အပိုင်း ၇၇
Viewers 12k

"ဒါဆို သူဘယ်ချိန်တုန်းကစပြီး စတားတစ်ယောက်ဖြစ်လာတာလဲ"
ဝမ်ဝေ့မေးလိုက်၏။
"အဲ့ဒါကို တိတိကျကျတော့ကျွန်တော်လည်း မသေချာဘူး"
စစ်ကျွင်းတောက် ပြန်ဖြေလိုက်သည်။
"သူက ဇွန်လမှာauditionဝင်ဖြေခဲ့ပေမဲ့ အောက်တိုဘာကျမှရိုက်ကူးရေးစလုပ်တာ...ဇွန်လကတည်းက audition ဝင်ဖြေခဲ့ပေမဲ့ အောက်တိုဘာရောက်တဲ့အထိ...သူက TVဇာတ်လမ်းတွဲတစ်ခုကို တရားဝင်မရိုက်ကူးရသေးဘူး"
" သူTVဇာတ်လမ်းတွဲရိုက်ခဲ့တာလား..."
ဝမ်ဝေ့က အံ့အားသင့်သွားလေသည်။
"အဲ့ဒါက ထုတ်လွှင့်နေပြီလား...မထုတ်လွှင့်ရသေးရင်လည်း ဘယ်ချိန်မှစလွှင့်မှာလဲ..."
"သိပ်မကြာခင်မှာ လွှင့်တော့မှာပါ...တစ်နေ့ကမင်မင်နဲ့ စကားပြောတုန်းက မကြာခင်လွှင့်တော့မယ့်ပုံရတယ်လို့ပြောတယ်"
စုန့်ရှုဟန်က သူဝမ်မင်ယီနဲ့ဒရာမာအကြောင်းပြောနေသည်ကို ကြားလိုက်တာနဲ့ချက်ချင်းပင် သူမ၏လက်ကိုထောင်ကာ ပြောလာ၏။
"အဲ့ဒါက အဆင့်သင့်ဖြစ်ခါနီးပြီ...ဇာတ်ကားက လွန်ခဲ့တဲ့နှစ်ရက်တုန်းက ထွက်ခဲ့တာ...မတ်လ၉ရက်မှာ စလွှင့်မှာလေ... ဒီဒရာမာက
အခုတည်းဖြတ်တဲ့အဆင့်ကိုရောက်နေပြီ ပြီ...ခေတ်သစ်ဒရာမာကားဆိုတော့ တည်းဖြတ်တာက ပိုမြန်တယ်... မတော်တဆ တစ်ခုခုသာရှိမလာဘူးဆိုရင် ကျွန်မတို့နောက်လကျရင် ကြည့်လို့ရပြီ..."
စစ်ကျွင်းတောက် ထိုအကြောင်းကိုအတိုချုံးပြီး ဝမ်ဝေ့ကို ပြန်ပြောပြလိုက်သည်။
ဝမ်ဝေ့က ထိုစကားကိုကြားရာတွင် ထပ်ပြီး သိချင်စိတ်အပြည့်နှင့်မေးလာ၏။
"ဒါဆို မင်မင်ကဒီနေ့ ဘာလုပ်မှာလဲ... ငါအခုတွေ့လိုက်တာ သူအေးဂျင့်ထင်တယ်...သူရဲ့ဒီနေ့အလုပ်ကဘာလဲ...ကြည့်ရတာ TVတို့ဇာတ်ကားရှုတင်တို့လည်း ဖြစ်ပုံမရဘူး"
"မဂ္ဂဇင်းရူတင်ပါ"ဟု စစ်ကျွင်းတောက်ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့ နှာခေါင်းရှုံ့ကာ မနေနိုင်စွာဖြင့် "ဟင့် ခနဲလုပ်မိသွားပြီး ပြောလိုက်၏။
"မဂ္ဂဇင်းလား"
"ဟုတ်တယ် "
"မဂ္ဂဇင်းက ဘာများကောင်းလို့လဲ...ဘယ်မဂ္ဂဇင်းအတွက် ရိုက်မှာလဲ"
စစ်ကျွင်းတောက် သူ့ဘေးရှိစုန့်ရှုဟန်ကို ကြည့်ပြီး သူမကိုမေးလိုက်ရ၏။
"မင်မင်ဒီနေ့ရိုက်မှာ ဘာဂ္ဂဇင်းလဲမင်းသိလား"
စုန့်ရှုဟန်က ခေါင်းညိတ်ပြကာ
"အရင်တုန်းကသတင်းထွက်ခဲ့တာကတော့ TOPပဲ...80%လောက်ဖြစ်နိုင်ချေရှိတယ်"
စစ်ကျွင်းတောက် ထိုစကားကို ဝမ်ဝေ့အားပြန်ပြောလိုက်၏။
ဝမ်ဝေ့က ခေါင်းအသာညိတ်ကာ ဆိုလိုက်၏။
"TOPကအဆင်ပြေပါတယ်...အိုခေလေ...ဒါဆို မင်းကားဆက်မောင်းတော့လေ ..ငါမင်းကိုမနှောက်ယှက်တော့ဘူး"
"အမ်း"
စစ်ကျွင်းတောက် ဖုန်းချလိုက်ပြီးနောက် စုန့်ရှုဟန်က သူ့ကို အတင်းလာတုပ်တော့သည်။
"ဝမ်မင်ယီရဲ့အမေက သူကစတားတစ်ယောက်ဆိုတာကို သိတာလား"
"သိလောက်တယ် "
"ဒါဆို ကျွန်မတို့ သူ့ကိုပြောလိုက်ကြမလား"
"သူ အရင်ကကျွန်မကို မပြောဖို့အတွက်သေချာ ညွှန်ကြားထားတာ"
"အဆင်ပြေပါတယ် "
စစ်ကျွင်းတောက်က ပြုံးလျက်
"ငါသူ့ကို ပြီးရင် ပြောပြလိုက်မယ်... ဒါကိုအမြဲတမ်းဖုံးကွယ်ထားဖို့က မဖြစ်နိုင်ဘူးလေ...ပြီးတော့..... "
စစ်ကျွင်းတောက် စုန့်ရှုဟန်ကို ကြည့်လိုက်ရင်း...
