အပိုင်း ၁၁၁၀
Viewers 53k

အခန်း ၁၁၁၀

ဘုံကိုးပါးမျိုးနွယ်စု


ယခင်က ထုံမိသားစု၏ နေထိုင်ရာဖြစ်ခဲ့သည့် အပျက်အစီးပုံများမှ ကြောက်မက်ဖွယ်ရာအော်ရာများ ပေါင်းစပ်ထွက်ပေါ်လာသည်။


ကောင်းကင်တွင် ခြိမ်းခြောက်နိုင်သည့်ဖိအားများ လွှမ်းခြုံထားသည့် တိမ်မည်းများ စုဝေးနေသည်။


အပျက်အစီးများ၏အလယ်ဗဟိုတွင် သွေးအစီအရင်တစ်ခုက ကောင်းကင်ကို အုပ်မိုးထားသည်။


ပုံရိပ်ဆယ်ခုက အစီအရင်ထဲတွင် ခိုင်မာစွာ ရပ်နေသည်။


ထိုလူဆယ်ယောက်က ကွဲပြားသောပုံစံများရှိကြသည်။ ၎င်းတို့က အမျိုးသားနှင့် အမျိုးသမီးများဖြစ်ပြီး မကောင်းဆိုးဝါးဆန်စွာ ထူးထူးခြားခြားလှပပြီး ကွဲပြားသောပုံစံများရှိသည်။


လျှို့မော့ပိုင် လက်များကိုဆုပ်လျက် အောက်ဘက်တွင်ရပ်နေသည်။ ထိုလူဆယ်ယောက်ထံမှ ဖိအားများက သူ၏ဝတ်ရုံနက်က်ို အနက်ရောင်လေများဖြင့် တဖျပ်ဖျပ် တိုက်ခတ်နေသည်။


ထိုလူဆယ်ယောက်ကို ကြည့်နေသောအကြည့်များတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။


ထုံဝူတီအဝေးတွင် ရပ်နေပြီး တသိမ့်သိမ့်တုန်နေသည်။ သို့ရာတွင် ထိုလူများကို မကြောက်ရွံ့ပေ။


ထူးချွန်သော စားဖိုမှူးများသာ သီးသန့်ပိုင်ဆိုင်သည့် သူတို့၏ အော်ရာနှင့် ယုံကြည်မှုကြောင့် သူ့ကို လွှမ်းမိုးထားခြင်းဖြစ်သညိ။


ထုံဝူတီသည်လည်း တတိယအဆင့်အင်မော်တယ် စားဖိုမှူးတစ်ယောက်ဖြစ်သည်။ သို့ရာတွင် သူက သာမန်လူတစ်ယောက်သာဖြစ်သည့်အတွက် ထိုသို့သောလူများကို ရင်ဆိုင်ရသည့်အခါ မတုန်လှုပ်ပဲ မနေနိုင်ပေ။


ထိုလူများရှေ့၌ ရပ်နေခြင်းပင် သူ၏အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မသိမသာတုန်လှုပ်ပြီး အက်ကွဲလုနီးပါးဖြစ်စေသည်။


အရမ်းကြောက်ဖို့ကောင်းတာပဲ ...


ဒီလူတွေက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က လာကြတာမလား ... အရည်အချင်းရှိ စားဖိုမှူးတွေလေ ...


ခေါင်းဆောင်ဖြစ်သူ၏ ပြောစကားက လျှို့မော့ပိုင်ကို ပြုံးမိသွားစေသည်။


သူတို့က ဘုံကိုးပါးမျိုးနွယ်စုက အရည်အချင်းရှိစားဖိုမှူးတွေ ဖြစ်ထိုက်ပါပေတယ် ... အရမ်းအထက်စီးဆန်လွန်းတယ် ...


သို့သော် လျှို့မော့ပိုင်၏မျက်နှာက အလွန်မပြောင်းလဲသွားပေ။

သူက သူ့ကိုယ်သူ ယုံကြည်ချက်ရှိတဲ့အတွက် ပုဖန်သာ အရမ်းမသန်မာရင် သူဘယ်တော့မှာ ရှုံးမှာမဟုတ်ဖူး ...


ဝှစ် ...


သွေးအစီအရင် ပျက်ပြယ်သွားပြီး စားဖိုမှူးဆယ်ယောက်က မြေပေါ်ဆင်းသက်လာသည်။


" လေထုက နံစော်ညစ်ညမ်းနေတာပဲ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကတော့ ဆွေးမြေ့နေပါပြီ ..."

