ဝမ်မင်ယီသည် မမျှမတဆက်ဆံခံရသလိုခံစားမိကာ ဒေါသအပြည့်ဖြင့် တံခါးမှဝင်သွားလိုက်သည်။ သူကား စစ်ကျွင်းတောက်၏ "မင်းဝင်လာချင်လား"ကို မကျေမနပ်ဖြစ်နေသဖြင့် သူ၏စကားများတွင် မတရားခံလိုက်ရသကဲ့သို့
ခါးသီးမှုများရောထွေးနေခဲ့သည်။
စစ်ကျွင်းတောက်က သူ၏ကျန်းဇီမော့နှင့်ပတ်သတ်သည့် မေးခွန်းကို နားထောင်ပြီးနောက် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလာခဲ့၏။
သို့သော်ငြား ဝမ်မင်ယီသည် မည်သည့် ရှင်းပြချက်များကိုမျှ နားမထောင်လိုခဲ့။သူသည် ကျန်ဇီမော့အား စစ်ကျွင်းတောက်၏အနားမှ ထွက်သွားရန်ကိုသာ အလိုရှိလေသည်။
"ဆင်ခြေတွေလာမပေးပါနဲ့ ။ကျွန်တော်ပြောပြမယ်... ကျန်းဇီမော့က ခင်ဗျားကိုကြိုက်နေတာ။သူခင်ဗျားအပေါ် အရမ်းကောင်းပေးနေတာက ခင်ဗျားကိုကြိုက်နေလို့ပဲ။သူကခင်ဗျားကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံတယ်လို့ ခင်ဗျားထင်နေတာလား။ ခင်ဗျား အမှားကြီးမှားနေပြီဗျ!
စစ်ကျွင်းတောက်...ခင်ဗျားအခုကနေစပြီး သူနဲ့ဝေးဝေးမနေဘူးဆိုရင် သူခင်ဗျားကိုကွေးအောင်လုပ်မှာကိုပဲစောင့်နေလိုက်တော့!"
စစ်ကျွင်းတောက်ကား ငြိမ်ကျသွားခဲ့၏။ သူသည် ဝမ်မင်ယီကိုကြည့်လိုက်ရင် ခဏမျှ နှုတ်ဆိတ်နေပြီးမှ နှုးညံ့စွာအတည်ပြုပေးလာခဲ့သည်။
"ငါသူ့ကို အဲ့ဒါအတွက်မလိုအပ်ပါဘူး..."
မုန်တိုင်းမလာခင်ငြိမ်သက်နေသည့် ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းတည်ငြိမ်နေသောသူ၏မျက်လုံးများကို ပင့်ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။
"ငါကိုယ်တိုင်ကိုယ်က အမြဲတမ်းယောကျာ်းလေးတွေကိုပဲ သဘောကျခဲ့တာ။ ငါ့ကိုယ်ငါကွေးအောင်လုပ်ဖို့ သူ့ကိုမလိုပါဘူး"
ဝမ်မင်ယီသည် တုန်လှုပ်ခြောက်ခြားသွားခဲ့၏။ သူသည် သူ့ရှေ့ရှိလူအား မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ အံအားတကြီး ရေရွတ်လိုက်မိသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
စစ်ကျွင်းတောက်သည် မည်သို့မျှပြန်ပြော မလာခဲ့။
အခန်းသည် လုံးဝပင်တိတ်ဆိတ်သွားတော့သည်။
အချိန်အတော်ကြာမှ စစ်ကျွင်းတောက်ထံမှ စကားသံထွက်လာကာ ဝမ်မင်ယီကိုမေးသည်။
"မင်းစားချင်လား...ငါအခုဟင်းချက်နေတာ။"
ဝမ်မင်ယီက သူ၏ခေါင်းကိုယမ်းပြသည်။
သူသည် စစ်ကျွင်းတောက်၏ မျက်လုံးများကိုစိုက်ကြည့်လိုက်ကာ အနည်းငယ်မျှပင် အကြည့်မရွေ့သွားခဲ့။သူသည် သူရှေ့ရှိလူကိုကြည့်လိုက်ရာတွင် သူနှင့်အလွန်ပင်ရင်းနှီးနေမည့်သူအစား