"မင်မင်ကလည်းတကယ်တော့ သူတို့သိသွားတာကို စောင့်နေခဲ့တာ...သူက သူတို့သိသွားဖို့ကို မျှော်လင့်နေခဲ့တာ"
ထိုမှသာလျှင် စုန့်ရှုဟန် စိတ်သက်သာရာသွားရပြီး သူမခေါင်းကိုညိတ်ပြလိုက်တော့သည်။
"အဲ့လိုကိုး...ကောင်းပါတယ်"
သူတို့နှစ်ယောက် စကားစမြည်ပြောကြရင်း လေဆိပ်သို့ ရောက်လာပြီဖြစ်သည်။
"ကျေးဇူးပါ "ဟု စုန့်ရှုဟန်က ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်၏။
"မင်းအချိန်ရရင် နောက်တစ်ခေါက်လာလည်လှည့်"
စုန့်ရှုဟန်က ခေါင်းညိတ်ပြကာပြန်ဖြေလိုက်သည်။
"အိုခေ"
သူမက စစ်ကျွင်းတောက်ကို လက်မြှောက်ပြီးတာ့တာလုပ်ကာ သူမ၏ဖောင်းကားနေသည့် ပန်းရောင်ခရီးဆောင်အိတ်ကို လေဆိပ်ထဲသို့ဆွဲသွားခဲ့သည်။
သူမ ဒီကိုရောက်လာခဲ့ချိန်တွင် မျှော်လင့်ချက်အပြည့်နှင့်ဖြစ်ကာ သူမပြန်သွားချိန်တွင် ပျော်ရွှင်မှု
အပြည့်နှင့် ဖြစ်နေခဲ့၏။ တကယ်ကောင်းမွန်သည့်
ခရီးစဉ်တစ်ခုပင် ။ဒီနေရာက လူတွေကိုပဲဖြစ်ဖြစ် ရှုခင်းတွေကိုပဲဖြစ်ဖြစ် သူမသဘောကျရသည့်အကြောင်း စုန့်ရှုဟန် တွေးတောနေလေ၏။
စစ်ကျွင်းတောက် သူမလေဆိပ်ထဲဝင်သွားသည်ကို မြင်ပြီး မှသာလျှင် ကားထဲသို့ပြန်ဝင်ကာ
မောင်းပြန်သွားတော့သည်။
ဝမ်မင်ယီက နာနီကားထဲတွင်ထိုင်နေပြီး TOP၏
ဟိုးယခင်က ကိစ္စများကို လှန်လောကြည့်နေ၏။
"ကျွန်တော်ရဲ့ဓာတ်ပုံဆရာဘယ်သူလဲ"ဟုသူကမေးလိုက်သည်။
"လျိူအန်း" ချန်လုကပြန်ဖြေလာသည်။
ဝမ်မင်ယီ မဂ္ဂဇင်းများစွာလှန်လောကြည့်ရာတွင်
လျိူအန်လက်မှတ်ထိုးထားသည့် ဓာတ်ပုံကသိပ်ပြီးမများဘဲ ရှိနေသည့်ပုံအနည်းငယ်ကလည်း အလွန်သာမန်ဆန်ပြီး အလွန်အမင်းအံ့အားသင့်ရာကောင်းမနေကြောင်းတွေ့လိုက်ရ၏။
"ဒီမဂ္ဂဇင်းက အစတုန်းက မင်းကိုထည့်ဖို့မစီစဉ်ထားဘူးရယ်...မင်းအရင်ခါ သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေးကြောင့် နာမည်ကြီးလာတော့မှ အစ်မကိုဆက်သွယ်တာ... ဒါပေမဲ့ TOPကိုယ်တိုင်က ထိပ်တန်းအမျိူးသားမဂ္ဂဇင်းဆိုတော့... မရိုက်ခင်နာမည်ကြီးတွေအများကြီးထည့်စီစဉ်ရတယ်လေ...မင်းကိုရိုက်ပေးဖို့ ကျတဲ့သူက လျိူအန်းပဲ"
"ကိစ္စမရှိဘူး"
ဝမ်မင်ယီက ပြောလိုက်၏။
"ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ကောင်းပြီးသား... ဆိုတော့ ဘယ်သူနဲ့ဖြစ်ဖြစ် ရိုက်လို့ရတယ် "
သူက အရမ်းစိတ်ထားကောင်းတာပဲ...
