အပိုင်း ၁၁၁၈
Viewers 53k

အခန်း ၁၁၁၈

နှစ်ထောင်ပေါင်းများစွာကြာပြီးမှ ရောက်လာသည့် ဒုတိ‌ယ‌မြောက်ယောကျာ်း


နတ်ဘုရားမမြို့‌‌တော်တွင် နေထိုင်သူအားလုံးက မိန်းမများသာဖြစ်သည်။


ယောက်ျားနှင့်တူသည့် သက်ရှိတစ်ဦးကိုမျှ ပုဖန် မတွေ့ပေ။


ကလေးမလေး ဆယ်ကျော်သက်ကောင်မလေး သတ်လတ်ပိုင်းအရွယ် အမျိုးသမီးများ အဘွားအိုများကိုသာတွေ့ပြီး ယောကျာ်းတစ်ယောက်မှ မရှိပေ။ မြို့တော်တံခါးဝက ထွက်လာစဉ်က စီးလာကြသည့် နဂါးများမားလုံးပင် နဂါးမများဖြစ်သည်။


ဤအထီးကျန်မြို့တော်က မိန်းမများသာဦးဆောင်ရသည့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ် တိုးတက်လာပုံရသည်။


ပုဖန် ကျောက်တုံးများပေါ်သို့ ‌တဖြည်းဖြည်းလျှောက်သွားသည့်အခါ အဆုံးမဲ့သော အဆောက်အဦးကြီးများနှင့် လမ်းမကျယ်ကြီးများကို တွေ့လိုက်ရသည်။


အရာအားလုံးက ထူးခြားပြီး ဆန်းသစ်နေသည်။


လင်းတမိန်ဟူသည့် အမျိုးသမီးဦးဆောင်သော အမျိုးသမီးတပ်စု၏အလယ်တွင် ပုဖန်လျှောက်နေခြင်းဖြစ်သည်။ အစိမ်းရောင်နဂါး၏ ဇက်ကြိုးကို ဆွဲကာ လမ်းကျယ်ကြီးပေါ်မှ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။


‌ဈေးဆိုင်ပိုင်ရှင်များနှင့် ပျံကျဈေးသည်များက လမ်းဘေးတွင်ရှိသည်။ သူတို့အားလုံးလည်း မိန်းမများပင်။ အပျိုအရွယ်မိန်းကလေးမှစ၍ အသက်ရှစ်ဆယ်ကျော်အဘွားအရွယ်အထိ ရှိကြသည်။ ထိုတပ်စု၏အလယ်မှ ပုဖန်ကို စပ်စု၍ ကြည့်နေကြသည်။


ထို့နောက် နတ်ဘုရားမမြို့တော်တစ်ခုလုံး နားအူစေလောက်သည့် ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။


" ယောက်ျားတစ်ယောက်ပါလား ..."


" ဘုရားရေ အဲ့ဒါတကယ်ယောကျာ်းလား ... ငါ့ဘဝမှာ ပထမဆုံးမြင်ဖူးတာပဲ ..."


" ယောကျာ်းတစ်ယောက်ကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်နှနှစ်လောက်ရှိပြီလဲ ..."


ကြည့်ရှု့နေသူများက ပြောင်ပြောင်တင်းတင်းပင် ဆွေးနွေးနေကြသည်။ ပစ္စည်းအသစ်အဆန်းများက လူတို့၏အာရုံကို အမြဲတမ်း လွယ်ကူစွာဖမ်းစားနိုင်သည်။


ပုဖန် သူ့ကိုစူးစိုက်ကြည့်နေသည့် အကြည့်များကို ခံစားမိသည့်အခါ ဦးရေပြားများပင် ထုံကျဉ်လာသည်။


ဒါဘယ်လိုနေရာကြီးလဲ ...


ဒီနေရာက ယောက်ျားအဲ့လောက်တောင် ရှားကြတာလား ...


