အပိုင်း ၁၀၉၈
Viewers 53k

အခန်း ၁၀၉၈

ထစ်ချုန်းမိုး အမဲသားလုံး


အမဲသားကို လက်ထဲတွင် ကိုင်ထားလျက် ပုဖန်၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


မည်သည့်အရာချက်ပြုတ်ရမည်ကို သူစဉ်းစားထားသည်။


ထိုဟင်းလျာက နယ်ပယ်သခင်တိထိုက်ကို သူ၏ သေလုမျောပါးအခြေအနေမှ ကယ်တင်ပေးနိုင်လိမ့်မည်။ 


ဤအချိန်တွင် နယ်ပယ်သခင်က ဖုန့်ကွမ်ကျန်းနှင့် နယ်သာစားဖိုမှူးတို့၏ တန်ပြန်တိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးနယ်ပယ် အဆင့်ရှိသည်။


ထို့ကြောင့် ပုဖန်သည်လည်း ဖိအားကို ခံစားနေရသည်။ 


သာမန်ဟင်းလျာများက ဤအခြေအနေကို မကယ်တင်နိုင်သည့်အပြင် သူသည်လည်း ထိုဟင်းလျာချက်ပြုတ်ရာတွင် ယုံကြည်ချက်မရှိ ဖြစ်နေသည်။ သူ ပြုလုပ်နေသည့်အရာမှာ သတ္တိရှိရန် လိုအပ်သည့် တစ်စုံတစ်ခု ဖြစ်နေသည်။


လျှာကဝေအစီအရင်ကို ဤဟင်းလျာထဲ ထည့်ချင်နေသည်။ 


သူ၏အဆင့်က တိုးတက်လာသည်နှင့်အမျှ လျှာကဝေအစီအရင်ကို များစွာ အသုံးမပြုမိတော့ပေ။ ယခင်ကဆိုလျှင် ၎င်းက သူ၏တစ်ခုတည်းသော တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းဖြစ်သည်။


အချိန်များ ကြာခဲ့ပြီဖြစ်၍ ယခုအခါ ကောင်းကင်ကျားဖြူမီးဖိုနှင့် နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းအစုံ၏ အခြားအပိုင်းများလည်း ရှိနေပြီဖြစ်၍ လျှာကဝေအစီအရင်မှာ အကျိုးသက်ရောက်များ အလွန်မများတော့ပေ။


သို့သော် လျှာကဝေအစီအရင်က အသုံးဝင်နေသေးသည်။


ကောင်းစွာစီမံနိုင်ပါက ပြီးပြည့်စုံစွာ အသုံးချနိုင်သည်။


ခါးပတ်ကို ထိလိုက်သည်။


‌ကျားဖြူမီးဖိုက ကျားဟိန်းသံကြီးဖြင့် ချက်ချင်းထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို လှုပ်ခါသွားသည်။


ကျားဖြူကောင်းကင်မီးဖိုက အဖြူရောင် ရောင်ခြည်တန်းများကို ထုတ်လွှတ်ပေးနေသည်။ ၎င်းကစိတ်ကို တည်ငြိမ်ရှင်းလင်းစေသည်။ 


ကောင်းကင်ကျားဖြူမီးဖိုပေါ်သို့ နတ်ဆိုးအမဲသားကို တင်လိုက်သည်။


ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လက်ထဲတွင် ပေါ်လာသည်။ ၎င်းကလှည့်ပတ်နေပြီး တရှူးရှူးအသံများ ထွက်ပေါ်နေသည်။


ပုဖန်၏မျက်လုံးများက မီးဖိုပေါ်မှ အမဲသားတုံးကိုကြည့်ကာ ငြင်သာစွာ အသက်ရှုထုတ်လိုက်သည်။


ထို့နောက် ဓားကိုလှည့်လိုက်ရာ လေပွေတစ်ခု ဖြစ်ပေါ်လာသည်။


၎င်းက ပုဖန်၏ဆံပင်ကိုစည်းနှောင်ထားသည့် ဖဲကြိုးကိုပြေလျော့သွားစေသဖြင့် ဆံပင်များက လေနှင့်အတူ လွင့်နေသည်။


ယခုအချိန်တွင် သူ၏စိတ်စွမ်းအင် နှင့် စိတ်ဝိညာဉ်တို့က ကြယ်ပျံဓားစွမ်းရည်ကို အသက်သွင်းနေသည်။


ပုဖန်၏‌နောက်ဘက်တွင် ညကောင်းကင်ယံတစ်ခု ပေါ်လာပြီး ကြယ်များက ကတ္တီပါကောင်းကင်ကြီးပေါ်မှ ကြွေကျလာသကဲ့သို့ ဖြစ်နေသည်။


ဝှစ် ...


