အပိုင်း ၁၁၀၆
Viewers 52k

အခန်း ၁၁၀၆


နက်ပြာရောင်အလင်းတန်းက အနက်ရောင်ကောင်းကင်ကို ကြယ်ပျံတစ်ခုကဲ့သို့ ဖြတ်သန်းသွားကာ ကြေးတံခါးဝဆီသို့ ဦးတည်နေသည်။


ပုဖန် လေထဲတွင် ပျံဝဲနေပြီး သူ၏ကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ၏နောက်ဘက်တွင်လည်း မီးတောက်အတောင်ပံနှစ်ခုမှ ကတ္တီပါနီရောင်အမွေးများ ဖြန့်ကျဲနေသည်။


အဝေးကိုကြည့်နေသော သူ၏မျက်လုံးများက မှေးစင်း ကျဉ်းမြောင်းနေသည်။


သူသိချင်နေတာကတော့ နောက်ဆုံးပြုလုပ်ထားတဲ့ မရဏစားဖွယ်ရဲ့ စွမ်းအားကိုပါပဲ ...


ဤဟင်းလျာကို နျိုဟန်စန်းက သူ့အတွက်ပြင်ဆင်ပေးထားသည့် မီးတောက်နှလုံးသားဂေါ်ဖီထုပ်နှင့် ချက်ပြုတ်ထားသည်။ အရောင်ဖျော့‌ဖျော့ အပြာရောင်လျှပ်စီးကြောင်းများက ဟင်းလျာတစ်ဝိုက်တွင်ကခုန်နေသည်။


သူ၏စွမ်းအားကို ပုဖန် မသိသေးသော်လည်း ၎င်းကိုချက်ပြုတ်ရသည်က အလွန်ခက်ခဲသည်။


မီးတောက်နှလုံးသားဂေါ် ဖီထုပ်တွင် အံ့ဩလောက်သည့် စွမ်းအင်များ ပါဝင်သည်။ အကယ်၍ ချက်ပြုတ်သည့်လုပ်ငန်းစဉ်အတွင်း သတိလက်လွတ်ဖြစ်ခဲ့ပါက လျှာကဝေအစီအရင်နှင့် မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒကြားထဲတွင် ပဋိပက္ခများ ဖြစ်သွားနိုင်သည်။ ထိုသို့ဖြစ်ခဲ့ပါက စွမ်းအင်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။


ဤဟင်းလျာတွင် ထစ်ချုန်းမိုးအမဲသားလုံးထက်ပို၍ မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒများ ပါဝင်သည့်အတွင် ၎င်းတို့နှစ်ခု၏ စွမ်းအားများမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားမည်ဖြစ်သည်။


ပေါက်ကွဲသွားနိုင်တွင် ပေါက်ကွဲမှု၏စွမ်းအားကြောင့် လူများ တသိမ့်သိမ့် တုန်သွားနိုင်သည်။


သေချာပေါက်ပဲပေါ့ ...


ပုဖန် စိတ်ကူးထားတာလောက် စွမ်းအားမပြင်းထန်တာလည်း ဖြစ်နိုင်ပါတယ် ...


စိမ်းပြာရောင်လက်ဖဝါးကြီးတွင် အပြာရောင်သွေးကြောများရှိပြီး ၎င်းက ဒေါသတကြီးဖြင့် ကြေးတံခါးကို ဖျက်ဆီးရန်ကြိုးစားနေသည်။


ခွေးဘုရင်၏ လက်ဖဝါးဖြင့် ကြေးတံခါးကြီးကို ပိတ်ခဲ့သော်လည်း ၎င်းကို တွန်းဖွင့်နေဆဲဖြစ်ပြီး ကြောက်မက်ဖွယ်အော်ရာများ အဆက်မပြတ် ထွက်ပေါ်နေသည့် အရာလေးတစ်ခု ပေါ်နေသည်။


နက်ပြာရောင်ဂေါ် ဖီထုပ်က လေထဲသို့ မြောက်တက်သွားကာ ကြေးတံခါးဝဆီ ပြန်သွားသည်။


စိမ်းပြာရောင်လက်ဖဝါးကြီးက နီးကပ်လာသာည့်စွမ်းအင်ကို အာရုံခံမိပုံကြောင့် ချက်ချင်းမြှောက်လိုက်သည်။


