အပိုင်း ၇၆
Viewers 12k

စစ်ကျွင်းတောက် တစ်နေတာလုံးစိတ်ကောင်းဝင်နေတော့သည်။
ချန်ပင်းက အစီအရင်ခံစာတင်ပြီးသည့်နှင့် မနေနိုင်စွာဖြင့် လင်းမူကိုမေးလိုက်၏။
"ဥက္ကဌစစ်က ဒီနေ့ အတော်လေးပျော်နေတာလား
။ငါ့ကိုစကားပြောတာက ပုံမှန်ထက်ပိုပြီးညင်သာနေတယ်"
လင်းမူက တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏။
"ဥက္ကဌ စစ်ရဲ့အလုပ်စားပွဲပေါ်က နှင်းဆီပန်းတွေကို မြင်ခဲ့လား"
"မြင်တယ်လေ...ဘယ်သူပို့တာလဲ "
"အနာဂါတ်ဘော့စ်ဇနီးနေမှာပေါ့"
လင်းမူကသူ့ကိုကြည့်ကာ "မဟုတ်ရင်...သူတစ်ခြားသူတွေဆီကပန်းတွေလက်ခံတာမင်းမြင်ဖူးလို့လား...ထူးထူးခြားခြားလည်း ဝင်စွက်ဖက်လိုက်သေးတယ်...ဒီလိုဆက်ဆံမှုမျိူးက ဒီတစ်တစ်ခါပဲရှိတယ်"
ချန်ပင်းက နားလည်သွား၏။
"သူဒီနေ့ စိတ်ကောင်းဝင်နေတာမထူးဆန်းတော့ဘူး...နှင်းဆီပန်းတွေကြောင့်ပဲ...ဒါဆိုငါတော့ အနာဂါတ်ဘော့စ်ဇနီးက ငါတို့ဘော့စ်ဆီပန်းတွေမကြာကြာပို့ပေးပါစေလို့ ဆုတောင်းတယ်..."
လင်းမူကလည်းပြုံးကာ ဆိုလာသည်။
"ငါရောပဲ"
နွေဦးပွဲတော်က ပြီးဆုံးသွားပြီဖြစ်ပြီး စုန့်ရှုဟန်သည် စစ်အိမ်တော်တွင် ရက်ပေါင်းများစွာနေခဲ့ပြီးဖြစ်ကာ သူမ၏အစီအစဉ်ထဲရှိ ခရီးသွားဆွဲဆောင်မှုတွေက ကုန်လုနီးပါးဖြစ်နေလေပြီ။
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ ညစာစားစားနေစဉ် သူမထိုအကြောင်းပြောပြသည်ကို ကြားရချိန်တွင် အံ့အားသင့်သွားကြသည်။
"ဘာလို့ သမီးကထွက်သွားဖို့ စိတ်လောနေရတာလဲ"
ကျီစစ်ယောင် မေးလိုက်သည်။
"ဒီနေရာကိုလာဖို့ သမီးအတွက်မလွယ်ဘူးလေ...
ရက်နည်းနည်းလောက်ထပ်လည်ပတ်ပါဦးလား"
"သမီး အကုန်လည်လို့ပြီးလုနီးပါးဖြစ်နေပြီ...ပြီးတော့ တခြားလုပ်စရာတွေလည်းရှိသေးလို့...သမီးပြန်မသွားဘူးဆိုရင် ကြန့်ကြာကုန်တော့မှာ.... ဒါပေမဲ့မပူပါနဲ့ အန်တီ...နောက်ကျ သမီးအချိန်ရတာနဲ့ ဒီကိုထပ်လာလည်မှာပါ"
ကျိစစ်ယောင်က ဤစကားကြားရချိန်တွင် သူမအားဆက်ဆွဲထားရန် အားနာသွားပြီး သူမကို ပြောလိုက်၏။
"ဒါဆို သမီး အချိန်ရတာနဲ့ ဒီကို အချိန်မရွေးလာလို့ရတယ်နော်...အန်တီ ဒီမှာမရှိရင် သမီးရဲ့အစ်ကို ကျွင်းတောက်ကိုပဲဖြစ်ဖြစ် မင်မင့်ကိုပဲဖြစ်ဖြစ် ဆက်သွယ်လို့ရတယ်"
စုန့်ရှုဟန်က သူမ၏ခေါင်းကို ညိတ်ပြပြီး သူမအား သွားများပေါ်သည်အထိ အပြုံးချိူချိူလေးပေးလာ၏။
ဝမ်မင်ယီက သူမအား အလွန်ပင်သဘောကျသည်ဖြစ်ရာ သူမမကြာမီ ထွက်သွားတော့မည်ကိုတွေ့သည်နှင့် သူ့လက်မှတ်ပါသည့် headsetတစ်ခု
သူမကိုပေးလိုက်သည်။
(T/N–နားဖုံးနားကြပ်ကိုပြောတာပါ)
စုန့်ရှုဟန်က အလွန်ပျော်သွားပြီး ဤဟာသည် လက်ရှိခရီးစဉ်အတွင်း သူမရခဲ့သည့်လက်ဆောင်များထဲတွင် အကောင်းဆုံးလက်ဆောင်ဖြစ်ကြောင်းပြောနေတော့သည်။
"ဘယ်ချိန်ပြန်မှာလဲ... ငါလိုက်ပို့ပေး မယ်"
"သဘက်ခါ..."ဟု စုန့်ရှုဟန်က ပြန်ဖြေလာသည်။
"သဘက္ခါလား..."
