အပိုင်း ၇၅
Viewers 12k

ကျိူးရန်: မင်းနားမှာ အဲ့လိုလူတွေရှိနေသေးတာလား။
စစ်ကျွင်းတောက်: အခုရှိတယ် ။
ကျိူးရန်: သူမင်းကိုမကြိုက်ဘဲ အမိဖမ်းချင်နေတယ်ပြီးတော့ မင်းအပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက်လည်းရှိနေလောက် တယ် ....မင်းရောဘယ်လိုသဘောရလဲ။
စစ်ကျွင်းတောက်သည် ထိုဟာများတစ်ခုမှမဖြစ်နိုင်သလို သူ၏ဝမ်မင်ယီအပေါ်အမြင်နှင့်လည်း မကိုက်ညီဟုခံစားမိသည်။
ကျိူးရန်: "..."
စစ်ကျွင်းတောက်: ငါစဉ်းစားလိုက်ဦးမယ်။
သူသည် ဖုန်းကိုချထားပြီး အဝတ်အစားများကိုယူကာ သူ့အခန်းဆီသို့ပြန်လာခဲ့သည်။
ဝမ်မင်ယီသည်မျက်နှာသစ်ပြီး မကြာမီပင် စစ်ကျွင်းတောက်က သူဒီနေ့ဝတ်မည့်အဝတ်အစားများကိုယူလာပြီး အိပ်ရာပေါ်တင်ထားသည်ကိုတွေ့လိုက်ရသည်။
"မနက်စာသွားပြင်လိုက်ဦးမယ်"
ဝမ်မင်ယီက ခေါင်းညိတ်သည်။ "သွားလေ"
စစ်ကျွင်းတောက်သည် သူအား စိတ်ထဲတွင် သံသယအပြည့်ဖြင့် ကြည့်လိုက်ကာ တံခါးအပြင်သို့ထွက်သွားခဲ့သည်။
နှစ်ယောက်သား မနက်စားအတူတူစားခဲ့ကြပြီး
ဝမ်မင်ယီက စစ်ကျွင်းတောက်နှင့်အတူ ရုံခန်းထဲသို့လိုက်သွားသည်။ သူ့တွင် ယနေ့တခြားဘာမှလုပ်စရာလည်းမရှိသလို အလျင်လိုနေခြင်းလည်းမရှိသည့်အတူတူ စစ်ကျွင်းတောက်၏ရုံးခန်းတွင်ပင်နေလိုက်တော့သည်။
"ကောရေဆာလား။" ဝမ်မင်ယီသည် သူအချိန်အချိူ့ကြာအောင်အလုပ်လုပ်ပြီးနေသည်ကို တွေ့သည့်အခါ သူ၏ဂရုစိုက်ပေးမည့်အစီအစဉ်အတိုင်း စလာတော့သည်။
စစ်ကျွင်းတောက်သည် ရေမဆာဘူးဟုပြောမည်ကြံသော်လည်း ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး ပြောလိုက်သည်။
"မင်းဆန္ဒရှိ ရင် ငါ့ကိုအောက်ဆင်းပြီးကော်ဖီတစ်ခွက်လောက်ဝယ်ပေးပါလား"
ဝမ်မင်ယီသည် စကားတစ်ခွန်းမှပြန်မပြောဘဲ ချက်ချင်းပင် ရုံးခန်းထဲမှထွက်ကာ ဓာတ်လှေကားပေါ် တက်သွားသည်။
စစ်ကျွင်းတောက်: .....ပြောရအရမ်းလွယ်နေပါ့လား..သူတွေးနေသလိုတော့တကယ် မဟုတ်လောက်ဘူးမလား။
ဒါက သိပ္ပံနည်းမကျဘူး! ဘာလို့ဝမ်မင်ယီက ရုတ်တရတ် ဒီလိုအတွေးတွေရှိလာတာလဲ...။သူဘာလို့ရုတ်တရတ်ကြီး ဉာဏ်အလင်းပွင့်သွားတာလဲ။
စစ်ကျွင်းတောက်သည် စာပွဲးကိုခေါက်နေရင် အမြဲလိုလို မှားယွင်းနေသည်ဟုခံစားနေရသည်။
ဝမ်မင်ယီသည် အောက်ထပ်မှကော်ဖီတစ်ခွက်နှင့်
သူ့အတွက်သူ နို့လက်ဖက်ရည်တစ်ခွက်ဝယ်လာပြီး သူ့အားကော်ဖီကမ်းပေးလိုက်သည်။
စစ်ကျွင်းတောက်သည် သူ၏လက်ဖြင့်ကိုယ်တိုင်ဝယ်လာသည့် ကော်ဖီအားသောက်နေရင်း အလွန်ပင်စိတ်ကောင်းဝင်နေလေသည်။
