အပိုင်း ၇၄
Viewers 12k

ဝမ်မင်ယီက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။"မင်းသမီးအော်တာက အရမ်းကျယ်တယ်"
"နည်းနည်းလေးပါပဲ "
ဝမ်မင်ယီက စကားတစ်ခွန်း မျှဆက်မပြောတော့ပေ။သူမှားသွားသည်ဟုတွေးမိသည်။ကျန်းဇီမော့လိုမျိူး သူလည်း သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ရွေးခဲ့သင့်သည်၊ထိုမှသာ သူဤသို့ထိုင်နေရမည့်အစားစစ်ကျွင်းတောက်၏ ရင်ခွင်ထဲသို့ခုန်ဝင်နိုင်မည်ဖြစ်သည်။အခုတော့ သူဘာမှလုပ်မရတော့ဘူး!
ဒါမှမဟုတ် မရေမတွက်နိုင်တဲ့ သူ့ရှေ့ကသူ
တွေကပြောခဲ့တာတွေက အမှန်တရားပဲလို့ပြောရမယ်!လူတွေကိုပိုးပန်းဖို့ဆိုရင် ...သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကြည့်ဖို့လိုနေတုန်းပဲ!
ရုပ်ရှင် ကြည့်ပြီးနောက် ဝမ်မင်ယီက ချက်ချင်းပင် ပြောလိုက်သည်။"အခု သူတို့အကုန်လုံးထွက်သွားကြပြီဆိုတော့ ဒီနေ့အပြင်စာစားကြစို့"
"ကောင်းပါ့ "
"အနောက်တိုင်း အစားအစာတစ်ခုစားရအောင်"
"
"ကောင်းပြီ "
နှစ်ယောက်သား ဥရောပစားသောက်ဆိုင်တစ်ခုသို့ အောင်မြင်စွာရောက်ရှိသွားခဲ့သည်။
Steakရောက်လာသောအခါ ဝမ်မင်ယီက စစ်ကျွင်းတောက် ကိုအရင်ဆုံးပေးလိုက်ပြီး သူ့အားအလွန်ကြင်နာစွာဖြင့်မေးလာသည်။
"ကျွန်တော်အဲ့ဒါကို ကောအတွက်အစိတ်သေးသေးလေးတွေလှီးပေးရမလား"
စစ်ကျွင်းတောက် :...
စစ်ကျွင်းတောက်က သူ့ကိုပြောသည် "တစ်စုံတစ်ခုဖြစ်တဲ့အချိန်မှာ နတ်ဆိုးတစ်ကောင်ရှိကိုရှိနေရမယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ မင်းသိလား"
ဝမ်မင်ယီက အပြစ်ကင်းသည့်ဟန်ဖြင့် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။
စစ်ကျွင်းတောက်က သူ့အားမယုံချေ။ သူကပြောလိုက်သည်။
"ဘာအတွက်မှ မဟုတ်ဘဲ တစ်ဖက်သားကျေနပ်အောင် လုပ်ပေးနေတာက
လှည့်စားချင်လို့မဟုတ်ရင် ခိုးချင်လို့ပဲ":
ဝမ်မင်ယီက ဆက်ပြီး ဖြူစင်သည့်မျက်နှာလေးဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။
စစ်ကျွင်းတောက်က ထိုပုံစံကိုမြင်သော်လည်း ဘာတစ်ခုမျှလည်းမပြောခဲ့သလို မေးခွန်းများမေးရန်လည်း အလျင်မလိုခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့ဝမ်မင်ယီအပေါ် နားလည်မှုအရဆိုလျှင် သူထိန်းချူပ်နိုင်ပြီး သူ့ဆီအကူအညီတောင်းလာမည့်အချိန်မှာ မကြာတော့ချေ။ သူ၏လက်ရှိသဘောထားကိုကြည့်ရုံဖြင့် ဝမ်မင်ယီသည် ပြဿနာကြီးကြီးတွေ့နေဆဲဖြစ်သည်မှာခန့်မှန်း၍ရနိုင်လေသည်။
တော်တော်လေးကောင်းတယ်...စစ်ကျွင်းတောက်ကတွေးလိုက်သည်။ ဝမ်မင်ယီဒီကိုရောက်တာ နှစ်ရက်ပဲရှိသေးတယ်...သူကသူ့နောက့်ကွယ်မှာ
ပြဿနာကြီးကြီးတစ်ခုတောင်လုပ်ပြီးနေပြီ။ သူ့ရဲ့မင်မင်ကဆိုးတာပဲ!