ဝမ်မင်ယီ တကယ်ကို တိုက်ဆိုင်မှုတစ်ခုဟုတွေးမိသွားသည်။
"သဘက်ခါကျရင် မဂ္ဂဇင်းတစ်ခုသွားရိုက်စရာရှိလို့ ငါမင်းကိုလိုက်ပို့မပေးနိုင်တော့ဘူး"
"အဆင်ပြေပါတယ်"
စုန့်ရှုဟန်ကလည်း စိတ်ထဲမထားမပါချေ။ထိုထက် သူမပိုစိတ်ဝင်စားသည်မှာ၊
"အစ်ကို...အစ်ကိုရိုက်ရမှာဘယ်လိုမဂ္ဂဇင်းမျိူးလဲ...
အဲ့ဒါထွက်လာရင် ညီမအုပ်ရေတစ်ရာဝယ်မယ်"
ဝမ်မင်ယီ : ...
"မလိုဘူး...မင်းအများကြီးဝယ်စရာမလိုပါဘူး...
တစ်အုပ်နှစ်အုပ်လောက်ပဲဝယ်ပြီး ကိုယ့်ဘာကိုယ်ဖတ်။ အုပ်ရေတစ်ရာ...ဘယ်လောက်ကြာအောင် ဖတ်မလိုလဲ"
စုန့်ရှုဟန်က headsetကိုကိုင်ရင်း ယုတ္တိရှိရှိ ပြောလာသည်။
"မဂ္ဂဇင်းက ဖတ်ဖို့ဝယ်မှာမဟုတ်ဘူး...ဖန်တွေရဲ့ဝယ်ယူနိုင်စွမ်းကိုပြဖို့လေ...အုပ်ရေတစ်ရာက နည်းတယ်လို့ပြောလို့ရတယ်...ညီမမကြာသေးခင်က ပိုက်ဆံတွေအများကြီးသုံးမိထားလို့....မဟုတ်ရင် ညီမအုပ်ရေတစ်ထောင်ဝယ်ရမှာ"
ဝမ်မင်ယီ: ...
"ဟန်ဟန်ရေ"
ဝမ်မင်ယီက သူမ၏ပုခုံးကိုပုတ်ကာ ညင်သာစွာ ပြောလိုက်သည်။
"အစ်ကို့မိသားစုရဲ့အခြေအနေကို မင်းကောင်းကောင်းနားမလည်လောက်ပေမဲ့... မင်းမြင်မှာပါ ...အစ်ကိုက ပိုက်ဆံလည်းမပြတ်လပ်နေသလို ... မင်းအရမ်းတွေကြိုးစားပြီးလုပ် ပေးဖို့ လည်း မလိုပါဘူး...အဲ့ဒါကြောင့် တစ်အုပ်နှစ်အုပ်ပဲဝယ်ပါ"
စုန့်ရှုဟန်က ထိုစကားများကိုကြားရသည်တွင်
ပါးစပ်မှ"အိုး..."ဟုကတိပေးလိုက်သော်လည်း စိတ်ထဲတွင်မှုထိုသို့ဟုတ်မနေခဲ့။ အရှုံးသမားတစ်ယောက်က တိုက်ပွဲကိုရှုံးမှာမဟုတ်ဘူး!လျော့ဝယ်လိုက်ရင်တော့ ပွဲဦးထွက်ချိန်တူတဲ့ တခြားချာတိတ်လေးတွေနဲ့ ယှဉ်ဖိုက်ရမဲ့အချိန်ရောက်ရင် ဖိုက်နိုင်ဖို့ဝေးပြီ။အဲတော့ ဝမ်မင်ယီရဲ့လူတွေအနေနဲ့ အရှုံးခံမလား၊များများဝယ်မလားပဲ။နည်းနည်းဝယ်လို့အဆင်ပြေတယ်ဆိုပေမဲ့ များများဝယ်တာကလည်းလုံးဝကိုမှားမနေဘူးလေ!
