အခန်း ၁၁၁၁
ဆေးတစ်လုံးပေးမယ်
ကျင်းထုံ ဒယ်အိုးကိုထုတ်လိုက်သည်ကို မြင်သောအခါ ဆွဲဆောင်မှုရှိသောအမျိုးသမီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
ကျင်းထုံက ငယ်ရွယ်သည့်ကောင်လေးသာ ဖြစ်သော်လည်း သွေးဆူလွယ်သည်။
သူ၏လက်ထဲမှဒယ်အိုးက အံ့အားသင့်ဖွယ်ရာစွမ်းအားကြောင့် နာမည်ကြီးသည်။ အကယ်၍ ထိုဒယ်အိုးဖြင့် ရိုက်လိုက်ပါက စားသောက်ဆိုင်တစ်ခုလုံး အပျက်အစီးပုံ ဖြစ်သွားမည်သာ။
ထိုအမျိုးသမီးက ကျင်းထုံကို စော်ကားမိသော ပုဖန်ကို သနားနေမိသည်။
ကျင်းထုံကို စော်ကားမိသူတိုင်းက အဆုံးသတ်မကောင်းကြပေ။
ကျင်းလောက လျှို့မော့ပိုင်၏ပြိုင်ဘက်ကို ရင်ဆိုင်ရန် ကျင်းထုံကို ဤနေရာတွင်ထားခဲ့ခြင်းက သူ၏စိတ်နေစိတ်ထားကြောင့်ဖြစ်သည်။
ထို့အပြင် လျှို့မော့ပိုင်၏ ပြိုင်ဘက်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာတွင်နေကြောင်း သူတို့သိကြသည်။
ပထမအလွှာက အားအနည်းဆုံးဖြစ်ကာ ထိုနေရာတွင် နေထိုင်သူများကလည်း မသန်မာကြပေ။ ထို့ကြောင့် ကျင်းထုံက သူတို့ကိုဖြေရှင်းရာတွင် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။
ကျင်းထုံ၏ ဝိသေသလက္ခဏာက သာမန်မဟုတ်သောကြောင့် ကျင်းလောကသူကို မစွန့်စားခိုင်းရဲပေ။
ကျင်းလောက သူမကို ဤကလေးနှင့် နေခဲ့ရန် တာဝန်ပေးခြင်းက သူ့ကိုကာကွယ်ရန်ဖြစ်ကြောင်း သူမ ရှင်းလင်းစွာ နားလည်သည်။
သူတို့ ဤနေရာကို တိုက်ခိုက်ရန်လာခဲ့ခြင်းမဟုတ်ဟု ပြောသော်လည်း အကြောင်းကိစ္စများက မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးပေ။
ကျင်းထုံက အရည်အချင်းရှိပေမယ့် သူကံဆိုးခဲ့ရင်ရော ...
အံဒါကြောင့် သူမ ဒီနေရာမှာနေပြီး အဲ့လိုမဖြစ်လာအောငါ ကာကွယ်မှရမယ် ...
ဒါပေမဲ့ လက်ရှိအခြေအနေကတော့ ...