လေပြင်းများတိုက်ခတ်လာပြီး ပြင်းထန်သော ဖိအားလှိုင်းများ ထုတ်လွှတ်ပေးနေကာ စိမ်းပြာရောင် လက်ဖဝါးကြီးက ဂေါ်ဖီထုပ်ကို ဆုပ်ကိုင်လိုက်သည်။


ဂေါ်ဖီထုပ်ကို အဘယ့်ကြောင့်အသုံးပြုသည်ကို မသိသောကြောင့် အက်ကြောင်းထဲမှ လှောင်ပြောင်သရော်မှုများ ပြည့်နေသည့် အော်ရာတစ်ခု ထွက်လာသည်။


ဂေါ်ဖီထုပ်နဲ့ သူ့ကိုပစ်ဖို့ ကြိုးစားနေတာလား ...အဲ့ဒါဆိုရင် နောက်ဆုတ်သွားမယ်ထင်နေတာလား ...


ဘယ်လိုဟာသကြီးလဲ ...


ဤကြေးတံခါးပေါက်က ခံနိုင်ရည်မရှိတော့ပေ ။ မကြာမီ ချိပ်ပိတ်ထားခြင်းကို ဆုတ်ဖြဲနိုင်တော့မည်ဖြစ်သည်။


အဲ့အချိန်ရောက်ရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်လက်အောက်ထဲ ကျရောက်သွားပြီး ကောင်းကင်ဘုံလမ်းကြောင်းကြီးကလည်း သူ့ရဲ့အိတ်ကပ်ထဲက ပစ္စည်းတစ်ခုသာသာ ဖြစ်သွားလိမ့်မယ် ...


ဝုန်း ဝုန်း ...


ကောင်ကင်ကိုဆုတ်ကိုင်နိုင်သည်အထိ ကြီးမားသော စိမ်း‌ပြာရောင်လက်ကြီးက အပြာရောင်ကြယ်ပျံနှင့်တူသည့် ဂေါ်ဖီထုပ်ကို ဖမ်းယူလိုက်သည်။


အဝေးမှ ပုဖန်၏မျက်ခုံးများ တွန့်ချိုးမိသွားသည်။


မရဏဟင်းလျာ၏အစွမ်းကို စိမ်းပြာရောင်လက်ဖဝါးကြီးပေါ် စမ်းသပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။


ထစ်ချုန်းမိုးအမဲသားလုံးများက အလွန်စွမ်းအားကြီးသည်။ ထိုအသားလုံး မြောက်များစွာရှိပါက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကိုပင် သတ်ပစ်နိုင်သည်။


ထို့အပြင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ခြောက်သွေ့အိုးဂေါ်ဖီထုပ်ထဲ ထည့်ထားသဖြင့် ၎င်းကို ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၌ မစမ်းသပ်ရဲပေ။


လယ်ယာမြေတစ်ခုလုံးကို ဖောက်ခွဲပစ်ဖို့ ဖြစ်နိုင်ချေက များနေတယ် ...


အဲ့လိုဖြစ်လာရင် ပုဖန် ငိုနေရလိမ့်မယ် ...


ဝှစ် ...


ရုတ်တရက် ပုဖန် မျက်လုံးများမှေးစင်းသွားပြီး အဝေးမှ စိမ်းပြာရောင်လက်ကြီးကို စူးစိုက်ကြည့်နေသည်။


ထိုလက်ဖဝါးက လက်သီးဆုပ်ထားသော်လည်း သူ၏လက်ချောင်းတစ်ချောင်းစီတိုင်းက တုန်ယင်နေသည်။


လက်သီး၏အတွင်းမှ တစ်စုံတစ်ခုက ၎င်းကို ဖောင်းလာစေသည်။


ရှဲ ရှဲ ရှဲ ...


လက်ချောင်းများကြားထဲမှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။၎င်းက အလွန်ပြင်းထန်သည့်အတွက် လက်ဖဝါးတစ်ခုလုံးကိ မီးကျွမ်းသွားစေသည်။


" အခုပဲ ..."


