အခန်း ၁၀၉၅
နယ်သာရီ၏ မမျှော်လင့်ဘဲရောက်ရှိလာမှု
မသေမျိုးသစ်ပင်ရဲ့ အပင်ပေါက်လေးတွေ အခိုးခံလိုက်ရပြီတဲ့လား...
၎င်းက လူများစွာရှေ့တွင် အခိုးခံလိုက်ရခြင်းဖြစ်သည်။
ထိုကိစ္စက အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွား၍ မည်သူမှ မတုန့်ပြန်နိုင်လိုက်ပေ။
မြို့အရှင် မုန့်ချီနှင့် မြို့အရှင်ကျို့တို့က ချက်ချင်းလက်ငင်းဖြူဖျော့သွားကြသည်။ အပင်ပေါက်များကို မည်သူခိုးသွားကြောင်း သူတို့သိပေသည်။ ထိုသူက ဖုန်းကွမ်းကျန်းဖြစ်သည်။
ဖုန်းကွမ်းကျန်းက သန်မာလွန်း၍ မည်သူကမှ သူ့ကိုမတားနိုင်ပေ။
သို့သော် ဖုန်းကွမ်းကျန်း ဤမျှရူးသွပ်နေမည်ဟု သူတို့မထင်မိခဲ့ချေ။ သူက မသေမျိုးအချက်အပြုတ်နယ်မြေကို သစ္စာဖောက်ကာ ငရဲစားဖိုမှူးများကို မသေမျိုးသစ်ပင် အပင်ပေါက်လေးများကိုပင် ခိုးပေးခဲ့သေးသည်။
ဒီလောကကြီးထဲ ဒီလိုလူမျိုး ဘာလို့ရှိနေရသေးတာလဲ..
မုန့်ချီ၏ နူးညံ့ငြင်သာသော မျက်နှာ ပြောင်းလဲသွားကာ ဒေါသတကြီးပေါက်ကွဲတော့သည်။
ဘုန်း
လေဟာနယ် ပေါက်ကွဲသွားသည်။
လျှပ်တစ်ပြက်အတွင်း နယ်ပယ်သခင်တိတိုင်းက နှစ်ခြမ်းခြမ်းခံလိုက်ရသော မသေမျိုးသစ်ပင်၏ အပျက်အဆီးများကြားတွင် ပေါ်လာခဲ့သည်။ သူ ဗလာဖြစ်နေသော မသေမျိုးသစ်ပင်ကိုကြည့်ပြီး ဒေါသထွက်လာသည်။
"မင်းတို့ ငရဲစားဖိုးမှူးတွေက တကယ် စက်ဆုပ်ဖို့ကောင်းတာပဲ....."
နယ်ပယ်သခင် တိတိုင်းက အေးစက်စက်ပြောလိုက်ပြီး သူ၏အေးစက်နေသော မျက်လုံးများက မိုရှို့ကို စူးစိုက်ကြည့်နေလိုက်သည်။
လေထုထဲတွင် မမြင်ရသော စွမ်းအင်များ လှိုင်းဂရက်ထလာကာ ကျယ်ပြန့်လာသည်။
နယ်ပယ်သခင်တိထိုက်၏ ခြေလက်များတွင် အစစ်အမှန်စွမ်းအင်တို့ ဝန်းရံလာသည်။ သူ့လက်ကို လှန်ချလိုက်ပြီး လေဟာနယ်ကိုရိုက်၍ စုတ်ဖြဲလိုက်သည်။
လေဟာနယ် စုတ်ပြဲသွားသည်နှင့် သူဝင်ရောက်သွားကာ ဖုန်းကွမ်းကျန်းကို လိုက်ဖမ်းတော့သည်။
သူတို့ မသေမျိုးသစ်ပင်၏ အပင်ပေါက်လေးများကို ဆုံးရှုံး၍မရပေ။ သူပြန်ယူရပေမည်။
မသေမျိုးသစ်ပင် အပင်ပေါက်ဘေးများမရှိလျှင် မသေမျိုးအချက်အပြုတ်နယ်မြေတစ်ခုလုံး ခြောက်သွေ့သွားမည်ဖြစ်သည်။ နောက်တစ်ခေါက် ပြန်လည်ကုသရန် ရတော့မည်မဟုတ်ပေ။