ဝမ်မင်ယီသည်ကား ကလေးမလေးတွင်မျက်နှာနှစ်ခုရှိနေဆဲဟု မထင်ခဲ့မိပဲ သူမအမှန်တကယ်သဘောတူသည်ဟုထင်ကာ
"ငါက သဘက်ခါ မဂ္ဂဇင်းရိုက်ရမှာမို့ မင်းကိုလိုက်မပို့နိုင်ဘူး...ငါ့ကောကိုလိုက်ပို့ခိုင်းလိုက်မယ်...လမ်းမှာဂရုစိုက်နော်"
စုန့်ရှုဟန်က ခေါင်းညိတ်ပြလာသည်။
"အိုခေ"
"ဒါဆိုသွားနားချေတော့...ငါလည်းအနားယူမဲ့ချိန်ရောက်ပြီ"
"အစ်ကိုက အစောကြီးအိပ်တယ်.."
စုန့်ရှုဟန်က သူမ၏ခေါင်းလေးအားစောင်းကာဆိုလာ၏။
"ညီမအမြဲတမ်းထင်တာက ညီမ၁၂နာရီမှာအိပ်ရာဝင်တာက အရမ်းစောတယ်လို့ပြောလို့ရတယ်ဆိုပြီးတော့လေ...ဒါပေမဲ့ အစ်ကိုကညီမထက်ပိုစောပြီး အိပ်ရာဝင်မယ်လို့ထင်မထားဘူး...
အစ်ကို...အစ်ကိုက အရမ်းစည်းကမ်းကြီး တာပဲ"
"ဒါဆို မင်းငါ့ကိုအတုယူသင့်တယ်...နောက်ကျအောင်မနေနဲ့...နားလည်လား"
စုန့်ရှုဟန်က ခေါင်းထပ်ညိတ်လိုက်ရင်း သူမ၏စိတ်ထဲမှ တဗျစ်တောက်တောက်ပြောနေရုံသာတတ်နိုင်၏။ သူမလည်း တစ်ညလုံးမအိပ်ဘဲမနေချင်ပါဘူးနော်။ဒါပေမဲ့ ဝတ္ထုလေးတစ်ခါဖတ်လိုက်၊ဝဘ်ပေ့ခ်ျလေးပွတ်လိုက်နဲ့ နာရီတွေအများကြီးကုန်သွားရော။သူမလည်းမတတ်နိုင်ဘူး။
သူမသည် အဆုံးတွင် ဝမ်မင်ယီအားပြုံးပြလိုက်ရင်း Good nightဟုဆိုပြီး ဝမ်မင်ယီ၏အခန်းမှ ထွက်ကာ သူမ၏အခန်းသို့ပြန်သွားလိုက်၏။
ဝမ်မင်ယီ သူမထွက်သွားသည်ကိုတွေ့လိုက်သည်နှင့် ညဝတ်အကျီလဲပြီး စစ်ကျွင်းတောက်၏အိပ်ခန်းဆီသို့ ဦးတည်တော့သည်။
အချိန်ရှိသေးမှန်း သူတွေ့သည်နှင့် စစ်ကျွင်းတောက်ကို ပြောလိုက်သည်။
"ကောရဲ့ရေချိူးခန်းကို ငှားသုံးပါဦး...ကျွန်တော်ရေချိူးမလို့"
စစ်ကျွင်းတောက်က စာရွက်လှန်နေသည့် သူလက်ချောင်းများကို ရပ်လိုက်ပြီး ဝမ်မင်ယီကို တည်ငြိမ်စွာပင် တစ်ချက်ကြည့်လာ၏။သူက အံ့ဩစရာပဲ။မနက်တုန်းက သူ့နှလုံးသားကိုပြဖို့ပန်းပဲပေးတတ်သေးတာကို ညနေရောက်တော့
ရေချိူးခန်းငှားသုံးဖို့တောင်သင်ယူပြီးပြီပေါ့။
တခြားလှည့်ကွက်အသစ်များထပ်ရှိလာလို့လား။
စစ်ကျွင်းတောက်က စောင့်မျှော် ကြည့်ရှုနေ မည်ဖြစ်သည်။
