အပိုင်း ၁၀၉၆
Viewers 61k

အခန်း ၁၀၉၆

မလွှမ်းမိုးနိုင်သော ကမ္ဘာမြေအကျဉ်းထောင်ခွေး


"ကမ္ဘာမြေအကျဉ်းထောင်ခွေးရဲ့ ကမ္ဘာမြေအကျဉ်းထောင် မီးတောက်..."


မော့ရှို့ သူ့နှုတ်ခမ်းထောင့်ရှိသွေးများကို သုတ်လိုက်ပြီး သူ့မျက်လုံးများက လေးလေးနက်နက်ဖြစ်လာသည်။


ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်မီးတောက်များ တောက်လောင်နေသည့် ကမ္ဘာမြေအကျဉ်းထောင်ခွေးကို ကြည့်ပြီး သူအနည်းငယ်ကြောက်လန့်သွားသည်။


သူ၏ခြေချောင်းများက မြေပြင်ကိုထိနေသည်။ ငြိမ်သက်နေသည့်ရေကန်ကို ရေစက်တစ်စက်က ထိခတ်သွားဟန်ဖြင့် သွေးအစီအရင်တွင် လှိုင်းထသွားသည်။


ခဏအကြာတွင် ထိုလှိုင်းငယ်များက လှိုင်းကြီးများဖြစ်သွားခဲ့သည်။


သွေးအစီအရင်ထဲရှိ မော့ရှို့၏ ပုံရိပ်က ကိုယ်ပွားကိုးခုအဖြစ် ခွဲထွက်သွားသည်။ ကိုယ်ပွားတိုင်းတွင် သူ၏ ကြောက်မက်ဖွယ်အော်ရာများရှိနေသည်။


"ဒါက အထွဋ်အမြတ်နယ်ပယ်သခင် ရေးဆွဲထားတဲ့ အစီအစဉ်ပဲ... မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုမှတော့.. စိတ်မပျက်စေရပါဘူး...."


မော့ရှို့စကားပြောပြီးသည်နှင့် သူ၏ကိုယ်ပွားများက ပြေးထွက်လာကြသည်။


သူတို့အားလုံး၏ လက်ထဲတွင် အနက်ရောင်မီးဖိုချောင်သုံးဓား တစ်ချောင်းစီရှိနေသည်။


ကြောက်မက်ဖွယ်ရာ ငရဲစွမ်းအင်များက ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားပြီး အနက်ရောင်စွမ်းအင် တိမ်ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။


ဘုန်း ဘုန်း ...


အစီအရင်ထဲရှိ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများက တုန်ယင်နေကြသည်။ သူတို့အားလုံး ထောင့်တစ်ထောင့်ထဲတွင် ခွေခေါက်နေကြပြီး အလွန်ကြောက်နေဟန် ပေါ်နေသည်။


မဟူရာငရဲ ချက်ပြုတ်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများက သူတို့၏ မျက်နှာအစစ်ကို ဤမျှ မြန်မြန် ထုတ်ပြလာမည်ဟု မထင်ခဲ့ပေ။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က မသေမျိုးအချက်အပြုတ်နယ်မြေထက် ပိုမိုသန်မာသောသော်လည်း သူတို့ ဤမျှတစ်ခါမှ မကြောက်ရွံ့ခဲ့ဖူးပေ။


ခွေးဘုရင်က နေရာတွင်ရပ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆီပြင်များက တဖြေးဖြေးချင်း ပျောက်ကွယ်သွားပြီး ခက်ထန်လှသည့်အနက်ရောင်ဝံပုလွေတစ်ကောင်ပုံစံ ပြောင်းလဲသွားသည်။


သူ၏ သားမွေးများမှ ထုတ်လွှတ်နေသည့် အလင်းတန်းများက တောက်လောင်နေသည့် အနက်ရောင်မီးတောက်နှင့်အတူ ရောစပ်လျက်ရှိသည်။


ထိုမီးတောက်က အလွန်အမင်းအေးစက်လှပြီး အောက်ခြေမရှိသည့် အသူရာချောက်နက်မှလာကာ အရာအားလုံးကို ပြာချချင်နေဟန် ဖြစ်နေသည်။


မော့ရှို့၏ ကိုယ်ပွားများက အဝေးသို့ ပြေးထွက်သွားကြသည်။


ဘုန်း ဘုန်း ဘုန်း ...


