အခန်း ၁၁၂၉
ငရဲဘုရင်အာဟ၏ ရှည်သွယ်သွယ်လက်ချောင်း
ပုဖန်၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ဖြေးဖြေးချင်းကြည့်လိုက်သည်။
သူ၏ပတ်ပတ်လည်တွင် ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့် အစောင့်များရှိနေသည်။
ဟမ်...
သူတို့ ဘာလုပ်ဖို့ ကြံနေကြတာလဲ...
ပုဖန် ပဟေဠိဖြစ်သွားသော်သည်။ သို့သော်လည်း သူတို့ ခပ်မြန်မြန်ထွက်ပေါ်လာသည်ကို ကြည့်၍ ထိုလူများက အစကတည်းက သူ့ကိုရှာနေကြပုံပင်။
ဘုရင်မက နယ်သာရီ သူ့ကိုဆက်ဆံတဲ့ပုံကို မနာလိုလို့ သူ့ကို ဖြေရှင်းဖို့ လူလွှတ်လိုက်တာများလား...
ပုဖန် မနေနိုင် မထိုင်နိုင်တွေးမိလိုက်သည်။ သို့သော် ခဏအကြာတွင် ထိုအတွေးက မဖြစ်နိုင်ကြောင်း ပယ်ချလိုက်သည်။
ထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။ ဧကရီပိလော့က ထိုသို့ တွက်ချက်တတ်သူမျိုး မဟုတ်ချေ။
ဒါဆိုရင် ဘယ်သူဖြစ်နိုင်မလဲ...
ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး ခဏစဉ်းစားကာ အဖြေသိသွားတော့သည်။
ဒါ နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ နောက်ကွယ်ကလူများ ဖြစ်နိုင်မလား.... မဒမ်ကျင်းကို ကာကွယ်ပေးတဲ့ လူတွေလေ..
ဧကရီက သူ့ကိုတစ်စုံတစ်ယောက်က ကိုင်တွယ်နိုင်ကြောင်း သတိပေးခဲ့ပြီး ယခုတွင် ထိုသတိပေးထားသည့်အတိုင်း ကွက်တိဖြစ်လာသည့်ပုံပင်။
သို့သော် အခြားတစ်ဖက်၏ သန်မာမှုက သူဂရုပင်စိုက်စရာ မလိုသည့် အရာမျိုးဖြစ်ပြီး သူတို့က သူ့ကိုဆန့်ကျင်ရန် စစ်တပ်တစ်တပ်ကိုပင် လွှတ်လိုက်သေးသည်။
ထိုလူများ ဝတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် အစောင့်အရှောက်စစ်တပ်မှ ဖြစ်သည်ဟု ကောက်ချက် ချလိုက်သည်။
နတ်ဘုရားမမြို့တော်ရဲ့ အစောင့်အရှောက်စစ်တပ်လား...
ပုဖန် ကြည့်ရုံသာ ကြည့်လိုက်သည်။
သူက ဆွေးမြေ့အိုးလို အရာမျိုး လုပ်နိုင်တာကိုတောင် သူ့ကို ရင်ဆိုင်ရဲသေးသတဲ့လား....
သူတို့က သူပေါက်ကွဲစေတဲ့ အိုးထုတ်သုံးမှာကို မကြောက်ဘူးလားပဲ...
ပုဖန်က ပေါက်ကွဲစေသည့်သံအိုးကို အမှန်တကယ် မထုတ်လိုက်သေးသော်လည်း သူ၏ အရင်တစ်ခေါက်က လုပ်ရပ်က သတိပေးချက်တစ်ခုဖြစ်သည်။ သာမန်လူများဆိုလျှင် သူ့ကို ထိပါးရဲတော့မည် မဟုတ်ပေ။
သို့သော်
ဝှစ်
ပုဖန်ကို ဝန်းရံထားသော လူများက ပတ်ပတ်လည်ရွေ့လျားရင်း အစီအရင်တစ်ခု ပုံဖော်နေကြသည်။
ထိုအစီအရင်၏ အလယ်မှ သူ့ဆီချဉ်းကပ်လာသော ပုံရိပ်တစ်ခုရှိနေသည်။
ထိုမိန်းမက ရှည်လျားသည့် ယဇ်ပူဇော်သူဝတ်ရုံကို ဆောင်းထားပြီး သရဖူတစ်ခု ဝတ်ထားသည်။ နီမြန်းနေသည့် နှုတ်ခမ်းလေးများနှင့် မိုးမခပင်ကိုင်းနှယ်ကွေးညွတ်နေသည့် မျက်ခုံးလေးများဖြင့် သူမက အလွန်လှနေပြီး ရှိန်စရာကောင်းလှသည်။ သူမ၏အသွင်ကြောင့် နှောင့်ယှက်ဖို့ မည်သူမဆို နှစ်ခါပြန် စဉ်းစားရမည်ဖြစ်သည်။
ထိုအမျိုးသမီးက ချပ်ဝတ်တန်ဆာအပြည့်နှင့် စစ်သည်များကြားမှ ထွက်လာကာ ပုဖန်ကို အေးစက်စွာပြောလိုက်သည်။
"တစ်ညလုံး ရှာခဲ့ရပြီးတော့... နောက်ဆုံးတော့ နင့်ကိုတွေ့ပြီပဲ..."