မသေမျိုးအချက်အပြုတ်နယ်မြေ၏ နယ်ပယ်သခင်တစ်ယောက်ဖြစ်သည့် တိတိုင်းက ထိုကဲ့သို့ လုံးဝအဖြစ်မခံပေ။
သူက အလွန်နုံအလွန်း၍ မိုရှို့တစ်ယောက် သူတို့ရှုံးသွားသည်ကို လက်ခံပြီး လက်လျှော့သွားမည်ဟု တွေးမိခဲ့သည်။
အမှောင်ငရဲအချက်အပြုတ်နယ်မြေမှ လူများက ဤမျှ စက်ဆုက်ဖွယ်ကောင်းမည်ဟု သူမထင်ခဲ့ပေ။ သူတို့က မျက်နှာရရန်ပင် ဂရုမစိုက်တော့ချေ။
နယ်ပယ်သခင် တိထိုက်တွင် အမှောင်ငရဲအချက်အပြုတ်နယ်မြေမှ လူများနှင့် ရင်ဆိုင်ရာတွင် ဗဟုသုတနှင့် အတွေ့အကြုံမရှိပေ။
ထို့ကြောင့် သူက အစောင့်အကြပ်လျှော့ထားခဲ့ကာ သူ၏နုံအမှုက သူ့ကို ဖျက်ဆီးသွားခဲ့သည်။
မော့ရှို့က နောက်လှည့်ကာ သူ့နောက်ရှိ ငရဲစားဖိုမှူးကို ကြည့်လိုက်သည်။
ထိုငရဲစားဖိုမှူးက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ယိမ်းယိုင်ကာ လေဟာနယ်ကို ဖြဲဆုတ်၍ ထွက်ပြေးသွားတော့သည်။
ခွေးဘုရင်၏ မျက်လုံးများ ကြုံ့ဝင်သွားတော့သည်။ သို့သော် သူလှုပ်ရှားခါနီးတွင် မူရှို့၏ စွမ်းအင်များနှင့် ဟန့်တားခံလိုက်ရသည်။
"ငါက မင်းရဲ့ ပြိုင်ဘက်.. ဒါက အမှောင်ငရဲအချက်အပြုတ်နယ်မြေနဲ့ မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ရန်ညှိုးပဲ... မင်းက ကမ္ဘာမြေအကျဉ်းထောင်က ဆိုတာ သိသာနေတာပဲလေ... ဘာကိစ္စ ကြားဝင်ချင်နေရတာလဲ..."
မေါ့ရှို့လက်ထဲတွင် ကြက်သွေးနီရောင် ကျောက်မျက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူခြေမွလိုက်သောအခါ သွေးရောင်ခြည်တန်းများ ထွက်ပေါ်လာသည်။
ချက်ချင်းလက်ငင်း နေရာတစ်ခုလုံးကို အစီအရင်တစ်ခုက လွှမ်းခြုံသွားသည်။
မသေမျိုးစားဖိုမှူးများ အားလုံး ပင့်သက်ရှိုက်မိသွားကြပြီး ထိုသွေးရောင် အစီအရင်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။ ထိုအစီအရင်ကြီးမားလာသည်နှင့်အမျှ သူတို့၏ နှလုံးသားများ ပိုမိုတုန်ယင်လာကြသည်။
ထိုအစီအရင်မှ ကြောက်မက်ဖွယ်ရာ စွမ်းအက်ချိတ်ပိတ်ထားသည့် အင်အားတစ်ခုကို ခံစားမိသွားကြသည်။
ပုဖန် မျက်မှောင်ကြုတ်မိလိုက်သည်။
သူတို့ ကိုယ့်စကားကိုယ် ရုတ်သိမ်းကြတော့မလို့လား....