နှစ်ယောက်သား အတွေးကိုယ်စီဖြင့် စားသောက်နေကြသည်။ နောက်ကျနေပြီမှန်းတွေ့သည်နှင့် စစ်ကျွင်းတောက်က ဝမ်မင်ယီအား အိမ်ပြန်ပို့လိုက်သည်။
ဝမ်မင်ယီသည် ယနေ့ရှိသူ၏ကျရှုံးမှုများကို ပြန်လည်အနှစ်ချူပ်နေသည်။အတော် ဝမ်းနည်းစရာကောင်းသည့်နေ့သည် ရုပ်ရှင်ကားအရွေးမှားရာမှစသည်ဟု သူခံစားရသည့်အတွက် မနက်ဖြန်တွင် သူသည် သည်းထိတ်ရင်ဖို ရုပ်ရှင်များကိုကြည့် ကိုကြည့် ရမည်ဖြစ်သည်။
ထို့ကြောင့် နောက်တစ်နေ့တွင် ညစာစားပြီးသည်နှင့် ဝမ်မင်ယီက စိတ်လှုပ်ရှားစွာဖြင့် စစ်ကျွင်းတောက်အား သူ့အခန်းဆီသို့ဆွဲခေါ်သွားပြီး
ဖွင့်ထားသည့် ပရိုဂျက်တာကိုလက်ညိုးထိုးကာပြောသည်။
"ရုပ်ရှင်ကြည့်ရအောင် "
စစ်ကျွင်းတောက်သည် သူကဒီနှစ်ရက်အတွင်းမှာ တကယ်ကို ရုပ်ရှင်ကြည့်ရတာကို ကြိုက်နေတာပဲဟု တွေးမိလိုက်သည်။ ဒါပေမဲ့..ကြည့်လိုက်ရုံပင်။ သူ၏အားလပ်ရက်က ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့နောက်တွင် သူသည် ဝမ်မင်ယီ နှင့်နေ့တိုင်း အဖော်ပြု နိုင်တော့မည်မဟုတ်ပေ။
သူသဘောတူသည်ကိုမြင်ရာတွင် ဝမ်မင်ယီက အလျင်အမြန်ပင် တံခါးကိုပိတ်ပြီး အိပ်ရာပေါ်ခုန်တက်လိုက်သည်။
စစ်ကျွင်းတောက်လည်း တက်ထိုင်လိုက်၏။
ထိုအချိန်တွင် ဝမ်မင်ယီသည် သူ၏လုပ်ရပ်ကို အချိန်မရွေး အလွယ်တကူလုပ်နိုင်ရန် ပိုပြီးကြောက်စရာကောင်းသည့်ကားကိုတွက်ဆကာ ရွေးချယ် နေသည်။
သို့သော်လည်း သူသည် သူ၏ သည်းထိတ်ရင်ဖို
ဇာတ်ကားများအတွက် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ပိုပြီးတွက်ဆခဲ့မိသည်။ဇာတ်ကားစပြီး မကြာခင်မှာပင် ဝမ်မင်ယီသည် ကြောက်လန့်ကာ စစ်ကျွင်းတောက်၏ လက်မောင်းများကြားထဲဝင်ပြီးသူ့အားတင်းကြပ်စွာဖက်ထားမိတော့ငည်။
ဇာတ်ရှိန်မြင့်လာသည်နှင့် ဝမ်မင်ယီသည် စစ်ကျွင်းတောက်၏ လက်ကိုဆွဲယူကာ သူ့မျက်လုံးများ ကိုကာလေသည်။
"ငါ*ိုး...!ဒါက ဘာလို့အရမ်းကြောက်စရာကောင်းရတာလဲ!ဒီအဖေက ကြောက်လို့သေတော့မယ်!"