"ကျုပ်ကိုရှာတယ်... ခင်ဗျားက နွေဦးလေပြည် စားသောက်ဆိုင်ရဲ့ နောက်ကွယ်ကလူလား...."
ပုဖန်က ပေါ့ပေါ့ပါးပါးသာပြောလိုက်သည်။ သူအစောင့်များနှင့် သရဖူဆောင်းထားသည့် အမျိုးသမီးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဤလူတစ်အုပ်က နွေဦးလေပြည်စားသောက်ဆိုင်၏ အံ့ဖွယ်အစောင့်လေးယောက်ထက် ကိုင်တွယ်ရခက်ပေလိမ့်မည်။ ထို့အပြင် သရဖူဆောင်းထားသည့် အမျိုးသမီးက လုံးဝအားနည်းမည် မဟုတ်ပေ။
ပုဖန်တွင် နောက်ထပ် ပေါက်ကွဲစေနိုင်သည့် သံအိုးသာမရှိပါက ယခုအချိန်တွင် တုန်လှုပ်နေလောက်ပြီဖြစ်သည်။
"ငါတို့က သူတစ်ပါးကို အန္တာယ်ပေးမယ့် လူမျိုးမဟုတ်ဘူး... မြင့်မြတ်အပျိုစင်က နင့်ကို တွေ့ဖို့အတွက် တောင်းဆိုလို့ပဲ... သူမက နင်နွေဦးလေပြည် စားသောက်ဆိုင်ကို ဖျက်ဆီးဖို့ သုံးခဲ့တဲ့ အရာကို စိတ်ဝင်စားနေတယ်...."
ပုဖန် အံ့ဩသွားရသည်။ တစ်ဖက်လူက သူလုပ်ထားသည့် ပေါက်ကွဲစေသည့်သံအိုးကို စိတ်ဝင်စားနေမည်ဟု လုံးဝမထင်ခဲ့ပေ။
မြင့်မြတ်အပျိုစင်လို့ ခေါ်တဲ့တစ်ယောက်က ရဲတင်းလိုက်တာ....
"ငါမင်းတို့ကခု နောက်ထပ် ပေါက်ကွဲစေတဲ့ သံအိုးကို သုံးပြီး သတ်မှာ မကြောက်ဘူးလား..'
ပုဖန် ခပ်ပြုံးပြုံးပြောလိုက်သည်။
"နင့်ရဲ့ အမူအယာက နင့်ကို သစ္စာဖောက်နေတယ်... ပြီးတော့ မြင့်မြတ်အပျိုစင်ကပြောလိုက်သေးတယ်... ဒီလောက်များတဲ့ စိတ်စွမ်းအင်တွေ သုံးခဲ့ရတော့ အချိန်တိုအတွင်း နောက်တစ်ခေါက် ထပ်သုံးနိုင်မှာ မဟုတ်ဘူးတဲ့..."
သရဖူနှင့် အမျိုးသမီးက ဖြစ်လာမည့် အရာတိုင်းအတွက် ပြင်ဆင်ထားသည့် ပုံပင်။ ကြည့်ရသည်မှာ သူတို့အားလုံး မစခင်ကတည်းက အကုန်ကြိုတင် ပြင်ဆင်ထားပြီးပြီ ဖြစ်လောက်သည်။
"ဒီတော့... ငါတို့နဲ့ လိုက်ခဲ့မှာလား...."