ဘုံကိုးပါးမျိုးနွယ်စု၏ သခင်လေးက လွှမ်းမိုးနိုင်ထားဆဲဖြစ်သည်။ သူ့ကို မည်သူမျှ အနိုင်မကျင့်ရဲပေ။ သူကသာ အနိုင်ကျင့်သူဖြစ်သည်။
ကျင်းထုံ၏မျက်လုံးများက စိတ်လှုပ်ရှားနေပုံပင်။ သူ၏လက်သေးသေးလေးဖြင့် ကြောက်မက်ဖွယ်စွမ်းအားများပါရှိသည့် ဒယ်အိုးစောက်ကြီးကို ကိုင်ထားသည်။
အဝေးတွင် ထုံဝူတီနှင့် လျှို့မော့ပိုင်တို့ အမှောင်ထဲမှ စောင့်ကြည့်နေကြသည်။
သူတို့နှစ်ယောက်က ပြပွဲကောင်းတစ်ခုကို ကြည့်ရှု့ရန်သက်သက် ရောက်နေကြခြင်းဖြစ်သည်။
သူတို့လုပ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့ပြီးပြီဖြစ်၍ ယခု ပြုလုပ်ရန်ရှိသည်က သူတို့၏မျက်စိရှေ့မှ ပျော်ရွှင်စရာများကို စောင့်ကြည့်ရန်သာဖြစ်သည်။
ဘုံကိုးပါးမျိုးနွယ်စု၏ အရည်အချင်းရှိ နယ်သာစားဖိုမှူးက ပုဖန်ကို သတ်နိုင်မည်မဟုတ်မဟုတ် သိချင်နေကြသည်။
လျှို့မော့ပိုင် အဝေးမှလူနှစ်ယောက်ကိုကြည့်ကာ မျက်လုံးထဲတွင် အရောင်များလက်လာသည်။
…
ကျင်းထုံ ဟစ်အော်လိုက်ပြီး ဧရာမဒယ်အိုးကြီးကိုကိုင်၍ စားသောက်ဆိုင်တံခါးများထံ ရိုက်ချလိုက်သည်။
သူ၏နောက်မှ အမျိုးသမီးက ဤမြင်ကွင်းကိုပျော်ရွှင်စွာ ကြည့်နေပြီး တစ်ခါတစ်ရံ သူမ၏ဆံပင်များကိုင်ကာ ဆော့ကစားနေသည်။
ထိုဒယ်အိုးက မည်မျှသန်မာကြောင်း သူမသိသည်။ ၎င်းက သာမန်ကိရိယာမဟုတ်ပေ။
ဝုန်း ..
ဒယ်အိုးက စားသောက်ဆိုင်တံခါးများကို ထိမှန်သွားသည်။
သို့သော် အားလုံးမျှော်လင့်နေကြသည့် ပေါက်ကွဲမှုကြီးက ဖြစ်မလာခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ဒယ်အိုး တံခါးပေါ်သို့ရောက်လာချိန်တွင် စားသောက်ဆိုင်တံခါးက အနည်းငယ်ဟသွားသည်။ ချက်ချင်းပင် ထိုအဟကြားမှ ပတ်တီးစည်းထားသည့် လက်မောင်းတစ်ခုထွက်လာပြီး ဒယ်အိုးကိုဖမ်းဆွဲလိုက်သည်။
ဝုန်း ...
အသံတိမ်တိမ်တစ်ခု ထွက်လာသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒယ်အိုးအတွင်း လှည့်ပတ်နေသော ခြိမ်းခြောက်နိုင်သည့် အားတစ်မျိုးကြောင့် နောက်ဆုတ်မိလုနီးပါး ဖြစ်သွားသည်။
မည်သို့ပင်ဖြစ်စေ ကျင်းထုံ၏စွမ်းအားက မလုံလောက်သေးပေ။ ပုဖန်ပိုင်ဆိုင်ထားသည့် အံ့ဩထိတ်လန့်စရာစွမ်းအားများကြောင့် အခြားလူများ၏ တိုက်ခိုက်မှုကို သူ မကြောက်ရွံ့ပေ။
သူ၏ ဂရုမစိုက်သောမျက်လုံးများက ကျင်းထုံကို စစ်ဆေးနေပြီး လက်ချိုးလိုက်သည်။ ထို့နောက် အားအနည်းငယ်ထုတ်ပြီး ဒယ်အိုးကို ပုတ်ထုတ်လိုက်သည်။
ဒယ်အိုးက ပေါက်ကွဲထွက်သွားသည်။
" ပြဿနာမရှာပါနဲ့ ... ငါတို့စားသောက်ဆိုင်ရဲ့ စီးပွားရေးလုပ်ချိန် ပြီးသွားပြီ ... ထမင်းတစ်နပ် စားချင်တယ်ဆိုရင် နက်ဖြန်မနက်စောစောလာပြီး တန်းစီပါ ..."
ပုဖန် လင်ပြန်ရုတ်လိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်မှလူနှစ်ယောက်ကို မျက်နှာသေဖြင့် ကြည့်နေသည်။
ကျင်းထုံ အသက်ရှုထုတ်လိုက်ပြီး ဒယ်အိုးစောက်ကြီးကို ကိုင်ထားတာ ပုဖန်ကို စူးစူးရဲရဲ ကြည့်နေသည်။
တန်းစီရမယ်တဲ့လား ...