ပုဖန် စိတ်အားတက်ကြွစွာဖြင့် သူ၏နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်သည်။


ဘုန်း ...


ချက်ချင်းပင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။


တောက်ပနေသည့် မှိုပွင့်ပုံမီးခိုးတိမ်တိုက်များက အဝေးတွင် တလိမ့်လိမ့်တက်နေသည်။ ၎င်းက အလွန်လင်းလက်တောက်ပနေသောကြောင့် ပုဖန် မျက်လုံးများ မှိတ်ထားရသည်။


မဟာနိယာမလမ်းကြောင်းကြီး၏ အမျက်ဒေါသဖြင့် ပြည့်နေသည့်အော်ရာက လေထဲတွင် လွှမ်းခြုံသွားသည်။


ကြောက်မက်ဖွယ်အော်ဟစ်သံကြီးက ကြေးတံခါးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။


အဆုံးမဲ့လျှပ်စီးကြောင်းများ တောက်ပနေသော အလင်းတန်းများနှင့် ဧရာမကြာပန်းပြာကြီး ပေါ်ထွက်လာသည်ကို ပုဖန် ကြည့်နေသည်။


ကြီးမားသော စွမ်းအားကို သယ်ဆောင်ပေးထားသည့် လျှပ်စီး‌ကြောင်းများက ကြာပန်းအတွင်း၌ လွင့်ပျံလာသည်။ ‌၎င်းကနောက်ဆုံးတွင် ပေါက်ကွဲသွားပြီး ငရဲအကျဉ်းထောင်၏ မြို့ရိုးများကို ပြင်းပြင်းထန်ထန် တုန်ယင်သွားစေသည်။


ကြောက်မက်ဖွယ် အော်သံကြီးက ကြေးတံခါး၏ အနောက်ဘက်မှ စိမ်းပြာရောင်လက်ဖဝါးကြီး၏ ပိုင်ရှင်ထံမှ ဖြစ်သည်။


သို့သော် လျှပ်စီးကြာပန်းမှ ပေါက်ကွဲမှုက အဆုံးမသတ်သေးပေ။ ယခုမှ စတင်ရုံသာ ရှိသေးသည်။


ထို့နောက်တွင်မူ ကြာပန်းအတွင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ 


မီးခိုးတိမ်လုံးကြီးများ တလှိမ့်လှိမ့်တက်လာပြီး ငလျင်လှုပ်သကဲ့သို့ ပေါက်ကွဲမှုကြီးဖြစ်လာသည်။


မီးခိုတိမ်လုံးကြီးများက ကြည့်ရှု့နေသူများ၏ အာရုံစိုက်မှုကို ရရှိထားသည်။


ခဏကြာပြီးနောက် မီးတောက်နေသည့်မြင်ကွင်းက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။


ငရဲအကျဉ်းထောင်၏ မြို့ရိုးများက အက်ရာများဖြင့် ပြည့်နှက်နေပြီး ပြိုကျတော့မည်ဟုပင် ထင်ရသည်။


စိမ်းပြာရောင်မီးခိုးများက ကြေးတံခါးနောက်မှ ထွက်လာသည်။


တံခါးဝနောက်တွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုးထားသည်။ စိမ်းပြာရောင်လက်ဖဝါးကြီး၏ ပိုင်ရှင်က ပေါက်ကွဲမှုတွင် သေဆုံးသွားပုံရသည်။


အဝေးတွင် နျိုဟန်စန်းနှင့် နယ်သာရီတို့ ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။


အဲ့ဒီစွမ်းအားက ...


အားလုံးကို ကြောက်ရွံ့စေတာပဲ ...


အဲ့ဒီပေါက်ကွဲမှုက မြို့ရိုးကို ဖျက်ဆီးလိုက်ပုံက ကမ္ဘာတစ်ခုလုံး‌ကို ဖျက်ဆီးနိုင်တဲ့ပုံနဲ့တောင်‌ တူနေတယ် ...


ဒီပေါက်ကွဲမှုစွမ်းအားက တကယ့်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ် ... 


