အပိုင်း ၇၃
Viewers 12k

ဝမ်မင်ယီ ထိုအကြောင်းကို တစ်ညလုံးစဉ်းစားနေခဲ့သည်။မနက်ခင်းသူနိုးလာသောအချိန်တွင်ပင် သူစဉ်းစားနေဆဲဖြစ်သည်။
သို့သော်သူ နည်းလမ်းလေးတစ်ခုတောင်မစဉ်းစားနိုင်ခဲ့။ထို့ကြောင့်သူသိသလိုသာလိုက်ပိုးရန် ဆုံးဖြတ်လိုက်တော့သည်။
ဥပမာအားဖြင့်—သူ့ကိုဂရုစိုက်ပေးခြင်း။
ဝမ်မင်ယီ စားပွဲပေါ်ရှိမနက်စာကိုကြည့်ကာ တူများကို ကောက်ကိုင်လိုက်ပြီး အီကြာကွေးချောင်းအငယ်လေးများကို ညှပ်ကာ သူ့ပန်းကန်ထဲမှယူပြီး စစ်ကျွင်းတောက်ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
.
စစ်ကျွင်းတောက်က မော့ကြည့်လာသည်။
ဝမ်မင်ယီက သူ့ကိုအပြုံးတစ်ပွင့်ပေးလိုက်သည်။
အခြားပေါင်မုန့်တစ်လုံးကိုပါ ထပ်ယူပေးလိုက်ပြီး ခဏမျှစဉ်းစားနေပြီးနောက် သူ့ပန်းကန်ထဲမှ လက်ဖက်ကြက်ဥတစ်လုံးကို စစ်ကျွင်းတောက် အတွက်အခွံခွာပေးလိုက်သည်။
"ကောအတွက်"
စစ်ကျွင်းတောက်သည် သူ့လက်ထဲရှိ လက်ဖက်ကြက်ဥကိုကြည့်လိုက်သည်။ သူကလှမ်းယူပြီး
အနည်းငယ်ရှုပ်ထွေးသွားကာ မေးလိုက်သည်။
"မင်းဘာဖြစ်နေတာလဲ "
"ကောကို ဂရုစိုက်ပြ နေတာလေ..အာ"
စစ်ကျွင်းတောက် သည် သူ့ပန်းကန်ထဲရှိ မနက်စာကိုတစ်ချက်ကြည့်လိုက်သည်။
"မင်းမကုန် လို့လား...အကုန်လုံးကို ဒီထဲလာထည့်နေတာက"
ဝမ်မင်ယီ: "...."
သူကအထင်မှားခံနေရတယ်!ဒါ စစ်ကျွင်းတောက်သူ့အပေါ်ထားတဲ့အမြင် လား။ စမှတ်တောင်မကျော်ရသေးဘဲ ရှုံးနိမ့်တော့မယ်!
"ဒါဆို မစားနဲ့!" ဝမ်မင်ယီကလက်ဖက်ကြက်ဥကို ပြန်ယူရန် လက်လှမ်းလိုက်သည်။
စစ်ကျွင်းတောက်က ရှောင်လိုက်သည်။"ထားပါ။ငါမင်းကို ကူစားပေးမယ်"
" ကျွန်တော်ကောကို တကယ်ဂရုစိုက်လို့ပေးတာနော်!"
ဝမ်မင်ယီကအထူးအလေးပေးပြီးပြောလိုက်သည်။
"ငါသိပြီ "စစ်ကျွင်းတောက်က ကျေကျေနပ်နပ်ပင် သဘောတူလိုက်၏။
"ငါနားလည်တယ်။ မင်းငါ့ကိုဂရုစိုက်ပေးတာ...ငါ့အတွက်စဉ်းစားပေးနေတာ"
သောက်အီးကိုသိ!