ပုရွက်ဆိတ်တစ်ကောင်မ ဘုံကိုးပါးမျိုးနွယ်စုက ဉာဏ်ကြီးရှင်ကို တန်းစီခိုင်းနေတာလား ...
မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က နယ်သာစားဖိုမှူးတွေတောင်မှ သူ့ကိုတန်းစီခိုင်းဖို့ အရည်အချင်းနဲ့ သတ္တိမရှိကြဘူး ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အမှိုက်သာသာ အင်မော်တယ်စားဖိုမှူးက သူ့ကိုဒီလိုပြောဖို့ ဘယ်ကသတ္တိတွေ ရလာတာလဲ ...
" ခင်ဗျား ..."
ကျင်းထုံ မျက်လုံးများပြူး၍ စကားပြောရန်ကြံလိုက်သည်
ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုနေရာတွင် ရှိနေသူအားလုံး လန့်သွားကြသည်။
ကျင်းထုံ ကြောက်လန့်သွားသည့်အတွက် နှုတ်ခမ်းများ တသိမ့်သိမ့်တုန်လာသည်။
ထို့နောက် အမြှီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့ အလွန်ဒေါသထွက်လာသည်။
တံခါးကို သူ့မျက်နှာတည့်တည့်မှာဆောင့်ပိတ်သွားပြန်ပြီ ...
ဒီအင်မော်တယ်စားဖိုမှူးကတော့ သေချင်နေတာပဲ ...
ကျင်းထုံနောက်မှရပ်နေသည့် အမျိုးသမီးလည်း ကမောက်ကမဖြစ်သွားသည်ဟု ခံစားနေရသည်။
ဒီ စားသောက်ဆိုင်ပိုင်ရှင်က သတ္တိရှိသားပဲ ... ကျင်းထုံကို ဒီလိုပြောရဲတဲ့အပြင် မျက်နှာတည့်တည့်မှာ တံခါးကိုနှစ်ခါဆောင့်ပိတ်သွားတယ် ...
ဘယ်လိုပဲဖြစ်ဖြစ် ခပ်မိုက်မိုက်ပုံဖမ်းမိတဲ့အတွက် ရလာမယ့်အကျိုးဆက်တွေကတော့ အဲ့ဒီအင်မော်တယ်စားဖိုမှူးပဲ ခံစားရမှာ ...
အနက်ရောင်ငရဲစွမ်းအင်များ မြင့်တက်လာပြီး ကျင်းထုံ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ဝဲနေသည်။
ကျင်းထုံ ဒယ်အိုးကိုလျင်မြန်စွာမြှောက်ပြီး စားသောက်ဆိုင်တံခါးများထံ ပြင်းထန်စွာရိုက်ချလိုက်ပြန်သည်။
ဒီစားသောက်ဆိုင်ကို အပျက်အစီးပုံ ဖြစ်သွားတဲ့အထိ ချေမွပစ်ရမယ် ...
သို့သော် ဒယ်အိုးက တံခါးနားကပ်လာသည်နှင့် သူ၏အရှိန်က နှေးသွားပုံရသည်။
တံခါးကို ဖြေးညှင်းစွာထိသွားပြီး တံခါးခေါက်သံတိုးတိုးသာ ထွက်လာသည်။
ဒေါက် ...
ကျင်းထုံ ဇဝေဇဝါဖြစ်သွားသည်။ တံခါးကိုအကြိမ်ပြောင်းများစွာ ရိုက်ချသောလည်း သံစဉ်ကဲ့သို့ တံခါးခေါက်သံများသာ ထွက်လာသည်။
" ငါတို့ဆိုင်ပိတ်ပြီလို့ ပြောပြီးပြီနော် ... မနက်ဖြန်မနက်မှ လာတန်းစီ ..."