အနီရောင်ဓားများက တစ်ဟုန်ထိုးပြေးထွက်သွားသည်။ ထိုဓားများက ပေါင်းစပ်သွားကြကာ ကြီးမားလှသည့် သွေးနီရောင် တောခုတ်ဓားကြီးအဖြစ် ပြောင်းသွားကာ ခွေးဘုရင်ကို ခုတ်ချလိုက်သည်။


၎င်း၏ ကြောက်မက်ဖွယ်စွမ်းအင်များက လေထုထဲတွင် ပြည့်နှက်နေပြီး လူတိုင်းကို အသက်မရှူနိုင်ဖြစ်သွားစေသည်။


မြို့တော်သခင် မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့က အနည်းငယ်တုန်ရီသွားကြသည်။


"အဲ့ဒီ့အော်ရာက အရမ်းကိုသန်မာလွန်းတယ်... သူ့ရဲ့ကိုယ်ပွားတစ်ခုဆီက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကို ရောက်နေပြီ...အထွဋ်အမြတ်နယ်ပယ်ကို ခြေတစ်ဝက်တောင်လှမ်းနေပြီပဲ...."

မြို့တော်သခင် မုန့်ချီက အော်ဟစ်လိုက်သည်။


မြို့တော်သခင်ကျိုး တံတွေးမျိုချလိုက်သည်။


မြို့တော်သခင်နှစ်ပါး၏ မျက်လုံးထဲတွင် စိုးရိမ်မှုတို့ ပေါ်ထွက်လာသည်။


အကယ်၍ ခွေးဘုရင်သာ မခုခံနိုင်ခဲ့ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် အဖျက်ဆီးခံရတော့မည်ဟု ပြောသည်က မမှားပေ။


ရုတ်တရက် ...


တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။


သွေးနီရောင်တောခုတ်ဓားကြီးပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်သည်။ ထိုအက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ လျှင်မြန်စွာ ကျယ်ပြန့်လာပြီး သွေးနီရောင်တောခုတ်ဓားကြီးတစ်ခုလုံးကို လွှမ်းခြုံသွားစေကာ နောက်ဆုံးတွင် အက်ကွဲသွားစေသည်။


ထို့နောက် နားကန်းလုမတတ် စူးရှကျယ်လောင်သည့် ခွေးဟောင်သံတစ်သံ ထွက်ပေါ်လာသည်။


ဘုန်း ဘုန်း ...


ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။


ဓားအလင်းတန်းက မှိန်ဖျော့သွားသည်။


မော့ရှို့၏ ကိုယ်ပွားကိုးယောက်လုံး နောက်သို့ ပျံထွက်သွားကြကာ ၎င်းတို့၏ ခန္ဓာကိုယ်များက ကောင်းကင်ပေါ်မှ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။


သို့သော် ကိုယ်ပွား ကိုးယောက်က အမှန်တကယ်ကြောက်နေဟန် မပေါ်ပေ။


မော့ရှို့က ကမ္ဘာမြေအကျဉ်းထောင်မှ ခွေးကို ထိုဓားချက်တစ်ချက်တည်းဖြင့် သတ်နိုင်မည် မဟုတ်မှန်း နားလည်ပေသည်။


သဘာဝကျကျပြောရလျှင် သူက ကမ္ဘာမြေအကျဉ်းထောင်ခွေး၏ သန်မာမှုကို ကြုံခဲ့ဖူးသည်။ ၎င်းက အထွဋ်အမြတ်နယ်မြေသို့ ရောက်နေနိုင်ပေသည်။