မကြာမီပင် ဝမ်မင်ယီကသူ့ကို ထပ်မေးပြန်၏။
"ကော ဗိုက်ဆာလား"
"ကုမ္ပဏီရဲ့စားသောက်ဆိုင်က ခုချိန်ဆို အဆာပြေမုန့်တွေအဆင်သင့်ဖြစ်နေလောက်ပြီ"
ဝမ်မင်ယီသည် စားသောက်ဆိုင်သို့သွားကာ အဆာပြေမုန့်ပုံးအနည်းကို ဝယ်လာပြီးသူလက်ထဲသို့ထည့်ပေးလာပြန်သည်။
စစ်ကျွင်းတောက်က သူ့ကိုကြည့်လိုက်သည်။
"တခြားဘာလုပ်ချင်သေးလဲ"
ဝမ်မင်ယီက သူ့ကိုပြန်မေးလာ၏။
""ကော ကျွန်တော့ကို့ တခြားဘာအတွက် လိုသေးလဲ"
"လင်းမူက ရုံးခန်းထဲမှာရှိတဲ့အပင်ကို ဒီနေ့ ရေလောင်းဖို့မေ့နေပုံရတယ်။ မင်းအဲ့ဒါကိုရေလောင်းလို့ရတယ်။"
ဝမ်မင်ယီက သူ၏ခေါင်းကို ညိတ်ကာ ရေခရားကိုမလိုက်ပြီး အပင်ရေလောင်းရာတွင် အာရုံစိုက်နေလိုက်သည်။
ရုတ်တရတ် သူသည်တစ်စုံတစ်ခုကို အမှတ်ရသွားပြီး စစ်ကျွင်းတောက်ကိုကြည့်လာသည်။
"ကျွန်တော် ကောအတွက်ပန်းတစ်ပွင့်မှာလိုက်မယ်"
ဝမ်မင်ယီက ကြီးကျယ်ခမ်းနားသည့်ဟန်ပန်အမူအရာဖြင့် ထပ်ပြောလိုက်၏။
"ရုံးခန်း ပတ်ဝန်းကျင်ကို လှပစေဖို့တင်မကဘူး လေထုကိုလည်း ပိုပြီးလတ်ဆတ်စေဖို့အတွက်"
စစ်ကျွင်းတောက် : ....
ဒါက တကယ်ကို ကောင်မလေးတွေကို လိုက်ဖို့နည်းလမ်းပဲ.....။
စစ်ကျွင်းတောက် ကခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ... မှာကြတာပေါ့"
ဝမ်မင်ယီက ချက်ချင်းပင် သူ၏ဖုန်းကိုဖွင့်၍ အချိန်အတော်ကြာ ပန်းရွေးနေပြီးမှ အော်ဒါတင်လိုက်ကာ ပစ္စည်းပို့သမားအလာကို စောင့်နေ၏။
တစ်နာရီကြာပြီးနောက် လင်းမူသည် စစ်ကျွင်းတောက်၏ တံခါးကိုခေါက်ပြီး သူ့အားထူးဆန်းသည့်အကြည့်ဖြင့်ကြည့်ကာပြောလာသည်။
"မစ္စတာစစ် တစ်ယောက်ယောက်က ဆရာ့ဆီကို
ပန်းတွေပို့လိုက်တယ်"
စစ်ကျွင်းတောက်သည် လင်းမူ၏တစ်ခုခုပြောချင်နေသည့် အမူအရာကိုကြည့်လိုက်သည်။သို့သော် သူတစ်ခုမှမပြောရသေးခင်တွင် လင်းမူကဝင်လာပြီး လှပစွာထုပ်ပိုးထားသည့် အဖြူရောင်လေးထောင့် ဘူးလေးကို သူ၏ခုံပေါ်တွင်တင်လိုက်သည်ကို တွေ့လိုက်ရသည်။
ဘူးပေါ်တွင် ရွှေရောင်စာလုံးများဖြင့်ရေးထားသည်ကား—"တစ်ဘဝလုံးစာအချစ် "
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက် လက်ကိုဝှေ့ယမ်းကာ လင်းမူကို ထွက်သွားခွင့်ပြုလိုက်သည်။ လင်းမူသည် သူထိုဟာကိုလက်ခံလိုက်ကြောင်းတွေ့ရသည့်အခါ သူ၏မျက်လုံးများက အနည်းငယ်ပိုပြီးလေးနက်လာသည်။
စစ်ကျွင်းတောက်သည် လင်းမူထွက်သွားပြီးသည်အထိစောင့်ပြီးမှ သူ့ရှေ့ရှိဘူးကိုလက်ညိုးထိုးကာ မေးလိုက်သည်။
"မင်းရဲ့တစ်ဘဝလုံးစာအချစ်?"