ချန်လု စိတ်အေးလက်အေးမဖြစ်ဘဲမနေနိုင်ခဲ့။
"မှန်တာပေါ့ ...အမှန်ပဲ"
ချန်လုက ရုတ်တရတ်ထပြောလိုက်၏။
"ဒါရိုက်တာယွီရဲ့လက်ထောက်က... လွန်ခဲ့တဲ့နှစ်ရက်တုန်းက အစ်မကို... မင်း ရုပ်ရှင်ဧကရာဇ်ခန်းနဲ့တွဲရိုက်ထားတဲ့ အများပြည်သူဝန်ဆောင်မှုကြော်ငြာက... ရက်နည်းနည်းလောက်နေရင် ပြတော့မှာလို့ပြောတယ်"
"အရမ်းမြန်တာပဲ"
ဝမ်မင်ယီ အံ့အားသင့်သွားလေသည် ။
"ဘာလို့လဲဆိုတော့...သူ့ကိုယ်၌ကိုယ်က မကြာဘူးလေ...ပြီးတော့ ဒါက အများပြည်သူဝန်ဆောင်မှုပရောဂျက်လေ...အဲ့တော့ ခွင့်ပြုမိန့်ကလည်း အရမ်းမြန်တယ် "
ဝမ်မင်ယီက ခေါင်းညိတ်ကာ
"ဒါဆို ကျွန်တော်က မတူညီတဲ့ကျွန်တော် တစ်ယောက် ကို ခဏလေးနဲ့ TVပေါ်မှာမြင်ရတော့မှာပေါ့...ဒီဘက်မှာ ချမ်းသာတဲ့ဒုတိယမျိူးဆက်လဲ့ချီ...ပြီးတော့ ဟိုဘက်မှာကျ ဆင်းရဲတဲ့ကျောင်းသားလေးဝမ်ချန် "
ချန်လုအနေဖြင့် ဒီအစီအစဉ်က တကယ်ကောင်းသည်ဟု ခံစားရသည်။
"ဒီလို တစ်ခုတည်းကနေသတ်သတ်မှတ်မှတ်ပြတာမျိူးက မင်းရဲ့မျက်နှာကို ပိုပြီးအထောက်အကူပြုတယ်...ကာရိုက်တာနှစ်ခုကြားကွာခြားချက်က အတော်လေးကြီးနေတုန်း
ပဲ...ဆိုတော့ သရုပ်ဆောင်တာနဲ့ပတ်သတ်တဲ့ မူကြမ်းနည်းနည်းလောက်ကို ထုတ်ဝေလို့ရတဲ့အပြင် မင်းရဲ့သရုပ်ဆောင်စွမ်းရည်တွေ ကိုလည်းစျေးကွက်တင်လို့ ရသေးတယ်"
"အဲ့ဒါက အချိန်ကျလာလို့ ကျွန်တော့်ရဲ့သရုပ်ဆောင်စွမ်းရည်တွေ စိတ်ကျေနပ်လောက်အောင်ကောင်းနေမှလေ"
"အဲ့ဒါက မင်းနှိမ့်ချပြီးတွေးနေတာပါ"
ချန်လုကပြောလိုက်သည်။
"ဒါရိုက်တာယွီရဲ့ လက်ထောက်က အစ်မကိုပြောတယ်...ဒါရိုက်တာယွီက မင်းကိုအရမ်းစိတ်ကျေနပ်တဲ့အပြင် မင်းရဲ့သရုပ်ဆောင်မှုက အတော်လေးကောင်းတယ်လို့တွေးနေတာတဲ့...သူကပြောသေးတယ်...တစ်ခုခုသာဖြစ်မလာဘူးဆိုရင် ဒါရိုက်တာယွီက သူရဲ့နောက်ဇာတ်ကားမှာမင်းနဲ့တွဲလုပ်မှာတဲ့"
ထိုနေရာအရောက်တွင် ချန်လု သူမ၏မှတ်ဉာဏ်ကို အပြေးအလွှားပြန်တူးဆွလိုက်ကာ
"ရုပ်ရှင်ဧကရာဇ်ခန်း အရင်က မင်းကို auditionလုပ်ဖို့ထောက်ခံပေးထားတဲ့ ကာရိုက်တာက ငါသူတို့ကိုစောစောဆက်သွယ်လိုက်တော့ auditionကဖေဖော်ဝါရီ ၂၇မှာတဲ့...အစ်မမင်းကိုပြီးရင် ကြိုအသိပေးမယ်နော် "
နှစ်ယောက်သား ခဏမျှအတူ ယခုနှစ်၏အစီအစဉ်များနှင့် စီစဉ်လျာထားမှုများကို ဆွေးနွေးခဲ့ကြပြီး TOPမဂ္ဂဇင်း၏ ရုံခန်းအဆောက်အဦးသို့ သူတို့ရောက်သွားချိန်တွင်မူ ယခုနှစ်ရုပ်ရှင်နှင် TVဇာတ်လမ်းတွဲများ၏ ဦးတည်ချက်များအကြောင်းကို ဆွေးနွေးနေကြသည်။
TOPမဂ္ဂဇင်း၏ ဝန်ထမ်းများသည် ယနေ့တွင် အလွန်ပင် အလုပ်ရှုပ်နေကြသည်။ မဂ္ဂဇင်း၏ခေါင်းစည်းအသစ်က မကြာမီထုတ်ဝေ တော့မည်ဖြစ်ကာ စာရေးခြင်း၊စီစစ်ခြင်း၊သုံးသပ်ခြင်း စသည်တို့ဖြင့် လူတိုင်း အလွန်အလုပ်များနေလေ၏။ဓာတ်ပုံဆရာများသည်လည်း နာမည်ကျော်များ၊ထုတ်ကုန်များ၏ဓာတ်ပုံများကို ရိုက်ကူးနေရင်း အလုပ်ရှုပ်နေကြပြီး ပထမအဆင့်မဂ္ဂဇင်းတစ်ခု၏ ဆွဲဆောင်မှုရှိသောပုံစံကို ထင်ဟပ်နိုင်အောင် ကြိုးစားနေကြ၏။
ဝမ်မင်ယီရောက်လာချိန်တွင် ဧည့်ကြိုဝန်ထမ်းက
သူ့အား အဝတ်လဲခန်းသို့ ဦးစွာလိုက်ပို့သည်။
