အပိုင်း ၁၀၉၉
Viewers 53k

အခန်း ၁၀၉၉

အမဲသားလုံးများ အသုံးပြုရန် မှန်ကန်သောနည်းလမ်း


" ဘယ်လိုတောင် သတိလက်လွတ်နေနိုင်တာလဲ ..."


နယ်သာစားဖိုမှူးက သူ၏ဓားမှဖန်တီးလိုက်သည့် မီးတောက်သိမ်းငှက်ထံသို့ ပုဖန်လက်မြှောက်ပြီး ဟန့်တားရန် ပြင်နေသည်ကိုမြင်လိုက်သည်။


ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးနယ်ပယ်ပဲ ရှိသေးတဲ့လူက ဒီတိုက်ခိုက်မှုကို တားနိုင်မယ်တဲ့လား ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က စားဖိုမှူးတွေအားလုံး ခေါင်းမာကြတာပဲ ...


ဤမီးတောက်သိမ်းငှက်က အလွန်သန်မာလှသဖြင့် သူကိုယ်တိုင်ပင် လက်ဗလာဖြင့် မတိုက်ခိုက်ရဲပေ။ သို့သော် ထိုပုရွက်ဆိတ်ကောင်က လက်မြှောက်ပြီး ဟန့်တားရန်ပင် ပြင်နေသည်။


အဲ့ဒါဆိုရင်တော့ မီးတောက်သိမ်းငှက်ရဲ့ ဝါးမျိုခံရပြီး ဘာမှ ကျန်ခဲ့မှာ မဟုတ်ဖူး ...


ပုဖန် မျက်နှာသေဖြင့် လက်ကိုဆန့်ထုတ်ထားသည်။


ချက်ချင်းပင် သူ၏ကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံက ကတ္တီပါနီရောင် အလင်းတန်းများ ထုတ်လွှတ်ကာ မီးတောက်တောင်ပံမျာ ကျောဘက်တွင် ထွက်ပေါ်လာသည်။


မီးအမှုန်အမွှားများက နေရာအနှံ့ကို ပြန့်ကျဲနေပြီး ငှက်တစ်ကောင်၏ ဆေးဆိုသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။


ဘုန်း ... 


ကုန်းရှို့ပန် အသက်မရှုနိုင် ဖြစ်နေသည်။ ထိုမီးတောက်သိမ်းငှက်က သူ၏သွေးများကိုပင် အေးခဲသွားစေသည့် ဖိအားတစ်ခုကိုပေးနေသည်။ 


နယ်သာစားဖိုမှူး လေထဲတွင် ရပ်တန့်လိုက်ပီး ဓားကိုင်ထားသည့်လက်ကိုဖြေလျှော့လိုက်သည်။ 


မီးတောက်သိမ်းငှက်၏ တိုက်ခိုက်မှာအောက်တွင် ပုဖန် အော်ဟစ်ရတော့မည်ကို မျှော်လင့်ကာ လှောင်ပြောင်ပြီး ကြည့်နေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အတော်ဆုံးစားဖိုမှူးက သနားစရာအခြေအနေနဲ့ တွေ့ရမှာ စိတ်ကြည်နူးစရာပဲ ...


ရုတ်တရက် သူ၏မျက်နှာ တင်းမာသွားသည်။


မျက်လုံးများကိုပင် မယုံကြည်နိုင်တော့ပဲ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေသည်။


" ဘယ်လို ဖြစ်နိုင်မှာလဲ ..."


ဘုန်း ...


အနက်ရောင်မီးတောက်သိမ်းငှက်က ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ မီးပွားများ ဖြစ်သွားသည်။


ပုဖန်က ထိုမီးပွားများနောက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ့ကိုကြည့်ရသည်မှာ ထိခိုက်သွားပုံမပေါ်ပေ။ 


သူ၏အနက်ရောင်ဆံပင်များက လေနှင့်အတူ လွင့်မျောနေပြီး နယ်သာစားဖိုမှူးကို မျက်နှာသေဖြင့် ကြည့်နေသည်။


သူထံတွင် ဟင်္သာပြဒါးစားဖိုမှူးဝတ်စုံရှိသဖြင့် ထိုမီးတောက်ငှက်က ထိခိုက်အောင်မလုပ်နိုင်ပေ။ ထို့ကြောင့် နယ်သာစားဖိုမှူး၏ တိုက်ခိုက်မှုကို မကြောက်ရွံ့ခြင်းဖြစ်သည်။


" ဒီ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်လေးမှာ ထူးဆန်းတဲ့ တစ်စုံတစ်ခု ရှိနေတာပဲ ..."


