အပိုင်း ၁၁၁၆
Viewers 62k

အခန်း ၁၁၁၆

ပုဖန်ကိုထောင်ခြောက်ဆင်သည့် ဝှိုက်တီ


ဝှစ် ...


ထူးဆန်းအံ့ဩဖွယ် စွမ်းအင်လှိုင်းတစ်ခု အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးမှ ထွက်ပေါ်လာသည်။


အလင်းမှုန်များက ခေါင်းပေါ်ကို အုံ့မိုးလာသည်အထိ ပုဖန် မတ်တပ်ရပ်နေသည်။


စနစ်၏အသံက ‌ပဲ့တင်ထပ်လာသည်။


" နေရာကူးပြောင်းခြင်း စတင်ပါမယ် ..."


စနစ်က ပြောလိုက်သည်နှင့် အလင်းမှုန်များ ရုတ်ချည်းအရှိန်မြင့်သွားသည်ကို ပုဖန်ခံစားလိုက်ရသည်။ အလွန်မြန်လွန်းသည့်အတွက် တစ်ခုချင်းစီကပင် လေဟာနယ်ကိုဆုတ်ဖြဲနိုင်သည်။


လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ပြန့်ကျဲလာသည်။


ထိုအလင်းမှုန်များက စနစ်၏ နေရာကူးပြောင်းအစီအရင်ဖြစ်သည်။


ပုဖန် ယခင်က ဤဖြစ်စဉ်ကို သိနိုင်လောက်သည်အထိ မသန်မာခဲ့သော်လည်း ယခုအခါ အဖြူရောင်အလင်းမှုန်များကို စူးစမ်းနိုင်နေပြီး သူ၏မျက်နှာကို ရိုက်ခတ်လာသည့် လျှို့ဝှက်ဆန်းကြယ်သည့် အော်ရာများကိုပါ ခံစားနိုင်လာသည်။ 


ခဏအကြာတွင် ပြင်းထန်စုပ်ယူမှုအားတစ်ခုက အစီအရင်ထဲတွင် ပေါက်ကွဲထွက်လာသည်။ ထို့နောက် အဖြူရောင်အလင်းတန်းက ကောင်းကင်သို့ တက်သွားသည်။


ဝှစ် ...


ဘုန်း ... 


ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည်။


အဖြူရောင်အလင်းတန်းကြီးက ကောင်းကင်ကို တက်သွားပြီး နောက်ဆုံးတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို လှံရှည်တစ်ခု ပစ်လိုက်သကဲ့သို့ ကျော်ဖြတ်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလွှာတိုင်းတွင် နေထိုင်သူများက ကောင်းကင်ကို အံ့ဩစွာ ကြည့်နေကြသည်။ ကောင်းကင်ပေါ်မှ အဖြူရောင်အလင်းတန်းကြီးကို မြင်သည့်အခါ ပင့်သက်ရှိုက်ပြီး အံ့အားသင့်နေကြသည်။



အိပ်ပျော်နေသည့်ခွေးဘုရင်က မျက်လုံးဖွင့်ပြီး အဖြူရောင်အလင်းတန်းကို ကြည့်နေသည်။ နှာမှုတ်လိုက်သည့်အခါ အဖြူရောင် အငွေ့များထွက်လာသည်။


နယ်သာရီသည်လည်း ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်လျက် သွယ်လျသောခြေတံများကို တွဲလျားချထားသည်။ သူမမျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသော အဖြူရောင်အလင်းတန်းကြီးကိုကြည့်ကာ အတွေးထဲ နစ်မျောနေသည်။


ထိုအချိန် အမှောင်ထဲမှ လျှို့မော့ပိုင်၏ ခန္ဓာကိုယ် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းတန်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတုတ္ထအလွှာ


မြို့တော်သခင်မုန့်ချီက တိမ်လွှာများကြားတွင် တင်ပျဉ်ခွေထိုင်နေသည်။ အရှိန်အဟုန်နှင့် တိုက်ခတ်နေသောလေများက သူမ၏ မသေမျိုးဝတ်ရုံကို တဖျပ်ဖျပ်လွှင့်နေစေပြီး သိမ်မွေ့လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်နေစေသည်။