စစ်ကျွင်းတောက်သည် သူ့ကြောင့်ရယ်မောမိ လုနီးပါးဖြစ်သွားသည်။
"မင်းဘာမင်း ဇာတ်ကားကိုရွေးခဲ့တာမဟုတ်ဘူးလား"
"ကျွန်တော်က ဒီဟာကို အရမ်းကြောက်စရာကောင်းမယ်လို့မှမထင်တာ"
"တခြားတစ်ခုပြောင်းကြည့်ရအောင်"
"လုံးဝပဲ "ဝမ်မင်ယီကမပြောင်းချင်ပေ။
"ကျွန်တော်ဒါရဲ့ အဆုံးသတ်ကို သိချင်နေတုန်းပဲ"
သူသည် စစ်ကျွင်းတောက်အား တင်းကြပ်စွာ ဖက်ထားရင်း သူ့ခန္ဓာကိုယ်က တုန်ရင်နေသည်။
ဤသည်ကိုတွေ့ရာတွင် စစ်ကျွင်းတောက်လည်း
သူ့အားကိုင်ထားရင်း အသာပုတ်ပေးနေရုံသာရှိပြီး ခဏပြီးခဏ သူ၏မျက်လုံးများကို ကူကာပေးနေရတော့သည်။
ဇာတ်ကားပြီးသွားသည့်နောက် ဝမ်မင်ယီသည် စစ်ကျွင်းတောက်အား မလွတ်ပေးလုနီးပါဖြစ်နေသည်။ဇာတ်ကားကြည့်ပြီးသောအခါ သူ,စစ်ကျွင်းတောက်ကို တစ်နာရီကျော်ကျော် ဖက်ထားမိနေ ကြောင်း တွေ့ရှိသွားသဖြင့် ဝမ်မင်ယီသည် ယနေ့တိုက်ပွဲအား ဆက်ဆင်နွဲရန် တုံ့ဆိုင်းမနေခဲ့။
ဇာတ်ကား ကြည့်ပြီးနောက် စစ်ကျွင်းတောက်သည် သူ့ကိုယ်ပိုင် အလုပ်ဆီသို့သွားခဲ့သည်။
ဝမ်မင်ယီသည် သူစာကြည့်ခန်းထဲသွားပြန်သည်
ကို မြင်လျှင် စာအုပ်တစ်အုပ်ယူကာ သူနှင့်အတူလိုက်ဝင်သွားသည်။
"ကောကအလုပ်ရှုပ်နေတာ...ကျွန်တော် စာအုပ်ဖတ်နေလိုက်မယ်"
စစ်ကျွင်းတောက်က စကားမပြောပေမဲ့ သဘောတူလိုက်၏။
အကျိူးဆက်အနေဖြင့် ငါးမိနစ်အကြာတွင် သူသည် ဝမ်မင်ယီကခုထိ မထိုင်ရသေးသည်ကိုတွေ့လိုက်သည်။
"ကောရေဆာလား။ ကျွန်တော်ကောအတွက်ရေ တစ်ခွက်ငှဲ့ပေးမယ်"
စစ်ကျွင်းတောက်:"ကောင်းပါ့"
ဝမ်မင်ယီသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်ဖက်ရည်ခွက်ကို ယူပြီးရေသန့်စက်ထဲမှရေကိုထည့်ကာ သူ့၏စားပွဲပေါ်တွင်တင်ပေးလာ သည်။
"ကျေးဇူးပဲ။ "စစ်ကျွင်းတောက်က ပြောလိုက်သည်။
"အားနာစရာမလိုပါဘူး။"ဝမ်မင်ယီက ကြည်နှူးမှုအပြည့်ဖြင့်ပြောလိုက်သည်
"ဒါက ကျွန်တော် လုပ်ပေးသင့်တဲ့ဟာပါ"
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက်က သူ့ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်နေလိုက်သည်—မင်းလုပ်သင့်တဲ့ဟာလား။
ငယ်ငယ်ကတည်း မင်းအကြိမ်နည်းနည်းတောင် မလုပ်ပေးခဲ့ဖူးဘူး..အိုကေ!
စစ်ကျွင်းတောက်သည် ရေကိုအေးအေးဆေးဆေးပင် သောက်လိုက်သည်။
ဆယ်မိနစ်အကြာတွင် ဝမ်မင်ယီသည် သူ၏ပူပန်မှုကို ထပ်ပြီးပြသလာပြန်၏။
"ကော..ဗိုက်ဆာလားမဆာဘူးလားဟင်။ ကျွန်တော် ကောစားဖို့ တစ်ခုခုယူပေးမယ်"
စစ်ကျွင်းတောက်:"မဆာဘူး..ဒါပေမဲ့မင်းဗိုက်ဆာရင် မင်းအတွက်မင်းယူလို့ရတယ်"
ထို့ကြောင့် ဝမ်မင်ယီ စာအုပ်ကိုချကာ ပြေးထွက်သွားပြီး အာလူးကြော်တစ်အိတ်ကို စာကြည့်ခန်းထဲသို့ ယူလာသည်။ သူ အိတ်ကို ဖောက် လိုက်ပြီး စစ်ကျွင်းတောက်ဆီသို့သွားကာ
ညင်သာစွာ ပြောလိုက်သည်။"ကျွန်တော် ကောကိုကျွေးမယ်"
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက်က သူ့ကိုပြန်သွားပြီးငြိမ်ငြိမ်ထိုင်နေရန်ပြောလိုက်၏။
"မင်းဘာမင်းစား...ငါ့ကိုမနှောက်ယှက်နဲ့"
ဝမ်မင်ယီ: ...