နယ်သာစားဖိုမှူးအသက်ပြင်းပြင်းရှုပြီး သူ၏ရင်ထဲမှ ကြောက်လန့်မှုကို ဖိနှိပ်ထားလိုက်သည်။


သို့ရာတွင် ပုဖန်က ပုံမှန်မဟုတ်သူတစ်ယောက် ဖြစ်သော်လည်း စွမ်းအားကြီးမားသူတစ်ယောက်၏ရှေ့တွင် နင်းချေခံရမည်ကို သိသည်။


ပုဖန် တစ်ကြိမ်ပဲ ခုခံလို့ရမယ် ... နောက်တစ်ခေါက်ကို ဘယ်လို ခုခံမှာလဲ ...


မီးတောက်သိမ်းငှက်က အမှန်တွင် သူ၏ဓားစွမ်းရည်ဖြစ်သည်။ ချီလင်စားဖိုမှုး၏ ဓားစွမ်းရည်က ပထမအဆင့်အင်မော်တယ်စားဖိုမှူးတစ်ယောက်ကို တိုက်ခိုက်ရာတွင် မအောင်မြင်ပါက တို့ဟူးထဲ ခေါင်းနှစ်၍သာ သတ်သေလိုက်တော့မည်ဖြစ်သည်။


သေချာတာ တစ်ခုကတော့ ...


နယ်သာစားဖိုမှူး ဘယ်နှကြိမ် တိုက်တိုက် ပုဖန်က ခုခံနိုင်တယ်ဆိုတာ မှန်တယ် ...


သူ့ထံတွင် စားဖိုမှူးဝတ်စုံရှိနေသရွေ့ မီးတောက်သိမ်းငှက်၏ တိုက်ခိုက်မှုက အရာမထင်ပေ။ 


မည်သို့ပင်ဖြစ်စေ ပုဖန်က ဤနေရာတွင်သာ ရပ်တေပြီး အခြားလူများ တိုက်ခိုက်သည်ကို စောင့်နေမည့် ငတုံးမဟုတ်ပေ။


စားဖိုမှူးဝတ်စုံရှိနေသော်လည်း တိုက်ခိုက်ခံရခြင်းမှာ ကာကွယ်နေသည်မှာ သူ၏ပုံစံ မဟုတ်ပေ။


လက်ဖျောက်တစ်ချက်တီးလိုက်သည်။


အဖိုးတန်းပုတီးစေ့တစ်လုံးနှင့်တူသည့် ရွှေရောင် အမဲသားလုံးက ပုဖန်၏ လက်ဝါးပေါ်ရောက်လာသည်။


ပုဖန် မျက်လုံးကို မှေးစင်းထားလိုက်သည်။


အလွန်ပူသည့် အငွေ့များနှင့်အသားရနံ့တို့က သူ၏အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနေသည်။


သို့သော်လည်း ပုဖန် မစားရဲသေးပေ။ 


ဤအသားလုံးက ထစ်ချုန်းမိုး အမဲသားလုံးဟုခေါ်သော်လည်း ပေါက်ကွဲခြင်းမှာ အဓိကလုပ်ဆောင်ချက်ဖြစ်သည်။


၎င်းက လူတွေကို စိတ်ပျက်သွားစေနိုင်တဲ့ စားဖွယ်တစ်ခုပဲ ...


" မင်းက ကောင်းကင်ငရဲတံတားကို ချက်ပြုတ်ဖို့ လာတာလား ... သေချင်နေတာပဲ ... ကမ္ဘာမြေအကျဉ်းထောင်ခွေးကလည်း မင်းကို ကာကွယ်ဖို့ ဒီနေရာမှာ မရှိဘူး ..."

နယ်သာစားဖိုမှူးက ‌ပျက်ရယ်ပြုလိုက်သည်။


ထို့နောက် နယ်သာစားဖိုမှူးက ခြေတစ်‌ချက်ဆောင့်ပြီး ပုဖန်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။ 


ပုဖန်ဘေးတွင်ရှိသည့် နယ်သာရီက မျက်ခုံးများ ပင့်လိုက်သည်။


" ဂရုစိုက်ဦး ..."