သို့သော်လည်း ဝမ်မင်ယီက ဤတစ်ကြိမ်တွင် အမှန်ပင် ရေချိူးခန်းသုံးရုံတင်သာဖြစ်၏။ သူ အဝတ်အစားလဲပြီးသည်နှင့် ထိုအကြောင်းကို အများကြီးမတွေးဘဲထွက်လာခဲ့ခြင်းဖြစ်သည်။ စစ်ကျွင်းတောက်၏အခန်းထဲသို့ သူရောက်ချိန်တွင် သူ့အတွက်ရေတစ်ခါချိူးရန် အချိန်ရသေးမှန်းတွေ့သွားသဖြင့် စစ်ကျွင်းတောက်၏ရေချိူးခန်းကို ငှားသုံးလိုခြင်းဖြစ်၏။
အမှန်ပင် အလွန်တရာဖြူစင်ပြီး တခြားအတွေးများတစ်ခုမျှရှိမနေခဲ့။
သို့သော် စစ်ကျွင်းတောင်ကမူ ဝမ်မင်ယီက ကြီးကြီးမားမား လှုပ်ရှားမှုပုံစံအသစ်တစ်ခု ထုတ်ပြရန်စီစဉ်နေသည်ဟု သူထင်နေခဲ့သည်။ ထို့ကြောင့် ဝမ်မင်ယီ ရေချိူးခန်းထဲဝင်သွားသည့်အချိန်မှစ၍ သူ့တစ်ကိုယ်လုံးအာရုံမစိုက်နိုင်တော့ချေ။ ပထမအကြိမ် သူရေချိူးခန်းကိုကြည့်လိုက်သည်။ဒုတိယအကြိမ်လှမ်းကြည့်ချိန်တွင်မူ ဝမ်မင်ယီ မည်သို့သော လှုပ်ရှားမှုမျိူးလုပ်မည်ကို သူမတွေးတောဘဲမနေနိုင်ခဲ့။
သူ့ ရဲ့ဒီဝါးမြင်း*တိတိလေးကလည်း အရမ်းကို စွမ်းအားကြီးလွန်းတယ်။တစ်သက်လုံး ညဏ်အလင်းမပွင့်ခဲ့ပေမဲ့ တစ်ခါလေးဉာဏ်အလင်းပွင့်လာတဲ့အခါကျ အံမခန်းပဲ !လူတိုင်း ရေချိူးခန်းကိုဘယ်လိုသုံးရမှန်းသိကြတယ်! ငါသူ့ကိုအရင်က တကယ်လျော့တွက်ခဲ့မိတာပဲ!
(T/N–'Greend plum and bamboo horse'ဆိုတဲ့တရုတ်idiomတစ်ခုကို ယူသုံးထားတာဖြစ်ပြီး ငယ်ကျွမ်းဆွေတွေကို ရည်ညွှန်းပါတယ်တဲ့)
စစ်ကျွင်းတောက်သည် စာအုပ်ကိုပိတ်ကာ ဘေးတွင်ချထားပြီး ဝမ်မင်ယီ၏နောက်ထပ်ခြေလှမ်းကို မမှိတ်မသုန်စောင့်မျှော်နေ၏။
ခဏအကြာတွင် ရေချိူးခန်းတံခါးပွင့်လာသည်ကို သူမြင်လိုက်ရသည်။ စစ်ကျွင်းတောက်က
ထိုင်ခုံကျောမှီကို မှီကာ ရေချိူးနေတုန်း လာဖြားယောင်းတာ မခံရဘူးဆိုတော့ ရေချိူးပြီးမှပဲဖြစ်ရမယ်ဟုတွေးတောနေသည်။
လျော့တိလျော့ရဲ ရေချိုးဝတ်ရုံတစ်ထည်နှင့်ဝမ်မင်ယီက အပြစ်ကင်းစင်ဟန်မျက်နှာထားလေးဖြင့် သူ့ရှေ့တွင် ပေါ်လာမည်ကို ကြည့်ဖို့အဆင်အသင့်ဖြစ်နေပြီဖြစ်၏။ (Lol)