ဝတ်ရုံနက်နှင့် ကောင်လေးက ပြောလိုက်သည်။


သူ့နှာခေါင်းသေးသေးလေးက တဆတ်ဆတ်တုန်နေပေမယ့် နည်းနည်းတော့ စိတ်ဝင်စားနေပုံရတယ်...


" ဟုတ်တယ် ငါစိတ်ကူးထားတာနဲ့ ကွာခြားနေတယ် ... ဒဏ္ဍာရီထဲမှာဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မသေမျိုးစွမ်းအင် ပါဝင်ပစ္စည်းတွေက နေရာအနှံ့ရှိတယ် ... အခုတော့ ဒီလိုကျက်တီးမြေဖြစ်သွားပြီပေါ့ ..."

ဆံပင်ကောက်ကောက်နှင့် ဆွဲဆောင်‌မှုရှိသော အမျိုးသမီးက သူမဆံပင်များနှင့်ဆော့ကစားလျက် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်ကြည့်နေသည် 


နောက်ဆုံးတွင် သူမမျက်လုံးများက အဝေးမှ ထုံဝူတီထံသို့ ရောက်သွားသည်။


ထုံဝူတီ ချက်ချင်းပင် ဖိအားကို ခံစားလိုက်ရသည်။


" ကောင်းပြီ ... ပြဿနာမရှာကြနဲ့ ... ငါတို့ ဒီနေရာကို တိုက်ခိုက်ဖို့လာတာ မဟုတ်ဖူး ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ရင်းမြစ်တွေပိုရမယ့်နေရာလို့ပဲ သဘောထားကြ ... အဲ့ဒီစိတ်ကြီးဝင်နေတဲ့ အင်မော်တယ်စားဖိုမှူးတွေကို တကယ့်မကောင်းဆိုးဝါးတွေက ဘယ်လိုဆိုတာ ပြရမယ် ..."

ထိုယ်ေယောက်အဖွဲ့၏ ခေါင်းဆောင်က အေးအေးလူလူပင် ပြောလိုက်သည်။


ထိုသို့ပြောလိုက်သည်နှင့် အခြားလူများ တိတ်ဆိတ်သွားသည်။


ထို့နောက် ခေါင်းဆောင်က လျှို့မောပိုင်ဘက်သို့လှည့်ကာ စုံစမ်း‌စစ်ဆေးသည်။

" မင်းက လျှို့မော့ပိုင်လား ..."


" ဘုံကိုးပါးမျိုးနွယ်စုရဲ့ နယ်သာစားဖိုမှူးကျင်းလောလား ..."

လျှို့မော့ပိုင် မျက်ခုံးများပင့်လိုက်သည်။ မေးခွန်ူကို မဖြေသည့်အပြင် တစ်ဖက်လူ၏ နာမည်ကို မေးလိုက်သည်။


" ဘုံကိုးပါးမျိုးနွယ်စုက မင်းကို ဒီနေရာလွှတ်လိုက်တာလား ..."


" ငါတို့ဒီနေရာကို တိုက်ခိုက်ဖို့လာတာမဟုတ်ဖူး ... မာစတာက ငါတို့ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို တွေ့ကြုံခိုင်းပြီး မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ချက်ပြုတ်စွမ်းရည်တွေကို ပြခိုင်းလိုက်တာ ..."

ကျင်းလောက လျှို့မော့ပိုင်ကို ဂရုမစိုက်စွာကြည့်ပြီး လမ်းလျှောက်လာသည်။


အခြားလူများက ခေါင်းဆောင်နောက်မှလိုက်ကာ ထုံမိသားစုအိမ်တော်၏ တွင်းပေါက်ကြီးပေါ်မှ ဖြတ်လာကြသည်။


ကျင်းလော ထုံဝူတီကိုမြင်ပြီး စိတ်ရွှင်သွားသည်။


ဒီလူက တတိယအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်ပြီး သန်မာတဲ့စွမ်းအားတွေ ရှိပေမယ့် သူ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်က တကယ်ကို အားနည်းလွန်းတယ် ...