သူက ထိုကဲ့သို့သော လူမျိုးကို အထင်အသေးဆုံးဖြစ်သည်။ သူတို့၏ စကားများက လေလည်သံနှင့် မခြားကြပေ။
ပုဖန်၏ နှုတ်ခမ်းထောင့်များ ကုတ်ကျသွားကာ တင်းမာနေသော မျက်နှာဖြင့် ကြည့်နေလိုက်သည်။
သူသာ မသေမျိုးသစ်ပင်၏ အပင်ပေါက်တစ်ခုကို မရလျှင် စနစ်၏ တာဝန်ကို အောင်မြင်မည်မဟုတ်ပေ။
သူ အစီအစဉ်စွဲထားပြီးဖြစ်သော်လည်း ထိုငရဲစားဖိုမှူးများက လာရှုပ်နေခဲ့သည်။
မသေမျိုးစားဖိုမှူးများအားလုံး တစ်နေရာတည်းတွင် စုဝေးနေကြသည်။ ဤကဲ့သို့ မထင်မှတ်ထားသည့် အလှည့်အပြောင်းက သူတို့၏စိတ်များကို မငြိမ်မသက်ဖြစ်သွားစေသည်။
မော့ရှို့က အတော်လေး တည်ငြိမ်နေခဲ့သည်။
သူက လက်ပိုက်ရင်း အစီအရင်ကို ပတ်၍ လမ်းလျှောက်နေသည်။ သူ့တွင် ဤသွေးအစီအရင် ရှိနေသမျှ ကာလပတ်လုံး ထိုလူများက သူ၏ခံစစ်ကို ချိုးဖောက်နိုင်မည်မဟုတ်ပေ။
သူ၏ ရည်ရွယ်ချက်က ကမ္ဘာမြေအကျဉ်းထောင်မှ ခွေးကို အချိန်ဆွဲထားရုံသာဖြစ်သည်။ ၎င်းက ၎င်း၏ခွေးလက်ဖဝါးကို မဝေ့ရမ်းသည့် ကာလပတ်လုံး အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။
အကယ်၍ ထိုခွေးသာ ဤနေရာတွင်ရှိမနေပါက မသေမျိုးသစ်ပင် အပင်ပေါက်များကို သူတို့သာ ပိုင်ဆိုင်ပေလိမ့်မည်။ ဤကဲ့သို့ အချိန်ဖြုန်းနေစရာပင် မလိုအပ်ပေ။
သူတို့၏ ရှုံးနိမ့်မှုက မထင်မှတ်ထားစရာဖြစ်သည်။
"ကမ္ဘာမြေအကျဉ်းထောင်က ခွေးက သန်မာတယ်... ဒါပေမဲ့ ဒီအစီအရင်က ငရဲအကျဉ်းထောင်က အထွတ်ထိပ်နယ်ပယ် အရှင်သခင်တစ်ယောက်က လုပ်ထားတာပဲ... မင်းဒါကို ချိုးဖျက်နိုင်မယ်ဆိုပေမဲ့... အချိန်အတော်ကြာလိမ့်မယ်....."
မော့ရှို့ ခပ်ဟဟပြုံးလိုက်သည်။ လက်ကိုပိုက်နေရင်း သူ၏ မီးခိုးဖြူရောင်ဆံပင်များက လေနှင့်အတူ မျောလွင့်နေသည်။
ခွေးဘုရင်က သူ့ကိုကြည့်လိုက်ပြီး နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ သူမျက်လုံးများက သွေးအစီအရင်ပေါ် ကျရောက်သွားပြီး စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
အမှန်ပင်။ သူမတည်မြဲခြင်းစွမ်းအင်ကို ခံစားမိလိုက်သည်။
အထွတ်အထိပ်နယ်ပယ်က အစီအရင်လား...
ခွေးဘုရင် သဘောကျသွားပုံပေါ်ကာ တီးတိုးပြောလိုက်သည်။
ထို့နောက်
ခွေးဘုရင်၏ ခန္ဓာကိုယ်က သူ့နေရာကပျောက်သွားပြီး မူရှို့ရှေ့တွင် ပြန်ပေါ်လာသည်။
ကြောက်မက်ဖွယ်ငရဲစွမ်းအင်များက ခွေးဘုရင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
"ဒါက အစီအရင်လေးတစ်ခုပဲလေ... ခွေးဘုရင်ကို တားနိုင်ပါ့မလား..."
