းတောက်က အရေးမကြီးကြောင်း၊ စစ် ကျွင်းတောက်ကသူ၏တစ်ခုတည်းသောရွေးချယ်စရာ မဟုတ်ကြောင်း သက်သေပြနေသကဲ့သို့ပင်။
သို့သော်လည်း ဝမ်မင်ယီတစ်ဦးတည်းသာ သိသည်ကား သူပိုင်သည့် အရာအားလုံးနှင့်ပတ်သတ်၍ အလွန်ပင်ယုံကြည်မှုရှိနေရခြင်း၏ အကြောင်းပြချက်မှာ စစ်ကျွင်းတောက်က သူ့ကိုအာရုံစိုက်နေသည်ကို သူသိနေခဲ့သောကြောင့်ပင်။
သူထွက်သွားပြီး ပြောင်းရွှေ့သွားလျှင်ပင် စစ်ကျွင်းတောက်က သူ့ကိုဂရုစိုက်နေဦးမည်ဖြစ်သည်။
စစ်ကျွင်းတောက်သည် သူ့အားထားမသွားမည်ဆိုသည်ကို သူသိနေခဲ့ပါ၏။ ထို့ကြောင့် သူသည်တဇွတ်ထိုး လုပ်ရဲခဲ့သည်ပင်။
သို့သော်လည်း သူသည် စစ်ကျွင်းတောက်၏တစ်ဦးတည်းသောသူ ဆက်မဖြစ်နိုင်တော့မှန်း၊ စစ်ကျွင်းတောက်၏အကြည့်များက တခြားသူဆီသို့ပြောင်းရွှေ့သွားမှန်း သတိထားမိချိန်တွင် သူ၏ကိုယ့်ကိုကိုယ်ယုံကြည့်မှုများအားလုံး ပျောက်ကွယ်သွားကာ ထိတ်လန့်မှုနှင့်မသေချာမရေရာဖြစ်မှုများ အစားထိုး ဝင်ရောက်လာတော့သည်။
ဝမ်မင်ယီသည် ဤအိမ်ရှေ့တွင် သူမတ်တပ်ရပ်နေခဲ့သည့် အချိန်ကိုပြန်လည်စဉ်းစားမိသည်။ တက္ကသိုလ်တက်နေစဉ်အတွင်း၊ သူထွက်သွားပြီး သုံနှစ်အကြာတွင် လူခေါ်ခေါင်းလောင်းကို နောက်တစ်ကြိမ်ထပ်ပြီးတီးခဲ့လေသသည်။
ထိုအချိန်တုန်းက Xတက္ကသိုလ်သည် ကျောင်းဖွင့်ခါစ ဖြစ်ကာ စက်တင်ဘာလရှိရာသီဥတုသည်ကား ပူနေဆဲပင်။ သူနှင့် ကျန်းဟမ့် သည်အတန်းပြီးသွားသဖြင့် အိပ်ဆောင်ကိုပြန်ရန် စားစရာသွားဝယ်ခဲ့သည်။ အိပ်ဆောင်၏အခြေနားသို့ ရောက်သောအခါတွင် မိန်းကလေးများစွာက စစ်ကျွင်းတောက် ၏နာမည်ကို တီးတိုးပြောနေကြသည်ကို သူကြားလိုက်ရသည်။ သူရောက်သည့်အခါတွင် စစ်ကျွင်းတောက်၏ ကားကိုအိပ်ဆောင်၏ အနီးနားတွင်တွေ့သွားသည်။
ဝမ်မင်ယီက ထိုကားကို စစ်ကျွင်းတောက်သည်ဒီရာကို သူ့ကိုတွေ့ဖို့လာတာဖြစ်မယ်ဟုတွေးကာ ကြည့်နေမိသည်။ အမှန်တွင် ဤကျောင်းသည် စစ်ကျွင်းတောက်အရင်က တက်ခဲ့သည့်ကျောင်းဖြစ်ကာ သူကိုယ်တိုင်သည်လည်း ဤနေရာတွင် ကျောင်းတက်နေခဲ့သည်ပင်။
ဘေးနားရှိအိပ်ဆောင်ထဲမှ လူတစ်ယောက်ပြေးထွက်လာသည်ကိုမြင်သည့်အချိန်က သူသည် စစ်ကျွင်းတောက် ကိုလျစ်လျူရှုရန်နည်းလမ်းတစ်ရာလောက်တွေးနေခဲ့သည်။ ထိုသူက စစ်ကျွင်းတောက်၏ကားရှေ့သို့ပြေးလာပြီးကားပြတင်းမှန်ကိုခေါက်လိုက်သည်။ စစ်ကျွင်းတောက်သည်ရှေ့ခန်းရှိဘေးတံခါးကိုဖွင့်ကာ တစ်ဖက်လူကိုဝင်ထိုင်ခွင့်ပေးလိုက်သည်။