ဝမ်မင်ယီက ဒေါသထွက်နေသည်။ သူသည် သူ့လက်ထဲရှိ ပေါင်မုန့်ကိုကိုက်ပစ်လိုက်သည်။
ဤအစီအစဉ်ကျရှုံးသွားသောအခါ ဝမ်မင်ယီဆီတွင် အခြားတစ်ခုရှိလာ၏။မနက်စာစားပြီးနောက်တွင် စစ်ကျွင်းတောက်သည် ပန်းကန်များကိုကောက်ယူပြိး မီးဖိုးချောင်ထဲသို့သွားဆေးတော့မည့်အချိန်တွင် ဝမ်မင်ယီက ချက်ချင်းပင် ကမ်းလှမ်းလိုက်သည်။
"ကျွန်တော်ကူပေးမယ်"
စစ်ကျွင်းတောက်သည် သူ့ဒီနေ့တစ်ခုခုဖြစ်နေသည်ကို ခံစားမိသည်။"မင်းမလုပ်သင့်တာတစ်ခုခုများ လုပ်ခဲ့တာလား"
"မလုပ်ပါဘူး"ဝမ်မင်ယီက ရူးချင်ယောင်ဆောင်နေသည်။"ကော...ဘာလို့အဲ့လိုပြောတာလဲ"
"မဟုတ်ရင်...မင်းဘာလို့ ငါ့ကိုပန်းကန်ကူဆေးပေးမယ်ဆိုတာမျိူးပြောမှာလဲ။ငယ်ငယ်ကတည်းကနေ အခုထိ...မင်းမီးဖိုချောင်ထဲဝင်တဲ့ အကြိမ်ရေ
နည်းနည်းလေးကလည်း အကုန်လုံးစားဖို့ချည်းပဲလေ...တခြားမှထပ်မရှိပဲ"
ဝမ်မင်ယီ သူ့ကိုယ်သူပြန်စဉ်းစားလိုက်ပြီးနောက် ဖြောင့်မတ်မှန်ကန်သည့်ဟန်ဖြင့် အကြောင်းပြချက်ပြန် ပေးလိုက်သည်။
"အဲ့ဒါကဘာလို့လဲဆိုတော့ ကောကမှကျွန်တော့်ကို ဓားကိုင်ခွင့်မပေးတာ။ကျွန်တော် ငယ်ငယ်တုန်းက
ကောအတွက်ချက်ပြုတ်ပေးချင်ပေမဲ့ ကောကလုံးဝကိုသဘောမတူခဲ့ဘူးလေ"
"ငါသဘောတူချင်ပါတယ်။ဒါပေမဲ့ မင်းစလုပ်တာနဲ့ မင်းကိုယ်မင်း လက်ကိုဓားနဲ့လှီးမိသွားတယ်လေ။ငါသဘောတူနိုင်ဦးပါ့မလား"
"ချက်ပြုတ်တယ်ဆိုတာဒီလိုပဲ မဟုတ်ဘူးလား...
ဘယ်သူကများ ပထမဆုံးအကြိမ် ချက်ပြုတ်တဲ့အခါ မခိုက်မိဖူးလို့လဲ"
"ငါလေ"စစ်ကျွင်းတောက်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။
(ခြီ)
ဝမ်မင်ယီက မကျေမနပ်သွားသည်။
"အရာရာတိုင်းကို ကောကိုယ်ကောနဲ့ အမြဲတမ်းနှိုင်းယှဉ်မနေနဲ့။တကယ်တမ်းကျ ကောကသာမန်လူအုပ်စုထဲမှာလည်း မပါဘဲနဲ့ "
သူက လျှောက်လာပြီး ပန်းကန်တစ်ချပ်ကိုကောက်ကိုင်ကာ ဆပ်ပြာပွတ်၍ ပန်းကန်းစဆေး
တော့သည်။
စစ်ကျွင်းတောက်သည် သူ၏လက်လှုပ်ရှားမှုကို ကြည့်ပြီး သူ၏မျက်လုံးများတွင် သံသယများဖြင့်ပြည့်နှက်လာသည်။
"မင်းတကယ်ကို မလုပ်သင့်တာတစ်ခုခုကို မလုပ်ခဲ့ဘူးလား။ငါ့ကို ရိုးရိုးသားသား ပြောပါ....ငါစိတ်မဆိုးဘူး"
"မလုပ်ပါဘူးဆိုနေ !"ဝမ်မင်ယီကသူ့ကိုယ်သူ ဂုဏ်ဆာသွားသည်။
စစ်ကျွင်းတောက်သည် သူ့စိတ်ကိုပြောင်းလိုက်၏။
"ဒါဆို...ငါဆီကအကူအညီများလိုနေတာလား"
"မလိုဘူး"
"တကယ်ကြီးလား"
ဝမ်မင်ယီ စစ်ကျွင်းတောက်ခေါင်းကို သူ့လက်ထဲရှိပန်းကန်ဖြင့် ခေါက်ပစ်ဖို့မစောင့်နိုင်တော့ချေ။
"ကျွန်တော်က ကောကို ဂရုစိုက်ပေးရုံတင်..
