စုန်ရှုဟန်သည် အပြင်ထွက်ရန် သူမ၏အဝတ်အစားများကို လဲပြီးနေပြီဖြစ်ကာ သူတံခါးဖွင့်လိုက်သည်ကိုမြင်သည်နှင့် တံခါးနားတွင် ရပ်လျက်သူ့ကိုပြုံးပြလာသည်။
"ကျွန်မအပြင်ထွက်တော့မလို့..အိမ်ထဲမှာ တခြားဘယ်သူမှလည်းမရှိတော့ ရှင်စိတ်ပူနေမှာစိုးလို့ ရှင့်ကိုလာပြောတာ။ကျွန်မ ဝမ်မင်ယီ ကိုပြောချင်ပေမဲ့ သူကသူ့အခန်းထဲမှာမရှိတော့ ရှင့်ကိုလာနှောက်ယှက်လိုက်ရတယ်။ဒီအတွက်တောင်းပန်ပါတယ်"
စစ်ကျွင်းတောက်မေး ကြည့်လိုက်သည်။
"လီယွမ်ချင်းနဲ့သွားမှာလား"
စုန့်ရှုဟန်က ခေါင်း ညိတ်ပြလိုက်၏။
"သူက အိမ်ပေါက်ဝမှာရောက်နေပြီ..အခုလေးတင်ကျွန်မကို လှမ်းခေါ်နေတာ"
"ဒါဆို.. နှစ်ယောက်သား ပျော်ခဲ့ကြပါ။ မနေ့ကလိုပဲ...လီယွမ်ချင်းကို9နာရီ မတိုင်ခင် ပြန်ပို့ခိုင်းလိုက်"
စုန့်ရှုဟန်က သူ့ကိုကြည့်လိုက်ရင်း ခဏမျှစဉ်းစား
နေပြီး တောင်းပန်လာသည်။
"တရုတ်နှစ်သစ်ကူးအတွင်းမှာ ရှင့်အိမ်ကို အပြင်လူတစ်ယောက် ရုတ်တရတ် ရောက်လာပြီးတော့ ရှင့်မိဘတွေက လည်း သူ့ကိုကိုယ်တိုင် လိုက်ပို့ခိုင်းတယ်။ ဒီလိုကိစ္စမျိူးက တကယ်ကို စိတ်ချမ်းမြေ့ စရာမကောင်းဘူးလေ။ဒီအတွက် ကျွန်မ တောင်းပန်ပါတယ် ။
ရှင့်ရဲ့နေ့စဉ်ဘဝကိုလဲ သေချာပေါက်သက်ရောက်မိစေခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်မ အကြာကြီး မနေပါဘူး ။နှစ်ရက်ကြာရင် ကျွန်မထွက်သွားမှာပါ။"
"ကျွန်မရဲ့ဗီဇက ကျွန်မမိဘတွေနဲ့စိတ်သဘောထားချင်း မတူညီဘူး။ တကယ်တမ်းကျတော့..ကျွန်မအဒေါ်ကိုလည်း သူဧည့်ဝတ်မကျေတာကိုထောက်ပြပြီး အပြင်ထွက်ပြီးတစ်ယောက်ထဲလည်ချင်တယ်လို့ပြောခဲ့ပေမဲ့ ကျွန်မအဒေါ်က မသင့်တော်ဘူးထင်ပုံရတယ်။ကျွန်မလည်း သူ့ကိုအရှက်မရစေချင်တာနဲ့ ဒီကိုပြောင်းလာလိုက်တာ"
"တကယ်လို့ ကျွန်မရောက်လာတာက ရှင့်ကို လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ စိတ်အဆင်မပြေ
ဖြစ်စေခဲ့တယ်ဆိုရင် ကျွန်မရဲ့အမှားပါပဲ။ကျွန်မတောင်းပန်ပါတယ်..ပြီးတော့ ရှင့်ကိုမထိခိုက်မိစေဖို့မျှော်လင့်ပါတယ်"
စစ်ကျွင်းတောက် ခဏမျှကြောင်,အသွားခဲ့သည်။ သူက သူရှေရှိ့ ကောင်မလေးကိုကြည့်လိုက်၏။ စုန့်ရှုဟန်သည် သူမ၏ကျောပိုးအိတ်မှ သတ္တုကြိုးလေးကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ထားသည်။ သူမသည် အနည်းငယ်အဆင်မပြေဖြစ်နေပုံပေါ်သော်လည်း သူမ၏မျက်လုံးများသည် သန့်စင်ပြီးတည်ငြိမ်နေ၏။
စစ်ကျွင်းတောက် ကရှင်းပြလိုက်သည်။
"ငါမင်းကို မမုန်းသလို မင်းရောက်လာလို့လည်း မပျော်မရွှင်မဖြစ်ပါဘူး။ဒါက ငါရဲ့ကိုယ်ပိုင်ပြဿနာပါ..မင်းကြောင့်မဟုတ်ဘူး။"
"အရင်က ကားထဲမှာဖြစ်ခဲ့တဲ့ကိစ္စအတွက် ငါတောင်းပန်ပါတယ် ။အဲဒါက ငါမင်းကို မုန်းလို့မဟုတ်ပါဘူး။တခြားသူတွေငါ့ကို အဲ့လိုခေါ်တာကို ကျင့်သားမရရုံပါ..."
