အပိုင်း ၁၁၁၂
Viewers 52k

အခန်း ၁၁၁၂

အော်ဟစ်ငိုယိုသည်အထိ အနိုင်ကျင့်ခံလိုက်ရသောကောင်လေး


ထစ်ချုန်းမိုးအမဲသားလုံးများက အစ်မကြီးရူနှင့် ကျင်းထုံတို့ကို အစအနများဖြစ်သည်အထိ မဖောက်ခွဲလိုက်နိုင်ပေ။ 


ပုဖန် ၎င်းကို မအံ့ဩပေ။ ထစ်ချုန်းမိုးအမဲသားလုံးလေးတစ်လုံးခန့်ဖြင့် ထိုနှစ်ယောက်ကို သေသည်အထိ မဖောက်ခွဲနိုင်ကြောင်း သူသိသည်။


၎င်းတို့နှစ်ယောက်၏ ကိုယ်မှ ထွက်လာသော ထူထဲသည့် ငရဲစွမ်းအင်များကို ကြည့်ခြင်းအားဖြင့် ငရဲအကျဉ်းထောင်မှလူများဖြစ်ကြောင်း သံသယဝင်ရန် မလိုပေ။


ထို့အပြင် အမြဲတစေ စားဖိုမှူးစိန်ခေါ်ပွဲ ပြုလုပ်ချင်သူများက မဟူရာငရဲ ချက်ပြုတ်ခြင်းနယ်ပယ်မှ လူများသာဖြစ်နိုင်သည်။


မော့ရှို့နှင့်အခြားလူများမှလွဲ၍ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှလူများက ဤသို့ ဆတ်ဆတ်ထိမခံနိုင်ချိန်တွင်မှ ရောက်လာကြသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွင်းတွင် ကြီးမားသည့် ပြောင်းလဲမှုများဖြစ်ပေါ်နေသည်။ နယ်ပယ်သခင်တိထိုက် ဤကပ်ဆိုးကြီးကို မကိုင်တွယ်နိုင်သည့်အချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က တဖြည်းဖြည်းပျက်စီးသွားမည်ဖြစ်သည်။


ဤဘေးအန္တရာယ်ကြီးက ပုဖန်အတွက်လည်း ကောင်းကျိုးမရှိနိုင်ပေ။ 


ပထမဦးစွာ ပုဖန် ကလေးတစ်ယောက်နှင့် မတိုက်ခိုက်ချင်ပေ။ သို့သော် အစ်မကြီးရူ၏စကားလုံးများက သူ့ကို မျက်မှောင်ကြုတ်သွားစေပြီး မဆိုင်းမတွ လှုပ်ရှားလိုက်မိစေသည်။


သူမက ပုဖန်ကို သတိပေးသည့်အနေဖြင့် – စားဖိုမှူးစိန်ခေါ်ပွဲကို ငြင်းဆိုပါက ပထမအလွှာမှ အခြားအင်မော်တယ်စားဖိုမှူးများကို သွားရောက်စိန်ခေါ်မည်ဟု ပြောခဲ့သည်။


ယခုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ၎င်း၏အင်မော်တယ်စားဖိုမှူးများ‌ကို မျှော်လင့်ပြီး ဆက်လက်ရပ်တည်နေရခြင်းဖြစ်သည်။ သူတို့၏ အချက်အပြုတ်လမ်းစဉ်က သူတို့ကို ထောက်ပံ့နေပြီး အပြန်အလှန်အနေဖြင့် သူတို့က မသေမျိုးချက်ပြုတ်ခြင်းနယ့်ပယ်ကို ထောက်ပံ့နေကြခြင်းဖြစ်သည်။


သို့ရာတွင် ၎င်းတို့ချက်ပြုတ်ခွင့်များ ယူဆောင်သွားခံရပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူများ မျှော်လင့်ချက်ပျက်သုဉ်းသွားမည်ဖြစ်သည်။


အကယ်၍ အမှတ်တစ်ခု ပြိုလဲသွားပါက နယ်ပယ်တစ်ခုလုံး ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။


ပုဖန် သူ့ကိုယ်သူမြင့်မြတ်သည်ဟု မသတ်မှတ်ထားသော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဤသို့ဖျက်ဆီးခံရမည်ကို မမြင်တွေ့လိုပေ။ 


ထို့ကြောင့် စားဖိုမှူးစိန်ခေါ်ပွဲကို လက်ခံလိုက်သည်။


ဝှစ် ...