မည်သို့ပင်ဖြစ်စေ ပုဖန် တည်ငြိမ်နေဆဲဖြစ်သည်။ သူ့မျက်နှာက ဂျုံနယ်နေသည့်အချိန်ကဲ့သို့ အမူအရာမဲ့နေသည်။


လင်းတမိန်က နောက်လှည့်ပြီး ပုဖန်ကို စစ်ဆေးကြည့်လိုက်သည့်အခါ တည်ငြိမ်နေသာသူ့ကိုမြင်၍ ပြုံးလိုက်သည်။ သူမ၏ အဖြူရောင်သွားများနှင့် ဖြူဖွေးနေသည့်အသားအရည်က အံ့အားသင့်ဖွယ်ရာပင်ဖြစ်သည်။


အဆောက်အဦးများစွာကို ဖြတ်ကျော်ပြီး လမ်းအဆုံးထိလျှောက်သွားကြသည်။


ထိုအဆောက်အဦးများ၏ ပြတင်းပေါက်များက ပွင့်နေကာ လှပေသော ကိုယ်လုံးကိုယ်ပေါက်များနှင့် မိန်းကလေးများ ထိုင်နေကြသည်။ သူတို့က ပုဖန်ကို စူးစမ်းစွာ ကြည့်နေသည်။


နတ်ဘုရားမမြို့တော်မှ လူအားလုံးက ယောကျာ်းများကို မြင်ရခဲသည့်အတွက် အထူးအဆန်းဖြစ်နေကြသည်။


အချိန်အတော်ကြာ လမ်းလျှောက်ပြီးသည့်နောက် ပုဖန်၏ အကြည့်များက အဝေးမှ တစ်စုံတစ်ခုထံသို့ ရောက်သွားသည်။


ကျယ်ပြန်သော့ ရင်ပြင်တစ်ခုနှင့် ရေကန်တစ်ခုရှိနေသည်။ ထိုရေကာ်၏အလယ်တွင် ရေများက ရေပန်းကဲ့သို့ ကောင်းကင်ပေါ်ထိ မြင့်တက်နေသည်။


အစိမ်းရောင်နဂါးများ ထိုရေကန်ကို မြင်ကြသည့်အခါ အတောင်များ တတ်ဖျတ်ဖျတ်ခတ်ကာ ရေကန်ထဲ ပြေးဆင်းသွားပြီး ရေများပက်ဖြန်းကာ မြူးထူးပျော်ပါးနေကြသည်။


တောက်ပနေသော နေလုံးကြီးက ကောင်းကင်ထက်တွင် တည်ရှိနေသည်။ သို့သော် ဤနေရာက မြေအောက်တွင်ဖြစ်၍ ထိုနေလုံးက အတုဖြစ်ကြောင်း ပုဖန် သေချာသိသည်။ ၎င်းက စွမ်းအင်ရှိသော ကျောက်မျက်တစ်ခုခုကို တွဲလောင်းချထားစေပုံရသည်။


နေရောင်က အစိမ်းရောင်နဂါးများ၏ကိုယ်ပေါ် ဖြာကျနေသောအခါ တောက်ပသည့်ရောင်ခြည်များ အလင်းပြန်လာစေသည်။ 


" ဒါ ကျွန်မတို့ နတ်ဘုရားမမြို့တော်ရဲ့ နဂါးရေကန်ပါ ... ဒါကျွန်မတို့မိတ်ဆွေကောင်း အစိမ်းရောင်နဂါးတွေ နေကြတဲ့ နေရာပေါ့ ..."

လင်းတမိန်က ပုဖန်ကို‌ပြောလိုက်သည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုတောက်တဲ့ကဲ့သို့နဂါးများမဇာ အားလုံးအဆင့်မြင့်ကြပြီး ပုဖန် ယခင်ကတွေ့ခဲ့သည့် နဂါးမျိုးစပ်များထက်ပို၍ သန်မာကြသည်။


ထိုနဂါးများတွင် နဂါးအစစ်၏ သွေးအချိုးအစားများစွာ ပါဝင်နေကြောင်း အတိအကျပြောနိုင်သည်။


ပုဖန်၏မျက်လုံးထဲတွင် ထိုနဂါးများက ပါဝင်ပစ္စည်းကောင်းများသာဖြစ်သည်။


" အရှင်မက တွေ့ချင်နေပါတယ် ကျွန်မနဲ့ လိုက်ခဲ့ပါ ..."