အကယ်၍ သူ့တွင် အထွဋ်အမြတ်နယ်ပယ်အဆင့် အစီအရင်မရှိပါက ဤနေရာတွင် ဆက်နေရဲတော့ မည် မဟုတ်ပေ။ သူ ချက်ချင်းလက်ငင်းလှည့်ပြေးနေပြီဖြစ်သည်။


မော့ရှို့က သန်မာသော်လည်း အထွဋ်အမြတ်နယ်ပယ်တစ်ဝက် အဆင့်သာရှိသေးပေသည်။ သူသာ အထွဋ်အမြတ်နယ်ပယ်အဆင့်ရှိ ကမ္ဘာမြေအကျဉ်းထောင်ခွေးကို ရင်ဆိုင်ရာတွင် ထွက်မပြေးပါက သေချာပေါက် သေမည်သာဖြစ်သည်။


သို့သော် အထွဋ်အမြတ်နယ်ပယ်အဆင့် အစီအရင်က သူ့ကို မျှော်လင့်ချက်ပေးစွမ်းနေသည်။


သူ ဤနေရာသို့ ဤအစီအရင်ကို ယူလာခဲ့သည်မှာ ကံကောင်းသွားခဲ့ပေသည်။ ထိုခွေးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲတွင် ရှိနေမည်ဟု အမှန်တကယ် မသိထားခဲ့ပေ။


ကမ္ဘာမြေအကျဉ်းထောင်ခွေးက ကမ္ဘာမြေအကျဉ်းထောင်ထဲမှာ မနေဘဲ... ဒီမသေမျိုးအချက်အပြုတ်နယ်မြေထဲ ဘာလာလုပ်တာတဲ့လဲ....


ဝှီး ဝှီး ...


အရိပ်ကိုးခုက သူတို့၏ လက်များကို ဝေ့ရမ်းလိုက်သည်။ ရုတ်တရက် အပြာရောင်ပန်းကန်လုံးတစ်ခု ပေါ်လာသည်။ ထိုပန်းကန်လုံးက လေပေါ် ပျံတက်လာပြီး အလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ်စွမ်းအင်ကို ထုတ်လွှတ်နေသည်။


သူတို့က ခွေးဘုရင်၏ ကမ္ဘာမြေအကျဉ်းထောင် မီးတောက်ကို စုပ်ယူကြတော့သည်။


ခွေးဘုရင်က သူ့လည်ပင်းကို ဆန့်လိုက်ပြီး အနက်နီရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။


ထိတ်လန့်ဖွယ်ရာ စုပ်ယူအားနှင့် ပန်းကန်လုံး ကိုးခုကို ကြည့်ပြီး သူ၏ ခွေးလက်ဖဝါးကို မြေပြင်ပေါ် ပုတ်ချလိုက်သည်။


ဘုန်း


လေလှိုင်းလုံးကြီး ပြန့်ကားသွားသည်။ ရုတ်ချည်းပင် အပြာရောင်ပန်းကန်လုံးကိုးခုက ထိုအင်အားအောက်တွင် စတက်လှုပ်ခါလာပြီး အဆက်မပြတ်တုန်ရီလာသည်။


အချိန်ခဏလေးအတွင်းတွင် စုပ်ယူအားက ပျောက်ကွယ်သွားပြီး ပန်းကန်လုံးများပေါ်တွင် အက်ကြောင်းတို့ ထလာသည်။


ဝှစ်


ခွေးဘုရင်၏ ခြေလက်များက မြေပြင်ပေါ်ဆောင့်ချလိုက်သည်။ ချက်ချင်းလက်ငင်း သူ့ခန္ဓာကိုယ်က အနက်ရောင်အရိပ်အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။


တစ်ချိန်တည်းတွင် လေဟာနယ်ထဲရှိ အပြာရောင်ပန်းကန်လုံးများက အက်ကွဲသွားကာ မြေပြင်ပေါ် ကျဆင်းလာသည်။