မိတ်ကပ်ဆရာမနှင့်ဝန်ထမ်း စုံပြီးနောက်တွင် သူက လျူအန်းကိုဆက်သွယ်ပြီး ယနေ့ရှုတင်အတွက် သူ့ရဲ့စတိုင်ကဘယ်လိုပုံစံလဲဆိုသည်ကို မေးလိုက်၏။
မကြာသေးမီက လျူအန်းသည် ရုတ်ချည်းအောင်မြင်ကျော်ကြားမှုတစ်ခုကို ရှာဖွေချင်နေခဲ့ပြီး သူတာဝန်ယူထားသည့် အနုပညာရှင် ရောက်လာကြောင်းကြားရချိန်တွင် သူလည်းအလှပြင်ခန်းထဲသို့ရောက်လာပြီး ဝမ်မင်ယီအားကြည့်ကာ စဉ်းစားပြီးနောက် မိတ်ကပ်ဆရာမနဲ့စကားပြောလိုက်၏။
"စုစုပေါင်း ပုံစံလေးမျိူး... အရိုင်းဆန်တဲ့ပုံစံ...ရင့်ကျက်တဲ့ပုံစံ...ခေတ်ဆန်တဲ့ပုံစံ...ပြီးတော့Heavy
Metalပုံစံ"
(T/N–Heavy metal ဖက်ရှင်က heavy metal music bandတွေရဲ့ဖန်တွေက သူတို့သဘောကျတဲ့bandကိုကိုယ်စားပြုပြီးဝတ်တဲ့စတိုင်ပါတဲ့။
လယ်သာအကျီ၊ လယ်သာဘွတ်ဖိနပ်၊ သံချွန်တွေကွင်းတွေအလှဆင်ထားတဲ့ခါးပါတ်၊အနက်အပြာဂျင်းပန့် စတာမျိူုးတွေ ဝတ်တဲ့စတိုင်ပါ)
"ဒါဆို ပိုပြီးရင့်ကျက်တဲ့မိတ်ကပ်ပုံစံလေးနဲ့စရအောင်"
မိတ်ကပ်ဆရာမက ထိုသို့ပြောပြီးသည်နှင့် ဝမ်မင်ယီကို မိတ်ကပ်စလိမ်းပေးနေပြီး လျူအန်းလည်း
သူ့အတွက် အဝတ်အစားရွေးရန်ထွက်သွားတော့သည်။
ဝမ်မင်ယီက မိတ်ကပ်ခုံပေါ်ထိုင်နေရင်း သူ့ကိုယ်သူ သူကဘယ်လိုရင့်ကျက်တဲ့ပုံစံမျိူးဖြစ်မလဲဟုစဉ်းစားနေလေ၏။
အချိန်အကြာကြီး စဉ်းစားနေခဲ့ပြီးနောက် သူ့စိတ်ထဲတွင် သူ၏မျက်နှာကို ပြောင်းပြီးသွားပြီဖြစ်သည်။သို့သော်လည်း စိတ်ကူးအိပ်မက်က လှပနေသော်လည်းတကယ့်အစစ်အမှန်က ရက်စက်ကြမ်းကြုတ်နေမည်ဟုကား မမျှော်လင့်ထားခဲ့ပါချေ။ သူ၏ရင့်ကျက်သည့်မျက်နှာဆိုသည်က မှန်ထဲ၌ပေါ်လာချိန်တွင် ဝမ်မင်ယီ
ရှော့ရသွားလေ၏။
သူ့ဆံပင်တွေအကုန်လုံး အနောက်သို့လှန်ဖြီးထားသည်မှာ ဦးရေပြားနှင့်ကပ်နေသည်အထိပင်။ ထိုသည်က သူ့မျက်နှာကို သေးငယ်ပြီးအဆီပြန်နေပုံပေါ်စေပြီး သူ၏လက်ဖဝါးအရွယ်မျက်နှာလေးအား ပိုကြီးလာသယောင်ဖြစ်နေစေ၏။
သူ့မျက်နှာအား နက်မှောင်သည့် အောက်ခံမိတ်ကပ်ဖြင့် ဖုံးထားပြီး သူ့ပါးပြင်များကို ပါးရိုးပေါ်အောင် ရှဲဒိုးပေး ထား၏။
ဝမ်မင်ယီက မိတ်ကပ်ပုံစံကြောင့် အရမ်းတွေပျော်မနေတော့ပေ။ထို့ကြောင့် သူမေးလိုက်သည်။
"ကျွန်တော် ပြန်ပြင်လို့ရလား"
"ပြင်လိုက်ရင် အဆင်မပြေဘူး...ပြီးတော့ ငါတော့ဒီဆံပင်ပုံစံက မင်းနဲ့လိုက်တယ်လို့ထင်တယ်..."
"ဒါပေမဲ့ ကျွန်တော့်အထင် ဒီမိတ်ကပ်က ထူးဆန်းလွန်းနေတယ် "
"အဲ့ဒါက မင်းက ဖက်ရှင်အမြင်နဲ့မကြည့်လို့ပါ...
မင်းသိလား...ဖက်ရှင်လောက,ကိုယ်၌က သာမန်လူတွေရဲ့ဖက်ရှင်တွေနဲ့ အလှအပရေးရာခံစားတတ်မှုတွေနဲ့ လုံးဝကြီးတူနေတာမှမဟုတ်တာ...သူတို့ကပိုပြီးချဲ့ကားကြသလို ပိုပြီးလည်းစွန့်စားရဲကြတယ်လေ"
သာမန်လူလေးဝမ်မင်ယီ: ...
ချန်လုလည်းပဲ မိတ်ကပ်ပုံစံအားမကြိုက်သဖြင့်မေးလိုက်၏။
"သူ့ရဲ့ ပုံမှန်ပုံစံအတိုင်းပဲရိုက်လို့မရဘူလား...
ဒီလိုမိတ်ကပ်ကြီးက အရမ်းရင့်လွန်းနေလိမ့်မယ်...
သူကအသိသာကြီး အသက်၁၈ ၁၉အရွယ်ပဲရှိသေးတာလေ...ဒီစတိုင်မျိူးနဲ့မလိုက်ဖက်သလိုပဲ"
"ဓာတ်ပုံဆရာက ဒီနေ့ရှုတင်ကဒီစတိုင်လို့ပြောထားတာ...ရှင်မကျေနပ်ရင် ပြီးမှ ဓာတ်ပုံဆရာနဲ့ညှိနှိုင်းလို့ရတယ်..."