ပုဖန်၏လက်ထဲမှဓားက ကြယ်ပျံကဲ့သို့ အချက်တ်ိုင်းကို တိကျမြန်ဆန်စွာ ဖြတ်တောက်နေသည်။


ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုပင် မမြင်ရတော့ပေ။ အလင်းတန်းများက နတ်ဆိုးအမဲသားကို ဖြတ်တောက်နေသည်ကိုသာ တွေ့ရသည်။


နောက်ဆုံးတွင် ပုဖန်၏ လက်ချောင်းများကို တစ်ချက် ခါလိုက်သည်။ လက်မြှောက်လိုက်ပြီး နဂါးအရိုးမီးဖိုချောင်သုံးဓားကို စတင်လှုပ်ရှားလိုက်သည်။


ကောင်တာပေါ်မှ အမဲသားတုံးကို သေးငယ်သောအပိုင်းများဖြစ်အောင် လှီးလိုက်သည်။


ပုဖန်အနားတွင် ရပ်နေသည့် နယ်သာရီ ရှီးရှီးနှင့် အခြားလူများ စူးစမ်းစိတ်ဖြင့် ကြည့်နေကြသည်။


ကုန်းရှို့ပန် စိတ်ပြန်လည်စုစည်းမိသွားပြီး မျက်လုံးဖွင့်ကာ ပုဖန်ကို ကြည့်လိုက်သည်။


" ပိုင်ရှင်ပု အသားလုံးတွေ ချက်ချင်နေတာလား ..."


ကုန်းရှို့ပန်က စားဖိုမှူးဖြစ်သည့်အတွက် တစ်ချက်ကြည့်လိုက်ရုံဖြင့် ပုဖန် မည်သည့်အရာ ချက်ချင်သည်ကို သိသွားသည်။


ရှီးရှီး မျက်လုံးများပြူးကျယ်လျက် ပုဖန်၏ ဓားစွမ်းရည်ကို ကြည့်နေသည်။


သူမက အသိပညာများ လိုချင်သူဖြစ်၍ ပုဖန်ကဲ့သို့ အရည်အချင်းရှိသည့် အင်မော်တယ်စားဖိုမှူးတစ်ယောက် ဖြစ်ချင်ခဲ့သည်။


ပုဖန် အမှန်ပင် အသားလုံးများ ချက်ပြုတ်ချင်နေခြင်းဖြစ်သည်။


မြင်တွေ့နေကျမဟုတ်သည့် အမဲသားလုံးများကို ဆိုလိုသည်။


ဓားကိုင်၍ အမဲသားများကို ဓားပြားရိုက်လိုက်သည်။


ဖျောက်ခနဲအသံဖြင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပျောက်ကွယ်သွားသည်။ 


ပုဖန်၏လက်မောင်းမှ ပတ်တီး ပြေကျသွားပြီး ထောင်တျဲရုပ်ပုံများ ထွက်ပေါ်လာသည်။


ဂရား ...


လက်မောင်းမှ သားရဲဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။


ပုဖန်၏ကျင့်ကြံခြင်းအခြေခံ အဆင့်မြင့်လာသည်နှင့်အမျှ ထောင်တျဲဝိညာဉ်များက ပိုသန်မာလာသည်။ ယခုချိန်တွင် လူတို့၏ဝိညာဉ်များကို ယူဆောင်နိုင်သည်အထိ ခြိမ်းခြောက်နိုင်သော အဆင့်တစ်ခု ရောက်လာပြီဖြစ်သည်။


ပတ်တီးကိုဖယ်လိုက်သည်နှင့် လက်မောင်းမှ ကြောက်မက်ဖွယ်အော်သံများ ကြားလိုက်ရသည်။


လက်သီးဖြင့် ထိုးချလိုက်သည်။


ဝုန်း ...


ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ခါသွားသည်။ ငရဲကမ္ဘာသင်္ဘောပင် တစ်ကြိမ်ခန့် တုန်ခါသွားသည်။


မမြင်ရသည့်စွမ်းအင်လှိုင်းများက ‌ကျားဖြူကောင်းကင်မီးဖိုမှ ထွက်ပေါ်လာသည်။ 


ပထမလက်သီးချက် ... ဒုတိယ ... တတိယ ...


ပုဖန်၏စိတ်က တည်ငြိမ်ကာ အာရုံစိုက်နေပြီး အမဲသားပြားများကို ဖိချေနေသည်။ မကြာမီ အားလုံးကို ကြိတ်ချေပြီးစီးသွားသည်။


ထိုသို့ကြာမြင့်စွာ ပြုလုပ်ပြီးနောက် အမဲသားများမှ အရောင်ဖျော့ဖျော့တစ်ခု တောက်ပလာသည်။ 


ထို့နောက် ပုဖန် ထိုးနှက်ခြင်းကို ရပ်တန့်လိုက်သည်။


ထို့နောက် လက်မောင်းကို ပတ်တီးပြန်စည်းလိုက်သည်။


ပုဖန် စိတ်အေးလက်အေးနေ၍ မရသေးပေး တောက်အဆင့်တစ်ခုက အရေးကြီးနေသည်။


စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး စနစ်ထံ သွားလိုက်သည်။


ခဏခန့် စူးစမ်းလေ့လာပြီးသည့်နောက် သတင်းအချက်အလက်များ ရရှိလာသည်။


စနစ်က မကြာခဏ ထပ်ထည့်နေသဖြင့် လျှာကဝေအစီအရင်များမှာ အလွန်များပြားလာသည်။ သို့သော် ပုဖန်က ၎င်းတို့ကို စစ်ဆေးခြင်းဖြင့် အချိန်မဖြုန်းပေ။


ယခုအချိန်တွင်မူ ၎င်းတို့ကို အသုံးပြု‌ရမည်ဖြစ်၍ စတင်လေ့လာနေရသည်။


နွားသိုးနတ်ဆိုးအသားတွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်သောလည်း အစေပိုင်းက သတိမပြုမိခဲ့ပေ။ 


လယ်ယာမြေတွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်သော ပါဝင်ပစ္စည်းများ စိုက်ပျိုး၍ ရနိုင်ချေရှိသည်။


မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်သော ထိပ်တန်းအဆင့်မသေမျိုးပါဝင်ပစ္စည်းများနှင့် မပါဝင်သော ပစ္စည်းများမှာ အလွန်ကွာခြားလှသည်။


ပုဖန်ချက်ပြုတ်မည့် ဟင်းလျာမှာ မဟာနိယာမလမ်းကြောင်းကြီးနှင့် သက်ဆိုငိနေသည်။ 


ပုံမှန်ဆိုလျှင် သူ၏လျှာ‌ကဝေအစီအရင်မှာ ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်အဆင့်ရှိသည့် ဖုန့်ကွမ်ကျန်းနှင့် ယှဉ်ပါက အသုံးဝင်လိမ့်မည်မဟုတ်ပေ။ 


သို့သော်လည်း ...


၎င်းတွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်ပါက ထိုလူကို ငိုကြွေးသည်အထိ ရိုက်နှက်နိုင်လိမ့်မည်။ 


ပုဖန်က တည်ကြည်လေးနက်နေသည်။


ထို့နောက်တွင် သူ၏ဝိညာဉ်ပင်လယ်၌ လှိုင်းထန်လာသည်။


ဝုန်း ဝုန်း ဝုန်း ...


စိတ်ဝိညာဉ်က မြင့်တက်လာပြီး လှိုင်းလုံးများ တက်လာသည်။ ၎င်းတို့က ပုဖန်ရှေ့တွင် စုစည်းပြီးနောက် အမဲသားထဲ စိမ့်ဝင်သွားကြသည်။


အလင်းတန်းများဖြာထွက်နေသည့် အမဲသားမှာ ယခုအခါပို၍ တောက်ပလာသည်။


ပုဖန်၏ မျက်နှာက ခက်ထန်နေသည်။


စိတ်စွမ်းအင်ကိုအသုံးပြု၍ အမဲသားထဲတွင် ထည့်သွင်းခဲ့သည်။ နောက်ဆုံးတွင် ကြိတ်ချေထားသော အမဲသား၌ ကြောက်မက်ဖွယ် အတက်အကျစွမ်းအင်များ ရှိနေပြီဖြစ်သည်။