စုန့်ရှုဟန်က ခေါင်းအသာညိတ်ပြသည်။
"ဒီတော့..မင်းအလျင်စလို ထွက်သွားစရာမလိုပါဘူး။ မင်းရဲ့ကိုယ်ပိုင် အချိန်ဇယားအတိုင်းပဲလုပ်ပြီး ပျော်ပျော်နေပါ ။ငါ့ရဲ့ပင်ကိုစရိုက်က ပိုတဲ့တိုးဆန်ပြီး မညင်သာပေမဲ့ ငါမင်းကိုမမုန်းပါဘူး။မင်းကိုယ်မင်းအပြစ်တင်နေစရာမလိုဘူး..."
စုန့်ရှုဟန်က ခေါင်း နောက်တစ်ကြိမ် ညိတ်ပြလိုက်ပြန်သည်။
"ကျွန်မ နားလည်ပါပြီ..ကျေးဇူးပါ "
"မလိုပါဘူး...သွားလည်ချည်တော့ ..ဂရုစိုက် "
"အင်း"စုန့်ရှုဟန်က ပြုံးရယ်လိုက်သည်။
"ကျွန်မ ရှင်နဲ့ဝမ်မင်ယီအတွက် လက်ဆောင်ဝယ်ခဲ့မယ်။ဒါမှမဟုတ် ရှင်တို့တစ်ခုခုစားချင်တာရှိရင် ကျွန်မကိုလှမ်းပြောလေ..ကျွန်မဝယ်လာခဲ့မယ်"
စုန့်ရှုဟန်က သူ့ကိုလက် ယမ်းပြပြီး ပျော်ရွှင်စွာပင် လှည့်ထွက်ကာ လှေကားဆီသို့လမ်းလျှောက်သွားသည်။
စစ်ကျွင်းတောက် သူမကိုကြည့်လိုက်မိသည်။
အမှန်တွင် သူမသည် အလွန်ကောင်းမွန်သည့်သူတစ်ယောက်ဖြစ်ပြီး သူ့အမေကသူမကိုအတော်လေးသဘောကျနေသည်မှာ မဆန်းတော့ချေ။
သူက တံခါးကိုပိတ်ကာ ခေါင်းပြန်လှည့်လိုက်ရာတွင် ဝမ်မင်ယီက ထိုင်နေရင်း သူ၏မျက်နှာပေါ်ရှိစောင်ကိုဖယ်ပြီး သူ့အားရှုံ့မဲ့ပြနေသည်ကိုတွေ့လိုက်ရသည်။
"နိုးပြီလား"စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်မင်ယီ၏ ခွေးနားရွက်လေးများက လှုပ်ခါသွားသည်။ သူက စိတ်ဆိုးနေ၏။
သူစကားပြောပြီးသည်နှင့် အိပ်မက်ထဲရှိ မပြီးဆုံးသေးသော တိုက်ပွဲကို တွေးကာ နှာခေါင်းရှုံပြီးပြောသည်။
"ကောက ဒါလေးကိုတောင်မသိဘူးလား...အရမ်းတုံးတာပဲ!"
စစ်ကျွင်းတောက်က "အိုးး.."ဟုလုပ်ကာဆိုသည်။"ကောင်းပြီလေ။မင်းလိုတော့ မထက်မြက်ဘူးပေါ့ ခွေးငတုံးလေး"
"ဘာတွေပြောနေတာလဲ.. ။ကောကမှ ခွေးငတုံး!"