တခြားဘာမှမရှိဘူး"
"အဲ့လိုလား"
"မဟုတ်ရင်...တခြားဘာလုပ်ရမှာလဲ"
"မင်းကငါ့ကို ပန်းကန်ကူဆေးပြီးသွားပြီလေ ။မင်းစိတ်ထဲမှာတကယ်ကို တစ်ခုမှမရှိဘူးလား"
ရှိရင်တောင် ကောကိုမပြောပြဘူး! ဝမ်မင်ယီက သူ၏သွားများကြိတ်လိုက်သည်။
"ကောကအရမ်း စိတ်ညစ်ဖို့ကောင်းတယ်"
စစ်ကျွင်းတောက်က သက်ပြင်းချလိုက်သည်။
"မင်းငါ့ကို ပြောပြချင်ရင် အချိန်မရွေးရှာလို့ရတယ်နော်။ မာနကြီးနေစရာမလိုဘူး"
"မဖြစ်နိုင်ဘူး ။ဘာတစ်ခုမှဖြစ်မနေဘူး။ကောရဲ့ စိတ်ကူးတွေကို ရပ်လိုက်တော့"
စစ်ကျွင်းတောက်က ပြုးလိုက်သည်၊သူ သူကို့လုံးဝမယုံပေ။
ဝမ်မင်ယီသည် သူနှင့်အတူ ပန်းကန်ပြီးအောင် ကူဆေးရန်အပြေးအလွှားလုပ်ပြီးနောက် မိးဖိုချောင်သန့်ရှင်းရေးကိုလည်း ကူလုပ်ပေးလိုက်ပြီးမေးသည်။"ဒါပြီးရင် ကောဘာလုပ်မှာလဲ"
"မင်းဘာလုပ်ချင်လဲ "
ဝမ်မင်ယီက ခဏမျှစဉ်းစားနေပြီးနောက် သူ၏မျက်လုံးလေး များက တောက်ပလာသည်။
"ရုပ်ရှင် သွားကြည့် ရအောင်...ကျွန်တော်ဒကာခံမယ်။ကောရဲ့ သူငယ်ချင်းဟောင်းဖွင့်ထားတဲ့ ကိုယ်ပိုင်ပြဇာတ်ရုံ ကိုကျွန်တော်တို့ သွားလို့ရတယ်လေ"
"အိမ်မှာပဲကြည့်လို့မရဘူးလား"
စစ်ကျွင်းတောက်က သူ့ကို မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါတို့အပြင်ထွက်နေရဦးမယ်လေ။ ဒီအချိန် သူကဖွင့်လားမဖွင့်လားလည်းမသိ"
"ဒါဆို ရုပ်ရှင်ရုံသွားကြစို့။ ကျွန်တော်ဒီနေရာကို ရှင်းလ်ိုက်မယ်။ ကျွန်တော်တို့ နောက်ကျမှဝင်ပြီး
စောစောထွက်လာလို့ရတာပဲ"
စစ်ကျွင်းတောက် ထူးဆန်းသည်ဟုတွေးမိသည်။
"ဘာလို့ ရုတ်တရတ်ကြီး ရုပ်ရှင်ကြည့်ချင်ရတာလဲ။ဘယ်ကားကိုကြည့်ချင်တာလဲ"
ဝမ်မင်ယီကပြန်ပြောလိုက်သည်။"ကောကြည့်ချင်တဲ့ဘာပဲဖြစ်ဖြစ်...ကျွန်တော်ဒကာခံမယ်။"
"ခုနောက်ပိုင်း ကြည့်ချင်တာတစ်ခုမှမရှိဘူး..."
"ဒါဆို ကောကဘာလုပ်ချင်တာလဲ"
စစ်ကျွင်းတောက်သည် သူ၏လက်များကို ပိုက်လိုက်သည်။"မင်မင်...အဲဒီအစား ဒီနေ့ မင်းဘာလုပ်ချင်တာလဲဆိုတာကို ဘာလို့မပြောရမှာလဲ။
မင်းက ငါ့ကို ပန်းကန်တွေလည်းကူဆေးတယ်..
ပြီးတော့ ရုပ်ရှင်ကြည့်ဖို့လည်းခေါ်လိုက်သေးတယ်။ မင်းဘာလုပ်ချင်နေတာလဲ"
"ကျွန်တော်က ကောကိုဂရုစိုက်ကြောင်း ပြနေတာလေ"ဝမ်မင်ယီက မျက်တောင်များကို ပုတ်ခက်ပုတ်ခတ်လုပ်ပြသည်။
"ကောအတွက် ကျွန်တော်ရဲ့အထူးသီးသန့်ဂရုစိုက်မှုကိုပြသနေတာ"
စစ်ကျွင်းတောက်သည် သူ၏တိတိသည် စိတ်ထဲတွင် လျှို့ ဝှက်ချက်အနည်းငယ်ကို ဖုံးကွယ်ထားကြောင်း ခံစားမိလိုက်သည်။
"အိုခေ...ရုပ်ရှင် သွားကြည့်ကြစို့။သွားပြီး ဆေးကြောချေ"
