အခန်း ၁၁၁၇
နတ်ဘုရားမမြို့တော်က လူအားလုံးက မိန်းမတွေလား
ပုဖန် ထိုနေရာ၌ပင် ရပ်နေပြီး အံ့ဩ၍ ဘာပြောရမည်မသိ ဖြစ်နေသည်။
မြို့တော်တံခါးဝမှ နဂါးများစီးလျက် ဒုန်းစိုင်း ထွက်လာကြသောအမျိုးသမီးများကို ကြည့်နေမိသည်။
ထိုအမျိုးသမီးများက ကျောက်စိမ်းရောင် နဂါးများက်ိုစီးထားသည်။ လေးများကို လက်ထဲတွင် ကိုင်ထားပြီး သူ့ဆီသို့ ကျဆင်းလာသော မြှားမိုးရွာခြင်းမှာ သူတို့ကြောင့်ဖြစ်သည်။
မြောက်များစွာသော မြှားများကို တစ်ချိန်တည်း ပစ်လွှတ်လိုက်ကြသည်မှာ အဝေးမှကြည့်လျှင် နေလုံးကြီးကို စာရွက်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ပင်။
ဤမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။
" ယောက်ျားတစ်ယောက်ပဲ ... အဲ့ယောက်ျားကိုဖမ်းကြစမ်း ..."
ပုဖန် အဝေးတွင်ရပ်နေသောလည်း ထိုမိန်းမများ၏အော်သံကို ကြားနိုင်သေးသည်။ သူမက ထိုလူအုပ်စုကို ဦးဆောင်လာပုံရသည်။
၎င်းက ပုဖန်ကို ထိတ်လန့်သွားစေသည်။
ထိုအမျိုးသမီး၏ ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် ဦးရေပြားများပင် ထုံထိုင်းသွားစေသည်။
ဒီနဂါးစီးနေတဲ့ မိန်းမတွေ ဘာလုပ်မလို့ပါလိမ့် ...
ပုဖန် လေအေးကိုရှုရှိုက်လိုက်ရသော်လည်း ထွက်မပြေးပေ။
ထွက်ပြေးခြင်းက သူ့စတိုင်ဟုတ်ပေ။
ထို့အပြင် ထွက်ပြေးရန်လည်း မလိုအပ်ပေ။
ဦးတည်လာနေသော မြှားများကိုကြည့်ပြီးနောက် ပါးစပ်ဟပြီး အဖြူရောင်မီးတောက်များ မှုတ်ထုတ်လိုက်သည်။
ပါးစပ်ထဲမှ အဖြူရောင်မီးတောက်များ ထွက်လာချိန်တွင် ပတ်ဝန်းကျင်မှအပူချိန်က ရုတ်ချည်းမြင့်တက်သွားသည်။
" ဒီယောက်ျားက ပြန်တိုက်ခိုက်နေပြီ ... ကောင်မလေးတွေ သွားကြစမ်း ..."
နောက်ထပ် ဟစ်ကြွေးသံတစ်ခု ထွက်လာပြန်သည်။ ထိုအမျိုးသမီး၏ အသံက ကျယ်လောင်လွန်းလှသဖြင့် ပုဖန်၏မီးတောက်ပင် တသိမ့်သိမ့်တုန်သွားသည်။
ဝှီး ဝှစ် ဝှစ် ...
လေကို ဆုတ်ဖြဲလိုက်သည့်အသံများ ထပ်ခါထပ်ခါ ထွက်လာသည်။
နီးကပ်လာသည့် မြှားများတွင် ကြောက်မက်ဖွယ်စွမ်းအင်များ ပါဝင်သည်။ ထိုစွမ်းအင်များမှ အနက်ရောင်ငရဲစွမ်းအင်များ ပါဝင်နေသည်။
ထိုမြှားများကိုကြည့်ကာ ပုဖန်၏ မျက်လုံးများမှေးကျဉ်းသွားသည်။ ထို့နောက် လက်ဖျောက်တီးလိုက်သည့်အခါ အဖြူရောင်မီးတောက်များက အပေါ်ပိုင်းသို့ ပျံ့နှံ့သွားသည်။
ကောင်းကင်ထွန်းလင်းမီးလျှံက အခြားမသေမျိုးမီးတောက်နှင့် ငရဲမီးတောက်များကို ဝါးမျိုထားသဖြင့် ၎င်း၏အဆင့်မြှင့်ထားသောစွမ်းအားမှာ ကြောက်မက်ဖွယ်အဆင့်တစ်ခုအထိ ရောက်နေသည်။ ယခုချိန်၌ ခြိမ်းခြောက်နိုင်သောစွမ်းအားကြောင့် ၎င်းမှာ မသေမျိုးမီးတောက်ထဲတွင် ထိပ်တန်းဆယ်ခုထဲ ဝင်နေလောက်ပြီဖြစ်သည်။
မီးတောက်က တဖြည်းဖြည်း မြင့်လာသည်။
ပုဖန်၏ မျက်လုံးများက စူးစိုက်ကြည့်နေသည်။ ပြင်းထန်သော သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း လှိုင်းလုံးကြီးများ တက်လာသည်။
ဘုန်း ဘုန်း ...