သူ၏ ငြင်သာနူးညံ့ကာ ဆွဲဆောင်မှုရှိသော အသံတွင် သရော်လိုစိတ်တို့ ပြည့်နှက်နေသည်။
ချက်ချင်းလက်ငင်း လပ်ဖဝါးလေးက ကျယ်လောင်သည့် ထစ်ချုန်းသံနှင့်အတူ ထိုအစီအရင်ကို ပုတ်ချလိုက်သည်။
မြေပြင်တစ်ခုလုံးက အပေါက်ကြီးတစ်ခုအဖြစ်ပေါက်ကွဲထွက်သွားသည်။
ခွေးဘုရင်က သူအနည်းငယ် အံ့ဩသွားပုံဖြင့် နှာမှုတ်လိုက်သည်။
မော့ရှို့၏ ခန္ဓာကိုယ်က မှုန်ဝါးဝါးဖြစ်သွားသည်။ ခဏအကြာတွင် ခပ်လှမ်းလှမ်း၌ လှောင်ပြုံးပြုံးရင်း ပြန်ပေါ်လာခဲ့သည်။
"ဒီအထွတ်အထိပ်နယ်ပယ် အစီအရင်ထဲမှာ မင်းငါ့ကိုမသတ်နိုင်ဘူး... အာ... မဟုတ်သေးဘူး.. ထိတောင် မထိနိုင်တာ...."
မသေမျိုးစားဖိုမှူးများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
ခွေးဘုရင်တောင် ဒီလူကို ရင်မဆိုင်နိုင်ဘူးလား...
ခွေးဘုရင်က မည်မျှ ခွန်အားကြီးမားကြောင်း သူတို ကြုံခဲ့ပြီးပြီဖြစ်သည်။
သူတောင် အဲ့ဒီ့ငရဲစားဖိုမှူးကို မတိုက်ခိုက်နိုင်မှတော့... သူတို့တွေတော့ ကံဆိုးမိုးမှောင်ကျပြီပဲ...."
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
သူလုံးဝ စိုးရိမ်မနေပေ။ အဖက်မလုပ်သည့်ပုံနှင့် လက်ပိုက်နေပြီး မိမိုက်ချင်ယောင်ဆောင်နေသော မော့ရှို့ကို ကြည့်လိုက်သည်။ ထိုအကောင် မကြာခင် အဆုံးသတ်တော့မှာမှန်းလည်း သူသိပေသည်။
ခွေးဘုရင်ရှေ့ မိမိုက်ချင်ယောင်ဆောင်တယ်တဲ့လား.... ဒါက သေလမ်းရှာတာနဲ့ တူတူပဲလေ...
ပုဖန် သူ့မေးစေ့သူပွတ်လိုက်သည်။ မည်သို့ပင်ဆိုစေ အရေးအကြီးဆုံးက ထိုမသေမျိုးသစ်ပင် အပင်ပေါက်များကို မည်သို့ ပြန်ယူရမည်ကိုသာဖြစ်သည်။
ရုတ်တရက်
လေဟာနယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သွေးအစီအရင်လည်း စတင်လှုပ်ခါလာသည်။
မူရှို့အံ့ဩသွားရသည်။ သူ ပုဖန်ကို မယုံသင်္ကာဖြင့်ကြည့်လိုက်သည်။
ဝှစ်
ပုဖန်နှင့် ခပ်လှမ်းလှမ်းရှိ အစီအရင်ပေါ်တွင် လေထုတွန့်ခေါက်မှုတစ်ခု ပေါ်ထွက်လာသည်။
မသေမျိုးစားဖိုမှူးများ ကြောက်လန့်သွားကြပြီး ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
ထိုတွန့်ခေါက်မှုထဲမှ တောက်ပနေသည့် အနက်ရောင်သင်္ဘောတစ်စင်း ထွက်ပေါ်လာသည်။
ထို သင်္ဘောကိုကြည့်ရသည်မှာ အလွန်ရင်းနှီးနေဟန်ရသည်။
ပုဖန် မျက်ခုံးပင့်လိုက်သည်။ ထို့နောက် ငရဲကမ္ဘာသင်္ဘာက လေထုထဲမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ငရဲကမ္ဘာသင်္ဘောပေါ်တွင် ကျက်သရေရှိလှသော ပုံရိပ်တစ်ခုက တိတ်တဆိတ်မတ်တတ်ရပ်နေသည်။ သူမ၏ အနက်ရောင် ဝတ်ရုံက သူမကို ပိုမိုလှပသွားစေပြီး ခန္ဓာကိုယ်ကောက်ကြောင်းကို သိသာစေသည်။
သူမ၏ ချောမွတ်တောက်ပြောင်နေသော အနက်ရောင်ဆံပင်ရှည်များက ခါးအထိရေက်နေပြီး လေနှင့်အတူ မျောလွင့်နေသည်။ သူမ၏ ခမ်းနားကြီးကျယ်လှမှုက လူတိုင်းကို အသက်ရှူရပ်သွားစေသည်။
ငရဲကမ္ဘာသင်္ဘောတွင် လူနှစ်ယောက်က ခြေချိတ်ထိုင်နေသည်။
ကုန်းရှို့ပန်တစ်ယောက် ဖြူဖတ်ဖြူရော်ပင် ဖြစ်နေလေပြီ။ ငရဲကမ္ဘာသင်္ဘောပေါ်တွင် ထိုင်နေရင်း သူ့ဘဝလေးသူ ပြန်မေးခွန်းထုတ်နေမိသည်။
သူ သောက်ရမ်းကို လှိုင်းမူးနေပြီဟ...