အဖြူရောင်အလင်းတန်းကိုကြည့်လိုက်ပြီး ရှည်လျားသောမျက်တောင်မျာ တဖျတ်ဖျတ်ခတ်နေသည်။ ထို့နောက် ဆုတောင်းသကဲ့သို့ မျက်လုံးများကို မှိတ်လိုက်သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ 


သစ်သားအိမ်ရှေ့မှ ဆုတောင်းဖျာပေါ်တွင် ယာယာ ဒူးထောက်ထိုင်နေသည်။ သူမလက်များကို ရင်ဘတ်ရှေ့တွင် ဆုပ်ထားတာ ခေါင်းငုံ့ထားသည်။ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ပြီး ကောင်းကင်ထက်မှ အဖြူရောင်အလင်းတန်းကို ကြည့်နေသည်။


နယ်ပယ်သခင် သစ်သားအိမ်ငယ်လေးထဲမှ ထွက်လာသည်။ သူ၏ရွှေရောင်ဆံပင်များက ‌ဝဲပျံနေသည်။


အဖြူရောင်အလင်းတန်းကို မြင်သည့်အခါ မျက်လုံးသူငယ်အိမ်ကျုံ့သွားသည်။


" ယာယာ ပိုင်ရှင်မရှိသေးတဲ့ မသေမျိုးမီးတောက်စာရင်းကိုဆွဲထားလိုက် ... သူ အောင်ပွဲနဲ့အတူ ပြန်လာတဲ့နေ့ကျရင် ငါတို့သူ့ကို လက်ဆောင်ပေးရမယ် ..."

နယ်ပယ်သခင်တိထိုက် ညွှန်ကြားလိုက်သည်။


ယာယာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ချက်ချင်းပင် မတ်တပ်ရပ်ပြီး သစ်သားအိမ်ထဲသို့ ဝင်သွားသည်။


" ငါတို့ မင်းကိုအားကိုးနေတယ်နော် ပုပုလေး ... မင်း အသက်စမ်းရေ ယူလာနိုင်ခဲ့ရင် ငါလည်း မင်းကို ဝိုင်တစ်ခွက်တိုက်မယ် ..."

နယ်ပယ်သခင်က ရေရွတ်လိုက်သည်။


ခဏအကြာတွင် အသက်ပြင်းပြင်းရှုပြီး မျက်နှာကို အုပ်ထားလိုက်ကာ အတွေးထဲနစ်သွားသည်။

" မဟုတ်သေးဘူး ... တစ်ခွက်ကများလွန်းတယ် ... ဒါဆိုလည်း ခွက်တစ်ဝက်ပဲ ..."



အချိန်အနည်းငယ်ကြာပြီးနောက် အဖြူရောင်အလင်းတန်းက ပျောက်ကွယ်သွားသည်။


ပုဖန် အလွန် အံ့ဩသွားသည်။ ယခုချိန်၌ သူမြေပြင်ပေါ် ရပ်နေသည်။


ထိုသို့ ခိုက်မာသော ခံစားချက်ကြောင့် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


သူ၏ပတ်ပတ်လည်တွင် တောက်ပနေသည့် အလင်းတန်းများလည်းပျောက်ကွယ်သွားပြီး မှုနိတါးနေသောမြင်ကွင်းက ကြည်လင်လာကာ သူ၏အနီးအနားတစ်ဝိုက်ကို နောက်ဆုံးတွင် မြင်လာရသည်။


" စနစ် ငါ့ကို ဘယ်နေရာကို နေရာကူးပြောင်းပေးလိုက်တာလဲ ...