လေတိုက်ခတ်နေသဖြင့် ဖုန်မှုန့်များကို အဝေးသို့ လွင့်သွားစေသည်။


ပုဖန် စားသောက်ဆိုင်ထဲမှထွက်လာပြီး တံခါးဝတွင် ရပ်နေသည်။ လက်နောက်ပစ်ထားပြီး ကျင်းထုံနှင့် အစ်မကြီးရူကို မျက်နှာသေဖြင့် ကြည့်နေသည်။


" သောက်ကျင့်မကောင်းတဲ့ အင်မော်တယ်စားဖိုမှူး ... ငါတို့ကို ချုံခိုတိုက်ရဲတယ်ပေါ့ ..."


ကျင်းထုံ၏မျက်နှာက နီရဲနေသည်။ သူ၏ အမျက်ဒေါသများကို မျက်လုံးထဲတွင် မြင်နေရသည်။ 


ပုဖန် ပစ်လိုက်သည့် အမဲသားလုံးက ပေါက်ကွဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အစ်မကြီးရူက အစီအရင်ဖြင့် ကာကွယ်ထားခဲ့သောကြောင့် ကံကောင်းစွာဖြင့် သူတို့ မထိခိုက်ခဲ့ကြပေ။ မဟုတ်ပါက သူတို့မျက်နှာတွင် ဖုန်မှုန့်များဖြင့် ပြည့်နေကာ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကို သိက္ခာကျစေလိမ့်မည်။


" ဒါဆိုရင် မင်းတို့က မဟူရာငရဲ ချက်ပြုတ်ခြင်းနယ်ပယ်ကပေါ့ ..."

ပုဖန် တည်ငြိမ်စွာပြောလိုက်သည်။


" ငါတို့ကို သတိပြုမိသွားပြီပေါ့ ... ကြောက်သွားပြီလား ..."

ကျင်းထုံ ပြုံးလိုက်သည်။ ဧရာမဒယ်အိုးကြီးကိုကိုင်ထားလျက် သူ၏မျက်နှာတွင် စိတ်ကြီးဝင်နေသည့် အကြည့်တစ်ခု ပေါ်လာသည်။ 


အစ်မကြီးရူ၏ အမူအရာက အလွန်အမင်း ခက်ထန်သွားသည်။ ပုဖန်က ပေါက်ကွဲတတ်သည့် အမဲသားလုံးက်ို ပစ်လိုက်ချိန်မှစ၍ သူမကို ကြောက်မက်ဖွယ်ရာဖိအားများပေးနေသည်။


ခြိမ်းခြောက်နိုင်သော အရိပ်တစ်ခုက သူမနှလုံးသားကို လွှမ်းခြုံထားသည်။


ပုဖန်၏အကြည့်က ကျင်းထုံဆီရောက်သွားပြီး ခေါင်းခါလိုက်သည်။

" မကြောက်ပါဘူး ငရဲအကျဉ်းထောင်စားဖိုမှူးတွေက စက်ဆုပ်စရာကောင်းတယ် ... မင်းတို့တွေက စားဖိုမှူးစိန်ခေါ်ပွဲလုပ်ဖို့ လူတွေကို တွန်းအားပေးကြတယ် ..."


ခဏရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။

" ကောင်းပြီး မင်းရဲ့စိန်ခေါ်ပွဲကို လက်ခံတယ် ... ငါ့ကို စိတ်မပျက်စေနဲ့ ... ကျေးဇူးပြုပြီး ဒီစားဖိုမှူးစိန်ခေါ်ပွဲမှာ ငါ့ကိုအံ့အားသင့်အောင်လုပ်ပေးပါ ..."


ကျင်းထုံ၏မျက်လုံးများ အရောင်တောက်သွားသည်။


သူ လက်ခံလိုက်ပြီပေါ့ ...


ပုဖန် လက်မခံမည်ကို ကြောက်ရွံ့သောကြောင့် စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားကိုပင် တိုက်ပွဲကိုကြည့်ရှု့ခွင့်မပြုခဲ့ပေ။


ယခု ပုဖန်က လက်ခံလိုက်ပြီဖြစ်၍ အရာအားလုံး အဆင်ပြေချောမွေ့တော့မည်ဖြစ်သည်။


" ခင်ဗျား မကြာခင် စိတ်ပျက်မှုတွေကို ခံစားရမှာပါ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ကျင်းထုံရဲ့ ဒဏ္ဍာရီက ခင်ဗျားနဲ့ စတင်မယ် ..."