ပုဖန်တစ်နေရာကို ကြည့်နေသည်ကိုမြင်သည့်အခါ လင်းတမိန် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ အစိမ်းရောင်နဂါးများက သူမ၏ပါတနာများဖြစ်သည့်အပြင် သူမစစ်တပ်၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။


" အခြားလူတွေ ဒီနေရာမှာပဲနေပြီး အမိန့်ကိုစောင့်နေ ... ငါတို့ဒီနေ့ ယောကျာ်းတစ်ယောက်ကို ဖမ်းမိခဲ့တာဆိုတော့ ပွဲကျင်းပရမယ် ... ဒီည ငါမင်းတို့အားလုံးကို ဖိတ်ကြားတယ် ငါတို့ရဲ့နဂါးစိမ်းစစ်တပ်က နွေဦးလေပြည်စားသောက်ဆိုင်တစ်ခုလုံးကို ကြိုစာရင်းပေးထားမယ် ..."

လင်းတမိန်က သူမတပ်စုဘက်သို့လှည့်ကာ ပြောလိုက်သည်။ ထို့နောကိ ခါးထောက်၍ ကျယ်လောင်စွာရယ်နေသည်။


အမျိုးသမီးစစ်သားများအားလုံး စိတ်လှုပ်ရှားသွားကြသည်။


လင်းတမိန်က တစ်ဖက်သို့လှည့်ကာ ပုဖန်ကိုကြည့်ပြီး မျက်ခုံးပင့်ပြလိုက်သည်။

" ဘာတွေကြည့်နေတာလဲ မြန်မြန်လာလေ ..."


ပုဖန်၏ နှုတ်ခမ်း‌ထောင့်များ တွန့်ချိုးသွားသည်။ သူတစ်ဖက်သို့လှည့်ပြီး နဂါးရေကန်ကို ဖြတ်လျှောက်လာသည်။


နဂါးရေကန်၏‌အနောက်ဘက် နတ်ဘုရားမမြို့တော်၏ လှပခံ့ညားသည့် အဆောက်အဦးများ အလယ်ဗဟိုတွင် ခမ်းနားထည်ဝါသည့် နန်းတော်ကြီးတစ်ခု ရှိနေသည်။


ထိုနန်းတော်ကြီးမှာ အနီရောင်နံရံ ရွှေဝါရောင်ခေါင်းမိုးနှင့် ကျောက်စိမ်းလှေကားများဖြင့် ခန့်ညားထည်ဝါပြီး အဆင့်မြင့်လှသည်။ ‌နန်းတော်ရှေ့တွင် ကျောက်ပြားတစ်ခုရှိသည်။


ထိုကျောက်ပြားက ဆင်စွယ်ရောင်ဖြစ်သည်။ သို့သော် မြင်တွေ့နေကျ ကျောက်ပြားများနှင့်မတူသည်က ဤကျောက်ပြားတွင် စာလုံးများ မရေးထွင်းထားပေ။


" ဒါ ကျွန်မတို့ နတ်ဘုရားမမြို့တော်ရဲ့ သင်္ကေတ စကားလုံးမဲ့နတ်ဘုရားမကျောက်ပြားပါ ... ဒဏ္ဍာရီတွေမှာပြောတာတော့ သူက နတ်ဘုရားမနဲ့ ဆက်သွယ်နိုင်တယ်တဲ့ ..."

လင်းတမိန်က ထိုကျောက်ပြားကို လေးစားသမှုဖြင့် ကြည့်နေသည်။


ပုဖန် ခေါင်းငြိမ့်လိုက်သည်။


စကားလုံးမဲ့ကျောက်ပြားလား ... စိတ်ဝင်စားစရာပဲ ...