ပုဖန် မျက်မှောင်ကြုတ်ပြီး စနစ်ကို မေးလိုက်သည်။


" နတ်ဘုရားပျောက်ကွယ်တောင်တန်းက ကမ္ဘာမြေအကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေပါ ... စနစ်က တိုက်ရိုက် နေရာမကူးပြောင်းပေးနိုင်ဘူး ... အဲ့ဒါကြောင့် အဲ့နေရာအထိ ကိုယ့်ဘာသာပြေးသွားရပါမယ် ... ဒါပေမဲ့ ဒီနေရာက နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ အပြင်ဘက်ဧရိယာ နတ်ဘုရားမမြို့တော်ပါ ..."


စနစ်၏ လေးနက်သောအသံက ပုဖန်၏ခေါင်းထဲ ပဲ့တင်လာသည်။ ခဏအကြာတွင် တိတ်ဆိတ်သွားပြီး ဘာသံမှ ထပ်မကြားရတော့ပေ။


ပုဖန် စိတ်ရှုပ်ထွေးသွားသည်။ 


နတ်ဘုရားပျောက်ကွယ်တောင်တန်းအပြင်ဘက်က နတ်ဘုရားမမြို့တော်တဲ့လား ...


အယ် ...


အဲ့ဒါ ဘယ်နေရာလဲ ...


ပုဖန် အပြင်းအထနိ ခေါင်းကိုက်နေသကဲ့သို့ နှဖူးကိုပွတ်လိုက်သည်။


" စောစောစီးစီးကသာ ဒီလိုဖြစ်မယ်မှန်းသိရင် ခွေးဘုရင်ကို ကမ္ဘာမြေအကျဉ်းထောင်ရဲ့မြေပုံ တောင်းလိုက်ပါတယ် ... ကမ္ဘာမြေအကျဉ်းထောင်က ကျယ်လွန်းတယ် ဘယ်နေရာ သွားရမှာပါလိမ့် ..."


စနစ်က ယခုလက်ရှိ နတ်ဘုရားမ မြို့တော်တွင် တည်ရှိနေသည်ဟု သတင်းပို့ခဲ့သည်။


ပုဖန် ခေါင်းမော့ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။


အသီးအနှံများ စိုက်ပျိုးထားခြင်းမရှိသည့်မြေပေါ်ရောက်နေခြင်းဖြစ်သည်။


ဘယ်နားက သောက်နတ်ဘုရားမ မြို့တော်လဲ ..


ပုဖန် နှုတ်ခမ်းများတွန့်ချိုးပြီး အနည်းငယ် ဆွံ့အသွာူသည်။


ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ နေဝန်းကြီးက ‌ကမ္ဘာမြေအကျဉ်းထောင်၏အထက်တွင် ရှိနေပြီ တောက်ပလင်းလက်နေသည်။


ပုဖန်၏ ကိုယ်ပေါ်သို့ နေရောင်ခြည်များဖြာကျလျက် နွေးထွေးစွာ ကြိုဆိုနေသည်။ အလွန်သက်တောင့်သက်သာရှိသည်ဟု ခံစားနေရသည်။


" အာဟက ကမ္ဘာမြေအကျဉ်းထောင်မှာ နေတာပဲ ... သူ့ကိုရှာနိုင်ရင် နတ်ဘုရားပျောက်ကွယ်တောင်တန်းလည်း ရှာနိုင်ပြီ ဒါပေမဲ့ ..."

ပုဖန်ရေရွတ်လိုက်သည်။ နောက်မှ ကိစ္စတစ်ခုကို ရုတ်ချည်းသတိရသွားသည်။ အာဟမည်သည့်နေရာ၌ နေထိုင်သည်ကိုလည်း သူမသိပေ။


" အစပ်ချောင်းကို ထုတ်လိုက်ရင် အာဟ အနံ့များရနိုင်မလား ..."

ပုဖန် စိတ်ပျော်ရွှင်သွားသည်။


ထိုအတွေးဖြင့် ရှူးရှဲအစပ်ချောင်း၏ အဆင့်မြှင့်ပုံစံကို ထုတ်လိုင်သည့်အခါ ထူထဲသောရနံ့က ချက်ချင်းပင် ပြန့်ကျဲလာသည်။



ငရဲဘုရင်နန်းတော် ကမ္ဘာမြေအကျဉ်းထောင်


ဝှီး ...