စစ်ကျွင်းတောက်က လမ်းလျှောက်လာကာ ခွေးနားရွက်လေးများကို ပွတ်သပ်လိုက်သည်။
ဝမ်မင်ယီ မတ်တပ်ထရပ်ကာ သူနှင့်ရန်ဖြစ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပြီး စစ်ကျွင်းတောက်အားထုရိုက်တော့မည့်ဆဲဆဲတွင် စစ်ကျွင်းတောက်ကသူ့ကို သိမ်းကြုံးပွေ့ဖက်လိုက်၏။
သူ့ထံမှ ပွေ့ဖက်အထားခံရခြင်းက ဝမ်မင်ယီအား အနည်းငယ် ရှက်သွားစေသည်။ သူ၏ဦးနှောက်သည် သူတို့တွေ အမှန်ပင်ချစ်မိသွားလို့ရကြောင်းကို အမှတ်ရသွား၏။
သူသည် စစ်ကျွင်းတောက်ကို တွန်းထုတ်လိုက်ကာ အိပ်ကာပေါ်တွင်ရပ်လိုက်သည်။
စစ်ကျွင်းတောက်သည် သူ၏နီရဲရဲမျက်နှာလေးအားကြည့်ပြီး သူ၏လက်ဖဝါးဖြင့် ထိကပ်လိုက်၏။
"မင်းဘာလို့ အရမ်းပူနေတာလဲ"
" ပူလို့ပေါ့ !"ဝမ်မင်ယီက တုံ့ဆိုင်ခြင်းမရှိပြန်ပြောလိုက်သည်။
"ဒါတွေအကုန်လုံး ကောကျွန်တော့ကို စောင်နဲ့ဖုံးထားလို့ဖြစ်တာ...အရမ်းပူတာပဲ"
စစ်ကျွင်းတောက်က အများကြီးမတွေးလိုက်ချေ။သူက ပြုံးပြီးပြောလိုက်သည်။
"တကယ်လို့ ငါသာမင်းကို ဖုံးပေးမထားရင် ဟန်ဟန်က သူ့ရဲ့idolမွာ ခွေးနားရွက်တစ်စုံရှိနေမှန်းသိသွားလိမ့်မယ်"
"ဟမ့် "ဝမ်မင်ယီသည် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ကာ ရေချိူးခန်းထဲသွားကာ မျက်နှာသွားသစ်ရန်အဆင်သင့်ဖြစ်နေလေပြီ။
စစ်ကျွင်းတောက်က သူနှင့်အတူရေချိူးခန်းထဲလိုက်သွား၏။
နှစ်ယောက်သား မှန်ရှေ့တွင် သွားတိုက်နေရင်း ဝမ်မင်ယီ စစ်ကျွင်းတောက်အား
မနေနိုင်စွာဖြင့် ခိုးကြည့်လိုက်သည်။
"သွားကောင်းကောင်းတိုက်"ဟု စစ်ကျွင်းတောက်က သူ့ကိုသတိပေးလာသည်။
သို့သော် ခဏအကြာတွင် သူ စစ်ကျွင်းတောက်အား ထပ်မံခိုးကြည့်လိုက်ပြန်၏။
စစ်ကျွင်းတောက်သည်လည်း ဘာမျှမတတ်နိုင်ဘဲ အလိုက်သင့်မျောနေရုံသာရှိတော့သည်။
မျက်နှာသစ်သွားတိုက်ပြီးသောအခါ ဝမ်မင်ယီက
ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်၏။
"ကော..ဒီအတောအတွင်း ချစ်ဖို့အစီအစဉ်ရှိလား"
စစ်ကျွင်းတောက် ထိုစကားများကို ကြားလိုက်ရာတွင် ထိတ်လန့်သွားပြီး မေးခွန်းပြန်ထုတ်လိုက်၏။
"မင်းက ချစ်ချင်နေပြီ လား"
"မဟုတ်ပါဘူး "ဝမ်မင်ယီက ရူးချင်ယောင်ဆောင်လိုက်သည်။"ကျွန်တော်က ကောကိုမေးနေတာ"
စစ်ကျွင်းတောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။
"အခုလောလောဆယ်တော့ မရှိဘူး"
ဝမ်မင်ယီက ထိုဟာကိုလက်သင့်ခံသည်။အခုလောလောဆယ်အတွက် အစီအစဉ်မရှိဘူးဆိုတော့ စစ်ကျွင်းတောက်မှာတကယ်ကို သူနဲ့ပတ်သက်ပြီး "အဟမ်း"အတွေးတွေ တစ်ခုမှမရှိဘူးထင်တယ်။ဒါဆို..သူစစ်ကျွင်တောက်ကို နည်းနည်းလောက် သတိပေးသင့်လား....။(အဟမ်း means အဟမ်း
)
ဝမ်မင်ယီ သူ့စိတ်ထဲရှိအတွေးများကြောင့် တုန်လှုပ်သွားခဲ့၏။ဒီတော့...သူစစ်ကျွင်းတောက်နဲ့ ချစ်သူဖြစ်ချင်ခဲ့တာပေါ့...မဟုတ်ရင်ဘာလို့ စစ်ကျွင်းတောက်ကို သတိပေးချင်ရမှာလဲလို့!!