သူမကို ခြိမ်းခြောက်နိုင်သည့်ဖိအားများပေးနေသည့် နယ်သာစားဖိုမှူးကို ကြည့်လိုက်သည်။


" ငရဲကမ္ဘာအမျိုးသမီးလား ..."


နယ်သာစားဖိုမှူးက ပုဖန်ဘက်သို့ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။


" ဒါဆိုလည်း မင်းတို့နှစ်ယောက်လုံး သေလိုက်တော့ ..."


ဝုန်း ...


နယ်သာစားဖိုမှူးထံမှ ကြောက်မက်ဖွယ်အော်ရာများ ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင် ကောင်းကင်ပေါ်သို့ တက်လာသည်။


ကုန်းရှို့ပန် တသိမ့်သိမ့်တုန်နေပြီး မလှုပ်ရှားနိုင်တော့ပေ။


ရှီးရှီး၏မျက်လုံးများက နီရဲလာသည်။ သူမ အလွန်ကြောက်ရွံ့သဖြင့် ငိုလုနီးပါးဖြစ်နေသည်။


" အင်း ... ထစ်ချုန်းမိုးအမဲသားလုံးကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ ..."


ပုဖန်က ဖိအားများကို ခံနိုင်ရည်ရှိနေသဖြင့် အေးအေးလူလူပင် ဖြစ်နေသည်။ အသန်မာဆုံးရန်သူကို ရင်ဆိုင်နေရပုံပေါ်သည့် နယ်သာရီကို ကြည့်လိုက်သည်။


သူ၏လက်ဝါးပေါ်မှ အသားလုံးက မျက်စိရှေ့ ရောက်လာသည်။


" နယ်သာရီ ထစ်ချုန်းမိုးအမဲသားလုံးကို အသုံးပြုဖို့ မှန်ကန်တဲ့ နည်းလမ်းတစ်ခုကိုပြမယ် ..."

ပုဖန် ပြောလိုက်သည်။


နယ်သာရီ အံ့ဩသွားပြီး ပုဖန်ကို သံသယဝင်စွာ ကြည့်နေသည်။


သူ့ထံတွင် အလျင်လိုမှု ရှိမနေပေ။ 

အခုက အသားလုံးစားရမယ့် အချိန်လား ...


ပုဖန်က လက်နှစ်ချောင်းဖြင့် အသားလုံးကို ယူလိုက်ပြီး နယ်သာရီ၏ရှေ့သို့သွားကာ သူမကို အမဲသားလုံးများ ပေးလိုက်သည်။


" တစ်ကိုက်လောက် ကိုက်လိုက်ပါ ..."

ပုဖန် နူးညံ့စွာ ပြောလိုက်သည်။


ပုဖန်၏နူးညံ့သောအသံကို ကြားရသဖြင့် နယ်သာရီအံ့ဩသွားသည်။ သူမ ပါးစပ်ကိုဟကာ အသားလုံးကို အနည်းငယ်ကိုက်လိုက်သည်။


ရှဲ ရှဲ ရှဲ ...


သူမ ကိုက်လိုက်သည့်အချိန်တွင် အမဲသားလုံးက အရောင်တောက်ပလာပြီး နေလုံးပိစိလေးနှင့် တူလာသည်။


ပူနွေးသည့် ခံစားချက်တစ်ခုက အသားလုံးမှတစ်ဆင့် နယ်သာရီ၏ ပါးစပ်ထဲ စီးဝင်လာသည်။


ပြင်းထန်သည့် အင်အားတစ်ခုက အသားလုံးကို အတွင်းမှ လှုပ်ခါလိုက်သည်။


နယ်သာရီ အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်သွားသည်။


ပုဖန်က နယ်သာရီ စားနေစဉ်တွင် အသားလုံးကို ကိုင်ထားပေးသည်။


နယ်သာရီကိုက်လိုက်သည့် အရာလေးပေါ်မှ အငွေ့များ အဆက်မပြတ် ထွက်လာသည်။


ရယ်စရာကောင်းပေမယ့် အားလုံးကို အံ့အားသင့်စေခဲ့တယ် ... 


