အခန်း ၁၁၂၂
ကျုပ်က ယောကျာ်းလေ
ပုဖန်က လူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
ထိုသို့ ရှုပ်ထွေးနေချိန်၌ လူများအာရုံစိုက်မှုမရရန် ခက်ခဲလွန်းနေသည်။
စားပွဲထိုးမလေး ကြောက်လန့်ပြီး ထခုန်လိုက်မိသည်။ ပုဖန် ထိုသို့လုပ်လိမ့်မည်ဟု မထင်လိုက်မိပေ။
နွေဦးလေပြည်စားသောက်ဆိုင်မှာ ပြဿနာရှာရဲတဲ့သူ ရှိတယ်ပေါ့ ... ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်မိဘူး ...
နွေဦးလေပြည်စားသောက်ဆိုင်က ဧကရီဘုရင်မအတွက် ချက်ပြုတ်ပေးရသောကြောင့် ဂုဏ်သတင်းကြီးသည့် စားသောက်ဆိုင်ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် ေတာ်ဝင်စားသောက်ပွဲကြီး၏ မူပိုင်ရှင်ဟုလည်း ခေါ်နိုင်သည်။
ဒီလိုလေးစားခံရတဲ့နေရာမှာ ဘယ်သူက ပြဿနာရှာရဲလိမ့်မလဲ ...
အဲ့ဒါကို နယ်သာသလင်းကျောက် ငါးရာတန်ဟင်းကိုမှာစားတဲ့ စားသုံးသူတစ်ယောက်က ဒီလိုအဖြစ်အပျက်ကို ဖန်တီးရဲတယ်ပေါ့ ...
စားပွဲထိုးမလေး၏ မျက်နှာက ပျက်ယွင်းလာသည်။ သူမ ပုဖန်ကို ရည်ရွယ်ချက်ရှိရှိစိုက်ကြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် ပုဖန်က ဝတ်ရုံနက်ဖြင့် လွှမ်းခြုံထား၍ မည်သည့်ပုံစံဖြစ်သည်ကို မမြင်ရသောကြေညင့်ဖြစ်သည်။
ပုဖန်ကို ကြည့်နေမည့်အစား ထိုမိန်းကလေးက ဘေးမှ မျက်နှာမသာမယာဖြစ်နေသည့် မိန်းမကိုပြောလိုက်သည်။
" သခင်မလျှို့... အရုပ်ဆိုးတဲ့ မြင်ကွင်းတစ်ခု မြင်ေးမိပါပြီ ... ကျွန်မ အစောင့်တွေခေါ်ပြီး ဒီလူကိုမောင်းထုတ်လိုက်ပါ့မယ် ..."
သခင်မလျှို့ ခေါင်းငြိမ့်ပြလိုက်သည်။
နွေဦးလေပြည်စားသောက်ဆိုင်တွင် ပြဿနာရှာရဲသည့်လူမျိုးကို သူမ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။
နွေဦးလေပြည်စားသောက်ဆိုင်က သာမန်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက နတ်ဘုရားမ မြို့တော်တွင် ဂုဏ်သတင်းကြီးမားသည့် စားသောက်ဆိုင်အဖြစ် အချိန်ကြာမြှင့်စွာ ရပ်တည်နေနိုင်မည်မဟုတ်ပေ။
စားသောက်ဆိုင်အများစုက တော်ဝင်စားသောက်ပွဲကြီးကို ချက်ပြုတ်ခွင့်ရပြီး ဂုဏ်သတင်းကြီးမားလိုသည်။သို့သော် ထိုသို့စိတ်ဆန္ဒရှိကြသော်လည်း မည်သူကမှ နွေဦးလေပြည်စားသောက်ဆိုင်၏နေရာကို မယူနိုင်ကြပေ။
သခင်မလျှို့က နတ်ဘုရားမမြို့တော်၏ အရာရှိတစ်ယောက်ဖြစ်သော်လည်း နွေဦးလေပြည်စားသောက်ဆိုင်ကို မစော်ကားရဲပေ။
သခင်မလျှို့က ပုဖန်ကို လှောင်ပြောင်လိုက်သည်။
"မင်း အဲ့လိုသတ္တိတွေ ဘယ်ကရာတာလဲ ငါတကယ်မသိဘူး ..."
