အပိုင်း ၁၀၉၇
Viewers 53k

အခန်း ၁၀၉၇

မော့ရှို့သေပြီ


"မင်းကိုရှာတွေ့ပြီ...."


သွေးအစီအရင်လောင်ကျွမ်းသွားသည်နှင့် ကောင်းကင်ယံကိုအနီရောင်လွှမ်းထားသော အလွှာကြီးက ချက်ချင်းပျောက်ကွယ်သွားသည်။


နေရောင်ခြည်က မြေပြင်ပေါ်ဖြာကျလာသည်။


ထောင့်နားတွင်ပုန်းနေကြသော မသေမျိုးစားဖိုမှူးများက ဖိအားအောက်မှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ သူတို့၏ မျက်နှာတွင် ပျော်ရွှင်မှုရောကြောက်လန့်မှုပါ ရောယှက်နေလျက်ရှိသည်။


ခွေးဘုရင်၏ ဒေါသက သူတို့အမြင်ထက် လုံးဝကျော်လွန်နေခဲ့သည်။ ရိုက်ချက်တစ်ခုတည်းဖြင့် သွေးအစီအရင်ကို ပျက်စီးသွားစေသည်။


မော့ရှို့၏ မိန်းမောတွေဝေနေသော မျက်နှာကို ကြည့်ပြီး သူတို့ ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။


မော့ရှို့၏မျက်နှာ ပြောင်းလဲသွားခဲ့သည်။


သူ့ရဲ့ အစီအရင်က ဒီတိုင်းပဲပျက်ဆီးသွားတယ်လား...


အစီအရင်ကို မဟူရာငရဲအချက်အပြုတ်နယ်မြေက အထွတ်အထိပ်နယ်ပယ်က ကျင့်ကြံသူတစ်ယောက်က စီရင်ထားတာလေ... အဲ့တာကို ဒီခွေးက တစ်ချက်တည်းနဲ့ ဖျက်ဆီးလိုက်တယ်လား...


ထိုအချိန်တွင် မော့ရှို့က သူအန္တရာယ်ထဲရောက်နေသည်ဟု ခံစားလိုက်ရသည်။ 


ဤနေရာတွင် နေခဲ့ပြီး ထိုခွေးကို ရင်ဆိုင်ခဲ့သည်မှာ တစ်ဘဝလုံးတွင် သူလုပ်ခဲ့သော ဆုံးဖြတ်ချက်များထဲ၌ အဆိုးဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။


သူက ဤအစီအရင်ကို အသုံးပြုပြီး ထိုခွေးကို တားနိုင်မည်ဟု ထင်ခဲ့ပြီး ထိုသို့တားနိုင်ပါက သူ၏လက်အောက်ငယ်သားကို မသေမျိုးသစ်ပင် အပင်ပေါက်လေးများကို ယူဆောင်ပြီး ထွက်ပြေးသွားခိုင်းနိုင်မည်ဟု မထင်ခဲ့ပေ။


ယခုတွင် သူ၏လက်အောက်ငယ်သားက မသေမျိုးသစ်ပင် အပင်ပေါက်ကို ယူနိုင်သွားမည်လား မသေချာသော်ပေ။ သို့သော် သူကတော့ ဤနေရာမှ ထွက်ပြေးရပေတော့မည်။


သွေးအစီအရင်မရှိတော့သောအခါ ကမ္ဘာမြေအကျဉ်းထောင်မှခွေး၏ ဖိအားက သူ့မျက်နှာကို ချက်ချင်းရိုက်ခတ်လာသည်။


ဝုန်း ဝုန်း


မော့ရှို့ခန္ဓာကိုယ်ရှိ အနက်ရောင်ဝတ်ရုံက ချက်ချင်းလက်ငင်း လှိုင်းထလာပြီး မျက်နှာမဲ့ကျသွားသည်။


သူထွက်ပြေးရမယ်...