အိုးမိုင်ဂေါ့!သူက သိသိသာသာကို မနေ့ကမှ ကမ္ဘာသစ်တံခါး ပွင့်ခဲ့တာလေ။ဘာလို့များ နေ့တစ်ဝက်တောင်မရှိသေးဘဲ တစ်ညထဲနဲ့ တအားတွေကျင့်သားရအောင် လုပ်နိုင်တဲ့အပြင် စစ်ကျွင်းတောက်နဲ့အတူတူ ကမ္ဘာသစ်ထဲကိုတောင်ဝင်သွားချင်နေသေးတာလဲ!!!
သူဆီမှာ အရင်ကတည်းက စစ်ကျွင်းတောက်အတွက် မရိုးမသားရည်ရွယ်ချက်ရှိနေပြီးသားလား..။
ဝမ်မင်ယီသည် သူကတကယ်ကိုကြောက်စရာကောင်းသည်ဟုခံစားရသည်။ ဒီလို
ဖြူစင်တဲ့ရုပ်လေး ရဲ့အောက်မှာ သားရဲတစ်ကောင်လို့စိတ်ထားရှိနေတာပဲ!ဒါကြီးက သူရဲ့စိတ်နှလုံးဖြူစင်တဲ့ ကောကောကို အတော်လေးကြောက်လန့်သွားစေနိုင်တယ်.. ဟရို့ !
မဟုတ်ဘူး! ဒါက သူလုံးဝမဖြစ်ရဘူး!သူက ဒီလိုလူမျိူးမဖြစ်နိုင်ဘူး!
ဒါက..မနက်စောစောနိုးလာပြီး သူဦးနှောက်က လုံလုံလောက်လောက် မနိုးထသေးလို့ပဲနေမယ်။သူနှလုံးသားကို ပြန်သုံးသပ်ဖို့ နေခင်းထိစောင့်ကြတာပေါ့။
ဝမ်မင်ယီသည် ထိုသို့တွေးပြီး စစ်ကျွင်းတောက်နှင့်အတူ မနက်စာစားရန်အောက်ထပ်သို့ ဆင်းလိုက်သည်။
မနက်စာစားပြီးနောက်တွင် စစ်ကျွင်းတောက်သည် ယာယီကိစ္စအချို့ဖြေရှင်းနေခဲ့ပြီး ဝမ်မင်ယီက သူ့ကိုယ်သူစပြီး ပြန်လည်သုံးသပ်လိုက်သည်—မင်းချစ်မိနေတာလား။
ဝမ်မင်ယီက သူကိုယ်သူ ပြန်မေးလိုက်ပြီး စိတ်ထဲတွင် တိတ်တိတ်လေး ခေါင်းညိတ်သည်။ သူအခုထိ စစ်ကျွင်းတောက် ချစ်မိနေတဲ့ပုံစံကို မမြင်ဖူးသေးဘူး။မြင်ချင်လိုက်တာ!
ဝမ်မင်ယီ သူ့ကိုယ်သူမေး၊သူ့ကိုယ်သူဖြေပြီးနောက်တွင် တိတ်ဆိတ်စွာ သူ့မျက်နှာကို အုပ်ထားမိသည်။သူတကယ်ကြီး စစ်ကျွင်းတောက်ကိုမှန်းနေခဲ့တာပဲ။ သူကတကယ်ကြီးကိုထင်သလောက် ဖြူစင်မနေခဲ့ဘူး!
ဝမ်မင်ယီသည်သင်ခန်းစာရကာ နေ့လယ်ခင်းတွင် နောက်တစ်ကြိမ်ထပ်သုံးသပ်ရန်ဆုံးဖြတ်ခဲ့သည်။
ဒါပေမဲ့ ပြန်မသုံးသပ်ခင်မှာ...