သူစိမ်းတစ်ယောက်ကိုတွေ့လိုက်ရ၏။
စစ်ကျွင်းတောက်က ယောကျာ်းတွေကိုကြိုက်တာ...။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။ သူမရှိတဲ့နေ့တွေအတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ..။ ဘာလို့ စစ်ကျွင်းတောက်က သူဒီအိမ်ကိုနောက်တစ်ကြိမ်ပြန်ရောက်လာတဲ့အချိန်မှာ သူယောကျာ်းတွေကို ကြိုက်ခဲ့တာလို့ပြောခဲ့တာလဲ..။
ပထမဆုံးအကြိမ်အနေဖြင့် သူသည် ကျော်လွန်သွားသည့်သုံးနှစ်တာသည် ကိန်းဂဏန်းတစ်ခုတင်မဟုတ်ခဲ့ကြောင်း ခံစားမိလာ၏။ဤကိန်းဂဏန်းများအတွင်းမှာပင် သူတို့နှစ်ယောက်ကြားတွင် အမှန်တကယ်အပြောင်းအလဲများရှိပြီးခဲ့လေသည်။ သူသည် စစ်ကျွင်းတောက်အား နားအလည်ဆုံးလူဆက်မဖြစ်နိုင်တော့ပေ။ ယနေ့မှပင် သူ, သူ၏လိင်စိတ်တိမ်းညွတ်မှုကိုသိလိုက်ရ၏။
ဝမ်မင်ယီ ထွက်သွားခဲ့သည်။အလာတုန်းက သူသည် စိတ်ရှုပ်ထွေးကာ မသက်မသာဖြစ်နေခဲ့သော်လည်း ကိုယ်ကိုကိုယ် အထင်ကြီးမှုများပြည့်နေခဲ့သည်။ အပြန်တွင်မူ သူသည် မောဟိုက်ကာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိဖြစ်သွားခဲ့၏။ သူသည် အပြန်လမ်းတစ်လျှောက် တိတ်ဆိတ်စွာပင် လမ်းလျှောက်လာရင်း သူ၏နှလုံးသားအား
ကြိုးထုံးတစ်ခုဖြင့် တင်းကြပ်စွာချည်နှောင်ထားသကဲ့သို့ ခံစားနေရသည်။
ဖုန်းကိုထုတ်လိုက်ပြီး သူ၏သူငယ်ချင်းအသိုင်းအဝိုင်းတွင် ပို့စ်တင်လိုက်သည်—စက်တင်ဘာ၆ရက် တိမ်ထူပြီးမိုးရွာနေတယ်
သူငယ်ချင်းများထဲမှ လုယွင်ဖေးက ခပ်မြန်မြန်ပင် ထိုမက်ဆေ့ခ်ျကို စာပြန်လာသည်—ထပ်ပြီးတော့မင်းပဲလား။ မိုးလေဝသခန့်မှန်းချက်ကို မျက်စိစုံမှိတ်တင်ပြီး သူငယ်ချင်းတွေကို
နေ့တိုင်းလှည့်စားနေတာက မင်းရဲ့အသိစိတ်မထိခိုက်ဘူးလားဟ!
ဝမ်မင်ယီက သူကို စာမပြန်ခဲ့ချေ။ သူတင်ခဲ့သမျှသည် မိုးလေဝသခန့်မှန်းချက်များမဟုတ်ပါဘဲ သူ၏စိတ်အခြေအနေများသာဖြစ်ပါ၏။ သူရောက်သွားစဉ်က တိမ်တွေ ထူထပ်နေခဲ့ကာ သူထွက်လာခဲ့ချိန်တွင် မိုးများသည်းထန်စွာရွာသွန်းနေခဲ့သည်။ မိုးရေအောက်တွင်လမ်းလျှောက်နေရင်း သူတစ်ကိုယ်လုံးသည်ကား ဖရိုဖရဲဖြစ်နေခဲ့၏။
(နောက်ကြောင်းပြန်ခြင်းပြီးဆုံး)
ဝမ်မင်ယီ၏ မျက်တောင်ငယ်များသည် အသာလှုပ်ခတ်သွားခဲ့ပြီး ထိုမှတ်ဉာဏ်များကို ဖိနှိပ်ထားလိုက်သည်။သူသည် သက်ပြင်းချကာ လီယွမ်ချင်း ကိုပြောလိုက်၏။
"ငါဖုန်းလိုက်ချတော့မယ်...အိပ်တော့မယ် "