"ကျွန်တော်က မှတ်ချက်တွေကို ဖတ်တော့ သူ့မှာအမြင့်ဆုံးratingရှိတယ်"
"နှင်းဆီ? "
"အဓိကအကြောင်းအရင်းက တခြားပန်းတွေက နည်းနည်းညှိုးနေပုံပေါ်လို့"
စစ်ကျွင်းတောက်:"အိုး..."
ဝမ်မင်ယီက ပြုံးလိုက်သည်။ သူ၏ပုံစံသည် အလွန်လိမ္မာပြီး အပြစ်ကင်းသည်ဟန်ပေါ်ပြီး မကောင်းသည့်ရည်ရွယ်ချက်လုံးဝမရှိဟုထင်ရသည်။ သူသည် စစ်ကျွင်းတောက်ကိဲုကြည့်ကာ
သူ့၏စိတ်ထဲတွင် မရေရွတ်မိဘဲမနေနိုင်အောင်ဖြစ်မိသည်။ ဆိုတော့...စစ်ကျွင်းတောက်က နားလည်တာလား မလည်တာလား!သူက သိသိသာသာကြီး အရိပ်အမြွက်ပေးနေတာလေ!သူ့ကိုတကယ်ကြီး အဲ့ဒါကိုမပြောပြ ချင်ဘူး !!
စစ်ကျွင်းတောက်သည် ဘူးပေါ်ရှိဖဲကြိုးကို
ဖြေးဖြေးချင်း စနစ်တကျဖြေလိုက်ပြီး ဘူးထဲတွင် နှင်းဆီဖြူလက်တစ်ဆုပ်စာခန့်ရှိနေသည်ကို
တွေ့လိုက်ရသည်။
နှင်းဆီဖြူများဘေးတွင် ကတ်အသေးလေးတစ်ခုရှိနေ၏။
—ချစ်လှစွာသော မစ္စတာစစ်
နှစ်ဆယ့်တစ်ပွင့်သော နှင်းဆီပန်းတွေကအသင့် အတွက်ပါ။မစ္စဝမ်ရဲ့နှလုံးသားကို အသင်
နားလည်နိုင်မယ်လို့ ကျွန်ုပ်မျော်လင့်ပါတယ်။
စစ်ကျွင်းတောက်သည် ကတ်ကို သူ၏လက်ညိုးနှင့်လက်ခလယ်အကြားတွင် ညှပ်ထားပြီး ဝမ်မင်ယီအားကြည့်လိုက်သည်။
"ကျွန်တော် မေးပါရစေ မစ္စဝမ်....ကျွန်တော် ခင်ဗျားရဲ့ ဘယ်နှလုံးသားကိုများ နားလည်ဖို့လိုအပ်တာလဲ"
ဝမ်မင်ယီသည် ဆိုင်ပိုင်ရှင်က တကယ်ကို ဒရာမချိူးလွန်းသည်ဟုခံစားနေရ၏။ အထဲမှာ ကတ်တစ်ခုတောင်ထည့်ထားလိုက်သေးတယ်!မလိုအပ်ဘူး!အတော်လေးကို မလိုအပ်ဘူး!