သူ စစ်ကျွင်းတောက်ဆီသို့အပြေးသွားလိုက်သည်။ သူ၏ခေါင်းလေးကို ကွန်ပျူတာမော်နီတာ၏နောက်မှ ပြူထွက်လိုက်ရင်းမေးလိုက်သည်။
"ဂိမ်းဆော့ချင်လား။ကောကျွန်တော်နဲ့ ဂိမ်းအတူမဆော့တာတောင် ကြာလှပြီ"
စစ်ကျွင်းတောက် ဖျက်ခနဲပော်လာသည့် မျက်နှာလေးကို ကြည့်လိုက်သည်။
" ဆော့ကြမယ်..ဆော့ကြမယ်လို့...နော်...နော်...နော်"
သူ မငြင်းဆန်နိုင်တော့ဘဲ မတ်တပ်ရပ်ကာစာကြည့်ခန်းထဲမှထွက်သွားရုံသာ ရှိတော့သည်။
ဝမ်မင်ယီ သူ့နောက်မှ ရွှင်မြူးစွာလိုက် သွားရင်း သူ၏နှလုံးသားသည် ကြည့်နူးမှုများဖြင့် ဖြတ်ဖြတ်ခါနေတော့သည်။
အကျိူးဆက်အနေဖြင့် နေ့လယ်ပိုင်းဂိမ်းကစားပြီးသည့်နောက်တွင် ဝမ်မင်ယီသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် စစ်ကျွင်းတောက်ကို
ကြည့်နေရင်း သူ စစ်ကျွင်းတောက်ကို ချစ်မိနေ တာ ဟုတ်မဟုတ်ကိုထပ်ပြီး ပြန်လည်စဉ်းစားသုံးသပ်နေပြန်၏။သံသယမရှိစွာပဲ သူ့နှလုံးသားက ပိုပြီးပြင်းပြင်းထန်ထန်ကို ခေါင်း ညိတ်ပြလာတယ်!
သူ့ကောကို ကြည့်စမ်း....အလုပ်လုပ်နိုင်တယ်၊ချက်ပြုတ်နိုင်တယ်၊သူနဲ့အတူတူဂိမ်းတောင်ဆော့နိုင်သေးတယ်။ ဒီလိုကောင်းတဲ့ အချက်တွေနဲ့ဆို သူ့အတွက်ပြီးပြည့်စုံတဲ့တွဲဖက်ပဲ!
ဝမ်မင်ယီ၏စိတ်ထဲရှိဗီလိန်ကောင်က သူ့အားလက်ပြန်ရိုက်လိုက်သည်။ ဝမ်မင်ယီ သင်ခန်းစာယူ၍ သူ၏ခေါင်းကို ဦးညွတ်လိုက်ပြီး ညနေခင်းမှဆက်သုံးသပ်ရန် ဆုံးဖြတ်လိုက်သည်။
၈:၃၀တွင် စုန့်ရှုဟန် အိမ်ပြန်ရောက်လာလေသည်။ ကျိစစ်ယောင်နှင့်ပါးပါးစစ်တို့က သူမ,မတိုင်ခင် ပြန်ရောက်နေခဲ့ပြီးဖြစ်သည်။ ဝမ်ဝေ့သည်ကား သူမ၏သူငယ်ချင်းများဖြင့်အပြင်ထွက်သွားခဲ့ပြီး ယခုထိပြန်မလာသေးချေ။ထို့ကြောင့် ဝမ်မင်ယီသည် စစ်,အိမ်တော်တွင်ပင်ဆက်နေလိုက်သည်။
စုန့်ရှုဟန် လက်ထဲတွင်အိတ်တစ်လုံးကိုသယ်လာခဲ့သည်။သူမ အိမ်စီးဖိနပ်ကိုလဲလိုက်ပြီး ဧည့်ခန်းရှိ စားပွဲဆီသို့လျှောက်လာကာ
လူတိုင်းအတွက်လက်ဆောင်များကို တစ်ယောက်ချင်းစီ၏ရှေ့တွင် တင်ပေးလိုက်သည်။
ကျိစစ်ယောင်က ပြုံးလိုက်သည်။
"ဘာလို့အန်တီတို့အတွက်ဒါတွေဝယ်လာရတာလဲ"
"သူတို့ကချစ်စရာကောင်းလို့ပါ"စုန့်ရှုဟန်က သူမကိုပြန်ဖြေလိုက်ကာ သူမ၏မျက်လုံးလေးများက ကွေးတက်သွားခဲ့သည်။
သူမသည် လီယွမ်ချင်းက ဝမ်မင်ယီကြိုက်သည်ဟုဆိုသည့် မုန့်များစွာကိုလည်းဝယ်ခဲ့သည်။သို့သော်လည်း ထိုမုန့်များကို ဝမ်မင်ယီ၏ရှေ့တွင် ချမထားမိရန် အလွန်ပင်သတိထားခဲ့ပြီး စားပွဲ၏အလယ်တွင်တင်ထားလိုက်သည်။
"လီယွမ်ချင်းက ကျွန်မကို ဒါတွေကအရသာရှိတယ်လို့ပြောပြီး ဝယ်ဖို့အကြံပေးခဲ့တာ။တကယ်လည်း မဆိုးဘူးရယ်။အဲ့ဒါကြောင့်