လီယွမ်ချင်းက သူ၏ဝမ်းနည်းစိတ်ပျက်နေသည့်လေသံကိုနားထောင်ပြီး ရုတ်တရတ် ထတားမိလိုက်သည်။"ခဏ..နေပါဦး"
လီယွမ်ချင်းသည် သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီး၊ထို့နောက် ရပ်တန့်သွားသည်။
ဝမ်မင်ယီက မျက်မှောင်ကြုံ့လိုက်သည်။ "မင်းအခုပဲ ငါကိုတုံ့တိတုံ့ဆိုင်းနဲ့လို့ပြောပြီးတော့ မင်းကျတော့ရော ဘာလို့အဲ့လိုဖြစ်နေတာလဲ။"
လီယွမ်ချင်း၏နှလုံးသားသည်ကား ပင်ပန်းနွမ်းနယ်လျက်ရှိသည်။
သူငယ်ချင်းတစ်ယောက်အနေဖြင့် သူသည် ဝမ်မင်ယီအား စစ်ကျွင်းတောက်အပေါ်ထားသည့်သူ(မင်မင်)၏ခံစားချက်များသည် ပုံမှန်မဟုတ်ကြောင်း ခံစားမိသော်လည်း သူငယ်ချင်းတစ်ယောက်ဖြစ်နေသောကြောင့်ပင် ဝမ်မင်ယီ မှားယွင်းသော လမ်းကြောင်းသို့ဦးတည်သွားမည်ကိုစိုးရိမ်သဖြင့် သူလက်လွတ်စပယ်သတိမပေးရဲပေ။
သို့သော်လည်း သူအမှန်တကယ်မပြောပြခဲ့ပါလျှင် ဝမ်မင်ယီ ရုတ်တရတ် ဉာဏ်အလင်းပွင့်သွားချိန်မှ အခွင့်အရေးကိုလက်လွတ်သွားသည်ဟု နောင်တရမည့်သူမှာ ဝမ်မင်ယီတင်မဟုတ်ပါဘဲ သူရောဖြစ်သည်ပင်။
လီယွမ်ချင်းသည် ခဏမျှငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ရုတ်တရတ် ချောင်းဟန့်လိုက်သည်။သူက ဝမ်မင်ယီအား ဟာသတစ်ခုကိုသုံး၍သတိပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဝမ်မင်ယီကစစ်ကျွင်းတောက်ကို အမှန်တကယ်ထိုသို့သောအချစ်မျိူး ချစ်လျှင် သူ၏စကားများကြားပြီးပါက ဝမ်မင်ယီသည် သူနှင့်စစ်ကျွင်းတောက်တို့တွင် အခြားဖြစ်နိုင်ချေများရှိလာနိုင်ကြောင်း သဘာဝကျကျပင် နားလည်သွားလိမ့်မည်ဖြစ်သည်။
အကယ်၍ဝမ်မင်ယီသည် စစ်ကျွင်းတောက် အတွက် ထိုသို့သော ခံစားချက်များမရှိပါက သို့မဟုတ် ရှေ့ဆက်တိုးရန် မရည်ရွယ်ပါက ထိုစကားကိုကြားခဲ့လျှင်ပင် သူ၏စိတ်ထဲသို့ထည့်ထားမည့်မဟုတ်ပေ။
ဤသည်ကား လီယွမ်ချင်းစဉ်းစားနိုင်သည့် အသင့်လျော်ဆုံးနည်းလမ်းဖြစ်သည်ပင်။
"ငါပြောမယ်..မင်းတကယ်ကို ရွှယ်ကျန့်နဲ့မခွဲချင်ဘူးဆိုရင် တခြားနည်းလမ်းမရှိတာတော့မဟုတ်ဘူး။ ရွှယ်ကျန်းက ယောကျာ်းလေးတွေကိုကြိုက်ပြီး မင်းကလည်းယောကျာ်းပဲဆိုတော့...
ဒါကတူညီတဲ့အလျော်အစား တစ်ခုပဲကွ!မင်းသိလား~"
ဝမ်မင်ယီသည် သူ၏ထိတ်လန့်စရာကောင်းလွန်းသည့်မှတ်ချက်ကြောင့် ရှော့ရသွားခဲ့၏။
"မင်းရူးနေတာလား!!"ဝမ်မင်ယီက မယုံကြည်နိုင်စွာဖြင့် အော်ပစ်လိုက်သည်။
"ငါက သူ့ရဲ့တိတိကွ!! ငါဘယ်လိုလုပ် အဲ့လိုအစားထိုးနိုင်မှာလဲ!