"ဒါပေါ့ ကျွန်တော်ကကျန်းမာပြီး အလုပ်လည်းကောင်းကောင်းလုပ်တော့လေ ။ ဒီဆိုင်ရှင်က မြင်မြင်ချင်း နားလည်မူလွဲသွားတာ....ကျွန်တော်တို့နှစ်ယောက်ကြားကဆက်ဆံရေးကို နားလည်မှုလွဲသွားတာ။ပြီးတော့ ကျွန်တော့်ကို မိန်းကလေးတစ်ယောက်လို့ထင်သွားတယ်!မမေးမမြန်းဘဲနဲ့လျှောက်ခန့်မှန်းနေတာ အတော်ကို ရဲတင်းလွန်းတာပဲ !တော်တော်လေး မှားတယ် !"
စစ်ကျွင်းတောက်က သူ၏ခေါင်းကိုညိတ်ပြပြီး
သူ့ကိုလက်ယက်ခေါ်လိုက်သည်။
ဝမ်မင်ယိက အမြန်လျှောက်လာကာမေးသည်။
"ဘာအတွက်လဲ "
စစ်ကျွင်းတောက်က ဘူးကို သူ့အားပေးပြီးပြောသည်။
"ပန်းအိုးထိုးလိုက်..မင်းငါ့ကိုဒါပေးတာ ပန်းအိုးထိုးစေချင်လို့လေ။ ငါ့ဘေးနားမှာ ပန်းအိုးမရှိဘူး။ဆိုတော့..လင်းမူကိုမင်းအတွက် တစ်အိုးရှာခိုင်းလိုက်...မင်းကြိုက်တဲ့တစ်အိုး"
"အိုး..."ဝမ်မင်ယီသည် သူလက်ခံလိုက်သည်ကို တွေ့သည်နှင့် ပျော်ရွှင်စွာပင် ပန်းများကို သူထိုင်သည့်ဆိုဖာနားသို့ယူသွားကာ ကော်ဖီစားပွဲပေါ်တင်ထားပြီးနောက် ရုံးခန်းတံခါးကို တွန်းဖွင့်ပြီးထွက်သွားတော့သည်။
စစ်ကျွင်းတောက်သည် သူထွက်သွားသည်ကို ကြည့်နေပြီးနောက် မနေနိုင်စွာဖြင့် တိုးတိုးလေး ရယ်မိတော့သည်။
ဝမ်မင်ယီ၏စရိုက်သည် ဘာကိမျှဖုံးကွယ်မထားနိုင်ကြောင်းသူပြောခဲ့ပါသည်။ ရက်အနည်းသာရှိသေးသည်ကို မြေခွေးအမြီးကထွက်လာလေပြီ။
တခြားပန်းတွေက ညှိုးနေပုံပေါ်တယ်၊...၁၂နာရီတောင်မထိုးသေးဘူး...ပန်းတွေကညှိုးနေပြီပေါ့။ ဒီပန်းဆိုင်ကတော့ တတ်နိုင်သမျှ မြန်မြန်ပိတ်ပစ်သင့်တယ်။
စစ်ကျွင်းတောက်သည် သူကတကယ်ကို အူတူတူလေးဟုခံစားရသည်။အရမ်းကို အူတူတူနိုင်ပြီးချစ်ချင်စဖွယ်လေး...။
သူသည် အဘယ်ကြောင့်ဝမ်မင်ယီက ရုတ်တရတ် သူ့ကို စပြီးပိုးပန်းချင်လာသည်ကို နားမလည်ပါသော်လည်း ဤသို့သောအခြေအနေဖြစ်လာသည်ကား ရှားရှားပါးပါးဖြစ်ပြီး စစ်ကျွင်းတောက်သည် နောက်ကွယ်ရှိအကြောင်းပြချက်အား တွေးပူမနေချင်ပါလေ။ သူသည် သူ၏ဘဝတွင် ဝမ်မင်ယီဉာဏ်အလင်းပွင့်လာသည်အထိ
စောင့်နေခဲ့ရပြီး ဝမ်မင်ယီက သူ့ဘက်မှစ၍ပင် ပန်းများ သူ့အတွက်ဝယ်ပေးလာခဲ့သည်မှာ သူတစ်ခါမျှစိတ်ကူးမယဉ်ဖူးသည့် အံ့ဖွယ်ဖြစ်ရပ်တစ်ခုမျိူး ဖြစ်လေသည်။
စစ်ကျွင်းတောက်သည် ကျိူးရန်၏Wechatကိုနှိပ်ကာ နောက်ဆုံးပေါ် တိုးတတ်လာသည့်အခြေအနေကိုအစီအရင်ခံလိုက်၏။–အခုကနှင်းဆီပန်းတွေ့ပို့ရမဲ့အချိန်ပဲ။
ကျိူးရန်: ရို့.....သူမင်းကို လိုက်ချင်နေပုံရတယ်။
စစ်ကျွင်းတောက်: ခုထိတော့ အဲ့လိုထင်ရတာပဲ။
ကျိူးရန်: အခုလောလောဆယ်?