ကုန်းရှို့ပန် ပါးစပ်အဟောင်းသားဖြစ်နေသည်။

အမဲသားလုံးတွေက အဲ့လိုလုပ်လို့ရတယ်လား ...


ရှီးရှီးကလည်း ၎င်းကို ကစားစရာကောင်းတစ်ခု ဖြစ်မည်ဟု တွေးနေမိသည်။


သို့သော် ပုဖန်က ကစားစရာဟု မတွေးထားပေ။


ယခု ကိုက်လိုက်သည့် အမဲသားလုံးတွင် ကြောက်မက်ဖွယ်စွမ်းအင်များ မြင့်တက်လာသည်။


ပုဖန်အသားလုံးကို ကိုင်ပြီး ချဉ်းကပ်လာသည့် နယ်သာစားဖိုမှူးကို ခေါင်းမော့ကြည့်လိုက်သည်။


သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။


" အဲ့ဒါကို ခံစားကြည့်လိုက်စမ်း ..."


သူင ၎င်းကို ပစ်ပေါက်လိုက်သည်။


ရွှေဝါရောင် အမဲသားလုံးက ချက်ချင်းပင် အလင်းတန်းတစ်ခု ဖြစ်သွားပြီး ပျံသန်းသွားသည်။


နယ်သာစားဖိုမှူးက မြင်သည့်အခါ လှောင်ရယ်လိုက်သည်။


" အသားလုံးသုံးပြီး ငါ့ကိုချမလို့လား ... ငါ့ကို အဲ့ဒါနဲ့ ရိုက်ချင်နေတာလား ... မင်းက ရူးနေတာပဲ ..."


နယ်သာစားဖိုမှူးက လက်မြှောက်ပြီး အမဲသားလုံးကို ဖမ်းလိုက်သည်။ လှောင်ပြောင်ပြီးနောက် ပါးစပ်ဟလိုက်သည်။


သို့သော် သူဘာမှ မပြောမီ ...


သူ၏မျက်နှာကြီး အေးခဲ တောင့်တင်းသွားသည်။


သူ့ရဲ့လက်ထဲက အမဲသားလုံးက ... တစ်မျိုးပဲ ...


မပေါက်ကွဲခင် တရှူးရှူးဖြစ်နေတဲ့အသံလိုမျိုး ထွက်နေပါလား ... 


" အဲ့ဒါဘာကြီးလဲ ..."


နယ်သာစားဖိုမှူး အံ့ဩသွားပြီး လက်ထဲမှ အမဲသားလုံးကို စေ့စေ့စပ်စပ်ကြည့်နေသည်။ ထို့နောက် ‌ထိုအသားလုံးမှ တုန်ခါမှုတစ်ခုကို ခံစားလိုက်မိသည်။


ဝုန်း ...


အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီးဖြစ်သည်။


အမဲသားလုံးက ပေါက်ကွဲသွားခဲ့သည်။


အမဲသားလုံးတွင် လျှာကဝေ အစီအရင်နှင့် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒတို့ ပါဝင်သဖြင့် ပေါက်ကွဲမှုက ပြင်းထန်လှသည်။ 


ဝုန်း ...


နယ်သာစားဖိုမှူး အံ့အားသင့်သွားသည်။ အသားလုံးတစ်လုံးက ဤကဲ့သို့ ပေါက်ကွဲနိုင်မည်ဟု မထင်ထားခဲ့ပေ။


ပြင်းထန်သည့်မီးတောက်ကြီးတစ်ခုက။ သူ၏ခန္ဓာကိုယ်ကို တစ်ခဏတွင်း ဝါးမျိုသွားခဲ့သည်။


သာမန်ပေါက်ကွဲမှုမျိုးကို ဤမျှ ကြောက်လန့်နေရမည်ဟု မတွေးထားခဲ့ပေ။


ဒါပေမဲ့ ဒါက သာမန်ပေါက်ကွဲမှုမှ မဟုတ်တာ ...