ဝမ်မင်ယီက အမြန်ပင်ခေါင်းညိတ်ပြီး အမြန်ပင် သူ့အခန်းဆီသို့ပြန်ပြေးသွားသည်။ စစ်ကျွင်းတောက်သည် လီယွမ်ချင်းကို ဖုန်းခေါ်ရန်အခွင့်ကောင်းယူ လိုက်၏။
လီယွမ်ချင်းသည် လောလောဆယ်တွင် စုန့်ရှုဟန် နှင့်အတူ တောင်တက်နေလေသည်။ စုန့်ရှုဟန်သည် သေးသွယ်ပြီး မိန်းကလေးဆန်ပုံပေါ်သော်လည် သူမသည်တောင်ကို အတော်လေးမြန်မြန်တတ်နိုင်သည့်အပြင် သူ့မကိုယ်သူမ ဆယ်လ်ဖီဆွဲရန် အချိန်ပိုပင်ရအောင်ယူနိုင်သေးသည်။
သူသည်စုန့်ရှုဟန် နောက်တစ်ကြိမ်ဆယ်လ်ဖီဆွဲချိန်တွင် ယုန်နားရွက်လေးတစ်စုံကိုခိုးရိုက်ရန် စီစဉ်နေချိန်တွင် ဖုန်းမြည်သံကိုကြားလိုက်ရသည်။
လီယွမ်ချင်း စစ်ကျွင်းတောက်ဆီမှဖြစ်ကြောင်းတွေ့လိုက်သည်။
ဒုက္ခတော့ရောက်ပြီ။
ဝမ်မင်ယီဘာလုပ်လိုက်တာလဲ..။ဘာလို့စစ်ကျွင်းတောက်က အခုသူ့ကိုဖုန်းခေါ်တာလဲ။ဝမ်မင်ယီ
ကသူ့ဘာသူလုပ်ရုံတင်မကဘူး သူ့ကိုပါဖော်လိုက်တာလား။
ဝမ်မင်ယီ... မင်းကသစ္စာဖောက်ပဲ!
လီယွမ်ချင်းသည် စုန့်ရှုဟန်ကို သူဖုန်းတစ်ခုဖြေ
ဆိုဖို့လိုကြောင်းပြောပြီး ခြေလှမ်းအနည်းငယ်လှမ်းကာ ဖုန်းကိုင်လိုက်သည်။
"ရွှယ်ကျန်း"
"ဝမ်မင်ယီ အခုတလော အပြင်မှာပြဿနာတစ်ခုခုများတွေ့သေးလား"
လီယွမ်ချင်း: "..."
"မရှိပါဘူး။ သူကအမြဲတမ်း ခင်ဗျားနဲ့အတူတူရှိနေတာမဟုတ်ဘူးလား"
"ဒါဆို.. သူ့မှာခုနောက်ပိုင်း ငါ့ဆီကအကူအညီလိုနေတာ တစ်ခုခုများရှိလား"
"ခင်ဗျားက ကျွန်တော့်ထက်ပိုသိရမှာမဟုတ်ဘူးလား"
စစ်ကျွင်းတောက်ကအံ့ဩသွားသည်။
"သူမင်းကိုရော အဲဒီအကြောင်းမပြောပြဘူးလား"
"ဘာဖြစ်လို့လဲ "လီယွမ်ချင်းကမေးလိုက်သည်။
"ဘာထူးလို့လဲ "
"ဘာမှမဟုတ်ပါဘူး ...မင်မင်ကဒီနေ့အတော်လေးထူးဆန်းနေလို့"
"ဘာလို့အတော်လေးထူးဆန်းတာလဲ"
"ဘာမှမဟုတ်ဘူး ။မင်းမသိဘူးဆိုရင်လည်း ထားလိုက်ပါ... မင်မင်ကိုဒီအကြောင်းသွားမပြောနဲ့"
"...ဟုတ်ကဲ့ပါ "
လီယွမ်ချင်းသည်ဖုန်းချလိုက်ပြီး ဝမ်မင်ယီက ဘာသွားလုပ်လိုက်တာလဲဆိုပြီးတွေးနေမိသည်။ ဘာလို့စစ်ကျွင်းတောက်က သူအပြင်မှာဒုက္ခရောက်နေတယ်လို့တွေးတာလဲ။ သေစမ်း!ဝမ်မင်ယီကတစ်ခုခုကို သိသွားတယ်လို့တော့ သူ့ကိုမပြောနဲ့....အိမ်ပြန်ပြေးပြီး စစ်ကျွင်းတောက်ကိုရှောင်လိုက်လို့များ စစ်ကျွင်းတောက်က သူဒုက္ခတွေ့နေတယ်လို့ထင်တာလား..!
လီယွမ်ချင်းသည် ဤသည်က တကယ်ကို ဖြစ်နိုင်သည်ဟုခံစားရသည်။ ဝမ်မင်ယီမလုပ်နိုင်တာ
ဘာမှမရှိဘူး!
သူက ဝမ်မင်ယီကို ဖုန်းခေါ်ပြီးမေးလိုက်သည်။
"မင်းအခုဘယ်မှာလဲ"
ဝမ်မင်ယီသည် သူ့အတွက်သူ အဝတ်အစားရွေးနေရင်း ဖုန်းဖြေလိုက်သည်။"ငါ့ကောရဲ့ အိမ်မှာလေ"
"ထွက်မပြေးဘူးလား.."