ဝမ်မင်ယီ၏ ခြေလှမ်းများကချက်ချင်းပင် ရပ်တန့်သွားတော့သည်။
သူသည် စစ်ကျွင်းတောက်၏ကား ကျောင်းဝင်းထဲမှထွက်ရန် လှည့်လိုက်သည်ကို ကြည့်နေခဲ့သည်။ သို့သော်ငြား သူ၏စိတ်သည်ကား ယခုလေးတွင်ပင် ကားထဲသို့ဝင်ထိုင်လိုက်သူ၊ ဘေးအိပ်ဆောင်မှထွက်လာသူ၏အပေါ်တွင်အာရုံ စိုက်နေသည်။ ထိူသူကား ကျောင်းသားတစ်ယောက်ဖြစ်သသည်ပင်။
သူသည် စစ်ကျွင်းတောက် ကျောင်းထဲမှထွက်မည့် လမ်း၏ဘေး တွင် မတ်တပ်ရပ်နေခဲ့သည်။ စစ်ကျွင်းတောက်က သူ့ကိုမြင်ပုံရသည်သို့မဟုတ် မမြင်တာလည်းဖြစ်နိုင်သည်။ သူက ကားမရပ်ဘဲ တုံဆိုင်းခြင်းမရှိတိုက်ရိုက်ဖြတ်မောင်းသွားကာ ကျောင်းဂိတ်မှ ထွက်သွားတော့သည်။
ထိုအချိန်တွင် ဝမ်မင်ယီသည်ရေခဲခန်းထဲ ကျသွားသကဲ့သို့ခံစားလိုက်ရသည်။
သူတစ်ညလုံး အစားမစားခဲ့ပေ။ထိုအစား သူသည်စစ်ကျွင်းတောက်၏ ကားထဲသို့ဝင်သွားသည့်သူအကြောင်းကိုစုံစမ်းနေခဲ့သည်။ ထိုသူသည် ကျန်းဇီမော့ဖြစ်ပြီး သူ့ထက်နှစ်အနည်းငယ်ကြီးကာ သတင်းအနုပညာဌာနကပင် ဖြစ်၏။ စစ်ကုမ္ပဏီကို အလုပ်သင်သင်တန်းဆင်းဖို့အတွက် သွားမည်ဟု ဆိုသည်။
စစ်ကုမ္ပဏီရဲ့ အလုပ်သင်ခေါ်ယူမှုက ပြီးသွားတာကြာလှပြီ!ဒီအချိန်ကျမှ စစ်,မိသားစုထဲကို ရောက်သွားတာ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တစ်ချက်ကြည့်ရုံနဲ့ ရှင်းနေတာပဲကို!
ဝမ်မင်ယီက ဒေါသထွက်ပြီး စိတ်ပျက်သွားသည်။ ယခုအချိန်တွင် သူမစိုးရွံပဲမနေနိုင်တော့ချေ။
သူသည် သူ့အပေါ်ထားသည့်စစ်ကျွင်းတောက်၏ စိတ်ရှည်သည်းခံမှုက အကန့်အသန့်ရောက်သွားပြီး သူ့ကိုစွန့်ပစ်လိုက် မှာကြောက်မိသည်။သူကသူ၏အိမ်နီချင်းတိတိလေးပေါ်တွင်ပင် ကြင်နာတတ်လျှင် ပုံမှန်အတိုင်းပင် သူတတ်ခဲ့သည့်ကျောင်းမှ ရွှယ်တိကိုလည်း ကြင်နာနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဤရွှယ်တိလေးက သူ့ထက်ပိုပြီးနာခံတတ်နေသောအခါတွင်ဖြစ်၏။
(T/N–ရွှယ်တိ=ဂျူနီယာညီလေး)