ရှီးရှီးက သူမ၏မျက်လုံး ဝိုင်းဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပတ်ပတ်လည်ကို သိချင်စိတ်ဖြင့် ကြည့်နေသည်။
လေထုထဲရှိ တင်းမာနေသည့် ဖိအားက သူမကို ကြောက်လန့်စေ၍ နယ်သာရီနား ကပ်နေလိုက်သည်။
နယ်သာရီ သူမ၏ အနက်ရောင်မျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။
"ငါတို့ အခုထိ မသေမျိုး အချက်အပြုတ်နယ်မြေမှာပဲ ရှိနေသေးတာလား... ဒီနေရာက လေထုက ထူးဆန်းနေတယ်လို့ ဘာကိစ္စခံစားနေရပါလိမ့်...."
ပုဖန် နယ်သာရီ၏ အံ့ဩနေသောမျက်နှာကို မြင်သောအခါ မနေနိုင်တော့ဘူး နှုတ်ခမ်းတွန့်မိသွားသည်။
ဒီမိန်းမ... သူဘာလို့ ဒီကိုလာရတာလဲ...
ပုဖန် လက်မြှောက်လိုက်ပြီး နယ်သာရီ ကို လက်ရမ်းပြလိုက်သည်။
"နယ်သာရီ... ဒီနားလာခဲ့...."
ပုဖန်၏ အသံကိုကြားလိုက်ရသောအခါ နယ်သာရီ လှည့်ကြည့်လိုက်ပြီး သူမမျက်နှာတွင် အပြုံးတစ်ခု ပွင့်လမ်းလာသည်။
ထို့နောက် ငရဲကမ္ဘာသင်္ဘောက အောက်သို့ဆ်းလာပြီး ပုဖန်ဘေးဆင်းသက်လာသည်။
"ငါ..ငါတို့ ရောက်ပြီလား... အမ်း... ဝေါ့....."
ငရဲကမ္ဘာသင်္ဘောပေါ်တွင် ကူကယ်ရာမဲ့နေသော ကုန်းရှို့ပန်က ကုန်းပတ်ပေါ်မှ ခေါင်းထောက်လိုက်သည်။ သို့သော် ထိုကဲ့သို့ ရုတ်တရက် လှုပ်ရှားမှုကြောင့် နောက်ထပ် ဗိုက်အောင့်သွားရသည်။
လှိုင်းမူးသော လူများအားလုံးက သည်းမခံနိုင်စရာပင်။
"ငါတို့ သိချင်ရုံပါ...."
နယ်သာရီ ပြောလိုက်သည်။
သို့သော် ပုဖန်က သူမကို ကြားဝင်နှောင့်ယှက်လိုက်သည်။
"စကား မပြောနဲ့....ငာ့ကို ကြည့်..."
နယ်သာရီအံ့ဩသွားကာ သူမ၏နက်ဆွေးလှသော မျက်လုံးများဖြင့် ပုဖန်ကို ကြည့်နေသည်။
"မင်းရဲ့ငရဲကမ္ဘာသင်္ဘောက ဒီအစီအရင်တွေထဲ လွတ်လွတ်လပ်လပ်ဖောက်ဝင်လို့ရလား...."
ပုဖန် စိတ်လှုပ်တရှားမေးလိုက်ပြီး သူ့တွင် အကြံအချို့ရနေပုံပင်။
"ရတယ်...."