လေးလံသည့် ကျောက်တုံးတံခါးကြီး ဖြည်းညှင်းစွာပွင့်လာသည်။


ကြောက်မက်ဖွယ် ငရဲစွမ်းအင်လှိုင်းများက ကျောက်ဂူ၏ တံခါးဝမှ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။


ကျောက်ဂူထဲမှ အရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ၏ ချောမွတ်တောက်ပြောင်နေသော အနက်ရောင်ဆံပင်က နောက်ဘက်တွင် ဝေ့ဝဲနေသည်။


သူ၏မျက်နှာမှာ ဘဝ၏ ကံကြမ္မာအလှည့်အပြောင်းများစွာကို တွေ့ကြုံခံသားခဲ့ရသကဲ့သို့ဖြစ်ပြီး လေးစားစွာ ဆက်ဆံထိုက်သော လူတစ်ယောက်ပုံစံဖြစ်သည်။


ကျောက်ဂူအဝတွင် အဖြူရောင်ဆံပင်နှင့် ကလေးတစ်ယောက်က ရိုသေစွာ စောင့်ဆိုင်းနေသည်။


ငရဲဘုရင်အာဟ ကျောက်ဂူထဲမှ ထွက်လာသည်ကို မြင်သောအခါ လောင်တျဲ၏မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည်။ ဝတ်ရုံကိုယူလာပြီး သူ့ဆီသို့ ပြေးလာသည်။


" ဂုဏ်ယူပါတယ် ငရဲဘုရင်အရှင်မင်းကြီး ... နောက်တစ်ခုကို ကျော်ဖြတ်နိုင်သွားပြီ ... အရင်ငရဲဘုရင်က အရှင့်အတွက်ချန်ထားခဲ့တဲ့ နတ်ဆိုးကျော်ဖြတ်မှု ၁၈ခုထဲက ဆယ်ခုကို ‌အောင်မြင်ခဲ့ပါပြီ ... အရှင်ဒီအဆင့်ထိတောင် ရောက်လာခဲ့ပြီ ..."


သူ၏ ငရဲဘုရင်က နောက်ဆုံးတွင် အနာဂတ်တချို့ရှိလာသဖြင့် လောင်တျဲအလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူ၏မျက်လုံးတွင် မျက်ရည်များဝဲနေကာ မကြာခင် ရေကြီးသည်အထိ စီးဆင်းတော့မည်ဟု ထင်ရသည်။


ငရဲဘုရင်အာဟ အနက်ရောင်ကြိုးဖြင့် ဆံပင်ကိုစည်းနှောင်လိုက်သည်။ နဖူးရှေ့မှ ဆံပင်အချို့က ဘယ်ဘက်မျက်လုံးကို ဖုံးအုပ်ထားသည်။


" ဘာလို့ငိုနေတာတုန်း ... ဆယ်ခုပဲ ‌ဖြတ်ကျော်နိုင်သေးတာလေ ... ၁၈ခုထဲက ဆယ်ခုပဲ ကျော်ဖြတ်နိုင်သေးတာလေ ၈ခုလိုသေးတယ် ကျွန်တော့်ကို ဂုဏ်ပြုစရာမလိုဘူး ..."

ငရဲဘုရင်အာဟက လောင်တျဲကို ဆူပူလိုက်ပြီး ဖဲဝတ်ရုံကို ဝတ်ဆင်လိုက်သည်။


ထို့နောက်လက်ကိုခါလိုက်သည်နှင့် အစပ်ချောင်းတစ်ခု ပေါ်လာသည်နှင့် မဆိုငိးမတွပင် ပါးစပ်ထဲထည့်လိုက်သည်။


" ကျွတ် ကျွတ် ဒါငါ့ရဲ့နောက်ဆုံးအစပ်ချောင်းပဲ ... ဒါကိုစားပြီးရင် ဘယ်လောက်လောက်ကြာမှ နောက်တစ်ခုစားရမလဲမသိဘူး ..."