ထိုသို့ပြောပြီးသည်နှင့် သူမက ဝတ်ကျေတမ်းကျေပြုံးပြလိုက်ပြီး ချန်လုနှင့်ဝမ်မင်ယီကို ဆက်ဂရုမစိုက်တော့ပေ။
ဝမ်မင်ယီ ချန်လုကိုတစ်ချက်ကြည့်လိုက်ရာတွင်
သူမစိတ်တိုနေမှန်းသိလိုက်ရ၏။
ဖက်ရှင်လောက,က သူ့ရဲ့လက်တွေ့အသုံးကျမှုဝါဒနဲ့ ဂုဏ်သိက္ခာကြောင့် နာမည်ကြီးမှန်း ချန်လုသိသည်ပင်။ ထိုလောကထဲရှိလူများသည် သူတို့ကိုယ်သူတို့ ဖက်ရှင်ရဲ့ရှေ့ဆောင်များ၊ခေတ်ရဲ့ရှေ့ဆောင်များဖြစ်တာကြောင့် သူတို့က တခြားသူတွေဆီက မေးခွန်းအထုတ်မခံရသင့်ဟု အမြဲ တွေးလေ့ရှိကြသည်။
သူမနှင့်ဝမ်မင်ယီ နှစ်ယောက်စလုံးက မိတ်ကပ်အပြင်အဆင်ပြောင်းလဲရန် ဆက်တောင်းဆိုခဲ့ကြသော်လည်း မိတ်ကပ်ဆရာမက သူတို့ကပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး သူတို့(မင်မင်တို့)ကဘာတစ်ခုမှ မသိကြသောကြောင့် သူတို့၏မိတ်ကပ်အပြင်အဆင်ကို မခံစားတတ်ကြဟု သေချာပေါက်ခံစားနေရပေလိမ့်မည်။
ဝမ်မင်ယီ၏မိတ်ကပ်ပုံစံက အမှန်ပင်သူနှင့်မလိုက်ဖက်ခြင်းဖြစ်ပြီး သူမနှင့်ဝမ်မင်ယီ အမျိူးသမီးအလှအပခံစားမှုရှုထောင့်နှင့် အမျိူးသားအလှအပခံစားမှုရှုထောင့် နှစ်ခုလုံးဖြင့်ပင် အလွန်မသင့်လျော်ဟုခံစားနေရ၏။
သို့သော်လည်း မိတ်ကပ်ဆရာမက မိတ်ကပ်အပြင်အဆင်ပြောင်းလဲရန်ဆန္ဒမရှိမှတော့ ချန်လုလည်း ဘာမျှမတတ်နိုင်တော့ပေ။
ဝမ်မင်ယီအနေဖြင့် ဖက်ရှင်အသိုင်းအဝိုင်း,က ဒီလိုအရာမျိူးတွေကို သဘောကျတာဖြစ်လောက်မည်ဟူသော အချက်ဖြင့်သာ သူ့ကိုယ်သူပြန်နှစ်သိမ့်နေရသော်လည်း အလှအပ အကြောင်း၊ဖက်ရှင်အကြောင်းဘာတစ်ခုမှ မသိတဲ့သူက ဘယ်သူလဲဆိုသည်ကို မတွေးဘဲမနေနိုင်ခဲ့။
သို့ရာတွင် ဓာတ်ပုံဆရာ အဝတ်အစားများကိုယူလာပြီးနောက်တွင်မူ ဝမ်မင်ယီခံစားမိလိုက်သည်ကား သူတကယ်ကို ဖက်ရှင်လောကကို နားမလည်တာပဲ အာ !ဘာလို့ဒီလိုအဝတ်အစားတွေလဲ!ဒီအရောင် အရောအစပ်ကြီးကတော့!
ဓာတ်ပုံဆရာက သူအား လိမ္မော်နှင့်အနက်ရောင် ဝတ်စုံ ကိုအရင်လဲခိုင်းလာပြီး ဝတ်စုံရဲ့ချုပ်ပုံကအဆင်ပြေသော်လည်း အရောင်အသွေးနှင့်အဆင်တစ်ခုလုံးက ထူးဆန်းနေ၏။
ဝမ်မင်ယီ သူ့ကိုညှိနှိုင်းကြည့်ဖို့ကြိုးစားလိုက်သည်။
"ကျွန်တော်တို့ ပိုရိုးရှင်းတဲ့အဝတ်အစားတစ်စုံကိုပြောင်းလို့ရမလား...အနက်ရောင်ဆိုရင်ရော "
"မကောင်းဘူး...ရိုးလွန်းတယ်...ဖက်ရှင်အမြင်လုံးဝမရှိဘူး"
ဒါပေမဲ့ ခင်ဗျားကဖက်ရှင်ကျလွန်းနေတယ်! ဖက်ရှင်က အလွန်အကျွံဖြစ်နေပြီ ကိုယ့်လူရေ!
ချန်လုကလည်း အကြံပေးလိုက်၏။
"ဒီစတိုင်က ကျွန်မတို့အနုပညာရှင်နဲ့ အရမ်းကြီးမလိုက်ဖက်ဘူးဖြစ်နေတယ်...ကျွန်မတို့ဘာလို့ချိန်းမကြည့်ရမှာလဲ"
လျူအန်းက မထီမဲ့မြင်ဟန်ဖြင့် ရယ်လိုက်ကာ
"ငါတို့ဒီနေ့ ဘယ်လောက်အလုပ်ရှုပ်နေမှန်း မင်းသိလား...မင်းအနေနဲ့ဒီနေရာကိုရောက်ဖို့ အချိန် ဘယ်လောက်ကြာလဲမင်းသိလား...ငါကရိုက်ကူးတဲ့နေရာမှာ ပရောဖက်ရှင်နယ်တစ်ယောက်ပါ...ဆို
တော့ ငါ့စကားကိုနားထောင်...ခဏပဲရိုက်ရမှာ...