ဘုန်း


ခွေးဘုရင်က မော့ရှို့၏ ကိုယ်ပွားများနောက်တွင် ပြန်ပေါ်လာပြီး သူ၏လက်ဖဝါးလေးဖြင့် ပုတ်လိုက်သည်။


သို့သော် ခွေးလက်ဖဝါးက မော့ရှို့ကို ထိရိုက်သွားသည်နှင့် မော့ရှို့က နောက်ထပ်ကိုယ်ပွားတစ်ခု ဖန်တီးပြီးဖြစ်ကာ ခပ်လှမ်းလှမ်းသို့ နေရာရွေ့ပြောင်း ပြီးပြီဖြစ်သည်။


"ဒီနည်းလမ်းနဲ့တောင် မင်းကိုရင်မဆိုင်နိုင်သေးဘူးလား...."


မော့ရှို့ အံတင်းတင်းကြိတ်ထားပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။


ဝုန်း ဝုန်း ဝုန်း


ခွေးဘုရင်က သူ့ကိုပြန်ဖြေပေးရန် အလွန်ပျင်းနေသည်။ သူ လှစ်ကနဲရွေ့လျားလိုက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုကိုယ်ပွားကိုးခုက တစ်ခုပြီးတစ်ခု လိုပ်ရိုက်တော့သည်။


ထိုခန္ဓာကိုယ်များတွင် အနက်ရောင်မီးတောက်တို့ တောက်လောင်နေကာ ၎င်းတို့ကို မီးရှို့ပြချလိုက်ပြီး ဘာမှချန်ရစ်မထားခဲ့ပေ။


ခွေးဘုရင် မြေပေါ်သက်ဆင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်မီးတောက်များ အဆက်မပြတ်မြင့်တက်နေပြီး လူတိုင်းကို မွန်းကြပ်သွားစေသည်။


"မင်း ငါ့ကိုသတ်လို့မရဘူး... မင်း အထွပ်အထိပ်နယ်ပယ်အဆင့်ရှိတဲ့ အစီအရင်ကို မဖျက်ဆီးနိုင်ဘူး..."


မော့ရှို့၏ အသံက သွေးအစီအရင်ထဲတွင် ပဲ့တင်ထပ်နေပြီး သူ၏ရူးရူးသွပ်သွပ်ရယ်သံကပါ နောက်ကပါနေသည်။


သူ ခွေးဘုရင်ကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း ထိုခွေးက သူ့ကိုမသတ်နိုင်ပေ။


အင်မော်တယ်စားဖိုမှူးများက ကြောက်လန့်တုန်လှုပ်နေကြသည်။ သူတို့အားလုံး အလွန်အမင်း ထိတ်လန့်နေကြသည်။


"ငါတို့ ဒီနေရာမှာပဲသေတော့မှာလား..."


"ခွေးဘုရင်မှာသူတို့ကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတော့ဘူးတဲ့... ငါတို့ကို ဘယ်သူက ကယ်နိုင်ပါတော့မလဲ...."


"မသေမျိုးသစ်ပင်ရဲ့ နေရာက ဘေးဒုက္ခအန္တရာယ်နယ်မြေကြီး ဘယ်လိုလုပ်ဖြစ်လာရတာလဲ... ငါသာသိခဲ့ရင် ဒီကိုလာခဲ့ပါဦးမလား...."


အင်မော်တယ်စားဖိုမှူးများက သက်ပြင်းတချချ တငိုငိုတရယ်ရယ်ဖြင့် စိတ်ဓာတ်ကျနေကြသည်။


သူတို့၏ အချက်အပြုတ်နှလုံးသားလမ်းစဥ်က ယူဆောင်သွားခံရပြီဖြစ်၍ ယခုသူတို့၏အသက်များပါ အဆုံးတော့သတ်ရတော့မည်ဖြစ်သည်။


ရုတ်တရက် ခွေးဘုရင်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"မင်းက အရမ်းဆူတာပဲ..."