သူတို့နှစ်ယောက်လုံး ကြောက်လန့်နေကြသည်။


ဤမြို့ရိုး၏ မာကျောမှုကို နျိုဟန်စန်း ကျိန်းသေပေါက် ချီးကျူးရမည်။


မရဏစားဖွယ်ဖြစ်သည့် ခြောက်သွေ့အိုးဂေါ်ဖီထုပ်မှာ ပိုင်ရှင်ပု အချိန်အတော်ကြာ လေ့လာခဲ့သည့် တစ်စုံတစ်ခုဖြစ်ပြီး ၎င်းက အသန်မာဆုံး တီထွင်မှုတစ်ခုလည်းဖြစ်သည်။


ထို့အပြင် ပိုင်ရှင်ပုက စိတ်စွမ်းအင်တစ်ဝက်ကိုသာ သုံး၍ ပြုလုပ်ထားခြင်းဖြစ်သည်။ ခြောက်သွေ့အိုးဂေါ်ဖီထုပ်တွင် လျှာကတေအစီအရင်သုံးခုကို ထည့်သွင်းထားရသည့်အတွက် သူ၏ဝိညာဉ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များ ခမ်းခြောက်လုနီးပါးဖြစ်ခဲ့သည်။


ထိုထက်ပိုများပါက သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားမယ်ဖြစ်သည်။


လျှယကဝေအစီအရင်နှင့် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ဟန်ချက်ညီအောင် ထိန်းရန်က ခက်ခဲလွန်းသည်။


လျှာကဝေအစီအရင်သုံးခုပဲ ပါတယ်ဆိုပေမယ့် သူ့ရဲ့ပေါက်ကွဲမှုကတော့ အထင်သေးလို့ မရဘူး ...


" အဲ့ အဲ့ဒီကျင့်ကြံသူ သေသွားပြီလား ..."

‌ကြေးတံခါးမှ အနက်ရောင်မီးခိုးများနှင့် လျှပ်စီးကြောင်းများကို ကြည့်နေသော နျိုဟန်စန်က နယ်သာရီ၏ဘက်ကိုလှည့်ကာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။


တယ်သာရီ၏ အနက်ရောင်မျက်လုံးများက အေးစက်နေသည်။ 

ပုဖန်ကတော့ တော်တော်လေးကို ပြင်းထန်တဲ့ ဟင်းလျာတစ်ခု ချက်ခဲ့တာလား ...


ထိုဧရာမလက်ဝါးကြီး၏ပိုင်ရှင် သေမသေကို နယ်သာရီမသိပါ။ ထိုပေါက်ကွဲမှု၏ ခန့်မှန်းချေစွမ်းအားကို အနီးစပ်ဆုံးပင် မခန့်မှန်းနိုင်ခဲ့ပေ။


ဤကဲ့သို့ စွမ်းအားကြီးသည့်အရာဖြင့် တိုက်မိပါက မည်သည့်အရာမှ မကျန်ခဲ့နိုင်ဟု သူမတွေးနေမိသည်။


ဂရား ...


ခဏခန့်တိတ်ဆိတ်နေပြီးနောက် ကြောက်မက်ဖွယ်ဟိန်းဟောက်သံကြီးက ပတ်ဝန်းကင်တစ်ခွင် လှုပ်ခါစေခဲ့သည်။


" သောက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ... ငါ့ကို ချုံခိုတိုက်ရဲတယ်ပေါ့ စက်ဆုပ်စရာကောင်းလိုက်တာ ...


ကြေးတံခါးကြီးက နောက်တစ်ကြိမ်တုန်ခါလာသည်။ နောက်ကွယ်မှ အမျက်ဒေါသဖြင့် ပြည့်နေသူက ၎င်းကို ဖျက်ဆီးပစ်နေသည့်ပုံပင်။


ဂျုန်း ဂျုန်း ...