ပုဖန် မည်သူမည်ဝါဖြစ်ကြောင်း သူမ တွေးမနေချင်ပေ။
နယ်သာသလင်းကျောက်ငါးရာတန်တဲ့ ဟင်းတစ်ပွဲကိုပဲ ဝယ်စားနိုင်တဲ့သူက ဘယ်လိုနောက်ခံအင်အားရှိမှာလဲ ...
ထိုလူရွေးထားသည့်ဟင်းလျာက နွေဦးလေပြည်စားသောက်ဆိုင်၏ ဈေးအပေါဆုံး ကျောက်စိမ်းနဂါးအသည်းဖြစ်သည်။ ထိုသို့ဟင်းလျာကို ဤကဲ့သို့အဆင့်မြင့်သည့်နေရာမျိုး၌ မည်သူမျှ မမှာစားကြသကဲ့သို့ သူမကိုယ်တိုင်သည်လည်း တစ်ခါမှ မစားခဲ့ဖူးပေ။
သခင်မလျှို့က စားပွဲထိုးမလေးကို စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ငါအခုထိ စားချင်နေသေးတယ် ဗိုက်အရမ်းဆာနေပြီ ..."
စားပွဲထိုးမလေးက ခပ်ဖျော့ဖျော့ ပြုံးပြပြီး သူမကိုတစ်နေရာသို့ခေါ်သွားသည်။
ပုဖန် ဤကိစ္စကို လျစ်လျူရှု့ထားချင်သော်လည်း ထိုစားပွဲထိုးမိန်းကလေး၏ အကျင့်စရိုက်က စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလွန်းသည်။
ဈေးအပေါဆုံးဟင်းကို မှာတာ ဘာဖြစ်နေလို့လဲ ...
စားသုံးသူက စားသုံးသူပဲလေ ... သူက စားသုံးသူဖြစ်နေမှတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံခံရသင့်တာပဲမလား ...
စားပွဲထိုးမလေးက သူ့ကို အထင်သေးသောကြောင့် ပုဖန်ဒေါသထွက်လာသည်။ အရေးကြီးဆုံးမှာ သယမထွက်သွားခိုင်းစဉ်က သူ့အစားအစာ၏တစ်ဝက်ခန့်ကိုသာ စားရသေးသည်။ ထိုကိစ္စကို သူဒေါသအထွက်ဆုံးဖြစ်သည်။
နွေဦးလေပြည်စားသောက်ဆိုင်၏ အစောင့်များက ချက်ချင်းပင်ရောက်လာပြီး ဓားရှည်များ၏ အသံများကို ကြားနေရသည်။
သူတို့ ဤမျှ မြန်မြန်ဆန်ဆန်ရောက်လာမည်ဟာ ပုဖန်မထင်ခဲ့ပေ။
အစောင့်များရောက်လာချိန်၌ စားပွဲထိုးမလေးက ပုဖန်ကို လက်ညိုးထိုးပြကာ အော်လိုက်သည်။
" အဲ့တစ်ယောက်က ဒီမှာပြဿနာရှာနေတဲ့သူပဲ ..."