စားသောက်ဆိုင်ထဲမှ ထွက်လာသည့် ပုဖန်၏အသံကြောင့် ကျင်းထုံဒေါသဖြင့် အံကြိတ်ထားမိသည်။
ထိုကောင်လေး တံခါးများကို ကန်ပြီးဖွင့်ရန် ခြေထောက်မြှောက်လိုက်သည်။
သို့သော် ခြေထောက်က ပစ်မှတ်ကို မထိမီ စားသောက်တံခါးက ရုတ်တရက် ပွင့်လာသည်။
ကျင်းထုံ တံခါးကို မကန်လိုက်ရသည့်အတွက် ဟန်ချက်မညီဖြစ်ကာ လဲကျသွားသည်။ သူ၏မျက်နှာက ရုပ်ချည်းနီရဲလာသည်။
ဘာမှမပြောနိုင်မီမှာပင် အံ့ဩမှုများက တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
ထိုနေရာတွင် ရပ်နေသည့် ဧရာမသံရုပ်သေးရုပ်ကို မော့ကြည့်လိုက်သည်။ ၎င်း၏မျက်လုံးများတွင် လျှပ်စီးကြောင်းများ တလက်လက်တောက်နေပြီး သူ့ကိုပြန်စိုက်ကြည့်နေသည်။
" မင်း ... မင်းဘာလိုချင်လို့လဲ ..."
ဝှိုက်တီ၏ မျက်လုံးများမှ လျှပ်စီးကြောင်းများကို သတိပြုမိသွား၍ ကျင်းထုံ၏အသံများ တုန်ယင်နေသည်။
" ပြဿနာရှာတဲ့ လူတွေကို တခြားသူတွေအတွက် ဥပမာအနေနဲ့ အဝတ်တွေ ချွတ်ပစ်ရမယ် ..."
ဝှိုက်တီ၏ စက်ရုပ်အသံက ပဲ့တင်ထပ်လာသည်။
ထိုအသံကိုကြားချိန်တွင် ကျင်းထုံ၏နောက်တွင် ရပ်နေသည့်အမျိုးသမီးက အံ့ဩသွားသည်။
ထို့နောက်တွင် ...
ဆုတ်ဖြဲခံရသည့်ပိုးထည်များ လေထဲတွင် ဝဲနေပြီး အဝတ်ကို ဖြဲသည့်အသံများ ထွက်ပေါ်လာသည်။
" အစ်မကြီးရူ ကယ်ပါဦး ..."
ရူ ဟူသည့် နယ်သာစားဖိုမှူး၏မျက်လုံးများ မှေးကျဉ်းသွားသည်။
သို့သော် သူမ မတုံ့ပြန်နိုင်မီမှာပင် အဝတ်မဲ့ပုံရိပ်တစ်ခုက သူမရှေ့သို့ပျံလာသည်။
ကျင်းထုံ၏ ပိုးထည်အင်္ကျီက အပိုင်းပိုင်းဆုတ်ဖြဲခံရပြီးနောက် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ လွှင့်ပစ်ခံလိုက်ရသည်။
အစ်မကြီးရူက လျင်မြန်စွာ လက်မြှောက်လိုက်သည်။ အနက်ရောင်စားဖိုမှူးဝတ်စုံက လက်ထဲတွင်ပေါ်လာပြီး မြေပြင်ပေါ်မှကျင်းထုံကို လွှမ်းခြုံပေးလိုက်သည်။
ကျင်းထုံ၏မျက်နှာ သိသိသာသာပြောင်းလဲသွားပြီး ဝတ်ရုံကြီးကို ဝတ်လိုက်သည်။
စားဖိုမှူးဝတ်ရုံက သူ့အတွက် အလွန်ကြီးနေကာ အောက်သို့ပုံကျပြီး ဝတ်ရုံလက်များကလည်း ရှည်လွန်းနေသဖြင့် ရယ်စရာကောင်းနေသည်။
" ငါ့အဝတ်တွေကို ဖြဲရဲတယ်ပေါ့ ..."
ကျင်းထုံ အံကြိတ်ပြီးကြိမ်းဝါးလိုက်သည်။ သူ၏ဒယ်အိုးစောက်ကြီးကိုကိုင်၍ အော်လိုက်သည်။
ဝှိုက်တီက စားသောက်ဆိုင်ရှေ့တွင် ရပ်နေဆဲဖြစ်သည်။
" ဝှိုက်တီ သူ ပြဿနာထပ်ရှာမယ်ဆိုရင် အဝတ်တွေဖြဲပြီး ဝေးဝေးကို ကန်ထုတ်လိုက် ..."