စိတ်စွမ်းအင်က ပင်လယ်ပြင်မှ လှိုင်းလုံးကြီးများကဲ့သို့ တက်လာကာ ကောင်းကင်ထွန်းလင်းမီးလျှံထဲသို့ ရောက်သွားသည်။
နဂါးစီးလာသည့်အမျိုးသမီးများ ကျယ်လောင်စွာ ဟစ်ကြွေးနေကြသော်လည်းမကြာမီ ပါးစပ်ပိတ်သွားကြသည်။
မီးတေက်များက မျက်နှာအထိ ရိုက်ခတ်လာသဖြင့် ၎င်းတို့၏ ကျောက်စိမ်းနဂါးများက လေထဲတွင် ရပ်တန့်သွားကြသည်။
ဂျုန်း ဂျုန်း ...
အဖြူရောင်မီးတောက်များက မြှားအားလုံးကို ဝါးမျိုသွားပြီး နဂါးစီးလာသည့်အမျိုးသမီးများ၏ အမြင်အာရုံထဲတွင် မီးတောက်မီးလျှံများဖြင့် ပြည့်နှက်သွားသည်။
မီးတောက်ပင်လယ်ကြီးက ကမ္ဘာကြီးတစ်ခုလုံးက ဖုံးလွှမ်းသွားသကဲ့သို့ပင်။
ပုဖန် လက်နောက်ပစ်ထားပြီး ရပ်နေသည်။ မိးတောက်များထံမှ ပူနွေးသည့်လေပြေတစ်ခုက ဖြတ်သန်းတိုက်ခတ်သွားသဖြင့် အနီရောင်စားဖိုမှူးဝတ်စုံကို လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေစေသည်။
သူ၏မျက်နှာက အေးစက်ပြီး တည်ငြိမ်နေသည်။
မီးတောက်ပင်လယ်ကြီးက သူနှင့် ထိုမိန်းမများကြားတွင် ရှိနေသည်။
မီးတောက်ပင်လယ်ထဲတွင် မြှားများမြေပြင်ပေါ် ပြုတ်ကျကုန်သည်။
မြှားများ ပုဖန်နှင့် နီးကပ်လာသည့် မီးတောက်များကြောင့် ပြာမှုန်များဖြစ်ကုန်သည်။
ဝှစ် ...
မီးတောက်များ လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ ကောင်းကင်၌ ပြည့်နှက်နေသည့်မီးတောက်များ ပျောက်ကွယ်သွားပြီး ပြာမှုန်များသာ ကျန်ခဲ့သည်။
လေထဲတွင် အဖြူရောင်မီးတောက် ဘောလုံးလေးတစ်ခုသာ အုပ်မိုးထားသည်။ ၎င်းက ဖြည်းညှင်းစွာ လှုပ်ရှားသွားပြီး ပုဖန်၏ လက်ဖဝါးပေါ်သို့ ရောက်လာသည်။
ထိုအမျိုးသမီးများက ပုဖန်ကို မျက်လုံးများပြူးကျယ်လျက် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
ပြိုးပြိုးပြက်ပြက်တောက်ပနေသော မီးပင်လယ်က သူတို့စိတ်ထဲ တုန်လှုပ်စေခဲ့သည်။
ပုဖန်က ကောင်းကင်းထွန်းလင်းမီးလျှံကို ကိုင်ထားလျက် မျက်မှောင်ကြုတ်ထားသည်။ ခဏအကြာတွင် လည်ချောင်းရှင်းလိုက်သည်။
" မိန်းကလေးတို့ ကျေးဇူးပြုပြီး နားထောင်ကြပါဦး ..."