ခွေးဘုရင် ထိုသို့ပြောပြီးနောက် နေရာတစ်ခုလုံးက သေမလိုတိတ်ဆိတ်သွားတော့သည်။


မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့ မျက်လုံးများပြူးကျယ်ကာ အံ့ဩသွားကြသည်။


ဘုန်း


ခွေးဘုရင် သူ၏ နူးညံ့သောခွေးလက်ဖဝါးလေးကို မြှောက်လိုက်ကာ ပုတ်ချလိုက်သည်။


မြေပြင်က ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး ခွေးလက်ဖဝါးရာအဖြစ် ချိုင့်ဝင်သွားသည်။

 

"မင်းငါ့ကို သတ်လို့မရဘူး...."

မော့ရှို့ အေးစက်စွာပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်အစစ်ကို အာရုံခံ၍မရသော်လည်း သူ၏အသံက ပဲ့တင်ထပ်နေသည်။


ခွေးဘုရင်လှောင်ရယ်လိုက်သည်။

"တကယ်လား..."


ထို့နောက် သူ၏မျက်လုံးများက ကြက်သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်သည်။


အနက်ရောင်မီးလုံးတစ်ခုက သူ၏ပါးစပ်ဝတွင် ရှိနေပြီး ၎င်းက ကမ္ဘာမြေအကျဉ်းထောင်မီးတောက်ကို အလွန့်အလွန်ပူသွားစေသည်။


လေထုက ချက်ချင်းလက်ငင်း တွန့်လိမ်သွားပြီး ထိုကြောက်မက်ဖွယ်မီးတောက်ကြောင့် ပုံပျက်သွားရသည်။


"ဒီအစီအရင်ကို တည်ဆောက်ထားတဲ့ ကောင်စုတ်လေးဒီမှာရှိရင် ငါနည်းနည်းလောက် ပြဿနာတက်နိုင်တယ်... ဒါပေမဲ့ မင်းက ဒီအစီအရင်ကို သုံးရုံပဲသုံးနေပြီးတော့... ဒီနေရာမှာ အော်ဟစ်ဆူပူနေဖို့ ဘယ်နားက သတ္တိတွေရနေတာလဲ...."


ခဏအကြာတွင် ကမ္ဘာမြေအကျဉ်းထောင်မီးတောက် ဘောလုံးက အနက်ရောင်အလင်းတန်းတစ်အခုအဖြစ် ပြေးထွက်သွားပြီး သူတို့ခေါင်းပေါ်ရှိ နေရာကို ထိသွားသည်။


ရှဲ ရှဲ ရှဲ


ကမ္ဘာမြေအကျဉ်းထောင်မီးတောက်ဘောလုံးက သွေးအစီအရင်ကို ထိမှန်သွားသည်နှင့် အစီအရင်က မီးလောင်ကျွမ်းသွားပြီး အက်ကြောင်းများဖြစ်ပေါ်လာသည်။ မီးတောက်များက ထိုအက်ကြောင်းမှတစ်ဆင့် တဖြေးဖြေးကျယ်ပြန့်လာသည်။


ခဏအကြာတွင် ၎င်းက သွေးအစီအရင်တစ်ခုလုံးကို လောင်ကျွမ်းသွားသည်။


အဝေးရှိ မော့ရှို့၏မူလ ခန္ဓာကိုယ် ထွက်ပေါ်လာသည်။


သူ ထောင့်နေရာတွင် ဝံပျံနေပြီး တောင့်ခဲနေလျက်ရှိသည်။


ခွေးဘုရင်က သူ၏လည်ပင်းရှည်ရှည်ကို ရွေ့လျားလိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။


သူ၏ ချွန်ထက်လှသော နှုတ်သီးမှ အနက်ရောင်မီးတောက် ထွက်ပေါ်လာပြီး နှာခေါင်းပေါက်မှပင် မီးတောက်တို့ ထွက်ပေါ်လာသည်။


"အာ... မင်းက ဒီမှာပဲ..."