ကိစ္စများက အဆိုးဘက်သို့ ဦးတည်လာပုံပင်။ သူ၏ဘေးနားရှိလူပေါင်းများစွာက သူ့ကိုသနားဟန်ဖြင့် ကြည့်နေကြပြီး အမှားလုပ်သူမှာ စားပွဲထိုးမလေးဖြစ်သော်လည်း မည်သူမျှ ကူညီပေးချင်ပုံမပေါ်ပေ။
သံချပ်ဝတ်များ ဝတ်ဆင်ထားသည့် အစောင့်များက ပြင်းပြင်းထန်ထန်လေ့ကျင့်ထားကြပုံရပြီး ခန္ဓာကိုယ်များကြံ့ခိုင်လှသည်။
သို့သော် ပုဖန်က တည်ငြိမ်နေဆဲဖြစ်သည်။ ထိုအစောင့်များက သန်မာကြသော်လည်း သူတို့ထဲမဇ အသန်မာဆုံးက ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးနယ်ပယ်သာ။ရောက်ရှိသေးသည်။
ပုဖန်က ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်အထိ ရောက်ရှိနေပြီဖြစ်သည်။ ထိုမျှအင်အားကွာခြားသူများကို ပုဖန် ကြောက်မနေပေ။
သူ၏ဝတ်ရုံကြောင့် ပုဖန်ဟ ကျင့်ကြံမှုကို မည်သူမျှ မမြင်နိုင်ကြပေ။
တဒေါင်ဒေါင်အသံများဖြင့် ပုဖန်ဆီသို့ အစောင့်များ ချဉ်းကပ်လာသည်။
အပေါ်ထပ်မှ လူများလည်း ထိုမြင်ကွင်းကို ကြည့်ရှု့နေကြပြီး စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ပုဖန် လက်ကိုခါယမ်းလိုက်သည့်အခါ ဘောလုံးတစ်လုံး ထွက်လာသည်။ ၎င်းကို လက်နှစ်ချောင်းဖြင့် ညှပ်ထားသည်။ ဤအခြေအနေရောက်နေသော်လည်း မည်သူ့ကိုမျှ သူမကြောက်နေပေ။
သို့သော် အရာအားလုံး စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခင် အော်သံတစ်ခု ထွက်လာသည်။
ထိုအသံကို ကြားသည့်အခါ ပုဖန်အပါအဝင် အစောင့်များအားလုံး အံ့အားသင့်သွားသည်။
ပုဖန် ခေါင်းမော့ပြီး အသံထွက်ပေါ်လာသည်ဟု ထင်ရသည့် ခုနစ်ထပ်ကို ကြည့်လိုက်သည်။
ထိုနေရာတွင် လင်းတမိန်က လက်ရန်းကို ပျင်းရိစွာ မှီထားပြီး သူ့ကိုလက်ပြနေသည်။ ထို့နောက် လင်းတမိန် အော်လိုက်သည်။
" ပုဖန် ... နွေဦးလေပြည်ဆိုင်ကိုလာပြီး ဒီစစ်သူကြီးကိုရှာတာလား ... အောက်မှာ ဘာလုပ်နေတာတုန်း ..."
အံ့အားသင့်နေသောတိတ်ဆိတ်မှုများကြားတွင် ဆူညံသံတစ်ခု ထွက်လာသည်။
လင်းတမိန်ကို နတ်ဘုရားမမြို့တော်မှာ မသိတဲ့သူ ရှိလို့လား ... သူက ဧကရီဘုရင်မကြီးလက်အောက်က နဂါးစိမ်းစစ်တပ်ရဲ့ စစ်သူကြီးလေ ...
သူမက နွေဦးလေပြည်စားသောက်ဆိုင်သို့ မကြာခဏလာတတ်သူတစ်ယောက်ဖြစ်သည်။
ဒါဆို ဝတ်ရုံနက်နဲ့တစ်ယောက်က လင်းတမိန်နဲ့ သိနေတာပေါ့ ...