နောက်မှာရိုက်ဖို့စောင့်နေတဲ့လူတွေရှိတယ်...ငါ့အလုပ်ကို နှောင့်နှေးအောင်မလုပ်ကြနဲ့အိုခေ"
(T/N–ပရောကဖက်ရှင်နယ်=ကျွမ်းကျင်သူ)
ချန်လုလည်း မတတ်နိုင်ဘဲ ဝမ်မင်ယီကို တစ်ချက်ကြည့်လိုက်ရာတွင် ဝမ်မင်ယီက သူ့ခေါင်းကို ညိတ်ပြလာသဖြင့် သူမလည်းတခြားဘာမှထပ်ပြောမနေတော့ပေ။
လျူအန်းက စတိုင်အသစ်တစ်ခုရှာချင်နေခြင်းသာဖြစ်ပြီး အဝတ်အစားတစ်စုံတည်းနှင့် နေ့တစ်ဝက်စာလောက်ရိုက်ပြီးချိန်ထိ သူ အမြဲတမ်း မှားနေတယ်ဟု ခံစားနေရ၏။
ချန်လုက သူဝမ်မင်ယီကို ပုံစံအနေအထားဆက်တိုက်ပြောင်းခိုင်းပြီ သူလည်းပုံစံဆက်တိုက်ပြောင်းရိုက်နေသည်ကို ကြည့်နေရင်း သူရိုက်တာကြာလွန်းသည်ဟုခံစားနေရ၏။
သူမက လျူအန်း၏နောက် မလှမ်းမကမ်းတွင် မတ်တပ်နေပြီး ကွန်ပြူတာပေါ်မှတစ်ဆင့်ဝမ်မင်ယီကိုကြည့်နေရာတွင် လျူအန်းရိုက်ကူးသည့်လက်ရည်က တဖြည်းဖြည်း နိမ့်ကျလာသည်ဟု ရှင်းရှင်းလင်းလင်းပင် ခံစားလိုက်ရသည် ။နောက်ထပ်ရိုက်ကူးထားသည့်ပုံအနည်းငယ်က ပထမဟာများလောက်ပင်မကောင်းတော့ချေ။
လျူအန်းလည်းပဲ သူ၏နောက်ပိုင်းရိုက်ချက်များက အရင်ဟာတွေလောက်မကောင်းမှန်းခံစားမိသည်။ သူ နည်းနည်းစိတ်ရှုပ်မလာပဲမနေနိုင်ခဲ့။
သူရိုက်နေသည့်ပုံများက အရင်ဟာတွေထက်ပင်ဆိုးဝါးနေ၏။ ထားလိုက်ပါတော့ ...လျူအန်း ကင်မရာထဲရှိဓာတ်ပုံများကို ကြည့်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ်...ဒါကအတွင်းစာမျက်နှာတွေ အတွက်လေးတင်ဟာကို... ကာဗာမှမဟုတ်တာ...ဘာမှမဖြစ်ဘူး။
ဒီတစ်ခေါက်အတွက်ကာဗာက ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်ပြီး လူတိုင်းကသူ့ကိုပဲမြင်လောက်မည်ဖြစ်ကာ ဝမ်မင်ယီကို အများကြီးတွေ့ကြမည်မဟုတ်ပေ။ထို့ပြင် ဤသို့သောtrafficဖန်မျိုးတွေက မျက်လုံးမှိတ်ပြီး ကြည့်ကောင်းတာကိုပဲ အမွှန်းတင်နေမည်ဖြစ်ကာ သူဘယ်လိုပဲရိုက်ရိုက် ဖန်တွေက ချောတယ်၊ချောတယ်ဟုပဲ ပြောကြမည်ဖြစ်သည်။
(T/N–traffic fanဆိုတာက traffic starတွေရဲ့ဖန်ကိုပြောတာထင်ပါတယ်၊traffic star သူနဲ့လိုက်ဖက်ညီတဲ့ကာရိုက်တာတစ်ခုလောက်ရိုက်ပြီးနာမည်ကြီးလာတဲ့သူမျိုးကိုပြောတာပါ )
လျူအန်းထိုသို့တွေးမိသောအခါ သူကပိုပို၍ ပြီးစလွယ် ဝတ်ကျေတန်းကျေရိုက်နေတော့သည်။
"အိုခေ..မင်းသွားပြီး ဒုတိယဆံပင်မိတ်ကပ်ပုံစံ ပြောင်းလို့ရပြီ"
လျူအန်းက ပြောလိုက်၏။
"ကျွန်တော် အခုရိုက်ထားတဲ့ဓာတ်ပုံတွေ ကြည့်လို့ရလား"
"ရတာပေါ့ "
လျူအန်း ကွန်ပြူတာ ဆီသို့သွား၍ သူ၏လက်ထောက်ကို သူ့အားအစဉ်အတိုင်း ပြခိုင်းလိုက်၏။
"ဒါက ပြန်မပြင်ရသေးဘူး...နောက်ကျရင် မင်းအတွက်ပြန်ပြင်ပေးမှာပါ...စိတ်မပူနဲ့"
သို့သော်လည်း ဝမ်မင်ယီက လုံးဝပင်စိတ်အေးမသွားပါချေ။ ပထမဆုံးအကြိမ်အဖြစ် သူ ဖက်ရှင်မဂ္ဂဇင်းဓာတ်ပုံဆရာရဲ့ရိုက်ချက်များ၏အဆင့်အတန်းကို သံသယဝင်မိသွား၏။ ဒါကြီးကသူ့ဖန်တွေထက်ဘယ်လိုများပိုဆိုးနေရတာလဲ! ဒီရိုက်ချက်ကဘာလဲ!လူရွှင်တော်လား?သူ ကလေးအရွယ်ကတည်းက သူ့ကိုယ်သူဒီလောက် လက်လှမ်းမမီတာမျိူး မမြင်ဖူးဘူး!
ဝမ်မင်ယီ လျူအန်းကိုကြည့်လိုက်ပြီး သူက ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်နဲ့မတူသလို စတူဒီယိုဆရာလောက်တောင် ကောင်းမနေ
ဟု ခံစားမိသည်။
"ဒါက ပြန်ပြင်လိုက်ရင် ဒီထက်ပိုကောင်းလာမှာလား" ဝမ်မင်ယီက မေးလိုက်၏။
"သေချာတာပေါ့ "
လျူအန်းက ကွန်ပြူတာကို တစ်ချက်ကြည့်ကာ...
"ဒါက မဆိုးပါဘူး... ငါတော့ တော်တော်လေး ကောင်းတယ်လို့ထင်တယ်"
ဝမ်မင်ယီ သူ့နားများကို သူမယုံနိုင်အောင် ဖြစ်သွား၏။ဒါကြီးက "ကောင်းတယ်"ဆိုတဲ့စကားလုံးနဲ့ တစ်ခုခုများသက်ဆိုင်နေလို့လား။ ဘယ်သူကများ ခင်ဗျားကို အဲ့လိုပြောဖို့သတ္တိတွေပေးလိုက်တာလဲ...Fish Leongတောင်ပေးရဲမှာမဟုတ်ဘူး!