ဧရာမလက်ကြီးက တံခါးကြား ဟနေသည့်နေရာမှ ထွက်လာပြန်သည်။


ကြည့်ရှု့နေသူများ ဧရာမလက်ကြီးကို မြင်သည့်အခါ လေအေးကို ရှုရှိုက်လိုက်ရသည်။


ပုဖန်သည်ပင် တုန်ယင်နေသည်။


ဧရာမလက်ဝါးကြီးက အဖြူရောင်အရိုးများသာကျန်ခဲ့တော့သည်။


အပြာရောင်အသားနှင့် သွေးများ ဖောက်ခွဲခံလိုက်ရသည်။


တံခါး၏နောက်ကွယ်မှ ကျင့်ကြံသူက အလွန်စွမ်းအားကြီးပုံပေါ်သည်။ သို့မဟုတ်ပါက သူ၏ လက်တစ်ဖက် ပြတ်ထွက်သွားတော့မည်ဖြစ်သည်။


ယခု သူ၏ဧရာမလက်တွင် အက်ရာများဖြင့် ဇကာပေါက် ဖြစ်နေသည်။


တုန်ယင်နေသောလက်က အပိုင်းပိုင်းကွဲကြေရန် နီးစပ်နေပြီဖြစ်သည်။ ဒဏ်ရာလည်း အလွန် ပြင်းထန်ပုံပင်။


ပုဖန် ရင်ထဲမှ အလုံးကြီးကျသွားသည်။ ခြောက်သွေ့အိုးဂေါ်ဖီထုပ်မှာ နျူကလီးယားထိပ်ဖူးအသေးစားတစ်လုံးကဲ့သို့အားပြင်းလှသည်။


တကယ်ကို ခြိမ်းခြောက်နိုင်တာပဲ ...


ကြေးတံခါးနောက်မှ ကျင့်ကြံသူက မည်မျှသန်မာသည်ကို ပုဖန်မသိသော်လည်း ထိုလူက ခွေးဘုရင်ထက် အားပျော့လိမ့်မည်။


မည်သို့ပင်ဖြစ်စေ ထိုကျင့်ကြံသူကို ဒဏ်ရာရစေခဲ့သည့် ခြောက်သွေ့အိုးဂေါ်ဖီထုပ်က သာမန်မဟုတ်ပေ။


ပုဖန်က ၎င်းပေါ်တွင် လျှာကဝေအစီအရင် သုံးခုသာ ထည့်သွင်းခဲ့သည်။ အကယ်၍ ‌လျှာကဝေအစီအရင်များစွာကို ဟင်းလျာထဲ ထည့်နိုင်ပါက ပေါက်ကွဲမှုက မည်သူမျှ စိတ်ကူးမထားသည့် အခြေအနေသို့ ရောက်သွားလိမ့်မည်


ပုဖန် ပြုံးလိုက်သည်။ ၎င်းက စမ်းသပ်မှုတစ်ခုသာဖြစ်သော်လည်း သူ၏အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်သွားသည့်ပုံပင်။


" ဒီစွမ်းအားက အရမ်း ကြောက်စရာကောင်းတာပဲ ... ဒီအိုးက ကောင်းကင်နဲ့ မြေပြင်နှစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လို့ ဆွေးမြေ့အိုးလို့ခေါ်မယ် ..."


ဘုန်း ...


အခြားတစ်ဖက်မှ ကျင့်ကြံသူက တံခါးကို ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသည်။


" သေစမ်း ... ငါမင်းကို ဘယ်‌တော့မှ ခွင့်မလွှတ်ဖူး ... ငါ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲရောက်တာနဲ့ ငါ့ရင်ထဲက အမျက်ဒေါသတွေနဲ့ မင်းကိုသတ်ပစ်မယ် ..."


ငရဲအကျဉ်းထောင်ကျင့်ကြံသူက အလွန်ဒေါသထွက်နေသည့်အတွက် သွေးအန်နေပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။


ထိုအော်သံကို ကြားရသူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားနိုင်သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အထွဋ်အထိပ် သစ်သားအိမ်ငယ်လေး


အဝတ်မဲ့နေသော နယ်ပယ်သခင်တိထိုက် အိပ်ရာထဲတွင် ဟောက်နေသည်။ ရုတ်တရက် သူ လန့်နိုးလာသည်။


အလွန်ကြောက်လန့်နေသည့်အတွက် တစ်ကိုယ်လုံးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။


အဲ့ဒါ ဘာသံကြီးလဲ ...