ပုဖန်အပေါ် အားလုံး၏ထင်မြင်ချက်များ ပြောင်းလဲသွားသည်။ မူလက သူ့ကို အထင်သေးနေကြသော်လည်း ယခု ထိုသို့မလုပ်ရဲကြတော့ပေ။
ထို့အပြင် စားပွဲထိုးမလေးအဆင့်သာရှိသူတစ်ယောက်က စစ်သူကြီး၏ ဧည့်သည်ကို စော်ကားမိသွားသည်။ ထိုမိန်းကလေး၏ မကောင်းသောစရိုက်နှင့် ဝန်ဆောင်မှု ညံ့ဖျင်းခြင်းတို့ကိုလည်း အားလုံးက မြင်သွားသည့်အတွက် သူမဘက်က မည်သူမျှ မခုခံရဲပေ။
သခင်မလျှို့၏မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူဖျော့လာသည်။
သူမက နတ်ဘုရားမမြို့တော်၏ အမှုထမ်းအရာရှိတစ်ဦးဖြစ်သော်လည်း လင်းတမိန်နှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်ပေ။
သခင်မလျှို့က ပုဖန်ဆီသို့ပြေးသွားကာ မျက်နှာချိုသွေးနေသည်။
" ကျွန်မရှင့်ကို စစ်သူကြီးလင်းတမိန်ရဲ့ မိတ်ဆွေမှန်းမသိလို့ပါ ... ခုနက နှောင့်ယှက်မိတာ တောင်းပန်ပါတယ် ..."
ပုဖန်နှင့် လင်းတမိန်က မည်သို့ဆက်ဆံရေးဖြစ်နေပါစေ သခင်မလျှို့က ပုဖန်ကို လူမြင်ကွင်းတွင် ပြဿနာမရှာရဲတော့ပေ။ လင်းတမိန်က နတ်ဘုရားမမြို့တော်တွင် သူမစော်ကားရဲသည့် လူသိများသူတစ်ယောက် ဖြစ်သည်။
" အဲ့ဒါ နင့်အပြစ်တွေပဲ ... ခွေးတစ်ကောင်ကများ သူများတွေကို အထင်သေးရဲတယ်လို့ ..."
သခင်မလျှို့က စားပွဲထိုးမလေးကို ဆူပူကျိန်းမောင်းပြီး ပါးရိုက်လိုက်သည်။ ထို့နောက် ပုဖန်ဘက်ကိုလှည့်၍ ပြုံးပြပြီး ထွက်သွားသည်။
စားပွဲထိုးမလေး စိတ်ရှုပ်သွားသည်။
သူများတွေကို အထင်သေးတာ ဘာဖြစ်လို့လဲ ...
နယ်သာသလင်းကျောက်ငါးရာပဲ တတ်နိုင်တဲ့ ဆင်းရဲတဲ့ စားသုံးသူက စစ်သူကြီးလင်းတမိန်ကို သိတယ်တဲ့လား ...
စားပွဲထိုးမလေးက သူမ ဘာလုပ်မိခဲ့သည်ကို သဘောပေါက်လာသည်။ အကယ်၍ အထက်ပိုင်းမှစီမံသူများက ဧည့်သည်များကို သူမ ဆက်ဆံပုံကို သိရှိသွားပါက သူမစိုးရိမ်နေသည့်အတိုင်း အလုပ်ထုတ်ခံရလိမ့်မည်။
ပုဖန်၏ အကြည့်က လင်းတမိန်၏ အပြုံးများဆီမှ တစ်ဖက်သို့လှည့်လိုက်ပြီး စားပွဲထိုးမလေးကို ပြောလိုက်သည်။
" ဒီကထွက်သွားတော့ ..."
ပုဖန်၏အသံက ခြိမ်းခြောက်နေသံဖြင့်တူသောကြောင့် စားပွဲထိုးမလေး ပုဖန်ကို တုန်တုတ်ယင်ယင်ဖြင့် အရိုအသေပြုလိုက်သည်။
ပုဖန် အေးအေးလူလူပင် ပြောလိုက်သည်။
" တကယ်လို့ အဲ့မိန်းမသာ မနှောက့်ယှက်လိုက်ရင် မင်းကတော့ အကျိုးဆက်ကို ခံစားနိုင်မှာ မဟုတ်ဖူး ..."