ထုံဝူတီ့ကို လေ့လာကြည့်ရှု့ပြီး ကျင်းလော အပျင်းပြေနေသည်။ ထိုလူက တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်သော်လည်း သူ့ကို တစ်ချက်မျှမကြည့်ပေ။


" ကမ္ဘာမြေအကျဉ်းထောင်ခွေးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာရှိတာသိလား ... မော့ရှို့လည်း အသတ်ခံလိုက်ရပြီ ... မင်းတို့ဒီကိုလာရဲသေးတယ်ပေါ့ ..."

လျှို့မော့ပိုင် သူ့ကိုစူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။


ထို့နောက်တွင် ဆူဆူညံညံအသံနှင့် လှောင်ပြောရယ်မောသံများက ထိုအုပ်စုထံမှ ထွက်ပေါ်လာသည်။


" မပူပါနဲ့ ... ကျုပ်တို့က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို သတ်ဖြတ်ဖို့လာတာမဟုတ်ဖူး ... အားလုံးကစားဖိုမှူးတွေဆိုတော့ စားဖိုမှူးတွေရဲ့ နည်းလမ်းနဲ့ပဲ ပြဿနာကို‌ဖြေရှင်းကြမှာ ... ခင်ဗျား မပြီးမြောက်ခဲ့တဲ့ကိစ္စကို ကျုပ်တို့က ပြီးမြောက်အောင် ကူညီပေးမှာ ... ခင်‌ဗျားက အရှုံးသမားဆိုတော့ ဒီနေရာမှာပဲနေပြီး စောင့်ကြည့်နေလေ ..."

ကောင်လေးက လျှို့မော့ပိုင်ကို သရော်လိုက်သည်။


လျှို့မေ့ပိုင်၏ မျက်နှာက အေးစက်သွားသည်။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ငါးလွှာရှိတယ်ဆိုတော့ ... ငါတို့ဆယ်ယောက် တစ်လွှာကို နှစ်ယောက်စီသွားမယ် ... ဒီနယ်ပယ်က ကျရှုံးတော့မယ်ဆိုပေမယ့် အင်မော်တယ်စားဖိုမှူးတွေက ဇွဲကောင်းနေသေးတယ် ... သူတို့ရဲ့ မျှော်လင့်ခြင်းတွေကို တကယ်ဖြစ်လာမယ်လို့ ယုံကြည်နေတယ် ... ငါတို့လုပ်ရမှာ သူတို့ရဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးပစ်ဖို့ပဲ ..."

ကျင်းလော ပြောလိုက်သည်။


ထို့နောက် အခြားနယ်သာစားဖိုမှူးများဘက်လှည့်ကာ ပြောလိုက်သည်။

" ချီလင်စားဖိုမှူးတွေကလွဲရင် မင်းတို့ကြိုက်တဲ့လူနဲ့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်နိုင်တယ် ... ဒါက မင်းတို့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို သန်မာလာဖို့ အခွင့်အရေးကောင်းတစ်ခုပဲ ... ဒါက မင်းတို့အတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းလည်းဟုတ်တယ် ..."


ကျင်းလောက တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်သည့် ထုံဝူတီကို လျစ်လျူရှု့ထားသည်။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်တွင် ငယ်ရွယ်သာည့်မျိုးဆက်သစ်များမှ မကောင်းဆိုးဝါးများသာ ချီလင်စားဖိုမှူးများကို စိန်ခေါ်နိုင်ကြသည်။ ထို့ကြောင့် အင်မော်တယ်စားဖိုမှူးများကို ရင်ဆိုင်ရခြင်းကို မကြောက်ရွံ့ကြပေ။


" မင်းက ကျင်းထုံနဲ့လိုက်သွား ... ကျင်းထုံက ငါတို့ရဲ့ရန်သူတွေကို ငိုယိုတဲ့အထိ ဘယ်လိုနှိပ်စက်တယ်ဆိုတာ ကြည့်ထားလိုက် ..."

ကျင်းလော က လျှို့မော့ပိုင်ကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက မှေးမှိန်ပျောက်ကွယ်သွားသည်။


ခဏတွင်းချင်း အားလုံးပျောက်ကွယ်သွားပြီး ကောင်းကင်ပေါ်သို့ အလင်းတန်းများအဖြစ် ပျံသန်းပျောက်ကွယ်သွားသည်။


သူတို့က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အမြင့်ပိုင်းအလွှာများကို ဦးတည်သွားကြသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလွှာငါးလွှာလုံးတွင် ပထမအလွှာက အနိမ့်ကျဆုံးဖြစ်သဖြင့် ကျင်းလော၏အဖွဲ့က ဤနေရာကို ပစ်မှတ်မထားပေ။