စားသောက်ဆိုင်တွင်းမှ ပုဖန်၏အသံကြောင့် ကျင်းထုံ မျက်နှာမဲ့လိုက်သည်။
" ငါ့ကို အရှက်ခွဲရဲတယ်ပေါ့ ... အမှ်ိုက်ကောင် အင်မော်တယ်စားဖိုမှူး ... အပြင်ထွက်လာစမ်း ချီးပဲ ..."
ဒေါသထွက်နေသည့်ကျင်းထုံက အော်ဟစ်နေသည်။
အရင်က သူ့ကိုဘယ်သူမှ ဒီလို မဆက်ဆံဖူးဘူး ...
ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု လင်းလက်လာပြီး လူများစွာကို တစ်ပြိုင်နက် ထုံသွားလောက်အောင် အားပြင်းသော လျှပ်စစ်စီးကြောင်းများဖြင့် လေထဲတွင်ပြည့်သွားသည်။
ဝှိုက်တီ ကျင်းထုံရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ ၎င်း၏ သစ်ရွက်ကဲ့သို့လက်များက ကောင်လေးကိုဖမ်း၍ အဝတ်များကိုချွတ်ရန် ထပ်မံကြိုးစားတော့သည်။
သို့သော် အစ်ကြီးရူက လှုပ်ရှားလိုက်သည်။
ကျင်းလောက သူမကို ကျင်းထုံကို ကာကွယ်ခိုင်းခဲ့သည့်အတွက် ကာကွယ်ရမည်က သူမတာဝန်သာဖြစ်သည်။
သို့သော် ထိုသို့ ကာကွယ်လိုက်ချိန်တွင် သူမမျက်နှာအမူအရာကပြောင်းလဲသွားသည်။
ပြိုင်ဘက်၏လက်မှ စွမ်းအားကြီးသည့် လျှပ်စီးကြောင်းများ အဆက်မပြတ် ထုတ်လွှတ်နေသည်။
ဝုန်း ...
လေပွေတစ်ခု တိုက်ခတ်သွားသည်။
အစ်မကြီးရူ အနည်းငယ် တုန်ယင်သွားပြီး နောက်ဆုတ်လိုက်သည်။
" ဒါဘာကြီးလဲ ..."
ဝှိုက်တီက ရုပ်သေးရုပ်ဖြစ်မှန်းသိပေမဲ့ ရုပ်လေးရုပ်တစ်ရုပ်က အဲ့လောက်ကြောက်စရာကောင်းရလား ...
ဝှိုက်တီ တုန်ခါသွားပြီး ၎င်း၏တိုက်ခိုက်မှုကို ထိန်းထားသည်။
ရုတ်တရက် သူ၏အော်ရာ ပြောင်းလဲသွားသည်။
စူးရှသည့်အသံတစ်ခု ထွက်ပေါ်လာပြီး ဝှိုက်တီ၏နောကိမှ သတ္တုတောင်ပံများ ဖြန့်ကျက်ထွက်ေပါ်လာကာ ဖိနှိပ်ချုပ်ချယ်လိုသည့် အော်ရာများ ထွက်ပေါ်လာသည်။
သို့သော် ဝှိုက်တီ မလှုပ်ရှားမီမှာပင် ပုဖန်က မီးဖိုချောင်ထဲမှ ထွက်လာသည်။
" ဝှိုက်တီ ပြန်လာတော့ ..."
ပုဖန် တံခါးနားကို လျှောက်လာသည့် ပူနွေးသည့်အသားလုံးများက သူ၏လက်ဖဝါးထက်တွင် ပေါလောမျောနေသည်။
သတ္တုတောင်ပံများကိုပြန်သိမ်းကာ ပုဖန်၏နောက်တွင် မျက်နှာသေဖြင့် သွားရပ်နေသည်။
အစ်မကြီးရူနှင့် ကျင်းထုံတို့ သတိကပ်သွားကြသည်။
" ငါတို့မင်းကို တိုက်ခိုက်ဖို့လာတာမဟုတ်ဖူး ရုပ်သေးရုပ်ကို ပြန်ခေါ်ထားပါ ..."