ခဏအကြာတွင် ပုဖန် သူ့လက်ထဲမှဘောလုံးလေးကို ပါးစပ်ထဲထည့်ကာ ကိုက်လိုက်သည်။
အပူငွေ့များထွက်လာကာ သင်းပျံ့သောရနံ့က တစ်ခဏအတွင်း ပျံ့နှံ့သွားသည်။
ပျံ့နှံ့နေသော ထိုရနံ့ကြောင့် အားလုံး၏မျက်လုံးများ မှေးစင်းသွားကာ မျက်နှာများ တောင့်တင်းကုန်သည်။
ခုနစ်ထပ်မြောက် လှေကားလက်ရန်းတွင်မှီနေသည့် လင်းတမိန်သည်ပင် အံ့အားသင့်သွားသည်။
ပုဖန် ကိုင်ထားသည့်ရွှေရောင်ဘောလုံးလေးက လေထဲပျံသွားပြီး နွေဦးလေပြည်စားသောက်ဆိုင်၏ အလယ်ဗဟိုတွင် ရပ်တန့်သွားသည်။
ခဏအကြာတွင် ပုဖန် စကားလုံးတစ်လုံးကို ပြောလိုက်သည်။
" ပေါက်ကွဲစမ်း ..."
အားလုံးကျောရိုးထဲမှ စိမ့်ကာ ကြက်သီးထသွားသည်။
ဘုန်း ...
ဘောလုံးက သောင်းချီသောအလင်းတန်းများ ဖြာထွက်လာပြီး ပေါက်ကွဲသွားသည်။ လှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့ပျံ့သွားပြီး ထိုနေရာတစ်ဝိုက်တွင် အက်ကြောင်းများပေါ်လာသည်။
ဤမြင်ကွင်းက မီးရှူးမီးပန်းဖောက်သည်နှင့် ဆင်တူနေသည်။
လေတိုးသံများနှင့် နွေဦးလေပြည်စားသောက်ဆိုင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
အားလုံး အံ့အားသင့်ပြီး ဆွံ့အကုန်သည်။
သခင်မလျှို့သည်လည်း နောက်တစ်ကြိမ် ကြောက်လန့်ပြီး မျက်နှာဖြူဖျော့လာပြန်သည်။
ခုနစ်ထပ်မြောက်မှ လင်းတမိန်၏အပြုံးများ ပျောက်ဆုံးသွားသည်။
အစောင့်များလည်း ချွေးစေးများဖြင့် စိုရွှဲကုန်သည်။
အားလုံးက စားပွဲထိုးမလေးကို စူးစူးရဲရဲကြည့်နေကြသည်။
ဒီဝတ်ရုံနက်နဲ့လူက ဆင်းရဲတယ်ဆိုတာ ဟုတ်ပါ့မလား ...
ဒီလိုစားသုံးသူမျိုးက ပြဿနာရှာချင်တယ်ဆိုရင် နွေဦးလေပြည်စားသောက်ဆိုင်တစ်ခုလုံးက အဲ့လိုဘောလုံးအနည်းငယ်လောက်နဲ့ ဖြိုချခံနေရလောက်ပြီ ...
အားလုံးက စားပွဲထိုးမလေးကိုသာ အပြစ်တင်နေကြတော့သည်။
ထိုမိန်းကလေး ကြောက်လန့်ပြီး အထစ်ထစ်အငေါ့ငေါ့ ပြောနေသည်။
" ကျွန် ... ကျွန်မ ..."
ပုဖန် ပျင်းရိပျင်းတွဲဖြင့် သူမကိုကြည့်နေသည်။ အခြားလူများအပေါ် အထင်သေူသည့် ခွေးတစ်ကောင်က ပေးဆပ်ရမည်သာဖြစ်သည်။
ပုဖန် ထို့နောက် ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ၏ရှေ့တွင် မမြင်နိုင်သောခြေလှမ်းများစွာရှိနေသကဲ့သို့ ခုနစ်ထပ်ဆီသို့ တက်သွားသည်။
ပုဖန်၏ ကျင့်ကြံခြင်းက အခြားသူများအမြင်တွင် အလွန်မမြင့်ဟု ထင်ရသည်။ သို့သော် ...