စစ်ကျွင်းတောက်:ငါထပ်ပြီးလေ့လာကြည့်လိုက်ဦးမယ်။
ကျိူးရန်က သူ့နှုတ်ခမ်းသူ အသံမြည်အောင်စုပ်လိုက်သည်။—ကြည့်ရတာ သူကမင်းကိုကြိုက်ရုံတင်မကဘဲ မင်းလည်းသူ့ကို ကြ်ိုက်နေ ပုံရတယ်။
စစ်ကျွင်းတောက်:[တိတ်ဆိတ်နေ ]
ကျိူးရန်က သိချင်သွားသည်–ဘယ်သူလဲ။ငါသိတဲ့သူလား။
စစ်ကျွင်းတောက်:အချိန်ကျလာရင် ငါမင်းကိုပြောပြမယ်။
သူထိုသို့ပြောပြီးသည်နှင့် chatကိုပိတ်ပြီး အလွန်ရွှင်မြူးနေသည့်စိတ်အခြေအနေဖြင့်ရှိနေကာ ဌာနအသီးသီးမှ မန်နေဂျာများထံသို့ ပို့သည့်အကြောင်းပြန်စာများသည်ပင် အရင်ထက်ပိုပြီး ညင်သာနေ၏။
ဝမ်မင်ယီသည် လင်းမူ၏အလုပ်စားပွဲရှိရာသို့ပြေးကာသူမကို မေးလိုက်သည်။
"ကျဲ...ဖန်ပုလင်းတစ်ခုလောက်ရှိလား။ပန်းထည့်လို့ရတာမျိူးလေ။"
လင်းမူသည် ချက်ချင်းဆိုသလိုပင် ယခုလေးတင်ရောက်လာသည့် နှင်းဆီပန်းဘူးအား တွေးမိသွားပြီး သူ့အားအသံနိမ့်နိမ့်လေးဖြင့် မေးလိုက်၏။
"အဲဒီဘူးထဲကနှင်းဆီပန်းတွေထည့်ဖို့လား"
ဝမ်မင်ယီက ခေါင်းညိတ်ပြသည်။"ကောင်းတဲ့ပုလင်းတစ်ခုလိုချင်တယ်"
"ကောင်းပါ့ "ဟုလင်းမူကပြောသည်။
သူမသည် ဝမ်မင်ယီကိုကြည့်ပြီး သိလိုစိတ်ဖြင့်ပြောလာသည်။"အဲဒီနှင်းဆီပန်း ဘူးကို ဘယ်သူပေးတာလဲ မင်းသိလား"
ဝမ်မင်ယီကသူ၏ခေါင်းကိုညိတ်လိုက်သည်။
လင်းမူက အံ့အားသင့်သွားကာမေးလာ၏။
"တစ်ဖက်လူက ဘယ်လိုလူမျိူးလဲ"
ဝမ်မင်ယီသည် ထိုအကြောင်းကို တွေးပြီး အလွန်အရှက်မဲ့စွာပြန်ဖြေလိုက်သည်။
"အတော်လေးထူးခြား ကောင်းမွန်တဲ့သူတစ်ယောက်!"