နယ်သာရီ ခေါင်းငြိမ့်ပြလိုက်သည်။
ပုဖန် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ နယ်သာရီက အချိန်ကိုက် ရောက်လာခြင်း ဖြစ်သည်။
အစက မသေမျိုးသစ်ပင် အပင်ပေါက်များကို မည်ကဲ့သို့ အရယူရမလဲဟု စိုးရိမ်နေခဲ့သော်လည်း နယ်သာရီ၏ ရုတ်တရက်ပေါ်ထွက်လာမှုကြီးက သူ့ကို ကူညီပေးလိုက်သည်။
ပုဖန် ဝှိုက်တီနှင့် ပုစွန်ပိစိတို့၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
ပုစွန်ပုစိ၏မျက်လုံးများ ရွေ့လျားသွားသည်။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး ပုဖန် ပခုံးပေါ် သက်ဆင်းလိုက်သည်။
ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ် လွှားကနဲ ခုန်တက်လိုက်သည်။
"သွား...ကျုပ်ကို ဒီအစီအရင်ထဲက ထုတ်ပေး...."
"အာ.. ကောင်းပြီလေ..."
နယ်သာရီ ဘာကြောင့်လဲဟု မမေးပဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
ထို့နောက် သူမ၏အတွေးတစ်ချက်ဖြင့် အနက်ရောင်ငရဲစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သွေးအစွအရင်ကို ထိုးဖောက်သွားကာ ထွက်သွားခဲ့သည်။
မသေမျိုးစားဖိုမှူးများအားလုံး ကြောင်အသွားကြသည်။
ခပ်လှမ်းလှမ်းရှိ မော့ရှို့တစ်ယောက်လည်း အံ့ဩသွားရပြီး ခဏအကြာတွင် ဒေါသပုန်ထသွားတော့သည်။
သောက်ကျိုးနည်း....
အထွတ်အထိပ်နယ်ပယ်က အရှင်သခင်တစ်ယောက်တည်ဆောက်ထားတာမလို့ ဘယ်သူမှ ထွက်မရဘူးလို့ သူပြောရုံရှိသေးတယ်လေ.... အခုတော့ ပုဖန်က ဒီတိုင်းလေး ထွက်သွားတယ်တဲ့လား....
ဒီကလေးက သူ့မျက်နှာကို အဲ့လောက် မြန်မြန်ကြီး ရိုက်ပစ်ဖို့ လိုလို့လား...
ပြီးတော့...
အဲ့ဒီ့သင်္ဘောကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ...
ငရဲကမ္ဘာသင်္ဘောမလား...
အဲ့ဒီ့ ငရဲကမ္ဘာသင်္ဘောလေ...
မိုရှို့ အတွေးနက်သွားရသည်။
ထို့နောက် သူ၏ မွေးညင်းပေါက်ပင် ထောင်ထသွားရသည်။
"မင်းက ဒီခွေးဘုရင်ကို တိုက်ခိုက်ချင်တယ် ထင်နေခဲ့တာ... ဘယ်လိုလုပ်ပြီး အာရုံပျက်ရဲ ရတာလဲ...."
နူးညံ့ငြင်သာကာ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် နူးညံ့သော ခွေးလက်ဖဝါးတစ်ခုက မေါ့ရှို့မျက်လုံးထဲတွင် တဖြေးဖြေးကြီးမားလာခဲ့သည်။
"ဘာကြီး...."
မိုရှို့၏ မျက်နှာပြောင်းသွားကာ ပင့်သက်ရှိုက်သွားမိသည်။
ဘုန်း
ချက်ချင်းပင် ထိုလက်ဖဝါးလေးဖြင့် မြေပြင်ပေါ် အမှောက်သိပ်ခံလိုက်ရသည်။
မြေပြင် ပေါက်ကွဲသွားရသည်။
ထိုအချိန်တွင် အစီအရင်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားရသည်။
"မင်းက ဒီအထွတ်အထိပ်နယ်ပယ်အဆင့် အစီအရင်လေးနဲ့ တားချင်တာလား... အိပ်မက်ထဲမှာပဲရမယ်...."