"ဘာကို ထွက်ပြေးရမှာ...ငါမဟုတ်တာ ဘာတစ်ခုမှလုပ်မထားဘူးနော်"
"ဒါဆိုမင်းဒီနေ့ဘာလုပ်ထားသေးလဲ"
"ငါ့မှာအခုထိ တစ်ခုခုလုပ်ဖို့ အချိန်တောင်မရှိဘူးဟေး"
"မင်းပြောပုံအရဆိုရင် မင်းတကယ်ပဲ ဘာလုပ်ဖို့စီစဉ်နေတာလဲ"
ဝမ်မင်ယီ :"ဟီး..ဟီး..ဟီး"
"ဟီးဟီးဟီးလုပ်မနေနဲ့။ မင်းဘာလုပ်ဖို့ကြံနေတာလဲ"
"ဘာမှမလုပ်ပါဘူး..အာ"
"ဝမ်မင်ယီ ! "လီယွမ်ချင်းက စူးစူးရှရှအော်လိုက်၏။
"တကယ် ဘာမှမလုပ်ဘူး။ ရုပ်ရှင်သွားကြည့်ရုံတင်"
"ဒါပဲလား"လီယွမ်ချင်းက သံသယဖြစ်နေသည်။
ဝမ်မင်ယီက သူ၏ခေါင်းကို ညိတ်လိုက်သည်။ သူကတခြားဘာလုပ်ရမှာလဲ။သူက အတွင်းစိတ်ထဲမှာ သားရဲတစ်ကောင်ဆိုပေမဲ့ အပေါ်ယံမှာတော့ အရမ်းကိုရိုးရှင်းနေတုန်းပါနော်။ သူရဲ့အပြစ်ကင်းစင်မှုလေးကို ထိန်းထားရမယ်။
"ငါဖုန်းချလိုက်တော့မယ်။ မင်းဟန်ဟန်နဲ့လည်လိုက်ဦး...ဘိုင့်ဘိုင်"
လီယွမ်ချင်းက ဖုန်းကိုစိုက်ကြည့်လိုက်သည်။ဆိုတော့..လက်ရှိအခြေအနေကဘာလဲ။ ဝမ်မင်ယီက
ခုထိ ဘာတစ်ခုမှမလုပ်ရသေးဘဲနဲ့ ဘာလို့စစ်ကျွင်းတောက်က အဲ့လိုထင်နေတာလဲ။ ဝမ်မင်ယီ
တစ်ချိူ့အချက်တွေကိုဖုံးကွယ်ထားတာပဲဖြစ်ရမယ်။ ထားလိုက်ပါတော့... ။ည သူအိမ်ပြန်ရောက်မှ ထပ်မေးကြည့်လိုက်မယ်။
လီယွမ်ချင်းသည် သူ၏ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။ စုန့်ရှုဟန်က သူ့ကိုမြင်သည်တွင် ဖုန်းကိုသိမ်းလိုက်ပြီး သူ့ဘေးသို့လျှောက် လာသည်။"ဖုန်းပြောလို့ပြီးပြီလား"
"အင်း..ရွယ်ကျန်း....စစ်ကျွင်းတောက် ဆီကလေ။ငါတို့က အထက်တန်းကျောင်းတစ်ခုတည်းကလေ။အဲဒါကြောင့် ငါသူ့ကို ရွှယ်ကျန်းလို့ခေါ်တာ။
သူကငါ့ကို မင်းကိုအပြင်မှာလည်ပတ်ဖို့ လိုက်ပို့ပေးစေချင်ပြီးတော့ မင်းဘေးကင်းတယ်ဆိုတာကို သေချာအောင်လုပ်ချင် တာလေ"
စုန့်ရှုဟန်သည် စစ်ကျွင်းတောက်က ထိုအကြောင်းကို လီယွမ်ချင်းဆီသို့ အထူးတလည် လှမ်းပြောမည်ဟု မမျှော်လင်ထားခဲ့ချေ။ တကယ်တမ်းကျ သွေးအေးပုံရပေမဲ့ နွေးထွေးတဲ့နှလုံးသားတစ်ခုရှိတာပဲ။ သူမသည် ခေါင်းကိုအပြင်းအထန်းညိတ်ပြလိုက်သည်။"အိုး..."