ဝမ်မင်ယီက အားလူးကြော်များကို ဒေါသတကြီး ဝါးကာ ဂျိူးဂျိူးဂျွတ်ဂျွတ်သံမြည်အောင် စားနေတော့သည်။ ငါ့ကိုမနှောက်ယှက်နဲ့?! ငါက သူ့ကို နှောက်ယှက်နေတာလား...။ငါကအရှင်းကြီးကိုပဲ
ချစ်ခြင်းမေတ္တာရဲ့ထောက်ပံ့သူလေးပါနော်!
ဒါပေမဲ့..ခေါင်းမာတဲ့စစ်ကျွင်းတောက်က ကမ်းလှမ်းချက်ကိုလက်ခံဖို့ ငြင်းပယ်လိုက်တယ်။
ဝမ်မင်ယီသည် သူ့ဘာသူပင် အာလူးကြော်စားပြီးရေသောက်လိုက်ရသည်။သို့သော် သူစာမဖတ်ချင်ပေ။
ထိုအချိန်တွင် ချန်လုက သူ့ကို နှစ်ရက်အတွင်းတွင် မဂ္ဂဇင်းရိုက်ရန်နှင့် သူ၏ပုံပန်းသွင်ပြင်ကို ဂရုစိုက်ရန် မက်ဆေ့ခ်ျ ပို့ပြိးသတိပေးလာသည်။
အာလူးကြော်စားရင်း ဝမ်မင်ယီက စာပြန်လိုက်၏။—သိပါပြီ
ရှက်စိတ်နည်းနည်းလေးပင်မရှိ။
သူချန်လုကို စာပြန်ပြီးမကြာခင်ပင် ကျန့်ဖုန်းဆီမှ Wechatမက်ဆေ့ခ်ျတစ်စောင်ရလိုက်သည်။
ဝမ်မင်ယီက နှိပ်ပြီးဖွင့်ကြည့်လိုက်ရာတွင် ကျန့်ဖုန်းက မဂ္ဂဇင်းကာဗာ(မျက်နှာဖုံး)တစ်ခုပုံပို့ထားသည်ကို တွေ့လိုက်၏။ကာဗာပေါ်တွင်ကားသူဦးဆောင်သည့် ယောကျာ်းလေးအဖွဲ့ဖြစ်သည်။
ကျန့်ဖုန်း:( ကြည့်ကောင်းလား။ကြည့်ကောင်းတာက မဂ္ဂဇင်းကောင်းတစ်ခုပဲ။မင်းက အရမ်းသနားစရာ ကောင်းတယ် ။ပွဲဦးထွက်ပြီးလို့အတော်ကြာတာတောင် မင်းကအခုထိ အတွင်းစာမျက်နှာတစ်ခုမှာပဲရှိသေးတယ်..ကာဗာတစ်ခုတောင်မရှိဘူး။
ငါ့အကိုက မင်းကို အုပ်ရေ တချိူ့ပို့ပေးဖို့ဆုံးဖြတ်လိုက်တယ်။ ငါ့ကိုကျေးဇူးတင်မနေနဲ့..
ဟီးဟီး ။)
ဝမ်မင်ယီ: ...
ဝမ်မင်ယီက အမြန်ပင် ချန်လုအားလှမ်းမေးလိုက်၏။—(နှစ်ရက်အတွင်းကျွန်တော်ရိုက်ရမဲ့
မဂ္ဂဇင်းက အတွင်းစာမျက်နှာလား၊ကာဗာလား။)
ချန်လု:(အတွင်းစာမျက်နှာပေါ့။ပထမတန်းစား
အမျိူးသားမဂ္ဂဇင်းနော်။ခုချိန်မှာ ကာဗာပေါ်မှာနေဖို့ မင်းမှာcoffee positionလုံလုံလောက်လောက်မရှိသေးဘူးလေ။)
(T/N–မင်မင်ရဲ့အဆင့်က coverရိုက်ဖို့ မလုံလောက်ဘူး လို့ပြောတာပါ)
ဝမ်မင်ယီ:( ကျွန်တော့်ဆီမှာ မဂ္ဂဇင်းကာဗာရိုက်ကူးဖို့မရှိဘူးလား။)
ချန်လု:( ရှိတာပေါ့။မတ်လနဲ့ဧပြီလထဲမှာလေ..ဒီလထဲမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ။)
ဝမ်မင်ယီ: (ဘာမှမဟုတ်ဘူး.. အဆင်ပြေပါတယ် ။)
ဝမ်မင်ယီသည် ချန်လုနှင့်ပြောနေရာမှထွက်လိုက်ပြီး ကျန့်ဖုန်းကို စာပြန်လိုက်သည်—(ပြပွဲကောင်းက နောက်ဆုံးမှတင်ဆက်တယ်လို့ပြောကြတယ်မလား။မင်းရဲ့ကာဗာအတွက်ကတော့...ငါ့မျက်လုံးတွေနာပြီး..ပူတယ်..!)