ဤအစီအရင်၌ ‌ပေါက်ကွဲစေသည့်စွမ်းအား ပါရှ်ိသည်။


ပုဖန်ချက်ပြုတ်လိုသည့်ဟင်းလျာမှာ ပေါက်ကွဲခြင်းဖြစ်သည်။


ဖုန့်ကွမ်ကျန်း၏မျက်နှာ ပျက်စီးယိုယွင်းပြီး သူ့အဖေကပင် မမှတ်မိတော့သည်အထိ ဖောက်ခွဲပစ်လိုက်ချက်သည်။


အစီအရင်ကို မဟာနိယာမလမ်းကြောင်းကြီး၏စိတ်ဆန္ဒပါဝင်သော ပါဝင်ပစ္စည်းများထဲသို့ ထည့်သွင်းရခြင်းက စိတ်စွမ်းအင်မြောက်များစွာကို အသုံးပြုရသည်။


အကယ်၍ကျရှုံးခဲ့ပါက မဟာနိယာမလမ်းကြောင်းကြီး၏စိတ်ဆန္ဒနှင့် အစီအရင်ကြားတွင် တင်းမာမှု ဖြစ်ပေါ်လာပြီး ရလဒ်အနေဖြင့် ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာနိုင်သည်။


မလွှမ်းမိုးနိုင်သည့် အနီရောင်စားဖိုမှူးဝတ်စုံဖြင့်ဆိုလျှင် မည်သည့်အရာကိုမျှ ပုဖန်မကြောက်ရွံ့ပေ။


သို့သော် ငရဲကမ္ဘာသင်္ဘောကြီး ပေါက်ကွဲသွားမည်ကို စိုးရိမ်နေသည်။


ထို့ကြောင့် ပုဖန် သတိလက်လွတ် မပြုလုပ်ရဲပေ။ စိတ်စွမ်းအင်ကို ဖိနှိပ်ကာ ချည်မျှင်များအဖြစ် ပြောင်းလိုက်ပြီး တိကျစွာ ထည့်သွင်းနေသည်


ဝှစ် ...


နောက်ဆုံးတွင် ပုဖန် အစီအရင်ကို ဆွဲပြီးသွားသည်။


ဘုန်း ...


စိတ်စွမ်းအင်များက အမဲသားထဲသို့ စိမ့်ဝင်နေသည်။ 


ထိုအတက်အကျစွမ်းအင်များအောက်တွင် ကုန်းရှို့ပန် တုန်လှုပ်နေသညိ။


ဤပါဝင်ပစ္စည်း၏ တည်ရှိမှုက သူ့ကိုခြောက်လှန့်နေသည်။


" ပိုင်ရှင်ပု ချက်နေတာ ဘယ်လိုအစားအစာမျိုးလဲ ..."


ကုန်းရှို့ပန် တံတွေးမျိုချလိုက်သည်။ လှိုင်းမှူးသည့် ခံစားချက်က သူ့ကိုမောပန်းစေသည်။


ရှီးရှီးနှင့် နယ်သာရီတို့က ကြိတ်ထားသည့်အမဲသားကို ကြည့်နေကြသည်။


ပုဖန်ချက်ပြုတ်သည့်ဟင်းလျာက အရသာရှ်ိနေပါက မည်သည့်အရာကို ချက်နေပါစေ နယ်သာရီ စိတ်မဝင်စားပေ။ 


သို့သော် ပုဖန်က သူမအတွက် ချက်နေငည်မဟုတ်ကြောင်း မသိရှိလိုက်ပေ။ 


ဂျိန်း ဂျိန်း ...