အဆုံးတွင် သူမြင်လိုက်ရသည်ကား ဝမ်မင်ယီသည် သူဝင်လာစဉ်က ဝတ်ထားသည့် ကာတွန်းညဝတ်အကျီကိုဝတ်ဆင်ထားဆဲဖြစ်ကာ ကြယ်သီးများကိုအပေါ်ဆုံးတစ်ခုအထိတပ်ပြီး သေသေသပ်သပ်နှင့် လုံလုံခြုံခြုံဝတ်ထားသည်ကိုပင်။
စစ်ကျွင်းတောက်တစ်ယောက် ဝမ်မင်ယီ၏ ညဝတ်အကျီပေါ်တွင် ရိုက်နှိပ်ထားသော နေကာမျက်မှန်ဝတ်ထားသည့်ဂျက်ကီလိပ်လေးအားကြည့်ကာ စိတ်ထဲတွင် လှောင်ပြောင်ရယ်မောသံကိုကြားရသလို ခံစားလိုက်ရသည် ။
ထို့ကြောင့် သူခုနကပိတ်ခဲ့သည့်စာအုပ်ကို တည်တည်ငြိမ်ငြိမ်ပင် ယူလိုက်ပြီး ၊တည်တည်ငြိမ်ငြိမ်ပင် ဖွင့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် ဖတ်နေလိုက်တော့၏။
ဝမ်မင်ယီက စစ်ကျွင်းတောက်၏စိတ်ထဲတွင်ဖြစ်ပျက်နေသည်များအား တစ်ခုမျှပင်မသိပါချေ။ ဆံပင်လေမှုတ်စက်ကို ယူကာ သူ့အား သူ့ဆံပင်ကိုလေမှုတ်ပေးရန် ပြောလိုက်သည်။
စစ်ကျွင်းတောက်က လေမှုတ်စက်ကို ပလက်ထိုးကာ ဝမ်မင်ယီအား သူ၏ရှေ့တွင်ထိုင်စေပြီး ဆံပင်လေးများကို လက်ဖြင့်အသာအယာထိုးဖွ၍
ညင်သာနှုးညံ့စွာ လေမှုတ်ပေးနေသည်။
"ဟန်ဟန်က သဘက်ခါကျရင် ပြန်တော့မှာ...
ကျွန်တော်က မဂ္ဂဇင်းတစ်ခုရိုက်ရမှာမို့ ... ကောသူ့ကိုလိုက်ပို့ပေးလိုက်ဦး"
စစ်ကျွင်းတောက်က ခေါင်းညိတ်ပြလာသည်။
"ကောင်းပြီ "
ထိုစကားကိုပြောပြီးမကြာမီပင် ဝမ်မင်ယီက ကြီးမားသည့် မီးခိုးဖြူရောင်ဟက်စကီးတစ်ကောင် အဖြစ်သို့ပြောင်းသွား၏။
စစ်ကျွင်းတောက်: ...
သူက ဆံပင်လေမှုတ်စက်ကို ချထားပြီး ဝမ်မင်ယီ၏ခွေးခေါင်းကြီးကို ပုတ်ကာဆိုလိုက်သည်။
"သွားအိပ်တော့"
ဝမ်မင်ယီက "ဝုတ်"ဟုအသံပေးလိုက်ပြီး အိပ်ရာဘေးသို့သွားကာ "ဘမ်း"ခနဲမြည်အောင်ခုန်တက်လိုက်၏။
စစ်ကျွင်းတောက်: ...
စစ်ကျွင်းတောက်သိသွားသည်ကား သင်ပြောထားသမျှကိုမှတ်မိနေစေရန် ဟက်စကီးတစ်ကောင်ဆီကသွားမျှော်လင့်ထားဖို့ကား မဖြစ်နိုင်ဟုပင်။
ဘယ်တော့မှမဖြစ်နိုင်ဘူး!သူအကြိမ်ရှစ်ရာလောက်ပြောခဲ့တယ်၊ trampolineလုပ်ခွင့်မပြုဘူးလို့!အခုဘာဖြစ်လာလဲ။ ဝမ်မင်ယီက သူဘာပြောခဲ့လဲဆိုတာကိုမေ့နေတုန်းပဲ!သူ့ကို့ နောက်ခါကျ trampolineတစ်ခုလောက်ဝယ်ပေးပစ်လိုက်မယ်!ကောင်းကောင်းခုန်ပေါက်နေပါစေ!