ဒီအလျော်အစားကမဖြစ်နိုင်ဘူး!"
လီယွမ်ချင်းသည် သူ(မင်မင်)၏အတွေးအခေါ်က တကယ်ပင် နားလည်မှုလွဲမှားမှုတစ်ခုထဲသို ကျရောက်သွားပြီး ထိုထဲတွင် သူ့ကိုယ်သူချူပ်နှောင်ထားမိနေသည်ဟု ခံစားလိုက်ရသည် ။
"မင်းက သူ့ရဲ့တိတိဆိုတာက မှန်တယ်လေ။ဒါပေမဲ့...မင်းကသူ့ရဲ့သွေးရင်းညီလည်းမဟုတ်သလို သူ့ရဲ့ဝမ်းကွဲလည်းမဟုတ်ဘူး။မင်းက သူ့ထက်ငယ်တဲ့ အိမ်နီးချင်းလေးတစ်ယောက်ပဲ။ မင်းသာမိန်းကလေးဆိုရင် မင်းတို့နှစ်ယောက် က
ငယ်သူငယ်ချင်းတွေဖြစ်နေမှာ။ မင်းတို့ရဲ့မိသားစုနှစ်ခုကဘယ်လောက်ရင်းနှီးသလဲဆိုတာအပေါ် မူတည်ပြီးတော့...ဘယ်သူသိမှာလဲ...မင်းတို့မမွေးခင်ကတည်းက တစ်ယောက်အတွက်တစ်ယောက် ကြံရွယ်ထားခံရပြီးသားဖြစ်ရင်ဖြစ်မှာပဲ။"
"ဒါပေမဲ့..ဒါက ငါဒီတိုင်းပဲပြောလိုက်ရုံပါ။ မင်းအလေးအနက်ကြီးတွေးစရာမလိုပါဘူး။ မင်းအရ
င်နားလိုက်ဦး။တစ်ခုခုဆိုငါကိုဖုန်းခေါ်လိုက်..ငါကားဆက်မောင်းလိုက်ဥိးမယ်။"
"အင်း"ဝမ်မင်ယီက အသံတိုးတိုးလေးဖြင့်ပြန်ဖြေလိုက်၏။
လီယွမ်ချင်း က ဖုန်းချလိုက်ပြီး သက်ပြင်းချမိသည်။ သူပြောနိုင်သလောက်တော့ပြောပြီးပြီဖြစ်သည်။ ကျန်တာကတော့ ဝမ်မင်ယီအပိုင်းပင်။
ဝမ်မင်ယီသည် သူ၏ကုတင်ပေါ်တွင်ကြောင်အ,အဖြင့်ထိုင်ချလိုက်ရင်း သူ၏ကမ္ဘာတစ်ခုလုံးဖွင့်ဟသွားသည် ဟုခံစားမိသည်။ဒီလိုမျိူးရော ဖြစ်နိုင်ပါ့မလား..။ သူနဲ့စစ်ကျွင်းတောက်က ဒီလိုမျိူး ဖြစ်နိုင်ပါ့မလား..။
အဲ့ဒါက ဖြစ်နိုင်ရဲ့လား..။
ဝမ်မင်ယီသည် သူ၏နှလုံးသားထဲတွင် တစ်ခုခုခုန်ပေါက်နေသည်ဟု မသိမသာခံစားနေရသည်။၎င်းက သူ၏အာရုံကိုဆွဲဆောင်ချင်နေပြီး ရင်ဘက်ကိုတိုးထွက်လာချင်နေသကဲ့သို့သော တစ်စုံတစ်ခုပင်။
သူသည် ထိုခံစားချက်ကို အပြင်းအထန်ဖိနှိပ်ထားလိုက်သည်။မဟုတ်ဘူး!သူနဲ့စစ်ကျွင်းတောက်က ဘယ်လိုလုပ်ဒီလိုလုပ်လို့ရမှာလဲလို့!သူတို့ကသွေးရင်း ညီအစ်ကိုတွေမဟုတ်ပေမဲ့ ညီအစ်ကိုတွေထက်တောင်ပိုသေးတယ်!
ဒါပေမဲ့..တကယ့်ညီအစ်ကိုတွေမဟုတ်ဘူးဆိုတာက သွေးသားတော်စပ်မှုမရှိဘူးလို့ ဆိုလိုတာပဲလေ...သွေးသားတော်စပ်မှုမရှိရင် တစ်ယောက်ယောက်က ချစ်လို့ရနိုင်တယ်....