အဝေးမှ တိုက်ပွဲက အထွဋ်အထိပ်သို့ ရောက်ရှိနေသည်။


ရွှေရောင်သံချပ်ကာဖြင့် နယ်ပယ်သခင်တိထိုက်က ခက်ခက်ခဲခဲ ခုခံနေရသည်။


အသူရာချောက်နတ်ဆိုးနှလုံးသားကို စားပြီးနောက် ဖုန့်ကွမ်ကျန်း အလွန်အမင်း စွမ်းအားကြီးလာပြီး သူ၏လက်သီးတစ်ချက်စီတိုင်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလုနီးပါး ဖြစ်နေခဲ့သည်။


ဖုန့်ကွမ်ကျန်း၏ အညှာအတာမဲ့ တိုက်ခိုက်မှုများအောက်တွင် နယ်ပယ်သခင်တိထိုက် ထပ်ခါထပ်ခါ နောက်ပြန်ဆုတ်နေရသည်။


ကြည့်ရတာ သူ‌ကြာကြာမခုခံနိုင်လောက်ဖူးထင်တယ် ...


ဖုန့်ကွမ်ကျန်း၏ ရူးနှမ်းသော တိုက်ခိုက်မှုကို နယ်သာစားဖိုမှူးက ကြည့်နေသည်။


ထို့နောက်သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ မျက်လုံးကို မှေးစင်းလိုက်သည်။


" အရမ်းနှေးတာပဲ ... ငါမင်းကို ကူညီမယ် ..."


ထို့နောက်တွင် နယ်သာစားဖိုမှူး၏လက်ထဲမှ အန်ရောင်ဒယ်အိုးတစ်လုံးပေါ်လာသည်။


ငရဲစွမ်းအင်များက ထိုဒယ်အိုးတစ်ဝိုက်တွင် ဝေ့ဝဲနေကာ တဖြည်းဖြည်းကြီးမားလာသည်။ ထို့နောက် မူလအရွယ်ထက် ဆယ်ဆခန့် ကြီးလာပြီး ကောင်းကင်ကိုဖြတ်သန်းသွားသည်။ 


ဝုန်း ဝုန်း ဝုန်း ...


ဒယ်အိုးဖြင့် ရိုက်လိုက်သည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။


နယ်ပယ်သခင်တိထိုက်၏ မျက်နှာက မဲမှောင်လာသည်။


ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်အထိ တက်လာပြီး ဒယ်အိုးကို ထိုးလိုက်သည်။


ပုဖန် အဝေးကို ကြည့်မနေပေ။ နယ်ပယ်သခင်တိထိုက် ကြာကြာမခုခံနိုင်သည်ကို သူသိသည်။ သူ၏ ပြိုင်ဘက်ကင်းမဲ့စွမ်းအားက ယခုအချိန်ထိ တိုက်ခိုက်မှုများကို ခုခံနိုင်ရန် ကူညီပေးနေခြင်းသာဖြစ်သည်။


ပုဖန် သူ၏အစားအစာကို အမြန် အဆုံးသတ်မှဖြစ်မည်။


ထိုသို့မဟုတ်ပါက နယ်ပယ်သခင်တိထိုက်ကျရှုံးသွားလျှင် ထိုလူနှစ်ယောက်က မသေမျိုးအပင်ပေါက်များယူဆောင်ပြီး ထွက်ပြေးသွားလိမ့်မည်။ 


အဲ့ဒါဆိုရင်တော့ မသေမျိုးအပင်ပေါက်တွေ ပြန်ရဖို့ အခွင့်အရေး မရှိတော့ဘူး ...


အဲ့ဒါကြောင့် ...


ပုဖန် တစ်ခုခု လုပ်ရမယ် ...


ဝှစ် ...


အမဲသားကို စီမံခြင်း ပြီးဆုံးသွားသည်။ 


ရွှေရောင်တောက်နေသည့် အမဲသားများကိုကြည့်ကာ ပုဖန်၏ မျက်လုံးထဲတွင် အရောင်လက်လာသည်။


ထို့နောက် သူ့လက်များက လျှပ်စီးကဲ့သို့ အမြန်ရွေ့လျားလိုက်သည်။


လက်နှစ်ဖက်လုံးကို အသုံးပြုံ၍ အသားများကို လုံးလိုက်သည်။


အမဲသားလုံးများက လေထဲပျံသွားပြီး အနားတစ်ဝိုက်တွင် ဝေ့ဝဲနေသည်။


တစ်လုံးချင်းစီက ရွှေရောင်ဖျော့ဖျော့များ ထုတ်လွှတ်ပေးနေသည်။


ထိုမြင်ကွင်းမှာ အလွန်ခမ်းနားသော‌ကြောင့် ရှီးရှီးနှင့် နယ်သာရီတို့ မှင်တက်သွားကြသည်။