သို့‌ရာတွင် ပုဖန်က အာရုံမစိုက်ထားပေ။ ထိုစကားလုံးမဲ့ကျောက်ပြားအတွက် သူ့ထံတွင် ထင်မြင်ချက်တစ်ခုမှ မရှိပေ။


မည်သို့ပင်ဖြစ်စေ ထိုနန်းတော်ကြီးက သူ့ကိုဖိအားအချို့ ပေးနေသည်။


နတ်ဘုရားမမြို့တော်က နိုင်ငံငယ်လေးတစ်ခုသာဖြစ်သည်။ ၎င်းက အထီးကျန်စွာ တစ်ဦးတည်းရပ်တည်ခဲ့ခြင်းဖြစ်၍ ထူးခြားဆန်းကြယ်နေသည်။


သို့သော် သူတို့ယခင်က ယောကျာ်းတစ်ယောက်ကို မမြင်ခဲ့ဖူးပေ။


နန်းတော်အတွင်းမှ တူရိယာများ၏ တေးသံများ ထွက်ပေါ်လာသည်။


လင်းတမိန် တည်ကြည်နေသောမျက်နှာထားဖြင့် အဝတ်များကို သေသေသပ်သပ်ဖြစ်အောင် ပြင်လိုက်သည်။


နန်းတော်တွင်းမှ အမျိုးသမီးတစ်ယောက်၏ ငြိမ့်ညောင်းသောအသံ ပဲ့တင်ထပ်လာသည်။


လင်းတမိန်က ပုဖန်ကို အနီရောင်ကောဇောခင်းထားသည့် လမ်းဆီသို့ ဦးဆောင်ခေါ်သွားပြီး နန်းတော်ထဲဖြည်းညှင်းစွာဝင်လာကြသည်။


အထဲသို့ရောက်သည်နှင့် ပုဖန်၏မျက်နှာကို အလွန်အမင်ထိတ်လန့်ခြောက်ခြားစရာကောင်းသည့် ဖိအားက လာရောက်ရိုက်ခတ်သည်။


ပုဖန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး လေအေးကို ရှုရ်ှိုက်နေရသည်။ 


စိတ်မထိန်းနိုင်ပဲ အပေါ်မော့ကြည့်လိုက်သည့်အခါ နန်းတော်၏ အတွင်းပိုင်းအပြင်ဆင်ကို မြင်လိုက်ရသည်။


နန်းတော်၏အတွင်းပိုင်းကို ရွှေနှင့် ကျောက်စိမ်းများဖြင့် အလှဆင်ထားသည်။ တိုင်လုံးတစ်ခုချင်းစီတွင် လျှို့ဝှက်ဆန်းကြယ်သော ပုံအမျိုးမျိုးကို ရွှေဖြင့်ထွင်းထုထားသည်။


အချို့ကျောက်တိုင်များတွင် အဖိုးတန်ကျောက်မျက်များဖြင့် မြှုပ်နှံထားသည့် ကြည့်ရသည်မှာ ခမ်းနားနေသည်။


မျက်နှာကျက်တွင်လည်း ကျောက်မျက်များဖြင့် စီခြယ်ထားပြီး အခန်းကို နတ်ဘုရားအလင်းရောင်ဖြင့် ထွန်းလင်းနေစေသည်။


ကျောက်စိမ်းလှေကား အဖိုးတန်းသတ္တုလက်ရန်းများနှင့် ရွှေရောင်ပလ္လင်တစ်ခု ...


ပုဖန် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ သူမတတ်နိုင်ပဲ သက်ပြင်းချလိုက်သည်။


ဒီမိန်းမတွေက အရမ်းချဲ့ကားတာပဲ ...


နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် ‌များစွာသောအကြည့်များက မြှားများကဲ့သို့ ကျရောက်လာသဖြင့် ပုဖန် ကြက်သီးထသွားသည်။


နန်းတော်၏အထက်ပိုင်းတွင် ရွှေရောင်ဧရာမပလ္လင်တစ်ခုရှိပြီး ပုံရိပ်တစ်ခုက ထိုနေရာတွင် သက်တောင့်သက်သာ ရှိနေသည်ကို တွေ့နိုင်သည်။


အနီရောင်ဖဲကတ္တီပါနှင့် လက်ရာမြောက်သော ကျောက်စိမ်းများ ပြုလုပ်ထားသော ပလ္လင်တွင်ဖီးနစ်ငှင်ပုံကို ပုလဲဖြင့်ပြုလုပ်ထားသော ကန့်လန့်ကာတစ်ခု ပါရှိသည်။


အမျိုးသမီးတစ်ယောက်က ထိုပလ္လင်ပေါ်တွင် ခန္ဓာကိုယ်ကို နွဲ့နှောင်းလျက် သိမ်မွေ့စွာ ထိုင်နေသည်။


သူမက အနီရောင်ဖဲဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေထောက်ချိတ်ထိုင်နေသဖြင့် ဖြူစင်သောအသားအရေက တောက်ပနေပုံရသည်။ အတိုချုပ်ပြောရလျှင် သူမကအလွန်လှပပြီး ဆွဲဆောင်မှု ရှိနေသည်။


ခြေထောက်မှစ၍ ကြည့်ပါက သူမ၏ရင်သားတစ်စုံကို မြင်တွေ့နိုင်ပြီး ထိုနေရာ၏အထက် လည်ပင်းတွင် မြလည်ဆွဲတစ်ခု ဆွဲထားသည်ကို မြင်နိုင်သည်။


ထိုအဖိုးတန်းကျောက်မျက်မှ လူတစ်ယောက်၏ စိတ်စွမ်းအင်ကို သန့်စင်ပေးနိုင်သည့် စွမ်းအင်များ ထုတ်လွှတ်ပေးနေသည်။


ပုဖန်၏ မျက်လုံးများက နောက်ဆုံးတွင် သူမမျက်နှာဆီသို့ ရောက်သွားသည်။


သူမက အလွန်အမင်းလှပပြီး သူမမျက်နှာက နတ်သမီး သို့မဟုတ် လှပ၍ဆွဲဆောင်မှုရှိသောနတ်ဆိုးမကဲ့သို့ ပြောင်မြောက်လှသည်။ သူမ၏ အနီရောင်နှုတ်ခမ်းပါးများနှင့် မြင့်မုတ်သောမျက်နှာက လိုက်ဖက်နေပြီး သူမထုတ်လွှတ်နေသည့် တော်ဝင်အော်ရာက ပို၍ရင်သပ်ရှုမောစေသည်။


ထိုအမျိုးသမီး မြင်ကွင်းထဲရောက်လာသည့်အခါ သူမ၏တည်ရှိမှုကြောင့် ကမ္ဘာပေါ်မှ မီးရောင်အားလုံး အရောင်မှိန်သွားသည်ဟုပင် ထင်ရသည်။


ပုဖန်၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားသည်။


ထိုအမျိုးသမီးက သူတွေ့ခဲ့ဖူးသမျှတွင် အလှပဆုံးဖြစ်သည်မှာ သံသယဝင်စရာမလို‌ပေ။


မည့်သို့ပင်ဖြစ်စေ ...


ပုဖန် ထိုအမျိုးသမီး၏ ကြယ်ပင်လယ်ကဲ့သို့ မျက်လုံးများထဲကို ကြည့်လိုက်သည့်အခါ သူ၏စိတ်ဝိညာဉ်ပင်လယ် မြင့်တက်လာသည်။


ပုဖန် အကြည့်လွှဲလိုက်ပြီး ဤအချက်ကို စတင်တွေးတောနေသည်။ ထို့နောက် သက်ပြင်းချ၍ သတိထားပြီး အံ့မခမ်းဖွယ်အမျိုးသမီးကို ကြည့်နေလိုက်သည်။


" အရှင်မကို အရိုအသေပြုပါတယ် ..."