ပိုဝယ်လိုက်တာ"
ကျိစစ်ယောင် ထိုစကားများကို ကြားလိုက်သောအခါတွင် ဝမ်မင်ယီ နှင့်စစ်ကျွင်းတောက်တို့အား တစ်ချက်ကြည့်ကာမေးလိုက်သည်။
"အဲ့တော့..လီယွမ်ချင်းက ခုနသမီးကိုလိုက်ပို့တဲ့သူပေါ့"
"အင်း"စုန့်ရှုဟန်က ခေါင်းညိတ်သည်။
"သူက လူကောင်းတစ်ယောက်ပါ"
ကျိစစ်ယောင်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။သူမက အပြင်းအထန်ကြိုးစားခဲ့သော်လည်း သူမမိသားစုရှိကလေးနှစ်ယောက်က ထိုကိစ္စနှင့်ပတ်သတ်၍တစ်ခုမျှပင်မသိချေ။
မေ့လိုက်ပါတော့...။နွားတွေက မသောက်ချင်ဘူးဆိုရင် သူတို့ခေါင်းတွေကိုဆွဲနှစ်ထားတာက လုံးဝအသုံးဝင်မှာမဟုတ်ဘူး။သူတို့ဘာသူတို့ ခံစားချက်တွေရှိလာမှဖြစ်လာတဲ့ အခြေအနေကို
ခွင့်ပြုပေး လိုက်တာက ပိုကောင်းပါတယ်လေ...။(မေမေက နွားနဲ့ပါနှိုင်းပစ်လိုက်တာ အေးရော
)
စုန့်ရှုဟန် ပစ္စည်းများကို ဖယ်ထားလိုက်ပြီးသူတို့အားအရင်ဆုံး စားခွင့်ပေးလိုက်ကာ အပေါ်ထပ်သို့ အဝတ်အစားလဲရန်တက်သွားတော့သည်။
ကျိစစ်ယောင် သူမ၏သားနှင့်မွေးစားသားတို့ကို တစ်ချက်ကြည့်လိုက်ကာ သစ်အယ်သီးများကို အခွံနွှာရင်းပြောလိုက်သည်။
"ကောင်းပြီလေ..နောက်ဆုံးကျ မင်းတို့နှစ်ယောက်နဲ့တွေ့မဲ့သူကို ငါတွေ့ချင်စမ်းတယ်"
စစ်ကျွင်းတောက်က အေးအေးဆေးဆေးပင် ကြည့်လာသည်။
ဝမ်မင်ယီ ရုတ်တရတ် အပြစ်ရှိစိတ်ဖြစ်ပေါ်
လာရင်း သူ၏လက်များက မသိလိုက်ဘာသာဖြင့် အခွံနွှာထားသည့် သစ်အယ်သီးများကိုကောက်ယူလိုက်သည်။
သူနှင့်စစ်ကျွင်းတောက်တို့သည် ၉နာရီမတိုင်ခင် အပေါ်ထပ်သို့တက်သွားကြသည်။ သူတို့အထဲဝင်လာပြီးမကြာခင်မှာပင် ဝမ်မင်ယီက လိမ္မော်ရောင်
ကြောင်အသေးလေးတစ်ကောင်ဖြစ်ပြောင်းသွားလေသည်။
သူကြောင်ဖြစ်သွားသည်ကိုတွေ့လိုက်သည်နှင့် ဝမ်မင်ယီက ချက်ချင်းပင် သူ၏ရှေ့ခြေနှစ်ချောင်းကိုဆန်ထုတ်လိုက်ကာ ပွေ့ဖက်ခံချင်ကြောင်းပြသလိုက်သည်။
စစ်ကျွင်းတောက်လည်း ကိုယ်ကိုကိုင်းကာ သူ့ကို ပွေ့ဖက်လိုက်သည်။ ဝမ်မင်ယီသူ၏လက်မောင်းများကြားတွင် အချီခံထားရပြီးကြောင်မျက်လုံးလေးတစ်စုံက သူ့အား ခဏပြီးခဏခိုးကြည့်နေသည်။
"မင်းဘာလို့ ဒီနေ့ငါ့ကိုအမြဲတမ်းခိုးကြည့်နေတာလဲ"စစ်ကျွင်းတောက်ကသူ့ကိုမေးလိုက်သည်။
ဝမ်မင်ယီ၏ ကြောင်မျက်နှာက ပူလာသည်။ကံကောင်းထောက်မစွာဖြင့် ကြောင်တစ်ကောင်က မျက်နှာနီမှာမဟုတ်ခဲ့၊ မဟုတ်လျှင် ဤလိမ္မော်ရောင်ကြောင်လေးသည် မျက်နှာတစ်ခုလုံးနီရဲသွားမည်ဖြစ်သည်။
ဘာခိုးကြည့်တာလဲ!ထူးချွန်ကျောင်းသားတစ်ယောက်ကခိုးကြည့်တာကို ခိုးကြည့်တယ်လို့ခေါ်ရလို့လား!ဒါက လျိူ့ဝှက်စူးစမ်းလေ့လာခြင်းလို့ခေါ်တယ်!