အမဲသားလုံးတစ်လုံးစီတိုင်းက တစ်လက်လက်တောက်ပနေသည့် ကြယ်ပွင့်များနှင့်တူသည်။


မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။


ပုဖန် မသေမျိုးစွမ်းအင်များဖြင့် အအေးခံထားသည့် နွေဦးစမ်းရေကို ထည့်လိုက်သည်။


ထို့နောက် ပါးစပ်ဟကာ အဖြူရောင်မီးတောက်များ မှုတ်ထုတ်လိုက်သည်။


လက်ချောင်းများဖြင့်တောက်ပြီး မီးတောက်ကို ကျားဖြူကောင်းကင်ဒယ်အိုးပေါ် တင်လိုက်သည်။


ကျားဟိန်းသံကြီး ပဲ့တင်ထပ်လာသည်။


မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် နွေဦးစမ်းရေက ပွက်ပွက်ဆူလာသည်။


သူ၏နံဘေးတွင် အမဲသားလုံးများက လှည့်ပတ်နေသည်။


ခဏအကြာတွင် အမဲသားလုံးများက ပွက်ပွက်ဆူနေသည့် နွေဦးစမ်းရေရှိသည့် မဟူရာလိပ်ခုံးဒယ်အိုးထဲ ရောက်သွားသည်။


ရေနွေးငွေ များ တက်လာပြီး ကုန်းရှို့ပန်ကိုပင် အသက်ရှုရပ်သွားစေသည်။


သူဘာတွေ ချက်နေတာလဲ ... ဘာလို့ အရမ်းကြောက်စရာကောင်းနေရတာလဲ ...


ဝုန်း ဝုန်း ဝုန်း ...


ကောင်းကင်တွင် တိမ်မည်းများ စုဝေးလာသည်။


မိုးခြိမ်းပြီး လျှပ်စီးများ လက်လာသည်။


ပုဖန်ဆီမှ ရုတ်ရုတ်သဲသဲဖြစ်မှုက နယ်သာစားဖိုမှူး၏ အာရုံစိုက်မှုကို ရရှိသွားသည်။


ခေါင်းမော့၍ ပုဖန်ရှိရာဘက်ကို ကြည့်လိုက်သည်။ မိုင်ထောင်ပေါင်းများစွာ ဝေးနေသော်လည်း အနက်ရောင်တိမ်တိုက်များက နယ်သာစားဖိုမှုးကို အနည်းငယ်အံဩသွားစေသည်။


" တစ်ယောက်ယောက်က ချက်ပြုတ်ပြီး မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနေတာပဲ ..."


နယ်သာစားဖိုမှူး အံ့အားသင့်သွားသည့်အတွက် ခေါင်းစောင်း၍ ကြည့်နေသည်။


ဝုန်း ဝုန်း ဝုန်း ...


ထို့နောက် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။


အပြာရောင်လျှပ်စီးကြောင်းများက နယ်သာစားဖိုမှူးကို မျက်မှောင်ကြုတ်သွားစေသည်။


" အင်မော်တယ်စားဖိုမှူးတစ်ယာက်လား ..."

နယ်သာစားဖိုမှူးက ရေရွတ်လိုက်သည်။ ခဏအကြာတွင် အေးစက်စွာ ပြုံးလိုက်သည်။


ထိုနေရာမှရွေ့လျားကာ ပျံသန်းသွားလိုက်သည်။


တစ်ဖက်တွင် နယ်ပာ်သခင်တိထိုက်က ဖုန့်ကွမ်ကျန်းနှင့် ဒယ်အိုး၏ ဖိနှိပ်ထားခြင်းကို ခံထားရပြီး အသက်ပင်မနည်းရှုနေရသည်။


နယ်သာစားဖိုမှူးက ဟင်းလင်းပြင်ကိုဖြတ်ကာ မိုးကြိုးပြစ်ဒဏ်ရှိသည့်နေရာသို့ တစ်ဟုန်ထိုး ‌ပျံသန်းသွားသည်။


ပုဖန်၏ မိုးကြိုးပြစ်ဒဏ်က ဆင်းသက်လာသည်။


ခေါင်း‌မော့ကြည့်လိုက်သည့်အခါ နယ်သာစားဖိုမှူးက သူ့ထံသို့လာနေသည်ကို မြင်လိုက်ရသည်။


ပုဖန် သက်ပြင်းချလိုက်သည်။


ဝှစ် ... 