ခွေးဘုရင် ခေါင်းမော့လိုက်ပြီး သူ၏အနက်ရောင် အမွှေးတို့ ထောင်ထကာ နဂါးဟိန်းနှင့်ကြားဟိန်းသံတို့ထက် နားကန်းလုမတတ် စူးရှသော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ် ပြောင်းလဲသွားရသည်။
သူပျံသန်းလိုက်သောအခါ အဆီပြင်တစ်ထပ်ကြီးက တုန်ခါလာသည်။
အနက်ရောင်မီးတောက်များ ထွက်ပေါ်လာပြီး သူ့ကို ဝိုင်းပတ်သွားကာ လေဟာနယ်ကို လောင်ကျွမ်းသွားစေသည်။
ခမ်လှမ်းလှမ်းတွင် မော့ရှို့သွေးအန်နေရင်း ပြန်ထနေသည်။
သူ့မျက်လုံးများ ကြုံ့ဝင်သွားခဲ့သည်။
သူ့ပါးစပ်ရှိ သွေးများကို သုတ်လိုက်ပြီး ပုံစံပြောင်းနေသည့် ခွေးနက်ကြီးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ခွေးဘုရင်၏ တစ်ကိုယ်လုံးတွင် အနက်ရောင်မီးတောက်များ တောက်လောင်နေပြီဖြစ်သည်။
သူ သက်ပြင်းရှိုက်လိုက်မိသည်။
"ကမ္ဘာမြေအခကျဉ်းထောင်ကခွေးရဲ့ ကမ္ဘာမြေအကျဉ်းထောင်မီးတောက်... သူ.. ထွက်သွားချင်နေပုံပဲ..."
…
ဘုန်း ဘုန်း ဘုန်း
မသေမျိုးသစ်ပင် နေရာလပ်တွင် လေဟာနယ်နှစ်ခြမ်းကွဲ၍ ငရဲကမ္ဘာသင်္ဘော ထွက်ပေါ်လာသည်။
"ဝေါ့....... ဝေါ့....."
ကုန်းရှို့ပန်တစ်ယောက် ဖြူဖျော့နေသော မျက်နှာဖြင့် သင်္ဘောကုန်းပတ်ပေါ်ကို မှီထားသည်။ သူ့ကိုယ်သူ ဝိတ်အတော်ကျသွားသည်ဟုပင် ထင်နေမိသည်။
သူတို့ ရောက်ပြီမလား... ဟုတ်တယ်မလားလို့... ဘာလို့ ထပ်ရွှေ့နေရသေးပြန်တာတုန်း...
ပုဖန်က ကုန်းပတ်တွင် ရပ်နေပြီး မသေမျိုးသစ်ပင်ကိုဖုံးလွှမ်းထားသည့် စက်လုံးခြမ်းပုံ အစီအရင်ကို ကြည့်လိုက်သည်။
သူ အတွေးနက်သွားရသည်။
သူ ခွေးဘုရင်ကို လုံးဝစိတ်မပူပေ။ ခွေးဘုရင်၏ အင်အားက အလွန်သန်မာ လှပြီး မိုရှို့တစ်ယောက် တွေးမရနိုင်သည်အထိ သန်မာလှသည်။
ယခုတွင် အရေးအကြီးဆုံးအရာမှာ မသေမျိုးသစ်ပင် အပင်ပေါက်များကို ရှာရန်သာဖြစ်သည်။
သူတို့ ဖုန်းကွမ်းကျန်းကို ခြေရာခံနိုင်မည်လားဟု သိချင်မိသည်။
ပုဖန် နယ်သာရီကို မေးလိုက်သည်။
"နယ်သာရီ... ကျုပ်တို့ ဒီကတစ်ယောက်ယောက်ကို ရှာချင်ရင် လုပ်နိုင်ပါ့မလား...."
ပုဖန်၏ မေးခွန်းက နယ်သာရီကို မျက်မှောင်ကြုတ်သွားစေသည်။ သူမ၏ အနက်ရောင်မျက်လုံးများက ပုဖန်ကို ကြည့်လာသည်။
လေညင်းလေးက သူမကို တိက်ခတ်သွားပြီး သူမ၏ လက်မောင်းရှိ နူးညံ့ချောမွေ့နေသော အသားအရေလေးကို လှစ်ဟာသွားစေသည်။
"လုပ်နိုင်တယ်... ဒါပေမဲ့ အချိန်တော့လိုတယ်..."
"ကောင်းတယ် ကျုပ်တို့ အခုပဲ စလုပ်ကြတာပေါ့...."