၎င်းက သူ့စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသော အတွေးဖြစ်သည်။


မော့ရှို့က ချက်ချင်း ခန္ဓာကိုယ်အနေအထား ပြောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က ယိမ်းထိုးသွားကာ မြေပြင်က ပေါက်ကွဲထွက်သွားပြီး သူကောင်းကင်ပေါ် ပျံတက်သွားသည်။


သူ၏သွေးနီရောင်ဓားကြီးကို ခုတ်ပိုင်းလိုက်ကာ လေဟာနယ်ကို ပိုင်းဖြတ်ကာ ထွက်ပြေးရန် လုပ်လိုက်သည်။


အကယ်၍ သူသာ ယခုချက်ချင်းမပြေးပါက နောက်ထပ်ထွက်ပြေးရန် အခွင့်အရေးရတော့မည်မဟုတ်ဟု ခံစားနေရသည်။


မော့ရှို့ ထွက်ပြေးသွားချင်သည့်ပုံကို တွေ့သောအခါ ခွေးဘုရင်၏ အနီရောင်မျက်လုံးများမှ ကြက်သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။


ထို့နောက် သူ့ပါးစပ်ကိုဖွင့်လိုက်ကာ နားကွဲလုမတတ်ကျယ်လောင်သည့် ခွေးဟောင်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။


ဘုန်း ...


ခွေးဘုရင်ထံမှ စွမ်းအင်များက မော့ရှို့ကို တိုက်ခိုက်လိုက်သည်။


ထိုအချိန်တွင် မော့ရှို့က လေဟာနယ်အက်ကွဲကြောင်းထဲသို့ ခြေတစ်ဖက်သာ လှမ်းပြီးချိန်ဖြစ်ပြီး ထိုခွေးဟောင်သံမှ စွမ်းအင်က သူ့ကို ကြမ်းတမ်းစွာ လှုပ်ခါသွားစေသည်။


"ဘာ...."


မော့ရှို့ ဖြူဖျော့သွားသည်။ သူခပ်လှမ်းလှမ်းတွင် သူ့ကို စိတ်ဝင်တစားကြည့်နေသော ကမ္ဘာမြေအကျဉ်းထောင်ခွေး၏ မျက်လုံးများနှင့် မျက်လုံးချင်းဆုံသွားသည်။


"မင်းကိုရှာရတာ တကယ်ခက်ခဲ့တာ... ဘယ်လို့လုပ်ပြီး အခုချက်ချင်း ထွက်သွားဖို့ ပြင်နေပြန်လဲ..."

ခွေးဘုရင်၏ ဆွဲဆောင်မှုရှိသော အသံထွက်ပေါ်လာသည်


မော့ရှို့ သူခွေးဘုရင်၏ လက်ဖဝါးဖြင့် အဆွဲခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ သူယခုတွင် အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။


"သောက်ကျိုးနည်း...."


မော့ရှို့ မြည်တမ်းလိုက်သည်။


ခဏအကြာတွင် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ကမ္ဘာမြေမီးတောက်များ တောက်လောင်နေသည့် ခွေးဘုရင်က သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။


၎င်း၏ လက်ဖဝါးလေးက သူ့ခေါင်းကိုဦးတည်နေပြီး ရိုက်ချလိုက်သည်။


ဘုန်း ...


မော့ရှို့ ပျံထွက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။


နောက်ထပ် ကျယ်လောင်သော မြည်သံကြီး ထွက်ပေါ်လာပြီး မသေမျိုးသစ်ပင်အပျက်အစီးများက ကွေးကျသွားကာ ကြီးမားလှသည့် အပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။


မော့ရှို့ တုန်ရီနေကာ မတ်တတ်ပြန်ရပ်ရန်ကြိုးစားနေသည်။


ဘုန်း ဘုန်း


ခွေးဘုရင် မြေပြင်ပေါ်ဆင်းသက်လာသည်။ ကမ္ဘာမြေအကျဉ်းထောင်များက ဆက်လက်တောက်လောင်နေပြီး မြေပြင်ပင် ပျော်ကျသွားသည်။ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာပြီး လေထဲတွင် ပျံ့နှံ့သွားသည်။


ဘုန်း ...


မော့ရှို့ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်သေးခင် ခွေးဘုရင်က သူ့ကို ရိုက်လွှတ်လိုက်သည်။


သူ့လက်မြှောက်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်လိုက်သည်။ သို့သော် ထိုကဲ့သို့ကြောက်မက်ဖွယ်စွမ်းအင်ကြီးကို သူမခုခံနိုင်ခဲ့ပေ။


ဤလက်ဖဝါးကြီးအောက်တွင် သူ၏အရိုးများ ကျိုးကြေသွားသလိုပင် ခံစားလိုက်ရသည်။ 


ဘုန်း ...