လင်းတမိန် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ဒူးထောက်၍ လက်နှစ်ဖက်ကို သူမနှဖူးရှေ့တွင်ထားကာ ဧကရီဘုရင်မကြီးကို နှုတ်ဆက်လိုကသည်။


" စစ်သူကြီး ထလို့ရပါပြီ ..."


စောင်းသံကဲ့သို့ သာယာနာပျော်ဖွယ်အသံက ထိုလှပသောအမျိုးသမီး၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာသည်။


လင်းတမိန် မတ်တပ်ရပ်လိုက်သည့်အခါ စိတ်လှုပ်ရှားမှုများကို သူမမျက်နှာတွင် မြင်တွေ့နေရသည်။ 


အမျိုးသမီးတိုင်းက ချောမောလှပသော ဘုရင်မ၏ရှေ့၌ ရှက်ရွံ့စွာ ပြုမူနေကြသည်။ သူတို့၏ ဧကရီဘုရင်မကြီး၏အလှသည် အားလုံးကို နှိမ့်ချသွားစေကြောင်းမှာ ထင်ရှားသည်။


ပုဖန် အသက်ပြင်းပြင်းရှုလိုက်သည်။


ရင်သပ်ရှုမောရလောက်အောင် လှပသည့် အမျိုးသမီးထံမှ အလွန်အမင်း ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်နေသည်။ ထိုအော်ရာမှာ ကြေးတံခါးနောက်ဘက်တွင် ပိတ်လှောင်ခံထားရသည့် ငရဲအကျဉ်းထောင် ကျင့်ကြံသူထက်ပင် ပို၍သန်မာသည်။ 


ဒီမိန်းမက အရမ်းစွမ်းအားကြီးတာပဲ ...


သူမ၏ အင်အားသည်လည်း ခွေးဘုရင်ထက် မလျော့ပေ။


စနစ်၏ သူ့ကိုဤတစ်ကြိမ်တွင် တွင်းနက်ကြီးတစ်ခုထဲသို့ ပြုတ်ကျအောင် ထောင်ခြောက်ဆင်လိုက်သည်ဟု ပုဖန် ထင်လာမိသည်။


အကယ်၍ ဆွေးမြေ့အိုးကို သုံးလိုက်လျှင်လည်း ဤမိန်းမကို မည်သည့်အရာမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။ 


လင်းတမိန် ပါးစပ်ဟ၍ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ဧကရီက သူမ၏‌လက်ချောင်းသွယ်သွယ်များကို မြှောက်လိုက်ပြီး တိတ်ဆိတ်နေရန် ပြောလိုက်သည်။ 


နောက်ဆုံးတွင် ဧကရီဘုရင်မကြီးက ခြေချောင်းသွယ်သွယ်များ လှုပ်ရမ်း၍ ပလ္လင်ပေါ်မှ ထလာသည်။ သူမ၏ဝတ်ရုံရှည်ကြီးက တဖျပ်ဖျပ်လွင့်နေပြီး ခေါင်းပေါ်မှ ဖီးနစ်ငှက်သရဖူဖြင့် ရှေ့သို့ ဖြည်းညှင်းစွာ လွင့်မျောလာသည်။


" ယောက်ျားတစ်ယောက်လား ..."

ဘုရင်မက ပုဖန်ကို အမြင့်မှကြည့်နေသည်။


ကြောက်မက်ဖွယ်ဖိအားတစ်ခုကြောင့် ဖိနှိပ်ခံလိုက်ရပြီး ပုဖန် ဒူးထောက်လုနီးပါးဖြစ်သွားသည်။


၎င်းက ပုဖန်ကို မျက်မှောင်ကြုတ်သွားစေသည်။


ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်ရုံက ‌အနီရောင်မီးတောက်များ ထွက်ပေါ်လာပြီး မီးပွားများက သူ၏နောက်ဘက်မှ နေရာအနှံ့ကို လွင့်စင်နေသည်။


သို့ရာတွင် သူ တစ်လက်မ မှ မလှုပ်နိုင်ပေ။


ပုဖန် ဒီအတိုင်းသာ ရပ်နေရသည်။


ဝှစ် ...