အစပ်ချောင်းကို စုပ်နေပြီး ခံတွင်းထဲမှ အစပ်အရသာကို ခံစားနေသည်။


နောက်ဆုံးတွင် အပိုင်းတစ်ပိုင်းကို ကိုက်လိုက်ပြီး မျိုချလိုက်သည်။


" ငရဲဘုရင်အရှင်မင်းကြီး စိတ်မပူပါနဲ့ ... ကျွန်တော်အစပ်ချောင်းတွေ ဘယ်လိုချက်ရတယ်ဆိုတာ သင်ထားပါတယ် ... အရှင် အသက်ကြီးပြီး ဝလာတဲ့အထိ ကျွေးနိုင်ပါတယ် ..."

လောင်တျဲက ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။


" ဟို သောက်ကျင့်မကောင်းတဲ့နဂါးယင်းလုံ ဘယ်မှာလဲ ..."

အစပ်ချောင်းကို ဝါးနေလျက် အာဟမေးလိုက်သည်။


" အရှင်ယင်းလုံက ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်တွေအများကြီးကိုခေါ်ပြီး ငရဲဘုရင်နန်းတော်ကနေ ထွက်ခွာသွားပါတယ် ... ကြည့်ရတာ စမ်းချောင်းဝါမြစ်က စမ်းချောင်းဝါပညာရှိကြီးကို သွားတွေတဲ့ပုံပါပဲ ..."

လောင်တျဲက ဂရုတစိုက် သတင်းပို့လိုက်သည်။


" ကျွန်တော်သိနေတယ် ... အဲ့ဒီယင်းလုံက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုသွားပြီး သူ့ကိုရှာတော့မှာ ... တစ်ယောက်ယောက်ကတော့ ပြဿနာရှာတေပြီထင်တယ် ... စမ်းချောင်းဝါပညာရှိ သောက်အဖိုးကြီးကလည်း တစ်စက်မှ သောက်ကျင့်မကောင်းဘူး ... မြက်တစ်ပင်အတွက် လူသတ်နေတယ် ..."

ငရဲဘုရင်အာဟ ပါးစပ်ထဲမှ အစပ်ချောင်းကိုဝါးလျက် ပြောလိုက်သည်။


လောင်တျဲ ဘာမှ‌မပြောပေ။


နတ်ဆိုးဘုရင်ဖြတ်ကျော်ခြင်းမှ ပြန်ထွက်လာပြီး ငရဲဘုရင်နန်းတော်ကို ပြန်လာကြသည်။


ငရဲဘုရင်အာဟ ပုလ္လင်‌ဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ လျှာသပ်ပြီး နောက်ဆုံးကျန်သည့်အစပ်ချောင်း၏ အပိုင်းကို ဝါးနေသည်။


နောက်ဆုံးအပိုင်းလေးကို ကိုက်လိုက်ချိန်တွင် သူ၏နှလုံးသားကွဲကြေသွားသည်ကို ခံစားလိုက်ရသည် 


" အစပ်ချောင်းတွေ ကုန်သွားပြီ ... ငါ့ဘဝကြီးတော့ ပျော်စရာတွေ မရှိတော့ပါဘူး ..."

ငရဲဘုရင်အာဟ ရင်ဘတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နေသည်။


ရုတ်တရက် ငရဲဘုရင်အာဟ နှာခေါင်းရှုံ့လိုက်သည်။


သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တောင့်တင်းသွားသည်။


ငရဲဘုရင်အာဟ၏ ရုတ်ချည်းတုံ့ပြန်မှုက လောင်တျဲကို လန့်သွားစေသည်။


ဘာဖြစ်လို့ပါလိမ့် ...


" အဲ့အနံ့က ..."


ငရဲဘုရင်အာဟ မျက်လုံးများမှေးစင်းကာ လည်ပင်းကို စောင်းလိုက်သည်။ နှာခေါင်းတရှုံ့ရှုံ့လုပ်နေပြီး ပါးပြင်များ နီရဲလာသည်။


" အဲ့အနံ့က ..."