သူ၏အော်ရာက သူတို့အတွက် သန်မာလွန်းနေသည်။ ၎င်းကအခြားသူများ၏ နှလုံးသားကို တုန်လှုပ်မောပန်းလာစေသည်။
လင်းတမိန်သည်ပင် ဤအခြေအနေ၌ မှင်သက်နေသည်။ သူမထံသို့ ပုဖန် ခြေလှမ်းအနည်းငာ်ဖြင့် ရောက်လာသည်ကိုကြည့်ကာ ကြောင်ကြည့်နေမိသည်။
မကြာမီ ပုဖန် ခုနစ်ထပ်သို့ ရောက်လာသည်။ လင်းတမိန်က ထိုနေရာမှသာ သူ့ကို စိုက်ကြည့်နေသည်။
ပုဖန် ပြောလိုက်သည်။
" ခင်ဗျား ကျုပ်ကို ညစာဝယ်ကျွေးမယ်ဆို ... ကျုပ်ရောက်လာပြီလေ ..."
ဒီယောကျာ်းက တော်တော်အရှက်မရှိတာပဲ ...
လင်းတမိန်ပြောလိုက်သည်။
" ခုတလော ပိုက်ဆံသိပ်မရှိဘူး ..."
ဤတစ်ထပ်လုံးတွင် လင်းတမိန်၏ စစ်သားများဖြင့်သာပြည့်နေပုံရသည်။ သို့ရာတွင် ပုဖန် တည်ကြည်နေပြီး စိတ်ဆိုးနေပုံမပြပေ။
ပုဖန် သူ၏ဝတ်ရုံကိုချွတ်၍ မျက်နှာကို ပြသလိုက်သည်။
ပုဖန်၏မျက်နှာကို မြင်သည်နှင့် နွေဦးလေပြည်စားသောက်ဆိုင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။
" ယောကျာ်းတစ်ယောက်လား ..."
" အဲ့ဒါယောကျာ်းပဲ ... ဘုရင်မကြီးက ဒီနေ့ ယောကျာ်းတစ်ယောက်ကို တွေ့ခဲ့တယ်တဲ့ အဲ့ဒါ သူထင်တယ် ..."
" နတ်ဘုရားမမြို့တော်မှာ ယောကျာ်းတစ်ယောက်ပေါ်မလာတာ ဘယ်လောက်ကြာပြီလဲ ..."
အားလုံးက လှေကားလက်ရန်းများတွင် မှီလိုက်ကာ ခုတစ်လွှာမှ ပုဖန်ကို ဝိုင်းကြည့်နေကြသည်။
လင်းတမိန် မကျေမနပ်ဖြင့် ပြောလိုက်သည်။
" မင်းက တကယ်ရူးနေတာပဲ ... ဒါမှမဟုတ် အာရုံစိုက်ခံချင်တာလား ..."
ပုဖန် တိတ်ဆိတ်နေသည်။ ထို့နောက် လင်းတမိန်ရှေ့တွင်ထိုင်လိုက်သည်။
ကြွေပန်းကန်လုံးတစ်ခုယူကာ ဝိုင်ကရားထဲမှဝိုင်ကို ငှဲ့လိုက်သည်။
စိမ်းလန်းသော ဝိုင်က ဝိုင်ကရားထဲမှ ခွက်ထဲရောက်လာသည်။ တစ်ချိန်တည်းမှာပင် ဝိုင်၏ သန်မာသောရနံ့က လေထဲရောက်လာသည်။
ဒုတိယထပ်တွင် အစောင့်များက စားပွဲထိုးမလေးကို ခေါ်သွားကြသည်။
သီချင်းဆိုသံများကိုလည်း ပြန်လည်ကြားနေရပြီဖြစ်သည်။ သီဆိုနေသူက သူ့ကိုကြည့်နေသည်ကို ပုဖန် ခံစားမိသည်။
ပုဖန် ခပ်တည်တည်သာနေသည်။ အာရုံစိုက်ခံရမှုများ၏ အရင်းမြစ်ဖြစ်သည်ကို ကျင့်သားရနေပြီဖြစ်သည်။
ဝိုင်တစ်ငုံသောက်လိုက်သည့်အခါ ရနံ့ကြောင့် ပုဖန် မျက်ခုံးများပင့်လိုက်သည်။
" ဒီဝိုင်က တော်တော်ကောင်းတာပဲ ..."