ကျင်းထုံ ပြုံးပြလိုက်သည်။ အတွေးတစ်ခုဖြင့် ကြောက်မက်ဖွယ်စွမ်းအင်များ မြင့်တက်လာပြီး ပုဖန်ကို လွှမ်းခြုံသွားသည်။


သို့သော် ပုဖန်က တည်ငြိမ်စွာဖြင့် စားသောက်ဆ်ိုင်တံခါးဝမှ ရှေ့သို့လျှောက်လှမ်းလာသည်။ သူ့ကိုလွှမ်းခြုံထားသည့် စွမ်းအင်လှိုင်းများကြောင့် ရပ်တန့်မသွားပေ။


ထို့နောက် ကောင်းကင်ပေါ်တွင် အရိပ်တစ်ခု ပေါ်ထွက်လာသည်။


၎င်းက လေထဲတွင် တဖြည်းဖြည်းပုံစံပေါ်လာပြီး ပုဖန် သိရှိထားသည့် စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ပုံရိပ် ဖြစ်လာသည်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားကို မြင်လိုက်သည့်အခါ ပုဖန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။


ဒီဟာက နည်းနည်းတော့ ထူးဆန်းနေတယ် ...


သို့ရာတွင် ၎င်းကိုလေ့လာရန် ပုဖန်အရည်အချင်းမပြည့်မီသေးပေ။ 


" ခင်ဗျားက စားဖိုမှူးစိန်ခေါ်ပွဲကို လက်ခံလိုက်ပြီဆိုတော့ စိတ်ပြောင်းလို့ မရတော့ဘူးနော် ..."

ပုဖန် စိတ်ပြောင်းသွားမည်ကိုစိုးရိမ်၍ ကျင်းထုံ ရဲတင်းစွာပြောလိုက်သည်။


" ငါသိပါတယ် ကောင်လေး ..."

ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။


တစ်စုံတစ်ယောက်က သူ့ကိုကလေးဟုခေါ်လျှင် ကျင်းထုံအမြဲတစေ ဒေါသထွက်တတ်သည်။ ယခုတစ်ကြိမ်တွင်လည်း ထူးမခြားနားပင်။ ပုဖန် ကောင်လေးဟု ခေါ်လိုက်သောအခါ သူ၏မျက်လုံးများက ချက်ချင်းပင် နီရဲလာသည်။


" ကျုပ်က ကလေးမဟုတ်ဖူး ... ကျင်းထုံလို့ခေါ်တယ် ... ဘုံကိုးပါးမျိုးနွယ်စုရဲ့ အငယ်ဆုံးနယ်သာစားဖိုမှူး... ပထမအဆင့်နယ်သာစားဖိုမှူး ..."

သူ၏ကြောင်အမြှီးကို တစ်စုံတစ်ယောက်က တက်နင်းလိုက်သကဲ့သို့ ကျင်းထုံတုံ့ပြန်လိုက်သည်။


" မင်းက ကလေးမဟုတ်ဖူးလား ..."

ပုဖန် မဲ့ပြုံးပြုံးပြလိုက်ပြီး ခေါင်းခါလိုက်သည်။ သူပြောလိုက်သည်စကားက ထိုပထမအဆင့်နယ်သာစားဖိုမှူးမှာ ကလေးတစ်ယောက်နှင့် မကွာခြားဟူ၍ သွယ်ဝိုက်ပြောဆိုသလိုပင် ဖြစ်သွားခဲ့ပုံပင်။


" ကဲ ငါအလျင်လိုနေတယ် ... စားဖိုမှူးစိန်ခေါ်ပွဲပြီးရင်ဟင်းချက်နည်းသစ်တွေ လေ့လာရဦးမယ် ..."


ကျင်းထုံ တည်ငြိမ်သွားပြီး အစ်မကြီးရူလည်း ဘေးကပ်သွားသည်။ 


တစ်ချိန်တည်းမှာပင် အင်မော်တယ်စားဖိုမှူးများစွာ စုဝေးလာကြသည်။


ကုန်းရှို့မိသားစုမှ လူများလည်း ရောက်လာသည်။ 


သူတို့အားလုံး ထုံမိသားစုအိမ်တော်သို့ ရောက်ရှိသွားချိန်၌ အပျက်အစီးပုံကြီး ဖြစ်နေသည်ကိုသာ တွေ့ခဲ့ရသည်။ ‌ခြေရာကောက်၍ လိုက်လာသည့်အခါ ဤမြင်ကွင်းကို တွေ့လိုက်ကြသည်။


ကုန်းရှို့ပန်က ဤအဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ ကောင်လေးတစ်ယောက်က ပုဖန်ကို စားဖိုမှူးစိန်ခေါ်ပွဲလုပ်ရန် စည်းရုံးနေသည်ကို တွေ့သောအခါ သူ၏အမူအရာက ထူးဆန်းလာသည်။


" အစ်ကိုကြီး ... သူတို့က စားဖိုမှူးစိန်ခေါ်ပွဲ လုပ်မှာလား ..."