ဝမ်မင်ယီသည် သူ၏မျက်လုံးများရှေ့တွင်
တံခါးအသစ်တစ်ချပ် ရုတ်တရတ်ပေါ်လာပြီး
ဂိတ်မှူးကသူ့ကို "မင်း ဝင်လာချင်လား"ဟု မေးနေသလိုမျိူး ခံစားနေ ရသည်။
သူက တံခါး၏အပြင်ဘက်တွင်ရပ်နေကာ တံခါးအတွင်းမှ အသံတစ်ခုဆက်တိုက်ထွက်ပေါ်လာ
သည်ကို ကြားနေရသည်။
(မင်းလုပ်နိုင်ပါတယ်...အခုပဲဝင်လာလိုက်တော့~)
ဝမ်မင်ယီသည် အချိန်အကြာကြီး မလှုပ်ရှားဝံ့ခဲ့။
သူသည် တည်ငြိမ်အေးဆေးနေပုံပေါ်သော်လည်း
သူ၏နှလုံးသားသည်ကား အလွန်အမင်းလွှမ်းမိုးခံလိုက်ရပြီဖြစ်သည်။
ဘုရားရေ...!ကြည့်ရတာ သူနဲ့စစ်ကျွင်းတောက်လည်း တကယ်ကိုဖြစ်နိုင်တယ်ထင်တယ်....
လီယွမ်ချင်းပြောတဲ့စကားက လုံးဝမှားပုံမရဘူး....
ဝမ်မင်ယီသည် ချက်ချင်းပင် အိပ်ချင်စိတ်ပျောက်သွား၏!
ဆိုတော့...သူက စစ်ကျွင်းတောက်နဲ့ချစ်ကျွမ်းဝင်ချင်နေတာပေါ့...
စစ်ကျွင်းတောက်ကို ချစ်မိတာ...ဒီခံစားချက်ကတကယ်ရော ရှိနိုင်ပါ့မလား...
ဆိုလိုတာက သူတို့နမ်းကြမယ်!သူတို့တကယ်ကြီး
တစ်ယောက်နဲ့တစ်ယောက်နမ်းလို့ရပါ့မလား!
ဒါဆို..သူစစ်ကျွင်းတောက်နဲ့ ချိန်းတွေ့ချင်နေတာလား...
ဝမ်မင်ယီသည် ထိုအတွေးများမဆုံးခင်မှာပင် စက္ကန့်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်ရှိပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသည် ။သူသိလိုက်ချိန်တွင် သူသည် ရင်းနှီးကျွမ်းဝင်ပြီးသား ဟက်စကီးတစ်ကောင်၏ပုံသဏ္ဍာန်ဖြစ်လာ၏။
ဝမ်မင်ယီသည် သူ၏ခွေးဖဝါးလေးများကိုကြည့်လိုက်သည်။ကဲ..အခုတော့စဉ်းစားစရာပြဿနာအသစ်တစ်ခုဖြစ်လာပြီ။ သူ စစ်ကျွင်းတောက်ရဲ့အိပ်ခန်းထဲကို အိပ်ဖို့သွားရဦးမှာလား..