ရား ...
သို့သော်လည်း ပုဖန် စကားပြောလိုက်ချိန်တွင် ထိုအမျိုးသမီးများ၏ အော်ဟစ်သံများကြောင့် ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။
" အဲ့ဒါယောက်ျားသံပဲ ... သူက တကယ့်ယောကျာ်းပဲ ... သု့ကိုဖမ်းပြီး ဧကရီဘုရင်မကြီးဆီ ဆက်သရမယ် ..."
" နတ်ဘုရားမမြို့တော်မှာ ယောကျာ်းတစ်ယောက်ကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ ..."
" အဲ့ဒါ တကယ်ယောက်ျားလား ... သူ့ရဲ့ နူးညံ့တဲ့ အသားအရည်လေးကို ကြည့်ပါဦး ..."
ဆူဆူညံညံအသံများကြောင့် ပုဖန် စကားဆက်မပြောနိုင်ပဲ ရပ်ထားရသည်။ သူတို့၏ စကားများကိုကြားသည့်အခါ ကျောရိုးထဲမှစိမ့်လာပြီး ကြက်သီးထလာသည်။
အဲ့မိန်းမတွေ ဘာပြောနေကြတာလဲ ...
ယောကျာ်းတစ်ယောက်ကို မြင်ရတာ အဲ့လောက်ထူးဆန်းနေတာလား ...
ကျောက်စိမ်းရောင်နဂါးကြီးများက အတောင်ပံတဖျတ်ဖျတ်ခတ်၍ ပုဖန်ဆီသို့ ဦးတည်လာသည်။
ဂျိန်း ဂျိန်း ...
ကြောက်မက်ဖွယ်ကောင်းသည့် စူးရှသောအော်သံများ ထွက်ပေါ်လာသည်။
ထိုနဂါးများ ဆင်းသက်လာသည်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ၎င်းတို့က ပုဖန်ကို ဝိုင်းထားကြသည်။
နဂါးများက သူ့ကို စူးစူးရဲရဲကြည့်နေသဖြင့် အဝတ်များချွတ်ခံရသည်ဟုပင် ခံစားနေရသည်။
" ပြောတော့နတ်ဘုရားမမြို့တော်ဆို ... ခုရောက်နေတာ ဘယ်နေရာလဲ ..."
ပုဖန် အနည်းငယ်ကြောက်လာသည်။ သူ စနစ်ဆီမှအဖြေကို ကြားချင်နေသည်။
သို့သော် စနစ်က တစ်ခွန်းမှ ပြန်မဖြေပေ။
ဝှိုက်တီက ထောင်ခြောက်ဆင်ပြီးနောက် စနစ်ကပါ သူ့ကို ထောင်ခြောက်ဆင်နေသည်ဟု ထင်လာသည်။
နဂါးတစ်ကောင်ထံမှ အသံနိမ့်နိမ့်တစ်ခု ပဲ့တင်လာသည်။
အစိမ်းရောင်ဧရာမနဂါးကြီး ခေါင်းငုံ့လိုက်သည့်အခါ သူ၏ကျောကုန်းပေါ်မှ ပုံရိပ်တစ်ခု ဆင်းလာပြီး ပုဖန်ရှေ့တွင် လာရပ်သည်။
၎င်းက သူရဲကောင်းဆန်သည့် အသွင်ပြင်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
ဂျုံပင်ကဲ့သို့ အရောင်အဆင်းရှိသည့် အသားအရည် မျကိလုံးဝိုင်းဝိုင်းနှင့် ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုဖြစ်သည်။ သူမခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက ဆွဲဆောင်မှု ရှ်ိနေသည်။
ထိုအမျိုးသမီးက ပုဖန်ကို စိုက်ကြည့်နေသည်။
" ယောက်ျားတစ်ယောက်လား ..."
" ကျုပ်ကို ကြည့်ရတာ မိန်းမနဲ့တူနေလို့လား ..."