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ပဏာမပွဲစဉ်များ ပြီးဆုံးသွားပြီးနောက် ကုန်းရှို့ယွင်က ပထမအလွှာသို့ ပြန်လာခဲ့ရသည်။ ထို့ကြောင့် မသေမျိုးသစ်ပင်နေရာတွင် ပုဖန်နှင့် လျှို့မော့ပိုင်တို့၏ စားဖိုမှူးစိန်ခေါ်ပွဲကို မမြင်ခဲ့ရပေ။ ထို့ကြောင့် ပုဖန် မည်မျှကြောက်စရာကောင်းသည်ကို မသိပဲ ပုဖန်ကို စိုးရိမ်နေသည်။ 


" ကြည့်ရတာ အဲ့ကောင်လေးနဲ့ ဟိုမိန်းကလေးက ထုံမိသားစုအိမ်တော်တစ်ဝက်လောက်ကို ဖျက်ဆီးခဲ့တဲ့လူတွေထင်တယ် ...ထုံဝူတီကတော့ သူတို့လုပ်တယ်ပြောတာပဲ ... သူတို့ရောက်ရောက်ချင်း ပိုင်ရှင်ပုကို ပြဿနာရှာတော့တာပဲ ... ငတုံးတွေလားမသိဘူး ..."

ကုန်းရှို့ပန် ခေါင်းခါလိုက်သည်။


ကုန်ရှို့ပန်က ပုဖန်၏ အမာခံပရိသတ် ဖြစ်နေခဲ့ပြီဖြစ်သည်။


သေမျိုးကမ္ဘာမှလာသည့် စားဖိုမှူးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို မုန်တိုင်းထန်စေခဲ့သည့်အပြင် အရည်အချင်းရှိ နယ်သာစားဖိုမှူးများကိုပင် ချေမှူန်းနိုင်ခဲ့သည်။


သူ့ကိုယ်သူ ယုံကြည်သည်ထက် ပုဖန်ကိုပို၍ ယုံကြည်သည်။


" ကောင်းတယ် ... ပိုင်ရှင်ပု အဲ့ဒီကောင်စုတ်လေးကို ဘယ်လိုပညာပြမလဲ ကြည့်ရတော့မယ် ..."


ကုန်းရှို့ပန်က ကုန်းရှို့မိသားစုမှအဖွဲ့ကို ရပ်တန့်စေပြီး စားဖိုမှူးစိန်ခေါ်ပွဲကို အဝေးမှသာ ကြည့်နေသည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် ရွှမ်ယွမ်ရွှမ်တို့လည်း အဝေးမှ စိတ်ရှုပ်ထွေးနေသော အမူအရာများဖြင့် ကြည့်နေကြသည်။


" ပိုင်ရှင်ပု အနိုင်ရမှာလား ... သူ့ရဲ့ပြိုင်ဘက်တွေက ထုံမိသားစုအိမ်တော် တစ်ဝက်လောက်ကို ဖျက်ဆီးခဲ့တဲ့ ကျင့်ကြံသူတွေနော် ... ထုံဝူတီပြောတာသာ မမှားဘူးဆိုရင် ပုဖန်က အဲ့လို တုံးအတဲ့အရာကို လုပ်တော့မယ်ထင်လား ..."