အတွင်းမှ မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက နယ်သာစားဖိုမှူးကို မျက်လုံးများမှေးကျဉ်းသွားပြီး နှုတ်ခမ်းကို ကိုက်မိသည်အထိ ဖြစ်သွားစေသည်။ ထိုအရာက စိတ်စွမ်းအင်ထက် စွမ်းအားကြီးသည့် အဆင့်မြင့် စွမ်းအင်တစ်မျိုး ဖြစ်လိမ့်မည်။


တစ်ကြိမ်ပေါက်ကွဲသွားသည်နှင့် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ ထိခိုက်စေနိုင်သည်။ သာမန်လူများဖြစ်ပါက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။


နယ်သာစားဖိုမှူး၏ ရုတ်တရက်အော်လိုက်သည့်အသံက ဟင်းလင်းပြင်ထဲ ပဲ့တင်ထပ်နေသည်။


ခဏတွင်းချင်း သူ၏ခန္ဓာကိုယ်က နောက်သို့ ပြုတ်ကျလာသည်။


ဤပေါက်ကွဲမှုက ကြောက်မက်ဖွယ်လှိုင်းများကို ဖန်တီးလိုက်ပြီး သူ့ကို ကြိုးမပါသည့်စွန်တစ်ခုကဲ့သို့ ပျံသန်းသွားစေသည်။


ပေါက်ကွဲမှုကြောင့် အဝေးတွင် တိုက်ခိုက်နေကြသည့် ဖုန်းကွမ်ကျန်းနှင့် နယ်ပယ်သခင်တိထိုက်တို့ ထိတ်လန့်သွားသည်။


အဝေးတွင် ကောင်းကင်ပေါ်ထိရောက်နေသည့် မီးတောက်များကို သူတို့နှစ်ယောက် ကြည့်လိုက်ကြသည်။


သို့သော် မည်သည့်အရာများ ဖြစ်နေသည်ကို နားမလည်၍ ဆက်လက်တိုက်ခိုက်နေကြသည်။


နယ်သာရီပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူမပါးစပ်ထဲတွင် အမဲသားလုံး အနည်းငယ်ကို ဝါးနေဆဲဖြစ်သည်။


၎င်း၏ အနံ့အရသာက ကောင်းမွန်သော်လည်း မျိုချရန် တွန့်ဆုတ်နေသည်။


မျိုချလိုက်ရင် ပေါက်ကွဲသွားမလား မသိဘူး ...


နယ်သာရီ ရုန်းကန်နေရသည်။ ဤကဲ့သို့ ပေါက်ကွဲမှုက သူမအစာအိမ်ကို ပေါက်ထွက်သွားနိုင်သည်။


တွေးမိရုံဖြင့်ပင် ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေသည်။


ကုန်းရှို့ပန်လည်း အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်သွားသည်။


အဲ့ဒါ သောက်အမဲသားလုံးတွေ မဟုတ်ဖူးလား ...


‌သောက်မသေမျိုးကိရိယာတွေတွေတောင် အဲ့လိုစွမ်းအား မရှိဘူးလေ ...


အမဲသားလုံးတစ်လုံးက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူကို သက်ရောက်နိုင်တာလား ... 


မင်းရဲ့ အမဲသားလုံးကတော့ ကောင်းကင်ဘုံကို သွားသင့်ပါတယ် ...


မီးတောက်များ ပျောက်ကွယ်သွားသည့်အခါ နယ်သာစားဖိုမှူး၏ ပုံရိပ်ကို မြင်လိုက်ကြသည်။


သူ၏အမဲရောင်ဝတ်ရုံက ပြာမှုန်များ ဖြစ်သွား၍ သနားစဖွယ်ကောင်းနေသည်။


ဆံပင်များလည်း မီးကျွမ်းကာ ရယ်စရာဖြစ်နေသည်။ မျက်နှာကလည်း မည်းသည်းနေပြီး ပါးစပ်မှ သွေးများစီးကျနေသည်။ ခေ


မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒ ပေါက်ကွဲမှုက သူ၏ဝိညာဉ်ကို အလွန်အမင်း နာကျင်စေသည်။


ထိုအချိန်တွင် ခေါင်းကိုဆုတ်ကိုင်ထားပြီး ဟင်းလင်းပြင်ထဲတွင် တွန့်လိမ်လျက် စူးစူးဝါးဝါးအော်နေသည်။


သူမ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ချီလင်စားဖိုမှူးလေ အမဲသားလုံးတစ်လုံးနဲ့ ချုံခိုတိုက်ခံလိုက်ရတာလား ...