အဖွဲ့များ အရပ်မျက်နှာအသီးသီးသို့ ထွက်ခွာသွားပြီးနောက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး လှုပ်ခါတော့မည်ဖြစ်သည်။


ကျင်းလော ထွက်သွားသည်နှင့် ထိုဆယ်ယောက်အဖွဲ့တွင် နေခဲ့သည်က ကျင်းထုံနှင့် ဆံပင်ကောက်ကောင်နှင့် အမျိုးသမီးတို့ဖြစ်သည်။


လျှို့မော့ပိုင်၏မျက်နှာက အလွန်အေးစက်လွန်းနေသဖြင့် သူ၏မျက်နှာပေါ်မှ ခံစားချက်အစစ်အမှန်ကို မမြင်နိုင်ကြပေ။


" ခင်ဗျားက ဘုံကိုးပါးမျိုးနွယ်စုက ချီလင်စားဖိုမှူးရဲ့ အမွေအနှစ်ကို ဆက်ခံထားတာတောင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပာ်က စားဖိုမှူရဲ့ ‌အနိုင်ယူတာ ခံရတယ်ပေါ့ ... တကယ့်အမှိုက်ပဲ ..."

ထိုကောင်လေးက ရန်စလိုက်သည်။


ကျင်းထုံက ကလေးတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ပုံစံက စိတ်ကြီးဝင်မှုများဖြင့် ပြည့်နှက်နေသည်။


လျှို့မော့ပိုင် ဘာမှမပြောပေ။ 


" ဘုံကိုးပါးမျိုးနွယ်စုရဲ့ နယ်သာစားဖိုမှူးကို ချေမှူန်းခဲ့တဲ့ စားဖိုမှူးဆီ ကျုပ်ကိုမြန်မြန်ခေါ်သွားပေး ... အဲ့ဒီစားဖိုမှူးက ဘယ်လောက်သန်မာလဲ ကြည့်ရအောင် ..."

ကျင်းထုံ ပြောလိုက်သည်။


အဝေးမှ ထုံဝူတီ၏မျက်နှာမှာ တွန့်ချိုးနေသည်။


ကျင်းထုံကိုကြည့်ပြီး ကမောက်ကမဖြစ်ကာ သံသယဝင်လာသည်။ အရာအားလုံးက လျှို့မော့ပိုင် သူ့ကိုပြသခဲ့သည့် အစီအစဉ်နှင့် ကွာခြားနေသည်။


ဒီလူတွေ ပုဖန်ကို သတ်နိုင်ပါ့မလား ...



ပုဖန် ခုံတစ်ခုံဆွဲ၍ စားသောက်ဆိုင်ရှေ့တွင် ထိုင်နေသည်။


နွေးထွေးသောလေက တိုက်ခတ်နေပြီး လေထုထဲမှ စိုထိုင်းမှုများကို ခြောက်သွေ့သွားအောင် ပြုလုပ်နေသည်။


အလွန်ပူသောကြောင့် ဘာမှမလုပ်သော်လည်း ချွေးထွက်နေသည်။ 


ထိုရက်များတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကြောင့် စီးပွားရေးမကောင်းမွန်ပေ။


သို့သော် ထိုအဖြစ်အပျက်များက ပုဖန်နှင့်မဆိုင်ပေ။ သူက စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်၏ ပိုင်ရှင်သာဖြစ်သည်။


အဝေးမှလာသည့် ခြေသံများကြားနေရသည်။


ပုဖန် မျက်လုံးစွေကြည့်လိုက်သည်။


ထို့နောက် ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့ကို မြင်လိုက်ရသည်။


ပုဖန် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် အနိုင်ရပြီးနောက် ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားလူများ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ရွှမ်ယွမ်ရှားဟွေ့ဖြစ်သည်။ ပုဖန်ကို ပထမဆုံးတွေ့ခဲ့ချိန်ကို သူအမှတ်ရနေဆဲဖြစ်သည်။


သို့သော် ယခုချိန်၌ ပုဖန်က ကောင်းကင်သို့ ရောက်နေချိန်တွင် သူက ဤနေရာတစ်ဝိုက်တွင်သာ ရှိနေသေးသည်။