ပုဖန်၏ အမူအရာက မပြောင်းလဲသည့်အပြင် သက်ပြင်းချလိုက်သည်။
" ကြည့်ရတာ မင်းက တကယ့်ယောကျာ်းပဲ ..."
ထိုအမျိုးသမီး ပြုံးလိုက်သည့်အခါ လှပသည့်မျက်နှာက ပေါ်လွင်လာသည်။
သူမ ခါးထောက်လိုက်သည့်အခါ ရင်သားတစ်စုံက လှုပ်ခါသွားသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ လက်မြှောက်လိုက်သည်။
" ညီအစ်မတို့ရေ သူ့ကို ကြိုးချည်ထားလိုက် ... သူ့ကို ဧကရီဘုရင်မကြီးဆီ ဆက်သရမယ် ..."
ဖွီး ...
ပုဖန် သွေးအန်လုနီးပါး ဖြစ်သွားသည်။
သူမ ဘာပြောလိုက်တာလဲ ... ဧကရီဘုရင်မကြီးဆီ ဆက်သမယ်တဲ့လား ... ဒါဆိုရင် ယောကျာ်းတွေက ဒီနေရာမှာ ကစားစရာအရုပ်သာသာပဲပေါ့ ...
" ရပ်စမ်း ... အနားကပ်မလာနဲ့ ..."
ပုဖန် မျက်ခုံးများပင့်လိုက်သည်။ အတွေးတစ်ခုဖြင့် အဖြူရောင်မီးတောက်များပေါ်လာပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လည်ပတ်စေလိုက်သည်။
တောက်လောက်နေသည့်မီးလျှံများကို မြင်သည့်အခါ အားလုံး ရပ်တန့်သွားသည်။
" ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်လား ... ကြည့်ရတာ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံရကတော့ သိပ်မဆိုးပုံပဲ ... ကံဆိုးတာကတော့ ဒီမိန်းမကြီးက မင်းကိုမကြောက်ဖူး ..."
ထိုအမျိုးသမီးက ပြုံးလိုက်သည်။
ရုတ်တရက် သူမ၏အော်ရာ ပေါက်ကွဲထွက်လာသည်။ အသက်ရှုကျပ်စေနိုင်သည့်ဖိအားများ ထွက်ပေါ်လာကာ ကောင်းကင်တွင် လေလှိုင်းများထန်လာသည်။
သူမ၏အထက်မှ ကောင်းကင်ယံတွင် တောက်ပနေသည့် ကြယ်ခုနှစ်လုံး ပေါ်လာသည်။
" ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးနယ်ပယ်လား ..."
ပုဖန် အံ့အားသင့်သွားသည်။ ထိုအမျိုးသမီး၏ စွမ်းအားအဆင့်ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ မြို့တော်သခင်မုန့်ချီနှင့် ဆင်တူနေမည်ဟု မထင်ထားခဲ့ပေ။
" ငါကြားဖူးတာ ယောကျာ်းတွေက လက်သီးနဲ့ပဲ စကားပြောကြတယ်တဲ့ ... မင်းရော အဲ့နည်းလမ်းနဲ့ပဲ ပြောချင်လား ..."
ထိုအမျိုးသမီးက ဟာသပြောပြီး တခစ်ခစ်ရယ်လိုက်သည်။
" ပြဿနာမရှာပါနဲ့ ... ကျုပ်ရဲ့စကားပြောပုံက ခင်ဗျားကို ကြောက်သွားမှာ စိုးရိမ်မိတယ်..."
ပုဖန် သက်ပြင်းချကာ ပြောလိုက်သည်။
" စာအုပ်ထဲမှာပြောထားတာ ယောကျာ်းတွေအားလုံးက စကားကြီးစကားကျယ်ပြောတတ်တယ်တဲ့ ... စစ်သူကြီး လင်းတမိန် သူ့ကိုအနိုင်ယူပြလိုက်ပါ ..."
" စစ်သူကြီးလင်းတမိန် လှံရှည်နဲ့ သူ့ကိုထိုးလိုက် ..."
" ယောက်ျားတွေအားလုံးက ငတုံးပဲ ..."