သရဖူဆောင်းထားသည့် အမျိုးသမီးက လက်ပိုက်လိုက်ရင်း ပုဖန်ကို အချက်ပြလိုက်သည်။
သူမ၏ အပြုအမူက စိတ်တိုစရာကောင်းသော်လည်း သူမက ပုဖန်အပေါ် အလွန်ပြင်းထန်သည့် ဖိအားများ ထုတ်လွှတ်ပြီးပြီဖြစ်သည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
ဒီသရဖူဆောင်းထားတဲ့ မိန်းမက သန်မာလှချေလား....
ပုဖန်က သူတို့ ပြောသည့်အတိုင်း လွယ်လွယ် လိုက်လုပ်မည့်လူ မဟုတ်ပေ။ အထူးသဖြင့် ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အလျှင်လိုနေသည့် အချိန်မျိုးတွင် ဖြစ်သည်။
သူ တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ရန် အရည်အချင်းပြည့်မီကြောင်း ပြသရန်အတွက် အချက်အပြုတ်ပြိုင်ပွဲတွင် ရှုံး၍မဖြစ်ပေ။
လေထုက ရုတ်ချည်း တင်းမာလာသည်။
ထိုအမျိုးသမီးက ပုဖန်ကို အချက်ပြပြီးဖြစ်သော်လည်း ပုဖန်က အခုထိ မလှုပ်ရှားသေးပေ။
အမျိုးသမီးက ပုဖန်ကို ကြည့်လိုက်သည်။
"နင့်ဘက်က လိုက်ချင်တဲ့ပုံမပေါ်မှတော့လည်း...."
သရဖူဆောင်းထားသည့် အမျိုးသမီးက ပြောလိုက်သည်။ ရုတ်တရက် သူမ လှုပ်ရှားလိုက်သည်။
ချက်ချင်း ပုဖန် အဖမ်းခံလိုက်ရသည်။ ပုဖန်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏ ထိန်းချုပ်မှုအောက်တွင် ပုဖန်ပတ်ပတ်လည်ရှိ လေထုက ဗလာဖြစ်သွားသည့်နှယ် ခံစားလိုက်ရ သည်။
ဤကုတ်ချက်က ပုဖန်ကို ရက်ရက်စက်စက်ဖိနှိပ်လိုက်သည်။
"ဝှစ်.."
ပုဖန်၏ အတွေးတစ်ချက်ဖြင့် ရုတ်တရက် ရွှေရောင်အငွေ့များ ထွက်ပေါ်လာသည်။
ပုဖန် သူ့လက်များထဲတွင် ပေါက်ကွဲအသားလုံးများ ကိုင်ထားပြီး ကိုက်ချလိုက်သည်။
"ဘုန်း...."
ပေါက်ကွဲအသားလုံးကို သရဖူဆောင်းထားသည့် အမျိုးသမီးထံ ပစ်လိုက်သောအခါ လေထုကို ဆုတ်ဖြဲ၍ လေဟာနယ်ကို တုန်ယင်သွားစေခဲ့သည်။
ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး မီးတောက်များ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများ ပြန့်ကားထွက်လာသည်။
မီးတောက်များက ခဏအကြာတွင် ပျောက်ကွယ်သွားကာ ထိုအလင်းတန်းကြောင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ခြေလှမ်းဖြေးဖြေးလှမ်း၍ ပုဖန်ဆီ ချဉ်းကပ်လာသည်။
သူ့ပတ်ပတ်လည်မှ အစောင့်များက သူတို့၏ လက်နက်များကို တချွင်ချွင်မြည်အောင် ဆွဲထုတ်၍ ပုဖန်ကို ဖိအားပေးနေကြသည်။
"ဘုန်း....."
သူ့ခြေထောက်အောက်ရှိ မြေပြင်က အတော်လေးလှုပ်ခါနေသည်ဟု ပုဖန်ခံစားနေရသည်။
အသားလုံးများက ထိုမိန်းမအပေါ် သက်ရောက်မှု မရှိပေ။
သူမ၏ ဝတ်ရုံလက်ဖျားကို ရမ်းခါလိုက်ကာ မီးတောက်များကို ပျောက်ကွယ်သွားစေပြီး ထိုအမျိုးသမီး၏ မျက်လုံးများက ပိုမိုစူးရှလာသည်။
ခဏအကြာတွင် သူမက ပုဖန်ဘေးတွင် ပေါ်ထွက်လာသည်။
ပုဖန် အသက်ပြင်းပြင်း ရှူလိုက်ရသည်။
ထို့နောက် သံအိုးတစ်လုံးက ပုဖန်လက်ပေါ်တွင် ပေါ်ထွက်လာပြီး လည်ပတ်နေလေသည်။
"အသုံးမဝင်ဘူး... နင့်ရဲ့ခုခံမှုတွေက ငါ့အတွက် ပမွှားပဲ...."