မော့ရှို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် ချိုင့်ခွက်များစွာ ပေါ်လာသည်။


မော့ရှို့ ဒေါသထွက်နေပြီဖြစ်သည်။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ ချီလင်စားဖိုမှူးတစ်ယောက်အနေဖြင့် ဤကဲ့သို့ အရှက်ခွဲမှုမျိုးကို သည်းမခံနိုင်ပေ။


" ခွေးကောင် မင်းအရမ်းလွန်နေပြီနော် ..."

မော့ရှို့အော်လိုက်သည်။ ခြိမ်းခြောက်နိုင်သည့်စွမ်းအင်များက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး အဝတ်များပင် တဖျပ်ဖျပ် ဖြစ်နေသည်။ 


လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ခုပေါ်လာပြီး ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်သည်အထိ ရှည်လျားသည့်ဓားအလင်းကို ထုတ်ပေးနေသည်။


သို့ရာတွင် မော့ရှို့၏ တန်ပြတ်တိုက်ခိုက်မှုက အသုံးမဝင်ပေ။ 


မော့ရှို့ အံ့ဩသွားသည်။


အထွဋ်အမြတ်အဆင့် ကျင့်ကြံသူတွေက ဘယ်လောက်သန်မာလဲဆိုတာ သူပထမဆုံး ခံစားမိတာပဲ ...


ဝုန်း ...


ကောင်းကင်ကို အုပ်မိုးထားသည့် ဖဝါးကြီးတစ်ခု ပြုတ်ကျလာပြီး တစ်ကြိမ်ထပ်မံရိုက်ချလိုက်ပြန်သည်။


ကောင်းကင်ကြီးပင် ဤလက်ဖဝါးကြောင့် ချေမွခံလိုက်ရသလိုပင်။


အဝေးတွင် အားလုံး တိတ်ဆိတ်နေကြသည်။ 


ဒါက သောက်ရမ်း ဒုက္ခရောက်တာပဲ ...


ခွေးဘုရင်က သန်မာလွန်းတယ် ...


မြို့တော်သခင်မုန့်ချီ၏ မျက်လုံးများက အလင်းရောက်တောက်ပနေသည်။


မြို့တော်သခင်ကျိုးက လေအေးကို ရှုရှိုက်နေရပြီး ပါးစပ်ကို လက်ဝါးဖြင့် အုပ်ထားသည်။


" ဒါ ... ဒီခွေးက ငါတို့အရင်တုန်းက နှင်ထုတ်ခဲ့တဲ့ခွေး ဟုတ်ရဲ့လား ..."

မြို့တော်သခင်ကျိုး၏ အသံက တုန်ယင်နေသည်။ သူ မယုံကြည်နိုင်ပေ။


" ကျွန်မတို့ အဲ့လက်ဖဝါးနဲ့ သေအောင်အရိုက်မခံခဲ့ရတာ ဆန်းကြယ်တာပဲ ..."

မုန့်ချီ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


မော့ရှို့ ခွေးသေတစ်ကောင်ကဲ့သို့ ရိုက်နှက်ခံထားရပြီး သွေးများက ခန္ဓာကိုယ်အနှံ့ပေကျံနေသည်။


ကျန့်ခွမ်းကျို့ အလွန်ပင် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။


သူတို့ရဲ့ခေါင်းဆောင်မော့ရှို့က ဒီလို အခြေအနေတောင် ဖြစ်နေပြီပေါ့ ... အသက်ရှင်ဖို့ နည်းလမ်းရော ရှိပါဦးမလား ...


ကမ္ဘာမြေအကျဉ်းထောင်မီးတောက်တွေ ကိုယ်ပေါ်မှာရှိနေတဲ့ ခွေးနက်ကြီးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ ...


ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့တဲ့ ခွေးတစ်ကောင် ဖြစ်ထိုက်ပါပေတယ် ...