(T/N–trampolineက ပိတ်စတွေအောက်မှာ စပရင်တွေခံထားပြီး အဲ့အပေါ်မှာတက်ခုန်တာမျိူးကိုပြောတာပါ ။ အဲ့လို့ခုန်ဖို့သုံးတဲ့ပစ္စည်းကိုလည်း trampolineလို့ပဲခေါ်ပါတယ်)
သုံးရက်အကြာတွင် စုန့်ရှုဟန် က နှုတ်ဆက်စကားဆိုကာ ထွက်ခွာသွားတော့သည်။ ဝမ်မင်ယီသည် ခြံဝင်းထဲတွင် ရပ်ကာ သူမအား နှုတ်ဆက်က်လိုက်၏။ သူက သူမစစ်ကျွင်းတောက်၏ကားထဲသို့ဝင်သွားသည်ကို ကြည့်နေရင်း စိတ်ထဲတွင် ငါတို့ဘယ်ချိန်မှပြန်တွေ့နိုင်မယ်မသိပါလားဟု ဆိုလိုက်မိသည်။
သူသည် စစ်ကျွင်းတောက်၏ကား ပိုပြီး၊ပိုပြီး ဝေးသွားသည်ကိုစောင့်ကြည့်နေပြီးမှ ခြံထဲသို့ပြန်ဝင်လာပြီး ခြံထဲရှိ ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းကာ နေပူဆာလှုံရင်း ချန်လု လာအခေါ်ကိုစောင့်နေလိုက်သည်။
ဝမ်ဝေ့သည် နွေဦးပွဲတော်အား တရုတ်ပြည်တွင် ကုန်ဆုံးခဲ့ပြီး သူမ၏စီးပွားရေး ပါရဂူကလည်း သူမဘယ်ချိန်ပြန်လာမလဲဟု ဖုန်းခေါ်ပြီးမေးနေပြီဖြစ်သည်။
ဝမ်ဝေ့က ချီတုံချတုံဖြင့်ပြန်ဖြေ လိုက်၏။
"နောက်နှစ်ရက်နေရင်...စိတ်မပူပါနဲ့"
အေးဂျင့်က သူမ၏စကားကို အမြဲနာခံသည်ဖြစ်ရာ သူမအား ယဉ်ယဉ်ကျေးကျေးပင် မကြာသေးမိက သူမလက်ခံရရှိခဲ့သည် ဖိတ်ကြားချက်အကြောင်း ပြောပြခဲ့ပြီး ဝမ်ဝေ့ထံမှအဖြေရပြီးနောက်ဖုန်းချသွားတော့သည်။
ဝမ်ဝေ့ စစ်မိသားစု၏ဥယျာဉ်ထဲရှိ ပန်းများကို ရေသွားလောင်းခါနီးတွင် ပက်လက် ကုလားထိုင်ပေါ်၌ မျက်စိမှိတ်ကာလဲလျောင်းနေသည့် ဝမ်မင်ယီကို မြင်လိုက်ရ၏။သူမက လမ်းလျှောက်လာကာ ဝမ်မင်ယီ၏အလင်းရောင်ကို ပိတ်၍ရပ်လိုက်သဖြင့် ဝမ်မင်ယီက မကျေမနပ်ဖြင့် သူ၏မျက်လုံးများကို ဖွင့်လာချိန်တွင် သူ့ရှေ့တွင်မတ်တပ်ရပ်နေသည့် ဝမ်ဝေ့အား တွေ့သွားတော့သည်။
"လှဲအိပ်မနေနဲ့...မားနဲ့ အတူတူပန်းပင်ရေလောင်းချေ"
ဝမ်မင်ယီလည်း မတတ်နိုင်စွာပင် မတ်တပ်ထရပ်ကာ သူမနှင့်အတူလိုက်ပြီး ပန်းပင်ရေလောင်းရတော့သည်။
ချန်လုရောက်လာချိန်တွင် ထိုမြင်ကွင်းကိုမြင်လိုက်ရ၏။
ဝမ်မင်ယီက သူမရောက်လာသည်ကိုသတိထားမိကာ သူမဆီသို့ဦးတည်လမ်းလျှောက်လာပြီး ဝမ်ဝေ့ကလည်း သူ့နောက်မှလိုက်လာသည်။
ချန်လုက ဝမ်ဝေ့နှင့်တစ်ခါမျှမဆုံဖူးသလို သူမမည်သူမည်ဝါဖြစ်သည်ကိုလည်းမသိသောကြောင့် ယဉ်ယဉ်ကျေးကျေး ခေါင်းပဲညိတ်ပြကာ နှုတ်ဆက်လိုက်သည်။
"မဂ္လာပါ "
"မဂ္လာပါ "
ဝမ်မဝေ့ကပြန်နှုတ်ဆက်ပြီးမေးလာသည်။