ရွှမ်ယွမ်ရွှမ်လည်း အနည်းငယ် စိုးရိမ်စွာပြောလိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ သူ့ညီမလေးကိုကြည့်ပြီး ဘာမှမပြောလိုက်ပေ။


ပိုင်ရှင်ပုတွင် ထူးခြားသာလွန်သည့်စွမ်းရည်များ ရှိသောကြောင့် ရွှမ်ယွမ်ရှား‌ဟွေ့က သူ့ကို ယုံကြည်သည်။


လူများစွာက သူ့ကို ကြည့်ရှု့နေကြသဖြင့် ကျင်းထုံ ပို၍ စိတ်လှုပ်ရှားလာသည်။


လူများစွာက ဝိုင်းအုံကြည့်ရှု့နေသည့်ခံစားချက်ကို သူသဘောကြသည်။ သူတိုက်ပွဲတွင် အနိုင်ရသည့်အချိန်တိုင်း လူအများက ချီးကျူးကြလျှင် ပို၍ စိတ်ကျေနပ်သည်။


" ကောင်‌လေး မင်းဘာလို့ ငတုံးတစ်ယောက်လို ရယ်နေတာလဲ ... အခုပဲ စားဖိုမှူးစိန်ခေါ်ပွဲအတွက် ပြင်ဆင်တော့ ... မြန်မြန်တိုက်ရင် မြန်မြန်အနိုင်ရမယ် ..."

ဒယ်အိုးကြီးကိုင်၍ အရူးတစ်ယောက်ကဲ့သို့ ပြုံးနေသော ကျင်းထုံကို ပုဖန် တည်ငြိမ်စွာပြောလိုက်သည်။


ကျင်းထုံ စိတ်ပြန်လည်စုစည်းပြီး နှာခေါင်းရှုံ့လိုက်သည်။ လက်ကိုဖျစ်ညှစ်လိုက်သည့်အခါ သူ၏အချက်အပြုတ်ကိရိယာများ ပေါ်လာသည်။ ၎င်းတို့အားလုံးမှ အနက်ရောင်ငရဲစွမ်းအင်များ ထုတ်လွှတ်နေသည်။


သူ၏ ကိရိယာများ အပေါ်သို့တက်လာသည်နှင့် ၎င်းတို့အတွင်းမှစွမ်းအင်များ မြင့်တက်လာသည်။ ထိုအချက်အပြုတ်ကိရိယာများ၏ အဆင့်က အလွန်မြင့်မားကြောင်းသိသာလှသည်။


" ကျုပ် ကြားခဲ့တာ ခင်ဗျားက ဘုံကိုးပါးမျိုးနွယ်စုရဲ့ ဆက်ခံသူကိုချေမှူန်းခဲ့တယ်ဆို ... ဟမ့် ဒီနေ့ ကျုပ်ဆိုတဲ့ကျင်းထုံက ဘုံကိုးပါးမျိုးနွယ်စုရဲ့သိက္ခာကို ပြန်ယူလာပေးမယ်... နယ်သာစားဖိုမှူးတွေက ဘယ်လောက်စွမ်းအားကြီးပြီး ‌ထိတ်လန့်ခြောက်ခြားစရာကောင်းတယ်ဆိုတာ ပြရမယ် ..."


ကျင်းထုံက အရောင်တောက်နေသည့် ဓားတစ်ချောင်းကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ ဓားလှုပ်ရှားသွားသည့်အခါ ရောင်ခြည်များက နေရညအနှံ့မှ ထွက်ပေါ်လာသည်။


" အင်း အကောင်းဆုံးလုပ်လေ ..."

ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။


" ကဲအခု စားဖိုမှူးစိန်ခေါ်ပွဲ စတင်ပါမယ် ..."

ဤစားဖိုမှူးစိန်ခေါ်ပွဲ၏ စည်းကမ်းဒိုင်ဖြစ်သည့် အစ်မကြီးရူက ကြေညာလိုက်သည်။ သူမက စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏အောက်တွင် ရပ်နေသည်။


ကျင်းထုံ လက်သီးလက်မောင်းတန်း၍ အော်ဟစ်လိုက်သည်။


ဝှစ် ...


လေဟာနယ်ဆုတ်ပြဲသွားပြီး ပါဝင်ပစ္စည်းများ ပျံဝဲလာကာ ကြောက်မက်ဖွယ်လှိုင်းများ ထွက်ပေါ်လာသည်။


လက်ထဲမှဓားဖြင့် အလျားလိုက်ပိုင်းဖြတ်လိုက်သည်။


ကျင်းထုံကိုကြည့်နေပြီး ပုဖန်၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။


အတွေးတစ်ချက်ဖြင့် နဂါးအော်သံကြီးနှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လက်ထဲတွင်ပေါ်လာသည်။


ဓားကိုကိုင်လိုက်ချိန်တွင် ပုဖန်၏အော်ရာက ချက်ချင်းပြောင်းလဲသွားသည်။


ဝှစ် ...