အစ်မကြီးရူ ပြောလိုက်သည်။
" ငါတို့မင်းကို ..."
" ဒီစကားတွေကို ယုံရမှာလား ..."
ပုဖန်က တည်ငြိမ်စွာလှည့်လာပြီး အစ်မကြီးရူကို မေးလိုက်သည်။
" ကျုပ် ခင်ဗျားနဲ့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်မယ် ... ပြိုင်ရဲလား ..."
ကျင်းထုံ အံကြိတ်ပြီးပြောလိုက်သည်။
အဲ့ဒီရုပ်သေးရုပ်က ငါ့ကိုအဝတ်တွေချွတ်ပြီး ကန်ထုတ်လိုက်တယ် ..."
အရှက်ခွဲခံရမှုက လက်သင့်မခံနိုင်စရာပေ။ ထိုသို့ နှိပ်စက်မှုမျိုးကို သူ ယခင်က မကြုံတွေ့ခဲ့ဖူးပေ။
" စားဖိုမှူးစိန်ခေါ်ပွဲလား ..."
ပုဖန် အံ့အားသင့်သွားသည်။ တစ်ဖက်လူက သူနှင့်အချက်အပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်ချင်မည်ဟု မတွေးထမိပေ။
ဘာပဲဖြစ်ဖြစ် ...
စားဖိုမှူးစိန်ခေါ်ပွဲများကို ပုဖန် စိတ်မဝင်စားတော့ပါ။
" စိတ်မဝင်စားဘူး ...
ပုဖန် မဲ့ပြုံးပြုံးလိုက်ပြီး စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသည်။
ဂျိန်းခနဲအသံဖြင့် တံခါးကို ဆောင့်ပိတ်သွားပြန်သည်။
ကျင်းထုံ အံ့ဩပြီး ဘာမှ မပြောနိုင်တော့ပေ။
ပုဖန်က သူနဲ့တူတူ စားဖိုမှူးစိန်ခေါ်ပွဲလုပ်ဖို့ တကယ်စိတ်မဝင်စားတာလား ... ဘာလို့လဲ ....
အစ်မကြီးရူ မျက်ခုံးများပင့်လိုက်သည်။
အမှောင်ထဲတွင်ပုန်းနေသည့် ထုံဝူတီ အံ့အားသင့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။
" အဲ့ဒီနှစ်ယောက် ငတုံးတွေလား ..."
လျှို့မော့ပိုင် အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဘုံကိုးပါးမျိုးနွယ်စုက ဉာဏ်ကြီးရှင်စားဖိုမှူးတွေ ဒီနှစ်ယောက်လိုငတုံးပဲလား ...
ဒီတိုင်းပြောပြီး စားဖိုမှူးစိန်ခေါ်ပွဲလုပ်ဖို့ တွန်အားပေးနေတာလား ... တစ်ဖက်လူကို သူတို့လို ငတုံးထင်နေတာလား ...
လျှို့မော့ပိုင် မသေမျိုးသစ်ပင်နေရာတွင်ရှိစဉ်က တခြားသူများအပေါ် စွမ်းအားသုံးပြီး စားဖိုမှူးစိန်ခေါ်ပွဲလုပ်ခဲ့ရသည်။
ကျင်းထုံ အသက်ပြင်းပြင်းရှုလိုက်ပြီး စားသောက်ဆိုင်ကို စိုက်ကြည့်နေသည်။
" ရှင် မထွက်လာဘူးလား ... လိပ်လိုမျိုး အခွံထဲမှာ ပုန်းနေတော့မှာလား ... ကောင်းပြီလေ ကျွန်မတို့ ပထမအလွှာက အင်မော်တယ်စားဖိုမှူတိုင်းနဲ့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်မယ် ...အားလုံးတစ်ယောက်မကျန်နော် ... ရှင်အဲ့ချိန်ထိ ပုန်းနေဦးမှာလား ကြည့်ရသေးတာပေါ့ ... သူတို့ ဒီကိစ္စထဲ ဆွဲခေါ်ခံရတာ ရှင့်ကြောင့်ဖြစ်သွားမှာနော် ..."