လင်းတမိန် မျက်ဆံလှန်လိုက်သည်။
" သေချာပေါက်ပေါ့ ... ဒါက နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ ဈေးအကြီးဆုံးဝိုင်လေ ... ကရားတစ်ခုကိုပဲ နယ်သာသလင်းကျောက်ကိုးထောင်ပေးရတယ် ... မင်းအခု သောက်လိုက်တဲ့တစ်ငုံစာက ခုနက မင်းမှာလိုက်တဲ့ ဟင်းပွဲတန်ဖိုးလောက်ရှိတယ် ..."
ပုဖန်၏ရှေ့တွင် ထိုင်နေသည့် လင်းတမိန်လည်း ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။ တစ်ငုံသောက်လိုက်သည့်အခါ ပူနွေးပြီး ရနံ့သင်းပျံ့သောဝိုင်က လည်ချောင်းမှ ပူဆင်းသွားကာ မျက်ခုံးများ တွန့်ချိုးသွားစေပြီး မျက်နှာကို နီရဲလာစေသည်။
" ဝိုင်ကောင်းတစ်ခုပဲ ..."
" ဝိုင်ကောင်းလား အဲ့ထက် ပိုကောင်းတာရှိသေးတယ် ..."
ပုဖန် ခွက်ကိုလှုပ်လိုက်ပြီး နောက်ထပ်တစ်ငုံထပ်သောက်ကာ မူးနေသည့် လင်းတမိန်ကို ကြည့်လိုက်သည်။
ဟမ် ...
စူးရှသည့် မျက်ဝန်းတစ်စုံက ပုဖန်ပေါ်သို့ရောက်လာပြီး အေးစက်စွာပြောလိုက်သည်။
" မင်းက ယောကျာ်းတစ်ယောက်ဖြစ်တာနဲ့ပဲ ကြီးကြီးကျယ်ကျယ် ပြောဆိုနေထိုင်လို့ရမယ် မထင်နဲ့ ... ဒီဝိုင်က နွေဦးလေပြည်စားသောက်ဆိုင်က စားဖိုမှူးကိုယ်တိုင်ချက်ထားတာ ဘာလို့ ဝိုင်ကောင်းမဟုတ်ရမှာလဲ ..."
ပုဖန် လင်းတမိန်ကို ထူးဆန်းစွာကြည့်လိုက်သည်။
" စားဖိုမှူးကိုယ်တိုင် ချက်ထားတာလား ... သေချာလား ..."
လင်းတမိန် သူမရင်ဘတ်ကိုပုတ်ပြီး အခိုင်အမာပြောလိုက်သည်။
" သေချာတာပေါ့ ... ငါ ဒီဝိုင်ကိုပဲသောက်ပြီး ကြီးပြင်းလာတာ မသိပဲနေပါ့မလား ..."
ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။
" ဒါဆိုရင်တော့ ခင်ဗျားတစ်ဘဝလုံး လှည့်စားခံလာရတာပဲ ... ဒီစားဖိုမှူးရဲ့အဆင့်က ဒီလောက်ပဲဆိုရင် တော်ဝင်စားသောက်ပွဲကြီးရဲ့ အဆင့်ကတော့ အရမ်းအရမ်း ..."
ပုဖန် ခွက်ထဲမှလက်ကျန်ကို မော့သောက်လိုက်ပြီး လက်ကိုခါလိုက်သည်။
ကြည်လင်နေသော ကျောက်စိမ်းကြွေပုလင်းတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။ အဖုံးဖွင့်လိုက်သည့်အခါ ဝိုင်ရနံ့ပြင်းပြင်းတစ်ခုက ပျံ့လွင့်လာသည်။