"ပြီးရင် ဆက်သွားကြရအောင်။ အခုလေးတင် ရှင်ဖုန်းမချရသေးတော့ ကျွန်မကဒီနားလာဖို့အတွက် အတော်လေးအားနာနေတာ"
ထိုမှသာ လီယွမ်ချင်းသည် သူမ၏ "ရှင်ဖုန်းပြောပြီးပြီ"ဟူသော စကားစုက ဘာကိုဆိုလိုသည်ကို ယခုလေးတွင်ပင် နားလည်သွားခဲ့သည်။ စုန့်ရှုဟန် လှေကားထစ်များအောက်တွင် မတ်တပ်ရပ်နေသည်မှာ ဆယ်လ်ဖီဆွဲမပြီးသေး၍မဟုတ်ပါဘဲ သူဖုန်းပြောပြီးသည်အထိစောင့်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူမဆီမှ အနည်းငယ်ဝေးသောနေရာသို့ အထူးတလည် လျှောက်သွားခဲ့သဖြင့် သူမသည်
သူဖုန်းပြောသည်ကို နားထောင်၍မရဟုထင်သွားခဲ့သည်။ ထို့ကြောင့် သူဖုန်းသိမ်းလိုက်သည်ကိုမမြင်မချင်း မလာခဲ့ခြင်းဖြစ်သည်။
သူမက..တကယ်ကို စဉ်းစားပေးတတ်တာပဲ။
"သွားကြစို့"လီယွမ်ချင်းက ပြောလိုက်သည်။
စုန့်ရှုဟန်က ပျော်ရွှင်စွာဖြင့်ခေါင်းညိတ်လိုက်ပြီး
သူကိုမေးဖို့လည်း မမေ့ခဲ့။
"ရှင်အခုလေးတင် ပြောပြနေတဲ့ သမိုင်းကြောင်းက မပြီးသေးဘူးလေ။အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်လဲ။ ဆက်ပြောပါဦး...အာ"
လီယွမ်ချင်းလည်း ရွေးချယ်စရာမရှိပဲ သမိုင်းအဖြစ်အပျက်တွေကိုဆက်ပြောလိုက်ရ၏။
စုန့်ရှုဟန်တစ်ယောက် သူ့ကိုမေးခွန်းများမေးရန် ဆက်တိုက်ခေါ်နေတော့သည်။ အဖြေများရလာသောအခါတွင် သူမစိတ်ထဲတွင် သက်ပြင်းမချဘဲမနေနိုင်ခဲ့။ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ မျှော်လင့်ထားသလိုပဲ သူမထက်အများကြီးကိုပိုသိတာပဲ။
ဝမ်မင်ယီက သူ၏အဝတ်အစားများကို လဲလိုက်ပြီး နေကာမျက်မှန်တစ်လက်၊ဦးထုတ်တစ်လုံးနှင့်ပုဝါတို့ ကိုဝတ်ကာ အပြင်ထွက်လိုက်သည်။
စစ်ကျွင်းတောက်သည် ဧည့်ခန်းတွင်ထိုင်ကာသူ့ကိုစောင့်နေပြီးသားဖြစ်နေ၏။ သူဆင်းလာသည်ကိုမြင်သည်တွင်မတ်တပ်ထရပ်ကာ ကားဂိုထောင်ဆီသို့အတူသွားကြသည်။
နှစ်ယောက်သား ကားထဲသို့အတူတူဝင်လိုက်ကြ၏။ ဝမ်မင်ယီသည် လမ်းတစ်လျှောက် အချိန်အားသည်ကို အခွင့်ကောင်းယူကာ သူ၏ဖုန်းကို ထုတ်ယူလိုက်ပြီး နောက်ဆုံးထွက်ရုပ်ရှင်များကိုရှာကြည့်နေသည်။ သူသည် ဟင်းလျာနာမည်များဖတ်နေသလို နာမည်များကိုဖတ်ပြနေသည်။"ဘယ်ဟာကိုကြည့်ကြမလဲ"
"ဘာပဲဖြစ်ဖြစ်.. မင်းရွေးလိုက်လို့ရတယ်"
"ဒါဆို.. အချစ်ကားတစ်ခုကြည့်ရအောင်"ဝမ်မင်ယီက ပြန်ဖြေပြီး သူ့အားတစ်ချက်ခိုးကြည့်လိုက် သည်။
စစ်ကျွင်းတောက်၏ အမူအရာကား မပြောင်းမလဲပေ–စိတ်မဝင်စားသည်မျက်နှာဖြင့်ပင်။
"အိုခေ"
ဝမ်မင်ယီက တိတ်တိတ်လေး ပြုံးလိုက်သည်။ မျှော်လင့်ထားသလိုပဲ သူ့ကောက သူရဲ့အရိပ်အမြွက်တွေကိုလုံးဝမမြင်နိုင်လောက်အောင် ဖြူစင်လွန်းတယ်!