တစ်ချိန်တည်းတွင် အသံပေါင်းများစွာ ထွက်ပေါ်လာသည်။
ပုဖန် အနည်းငယ် ဆွံ့အသွားသည်။
ဒီမိန်းမတွေက အရမ်းထူးဆန်းတာပဲ ... ယောက်ျားတွေကို နှစ်ပေါင်းများစွာ မမြင်ဖူးတဲ့ပုံပေါက်နေတယ်....
လင်းတမိန်ဟူသည့် အမျိုးသမီးက မစောင့်နိုင်တော့ပေ။ သူမလက်များကို ပွတ်သပ်နေလျက် စိတ်လှုပ်ရှားမှုများက မျက်နှာတွင် ပေါ်နေသည်။
လက်ခုပ်တီးလိုက်သည့်အခါ သူမနောက်မှ နဂါးကြီး၏မျက်လုံးထဲတွင် မီးရောင်တောက်လာသည်။
၎င်းက လည်ပင်းကိုဆန့်ပြီး ဟိန်းဟောက်လိုက်သည်။
" ဒီယောက်ျားရဲ့ မူလဇစ်မြစ်ကို ကြည့်ရအောင် ... ငါ့ရဲ့ ရတနာတွေက သူ့ကိုအနိုင်ယူနိုင်မလားမသိဘူး..."
လင်းတမိန် ပြုံးလိုက်သည်။
ထို့နောက် ကျောက်စိမ်းနဂါးကြီးက အတောင်ပံတဖျတ်ဖျတ် ခတ်လိုက်သည်။ ၎င်းကအစိမ်းရောင် လျှပ်စီးကြောင်းတစ်ခုဖြစ်သွားကာ ပုဖန်ဆီသို့ တစ်ဟုန်ထိုး လာနေသည်။
နဂါးကြီးက ပါးစပ်ဟထားသောကြောင့် ကြောက်မက်ဖွယ်အစွယ်များနှင့် နှာခေါင်းမှ အငွေ့များထွက်နေသည်ကို မြင်ရသည်။
ပုဖန် မျက်ခုံးများပင့်လိုက်သည်။ သူ၏နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသည်။
အတွေးတစ်ခုဖြင့် သူ၏လက်တစ်ဝိုက်တွင် စိမ်းပြာရောင် အငွေ့များ ပေါ်လာကာ လက်ထဲတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ထွက်ပေါ်လာသည်။
ဓားကိုမြှောက်လိုက်ပြီး ပြေးဝင်လာသည့် အစိမ်းရောင်နဂါးကြီးကို ချိန်ရွယ်ထားလိုက်သည်။
ပုဖန် ဘေးဘက်သို့ ခေါင်းစောင်းလိုက်သည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားထံမှ နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
အရမျးနားအူစတောပဲ ...
ဂရား ...
နဂါးဟိန်းသံကြီးက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။
အစိမ်းရောင်နဂါးကြီး ရုတ်လျည်းရပ်တန့်သွားပြီး ဓးထောက်ချလိုက်သည်။ အတောင်ပံများကိုလည်း ပြန်သိမ်းကာ တသိမ့်သိမ့်တုန်လာသည်။
အခြားနဂါးများလည်း နာခံစွာဖြင့် ဒူးထောက်ထားကြသည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားပေါ်လာချိန်တွင် ထောင်ချီသောနဂါးများအားလုံး ဒူးထောက်လိုက်ကြသည်။
လင်းတမိန် လန့်သွားသည်။ ဤယောကျာ်းက ဝတ်ရုံလက်ထဲတွင် လှည့်စားမှုများ ထည့်သွင်းထားမည်ဟု မထင်ထားခဲ့ပေ။
ကြည့်ရတာ ဒီယောကျာ်းက သာမန်တော့မဟုတ်ဖူးပဲ ... နတ်ဘုရားမမြို့တော်ကို ဘာကြောင့် လာတာပါလိမ့် ...
ဤတစ်ကြိမ်၌ လင်းတမိန် မစွန့်စားတော့ပေ ။ လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သောအခါ တောက်ပြောင်နေသည့် အနက်ရောင်လှံရှည်တစ်ခု သူမလက်ထဲတွင် ပေါ်လာသည်။
လှံကို လှည့်လိုက်ပြီး ချွန်ထက်သော အဖျားပိုင်းကို ပုဖန်ဘက်သို့ ချိန်ရွယ်ထားသည်။
" တမိန် ရပ်လိုက်တော့ ဒီလူကြီးမင်းကို မြို့ထဲဖိတ်ခေါ်ပြီး ကောင်းကောင်းဧည့်ခံလိုက်ပါ ..."