"မင်မင်ကို ကိစ္စတစ်ခုခုရှိလို့တွေ့ချင်တာလား
ချန်လုက ဝမ်မင်ယီကိုကြည့်လိုက်ရာတွင် သူက မူမမှန်စွာ ချောင်းဟန့်ပြပြီး ဝမ်ဝေ့ကိုပြောလိုက်သည်။
"ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး...ကျွန်တော်တို့ ကျောင်းကိစ္စတွေပါ...ကျွန်တော်အလုပ်အရင်သွားလုပ်လိုက်ဦးမယ်"
သူထိုသို့ပြောပြီးနောက် ထွက်သွားဖို့အဆင်သင့် ဖြစ်နေသော်လည်း ဝမ်ဝေ့က သူ့ကိုဆွဲထား၏။
"ကျောင်းကိစ္စလား"
ဝမ်မင်ယီက သူ၏ခေါင်းကို အပြင်းအထန်ညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့"
ဝမ်ဝေ့က ချန်လုကိုကြည့်သည်တွင် ချန်လုကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြ လိုက်ရ၏။
သို့သော်လည်း ဝမ်ဝေ့သည် တစ်ခုခုမှားနေသည်ဟုခံစားနေရ၏။
"မင်းတို့က အတန်းဖော်တွေလား"
ချန်လုအနေဖြင့် သူမကဝမ်မင်ယိရဲ့အတန်းဖော်တစ်ယောက်ပါဟူ၍ပြောရမည်ကို ရှက်ရွံ့နေ၏။ အဲ့ဒါအပြင် သူမက အတန်းဖော်တစ်ယောက်နဲ့လည်းတူမနေဘူးလေ!
"စီနီယာ အစ္မ"
ဝမ်မင်ယီက အသံခပ်ပြတ်ပြတ်ဖြင့် အရင်ဝင်ပြောလိုက်သည်။
"ကျွန်တော့်ရဲ့စီနီယာအစ်မ"
ဝမ်ဝေ့က မသိလိုက်ဘာသာဖြင့် သူမ၏မျက်ခုံးများကို ပင့်မိသွားသည်။
ချန်လုလည်း ယဉ်ယဉ်ကျေးကျေးဖြင့် ကိုးရိုးကားယားနိုင်စွာ ပြုံးပြရုံသာတတ်နိုင်၏။
"ကောင်းပြီလေ... ငါသွားတော့မယ်... ပန်းတွေကိုရေကောင်းကောင်းလောင်းနော် ...ဘိုင့်"
"ဘိုင့်"
ဝမ်ဝေ့က သူတို့နှစ်ယောက်ထွက်သွားသည်ကို ကြည့်နေရင်း သူမ၏ဖုန်းကိုအမြန်ထုတ်လိုက်ကာ သူတို့နှစ်ဦးစလုံး အာရုံစိုက်မနေချိန်တွင် ဓာတ်ပုံ တစ်ပုံကိုအမြန်ရိုက်ယူလိုက်သည်။
ချန်လုနှင့်ဝမ်မင်ယီ အဝေးရောက်သွားသည်အထိစောင့်ပြီးမှ ဝမ်ဝေ့က ရေခရားကိုချထားကာ
စစ်ကျွင်တောက်ဆီသို့ Wechatတစ်စောင်ပို့လိုက်၏။–ဒါဘယ်သူလဲ။သူနဲ့မင်မင်ကြားကဆက်ဆံရေးကဘာလဲ။သူက သူနဲ့အပြင်ထွက်ဖို့အတွက်နဲ့ ငါ့ကို့လိမ်သွားတယ်"
စစ်ကျွင်းတောက်သည် မီးနီနေချိန်တွင် သူ၏ဖုန်းကို တစ်ချက်ကြည့်လိုက်ရာတွင် အမှန်ပင် မည်သို့ပြန်ဖြေရမှန်းမသိဖြစ်သွားသဖြင့် မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
ဝမ်ဝေ့က သူစာပြန်ရန်ကြန့်ကြာနေသည်ကို တွေ့လိုက်သည်တွင် သူကားမောင်းရင်းအလုပ်ရှုပ်နေသည်ဟုထင်ပြီး ဖုန်းထဲရှိ ရှာဖွေရေးဝဘ်ဆိုဒ်ကိုဖွင့်ကာ ပုံသုံး၍မဝံ့မရဲ ရှာလိုက်ရတော့သည်။
ထို့နောက် ဝမ်ဝေ့ရှော့ရသွား၏!