သူသည် ထိုအကြောင်းကို မကျေမနပ်တွေးရင်းလက်မှတ်တစ်စောင်ဝယ်လိုက်သည်။ ကုန်တိုက်သို့ရောက်လာပြီးနောက်တွင် ရုပ်ရုင်ရုံရှိသည့်နေရာတွင် သူသည် ကားထဲတွင်နေ၍ စစ်ကျွင်းတောက်နှင့်အတူ ရုပ်ရှင်မစမီတွင် စောင့်နေခဲ့၏။
စစ်ကျွင်းတောက်သည် ဝမ်မင်ယီ ၏နောက်မှ ရုပ်ရှင်ရုံခန်းမအတွင်းသို့လိုက်သွားရာတွင် ဝမ်မင်ယီသည် အမှန်တကယ် စုံတွဲအခန်းတစ်ခု ဝယ်ခဲ့သည်ကိုတွေ့လိုက်ကာ အံအားသင့်သွားခဲ့သည်။
စစ်ကျွင်းတောက် ဝမ်မင်ယီကို မျက်လုံးများကိုမှေးစင်းကာကြည့်လိုက်သည်။
ဝမ်မင်ယီက အပြစ်ကင်းသည့်ဟန်ဖြင့် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြသည်။
"ထိုင်ခုံတွေက သက်တောင့်သက်သာရှိတယ်"
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက်၏နှလုံးသားသည် အနည်းငယ်ရှုပ်ထွေးနေခဲ့ပြီး သူ၏စိတ်အခြေအနေကား အထိအခိုက်မခံဖြစ်နေ၏။
သူသည်တည်ငြိမ်စွာပင် ဝမ်မင်ယီ၏ဘေးတွင်
ဝင်ထိုင်လိုက်သည်။ ဝမ်မင်ယီက သူ့အားတိတ်တိတ်လေး တစ်ချက်ကြည့်လိုက်ကာ သူ၏အမူအရာသည် မပြောင်းမလဲရှိ နေဆဲဖြစ်သည်ကိုတွေ့လိုက်သဖြင့် တိတ်ဆိတ်စွာပင် အနားတိုးလာပြီး သူနှင့်ပိုပြီး နီးနီးကပ်ကပ်ထိုင်လိုက်သည်ကို မြင်လိုက်ရသည်။
စစ်ကျွင်းတောက်:. ...
ထို့နောက်ဝမ်မင်ယီက ပေါက်ပေါက်ဘူးကိုကိုင်ပြီး သူ့ကိုမေးလာသည်ကိုတွေ့လိုက်ရသည်။
"ကော စားချင်လား "
"မလိုဘူး"
ဝမ်မင်ယီ သည်"အိုး.."ဟုလုပ်လိုက်ကာ ရုပ်ရှင်ကြည့်ရင်း ပေါက်ပေါက်စပြီးစားနေ သည်။
ရုပ်ရှင် စပြီးဆယ်မိနစ်အကြာတွင် ဝမ်မင်ယီသည် သူက ရုပ်ရှင်ရုံသို့ ရုပ်ရှင်လာကြည့်တာမဟုတ်ဘဲ စစ်ကျွင်းတောက်နှင့်ပိုပြီး နီးစပ်ရန်ဖြစ်ကြောင်းကိုအမှတ်ရသွားသည်။
မနက်ခင်းတုန်းက ပြခဲ့တဲ့ဂရုစိုက်မှုက သိသိသာသာက်ိုသက်ရောက်မှုမရှိခဲ့။ထို့ကြောင့် သူသည် သူနှင့်နီးစပ်ရန် ဒုတိယနည်းလမ်းတစ်ခုကို အသုံးချရမည်ဖြစ်သည်။ ဒါတောင် သူမေ့လုမတတ်ပဲ!ဘယ်လိုအမှားလဲဟ! သူကဒီလိုမျိူး အတွေ့အကြုံမရှိတဲ့ ကစားသူတစ်ယောက်ပဲ!
ထို့ကြောင့် ဝမ်မင်ယီက ပေါက်ပေါက်ကို ယူလိုက်ပြီး လက်မြှောက်ကာ စစ်ကျွင်းတောက်၏နှုတ်ခမ်းနားသို့တေ့၍ကျွေးလိုက်သည်။
စစ်ကျွင်းတောက်:...
"ပါးစပ်ဟ..ကျွန်တော် ကောကိုကျွေးမလို့"
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက်သည် တိတ်ဆိတ်စွာပင် သူ့လက်ထဲမှ ပေါက်ပေါက်ကို ယူလိုက်သည်။
"ငါ့ဘာငါစားမယ်"
(ခွီ..အတွေ့အကြုံမရှိတဲ့သူနဲ့မရိုတတ်တဲ့သူတွေ့ ကြပြီ)
ဒါကြီးက လုံးဝကိုဂေးတစ်ယောက်လိုဟုတ်မနေဘူး!ဝမ်မင်ယီက လေးလေးနက်နက်စဉ်းစားလိုက်သည်။ သူ့ကောက အဖြောင့်ယောကျာ်း ဖြစ်လွန်းလို့ လွန်နေပြီ! ဒီစတီးလိုမျိူးဖြောင့်နေမှုမျိူးကတော့!