ပိုပြီး အရေးကြီးတာက ...


အဲ့အသားလုံးကြောင့်ပဲ သေလုနီးပါး ဖောက်ခွဲခံလိုက်ရတာပဲ .. 


အလွန်ဝမ်းနည်းပြီး သွေးအန်ထွက်လာသည်။


ပုဖန်၏ မျက်လုံးများ အရောက်တောက်နေသည်။


" စွမ်းအားက မဆိုးပါဘူး ... သူ နာကျင်နေတာကို အခွင့်အရေစယူရမယ် ... ပုစွန်ပိစိ လာခဲ့ ငါတို့သူ့ကို အဆုံးသတ်ကြမယ် ..."


ပုဖန် ပြောပြီးသည်နှင့် ပုစွန်ပိစိက ရွှေရောင်အလင်းတန်းကဲ့သို့ ဖျတ်ခနဲ ပုဖန်ရှေ့ ရောက်လာသည်။


ဝှစ် ...


ပုစွန်ပိစိ၏ ကိုယ်မှ ရွှေရောင်အလင်းတန်း တောက်ပလာပြီး ပုံမှန်ထက် ဆယ်ဆခန့် ကြီးလာသည်။


ထို့နောက် ပုဖန်က နယ်သာရီနှင့် ရှီးရှီးကိုခေါ်ပြီး ပုစွန်ပိစိပေါ် တက်လိုက်သည်။


ရွှေရောင် ထစ်ချုန်းမိုးအမဲသားလုံးများက သူ့ကို အုပ်မိုးထားသည်။


" ပုဖန်ရဲ့တီထွင်မှု ... ပေါက်ကွဲခြင်းအနုပညာပဲ ..."

ပုဖန် ငြင်သာစွာ ပြောလိုက်သည်။ ထို့နောက် ပုစွန်ပိစိကို လျင်မြန်စွာပျံသန်းရန် ပြောလိုက်သည်။


ပုစွန်ပိစိက လျင်မြန်စွာ ပျံထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ‌ဟင်းလင်းပြင်ထဲတွင် နာကျင်ကာ လူးလိမ့်နေသည့် နယ်သာစားဖိုမှူးထံသို့ရောက်သွားသည်။


ပုဖန်၏စိတ်ထဲ တွေးလိုက်သည်နှင့် အမဲသားလုံးက ရှီးရှီး၏ရှေ့ကို ရောက်သွားသည်။ 


" ရှီးရှီး အဲ့ဒါကိုကိုက်လိုက် ..."


ရှီးရှီးအံ့အားသင့်သွားသည်။ ထို့နောက်ပါးစပ်ဟ၍ အမဲသားလုံး၏ ထိပ်ပိုင်းကို ကိုက်လိုက်သည်။


ရှဲ ရှဲ ရှဲ ...


အသားထဲမှ အငွေ့များ ထွက်လာသည်။


ပုဖန်က ချက်ချင်းပင် ထိုအသားလုံးကို ပစ်လိုက်သည်။


အသားလုံးက လေထဲဝေ့ဝဲနေပြီးနောက် နယ်သာစားဖိုမှူးကို ထိသွားသည်။


နယ်သာစားဖိုမှူးလည်း လူးလိမ့်နေရာမှ ရပ်တန့်လိုက်သည်။ မော့ကြည့်လိုက်သည့်အခါ အသားလုံးများပျံလာသည်ကို တွေ့၍ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။


သောက်သရဲတွေပဲ ဒီအသားလုံးက စားဖို့မဟုတ်ဖူးဆိုတာ သိလိမ့်မယ် ...


ဒါတွေက လူကို ဖောက်ခွဲ့မယ့်ဟာတွေပဲ ...


အသားလုံးတွေက အဲ့လိုလုပ်လို့ရတာလား ...


နယ်သာစားဖိုမှူးကြောက်လန့်မှုကြောင့် စူးစူးဝါးဝါးအော်ပြီး ချက်ချင်းထွက်ပြေးရန် ပြင်နေသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


လက်ဖျောက်တီးလိုက်သည်။


" ပေါက်ကွဲစမ်း ..."


ဝုန်း ...


ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာပြီး မြင့်တက်လာသည့်မီးတောက်များက လေဟာနယ်ကိုပင် ဝါးမျိုသွားသည်။