သူ့ကို အထွဋ်အမြတ်နယ်ပယ်ကျင့်ကြံသူတွေပဲ ဖြေရှင်းလို့ရမယ် ...


" မင်း ငါ့ကို သတ်လို့မရပါဘူး ... ငါက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အဆင့်မြင့်ချီလင်စားဖိုမှူးပဲ ... နယ်သာချက်ပြုတ်ခြင်းနန်းတော်မှာ ငါက အကြီးအကဲပဲ ... မင်း ငါ့ကိုသတ်ရင် နယ်သာချက်ပြုတ်ခြင်းနန်းတော်က ကျင့်ကြံသူတွေက မင်းကို အလွတ်ပေးမယ်ထင်လား ..."

မော့ရှို့အော်ဟစ်လိုက်သည်။


ဖူး ...


သွေးများအန်ကာ အသက်ကိုအမောတကော ရှုနေရသည်။


သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။


အဲ့ခွေးက သူ့ကို စိတ်ဓာတ်ကျအောင် လုပ်နေတာပဲ ... 


အဲ့ခွေးက ရင်ဆိုင်ဖို့ သတ္တိတောင်တစ်စက်မှ မရှိတော့ဘူး ...


"ငရဲအကျဉ်းထောင်ရဲ့ နယ်သာချက်ပြုတ်ခြင်းနန်းတော်လား ... အင်အားကြီးတဲ့လူတွေပဲ ..."

ခွေးဘုရင် ရေရွတ်လိုက်ပြီးနောက် မော့ရှို့ကို အဝေးသို့ ပုတ်ထုတ်လိုက်ပြန်သည်။


တစ်ဖက်လူ၏ ကျိုးနေသောအရိုးများက ပို၍ ‌ကျိုးသွားသည်။


ခွေးဘုရင်၏ ကမ္ဘာမြေအကျဉ်းထောင်ခွေးပုံစံမှ လက်ဖဝါးက ပို၍စွမ်းအားကြီးသည်။


ထိုအချိန်ခွေးဘုရင် ပါးစပ်ဟလိုက်သည်။ မင်နက်ရောင် ကမ္ဘာမြေအကျဉ်းထောင်မီးတောက်များက မော့ရှို့၏ ခန္ဓာကိုယ်ကို ဝါးမျိုထားသည်။


အဖြစ်အပျက်က အလွန်မြန်ဆန်လွန်းသဖြင့် မော့ရှို့ အော်ဟစ်ရန်အချိန်ပင် မရလိုက်ပေ။ ကမ္ဘာမြေအကျဉ်းထောင်မီးတောက်က သူ့ကိုလုံးဝ ဝါးမျိုပြီး လောင်ကျွမ်းသွားစေသည်။


အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ယောက်က ပြာမှုန်ဘဝရောက်သွားခဲ့သည်။


ကျန့်ခွမ်းကျို့ အံ့အားသင့်သွားပြီး သွေးများဖုံးလွှမ်းနေသော သူ၏ခန္ဓာကိုယ်က တုန်ယင်လာသည်။


မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့ အေးခဲသွားသည်။


မော့ရှို့သေပြီလား ...


ခွေးဘုရင်က အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ယောက်ကို သတ်လိုက်တာ‌ပေါ့ 


" အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ယောက်က ဒီလောက်ပဲ သန်မာတာလား ..."

ခွေးဘုရင် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများက ကျန့်ခွမ်းကျို့ထံ ရောက်သွားသည်။


ကျန့်ခွမ်းကျို့အလွန်ကြောက်လန့်‌နေသည့်အတွက် သူ၏အသည်းနှင့် သည်းခြေအိတ်ပင် ပျက်စီးတော့မည်ဟု ထင်ရသည်။


ပြေးရမယ် ...


ဒီခွေးက မကောင်းဆိုးဝါးပဲ ...


ကျန့်ခွမ်းကျို့ အချိန်မဖြုန်းပဲ သူ၏စွမ်းအားအကုန် ထုတ်သုံးကာ ထွက်ပြေးတော့သည်။


သို့သော် သူ ချေလှမ်းလိုက်ချိန်မှာပင် ကောင်းကင်ပေါ်မှ အနက်ရောင်မီးဘောလုံးကြီး ပြုတ်ကျလာသည်။


သူ၏အမြင်အာရုံကို အနက်ရောင်မီးပင်လယ်ကြီးဖြင့် ဖုံးလွှမ်းသွားသည်။



ဒိတ် ... 