ထို့ကြောင့် သူသည် ကျန်းဇီမော့အပေါ်တွင် ဆက်လက်စုံစမ်းပြီး အာရုံစိုက်နေခဲ့သည်။ကျန်းဇီမော့ ၏လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်ရင်း သူနှင့်စစ်ကျွင်းတောက် အကြားရှိတွေ့ဆုံမှုတိုင်းကို အသေအချာပင် စောင့်ကြည့်နေခဲ့သည်။ကျန်းဇီမော့သည် ဝမ်ပေါ်၏ရှေ့တွင် မျက်နှာတစ်မျိူး စစ်ကျွင်းတောက်၏ရှေ့တွက်မျက်နှာတစ်မျိူးဖြစ်နေသည်ကို သူတွေ့ခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ စစ်ကျွင်းတောက်၏ရှေ့တွင် လေးစားသဘောကျနေသည့်ဟန်ဖြင့် ဂရုတစိုက်တွေးပေး
တတ်သည့်စကားများပြောလေ့ရှိပုံရသည်။
သူက လီယွမ်ချင်းကိုမေးလိုက်သည်။—တကယ်လို့ လူတစ်ယောက်ကငါ့ကို ဒီလိုစကားတွေပြောမယ်၊ ဒီလိုအရာတွေလုပ်ပေးမယ်ဆိုရင်
အဲ့ဒီလူက ငါ့အပေါ်ဘယ်လိုခံစားနေရလို့လဲ
လီယွမ်ချင်းက စဉ်းတောင်မစဉ်းစားပဲ ချက်ချင်းပင်ပြန်ဖြေ၏။–သေချာပေါက် မင်းကို ကြိုက်နေလို့ပေါ့။ ဒါကိုတောင် မင်းမမြင်ဘူးဆိုရင်တော့
မင်းက တကယ်ကိုနှေးကွေးတာပဲ။
ဝမ်မင်ယီက စကားပြန်မပြောလာတော့ပေ။
သူက ပြန့်ကျင်းယွမ်အား တူညီသည့်မေးခွန်းကိုပင် ထပ်မေးလိုက်ကာ တစ်ဖက်လူက ယောကျာ်းလေးတစ်ယောက်ဖြစ်ကြောင်းကိုပါအလေးပေးပြီး ထည့်ပြောလိုက်၏။
"မင်းအရင်က လိင်တူဆက်ဆံရေးကိုမမြင်ဖူးတာလဲမဟုတ်ဘဲနဲ့။သူတို့က ဒီလိုတွေလုပ်နေတယ်ဆိုရင် သူတို့မင်းကိုကြိုက်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။ တစ်ဖက်လူက ယောကျာ်းလေးတစ်ယောက်ဖြစ်နေပါစေ..အတူတူပဲ ။ဒါပေမဲ့ မင်းကတစ်ဖက်လူကို အလွန်အမင်းကြိုက်မနေဘဲနဲ့တော့ သူနဲ့အတူတူရှိသွားဖို့ကို ငါအားမပေးဘူး။မင်းတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းသဘောကျနေကြတယ်ဆိုရင်တော့ အချင်းချင်းအထင်အမြင်ကောင်းတွေပဲရှိလာပြီး အချစ်ခရီးလမ်းကအခက်အခဲမရှိချောမွေ့နေမှာပါ"
ဝမ်မင်ယီက သူကိုကျေးဇူးတင်စကားဆိုလိုက်ပြီး သူ၏အဆောင်ခန်းထဲတွင် တိတ်ဆိတ်စွာပင် ထိုင်နေခဲ့သည်။
အချိန်များစွာကုန်ဆုံးပြီးသွားနောက်တွင် မတ်တပ်ရပ်ကာ သူရှေ့ရှိ စားပွဲကိုဒေါသတကြီးကန်ကျောက်ပစ်သည်။တစ်နေ့မှာ စစ်ကျွင်းတောက်ကို သဘောကျသည့်ယောကျာ်းတစ်ယောက်ရှိလာမည်ဟု ဘယ်တုန်းကမျှမထင်ခဲ့ဘူးချေ။ပိုပြီးတောင် မယုံနိုင်စရာကောင်းတာက စစ်ကျွင်းတောက်က အဲဒီသူကိုသူ့ဘေးမှာရှိနေခွင့်ပေးတာကိုပဲ!
ကျန်းဇီမော့မှာ ဘယ်လိုအရည်အချင်းတွေများရှိနေလို့လဲ!ဒီလရောင်ဖြူရဲ့သောက်လေလည်မှုက ဘာအရည်အသွေးတွေများရှိလို့ သူ့ကိုတခြားလမ်းကြောင်းကိုဆွဲခေါ်သွားနိုင်ရတာလဲ !သူနဲ့ မတန်ဘူး!