ငရဲဘုရင်အာဟ၏ မျက်လုံးက ထောင်နှင့်ချီသောရောင်ခြည်များ ထုတ်လွှတ်နေသကဲ့သို့ လင်းလက်လာသည်။


" အဲ့‌အနံ့ သေချာပေါက် အဲ့ဒါပဲ ..."


ငရဲဘုရင်အာဟ လေပေါ်ဝဲပြီး အနံ့ခံကြည့်လိုက်သည်။


" ဒါသေချာပေါက် အစပ်ချောင်းရဲ့အနံ့ပဲ ... သာမန်ဟာတွေနဲ့မတူဘူး ... တောက်လောင်နေတဲ့မီးလျှံအနံ့ကို ခံစားမိတယ် ... အရင်အစပ်ချောင်းက သွားကြားထိုးတံဆို အခုဟာက သစ်ပင်ရဲ့ပင်စည်ပဲ ..."


ငရဲဘုရင်အာဟ ဝါးလုံးကွဲရယ်လိုက်သည်။


လောင်တျဲ အံ့ဩသွားပြီး ဘာပြောရမည်မသိတော့ပေ။


သူ့ရဲ့အရှင်မင်းကြီးငရဲဘုရင်က စိတ်ဖောက်ပြန်သွားတာများလား ..."


" လောင်တျဲ ကျွန်တော်နဲ့လိုက်ခဲ့ဦး ... အပြင်သွားဖို့လိုတယ် ... ကျွန်တော်မမှားဘူးဆိုရင် အစပ်ချောင်းက ကမ္ဘာမြေအကျဉ်းထောင်ကို ရောက်နေပြီ ...မဟုတ်ဖူး ကောင်လေးပုဖန်က ကမ္ဘာမြေအကျဉ်းထောင်ကို ရောက်နေတာ ..."


ငရဲဘုရင်အာဟ နဖူးပေါ်မှဆံပင်များကိုသပ်လိုက်ပြီး မျက်လုံးများ အရောင်တလက်လက်တောက်လာသည်။


လောင်တျဲက ထိတ်ထိတ်ပြာပြာဖြင့် လက်များဝှေ့ယမ်းလိုက်သည်။

" အပြင်သွားမလို့လား ... မဖြစ်ဘူး အရှင်ယင်းလုံက အချိန်မရွေး ရောက်လာနိုင်တယ် ...ကျွန်တော် ..."


သို့သော် စကားမဆုံးမီမှာပင် ငရဲဘုရင်အာဟ သူ့ကိုဖမ်းဆွဲ၍ အရှိန်မြှင့်စွာ ထွက်ခွာသွားတော့သည်။


" ကျွန်တော် ခင်ဗျားကို တခြားတိုက်တစ်ခု ခေါ်မသွားပါဘူး ... ကျွန်တော်တို့ပန်းတိုင်က ကမ္ဘာမြေအကျဉ်းထောင်မှာပဲ ...ကျွန်တော်က ငရဲကမ္ဘာရဲ့အရှင်သခင်လေ ဒါပေမဲ့ ကိုယ်ပိုင်ဘဝတောင်မရှိဘူး ... ကိုယ်ပိုင်လွတ်လပ်ခွင့်လည်းမရှိဘူး ... အဲ့သောက်အဘိုးကြီးယင်းလုံက ငြင်းမယ်ဆိုရင် အဲ့သောက်ကျင့်မကောင်းတဲ့နဂါးကြီး သဘောတူတဲ့အထိ တိုက်ခိုက်ပစ်မယ် ..."


ငရဲဘုရင်အာဟ၏အသံက လောင်တျဲ၏အော်ဟစ်သံနှင့်အတူ လေထဲတွင် ပျံ့နှံ့သွားသည်။



" ကြည့်ရတာ အလုပ်မဖြစ်ဘူးထင်တယ် ..."