"ငါထင်သားပဲ "လင်းမူက နှူးညံ့စွာပြောလာသည်။"ဒီအရင်က မစ္စတာစစ် သူများတွေဆီကပန်းလက်ခံတာကို ငါတစ်ခါမှမတွေ့ဖူးဘူး။ ဒီလိုအခြေအနေတစ်ခုရှိလာတိုင်း သူကငါ့ကို ပြန်ပေးခိုင်းတာမဟုတ်ရင် ငါ့ဘာငါ့သိမ်းထားရတယ်။ဒါက ပထမဆုံးအကြိမ် သူတခြား တစ်စုံတစ်ယောက်ရဲ့ပန်းဒါမှမဟုတ်နှင်းဆီပန်းတွေကို တကယ်လက်ခံတာပဲ။ ပြိးတော့ ဥက္ကဌစစ်ကတစ်ဖက်လူကို သေချာပေါက် နည်းနည်းတော့သဘောကျပုံရတယ်"
"တကယ်"ဝမ်မင်ယီက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။"ဒါက သူပန်းတွေလက်ခံတဲ့ ပထမဆုံးအကြိမ်ပေါ့"
"လက်ခံတဲ့ပန်းအရေအတွက်နဲ့တွက်ရင် ဒါကတကယ်ကို ပထမဆုံးအကြိမ်ပဲ"
ဝမ်မင်ယီက ပျော်သွားသည်။
လင်းမူ သည် ဗီရိုများထဲတွင်ရှာခဲ့ပြီးနောက်ဆုံးတွင် သူ့အတွက် လည်ရှည်ဖန်ပန်းအိုးတစ်လုံးကို
ရှာတွေ့သွားသည်။
ဝမ်မင်ယီကသူ့ကို ကျေးဇူးတင်လိုက်ပြး ပန်းအိုးကိုကောက်ယူကာ သူ၏ရုံးခန်းဆီသို့ပြန်သွားခဲ့သည်။
သူသည် ပန်းအိုးကို ရုံးခန်းထဲရှိ ရေချိူးခန်းထဲတွင်သန့်ရှင်းအောင်လုပ်သည်။ထို့နောက် ရေထည့်ကာ ကော်ဖီစားပွဲပေါ်ထား၍ ပန်းများကိုထုတ်ယူလိုက်ပြီး ပန်းအိုးထဲသိုတစ်ခုချင်းထည့်နေသည်။
မနက်ခင်းနေ သည် ပြတင်းမှန်ကိုဖြတ်၍ တောက်ပနေပြိး နေရောင်ခြည်ဖြင့်လွှမ်းခြုံထားခံရသည့် ဝမ်မင်ယီသည် နှင်းဆီဖြူတစ်ပွင့်ကိုကိုင်ကာ ဖန်ပန်းအိုးထဲသိုဂရုတစိုက်ထည့်နေ၏။
သူ၏မျက်ခုံးတန်းလေးများသည် နှင်းဆီဖြူများ၏အရောင်ကို ဆန့်ကျင်လျက် အလွန်တရာကျက်သရေရှိလှကာ ပန်းချီဆရာတစ်ဦးဆေးချယ်ထားသည် ရေဆေးအလားပင် လှပနေခဲ့သည်။
စစ်ကျွင်းတောက်သည် အချိန်ခဏမျှ ငေးကြည့်နေခဲ့ပြီး ဝမ်မင်ယီ မော့ကြည့်လာမှသာလျှင် တိတ်တဆိတ် မျက်လွှာချလိုက်သည်။သို့သော်လည် သူသည် မနေနိုင်စွာဖြင့် ဝမ်မင်ယီအား အမြဲလိုလိုပင် ပြန်မော့ကြည့်နေမိတော့သည်။