နယ်ပယ်သခင်တိထိုက် မျက်လုံးများ ပြူးကျယ်လျက် အံ့ဩနေပြီး ဘာလုပ်ရမည် မသိတော့ပေ။


ထို့နောက် ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီး၏ တည်နေရာကို အာရုံခံမိသွားသဖြင့် အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။


" ကောင်းကင်ငရဲတံတားပဲလား ... ဘာလို့ အဲ့နေရာမှာ တစ်ခုခုဖြစ်နေပြန်တာလဲ ... မင်းတို့တွေ ကျေးဇူးပြုပြီး ငါ့ကို ကောင်းကောင်းအိပ်ခိုင်းကြပါဦး ‌..."


နယ်ပယ်သခင်တိထိုက် ရွှေရောင်ဆံပင်များကိုကုတ်ပြီး စိတ်ဆိုးနေသည်။


သို့သော် သူ လတ်လျားလတ်လျား မလုပ်ရဲပေ။ ရွှေရောင်သံချပ်ကာကို အမြန်ဝတ်ဆင်လိုက်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲထွက်ခွာသွားသည်။


အချိန်တိုအတွင်း နယ်ပယ်သခင်တိထိုက် ကောင်းကင်ငရဲတံတားနားကို ရောက်သွားသည်။ စိတ်တိုနေသောမျက်နှာထားနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများကို ချိုးနှိမ်နေရသည်။


သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့ဩသွားပြီး အသက်ရှုကျပ်မတတ်ဖြစ်သွားသည်။


" သောက်ကျိုးနည်း ... ဘာတွေ ဖြစ်ကုန်တာလဲ ..."


တိထိုက် ‌ဇတေဇဝါဖြစ်သွားသည်။


အဝေးမှ ...


ကြေးတံခါးကြီးတွင် ဧရာမကြာပန်းပုံစံချိုင့်ခွက်ပြီးရှိနေသည်။ ထိုနေရာမှ လျှပ်စီးကြောင်းများက တဖျပ်ဖျပ် လက်နေဆဲပင်ဖြစ်သည်။


မြေပြင်ကလည်း အဆက်မပြတ်အက်ကွဲနေသည်။


ငရဲအကျဉ်းထောင်၏ ဧရာမမြို့ရိုးကြီးပေါ်တွင် သောင်းနှင့်ချီသော အက်ရာများကို မြင်လိုက်ရသည်။


နယ်ပယ်သခင်တိထိုက်က ဤမြို့ရိုးများ မည်မျှခိုင်ခံ့ကြောင်း သိသည်။ သို့သော် ယခုအခါတွင် မာကျောသည့်မြို့ရိုးကြီးက ဇကာပေါက်ကဲ့သို့ ဖြစ်နေသည်။


ဘယ်သူ လုပ်သွားတာလဲ ...


အေးစက်မှုများကို တိထိုက် ခံစားလိုက်ရသည်။


ထို့အပြင် စိမ်းပြာရောင် ဧရာမလက်ကြီးမှာ အဖြူရောင်အရိုးများသာ ကျန်ရှိတော့ပြီး အချို့က ပဲ့ထွက်နေသည်။


ထိုလက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို တိထိုက်အမှတ်ရသည်။ လက်ဝါးဖြင့် တစ်ချက်ရိုက်ရုံဖြင့် သူ့ကိုပင် ဖျက်ဆီးလုနီးပါး ‌ဖြစ်စေခဲ့သည်။


သို့သော် ထိုလက်ကြီး၏ လက်ရှိအခြေအနေကို မြင်သည့်အခါ ရယ်ချင်လာသည်။


" ဝဋ်လည်တာ အဲ့လောက်တောင်မြန်လား ..."


ဂရား ...