ရွှေရောင်ဓားအလင်းတန်းကြီးက အရာရာကို ဖြတ်ပိုင်းမည့်ဟန်ဖြင့် ကောင်းကင်တစ်ခွင်ကို ဖြတ်သန်းသွားသည်။


ကျင်းထုံ၏ ပတ်ပတ်လည်မှ ကမ္ဘာကြီးက အလင်းရောင်ခြည်တန်းများဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။ 


၎င်းက သူ၏ဓားစွမ်းရည်ကို တုံ့ဆိုင်းသွားစေသည်။


ဝှီး ...


ကျင်းထုံက အနီရောင်ဝိညာဉ်သားရဲအသားကိုထုတ်ယူလိုက်သည်။ အသက်ပြင်းပြင်းရှုကာ ဓားဖြင့် ထိုအသားကိုမခုတ်ပိုင်းမီ ပုဖန်ကို မုန်းတီးစွာ ကြည့်လိုက်သည်။


ပုဖန်လည်း ကျင်းထုံကို ခဏတာကြည့်နေပြီး ခေါင်းငုံ့ကာ ဓားကိုလှည့်လိုက်သဖြင့် အ‌လင်းရောင်ခြည်များ တောက်ပလာသည်။


ဓားကို လေထဲတွင် လှည့်လိုက်သည်။


သူ၏ရှေ့တွင်ရှိသော အမဲသားက ယခင်စားဖိုမှူးစိန်ခေါ်ပွဲမှ လက်ကျန်အသားတုံးဖြစ်သည်။ ယခုက ထိုအသားကိုသုံးရန် အကောင်းဆုံးအချိန်ဖြစ်သည်။


" အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ ဓားချက် ..."


ပုဖတ်၏မျက်လုံးများက သူ၏အနောက်မှထွက်ပေါ်လာသည့် ထိတ်လန့်တုတ်လှုပ်ဖွယ်ရာဖိအားများပေးနေသည့် အရိပ်ကို အာရုံစိုက်နေသည်။


ဓားအလင်း‌တန်းများဖြာထွက်နေပြီး အရာအားလုံးကို ရပ်တန့်ခြင်းမရှိပဲ လှီးဖြတ်နေသည်။


ဘာလဲဟ ...


ကျင်းထုံ ရုတ်တရက် အံ့ဩပြီး အေးခဲသွားသည်။ သူ၏လက်များသည်လည်း ဓားကိုင်ထားလျက် တောင့်တင်းနေသည်။


အမဲသားကိုလှီးဖြတ်နေသည့် လက်က တုန်ယင်သွားပြီး ခုတ်ပိုင်းသည့် ပုံစံမှသွေဖယ်သွားစေသည်။


ဘယ်လိုတောင်စွမ်းအားကြီးတဲ့ ဓားစွမ်းရည်လဲ ...


ကျင်းထုံ၏ မျက်လုံးများက ကြောက်လန့်မှုဖြင့် ပြည့်နှက်နေသည်။


တစ်ချက်တည်း လှီးဖြတ်လိုက်ရုံဖြင့် ပုစဉ်းရင်ကွဲ၏အတောင်ပံကဲ့သို့ ထောင်ချီသည့်အမဲသားလွှာများ ပေါ်လာသည်။


ကျင်းထုံ အံကြိတ်လိုက်သည်။ ထူးဆန်းသည့်အော်ရာ ထွက်ပေါ်လာပြီး နှလုံးခုန်သံလည်း မြန်ဆန်လာသည်။


သူ၏နောက်တွင် နှလုံးသားသုံးခု၏ အရိပ်များ ထွက်ပေါ်လာသည်။


ဘုံသုံးပါးနယ်သာစားဖိုမှူး ...


ကျင်းထုံ အော်ဟစ်လိုက်သည်။ သူ၏အချက်အပြုတ်နှလုံးသားလမ်းစဉ်ကိုအသုံးပြု၍ ပုဖန်ကို ဖိနှိပ်ရန်ပြင်နေသည်။


သို့သော် ထို့နောက်တွင် ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။


ပကျင်းထုံ၏ ဘုံသုံးပါးအချက်အပြုတ်နှလုံးသားလမ်းစဉ်ကိုရင်ဆိုင်ရသောလည်း ပုဖန်၏ တုံ့ပြန်မှုက နှုတ်ခမ်းများတွန့်ချိုးသွားရုံသာဖြစ်သည်။ သူ၏လက်ကို ရွေ့လျားလိုက်သည့်အခါ အဖြူရောင်ကျောက်စိမ်းအဝိုင်းတစ်ခု ပေါ်လာသည်။