အစ်မကြီးရူက စားသောက်ဆိုင်တံခါးကိုကြည့်ကာ ပြောလိုက်သည်။
သူမ၏ ဆံပင်ကောက်များက လေနှင့်အတူ လွင့်နေသည်။
သူမပြောသည်များကို ကျင်းထုံပြောသည့်အခါ " ဟုတ်တယ် "ဟု စိတ်ကြီးဝင်စွာဖြင့် အော်လိုက်သည်။
စားသောက်ဆိုင်အတွင်းပိုင်းတွင် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေသည်။
ပုဖန် ပြန်မဖြေပေ။
အစ်မကြီးရူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ ပုဖန် သူတို့ကိုကြောက်သည်ကို သူမ သိသည်။
ခဏကြာသောအခါ စားသောက်ဆိုင်ထဲမှာ သက်ပြင်းချသံ ကြားလ်ိုက်ရသည်။ ထို့နောက် အသံတိုးတိုးတစ်သံ ထွက်လာသည်။
" ရော့ ... မင်းတို့ကို ဆေးတစ်လုံး ပေးပါရစေ ..."
ရှဲ ရှဲ ...
စားသောက်ဆိုင်တံခါးများ ပွင့်လာသည်။
အငွေ့များ လွှမ်းခြုံထားသည့် ရွှေရောင်ဆေးလုံးတစ်လုံး စားသောက်ဆိုင်ထဲမှ ပျံထွက်လာသည်။ ၎င်းက ကျင်းထုံနှင့် အစ်မကြီးရူထံသို့ ပြန်လာသည်။
ဆေးလုံးတစ်လုံးလား ...
ကျင်းထုံ အနည်းငယ် အံ့အားသင့်သွားသည်။ ရွှေရောင်ဆေးလုံးကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။
ထိုအချိန် အစ်မကြီးရူ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ ထိုဆေးလုံးမှ ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားလိုက်ရသည်။
ကျင်းထုံ လက်ဆန့်ထုတ်၍ ထိုဆေးလုံးကို ဖမ်းလိုက်သည့်အခါ သူမ မျက်နှာကမဲမှောင်သွားသည်။
ဝုန်း ...
ကျယ်လောင်သည့် ပေါက်ကွဲသံကြီး က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မီးတောက်များက ကောင်းကင်ပေါ်ထိ တက်လာသည်။
ပွင့်ထွက်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်က ကြမ်းပြင်ကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
ဖုန်နှင့်သဲများ ကောင်းကင်ပေါ်ထိ တက်လာသည်။
ပုဖန် လက်နောက်ပစ်လျက် စားသောက်ဆိုင်ထဲမှ ထွက်လာသည်။
တံခါးဝတွင် ရပ်နေပြီး အနက်ရောင်မီးခိုးလုံးကြီးကိုကြည့်ကာ ပြောလိုက်သည်။
" ကျုပ်နဲ့ စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ချင်ရင် ဒီကိုလာခဲ့ ..."
ဖုန်များပြန့်ကျဲသွားသည်နှင့် အတွင်းမှ ပုံရိပ်နှစ်ခု ပေါ်လာသည်။
အစ်မကြီးရယက ကျင်းထုံ၏ရှေ့တွင် ရပ်နေသည်။ မပေါက်ကွဲမီအချိန်က သွေးနီရောင်အတောင်လက်ဖွဲ့ကိုထုတ်၍ ထိုပေါက်ကွဲမှုမှ ကာကွယ်ရန် အစီအရင်တစ်ခုဖြင့် ကာထားခဲ့သည်။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ကျင်းထုံ ဒေါသထွက်လာသည်။
အသားလုံးတစ်လုံးကြောင့် ဒုက္ခရောက်တော့မလို့ ... အဲ့လူက အထဲမှာ လက်နက်တစ်မျိုးထည့်ထားတာလား ..
ဘာလို့သောက်ကျင့်ယုတ်တဲ့ အင်မော်တယ်စားဖိုမှူးတစ်ယောက်က ဒီမှာ ရှ်ိနေတာလဲ ...