ငရဲအကျဉ်းထောင်ကျင့်ကြံသူ၏ ဒေါသကြောင့် ဟိန်းဟောက်သံက မြို့ရိုး၏အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။


နယ်ပယ်သခင်တိထိုက် မရယ်ရန် ကြိုးစားနေသော်လည်း ကြာကြာမထိန်းနိုင်ပဲ အားရပါးရအော်ရယ်မိသွားသည်။


သူ၏ရန်သူက သနားစဖွယ် ဒဏ်ရာရသွားသည့်အတွက် အလွန်စိတ်လှုပ်ရှားနေမိသည်။


ရယ်၍အားရသွားသောအခါမှ သံသယဝင်လာသည်။

ဒီကိစ္စအတွက် ဘယ်သူ တာဝန်ရှိတာလဲ ... ဘာနဲ့ ပေါက်ကွဲအောင်လုပ်သွားလို့ လက်က အရိုးပဲ ကျန်တော့တာလဲ ...


ခွေးဘုရင် လုပ်တာများလား ...


မဖြစ်နိုင်ဘူး ... ခွေးဘုရင်သာ အဲ့လိုလုပ်နိုင်မယ်ဆိုရင် လုပ်ပြီးတာကြာ‌လှပြီ ... ခိုးကြောင်ခိုးဝှက် လုပ်နေသရာတောင် မလိုဘူး ...


အဲ့ဒါဆို ခွေးဘုရင်ကလွဲရင် ဘယ်သူလုပ်နိုင်သေးလဲ...


နယ်ပယ်သခင်တိထိုက် စိတ်ရှုပ်ထွေးနေပြီး အဖြေရှာမရပေ။



ထိုအချိန်တွင် ဤကိစ္စ၏ တရားခံများက ငရဲကမ္ဘာသင်္ဘောကိုစီးကာ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။


ပုဖန်၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေသည်။


ခဏအကြာတွင် မီးဖိုချောင်ထဲမှ ဟင်းလျာနှစ်မျိုးကိုသယ်ဆောင်၍ ထွက်လာသည်။


ဒင် ဒင် ဒင် ...


တံခါးကိုဘေးသို့ တွန်းလိုက်သည့်အခါ လိုက်ကာပေါ်မှ ခေါင်းလောင်းသံမြည်လာသည်။


ရောင်ခြည်တန်းများ တောက်ပနေသော သွေးကျောက်ပုစွန်အစပ်ကို မစောင့်နိုင်တော့ပုံပေါ်သည့် နယ်သာရီ့ထံသို့ ယူလာသည်။


အနီရောင်သွေးကျောက်ပုစွန်များ၏ ရနံ့က အလွန်မွှေးသောကြောင့် ရနံ့ရသူတိုင်း စားချင်စိတ် ဖြစ်လာစေသည်။ 


အခြားဟင်းလျာတစ်ခုမှာ ခွေးဘုရင်၏ နံရိုးချိုချဉ်ဖြစ်သည်။


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ပထမဆုမှာ နဂါးအစစ်၏ ဧရာမအသားတုံးကြီး ဖြစ်သဖြင့် ခွေးဘုရင်အတွက် နံရိုးချိုချဉ် ချက်ပြီးသည့်နောက်တွင် ပိုလျှံနေသေးသည်။


ခွေးဘုရင် စိတ်ထဲ ခံစားသွားရသည်။ ထို့ကြေညင့် အချိန်မဖြုန်းပဲ ပါးစပ်ဟကာ ကြွေပန်းကန်ထဲမှ အားလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။


ပုဖန် ထမင်းစားပွဲသို့ ပြန်ရောက်သည့်အခါ စားပွဲပေါ်တွင် လက်ထောက်လျက် ‌နယ်သာရီ သွေးကျောက်ပုစွန်အစပ်များကို မြိန်ရည်ရှက်ရည်စားနေသည်ကို တည်ငြိမ်စွယ ကြည့်နေသည်။


ရုတ်တရက် ...


ဘန်း ဘန်း ဘန်း ...


တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။


ပုဖန် အံ့ဩစွာဖြင့် လှမ်းကြည့်လိုက်သည်။


အပြင်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။

" ပိုင်ရှင်ပု ... အင်မော်တယ်စားဖိုမှူးပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ... ကျုပ်က မြို့တော်သခင် ထုံဝူတီပါ ... မင်းကို ဂုဏ်ပြုဖို့ လက်ဆောင်တွေယူလာတယ် ..."