ဒိတ် ...


နှလုံးခုန်သံများ ထွက်ပေါ်နေသည်။


ဖုန့်ကွမ်ကျန်း နှလုံးသားကို ကိုင်ဆောင်ထားသည်။ သူ၏မျက်လုံးများက သွေးရူးသွေးတန်းဖြစ်‌ပုံရသည်။


ထိုနှလုံးသားတွင် ထူထဲသည့်စွမ်းအင်များ လျှံထွက်တေသည့် အပေါက်ရှစ်ခုရှိသည်။


၎င်းက အသူရာချောက်နတ်ဆိုးနှလုံးသားဖြစ်သည်။


အသူရာ‌ချောက်နတ်ဆိုးများမှာ ငရဲအကျဉ်းထောင်တွင် အင်အားစုတစ်စုဖြစ်သည်။ သို့ရာတွင် ငရဲအကျဉ်းထောင်ကျင့်ကြံသူများက သူတို့ကို ကျွန်ပြုခဲ့ပြီး နယ်သာစားဖိုမှူးများအတွက် ပါဝင်ပစ္စည်း ပြုလုပ်ခဲ့သည်။


ဖုန့်ကွမ်ကျန်း ပါးစပ်ဟပြီး ထိုအသဲနှလုံးကို ကပျာကသီ ကိုက်လိုက်သည်။


အသူရာချောက်နတ်ဆိုးနှလုံးသားမှ သွေးများက သူ၏မျက်နှာတစ်ခုလုံးကို စင်ကုန်သည်။


ဖုန့်ကွမ်ကျန်း ၎င်းကို အရူး‌တစ်ယောက်ကဲ့သို့ စားသုံးနေသည်။


မကြာမီ စားပြီးသွားသည်။


ဖုန့်ကွမ်ကျန်း၏ ခန္ဓာကိုယ်က ပိုကြီးလာပြီး သူ၏နောက်ဘက်မှ ‌အရိုးများ ငေါထွက်လာသည်။ သူ၏အော်ရာက ကောင်းကင်တစ်ခွင်လုံးကို တုန်လှုပ်နိုင်သည်အထိ သန်မာလာသည်။


" စွမ်းအား ... မလွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ ..."


ဖုန့်ကွမ်ကျန်း ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် ဖြတ်သန်းသွားနေသော စွမ်းအားများကို ခံစားကာ အလွန်စိတ်လှုပ်ရှားလာသည်။


အဝေးမှ နယ်သာစားဖိုမှူး၏မျက်လုံးများက အထင်အမြင်သေးဟန် အကြည့်များပေါ်လာသည်။


အသူရာချောက်နတ်ဆိုးနှလုံးသားမှာ လှုံ့ဆော်သော အာနိသင်တစ်ခုနှင့်တူသည်။ စားပြီးသည့်နောက် ခေတ္တခဏသာခံသည့် စွမ်းအားကြီးတစ်ခုကို ရရှိလိမ့်မည်။


သို့သော် နောက်ပိုင်းတွင် တဖြည်းဖြည်း အားနည်းလာမည်ဖြစ်သည်။


ရလဒ်က မဆိုးသော်လည်း ဘေးထွက်ဆိုးကျိုးများက ‌ကြောက်စရာဖြစ်သည်။


ထိုနယ်သာစားဖိုမှူးက ဖုန့်ကွမ်ကျန်းပေါ်တွင် ဖြစ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ဂရုမစိုက်ပေ။


သူ၏ရည်ရွယ်ချက်မှာ မသေမျိုးအပင်ပေါက်လေးများရရန် ဖြစ်သည့်အတွက် ဖုန့်ကွမ်ကျန်း၏အသက်က သူ့အတွက် အရေးမပါပေ။


ဘုန်း ...