ပုဖန် သက်ပြင်းချပြီး အစပ်ချောင်းကို ဘေးဖယ်ထားလိုက်သည်။ ထို့နောက်တစ်ဖက်သို့လှည့်ကာ လမ်းဆက်လျှောက်သွားသည်။


အမှန်တွင် ဤဆုံးဖြတ်ချက်မှာ လှုံ့ဆော်မှုတစ်ခုမျှသာဖြစ်သည်။ အာဟကို အစပ်ချောင်းနှင့် ဆင့်ခေါ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


အာဟက ငရဲကမ္ဘာ၏ အရှင်သခင်ဖြစ်သည်။ ခွေးဘုရင်မဟုတ်သည့်အတွက် သူ၏နှာခေါင်းက ထိုမျှမကောင်းနိုင်ပေ။


ပုဖန် အစပ်ချောင်းကို ဘေးဖယ်ထားပြီးတောက် အဆုံးမဲ့ ကျက်တီးမြေကြီးကို ကြည့်လိုက်မိသည်။


စနစ်က ပြောကြားခဲ့သည့် နတ်ဘုရားမမြို့တော်ကို မြင်ကွင်းထဲ မတွေ့ရပေ။ သူ၏အပြောအရ နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုရှာလိုပါက နတ်ဘုရားမမြို့တော်ကို အရင်ဆုံးရှာရန် လိုအပ်ပေသည်။


ထို့ကြောင့် ဤနေရာတွင်ရပ်နေရုံဖြင့် ရှာတွေ့လိမ့်မည်မဟုတ်ပေ။


ပုဖန် ခပ်ဝေးဝေးသို့ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။


" မြို့တစ်မြို့ကတော့ လေထဲမှာ အငွေ့ပျံသွားမယ်မထင်ဘူး ...ဟုတ်တယ်မလား ..."

ပုဖန် တွေးလိုက်သည်။


သို့သော် ခြေလှမ်းတစ်လှမ်း လှမ်းပြီးနောက် ပုဖန်၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာသည်။


ဆောင့်ကြောင့်ထိုင်ချကာ ‌အောက်ဘက်မှမြေပြင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။


ရွံ့မြေပြင်က ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။


မြေကြီးပေါ်မှ ရွှံ့လက်များထွက်ပေါ်လာပြီး ပုဖန်၏ ခြေချင်းဝတ်ကိုဆွဲ၍ အောက်ကိုဆွဲခေါ်နေသည်။


" ဒါ ဘာတွေလဲ ..."

ပုဖန် လန့်သွားသည်။


သူ၏ကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံက ကတ္တီပါနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ မီးတောက်တောင်ပံများလည်း ထွက်ပေါ်လာပြီူ အပေါ်သို့ ဆွဲတင်နေသည်။


သို့သော် အသုံးမဝင်ပေ။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် လေထဲတွင် အစီအရင်တစ်ခုပေါ်လာပြီး စတင်လည်ပတ်နေသည်။ ဝှိုက်တီနှင့် ပုစွန်ပိစိ ထိုနေရာမှ ထွက်လာသည်။


" ငါ့ကို ဆွဲပေးကြပါဦး ..."

ပုဖန် ဝှိုက်တီ့ကိုပြောလိုက်သည်။


ဝှိုက်တီ၏ မျက်လုံးများ အရောင်တစ်လက်လက်တောက်နေသည်။ ၎င်း၏ သစ်ရွက်ပုံလက်များက ခေါင်းဝိုင်းဝိုင်းကို ပွတ်ပြီးနောက် မြေကြီးထဲဝင်လာပြီး ပုဖန်၏လက်ကို ဆွဲလိုက်သည်။


အယ် ...


ရုတ်တရက် ...