ကောင်းကင်ငရဲတံတားတွင်


ဖုန့်ကွမ်ကျန်းက ထိုအနက်ရောင်သတ္တုတံတားကြီးကို ကြည့်ပြီး သူ့ခန္ဓာကိုယ်က တုန်ခါနေလျက်ရှိသည်။


ဒဏ္ဍာရီများထဲတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အဆုံးသတ်က ငရဲအကျဉ်းထောင်၏ ဝင်ပေါက်ဟု ဆိုကြပြီး ထို ကောင်းကင်ငရဲတံတားက နယ်မြေနှစ်ခုကိုချိတ်ဆက်ပေးထားသည်ဟု ဆိုကြသည်။


သူ ကောင်းကင်ငရဲတံတားကို ဖြတ်ကျော်သွားသည်နှင့် ငရဲအကျဉ်းထောင်ကို ဝင်နိုင်မည်ဖြစ်သည်။


ဖုန့်ကွမ်ကျန်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ငါးလွှာမြောက်ရှိ မြို့တော်သခင် တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာ ကောင်းကင်ငရဲတံတားကိုရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။


ယခုတွင် သူထိုတံတားရှေ့တွင် ရောက်နေသော်လည်း မယုံကြည်နိုင်ဟန် ဖြစ်နေရသည်။


နယ်ပယ်သခင်တိထိုက်က တဖြေးဖြေးချင်းနီးကပ်လာပြီး သူ့မျက်နှာက အေးစက်နေသည်။


"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မျိုးဆက်တိုင်းက နယ်ပယ်သခင် တိုင်းက ကောင်းကင်ငရဲတံတားကို ကာကွယ်ခဲ့ကြတယ်... နယ်ပယ်သခင်ကလွဲပြီး ဘယ်သူမှ ဒီတံတားကို မချဉ်းကပ်နိုင်ဘူး... ချဉ်းကပ်တဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းလက်ငင်း သေမိန့်အချခံရမယ်...."


သူ၏ ရှည်လျားသော ရွှေရောင်ဆံနွယ်များက လေနှင့်အတူလွင့်မျောနေပြီး သူ၏အေးစက်နေသည့် မျက်နှာကို ပံ့ပိုးပေးနေသည်။


ထို့နောက် သူရှေ့သို့တိုးလာပြီး ချက်ချင်းလက်ငင်း သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ချပ်ဝတ်တစ်ခုပေါ်လာသည်။


ထိုရွှေရောင်ချပ်ဝတ်က သူ့ကို ကာဆီးပေးထားပြီး သူ့ကို ပိုမို ချောမော၍ ခမ်းနားသွားစေသည်။


ထိုချပ်ဝတ်တစ်ခုလုံးက နတ်ဘုရားသဘာဝရှိပြီး တောက်ပနေကာ အလင်းတန်းများ ထွက်ပေါ်နေသည်။


"မသေမျိုးသစ်ပင်အပင်ပေါက်တွေကို ပြန်ပေးရင်... မင်းရဲ့ခန္ဓာကိုယ်ကို အကောင်းအတိုင်း ချန်ထားပေးမယ်..."


ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော နယ်မြေသခင် တိထိုက်၏ အော်ရာက ချက်ချင်းမြင့်တက်သွားသည်။


ဖုန်းကွမ်းကျန်း၏ ရဲရဲနီနေသည့် မျက်လုံးများက နယ်မြေသခင်တိထိုက်ကို ကြည့်နေပြီး ပြုံးလိုက်သည်။