ဒါပေမဲ့..ဝမ်မင်ယီသည် သူ၏ခေါင်းကို ခွေးလက်
လေးတွေပေါ် မှီကာအတွေးများကို ရှေ့ဆက်လိုက်၏။ တကယ်လို့ သူကစစ်ကျွင်းတောက်ကိုချစ်မိသွားတယ်ဆိုရင်.. သူပိုပြီးထိန်းထိန်းသိမ်းသိမ်းနေသင့်တာမလား..။မဟုတ်ရင်..ဒီချိန်းတွေ့တဲ့အဆင့်တောင်မပြီးသေးခင် သူကအဲ့ဒိလူရဲ့အိပ်ရာပေါ်ကို သွားနှင့်နေပြီးသားဖြစ်နေပြီ။ ဒါကတကယ်ကို စိတ်အားထက်သန်လွန်းတာပဲ..ကျစ်။
ဒါပေမဲ့..သူရဲ့ပုံမှန်အကျင့်က စစ်ကျွင်းတောက်နဲ့အိပ်တာလေ။ တကယ်လို့ သူကခုချိန်ကျမှ ပေါ်မလာဘူးဆိုရင် မူမမှန်ရာမကျဘူးလား..။
ထို့ကြောင့်ပင် ဝမ်မင်ယီ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။သူ အရင်ဆုံးသွားသင့်နေဆဲဖြစ်၏ ။မည်သို့ပင်ဆိုစေကာမူ အချစ်နှင့်ပတ်သတ်ပြီးမဆိုဖြစ် ခဲ့ပါက သူတို့သည် အတူအိပ်ရဦးမည်ပင်။ထို့ကြောင့် သူတို့သည် ချိန်းတွေ့ခြင်းမပါသည် အိပ်ခြင်းမျိူးဖြင့် ကောင်းကောင်းအိပ်ရပေမည်။
ဝမ်မင်ယီက သူ၏ခွေးခေါင်းလေးကို ဂရုတစိုက်ဖြင့် ထုတ်လိုက်ကာ ကော်ရစ်တာတွင် လူတစ်ယောက်မှ မရှိကြောင်းသေချာအောင်လုပ်သည်။
ပြီးသည်နှင့် ဆန့်ကျင်ဘက်ရှိ စစ်ကျွင်းတောက် ၏ အခန်းတံခါးဆီသို့ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်ကို မတ်တပ်ရပ်ကာ တံခါးဖွင့်လိုက်ပြီး နောက်တွင်အမြီးလေးတလှုပ်လှုပ်ဖြင့်ဝင်လာသည်။
စစ်ကျွင်းတောက်သည် သူဝင်လာသည်ကိုမြင်ရာတွင် မအံ့ဩသွားခဲ့ပေ။သူက
"မင်းဒီနေ့ ဟက်စကီးဘယ်လိုလုပ်ဖြစ်သွားတာလဲ"ဟူ၍သာ မေးလိုက်သည်။
ဟမ့်...ဟက်စကီးကို အထင်သေးပြန်ပြီလား!ဝမ်မင်ယီ ကသူ့ကိုစိုက်ကြည့်လိုက်သည်။
စစ်ကျွင်းတောက်သည် ထိုမိုက်မဲပုံပေါ်သည့် မျက်လုံးများကို ကြည့်ရင်း ဝမ်မင်ယီကသူ့ကို စိတ်ထဲတွင် ကြိမ်းမောင်းနေမှန်းသိလိုက်၏။
"ငါဟက်စကီးတွေကို မကြိုက်တာမဟုတ်ပါဘူး...
အံ့ဩနေရုံပါ။တကယ်တမ်းကျတော့ လိမ္မော်ရောင်ကြောင်က ပိုပြီးမကြာခဏ ပေါ်လာတတ်လို့လေ။"
အတိအကျပြောရရင် လိမ္မော်ရောင်ကြောင်တစ်ကောင်ဖြစ်နေလို့ပေါ့...ဝမ်မင်ယီက သူ့စိတ်ထဲတွင်မကျေမနပ်ဖြင့် ဟစ်လိုက်၏။မဟုတ်ရင်
ဟက်စကီးတစ်ကောင်ကို အိတ်ထဲထည့်ပြီး ဘယ်သူမှမသိအောင် အိမ်ထဲခေါ်နေဦးပါ့မလား...။ဒီလိုကြီးတဲ့ပစ္စည်းနဲ့ဆို သိုလှောင်အိတ်တစ်လုံးလောက်လိုနေမှာနော်..