ဝမ်မင်ယီ ထိုအကြောင်းတွေးပြီး သူကပြောလိုက်သည်။
"ခဏစောင့်ပေးပါဦး"
သူကချန်လုကို တစ်ဖက်ခေါ်ပြီးမေးလိုက်၏။
"ကျွန်တော် အခုရှူတင်ရပ်ပြီး လှည့်ထွက်သွားလိုက်ရင်အပြစ်ဒဏ်ကဘာလဲ"
ချန်လုက သူ့ကိုအံအားတကြီးကြည့်လိုက်ပြီး အကြံပေးလာသည်။
"မင်မင်... ဒါက စာချူပ်ချိူးဖောက်တဲ့ကိစ္စမဟုတ်ဘူး"
သူမ အနည်းငယ်လည်းရှက်သွားပြီး
"ဒီဓာတ်ပုံက အစ်မတို့မျော်လင့်ထားတာတွေနဲ့ မကိုက်ညီဘူးဆိုတာက မှန်ပါတယ်... ဒါပေမဲ့ မင်းသိရမှာက TOPက ပထမအဆင့် မဂ္ဂဇင်းတစ်ခုပဲ
...သူက ဒီစတားက သူတို့မဂ္ဂဇင်းနဲ့မသင့်တော်ဘူးမထိုက်တန်ဘူးရယ်လို့ တွေးတဲ့အဖြစ်အပျက်တစ်ခုမှမရှိဖူးသလို... ဘယ်စတားကမှလည်း သူကမသင့်တော်ဘူးလို့မတွေးကြဘူး... မင်းအခုမရိုက်တော့ဘူးဆိုရင် စာချူပ်ချိူးဖောက်သည်ဖြစ်စေ မဖောက်သည်ဖြစ်စေ အနာဂါတ်ကျရင် မင်းအတွက် ဖက်ရှင်လောကရဲ့အရင်းအမြစ်တွေရဖို့ ခက်ခဲသွားလိမ့်မယ်"
ဝမ်မင်ယီ ထိုသို့ကြားလိုက်သည်တွင် သူ့စိတ်ကိုပြင်လိုက်၏။ သူဒီတစ်ကြိမ် ရွေးချယ်မှုထဲမှာပာဝင်လိုက်ရုံဖြင့် နေ့တိုင်းဖိုရမ်မှာ blackဖန်တွေက ဒီမဂ္ဂဇင်းပေါ်က ဒီစတားက ဘယ်လိုတောင်ရုပ်ဆိုးတဲ့ပုံရိုက်ထားတာလဲ...အဲဒီမဂ္ဂဇင်းပေါ်က အဲဒီစတားက ဘယ်လိုတောင်တောင့်တင်းနေတာလဲ...
အဲဒီစတားတွေက သူရဲ့လက်ရှိအဆင့်ထက်မနိမ့်ကြတော့သူဘာမှမပြောနိုင်တော့ဘူး...စသည်ဖြင့်လှောင်ပြောင်နေကြမည်ကို မြင်တွေ့နေရလိမ့်မည်။
ဖျောဖြေရေးလောကထဲတွင် ဖက်ရှင်အရင်းအမြစ်များသည်လည်း အလွန်ပင်အရေးပါ၏။ ရုပ်ဆိုးဆိုးပုံအနည်းငယ်နှင့် ဖက်ရှင်အရင်းအမြစ်များကို နှိုင်းယှဉ်ပါက ဖက်ရှင်အရင်းအမြစ်က အမှန်တွင် ပို၍အရေးကြီးလေသည်။
ထို့ကြောင့် သူ့အနေဖြင့် လျူအန်းကိုပြောလိုက်ရ၏။
"ဒါဆို ကျွန်တော် သွားပြီး မိတ်ကပ်နဲ့ဆံပင်ပုံစံချိန်လိုက်ဦးမယ်"
"သွားလေ"
လျူအန်းက အထင်သေးစွာပြောလိုက်သည်။
ဝမ်မင်ယီ သူရဲ့ကဲ့ရဲ့ရှုတ်ချမှုကို မြင်လျှင် ပြောစရာစကားမဲ့စွာဖြင့် စိတ်ထဲတွင် မျက်လုံးလှန်လိုက်ကာ လှည့်ထွက်သွားလာလိုက်၏။ အကျိူးဆက်အနေဖြင့် သူထွက်လာရုံရှိခါတွင် ဝမ်ဝေ့ကိုမြင်လိုက်ရသည်။
ဝမ်မင်ယီ : ...
ဝမ်ဝေ့: ...
ချန်လု: ...
ဝမ်ဝေ့ သူမရှေ့ရှိ မျက်စိကျိမ်းလောက်သည့်သူအားကြည့်ကာ မယုံကြည်နိုင်ဖြစ်နေ၏။
"မင်မင်လား"
ဝမ်မင်ယီ: ...
ဝမ်မင်ယီ သူ၏မျက်လုံးများကိုစုံမှိတ်ပြီး ဖြတ်သွားလိုက်ချင်လုနီးပါး ဖြစ်သွားသည်။
"ဘာလို့ဒီလိုကြီးဝတ်ထားတာလဲ"
ဝမ်ဝေ့ အံ့အားသင့်သွားလေသည် ။
ဝမ်မင်ယီက ရယ်လိုက်ကာ
"ဖက်ရှင်မကျဘူးလား"
"မင်းက ဒါကိုဖက်ရှင်ကျတယ်လို့တယ်ပေါ့"
ဝမ်မင်ယီ: .....ကျွန်တော်ကဖက်ရှင်အမြင်တစ်ခုမှမရှိတဲ့လူမဟုတ်ပါဘူး...သူတို့က ဒါကိုဖက်ရှင်ကျတယ်လို့ထင်နေကြတာ။
လျူအန်း ဆူညံသံများကြားရပြီး အပြင်ထွက်လာချိန်တွင် နောက်ထပ်အမည်မသိလူတစ်ဦးကိုတွေ့
လိုက်ရသည့်အတွက် ရိုင်းစိုင်းစွာဖြင့်
" ဂိုထောင် ထဲတင် ယောင်ပေပေလုပ်နေရုံနဲ့မပြီးဘူး...ဝမ်မင်ယီ မင်းရဲ့မိတ်ကပ်နဲ့ဆံပင်ကို မြန်မြန် သွားပြင်ချေ"
ဝမ်မင်ယီ: ...