"မင်းနောက်ဆုံးတော့ နယ်ပယ်သခင်တစ်ယောက်ရဲ့ပုံစံ ဖြစ်လာပြီပဲ... ဘာပဲဖြစ်ဖြစ်ပါ ဒါက မင်းနောက်ဆုံးအကြိမ် အင်အားပြရတဲ့အကြိမ်ပဲ... ငရဲအကျဉ်းထောင်ရဲ့ အရှင်သခင်က ငါသာ သူတို့ကိုမသေမျိုးသစ်ပင်ရဲ့ အပင်ပေါက်တွေကို ပေးနိုင်တယ်ဆိုရင် ငါ့ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်အသစ်လုပ်ခိုင်းမယ်တဲ့... အဲ့ဒီ့အချိန်ကြရင် မင်းခန္ဓာကိုယ်ပေါ်က နတ်ဘုရားချပ်ဝတ်က ငါ့ဟာဖြစ်လာမှာပဲ..."


ဖုန့်ကွမ်ကျန်း ရူးသွပ်စွာ ရယ်မောလိုက်သည်။ ထို့နောက် ကြက်သွေးနီရောင် မီးဖိုချောင်သုံးဓားတစ်ချောင်း ထွက်ပေါ်လာသည်။


ထိုဓားက နတ်ဆိုးဆန်လှသည်။၎င်း၏ အော်ရာက နယ်ပယ်သခင်တိထိုက်ကို အထင်သေး မျက်မှောင်ကြုတ်သွားစေသည်။


"မင်းက ကိုယ့်ဝိဉာဉ်ကိုယ်ရောင်းလိုက်တာပဲ... မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပုတ်သိုးပြီးနံဟောင်နေပြီ... မင်းလိုလူမျိုးသေရင်ဘယ်သူမှ ဝမ်းနည်းနေမှာမဟုတ်ဘူး... မင်းကဘယ်လိုလုပ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်ဖြစ်ဖို့ စိတ်ကူးယဉ်ရဲတာလဲ..."


နယ်ပယ်သခင်တိထိုက်က ခေါင်းခါလိုက်သည်။ ခဏအကြာတွင်သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်ချောင်း ပေါ်လာခဲ့သည်။


ဝှစ်


ထိုရွှေရောင်ဓားက လေဟာနယ်ကိုဆုတ်ဖြဲလိုက်ပြီး ကောင်းကင်တွင် ဖြတ်သန်းနေသည်။ ၎င်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးက ပျက်ဆီးရပြီး ၎င်းက ဖုန့်ကွမ်ကျန်းကို ဦးတည်သွားခဲ့သည်။


ဖုန့်ကွမ်ကျန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ဆံပင်ဖြူများက လေထဲတွင် လွင့်ပျံနေသည်။


သူ၏နေရာတွင် ရပ်နေပြီး သူ့လက်ထဲတွင် အနီရောင် ကျောက်မျက်တစ်ခုထွက်လာပြီး ၎င်းကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။


ဂျွမ်း ဂျွမ်း


ထိုကျောက်မျက်ကို ဝါးစားလိုက်ပြီးနောင်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်မက်ဖွယ်စွမ်းအင်များဖြင့် ဆေးကြောသွားသည်။


ခဏအကြာတွင် ဖုန့်ကွမ်ကျန်းက အရပ်ပိုရှည်လာကာ ပိုမိုကြီးမားလာသည်။ သူ၏ အနီရောင်မျက်လုံးများထဲမှ သွေးရောင် လှိုင်းများထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


သူက အသူရာချောက်နက်ထဲမှ တွားသွားထွက်လာသည့် နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။


"လူသားလည်းမဟုတ် နတ်ဆိုးလည်းမဟုတ်ဘူး... ရွံစရာကောင်းလိုက်တာ...."