ဝမ်မင်ယီ တံခါးကို ပိတ်ပြီး သူ့ဘေးသို့လျှောက်လာကာ အိပ်ရာပေါ်သို့ ခုန်တက်လိုက်၏။
စစ်ကျွင်းတောက်သည် သူ့အိပ်ရာ လှုပ်ခါသွားသည်ကို ခံစားမိကာသတိပေးလိုက်သည်။
" ဒီလိုမျိူးနောက်တစ်ကြိမ် လုပ်ခွင့်မပေးဘူး"
ဝမ်မင်ယီက သူ့ခေါင်းကို ညိတ်ပြလိုက်ရင်း ခွေးမျက်လုံးများက သေသေချာချာ ပြန်ကြည့်နေ၏
ပြောရရင် စစ်ကျွင်းတောက်က ဘယ်လိုtypeမျိုးးကိုကြိုက်တာလဲ..။ဝမ်မင်ယီက စစ်ကျွင်းတောက်အရင်က ကားထဲတွင်ပြောခဲ့သည်ကိုပြန်တွေးလိုက်၏—ထက်မြက်တဲ့သူ၊စိတ်ဝင်စားစရာကောင်းတဲ့ စရိုက်ရှိသူ၊ကလေးတစ်ယောက်လိုပြုမူတတ်သူ၊ ဉာဏ်ကောင်းတဲ့သူ..အဲ့လိုလူမျိူးတွေလား။သူလည်း အဲဒီလိုလုပ်နိုင်ပါတယ်နော်..။
ဝမ်မင်ယီ က သူ့ကိုယ်သူ ထိုစံနှုန်းများဖြင့်နှိုင်းယှဉ်ကြည့်သည်။ သူကလုံးဝကို ထက်မြက်တယ်။
သူ့ရဲ့စရိုက်ကလည်း သံသယရှိစရာမလိုအောင်ကို စိတ်ဝင်စားစရာကောင်းတယ်။ သူက ပရောပရည်လုပ်တတ်သလို ဉာဏ်လည်းကောင်းတယ်။ဒါတွေအားလုံးကို သူကျေနပ်တယ်!ဒီအချက်တွေအကုန်လုံးနဲ့ ကိုက်ညီတယ်လေး!
သို့ပေမဲ့ ဝမ်မင်ယီ မနေနိုင်စွာဖြင့် သိချင်မိသည်မှာ စစ်ကျွင်းတောက်က သူ့ကို ကြိုက်နေတာလား
ဒါမှမဟုတ် သူ့ရဲ့တိတိတစ်ယောက်အနေနဲ့ပဲ ဆက်ဆံပြီးသူ့ကို လျာထားချစ်သူစာရင်းထဲမှာ လုံးဝ ကိုမသွင်းတာလားဟူ၍ပင်။
သူသည် ထိုအကြောင်းကို စဉ်းစားပြီး ဖြစ်နိုင်သည်ဟုခံစားရသည်။ အမှန်တွင် စစ်ကျွင်းတောက်သည် လုံးဝပင် ချစ်ကြိုက်ချင်ပုံမပေါ်ချေ။သူနှင့် နေ့တိုင်းအတူရှိနေခဲ့ပြီးသူ၏စိတ်သည် အလွန်ပင်ဖြူစင်နေခဲ့၏။ ဤသည်မှာ ရှင်းရှင်းလင်းလင်းပင် ဝမ်မင်ယီအား သူ၏တိတိအဖြစ်မှတ်ယူထားခြင်းဟု ဆိုလိုလေသည်။
သည်အတွက် တကယ်လို့ သူ စစ်ကျွင်းတောက် နဲ့ ချိန်းတွေ့ချင်ရင် စစ်ကျွင်းတောက်ကို အရင်ဆုံးလှုပ်နှိုးရမယ်လို့ဆိုလိုတာမလား...။
ဒါဆို..သူစစ်ကျွင်းတောက်နဲ့ ချိန်းတွေ့သင့်သေးလား..။
ဝမ်မင်ယီက သူ၏ခွေးခေါင်းလေးကို မြှောက်ကာ အတွေးများစွာဖြင့် သူ့ရှေ့ရှိအမျိူးသားကိုစူးစိုက်ကြည့်လိုက်သည်။
စစ်ကျွင်းတောက်သည် စိုက်ကြည့်ခံနေရပြီး Erha*ဘုရင်ကြီး၏အပြာရောင်မျက်လုံးများဆီမှ မထီမဲ့မြင်ပြုမှုကို ခံစားမိသည်။ သူသည် မနေနိုင်စွာဖြင့် ရယ်လိုက်မိကာသူ့ကိုမေးလိုက်၏။"ဘာကိစ္စရှိလို့လဲ...ဘာလို့ငါ့ကို ဒီလိုကြီးလာကြည့်နေတာလဲ..."