သူသည် ဝမ်မင်ယီနှင့်ဆိုလျှင် အမြဲလိုလိုဤကဲ့သို့ပင်၊ အနည်းငယ်မျှပင်ခံနိုင်ရည်မရှိခဲ့။ မကြာခဏဆိုသလို ဝမ်မင်ယီက ဘာတစ်ခုမျှမလုပ်လျှင်ပင်
သူ၏အာရုံကိုလုံလုံလောက်လောက် ဆွဲဆောင်နိုင်နေ ဆဲဖြစ်ကာ ယခုကဲ့သို့ ထိုနေရာတွင်ထိုင်နေ ပြီးသူ့ကိုပေးထားသည့် နှင်းဆီတစ်ပွင့်နှင့်ဆိုပါက ပြောရန်ပင်မလိုတော့ချေ။ စစ်ကျွင်းတောက်၏မျက်လုံးအစုံသည် သူ့ထံမှနည်းနည်းမျှပင် မခွာနိုင်ခဲ့။
စစ်ကျွင်းတောက်သည် နောက်ဆုံးတွင် သူနှလုံးသား၏ဆန္ဒအတိုင်းနာခံရန် မတ်တပ်ရပ်ကာ
ဝမ်မင်ယီ၏ဘေးတွင်သွားထိုင်လိုက်၏။
ဝမ်မင်ယီက သူ့ဘက်သို့ခေါင်းလှည့်ကာ ကြည့်လာပြီးမေးသည်။"ကျွန်တော့်ကိုခိုးပဲကြည့်နေတော့မှာလား"
"ထူးချွန်ကျောင်းသားတစ်ယောက်ကကြည့်တာကို ကြည့်တယ်လို့ခေါ်ရလို့လား။ ဒါကို လျိူ့ဝှက်စွာစူးစမ်းလေ့လာခြင်းလို့ခေါ်တယ်"
ဝမ်မင်ယီက ရယ်လိုက်သည်။
"ကော ကျွန်တော့်ဆီကနေ တိတ်တိတ်လေးခိုးသင်နေတုန်းလား"
"ငါက ရိုးသားပွင့်လင်းပါတယ်"
ဝမ်မင်ယီက "ဟမ့်"ဟုလုပ်ကာ သူ့ကိုလျစ်လျူရှုပြီး ပန်းဆက်ထိုးနေလိုက်သည်။
စစ်ကျွင်းတောက်သည် ပန်းတစ်ပွင့်ကို ကောက်ယူပြီး သူ့ကိုကူ၍အတူတူ ဖန်ပန်းအိုးထဲကို စီထည့်လိုက် သည်။
"နှစ်ဆယ့်တစ်ပွင့်....သူ့မှာ ထူးခြားတဲ့အဓိပ္ပါယ်တစ်ခုခုများရှိလား"ဟု စစ်ကျွင်းတောက်က သူ့ကိုမေးသည်။
၂၁–ငါမင်းကိုချစ်တယ်..... ဝမ်မင်ယီက သူ့အားသူ့စိတ်ထဲမှပြန်ဖြေလိုက်သော်လည်း သူ၏ပါးစပ်ကမူ စိတ်ကြီးဝင်နေ ဟန်ဖြင့်ပြောလိုက်သည်။
"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ...ရွေးစရာကနည်းနည်းပဲရှိတယ်လေ။ ကိုးပွင့်ကနည်းလွန်းလို့ကျွန်တော် ဒါကိုရွေးလိုက်တာ"
စစ်ကျွင်းတောက်က "အိုး.."ဟုဆိုသည်။
"ငါထင်တာသူ့ရဲ့အဓိပ္ပါယ်က ကာရန်ညီတဲ့အချစ်လို့"
ဝမ်မင်ယီက ချက်ချင်းပင် ချောင်းဆိုးလာပြီး သူ၏မျက်နှာသည် အနီရောင်ပြောင်းကာ သူ၏အသံကမသိလိုက်ဘာသာဖြင့် ကျယ်လာလျက် "ကော.......ဘာတွေလျှောက်တွေးနေတာလဲ..အာ!"