ကျန့်ဖုန်း(:ဘဲသေမှာ ပါးစပ်ကြမ်းတစ်ခုရှိတာပဲ။)
ဝမ်မင်ယီ: (ဒါဆို မင်းပါးစပ်က တကယ်ကိုကြမ်းတာပဲ~)
ကျန့်ဖုန်း:(မင်းကမှ ဘဲသေတစ်ကောင်!)
ဝမ်မင်ယီ: (ဆူပူနေတဲ့ဘဲသေက ဘယ်သူလဲ?)
ကျန့်ဖုန်း: ...
ဝမ်မင်ယီ :(သိသိသာသာကိုပဲ မင်းဦးနှောက်ကထက်မြက်မလာဘူးပဲ~)
ကျန့်ဖုန်းက အလွန်ပင်ဒေါသထွက်ကာ ဖုန်းထဲ ကိုပြေးဝင်ပြီးဝမ်မင်ယီ၏ခွေးခေါင်းကို ရိုက်ပစ်ကာ ဘယ်သူ့ဦးနှောက်က မထက်မြက်လာလဲဆိုသည်ကိုသူ့အား သိသွားစေဖို့မစောင့်နိုင်အောင်ဖြစ်နေသည်။ သူကရုတ်တရတ်မို့ ပြန်မတုန့်ပြန်နိုင်ရုံဖြစ်သွားတာ!
စုန့်ဟယ်က သူအံကြိတ်နေသည်ကိုမြင်လိုက်ပြီး သူဝမ်မင်ယီနှင့်chatနေပြန်မှန်းသိလိုက်သည်။
သေချာပြီ...ကျန့်ဖုန်းက ဝမ်မင်ယီကို အာရုံစိုက်ဖို့ မမေ့ဘူး။ ဒါက အချစ်စစ်ပဲ။
စစ်ကျွင်းတောက် သည် နောက်နေ့တွင် အလုပ်သွားရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် စာကြည့်ခန်းထဲတွင် နေ့လယ်တစ်ပိုင်းလုံးနီးပါးနေခဲ့ပြီး
ဝမ်မင်ယီသည်လည်း သူနှင့်အတူ ညစာစားပြီးသည့်အထိအတူနေခဲ့ကာ ဝမ်ဝေ့ကသူ့ကို အိမ်ပြန်ခေါ်သွား၏။
သို့ပေမဲ့ ဝမ်မင်ယီ၏ခန္ဓာကိုယ်က ချောင်ယင်းတွင်ရောက်နေကာ နှလုံးသားသည်ကား ဟန်တွင်ဖြစ်၏။၈နာရီခန့်တွင် သူ၏အိပ်ခန်းထဲသို့ပြန်သွားပြီး စစ်ကျွင်းတောက်ဆီသို့ မက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်သည်–ကျွန့်တော့်ကိုလာပြီး ခေါ်လဲ့! ကောရဲ့လိမ္မော်ရောင်ကြောင်လေးက ကောကိုလိုအပ်နေပြီ !ကောရဲ့ဟက်စကီးက ကောကိုလိုအပ်နေပြီ !ကောရဲ့ ချစ်စရာအကောင်းဆုံး နဲ့အသိတတ်ဆုံး မင်မင်လေးကလည်း ကောကိုလိုအပ်နေပြီ!