စစ်ကျွင်းတောက်သည် အိပ်ရာပေါ်တွင်ထိုင်ကာ
သူ၏လက်လေးနှစ်ချောင်းကိုကိုင်ရင်း မေးလိုက်သည်။
"မင်းဘာဖြစ်နေတာလဲ... ။ဒီနေ့ငါ့ဆီမှာတစ်ခုခုဖြစ်နေလို့လား"
ဝမ်မင်ယီက သူ့ကိုပြုံးပြကာ သူ၏မျက်နှာကိုလျက်လိုက်ပြီး ချစ်စရာကောင်းစွာဖြင့် စစ်မေးမှုကိုကျော်ဖြတ်နိုင်ရန်ရည်ရွယ်လိုက်သည်။
စစ်ကျွင်းတောက် မူလက ပုံမှန်မေးခွန်းတစ်ခုကို မေးခဲ့သည်း သို့သော်လည်း သူ၏ပုံစံကိုမြင်သည်တွင် စစ်ကျွင်းတောက်သည် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုသေချာပေါက်ရှိနေသည်ကို သိလိုက်ရ၏။
သူက ဝမ်မင်ယီ ချစ်စရာကောင်းစွာ ပြုမူနေပြီး ပြောပြရန်ငြင်းဆန်နေသည်ကိုတွေ့နေရသည်။ မနေ့ညမှအဖြစ်ပျက်ကြောင့် စစ်ကျွင်းတောက်သူ့နှင့် ထပ်မံ၍ ဝေးဝေးနေမည်ကို စိတ်ပူနေပြီး၊
ထို့ကြောင့်ပင် သူအားခဏခဏခိုးကြည့်နေရခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။
"မပူပါနဲ့... ငါမင်းကိုကတိပေးတယ်...ငါမေ့မှာလည်းမဟုတ်သလို ငါ့ကိုယ်ငါ မင်းနဲ့ဝေးဝေးနေမှာလည်းမဟုတ်ပါဘူး"
လိမ္မော်ရောင်ကြောင်လေး ဝမ်မင်ယီက ခပ်မြန်မြန်ခေါင်းညိတ်ပြသည်။
ဒါပေါ့... ကောကိုယ်ကော ကျွန်တော်နဲ့ဝေးဝေးနေလို့မရဘူး။ငါတို့ချိန်းတွေ့သည်ဖြစ်စေ မချိန်းတွေ့သည်ဖြစ်စေ ကောကျွန်တော်ရဲ့အဝေးမှာမနေရဘူး!
ဒါပေမဲ့.. သူတို့မချိန်းတွေ့ဖြစ်ဘူးဆိုရင် အနှေးနဲ့အမြန်ဆိုသလို ခွဲရလိမ့်မယ်။သူတို့ချိန်းတွေ့ဖြစ်တယ်ဆိုရင်တော့ အနာဂါတ်မှာ သူတို့ကချစ်သူတွေဖြစ်ပြီးတော့ ခွဲစရာလည်းမလိုတော့ဘူးလေ!
ထို့ကြောင့် ညပိုင်းရှိ ဝမ်မင်ယီ၏ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မှုသည်လည်း ပြီးဆုံးသွားပြိဖြစ်သည်။ သူသည်စစ်ကျွင်းတော်ဆီမှ ခွဲခွာမသွားချင်ခဲ့။စစ်ကျွင်တောက်က စိတ်မသက်မသာဖြစ်တာကြောင့်ဆိုရင် သူကရော...သူကဘယ်တော့မှအဲ့ဒီလိုဖြစ်လာစေချင်မှာမဟုတ်ဘူး !