စစ်ကျွင်းတောက်သည် ချက်ချင်းနီရဲကာ ရှက်သွေးဖြာလာသည့် သူ၏မျက်နှာနှင့်နားရွက်လေးများကိုကြည့်ပြီး တစ်ခါတလေတွင် သူသည်အတကယ်ကိုနည်းနည်းမျှပင် မလိမ်ညာတတ်ဟုခံစားရသည်။
တကယ်ကို ကျွန်တော်အဲ့လို တွေးမနေဘူး!ပြန်တွေးကြည့်ပါဦး ! နောက်ဆုံးတွင် စပြီးသတိထားမိလာပြီဖြစ်သောစစ်ကျွင်းတောက်သည် သူ၏စကားများကြောင့် စိတ်ပျက်သွားမည်ကိုစိုးရိမ်ကာ ဝမ်မင်ယီက မနေနိုင်စွာဖြင့်စိတ်ထဲတွင် အော်ဟစ်နေမိသည်။
သူသည် စစ်ကျွင်းတောက်အား သတိထားပြီးတစ်ချက်ခိုးကြည့်လိုက်ရာတွင် စစ်ကျွင်းတောက်၏မျက်နှာသည်ပုံမှန်အတိုင်း တည်ငြိမ်နေကြောင်းတွေးလိုက်ရသည်။
ဒါရဲ့ အဓိပ်ပာယျကဘာလဲ...သိသှားတာလား
မသိသေးတာလား။ဝမ်မင်ယီသည် သိချင်စိတ်အပြည့်ရှိနေပြီး သိချင်နေသော်လည် မေးဖို့ရာရှက်လွန်းနေခဲ့၏။
ထို့ကြောင့် ဝမ်မင်ယီသည် ဘာဆက်လုပ်ရမလဲဟုစဉ်းစားရင်း သူ၏ခေါင်းကို ငုံ့ကာ
ပန်းများကိုဆက်ပြီးစီနေရုံသာတတ်နိုင်သည်။
သူတို့နှစ်ယောက်သည် ပန်းများစီထည့်ရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြပြီး ဝမ်မင်ယီက စစ်ကျွင်းတောက်ဆီသို့ ပန်းအိုးကိုကမ်းပေးကာ"ဒီမှာကောအတွက် "
စစ်ကျွင်းတောက်သည် လက်လှမ်း၍ယူကာကြည့်ပြီးနောက် ပြောလိုက်သည် ။
"မဆိုးဘူး...အတော်လေးလှတယ်"
"ဒါပေါ့ "ဝမ်မင်ယီက ဂုဏ်ယူစွာဖြင့်"ကော
ဒါကိုဘယ်သူဝယ်မှန်းတောင်မသိဘူးလား....ကျွန်တော်ရွေးထားတာလေ....မလှဘဲနေမလား"
စစ်ကျွင်းတောက်သည် သူ့အားအပြုံးတစ်ခုဖြင့်
ကြည့်လာရင်း မတ်တပ်ရပ်ကာ ဖန်ပုလင်းကို သူ၏ကွန်ပြူတာဘေးသို့တင်ထားလိုက်သည်။
ဝမ်မင်ယီသည် စစ်ကျွင်းတောက်၏အလုပ်စားပွဲပေါ်တွင် သူ၏နှင်းဆီများပွင့်လန်းနေသည်ကိုမြင်လိုက်ရာတွင် သူနှလုံးသားထဲ၌ထူးဆန်သည့်ကျေနပ်မှုတစ်ခု ကိုခံစားလိုက်ရသည်။သူသည် မနေနိုင်စွာဖြင့် စစ်ကျွင်းတောက်ကိုပြောလိုက်မိသည်ကား"ကျွန်တော်ကောအတွက် ပန်းတွေပုံမှန်လဲပေးဖို့ကို တာဝန်ယူမှာမလို့ နောက်ဆိုရင် တခြားသူတွေဆီကပန်းတွေလက်မခံရဘူးနော်"
စစ်ကျွင်းတောက်သည် သူအား မျက်လုံးပြူးလျက်ကြည့်လာပြီး"မင်း ငါ့ရုံးခန်းထဲမှာ ပန်းအလှဆင်မလို့လုပ်နေတာလား"
"မရဘူးလား "ဝမ်မင်ယီက ဖြောင့်မတ်မှန်ကန်နေသည့်ဟန်ဖြင့်ဆိုလာသည်။
"အိုခေ"စစ်ကျွင်းတောက်က ခေါင်းညိတ်သည်။ "
"မင်းစိတ်ကူးပေါက်ရာတွေလျှောက်မလုပ်သရွေ့ပေါ့"
"မလုပ်ပါဘူးဗျာ "
စစ်ကျွင်းတောက်သည် တခြားဘာမျှထပ်ပြောခြင်းမရှိတော့ဘဲ သူ၏မျက်လုံးထောင့်စွန်းများတွင်သာ အပြုံးအရိပ်အယောင်လေးတစ်ခုပေါ်လာပြီး ခေါင်းငုံ့ကာ အလုပ်တဖန်ပြန်စလုပ်နေတော့သည်။