(T/N–'ခန္ဓာကိုယ်က ချောင်ယင်းစခန်းမှာရောက်နေပေမဲ့ နှလုံးသားက ဟန်စခန်းမှာရှိနေတယ်'
ကတရုတ်စကားပုံတစ်ခုဖြစ်ပြီးတော့ ဒီထဲမှာတော့ မင်မင်ကအိမ်မှာရှိနေမဲ့ သူ့စိတ်က စစ်ကျွင်းတောက်ဆီမှာလို့ပြောချင်တာပါ)
စစ်ကျွင်းတောက်သည် မူလက သူ့အား အမေနှင့်သားကြားရှိ နက်နဲသည့် ချစ်ခြင်း မေတ္တာကို ခံစားရစေရန် ဝမ်ဝေ့နှင့် ခဏလောက်အတူနေစေချင်ခဲ့သည်။သို့ရာတွင် ဝမ်မင်ယီကထိုသို့ပြောသည်ကို တွေ့သည့်အခါ သူက ၉နာရီထိုးပြီးလျှင် ပုံစံပြောင်းသွားမှာကို ကြောက်နေသည်ဟုထင်ကာ
သူဝမ်မင်ယီကို ပြောစရာရှိကြောင်းပြောပြီး အပြင်ခေါ်ထုတ်သွားရန် ဝမ်ဝေ့၏တံခါးကို ခေါက်လိုက်သည်။
၁၁နာရီခန့်တွင် သူသည် ဝမ်ဝေ့ကို ဖုန်းခေါ်ပြန်သည်။"ကျွန်တော် အရမ်းပင်ပန်းနေပြိး အိပ်ချင်နေပြီမလို ဒီညပြန်မလာတော့ဘူး"
ဝမ်ဝေ့က သူ့အားသံသယမဝင်ပါချေ။ အမှန်တွင်လည်းဝမ်မင်ယီ စစ်,အိမ်တော်တွင် အိပ်သည်မှာမထူဆန်းတော့။
"အိုကေ..ကျွင်းကျွင်း...မင်းရောနေကောင်းလား"
"ကောင်းတယ် "
စစ်ကျွင်းတောက်က ဖုန်းချလိုက်ကာ သူ၏အိပ်ရာပေါရှိ လိမ္မော်ရောင်ကြောင်လေးကို ကြည့်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
"အိပ်တော့..မင်းအမေကသဘောတူလိုက်ပြီ"
ဝမ်မင်ယီက ဤသို့ဖြစ်လာမည်မှန်းအစောကတည်းကပင် ခန့်မှန်းပြီးသားဖြစ်ကာ သူ့ဘေးသို့ပုတ်ကာ လာအိပ်ဖို့လက်ဟန်ပြ လိုက်သည်။စစ်ကျွင်းတောက် အိပ်ရာပေါ်သို့ရောက်သောအခါ သူကချက်ချင်းပင် စစ်ကျွင်းတောက်လက်မောင်းကြားထဲသို့ ပစ်ဝင်လိုက်ကာ သူ၏ကြောင်လက်လေး များဖြင့် သူ့အားဖက်တွယ်ထားပြီး သက်တောင့်သက်သာရှိဟန်ဖြင့် မျက်လုံးလေးများကို မှိတ်လိုက်သည်။
သူထိုသို့ ချစ်စရာကောင်းနေသည်ကို မြင်ရာတွင်
စစ်ကျွင်းတောက်သည် မနေနိုင်စွာဖြင့် သူ၏ပန်းရောင် နှာခေါင်းသေးသေးလေးအားထိလိုက်သည်။
ဝမ်မင်ယီ မျက်လုံးများကို
ဖွင့်လိုက်ပြီး သူ့နားသို့တိုးကပ်လာကာ ပွတ်သပ်ရင်း သူ၏မျက်နှာကို မနမ်းဘဲမနေနိုင်ခဲ့။ စစ်ကျွင်းတောက်က လိမ္မော်ရောင် ကြောင်လေး၏အနမ်းကို အလေးအနက်မထားသည်ကတော့ သနားစရာပင်။ ဝမ်မင်ယီ သူ၏နှုတ်ခမ်းမွှေးများ ကို ခါလိုက်ပြီး နောက်တစ်ခါထပ်နမ်းရမည့်အချိန်ပဲဟု တွေးလိုက်သည်။ သေချာသည်ပင်...
လိမ္မော်ရောင်ကြောင်က စိတ်မချရပေ။
နောက်တစ်နေ့မနက်တွင် စစ်ကျွင်းတောက် ကစောစောနိုးခဲ့သည်။ ဝမ်မင်ယီက သူနောက်မှနိုးလာ၏။သူမျက်နှာသစ်ပြီးသည်ကို တွေ့ကာ မေးလိုက်သည်။ "ကော အလုပ်သွားတော့မှာလား"
"ဟုတ်တယ် "
"ဒါဆို နေ့လယ်ကျ ကျွန်တော် လာကြိုမယ်"
စစ်ကျွင်းတောက်က သူ၏လက်ကိုကြယ်သီးတပ်ရင်း ပြောလိုက်သည် ။
"မင်းကငါ့ကို လာကြိုမယ် "
ဝမ်မင်ယီက ခေါင်းညိတ်သည်။ "ကောကြိုက်တယ်ဆိုရင် ကျွန်တော့်ကို ခဏလောက်စောင့်ပေး။ ကျွန်တော်ကောကို အလုပ်လိုက်ပို့ပေးမယ်"
"မင်းကငါ့ကိုလိုက်ပို့ပေးမယ်"စစ်ကျွင်းတောက်က ထိတ်လန့်သွားသည်။
ဝမ်မင်ယီက ခေါင်းညိတ်ဆဲပင်။"မရဘူးလား"
"ရတာပေါ့.. ဒါပေမဲ့ မလိုအပ်ပါဘူး "
"လိုအပ်တယ်"ဝမ်မင်ယီက ဖိပြောလိုက်သည်။
စစ်ကျွင်းတောက်သည် သူ့ဆီသို့တိုးလာကာ ပြောသည်။
"ငါ့ကို ရိုးရိုးသားသား ပြောပါ။မင်းအခုတလော ဘာတွေလုပ်ထားလဲ"
ဝမ်မင်ယီက ပင်ပန်းနေပြီဖြစ်သည်။"ကျွန်တော် တကယ်ဘာမှမလုပ်ထားဘူး"
စစ်ကျွင်းတောက်က သူ့ကိုမယုံချေ။
"မင်းဘာမှမလုပ်ထားပဲနဲ့ မင်းကငါ့ကို လာကြိုဖို့အစပျိူးပါ့မလား"
"ကျွန်တော်ပြောပြီးပြီလေ...ကျွန်တော် ကောကိုဂရုစိုက်ပေး တာလို့"
"မင်းငါ့ကို ဂရုမစိုက်ပါဘူး....မင်းကအပြစ်ရှိသလိုခံစားနေရတာ "စစ်ကျွင်းတောက်က ထိပ်ကိုသံမှိုရိုက်လိုက်၏။
(T/N–မှန်တာကိုပြောသည်ဟုဆိုလို)
ဝမ်မင်ယီ: ....