ထို့နောက် ကျားဖြူကောင်းကင်မီးဖို ‌ထွက်ပေါ်လာသည်။ မိုးခြိမ်းလိုက်သကဲ့သို့ ကျားဟိန်းသံကြီးက ကျင်းထုံကို ရှူးထွက်ကျမတတ် ဖြစ်သွားစေသည်။


မီးဖိုအောက်သို့ ကျလာသောအခါတွင်လည်း ကျင်းထုံ တုန်ယင်သွားသည်။ ထိုမီးဖိုကိုကြည့်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ချင်မှုက သူ့မျက်နှာကို ဖြတ်ရိုက်သွားသကဲ့သို့ပင်။


၎င်း၏ သတ်ဖြတ်လိုစိတ်က ကျင်းထုံ၏ခြေထောက်များကိုပင် ပျော့ခွေသွားစေသည်။


ပုဖန်က ကျင်းထုံကို တစ်ချက်သာစွေကြည့်လိုက်ပြီး ဘာမှမပြောပေ။ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ပါးစပ်ဟ၍ အဖြူရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။


ထိုမီးတောက်ပေါ်လာသည်နှင့် ကျင်းထုံ၏ပတ်ပတ်လည်မှလေများ ဆူပွက်သွားသည်ကို ခံစားလိုက်ရသည်။ သူသည်လည်း ငရဲမီးတောက်ကို ဆင့်ခေါ်လိုက်သည်။


သို့သော် အချိန်ကြာမြှင့်စွာ ဆင့်ခေါ်နေသော်လည်း မီးတောက်လက်တစ်ဆုပ်စာခန့်သာ ထွက်လာသည်။


သူ၏ငရဲမီးတောက်က အကြောက်တရားများနှင့် ပြည့်နှက်နေပုံရသည်။ ပြိုင်ဘက်၏ မီးတောက်ဖြင့် ဖိနှိပ်ခံလိုက်ရသဖြင့် ငရဲမီးတောက်က ထွက်မလာရဲတော့ပေ။ 


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ...


ကြောက်လန့်မှုကြောင့် တသိမ့်သိမ့်တုန်နေသောကျင်းထုံကို ပုဖန်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းက ကွေးညွှတ်သွားသည်။


မီးဖိုချောင်သုံးဓားမှ ရွှေရောင်အလင်းတန်း တောက်ပလာပြီး အမဲသားလွှာများကို ကောင်းကင်သို့ မြှောက်လိုက်သည်။ ထိုအမဲသားများက ခဏအကြာတွင် မဟူရာလိပ်ခုံးဒယ်အိုးအပေါ်ကျလာသည်။ 


ခရမ်းရောင်ကြက်သွန်ဖြူကို ထည့်လိုက်သည့်အခါ မွှေးပျံ့သောရနံ့တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။


ရှဲ ရှဲ ...


ပုဖန် ယောက်ချိုကိုကိုင်၍ အမဲသားကို ဒယ်အိုးထဲတွင် စတင်မွှေကြော်သည်။


အဖြူရောင်မီးတော်များက တစ်ခါတစ်ရံ လေပေါ်အထိရောက်လာပြီး ကြောက်မက်ဖွယ်အသံများ ထွက်နေသည်။


ယင်းက ကျင်းထုံကို ကြောက်လန့်စေသည်။


ကျင်းထုံ ဖိနှိပ်ခံနေရသည်။ ပုဖန်တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း သူ၏အရှိန်နှင့် လှုပ်ရှားမှုများကို သက်ရောက်နေသည်။ ၎င်းက သူ့ကို အလွန်ဒေါသထွက်စေသည့်အတွက် သွေးအန်ချင်လာသည်။


ပုဖန် အသားကိုကြော်နေစဉ် မဟူရာလိပ်ခုံးဒယ်အိုးနှင့် ကျားဖြူကောင်းကင်မီးဖိုကို ထိမိသံက ကျင်းထုံကို အာရုံလွင့်သွားစေသည်။ ယခုအချိန်၌ ကျင်းထုံ၏ ချွေးပေါက်များက ပေါက်ကွဲလုမတတ်ဖြစ်တေသည်။


တောက် တောက် တောက် ...