(E/N—ဟက်စကီးတွေအတွက်nickname)
ဝမ်မင်ယီက သူ့ကိုဘယ်လိုပြောရမှန်းမသိပေ။
ထို့ကြောင့် သူကလဲလျောင်းလိုက်ပြီး စောင်ကိုယူကာ သူ့ကိုယ်သူ ဖုံးထားလိုက်၏။သူသည် အလျင်မလိုသည့်အတွက် ထိုသည်နှင့်ပတ်သတ်၍စိတ်မပူနေဘဲ အိပ်လိုက်၏။
စစ်ကျွင်းတောက်က သူအိပ်ရာဝင်တော့မည်ကိုတွေ့ လိုက်သဖြင့် ကုတင်ပေါ်မလဲခင်ရေချိူးခန်းထဲဝင်ပြီး ရေချိူးလိုက်၏။
ထိုညတွင် ဝမ်မင်ယီ အိပ်မက်တစ်ခုမက်ခဲ့၏။သူ့အိပ်မက်ထဲတွင် စစ်ကျွင်းတောက်က သူ့ကိုနမ်းကာ ပြောလာ၏။"မိုက်မဲလိုက်တာ"
ဝမ်မင်ယီက မကျေမနပ်ဖြစ်သွား၏။"မင်းကမှ မိုက်မဲတဲ့သူ"
လူနှစ်ယောက်သည် ရန်ဖြစ်နေကြပြီး ထိုအိပ်မက်ထဲတွင် တူညီသည့်စကားများကို ထပ်တလဲလဲပြောဆိုနေကြသည်။ ၈နာရီတွင် စစ်ကျွင်းတောက် နိုးလာပြီးနောက် ဝမ်မင်ယီ ရေရွတ်နေသည်ကိုကြားလိုက်ရ၏။
"မင်းကမှမိုက်မဲတဲ့သူ"
စစ်ကျွင်းတောက် ပြုံးရယ်လိုက်မိသည်။
"တခြားသူကို မိုက်မဲတယ်လို့ပြောရမှာ မရှက်သေးဘူးလား...မင်းထက်ပိုပြီး မိုက်မဲတဲ့သူရှိသေးလို့လားကွာ"
ဝမ်မင်ယီသည် သူ၏အိပ်မက်ထဲရှိတခြားတစ်ယောက်နှင့်ငြင်းခုံနေပုံရပြီး မသိစိတ်ဖြင့် နှုတ်ခမ်းလေးစူနေလေသည်။ စစ်ကျွင်းတောက် ကသူ့ကိုကြည့်လိုက်ရင်း သူကချစ်စရာကောင်းသည်ဟု မရေမတွက်နိုင်အောင်ပင်တွေးမိသည်။ သူသည် လက်ကိုဆန့်လိုက်ပြီး ဝမ်မင်ယီ ၏နှုတ်ခမ်းလေးကို ဖိကြည့်သည်—နှုးညံပြီးပျော့ပြောင်းလှ၏။
စစ်ကျွင်းတောက်သည် သူတို့နှစ်ယောက်ကြားရှိ မမျှော်လင့်ထားသည့် အနမ်းအား မတွေးမိဘဲမနေနိုင်ခဲ့။ကောင်ငယ်လေး၏နှုတ်ခမ်းသည်
ပိုးသားကဲ့သိုနှုးညံ့ကာ နေခြည်ကဲ့သို့နွေးထွေးနေခဲ့၏။သူသည် ဝမ်မင်ယီကို ကြည့်နေရင်း သူ၏နှလုံးသားသည်မနက်စောစောစီးစီးတွင် ထိန်းချူပ်မရနိုင်စွာ ခုန်ပေါက်လာခဲ့သည်။
သူသည် ဖြေးဖြေးချင်း ငုံ့မိုး၍သူ၏ပါးပြင်လေးပေါ်တွင်နမ်းလိုက်သည်။
ဤသည်မှာ ဝမ်မင်ယီမသိအောင်လုပ်နိုင်သည့်
စစ်ကျွင်းတောက် ၏တစ်ခုတည်းသောအရာပင်။
သူသည် စောင်ကိုလှပ်ပြီး ကိုယ်လက်သန့်စင်ရန် သွားတော့မည့်အချိန်တွင် ရုတ်တရတ် တံခါးခေါက်သံတစ်ချက်ကြားလိုက်ရ၏။စစ်ကျွင်းတောက်သည် ဝမ်မင်ယီ ၏ခေါင်းကိုသတိတရ စောင်တစ်ထည်ဖြင့်ဖုံးလိုက်ကာ တံခါး ကိုဖွင့်လိုက်၏။
စာရေးသူမှာ ပြောစရာရှိပါတယ်။–
Gong နဲ့Shouတို့သည် သွေးသားတော်စပ်မှုမရှိပါ။အိမ်နီးချင်းကောကော၊အိမ်နီးချင်းတိတိသာဖြစ်ပြီး ကောကောတိတိလို့ခေါ်ခြင်းသည် ယဉ်ကျေးမှုအရသာဖြစ်၏။