မြေပြင် အက်ကွဲသွားသည်။


ဖုန့်ကွမ်ကျန်းက လေဟာနယ်ကိုပင် ဖိနှိပ်ပြီး ပျက်စီးသွားစေသည်။ 


ဤအချိန်၌ ဖုန့်ကွမ်ကျန်း၏စွမ်းအားမှာ အထွဋ်အမြတ်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက် လှမ်းနေပြီဖြစ်သည်။


လက်သီးတစ်ချက်ထိုးလိုက်ရုံဖြင့် လေဟာနယ်က အဆက်မပြတ် ကွဲအက်သွားသည်။


အရာအားလုံးကို ထိုးဖောက်နိုင်သည့် လက်သီးချက်က ရွှေရောင်သံချပ်ကာဖြင့် နယ်ပယ်သခင်တိထိုက်ကို ချိန်ရွယ်ထားသည်။


နယ်ပယ်သခင်က မီးဖိုချောင်သုံးဓားကိုကိုင်ကာ လက်သီးချက်ကို ခုခံရန်ကြိုးစားသည်။


သို့သော် အထိုးခံလိုက်ရပြီး မြေပြင်ပေါ်ကျသွားသည်။


ဖုန့်ကွမ်ကျန်း၏စွမ်းအားက အစောပိုင်းအချိန်နှင့်ယှဉ်ပါက အဆပေါင်းများစွာ သန်မာလာပြီဖြစ်သည်။


" သေစမ်း ..."

ဖုန့်ကွမ်ကျန်း အော်ဟစ်လိုက်သည်။


သူ၏အော်သံက သားရဲတစ်ကောင်နဲ့တူပြီး ဟင်းလင်းပြင်ကို အုပ်မိုး၍ရပ်နေသော နယ်ပယ်သခင်တိထိုက်ကို တိုက်ခိုက်လိုက်သည်။


ထိုလူကို သူသတ်ချင်နေသည်။


ယခု နယ်ပယ်သခင်တိထိုက် အသာစီး မရတော့ပေ။ 


ထိုနယ်သာစားဖိုမှူးမှာ သူ၏အပြုံးကို မဖုံးကွယ်ထားနိုင်တော့ပေ။



ပုဖန် အဝေးမှ ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေကာ အရေးကြီးသည့် အခြေအနေထဲ ရောက်နေသည့် နယ်ပယ်သခင်တိထိုက်ကို ကြည့်လိုက်သည်။


သူ့ မျက်ခုံးများကို ပင့်လိုက်သည်။


ဖုန့်ကွမ်ကျန်းက ရုတ်တရက် စွမ်းအားကြီးလာသည်။ ထိုနေရာတွင် ရပ်နေသည့် နယ်သာစားဖိုမှူးတစ်ယောက်ကလည်း တိုက်ပွဲကို စောင့်ကြည့်နေသည်။


နယ်ပယ်သခင်က ထိုနှစ်ယောက်လုံးကို တစ်ချိန်တည်း ရင်ဆိုင်နိုင်မည်မဟုတ်ပေ။


မသေမျိုးသစ်ပင်ပေါက်များကို ရယူလိုပါက ဤအခြေအနေအတွက် ဖြေရှင်းချက်အချို့ရှိရမည်ဟု ပုဖန် တွေးနေမိသည်။


ထို့သို့မဟုတ်ပါက အပင်ပေါက်များ ယူဆောင်သွားခြင်းခံရပြီး နယ်ပယ်သခင်အသတ်ခံရသည်ကို ထိုင်ကြည့်တေရလိမ့်မည်။


သို့သော် ဤအချိန်၌ ပုဖန်တွင်အကြံ‌ဉာဏ်ကောင်းများ မရှိပေ။ 


အဲ့နေရာကိုသွားပြီး တိုက်ခိုက်လိုက်ရမလား ...


ပုဖန် ငတုံးမဟုတ်ပေ လက်ရှိအချိန်တွင် သူစကျင့်ကြံခြင်းအခြေခံမှာ ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးနယ်ပယ်သာရှိသေးသည်။ ကိရိယာဝိညာဉ်များကို င့်ခေါ်၍ နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းအစုံ၏စွမ်းအားကို အမြင့်ဆုံးတိုးမြှင့်လိုက်ပါကလည်း ဖုန့်ကွမ်ကျန်းကို ချေမှူန်းနိုင်မည်မဟုတ်ပေ။


ထို့‌ကြောင့် တိုက်ပွဲကို တစ်ဟုန်ထိုးပြေးဝင်သွားချင်က မိုက်မဲသောလုပ်ရပ်ဖြစ်သည်။


ဒါဆို ဒီနေရာမှာ ဘာနည်းလမ်းသုံးရမလဲ ...