ဝမ်မင်ယီသည် ရင်းနှိးကျွမ်းဝင်ပြီးသားဖြစ်သည် ဗီလာ,တဝန်းသို့ထိုညတွင် ပြန်သွားခဲ့သည်။ သူသည် စစ်ကျွင်းတောက်အိမ်၏ ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်ကာ လူခေါ်ဘဲလ်ကိုတီးလိုက်သည်။ လင်းထိန်နေသည့် ဗီလာကိုကြည့်နေရင်း သူသိသည့်တစ်စုံတစ်ယောက်ကသူ့အတွက် တံခါးလာဖွင့်ပေးမည်ကိုစောင့်နေခဲ့သည်။
သူစောင့်နေစဉ်ပင် စစ်ကျွင်းတောက်ထွက်လာခဲ့ပြီးသူ့ကိုမြင်သောအခါတွင် ကြောင်,အနေခဲ့သည်။ စစ်ကျွင်းတောက်သည် လှေကားထစ်များပေါ်မှ အမြန်ဆင်းလာခဲ့ပြီး ခြံဝန်းကိုဖြတ်ကာ
သူ့ကိုတံခါးဖွင့်ပေးလာသည်။
ဝမ်မင်ယီသည် သူရှေ့ရှိအမျိူးသားကို ကြည့်လိုက်သည်။သုံးနှစ်ကြာပြီးနောက် သူနောက်တစ်ကြိမ်ပြန်ရောက်လာခဲ့လေပြီ။
သူသည် ဘာပြောရမှန်းမသိဖြစ်နေခဲ့ပြီး ထိုနေရာတွင် ငြိမ်ငြိမ်လေးသာ ရပ်နေနိုင်ခဲ့သည်။
စစ်ကျွင်းတောက်သည်လည်း ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။ သူတို့သည် ရန်တွေအများကြီး
ဖြစ်ခဲ့ဖူးသည်။အကြိမ်တိုင်းပင် စစ်ကျွင်းတောက်၏စိုးရိမ်ပူပန်မှုများဖြင့် စတင်ခဲ့ပြီး
ဝမ်မင်ယီ၏ဆိုးရွားသော စကားများဖြင့်အဆုံးသတ်ခဲ့ရသည်။ရလဒ်တစ်ခုနေဖြင့် စစ်ကျွင်းတောက်သည် တစ်ခါတရံ တွင် ဘာပြောရမလဲ၊ ဘယ်လိုပြောရမလဲ၊ဘယ်လိုအသံနေအသံထနဲ့အဖွင့်အမှာအစကားတွေသုံးပြီးဝမ်မင်ယီသူ့အပေါ်ဆန့်ကျင်မှုနည်းအောင်လုပ်ရမလဲစသည်တို့ကိုပင် မသိပါဘဲ သူ့ကိုရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ဤအချိန်တွင် စစ်ကျွင်းတောက်သည် သူ့အား မင်းဝင်လာချင်လားဟုပဲ မေးနိုင်ခဲ့သည်။
ဤသည်မှာ ဝမ်မင်ယီသည် သူတို့နှစ်ယောက်ကြားတွင် အမှန်တကယ်ကွာခြားမှုတစ်ခုရှိကြောင်း ပထမဆုံးအကြိမ် သိရှိလာခြင်းဖြစ်သည်။သူမွေးလာချိန်မှ ယခုအချိန်အထိ သူသည် စစ်ကျွင်းတောက်၏ အိမ်ကို အဝင်အထွက်လုပ်ခဲ့သည့်အကြိမ်ရေမှာ မရေမတွက်နိုင်အောင်ပင်ရှိခဲ့ပြီး အကြိမ်တိုင်းပင် ယုံကြည်မှုရှိရှိ စည်းလွတ်ကမ်းလွတ်နေခဲ့သည်မှာ သူ့အိမ်သူ့ရာကဲ့သို့ပင်။
သို့သော်လည်း ယခုတွင်မူ စစ်ကျွင်းတောက်ကသူ့အားမေးလာခဲ့သည်...မင်းဝင်လာချင်လားဟူ၍။
'ဝင်ခဲ့လေ'ဟုလည်းမဟုတ်သလို 'ပြန်လာခဲ့' ဟူ၍လည်းမဟုတ်ခဲ့ပါပဲ 'မင်းဝင်လာချင်လား'ဟူ၍ပင်။
သူက ဖြတ်သွားဖြတ်လာတစ်ဦးဖြစ်နေသကဲ့သို့ပင်၊ မတော်တဆ လူခေါ်ဘဲလ်ကိုတီးမိလိုက်သည်။
ပိုင်ရှင်ဖြစ်သူ က တံခါးကိုဖွင့်ကာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကိုမသိသဖြင့် ယဉ်ယဉ်ကျေး
ကျေးမေးလာခဲ့သည်..မင်းအထဲဝင်လာပြီးစကားပြောချင်လား...။
သို့သော်ငြား သူကား ဖြတ်သွားဖြတ်လာဟုတ်မနေခဲ့။ သူကားသိသိသာသာပင် အိမ်ပြန်လာသည့်ဧည့်သည်တစ်ယောက်ဖြစ်၏။
စာရေးသူမှာ ပြောစရာရှိပါတယ်။–
Gong နဲ့Shouတို့သည် သွေးသားတော်စပ်မှုမရှိပါ။အိမ်နီးချင်းကောကော၊အိမ်နီးချင်းတိတိသာဖြစ်ပြီး ကောကောတိတိလို့ခေါ်ခြင်းသည် ယဉ်ကျေးမှုအရသာဖြစ်၏။