ဝ်ှိုက်တီက သတ္တုတောင်ပံများ ဖြန့်ကျက်လျက် နတ်ဘုရားသတ်တုတ်ကိုကိုင်ဆောင်ကာ ‌လျှပ်စီးများကို တိုက်ခိုက်ရန် ကောင်းကင်ပေါ်တက်သွားသည်။


ပထမတစ်ချက် ဒုတိယတစ်ချက် တတိယတစ်ချက် ...


လျှပ်စီးကြောင်းများအောက်တွင် ဝှိုက်တီ ရုန်းကန်နေရသည်။


၎င်းက မြေပြင်ကိုပါ ပစ်ချလိုက်ပြီး ဧရာမချိုင့်ခွက်ကြီးကို ဖန်တီးလိုက်သည်။


" မိုးကြိုးပြစ်ဒဏ်ငါးခုလား ..."


နယ်သာစားဖိုမှူး၏ မျက်လုံးများမှေးကျဉ်းသွားသည်။ ထို့နောက် တစ်ဖက်လှည့်ကာ ပုဖန်ကို ကြည့်နေသည်။


သူ အလွန်အံ့ဩနေသည်။


သူဘာလို့ ပုဖန်ကို မမှတ်မိတာပါလိမ့် ... 


သူတို့စားဖိုမှူးစိန်ခေါ်ပွဲမှာ ဒီကောင်လေးကြောင့် ရှုံးသွားတယလေ ...


ထိုနယ်သာစားဖိုမှူးက ပုဖန်ကို ရန်ငြိုးထားနေသည်။


" ကောင်းကင်ဘုံကို သွားလို့ရမယ့် နည်းလမ်းတွေရှိရဲ့သားနဲ့ မင်းကအခွင့်အရေးကို မယူပဲ ဒီနေရာကို ပြန်လာပြီး သေလမ်းကးရှာနေတာပဲ ..."


နယ်သာစားဖိုမှူးက သရော်လိုက်သည်။ ပုဖန်၏ တည်ရှိမှုက သူ၏သတ်ဖြတ်ချင်စိတ်ကို လာရောက်ရန်စနေသလိုပင်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အတော်ဆုံးစားဖိုမှူးကို သတ်ရတာ အကောင်းဆုံးပဲဖြစ်လိမ့်မယ် ...


ဘုန်း ...


အနက်ရောင်မီးဖိုချောင်သုံးဓားက ပုဖန်ကို ချိန်ရွယ်ပြီး ခုတ်ပိုင်းလိုက်သည်။


တစ်ချိန်တည်းမှာပင် ငှက်‌တစ်ကောင်၏ တေးဆိုသံ ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်မီးတောက်တစ်ခုနှင့် သိမ်းငှက်‌တစ်ကောင်ထွက်လာပြီး ပုဖန်ကို တိုက်ခိုက်လိုက်သည်။


လေဟာနယ် အပြင်းအထန် တုန်ခါသွားသည်။


ထိုဓားချက်က တစ်ချက်တည်းနှင့် သေစေနိုင်သည်။


နောက်ဆုံးတွင် လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသည်။


မသေမျိုးစွမ်းအင်များ ဝေ့ဝဲနေသည်။


ဘုန်း ဘုန်း ဘုန်း ...


ပုဖန် မျက်လုံးများ အရောင်လက်လာသည်။ ထို့နောက်တွင် သူ၏လက်ချောင်းများကို တောက်လိုက်သည့်အခါ အရောင်တောက်နေသည့် ရွှေရောင်အမဲသားလုံးများ ပျံတက်လာသည်။


ခေါင်းမော့ကြည့်လိုက်သည့်အခါ အဝေးမှ မီးတောက်သိမ်းငှက်တစ်ကောင်ကို မြင်လိုက်ရပြီး ချက်ချင်းပင် အနီရောင်စားဖိုမှူးဝတ်စုံက ကတ္တီပါနီရောင် ဖြစ်သွားသည်။


‌လက်မြှောက်ပြီး ထိုသိမ်းငှက်ကို ချိန်ရွယ်လိုက်သည်။


" ထစ်ချုန်းမိုး အမဲသားလုံးပြီးဆုံးပြီ ..."