သူတို့၏ကြားမှ ကွာဟချက်က ပို၍ကြီးမားလာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကြောင့် အင်မော်တယ်စားဖိုမှူးအားလုံးစားသောက်ဆိုင်များကို ပိတ်ထားရသည်။ ဆိုင်ဖွင့်ပါကလည်း အားလုံး စိုးရိမ်ကြောင့်ကြမှုများနေသည့်အချိန်ဖြစ်၍ စားသုံးသူ များများစားစား မရှိပေ။


ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ ပုဖန်နှင့် ခဏတာ စကားစမြည်ပြောပြီး ထွက်သွားကြသည်။ သူ၏စားသောက်ဆိုင်၌ ဝေ့မနေကြပေ။


ပုဖန်လည်း မီးဖိုချောင်ထဲသွားကာ အချက်အပြုတ်စွမ်းရည်များနှင့် ဟင်းလျာချက်ပြုတ်နည်းသစ်များ လေ့ကျင့်ရန် ပြင်လိုက်သည်။


ပုဖန်တွင် စနစ်ရှိနေသော်လည်း တိုးတက်လိုပါက လုံ့လစိုက်ထုတ်ရမည်ကို ရှင်းလင်းစွာ သဘောပေါက်သည်။ သူ၏အချက်အပြုတ်စွမ်းရည်က ပိုမိုအားထုတ်မှ အဆင့်တက်လာမည်ကိုသိသည်။


ပုဖန် သမ်းဝေကာ အကြောဆန့်လိုက်သည်။ ထို့နောက် တံခါးပိတ်ရန် ပြင်နေသည်။


သို့သော် တံခါးပိတ်မည့်အချိန်၌ မျက်လုံးများမှေးကျဉ်းသွားပြီး အဝေးကို ကြည့်လိုက်သည်။


ထိုနေရာတွင် ကောင်လေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က လမ်းရှည်၏အဆုံးမှ ဖြည်းညှင်းစွာ လျှောက်လာသည်။


သူတို့လျှောက်လာစဉ်တွင် တိမ်မည်းများ သူတို့၏ခေါင်းအထက်တွင် တလိမ့်လိမ့်တက်လာပြီး ကြောက်မက်ဖွယ်ဖိအားနှင့် အော်ရာကို သယ်ဆောင်လာသည်။


လမ်းရှည်ပေါ်မှ လူများက သူတို့ကို ကြောက်လန့်စွာ ကြည့်နေသည်။


ထိုအမျိုးသမီးက သူ၏ညှို့အားပြင်းသောမျက်နှာကို ပေါ်လွင်စေသည့် လှပ၍ဆွဲဆောင်မှုရှိသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ တင်ပါးကို လှုပ်ရမ်းလျက် လျှောက်လှမ်းလာပြီး ဆွဲဆောင်မှုရှိသည့်အော်ရာ ထွက်ပေါ်နေသည်။


ထိုအမျိုးသမီးက အားလုံး၏အာရုံကို ဖမ်းစားထားပြီး လူအားလုံးနှစ်ခြိုက်သဘောကျမှုကြောင့် အသက်ရှုမှားမတတ်ဖြစ်နေသည်။


ထိုသို့ လှပသည့်အမျိုးသမီးက လူအားလုံး၏အာရုံကို လွယ်ကူစွာ ဖမ်းစားနိုင်သည်။


ပုဖန် တံခါးပိတ်ကာ ဟင်းချက်နည်းသစ်များ လေ့လာရန်တွေးနေစဉ် အံ့ဩသွားသည်။ ထိုနှစ်ယောက်ထံမှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လှုံ့ဆော်မှုများကို ခံစားမိနေသည်။


သူတို့က အလွန်ဝေးတေသေးသော်လည်း ကြောက်မက်ဖွယ်ဖိအားကို ဤနေရာအထိ ပို့လွှတ်နိုင်သည်။


ပုဖန် မတတ်နိုင်ပဲ မျက်မှောင်ကြုတ်မိသည်။ သို့သော် ထိုနှစ်ယောက်ကို ခဏစိုက်ကြည့်နေပြီး စားသောက်ဆိုင်တံခါးများကို ပြန်ဆွဲလိုက်သည်။


အဝေးမှလာနေသည့် ကျင်းထုံက ပုဖန်ကိုမြင်ပြီး စိတ်ပျော်ရွှင်သွားသည်။


ဒါက လျှို့မော့ပိုင်ပြောပြခဲ့တဲ့ သူ့ရဲ့ပြိုင်ဘက်ဆိုတဲ့လူပေါ့ ... သူ့ကိုကြည့်ရတာ ဘာမှ မထူးခြားပါဘူး ...