ဝမ်မင်ယီ သေချင်ယောင်သာဆောင်နေချင်တော့သည်။
ဝမ်ဝေ့က သူ့စကားထဲမှ တစ်ခုခုကိုကြားလိုက်ပြီး
"ရှင်က သူ့ကိုဓာတ်ပုံရိုက်ဖို့တာဝန်ယူထားတဲ့သူလား"
"ခင်ဗျားနဲ့ဘာဆိုင်လို့လဲ... ဘယ်ကဝန်ထမ်းလဲ...ဘယ်အနုပညာရှင်ရဲ့လက်ထောက်လဲ ခင်ဗျားက... ကျုပ်ခင်ဗျားကို ဒီနေရာမှာပေါ်မလာဖို့ပဲပြောလိုက်မယ် "
ဝမ်ဝေ့သည် သူမနာမည်ကျော်ကြားလာကတည်းက တစ်ယောက်ယောက်က သူမကိုထိုကဲ့သို့ပြောရဲသည်ကို မကြားရတာနှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။
"ရှင်ကသူ့ကို ဒီလိုမျိုး ဝတ်ခိုင်းခဲ့တာလား"
"ခင်ဗျားဘာလို့ အဲ့လောက်ကိစ္စတွေများနေရတာလဲ...ခင်ဗျားနဲ့ဘာဆိုင်လို့လဲ... ဝမ်မင်ယီ... ဒါမင်းရဲ့လက်ထောက်လား...စကားအရမ်းများတယ်!
အလုပ်ဖြုတ်ပစ်စမ်း!"
ဤသည်ကား ဝမ်မင်ယီ မကြားချင်သည့်အရာဖြစ်ပြီး သူတောင်ဝမ်ဝေ့ကိုဒီလိုပုံစံနဲ့ မပြောဖူးခဲ့!
ဒီ ကြက်အစပ်ဓာတ်ပုံဆရာမှာ ဘာအရည်အချင်းများရှိလို့လဲ!
(T/N–ကြက်အစပ်=အမှိုက်သရိုက်၊အရည်အသွေးနိမ့်)
"ခင်ဗျားကို မေးခွန်းနှစ်ခုလောက်ပဲမေးတာမဟုတ်ဘူးလား...ခင်ဗျားက ဘာလို့တအားစကားများနေရတာလဲ...ခင်ဗျားက ရွှေပါးစပ်လား...
စကားအလုံးတစ်ထောင်လောက်ပြောနေ ရအောင်.. ခင်ဗျားမေးလို့မရဘူးလား"
လျူအန်း သူ့အားထိုသို့ပြောရဲသည့်အနုပညာရှင်တစ်ယောက်ကို တစ်ခါမျှမကြံဖူးခဲ့။ သူက ငယ်သေးလို့ စိတ်မြန်လက်မြန်ရှိနေသည်ဟုသာ တွေးလိုက်၏။
"ဝမ်မင်ယီ... မင်းငါ့ကိုဒီလိုပုံစံနဲ့ပြောတယ်ပေါ့...
ဒီမဂ္ဂဇင်းကို မရိုက်ချင်တော့ဘူးလား"
ဝမ်မင်ယီက ပြုံးလျက်
"မှန်လိုက်တာ... ကျွန်တော် ခင်ဗျားရဲ့ဒီလိုရူးမိုက်တဲ့ အလှရသခံစားတတ်မှုကြီးကြောင့် မရိုက် ချင်တော့ဘူး"
"ကောင်းတယ်"
လျူအန်း သူ့ကိုကြည့်ကာ
"သိတ္တိကောင်းတယ်ပေါ့! ဒါဆို မင်းဘာလို့ဒီနေရာမှာရပ်နေသေးလဲ...လာလာ..သွားကြစို့... နောက်မှမင်းဘယ်မဂ္ဂဇင်းတွေထဲပါလာမလဲလို့ ငါတွေ့ချင်သေးတယ်"
ဝမ်ဝေ့က နှာခေါင်းရှုံပြီး မထီမဲ့မြင်ဟန်ဖြင့် ရယ်မောလိုက်သည်။
"သူဘယ်မဂ္ဂဇင်းထဲမှာပါရမလဲဆိုတာ ရှင်ဒီနေရာမှာ ပြောရမဲ့အလှည့်ရောက်ပြီလား...ဘာလဲ...TOPကရှင်တို့မိသားစုပိုင်တာလား...ရှင်မနေချင်ရင်ရှင်ပဲထွက်သွားလိုက်...ခဏကြာရင် ဘယ်သူထွက်သွားရမလဲလို့ ကြည့်လိုက်"
သူမထိုသို့ပြောပြီးမကြာမီပင် အံအားတကြီး ပြောလာသည့် အမျိူးသမီးတစ်ဦး၏အသံ ကိုကြားလိုက်ရ၏။
"မစ္စဗီဗီယန်...ရှင်ကဒီမှာကိုး...ဒီမှာရှင်လိုချင်တဲ့ သံပရာရည် "
သူမက အမြန်ပင် လျှောက်လာပြီး ဗီဗီယန်ဆီသို့ ကမ်းပေးလိုက်ကာ ပြုံးလျက်
"ကျွန်မရှင့်အတွက် အခုပဲဝယ်လာတာ...ရှင်ဘာလို့
ဒီနေရာကိုလာတာလဲ"