ဓားအောက်သို့ ပြန်ကျလာသည်နှင့် ပေါက်ကွဲမီးတောက်ငရုတ်သီးများက အပိုင်းပိုင်းဖြတ်ပြီးသား ဖြစ်နေသည်။


ထို့နောက် ပုဖန်က ငရုတ်သီးအညှာများကိုယူကာ ဒယ်အိုးထဲသို့ ဝိညာဉ်ဆေးပင်များနှင့်အတူ ထည့်လိုက်သည်။


ထို့နောက် ပူစပ်စပ်ငရုတ်နှစ်တစ်ဇွန်းကို ဒယ်အိုးထဲ မဆိုင်းမတွ လောင်းချလိုက်သည်။


ထို့နောက် ဒယ်အိုးကိုမွှေကာ ကြော်နေဆဲဖြစ်သည်။


ကျင်းထုံအတွက်မူ သူ၏စိတ်ကို တည်ငြိမ်စွာထားပြီး ချက်ပြုတ်ရန် အလွန်ခက်ခဲနေသည်။


သို့သော် ပုဖန်က မီးဖိုကိုပုတ်လိုက်သည့်အခါ ကျင်းထုံ၏မျက်နှာက ပြောင်းလဲသွားသည်။


အစ်မကြီးရူက ကျင်းထုံကို အဝေးမှကြည့်နေပြီး သူမ မျက်နှာက ရှုံ့မဲ့လာသည်။သူမ မယုံကြည်နိုင်သေးပေ။


ကျင်းထုံက အပြည့်အဝ ဖိနှိပ်ခံထားရသည့်အပြင် သူ၏ ချက်ပြုတ်မှုစည်းချက်က ထိုအင်မော်တယ်စားဖိုမှူးကြောင့် ရံဖန်ရံခါ နှောင့်ယှက်ခံနေရသည်။


ကျင်းထုံ အဓိကအဆင့်တစ်ခုကို ပြုလုပ်တော့မည့်အချိန်တိုင်း ပုဖန်က နှောင့်ယှက်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်နေသည်။


တကယ်လို့ အဲ့လိုသာဆက်ဖြစ်နေရင် ကျင်းထုံရှုံးတော့မယ် ...


ဝုန်း ...


ပုဖန်က ဒယ်အိုးကို ရုတ်တရက် ဖွင့်လိုက်သည်။


ရေနွေးငွေ့များက ကောင်းကင်ပေါ်တက်လာကာ စုဝေးသွားပြီး ဧရာမနွားသိုးတစ်ကောင်ပုံစံ ဖြစ်လာသည်။


ထိုဧရာမနွားသို့က ခွာများဖြင့် ခြေဆောင့်လျက် နားအူစေသည့် အသံများ ထွက်နေသည်။


၎င်းက မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသည်။


ကြည့်ရှု့နေသူအားလုံး လေအေးကို ရှုရှိုက်နေရသည်။


တသိမ့်သိမ့်တုန်နေသည့် ကျင်းထုံလက်ထဲမှ ဓားလွတ်ကျသွားပြီး ဂလောင်ဟူသည့်အသံ ပဲ့တင်ထပ်သွားသည်။


ပါးစပ်အဟောင်းသားဖြစ်ပြီး စိတ်ထဲနာကျင်သွားသည်။ ထို့နောက် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေနှစ်လှမ်းဆုတ်ပြီးသည့်အခါ မြေပြင်ပေါ် ဖင်ထိုင်လျက်လဲကျသွားသည်။


ထို့နောက် ငယ်သံပါအောင် အော်ငိုတော့သည်။


အမှောင်ထဲတွင် ပုန်းနေသည့် ထုံဝူတီ အံ့ဩလွန်း၍ စကားမပြောနိုင်တော့ပေ။


လျှို့မော့ပိုင် နှုတ်ခမ်းများပင် တုန်လာသည်။


အစ်မကြီးရူ၏မျက်နှာက ဖြူဖျော့လာသည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် ရွှန်ယွမ်ရွှမ်တို့ ငိုရမလား ရယ်မရလားပင် မသိတော့ပေ။ 


ကုန်းရှို့ပန် မျက်နှာကိုအုပ်လျက် ရယ်နေသည်။


ဒီကောင်လေး ပိုင်ရှင်ပုရှေ့မှာ မိုက်ချင်ယောင်ဆောင်ရဲတယ်ပေါ့ ...


အော်ငိုရတဲ့အထိကို အနိုင်ကျင့်ခံလိုက်ရတာပဲ ...