ပုဖန် မေးစေ့ကိုပွတ်ကာ တွေးတောနေသည်။


ဟင်း ...


ရုတ်တရက် ပုဖန်၏မျက်လုံးများ အရောင်‌တောက်လာသည်။


သူက စားဖိုမှူးတစ်ယောက် ဖြစ်သည့်အတွက် စားဖိုမှူးများအသုံးပြုသည့်နည်းကိုသာ သုံးရမည်ဖြစ်သည်။


ပုဖန် ပြုံးလိုက်သည်။


ထို့နောက် စိတ်ကိုတည်ငြိမ်စွာထား၍ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ဝင်သွားသည်။


သူဝင်ရောက်သွားသည်နှင့် နွားသိုးအော်သံများက သူ့ကို အံ့အားသင့်သွားစေသည်။


ဘာတွေဖြစ်နေတာလဲ ...


အဝေးတွင် နျိုဟန်စန်းက ချွေးများသုတ်ကာ သူ့ဆီပြေးလာနေသည်။


ပုဖန်ကို မြင်သည့်အခါ မျက်လုံးများ အရောင်တောက်သွားသည်။


" ပိုင်ရှင်ပု ထပ်လာတာလား ..."

နျိုဟန်စန်း မေးလိုက်သည်။


" အင်း ... အရင်တစ်ခေါက်က ပေးလိုကဲ့ အမဲသားကီလိုဂရမ်အနည်းငယ်လောက် ကျုပ်ကိုပေးလိုက်ပါ ..."

ပုဖန် အလျင်လိုနေဟန်ဖြင့် ပြောလိုက်သည်။


နျိုဟန်စန်း အံ့ဩသွားသည်။ ထို့နောက် ပုဖန်ကို ခဏစောင့်နေရန်ပြောကာ ပျောက်သွားသည်။ ခဏအကြာတွင် နွားသိုးအော်သံကြီးတစ်ခု ကြားလိုက်ရပြီး အသံမှာ ဤတစ်ကြိမ်၌ပို၍ သနားစရာကောင်းနေသည်။


ခဏအကြာတွင် နျိုဟန်စန်းက အမဲသားတုံးကြီးတစ်တုံးဖြင့် ပြန်ရောက်လာသည်။ 


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ထို့နောက် နျိုဟန်စန်းကိုနှုတ်ဆက်ပြီး ပြန်သွားသည်။


ပုဖန် အမဲသားကီလိုအနည်းငယ်နှင့်အတူ ပြန်ရောက်လာသည်။ နယ်သာရီနှင့် ရှီးရှီးတို့၏ စူးစမ်းနေသော မျက်လုံးများရှေ့တွင် ကောင်းကင်ကျားဖြူဒယ်အိုးနှင့် မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်ပြီး စတင်အလုပ်ရှုပ်တော့သည်။


ပုဖန် ဘာလုပ်ချင်သည်ကို အခြားသူများ မသိပေ။


တစ်ခုခု ချက်မလို့လား ...


နယ်ပယ်သခင်တိထိုက်သေအောင်ချခံနေရတာကို ပျော်ပွဲရွှင်ပွဲ လုပ်ဖို့လား ...


သူဘာလို့ ပျော်နေရတာလဲ ...


သေချာပေါက် ပုဖန်က နယ်ပယ်သခင်တိထိုက်ကို ကာ်ချင်တာပေါ့ ...


ဒါပေမဲ့ အရင်ဆုံး အစားအစာတစ်မျိုး ချက်ရမယ် ...


နျိုဟန်စန်းဖန်တီးထားသည့် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်သော အမဲသားကို အသုံးပြုရမည်။


သူရွေးချယ်ထားသည့် ဤပါဝင်ပစ္စည်းက ဖုန့်ကွမ်ကျန်းနှင့် နယ်သာစားဖိုမှူးကို သေချာပေါက် အံ့အားသင့်သွားစေလိမ့်မည်။