နယ်ပယ်အရှင် တိထိုက်က ရွှံရှာမှုကြောင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။


ဖုန့်ကွမ်ကျန်းကလည်း ခုတ်ပိုင်းလိုက်ရာ ဓားအချင်းချင်း ထိခတ်သံများ ထွက်ပေါ်လာသည်။


ဘုန်း


ထိုကဲ့သို့ တိုက်မိခြင်းက မြေပြင်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။


ဖုန့်ကွမ်ကျန်း၏ ခန္ဓာကိုယ်က အမြှောက်ဆန်တစ်ခုလို ပျံထွက်သွားပြီး သူ့ရင်ဘတ်တွင် ပြတ်ရှရာကြီးတစ်ခု ထွက်ပေါ်လာသည်။


ထိုဒဏ်ရာမှ အနက်ရောင်သွေးများ ထွက်ပေါ်လာသည်။


ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော နယ်ပယ်သခင်တိထိုက်ပင် နောက်သို့ ပျံကန်ထွက်သွားရပြီး မြေပြင်ပေါ် ဆင်းသက်ကာ ကြက်သေသေနေလျက်ရှိသည်။


သူ့ခေါင်းကို မော့လိုက်သောအခါ သူ့ဓားပေါ်တွင် မဲမှောင်နေသော လေထုအချို့ကို တွေ့လိုက်ရသည်။


ရွှေရောင်ဓား၏ အလင်းတန်းများက မှိန်ဖျော့နေပြီး အနက်ရောင်စွမ်းအင်အမျှင်များက ၎င်းအပေါ်တွင် ရှိနေသည်။


အနက်ရောင် စွမ်းအင်များက ဓားကို တိုက်စားနေသည်။


ဘုန်း


ဖုန့်ကွမ်ကျန်း ရူးသွပ်စွာ ရယ်မောလိုကိသည်။


"ဒါက အကြီးမြတ်ဆုံးအစွမ်းရဲ့ ခံစားချက်လား.. နယ်ပယ်သခင် တိထိုက်... မင်းအခု စိတ်ပျက်မသွားဘူးလား... မင်းငါ့ကိုမသတ်နိုင်သေးခင် မင်းရဲ့ မသေမျိုးပစ္စည်းကို ငရဲစွမ်းအင်တွေက သေချာပေါက်ဝါးမျိုသွားလိမ့်မယ်... အဲ့တာဆိုရင် မင်းလည်း သေခြင်းတရားက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူးကွာ..."


နယ်မြေသခင် တိထိုက်မျက်မှောင်ကြုတ်လိုက်သည်။


ရုတ်တရက် သူ့မျက်လုံးများ ကျုံ့ဝင်သွားပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။


ထိုနေရာတွင် သွေးအစီအရင်တစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်စုံဖြင့် နယ်သာစားဖိုမှူးတစ်ယောက်က လေဟာနယ်ကိုနင်းလျှောက်၍ သူတို့နားကို ချဉ်းကပ်လာသည်။


ထိုလာက မော့ရှို့ဘက်မှ လူဖြစ်သည်။


သူက သူတို့နောက် လိုက်လာသည်မှာ သိသာလှပေသည်။


ခပ်လှမ်းလှမ်းမှ ထိုနယ်သာစားဖိုမှူးက လူမဟုတ်သရဲမဟုတ်သော ဖုန့်ကွမ်ကျန်းကိုကြည့်ပြီး ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော နယ်ပယ်သခင်တိထိုက်ကိုကြည့်လိုက်သည်။


ခဏအကြာတွင် သူက ဖုန့်ကွမ်ကျန်းကို တစ်စုံတစ်ခုပေးလိုက်သည်။


သွေးအလင်းတန်းတစ်ခုက ဖုန့်ကွမ်ကျန်းဆီရောက်သွားသည်။


"အဲ့တာ.. အသူရာနတ်ဆိုးနှလုံးသားပဲ... စားပြီး သူ့ကိုသတ်ပစ်လိုက်..."


ထိုအချိန် သူတို့နှင့်အဝေးတွင် ...


တောက်ပနေသည့် အနက်ရောင် ငရဲကမ္ဘာသင်္ဘောက လေဟာနယ်ကို ဆုတ်ဖြဲ၍ ထွက်ပေါ်လာသည်။