လင်းတမိန်က ပစ်မှတ်ကို လှံဖြင့်ထိုးတော့မည့်အချိန်၌ သာယာနာပျော်ဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။
လင်းတမိန် အံ့အားသင့်သွားသည်။
အဲ့ဒါ ဧကရီဘုရင်မကြီးရဲ့ အသံမလား ...
အရှင်မက ဒီယောကျာ်းက်ု မြို့ထဲ ဖိတ်ခေါ်တယ်ပေါ့ ...
လင်းတမိန် နားမလည်နိုင်ဖြစ်သွားသော်လည်း ဘုရင်မ၏အမိန့်ကို မလွန်ဆန်ရဲပေ။
သံသယများ ပြည့်နှက်နေသောအကြည့်ဖြင့် လှံရှည်ကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။
" လူကြီးမင်း ... ကျွန်မတို့ရဲ့ ဧကရီဘုရင်မကြီးက မြို့ထဲကို ဖိတ်ခေါ်ပါတယ် ... ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ ..."
လင်းတမိန် သူ၏သံသယများကို ထိန်းချုပ်ထားကာ တွေးနေသည်။
" အရှင်မက သူမရဲ့ ဒဏ္ဍာရီလာမောင်းမဆောင်ကြီးကို တည်ထောင်ချင်နေတာ အမှန်ပဲထင်တယ် ..."
ရုတ်တရက် သူမ ပုဖန်ကို စူးစူးရှရှ ကြည့်လိုက်မိသည်။
ပုဖန် ဇဝေဇဝါဖြစ်သွားသည်။
ဒီမိန်းမ ရူးနေတာလား ...
စိတ်ရောဂါရှိနေသကဲ့သို့ သူမ တစ်ချိန်တည်းတွင် ကြောက်လန့်ပြီး အံ့အားသင့်နေသည်။
" ကျုပ်ကို လမ်းပြပါ ..."
ထပ်မံ မတိုက်ခိုက်ချင်သော ပုဖန်က ပြောလိုက်သည်။
" လူကြီးမင်း ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါ ..."
လင်းတမိန်၏ အသံအနေထားက ပြောင်းလဲသွားသည်။ သူမ၏ ဆွဲဆောင်မှုရှ်ိသော ခန္ဓာကိုယ်ကိုလှုပ်ရမ်းကာ ပုဖန်ကို မ်ြို့တော်တံခါးဝဆီသို့ ခေါ်သွားသည်။
အခြားအမျိုးသမီးများလည်း နဂါးများဖြင့် မြို့ထဲ ပြန်ဝင်သွားကြသည်။
ပုဖန် လက်နောက်ပစ်ပြီး နောက်မှလိုက်လာသည်။
သူ၏ ပိန်ပိန်သွယ်သွယ်ပုံစံက ချောမောခန့်ညားနေသည်။
သူနှင့်တူတူလျှောက်လာသည့် မိန်းကလေးများက သူ့ကို မကြာခဏခိုးကြည့်ပြီး အရက်မူးနေသကဲ့သို့ ရှက်သွေးဖြာနေကြသည်။
" ဒီလူက တော်တော်ကြည့်ကောင်းတာပဲ ..."
" ဟုတ်ပါ့ ... အရှင်မ သူ့ကိုဖိတ်တာ မဆန်းပါဘူး ..."
" ငါကြားဖူးတာ ယောက်ကျားတွေမှာ ..."
ပုဖန် မရှက်သလို နှလုံးခုန်လည်း မြန်မလာပေ။ ဘေးနားမှ တီးတိုးပြောနေသော မိန်းမအုပ်စုကြီးဖြင့် မြို့ထဲ ဝင်လာသည်။
သူတို့ဝင်သွားပြီးနောက် ခမ်းနားထည်ဝါသည့် မြို့တံခါးကြီး ပိတ်သွားသည်။
ဆိုးရွားသည့်တစ်ခုခုကို ကြိုတင်သိရှိလိုက်ရသကဲ့သို့ ပုဖန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
နတ်ဘုရားမမြို့တော် ... ထူးဆန်းတဲ့နေရာတစ်ခုကို ဝင်လာခဲ့မိတာများလား ...