ဝမ်မင်ယီသည် ပေါက်ပေါက်အနည်းငယ်ထပ်ယူလိုက်ပြီး သူ့အားနောက်တစ်ကြိမ်ထပ်ကျွေးလိုက်သည်။
သူမစားမချင်း ဝမ်မင်ယီက လက်လျော့မည်မဟုတ်သည်ကိုတွေ့ လိုက်သည်တွင် စစ်ကျွင်းတောက်သည် သူ၏ပါးစပ်ကိုဟကာ ဝမ်မင်ယီကျွေးခြင်းကို လက်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူသည် ဤကျောင်းသားလေးအားသတိပေးလိုက်၏။
"ရုပ်ရှင်ကောင်းကောင်းကြည့်"
ဝမ်မင်ယီ: ...
ဝမ်မင်ယီက သူသည် Baiduတွင် အဖြောင့်ယောကျာ်းတစ်ယောက်ကိုဘယ်လို ပိုးပန်းရမလဲဟုရှာကြည့်သင့်သည်ဟုတွေးမိသည်။အထူးသဖြင့် လေထုအခြေအနေကိုမဖတ်တတ်တဲ့လူမျိူးကိုပေါ့။
(T/N—Baiduက Google လိုမျိူးရှာဖွေရေးဝက်ဘ်ဆိုဒ်ပါ)
သူသည် ခါးသီးစွာဖြင့် ပေါက်ပေါက်လက်တစ်ဆုပ်ကိုစားလိုက်သည်။ ထို့နောက် သူတစ်စုံတစ်ခုစဉ်းစားမိသွားကာ စစ်ကျွင်းတောက်ကိုပြောလိုက်သည်။"ကျွန်တော် အိပ်ချင်လာပြီ။
ကောရဲ့ပုခုံးပေါ်မှာ ခဏလောက်အိပ်ခွင့်ပေး"
"ရုပ်ရှင်က အခုမှစတာလေ"
"ဒါပေမဲ့ ကျွန်တော် အိပ်ငိုက်နေပြီ "ဝမ်မင်ယီက ကလူမြူစွယ်သည့်ဟန်လေး ဖြင့် ပြောလိုက်သည်။
စစ်ကျွင်းတောက်သူ့အား မငြင်းဆန်နိုင်တော့။
"ကောင်းပြီ...အိပ် ဒါဆို"
ဒါဆို....ဒါဆိုပြီးရင် နောက်ကထပ်မရှိလာခဲ့ ။
ဝမ်မင်ယီက အချိန်အကြာကြီး အိပ်ချင်ယောင်ဆောင်နေခဲ့ပြီး မနေနိုင်စွာဖြင့် တိတ်တိတ်လေး မျက်လုံးဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။သူမြင်လိုက်ရသည်မှာ သူ့ကောက ရုပ်ရှင်ကိုပဲစူးစူးစိုက်စိုက်ကြည့်နေခြင်းပင်။ ဒီရုပ်ရှင်အစုတ်အပြတ်က ဘယ်လောက် ကောင်းလို့လဲ!သူက ဒီအချိန်မှာ သူ့ကိုကြည့်နေရမှာမဟုတ်ဘူးလား!
သူက စစ်ကျွင်းတောက်အတွက် အရမ်းတွေဆွဲဆောင်မှုမရှိဖြစ်နေတာလား။သူက ဒီကြက်အစပ်ရုပ်ရှင်တစ်ကားလောက်တောင် မကောင်းဘူးလား..!
(E/T—အရည်အသွေးမကောင်းသည့် အမှိုက်သရိုက်ရုပ်ရှင်၊)
ဝမ်မင်ယီက ကိုယ်ကိုပြန်မတ်လိုက်၏။ စစ်ကျွင်းတောက်သည် သူ၏လှုပ်ရှားမှုကို ခံစားမိကာ မေးလိုက်သည်။
"ဆက်မအိပ်ဘူးလား"
စာရေးသူမှာ ပြောစရာရှိပါတယ်။–
Gong နဲ့Shouတို့သည် သွေးသားတော်စပ်မှုမရှိပါ။အိမ်နီးချင်းကောကော၊အိမ်နီးချင်းတိတိသာဖြစ်ပြီး ကောကောတိတိလို့ခေါ်ခြင်းသည် ယဉ်ကျေးမှုအရသာဖြစ်၏။
မင်မင်:လုံးဝဆက်မအိပ်ဘူး!ရူးမိုက်လိုက်တာ!
အဖြောင့်ယောကျာ်းတစ်ယောက်က ဂေးလို့ကြေငြာနေတယ်!
ကောကော:ငါအမြဲလိုလို မင်မင်ကဒီနေ့အရမ်းထူးဆန်းနေတယ်လို့ခံစားနေရတယ်!