ပုဖန်၏ အပြုအမူက နန်းတော်ထဲမှ မိန်းမအားလုံးကို လှုပ်ရှားသွားစေသည်။ သူတို့၏မျက်နှာမှ အမူအရာများက သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ဖိအားများ ‌ပေါက်ကွဲထွက်လာသည်။


၎င်းတို့ထဲမှအချို့က နယ်ပယ်သခင်တိထိုက်နီးပါး သန်မာကြသည်။


" အရိုအသေမဲ့လိုက်တာ ..."


" ဧကရီဘုရင်မကြီးကို မြင်တာတောင် ဒူးမထောက်တဲ့ကောင် ..."


" ယောကျာ်းတွေအားလုံးက ငတုံးတွေပဲ ..."


၎င်းတို့၏ မခံမရပ်နိုင်သည့်အသံများက မနက်ခင်းခေါင်းလောင်း သို့မဟုတ် ညနေခင်းဗုံသံကဲ့သို့ ပုဖန်ကို သက်ရောက်နေသည်။


သူတို့၏အဆက်မပြတ် စကားပြောသံများက ပုဖန်ကို ခေါင်းကိုက်လာစေသည်။


ဘုရင်မကြီးက ပုဖန်ကို စိတ်ဝင်တစားကြည့်နေသည်။


နတ်ဘုရားမမြို့တော်သို့ ယောကျာ်းတစ်ဦးလာရောက်ခဲ့သသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ထို့ကြောင့် ပုဖန်၏ ပုံပန်းသွင်ပြင်က ၎င်းတို့ကို စိတ်ဝင်စားစေသည်။


မည်သို့ပင်ဖြစ်စေ နတ်ဘုရားမမြို့တော်မှ လူအများစုက စိုးရိမ်ကြောက်လန့်နေကြသည်။


အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်းစာပေများ၏ ပြောကြားချက်အရ မြို့တော်သို့ ယောကျာ်းတစ်ယောက် ရောက်လာချိန်တိုင်း ၎င်းတို့က ကပ်ဆိုးကို ယူဆောင်လာတတ်သောကြောင့်ပင်။


ဘေးပတ်ပတ်လည်မှ မိန်းမများက အဆကိမပြတ် စကားပြောနေကြသော်လည်း ဧကရီဘုရင်မကြီးက သူတို့ကို မတားမြစ်ပေ။


ပုဖန် စိတ်အနှောင့်အယှက် ဖြစ်လာသည်။


" တော်ကြတော့ ..."

ပုဖန် မတုန်မလှုပ်ဖြင့် ပြောလိုက်သည်။


သူပြောသည်ကို မည်သူမျှ နားမထောင်ကြသောကြောင့် လင်းတမိန်‌ လှောင်ပြောင်လိုက်သည်။


ပုဖန် အသက်ပြင်းပြင်းရှုပြီးနောက် သက်ပြင်းချလိုက်သည်။ သူ၏မျက်လုံး အရောင်တောက်လာပြီး လက်မောင်းပေါ်မှ ပတ်တီးပြေကျသွားပြီး သားရဲဟိန်းသံကြီး ထွက်ပေါ်လာသည်။


အနက်ရောင်မီးခိုးများ လက်တစ်ဝိုက်တွင် ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည့်အခါ မဆိုင်းမတွ ကြမ်းပြင်ပေါ်ကို ရိုက်ချလိုက်သည်။


ဘန်း ...


ကြီးမားသော တုန်ခါမှုကြီးက ခန်းမအတွင်းရှိ အမျိုးသမီးများ၏ အော်ဟစ်စကားပြောသံကို လွှမ်းခြုံသွားသည်။


အားလုံး သူ့ကို လှည့်ကြည့်လိုက်ကြသည်။


" တော်ကြတော့လို့ ကျုပ်ပြောတယ်လေ ..."