စာမျက်နှာတစ်ခုလုံးတွင် ပုံများနှင့်ဆက်စပ်သည့်
ရှာဖွေမှုများစွာရှိနေပြီး အကုန်လုံးသည် ဝမ်မင်ယီ၏ပုံများဖြစ်နေကာ တစ်ခါတလေတွင် ဝမ်မင်ယီနှင့် ကောင်မလေးအတူတူရှိနေသည့်ပုံအနည်းငယ်ကိုတွေ့ရသည်။ ဤဓာတ်ပုံအများစုတွင် ဝမ်မင်ယီက စင်ပေါ်တွင်မိတ်ကပ်လိမ်း၍ဖျော်ဖြေနေပုံရကာ ရုပ်သံဌာန ရဲ့လိုဂိုကိုတောင် သူမမြင်နေရသည်။
ဝမ်ဝေ့က ထိုဟာကို မယုံကြည်နိုင်ဖြစ်နေ၏။ ဝမ်မင်ယီက ကျောင်းသားမဟုတ်ဘူးလား။ ဒီလိုပုံမျိူးတွေဘယ်လိုလုပ်ရှိနေရတာလဲ!
သူမမြင်လိုက်ရသည့် နောက်ထပ်တစ်ခုသည်ကား ဓာတ်ပုံပေါ်ရှိပုံနှိပ်စာလုံးသေးသေးလေးပင်။–နာမည်ကျော်ကြယ်ပွင့်ဝမ်မင်ယီ.....
ဝမ်ဝေ့: ...
ဝမ်ဝေ့က speed dialကိုနှိပ်ကာ စစ်ကျွင်းတောက်ကို ဖုန်းခေါ်လိုက်၏။
စစ်ကျွင်းတောက် သူ့ဖုန်းမြည်သံကိုကြားရချိန်တွင် ဝမ်ဝေ့ထံမှဖြစ်ကြောင်းမြင်လိုက်ပြီး ရွေးချယ်စရာမရှိပဲ ကိုင်ရတော့သည်။
"ဟဲလို...မွေးစားအမေ "
"ဟဲလို...ကျွင်းတောက်...မင်း မင်မင်နဲ့အတူရှိနေတာဟုတ်မဟုတ်တော့ ငါမသေချာဘူး...ဒါပေမဲ့ မင်း မင်းရဲ့မွေးစား အမေဆီကနေ တစ်ခုခုကိုဖုံးကွယ်ထားတယ်"
စစ်ကျွင်းတောက် သူမထိုသို့ပြောသည်ကိုကြားရချိန်တွင် သူမတစ်ခုခုကိုရှာတွေ့သွားပြီဖြစ်ကြောင်းသိလိုက်၏။
"မွေးစားအမေက ဘာကိုပြောချင်တာလဲ"
သူကမေးလိုက်သည်။
ဝမ်ဝေ့က သက်ပြင်းချကာ
"ငါဘာထပ်ပြောချင်ရမှာလဲ...မင်းတို့ထဲကတစ်ယောက်မှ ငါ့ကို ဘာလို့ starတစ်ယောက်ဖြစ်လာတာလိုမျိူး ဒီလိုကြီးကြီးမားမားကိစ္စတစ်ခုကို မပြောကြတာလဲလို့ပဲ ငါမင်းကိုမေးချင်တယ်...သူကမပြောရုံခဲ့တင်ဆိုထားပါတော့...မင်းကပါဘာလို့ငါ့ကိုမပြောခဲ့တာလဲ"
"အရှင်းကြီးကိုပဲ...ကျွန်တော့မှာ မွေးစားအမေကိုပြောပိုင်ခွင့်မရှိလို့ပေါ့"
စစ်ကျွင်းတောက်က ပြောလိုက်သည်။
"မွေးစားအမေက ကျွန်တော့်ကို မင်မင်ကိုတစ်ခုခုပြောခွင့်မပေးသလိုမျိူးပါပဲ"
"ဒါဆို မင်းကသူ့ကိုကူပြီး ငါ့ဆီကနေဖုံးပေးထားတာပေါ့"
စစ်ကျွင်းတောက်က တည်တည်ငြိမ်ငြိမ်ပင် ဆိုလာ၏။
"ရိုးသားမှုနှင့် ယုံကြည်စိတ်ချရမှုတို့သည် တရုတ်နိုင်ငံ၏ ရိုးရာအကျင့်သီလများဖြစ်၏"
ဝမ်ဝေ့: "...."