ဝမ်မင်ယီက ဒီလိုအဖြောင့်ယောကျာ်းမျိူးနှင့်စကားမပြောချင်တော့။သူသည် သူ၏လက်များကို ဆန့်ထုတ်ကာ စစ်ကျွင်းတောက် ကိုကြည့်လိုက်သည်။
စစ်ကျွင်းတောက်သည် အံ့ဩသွားခဲ့သည်။
"မင်းဘာလုပ်နေတာလဲ"
"ကျွန်တော်က အပြစ်ရှိစိတ် ခံစားနေရရုံတင်မကဘူး ရုပ်ပိုင်းဆိုင်ရာလည်းအားနည်းတယ်။ခြေတစ်လှမ်းလှမ်းလိုက်ရင်တောင် မောနေရရလိမ့်မယ် ပြီးတော့ ကျွန်တော့်ခြေထောက်က မြေကြီးနဲ့ထိလို့မရဘူး..အိုကေ!"
"ရေသူမလေး "
"မှန်တယ်..အဲဒါကအနမ်းပဲ....ဆိုတော့ ကောရဲ့ရေသူမလေးကိုမျက်နှာသစ်ဖို့ ချီသွားပါ။ ဆုလာဒ်ရှိတယ်နော်"
စစ်ကျွင်းတောက်က သူ့ကို မျက်လုံးများမှေးစင်းကာ စူးစိုက်ကြည့်နေသည်။
ဝမ်မင်ယီက တိုက်တွန်းလိုက်သည်။
"မြန်မြန်... ကောအလုပ်သွားဖို့ အလျင်မလိုဘူးလား"
စစ်ကျွင်းတောက် မတတ်နိုင်စွာပင်သူရှေ့ရှိအမျိူးသားလေးကို ကောက်ချီလိုက်ရကာ ဖိနပ်ပါးအရင်စီးရန်ပြောလိုက်သည်။ထို့နောက် သူသည် ဝမ်မင်ယီအား သူ၏လက်မောင်းများကြားတွင် ပွေ့ချီထားရင်း ရေချိူးခန်းထဲသို့ သွားသည်။
ဝမ်မင်ယီက သူ့ကို ရွှင်မြူးစွာ စူးစိုက်ကြည့်နေခဲ့သည်။ အောက်ဆင်းပြီးချိန်တွင် သူသည် စစ်ကျွင်းတောက်ကို ဆွဲယူလိုက်ကာ မေးစေ့ထက်သို့နမ်းလိုက်သည်။
"ဆုလာဘ်"
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက်သည် သူ၏နှလုံးသားက တဒိန်းဒိန်းခုန်နေသည်ကို သိသိသာသာ ခံစားရကာ အံဩတုန်လှုပ်နေခဲ့သည်။
သူသည် သူ၏နှလုံးခုန်နှုန်းကိုအနည်းငယ် ပိုပြီးတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ဆူပူလိုက်သည်။"အဓိပ္ပါယ်မရှိတာ"
"ကောတကယ်ကြီး အရူးလုပ်နေရင် အနမ်းခံနေ
ရမှာက ကောမေးစေ့မဟုတ်ဘဲဖြစ်သွားမယ်"
စစ်ကျွင်းတောက် :....