ပုဖန် တည်ငြိမ်စွာပြောပြီး နေရာတစ်ခုလုံးကို မတုန်မလှုပ်ဖြင့် စေ့စေ့စပ်စပ် ကြည့်နေသည်။ သူ၏မျက်လုံးများက မီးတိုင်ကဲ့သို့ အရောင်တောက်နေသည်။


ခဏအကြာတွင် သူ၏မျက်လုံးများက လေထဲတွင် အဖက်မတန်သာ့် အမူအရာဖြင့် ပျံ‌ဝဲနေသော အမျိုးသမီးကို ကြည့်လိုက်သည်။


" နတ်ဘုရားမမြို့တော်ရဲ့ ဧကရီဘုရင်မကြီး ... ကျုပ် ဒီနေရာမှာ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို လာရှာတာပါ ... အဲ့နေရာမှာ အရေးကြီးကိစ္စတစ်ခု အလျင်စလိုလုပ်ဖို့ ရှိနေပါတယ် ... ဒီမြို့ကို ခိုးဝင်လိုတဲ့ ရည်ရွယ်ချက် မရှိဖူးဆိုတာ ကျေးဇူးပြုပြီး နားလည်ပေးပါ ..."

ပုဖန် ပြောလိုက်သည်။


သူ၏ဆံပင်ကို စည်းနှောင်ထားသည့် ဖဲကြိုးပြေကျသွားသဖြင့် ပုဖန်၏ တောက်ပြောင်ချောမွတ်သောဆံနွယ်များ ဝဲကျနေသည်။ သူ၏ လွင့်ပျံနေသောဆံပင်များက ကမ္ဘာပေါ်သို့ ကျဆင်းလာသည့် နတ်သားတစ်ပါးနှင့်ပင် တူနေသည်။


" အဲ့ဒါကြောင့် အရှင်မ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားဖို့ လမ်းပြပေးနိုင်မလား ..."

ပုဖန် မေးလိုက်သည်။


နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။


ဘုရင်မက ပုဖန်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ထိုယောကျာ်းကို ဤမျှအထက်စီးဆန်ပြီး စွမ်းအားကြီးမည်ဟု မထင်ထားခဲ့ပေ။


လင်းတမိန် ပုဖန်ကို လှည့်ကြည့်လိုက်သည်။ သူမ၏အနီရောင် နှုတ်ခမ်းပါးများက မယုံကြည်နိုင်မှုကြောင့် တဆတ်ဆတ် တုန်နေသည်။


ရုတ်တရက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။


အမျိုးသမီးများက သူတို့၏ ဧကရီကို အံ့ဩစွာကြည့်နေသည်။


သူတို့အားလုံး လေးစားရသည့် လှပသောဧကရီဘုရင်မကြီးက သူမပါးစပ်ကိုအုပ်၍ ရပ်တန့်ခြင်းမရှိပဲ ရယ်မောနေသည်။ သူမ၏မျက်တောင်များက လှပ၍ အနုပညာမြောက်သော မျက်နှာပေါ်တွင် တဖျတ်ဖျတ်ခတ်နေသည်။


ခဏကြာသောအခါ ရယ်သံရပ်သွားသည်။


" နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ မင်းက ငါတို့ရဲ့ နတ်ဘုရားမမြို့တော်ကို ကျူးကျော်လာတဲ့ ဒုတိယမြောက်ယောက်ျားပဲ ... ပြီးတော့ မင်းကလည်းပဲ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားချင်တယ်ပေါ့ ... စိတ်ဝင်စားစရာပဲ ..."


သူမ၏ အေးစက်လှပသော မျက်ဝန်းတစ်စုံက ပုဖန်ပေါ်သို့ ကျရောက်လာပြီး ဆက်ပြောလိုက်သည်။

" အာ မင်းကိုပြောဖို့ မေ့သွားတယ် ... ပထမဆုံးယောက်ျားကတော့ သူ့ကိုယ်သူ ငရဲဘုရင်လား ဘာလား အဲ့လိုခေါ်တယ် ... နာမည်က ထျန်စန်းတဲ့ ... ကဲအခု မင်းရဲ့နာမည်ကဘာလဲ ပြောပြပါဦး ..."