ပုဖန် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဆွဲဆောင်မှုရှိသောကိုယ်လုံးကိုယ်ထည်များဖြင့် လှပသော အမျိုးသမီးများကို တွေ့လိုက်ရသည်။ သူတို့၏ အဝတ်အစားများက ပါးလွှာကြပြီး အားလုံးကသူ့ကို သိချင်စိတ်ဖြင့် စူးစမ်းနေကြသည်။
ပုဖန် အသက်ပြင်းပြင်းရှုလိုက်သည်။
လက်ကိုခါလိုက်ပြီး အစပ်ချောင်းကိုဆွဲထုတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။
နောက်မှစကားပြောရမယ် ... လောလောဆယ်တော့ စိတ်ကိုတည်ငြိမ်အောင်ထားဖို့ အစပ်ချောင်းလိုအပ်နေတယ် ...
…
ဟင်းလင်းပြင်က ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ပုံရိပ်တစ်ခုက အဝေးမှလာပြီး လေထဲတွင် တစ်ဟုန်ထိုး ဖြတ်သန်းသွားနေသည်။
ပြင်းထန်သောလေကြောင့် လောင်တျဲ၏ဆံပင်၏ ကွေးကောက်ကာ ဖရိုဖရဲဖြစ်နေသည်။
ငရဲဘုရင်အာဟ နဖူးပေါ်မှဆံပင်ကို ဖယ်လိုက်ကာ ခေါင်းမော့၍ အဝေးကိုကြည့်နေသည်။
သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
" ဒီဘက်ပဲ ... ကောင်လေးပုဖန် တကယ်ပဲ ဒီနေရာကိုလာတာပေါ့ ... ပြဿနာရှာတတ်တဲ့ ပုဖန် ပီသပါပေတယ် ..."
ပုဖန်ဤနေရာသို့ ရောက်လာသည်ကို တွေးမိပြီး ငရဲဘုရင်အာဟ၏မျက်နှာက လေးနက်သွားသည်။
…
အဝေးတွင်လည်း ဟင်းလင်းပြင်ဆုတ်ပြဲသွားပြီး အနက်ရောင် သင်္ဘောတစ်စင်းထွက်ပေါ်လာသည်။
ငရဲကမ္ဘာသင်္ဘော ရောက်ရှိလာခြင်းဖြစ်သည်။
နယ်သာရီက အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူမက သင်္ဘောကုန်းပတ်တွင်ရပ်နေကာ ကျယ်ပြန့်လှသော ကျက်တီးမြေကို မျက်မှောင်ကြုတ်လျက်ကြည့်နေသည်။
သူမနောက်တွင် အစိမ်းရောင်ဆံပင်ဖြင့် လှပသိမ်မွေ့သည့် မိန်းကလေးတစ်ယောက် ရပ်နေသည်။
သူမက နယ်သာရီ ဆွဲခေါ်လာသည့် ပန်းပွင့်လေးဖြစ်သည်။
" ကျွန်မတို့ ဘယ်နေရာမှာလဲ ... ဒီမှာ ပုဖန်ရှိလား ..."
ပန်းပွင့်လေးက သွယ်လျသောခြေထောက်များကိုချကာ လှဲလျောင်းနေသည်။
နယ်သာရီ၏မျက်နှာ မဲမှောင်သွားသည်။
" ဒါက နတ်ဘုရားမ မြို့တော်ပဲ ..."
" နတ်ဘုရားမမြို့တော်ကဘာလဲ ..."
ပန်းပွင့်လေးက စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
" နတ်ဘုရားမမြို့တော်က နည်းနည်း ... ဘာပဲဖြစ်ဖြစ် အဲ့မှာ အရမ်းလှပြီး မြူဆွယ်တတ်တဲ့ မိန်းမတွေ အများကြီးရှိတယ် ..."
နယ်သာရီ၏မျက်လုံးများ မဲမှောင်သွားသည်။ မျက်လုံးအထက်မှ အစိမ်းရောင် သွေးကြောများက နားရွက်အထိ ထောင်တက်လာသည်။
ပန်းပွင့်လေး၏ ဟနေသောပါးစပ် ချက်ချင်းပိတ်သွားသည်။