လျှို့မော့ပိုင်က ဘုံကိုးပါးမျိုးနွယ်စု ချီလင်စားဖိုမှ၏ အမွေအနှစ်ကို ရရှိထားသဖြင့် စွမ်းအားက မသေး‌လှသည့်အပြင် ချက်ပြုတ်စွမ်းရည်ကလည်း မဆိုးပေ။ သို့သော် စားဖိုမှူးစိန်ခေါ်ပွဲတွင် ချေမှူန်းခံလိုက်ရသည်။


ထိုသို့ ချေမှူန်းခံရသည်က မဖြစ်နိုင်လုနီးပါးဖြစ်သည်။ ဘုံကိုးပါးမျိုးနွယ်စု၏ နယ်သာစားဖိုမှူးများက စားဖိုမှူးစိန်ခေါ်ပွဲတွင် ကျွမ်းကျင်သူများဖြစ်ပြီး ကျရှူံးခဲလှသည်။


လျှို့မော့ပိုင်ရရှ်ိထားသည့် အမွေအနှစ်က အရည်အသွေး မြင့်မားသည်။ ထိုအရာတစ်ခုတည်းနှင့်ပင် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်တွင် ရိုသေလေးစားခံရရန် လုံလောက်ပြီဖြစ်သည်။


သို့သော် သူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အနိုင်ယူခံခဲ့ရသည်။


ထို့ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ အင်မော်တယ်စားဖိုမှူးများတွင် မည်သို့သော ထူးခြားစွမ်းရည်များရှိနေသည်ကို ကျင်းထုံ သိချင်လာသည်။


ကျင်းထုံနှင့်ပုဖန် လေထဲတွင် အကြည့်ချင်းဆုံသွားသည်။


ကျင်းထုံ၏ အကြည့်များတွင် စက်ဆုပ်မှုများ ရှိနေသည်။ ထို့နောက် သူအရှိန်မြှင့်လိုက်သည်။


မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး၏ ရှေ့တွင်ပေါ်လာပြီး သူ၏ လှောင်ပြောင်သရော်သည့် မျက်လုံးများက ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


ကျင်းထုံဆီမှ အနက်ရောင်ငရဲစွမ်းအင်နှင့် ဆွဲဆောင်မှုရှိသည့်အမျိုးသမီးက ပုဖန်ကို အံ့အားသင့်သွားစေသည်။


ငရဲစွမ်းအင်လား ...


ငရဲစွမ်အင်တွေ ရှိတယ်ဆိုတည်းက သူတို့က မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကဆိုတာ အတည်ပြုပြီးသား ဖြစ်နေပြီ ...


ဒီလို ဆတ်ဆတ်ထိမခံနိုင်တဲ့အချိန်မှ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကလူတွေ ဒီကို ရောက်လာတယ်ပေါ့ ...


ပုဖန် သက်ပြင်းချလိုက်သည်။


ကျင်းထုံ စကားပြောတော့မည့်အချိန်တွင် သူ၏မျက်နှာက ဇဝေဇဝါ ဖြစ်သွားသည်။


အဘယ့်ကြောင့်ဆိုသော် ပုဖန်က သူ့ကို တစ်ချက်ကြည့်ပြီး စကားတစ်လုံးမှ မပြောပဲနှင့် တံခါးပိတ်သွားသောကြောင့်ပင်။


ကျင်းထုံ ထိုနေရာ၌ ကြောင်အစွာရပ်ပြီး တံခါးပိတ်သွားသည်ကို ကြည့်နေရသည်။


သူ မျက်နှာမဲ့သွားသည်။

" တကယ်ကို ရူးနေတာပဲ ..."


ကျင်းထုံ အသက်ရှုထုတ်လိုက်ပြီး လက်ကို တစ်ချက်ခါလိုက်သည့်အခါ ဇောက်နက်သော ဧရာမဒယ်အိုးကြီး ပေါ်လာသည်။


သူ၏နှုတ်ခမ်းထောင့်စွန်းများက နတ်ဆိုးကဲ့သို့ ပြုံးလိုက်ပြီး ဒယ်အိုးကြီးကိုကိုင်ကာ စားသောက်ဆိုင်တံခါးများကို ချိန်ရွယ်ထားလိုက်သည်။