ပုဖန်နှင့် ဝှိုက်တီနှစ်ယောက်လုံး အံ့ဩသွားသည်။


ဝှိုက်တီ၏အောက်မှ ရွှံ့လက်များပေါ် ရုတ်ချည်း ထွက်ပေါ်လာသည်။၎င်းတို့က ဝှိုက်တီ့ကို ဆွဲခေါ်နေသည်မှာ ပုဖန်ကိုဆွဲသောအရှိန်ထက်ပိုမိုမြန်နေသည်။


ပုဖန်၏လက်ကို ကိုင်ထားသဖြင့် ဝှိုက်တီက ပုဖန်ကို အားပြင်းပြင်းဖြင့် ဆွဲချသကဲ့သို့ဖြစ်သွားသည်။


ပုဖန်က ဝှိုက်တီသူ့ကို ထောင်ခြောက်ဆင်နေသည်ဟုပင် ခံစားလိုက်မိသည်။


ပုစွန်ပိစိက မျက်ဆံလှန်ကြည့်လိုက်သည်။ ၎င်းက ရွှေဝါရောင်အလင်းတန်းဖြစ်လာပြီး ပုဖန်၏ ပခုံးပေါ်တွင်‌‌ ပေါ်လာသည်။


မြေပြင်တစ်ကြိမ်ခန့်လှုပ်ခါသွားပြီး တည်ငြိမ်သွာူသည်။ 


ထိုအချိန်တွင် ပုဖန် ဝှိုက်တီနှင့် ပုစွန်ပိစိတို့ ပျောက်ကွယ်သွားသည်။


များပြားသော ရွှံ့လက်များက ပုဖန်၏ အမြင်အာရုံထဲ ပေါ်လာသည်။


ဝှိုက်တီ၏ ခန္ဓာကိုယ်က လျက်မြန်စွာနစ်မြုပ်နေသည့်အပြင် ပုဖန်ကိုပါ ဆွဲချသွားသည်။


သူ၏ရှေ့မှ နေရာလွတ်တစ်ခုဖြစ်နေသည်ကို ပုဖန် မြင်လိုက်ရသည်။


လေတိုးသံများ နားထဲပြည့်နေသည်။


ဝုန်း ...


ကျယ်လောင်သော အသံနှင့်အတူ ဝှိုက်ဆီက ကြယ်ပျံတစ်ုကဲ့သို့ မြေပြင်ပေါ်သို့ ကျလာသည်။ မကြာမီ ထရပ်ပြီး ၎င်း၏ခေါင်းဝိုင်းဝိုင်းကို ကုတ်လိုက်သည်။


တစ်ဖက်မှ ပုဖန်က ညင်သာစွာ ပြုတ်ကျလာသည်။


ခေါင်းမော့၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများ မှေးကျဉ်းသွားသည်။


သူ၏အမြင်တွင် ကြီးမားသည့် တစ်စုံတစ်ရာပေါ်လာသည်။


မြို့ရိုးများက ကြီးမားရှည်လျားပြီး ၎င်း၏အတွင်းပိုင်းတွင် အဆောက်အများစွာ စီတန်းတည်ရှိသည်။


ပုဖန်၏ ရှေ့တွင်ရှိသည့်က ကြီးမားကျယ်ဝန်းသော မြို့ကြီးတစ်မြို့ဖြစ်သည်။


" ဒါက နတ်ဘုရားမမြို့တော်လား ..."


ပုဖန်၏ နှုတ်ခမ်းများကွေးသွားသည်။


ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။


ပိတ်ထားသည့် မြို့တံခါးကြီးက ဆူညံစွာပွင့်လာသည်။ ခဏအကြာတွင် မြို့အတွင်းမှ နဂါးအော်သံတစ်ခု ထွက်ပေါ်လာသည်။


နားအူစေသည့်အသံက လေထဲတွင်ပြည့်နေသည်။


ကြီးကျယ်ခမ်းနားသည့် မြို့တံခါးမှ ပုံရိပ်များစွာ ပျံထွက်လာသည်။


တစ်ချိန်တည်းမှာပင် ကောင်းကင်ကြီးတစ်ခုလုံး မဲမှောင်လာပြီး မြှားမိုးများ ပုဖန်ပေါ် ရွာကျလာသည်။