ဒါကဒီလိုပဲ...။ ဝမ်မင်ယီက အလျားလိုက်လဲချလိုက်သည်။ သူကတကယ်ကို သားရဲကောင်ကြီးပဲ!စစ်ကျွင်းတောက် အပေါ်မှာမရိုးမသားရည်ရွယ်ချက်တစ်ခု ရှိနေတယ်!
ယနေ့တွင် ဝမ်မင်ယီသည် နောက်ဆုံး၌နားလည်သွားခဲ့သည်—ဘယ်မြင်းဖြူကများမြင်းမဟုတ်လို့လဲ...။ဒီနေ့သူက မနေ့ကသူ ဆက်မဖြစ်နိုင်ပေ။ မနေ့ကသူသည် အဖြောင့်ဝမ်မင်ယီဖြစ်နေဆဲ
ဖြစ်သည်။ ယနေ့တွင်မူ သူသည် ခြင်ဆေးခွေဝမ်မင်ယီဖြစ်၏။
(T/N– ကွေးသွားပြီလို့ဆိုလိုတာ)
ဒါပေမဲ့ သူကအဲ့ဒါကို အရမ်းမြန်မြန် လက်ခံလိုက်တယ်..ဟုတ်တယ်ဟုတ်...ဒါက အရှင်းကြီးကိုပဲ သိပ္ပံနည်းမကျဘူး။ ဒါက အတုအယောင်ကွေးတာတစ်ခုများဖြစ်နေမလား။ pseudo-myopiaလိုမျိူးလေ..ကွေးတယ်ဒါပေမဲ့တကယ်မကွေးတာများလား..။
(T/N—pseudomyopiaက ယာယီအဝေးမှုန်တာပါ)
ဒါကြီးက ကြောက်စရာကောင်းတယ်!
ဒါပေမဲ့ ကိစ္စမရှိပါဘူး.. ။ဝမ်မင်ယီက တွေးလိုက်သည်။
ကြီးကျယ်တဲ့တော်လှန်ရေးခေါင်ဆောင်တစ်ဦးကပြောဖူးတယ်..အတွေ့အကြုံကအမှန်တရားကို စစ်ဆေးဖို့အတွက် တစ်ခုတည်းသောစံနှုန်းပဲတဲ့။သူအရင်ဆုံး စစ်ကျွင်းတောက်ကိုမပြောဘဲ သတိကြီးကြီး နဲ့ချဉ်းကပ်ကြည့်ရမယ်...
ဂရုစိုက်မှုတွေစိတ်ပူမှုတွေပြပြီး သူ့ကိုလိုက်ပိုးပန်းမယ်...စစ်ကျွင်းတောက်ကို ကောင်လေးတစ်ယောက်လိုချင်လားလို့မမေးခင်
သူတကယ်ကို စစ်ကျွင်းတောက်အပေါ်မှာ စိတ်ရင်းအမှန်ရှိတယ်၊သူစစ်ကျွင်းတောက်ရဲ့ကောင်လေးဖြစ်လာနိုင်တယ်တဲ့ အမှန်တရားကို အတည်ပြုပြီးတဲ့အထိစောင့်ရမယ်မလား..။သူဒီလို့မျိူးလုပ်ရမယ်!
ထိုအချက်ကဖြစ်နိုင်သည်ဟု ခံစားရသော်လည်း အမှန်တကယ်တမ်းတွင် သူသည် ယခုမတိုင်ခင်ဘယ်တုန်းကမျှလူတစ်ယောက်ကို မပိုးပန်းဖူးခဲ့။ သူဘယ်လိုမျိူး စ,သင့်လဲ...။
စာရေးသူမှာ ပြောစရာရှိပါတယ်။–
Gong နဲ့Shouတို့သည် သွေးသားတော်စပ်မှုမရှိပါ။အိမ်နီးချင်းကောကော၊အိမ်နီးချင်းတိတိသာဖြစ်ပြီး ကောကောတိတိလို့ခေါ်ခြင်းသည် ယဉ်ကျေးမှုအရသာဖြစ်၏။
မင်မင်:ငါပြန်သုံးသပ်ပြီးသွားပြီ!ငါက သားရဲတစ်ကောင်ပဲ။ငါ့ကောက ငါ့ကိုညီအစ်ကိုတစ်ယောက် လိုဆက်ဆံပေမဲ့...ငါ့မှာ သူ့အတွက် တဏှာကြူးတဲ့ နှလုံးသားတစ်ခုရှိနေတယ်!
မင်မင်:ဒါပေမဲ့ ငါမရှက်ဘူး...
ကောကော:ဒါဆိုမင်းဘာလုပ်မှာလဲ။
ကောကော:စောင့်မျှော်ပြီးကြည့်နေမယ်~~