ပုဖန် ပြောလိုက်သည်။
သူတို့ အခြားလူများကို ခြေရာခံနိုင်သည်မှာ ကောင်းလှသည်။ အနည်းဆုံး သူတို့တွင် သဲလွန်စရှိနေသေးသည်။
ဘုန်း ဘုန်း ဘုန်း
လေဟာနယ် တုန်ဟီးသွားကာ ပေါက်ကွဲသွားသည်။
ငရဲကမ္ဘာသင်္ဘောပေါ်တွင် ကုန်းရှို့ပန်တစ်ယောက် ပိုမိုဖြူဖျော့လာရသည်။ သူ ကုန်းပတ်ပေါ်လက်ထောက်ကာ အားရပါးရ အန်နေရသည်။
သူ့စိတ်ထဲတွင် အော်ဟစ်နေမိသည်။
"သောက်ကျိုးနည်းပဲဟေ့....."
…
ဝုန်း ဝုန်း
သွေးအစီအရင်က အဆက်မပြတ်တုန်ခါလာသည်။
တစ်ခါတုန်ခါပြီးနောက်တွင် ၎င်းက မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားသည်။
တဖြေးဖြေးချင်း သွေးအစီအရင်က ကျဲပြန့်သွားကာ ကျယ်လောင်သော မြည်သံနှင့်အတူ ဖုန်းကွမ်းကျန်းထွက်ပေါ်လာသည်။
ဖုန်းကွမ်းကျန်း ကြောင်ငေးငေးလေး ရပ်နေသည်။ သူ့ရှေ့ကိုကြည့်ပြီး သူ့မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရသည်။
ခပ်လှမ်းလှမ်းတွင် မိုးထိအောင်မြင့်သည့် မြို့နံရံနှင့်အတာ ကြီးမားလှသည့် အနက်ရောင်မြို့ကြီး ရှိနေပေသည်။ ငရဲစွမ်းအင်များကလည်း
ပြင်းထန်လွန်းလှသည်။
မြို့နံရံအောက်တွင် ကြီးမားလှသည့် သတ္တုတံတားကြီး ထွက်လာပြီး သူ့ဆီဆန်တန်းလာခဲ့သည။ သွေးအစီအရင်က သူ့ကို ဤတွင်ရပ်ပေးခဲ့ပြီး သူရှေ့ဆက်၍ မသွားနိုင်တော့ပေ။
"မသေမျိုး အချက်အပြုတ်နယ်မြေရဲ့အဆုံးက... ငရဲအကျဉ်းထောင်ရဲ အစလား...."
ဖုန်းကွမ်းကျန်း အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ပိုမိုရူးသွပ်ကာ စိတ်လှုပ်ရှားလာ ဟန်ဖြစ်နေသည်။
သူ လက်ဆန့်လိုက်ပြီး ရွှေရောင် မသေမျိုးစွမ်းအင်များ ရစ်နှောင်နေသော မသေမျိုးသစ်ပင် အပင်ပေါက်လေးများကို ထုတ်လိုက်သည်။
သူဖုန်းကွမ်းကျန်း နောက်တစ်ခေါက် မြင့်တက်ချင်တယ်....
ရုတ်တရက်
ဖုန်းကွမ်းကျန်း၏အမူအယာ တောင့်ခဲသွားသည်။
သူ အပင်ပေါက်သုံးခုကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူ၏ကြက်သွေးနီရောင် မျက်လုံးများက အဝေးကို ကြည့်နေသည်။
ထိုနေရာတွင် လေဟာနယ် အက်ကွဲသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ပျော့ ပြောင်းတောက်ပြောင်နေသော ရွှေရောင်ဆံပင်များက လေထဲတွင် လွင့်မျောနေသော်လည်း ထွက်ပေါ်လာသည့် နယ်ပယ်သခင်၏ မျက်နှာကတော့ တင်းမာလှသည်။
"မင်း ကောင်းကင်ငရဲတံတားကို တစ်ခါဖြတ်ပြီးတာနဲ့ မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ရန်သူဖြစ်သွားပြီပဲ.. မင်းဘယ်တော့မှ ပြန်လာလို့မရတော့ဘူး... ဖုန်းကွမ်းချန်း မင်းတကယ်ပဲ ဒီလိုလုပ်ချင်ရဲ့လား...."