ဝမ်မင်ယီကပြုံးကာဆိုလိုက်သည်။
"အပြင်ထွက် ...ကျွန်တော် မျက်နှာသစ်သွားတိုက်လိုက်ဦးမယ်...ပြီးရင် ကောကိုအလုပ်လိုက်ပို့ပေးမယ်"
စစ်ကျွင်းတောက်က သူ့ကိုကြည့်လိုက်သည်။
"မင်းဘာဖြစ်နေ.... "
ဝမ်မင်ယီက သူ့ကိုလှည့်ကာတွန်းထုတ်သည်။
"သွားပြီး ကျွန်တော် ဒီနေ့ဝတ်မဲ့အဝတ်အစားကူထုတ်ထားပေး။ မဟုတ်ရင် နောက်မှ ကျွန်တော်ကောကို ညအိပ်ဝတ်စုံဝတ်ပြလိုက်မယ်"
စစ်ကျွင်းတောက်က ဒီနှစ်ရက်တွင် သူသည်အလွန်ထူးဆန်းနေသဖြင့် တခြားသူများက ရှင်းရှင်လင်းလင်းမမြင်နိုင်တော့ ဟုသာတွေးနိုင်တော့သည်။သူသည် ဝမ်မင်ယီ၏ အခန်းထဲသွားကာ အဝတ်အစားကူထုတ်ပေးနေသော်လည်း
သူ့စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။ ဝမ်မင်ယီက အတိအကျ ဘာလုပ်ချင်တာလဲ ။ရုတ်တရတ်ကြီး..သူ့ကိုရုပ်ရှင်ကြည့်ဖို့ခေါ် တယ်...ညစာစားဖို့ဖိတ်တယ်...ပြီးတော့သူ့ကိုလည်း လာကြိုတယ်..!သူကချစ်မိနေတဲ့ မိန်းမငယ်လေးတစ်ယောက်လည်းမဟုတ်ဘဲနဲ့ လာကြိုစရာမလိုပါဘူး! နေပါဦး... စစ်ကျွင်းတောက် သည် ဗီရိုကိုဖွင့်ပြီး ခဏရပ်လိုက်သည်။ ချစ်မိနေတဲ့ မိန်းမငယ်လေး...ဖြစ်နိုင်တာက....
စစ်ကျွင်းတောက် ထိုအချက်ကို မယုံကြည်နိုင်ဖြစ်နေ၏။ သူ့ဦးနှောက်က မဖြစ်နိုင်ဟုတွေးနေ သော်လည်း သူ၏နှလုံးသားထဲတွင် လုံးဝမဖြစ်နိုင်တာလည်း မဟုတ်ကြောင်း မတွေးဘဲမနေနိုင်ခဲ့။
သူတွေးသလိုသာ အမှန်ဖြစ်ပါလျှင်
အရာရာတိုင်းက ရှင်းလင်းသွားပြီဖြစ်သည်။
ဘာလို့ ဝမ်မင်ယီက ရုတ်တရတ် သူ့ကိုပန်းကန်ကူဆေးတာလဲ။
ဘာလို့ ဝမ်မင်ယီက ရုတ်တရတ် သူ့ကို ရုပ်ရှင်ကြည့်ဖို့ဖိတ်တာလဲ။ အဲ့ဒါက စုံတွဲအခန်းတစ်ခုတောင်ဖြစ်နေသေးတယ်!
ဘာလို့ ဝမ်မင်ယီက ရုတ်တရတ် သူ့ကို ဥရောပစာစားဖို့ဖိတ်တာလဲ။ ပြီးတော့ သူ့ကို steakလည်းကူလှီးပေးသေးတယ်!
ဘာလို့ ဒီနေ့ သူ့ကို လာကြိုဖို့ အစပျိူးတာလဲ။ပြီးတော့ သူ့ကိုစပြီးလည်း နမ်းသေးတယ်!
စစ်ကျွင်းတောက်သည် ထိုအကြောင်းတွေးကာ
သူ့ဖုန်းကိုထုတ်ပြီး ကျိူးရန် ဆီသို့ Wechat မက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်သည်။ —ငါမင်းကို မေးခွန်းတစ်ခုမေးချင်တယ်။
ကျိူးရန် :ပြော
စစ်ကျွင်းတောက်: တကယ်လို့ လူတစ်ယောက်ကရုတ်တရတ် မင်းကို နွေးနွေးထွေးထွေးဆက်ဆံမယ်၊ ဂရုစိုက်ပေးမယ်၊ မင်းရဲ့ဘဝနဲ့ဆိုင်တဲ့ အရေးမပါတဲ့ကိစ္စတွေကအစ ကူညီပေးမယ်၊ပြီးတော့ မင်းကိုရုပ်ရှင်ကြည့်ဖို့လည်း တက်တက်ကြွကြွဖိတ်မယ်..ပြီးတော့ သူ့ဘက်ကနေစပြီး မင်းကိုလာကြိုဖို့ အရင်ဦးမယ်..ဒါဆိုသူက......