ပုဖန်သာ နောက်ထပ် ပေါက်ကွဲသံအိုးကို ထပ်မံအသင့်ပြင်နိုင်ပါက သရဖူနှင့် အမျိုးသမီးက စကားတစ်ခွန်းမှမဆိုပဲ ထွက်ပြေးတော့မည်ဖြစ်သည်။
သို့သော် မြင့်မြတ်အပျိုစင်ကိုယ်တိုင်က ပုဖန်ထိုအရာမျိုး ထပ်လုပ်နိုင်ရန် အချိန်အတော်လိုသေးသည်ဟု ပြောခဲ့သည်။
သူ၏ ကြယ်သုံးပွင့်စစ်မှန် မသေမျိုးနယ်ပယ်အဆင့်ဖြင့်ဆိုလျှင် အချိန်ခဏလေးအတွင်း နောက်ထပ် ပေါက်ကွဲသံအိုးထပ်လုပ်ရန်မှာ မဖြစ်နိုင်လှပေ။
ထိုသည်များက သရဖူဖြင့်အမျိုးသမီး တွေးနေသည့် အရာများပင်။
ဟူး
မီးသင့်ကျောက်ဒယ်ပြားက ပုဖန်ရှေ့ ထွက်ပေါ်လာသည်။
ပုဖန်၏ဆံသားနက်နက်များက လေနှင့်အတူ မျောလွင့်နေပြီး သူ့မျက်နှာကလည်း အမူအယာမဲ့နေသည်။
ရုတ်တရက် သရဖူနှင့်အမျိုးသမီး၏ မျက်နှာ ပြောင်းလဲသွားသည်။
သူမ၏ စိတ်ထဲတွင် တုန်ယင်လာမိသည်။
သူမ မျက်မှောင်ကြုတ်လိုက်ကာ ခပ်လှမ်းလှမ်းကို ကြည့်လိုက်သည်။
ထိုနေရာတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အရိပ်များစွာလည်း ထွက်ပေါ်လာသည်။
သရဖူနှင့် အမျိုးသမီးက အော်လိုက်သည်။
"ဘယ်သူလဲ..."
အနက်ရောင်ဝတ်ရုံနှင့် လူက ပုဖန်ရှေ့တွင်ပေါ်လာသည်။
၎င်း၏ လက်ဖဝါးကိုမြှောက်လိုက်ကာ ကွေးချလိုက်ပြီး... လက်ခလယ်တစ်ချောင်း ထောင်ပြလိုက်သည်။
"ဟမ်...."
"လက်ခလယ်လား..."
သရဖူနှင့် အမျိုးသမီး၏ မျက်နှာ အေးခဲသွားကာ ဒေါသများ လှိမ့်ထွက်လာသည်။
အခြားသော အစောင့်များကလည်း ဒေါသကြီးဖြစ်လာကြကာ လက်နက်များ တစ်ခုပြီးတစ်ခု ဆွဲထုတ်လာ၍ လက်နက်အချင်းချင်း ထိခတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
"ရဲတင်းလိုက်တာ...."
"ရိုင်းလိုက်တဲ့လူ...."
သရဖူနှင့် အမျိုးသမီးက ဒေါသကြီးအော်လိုက်ပြီး သူမမျက်နှာက ဒေါသကြောင့် နီရဲသွားသည်။
ပုဖန် အနက်ရောင်ဝတ်လူကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
"ငါဒါကို ဘယ်လိုခေါ်လဲ မင်းတို့သိကြလား..."
အနက်ရောင်ဝတ်လူက ရုတ်တရက်ပြောလိုက်ပြီး ရင်းနှီးနေသည့် အသံက ပုဖန်ကို အံ့ဩသွားစေသည်။
ဒီအသံက.....
"ဒီလက်ချောင်းကို ငရဲဘုရင်ရဲ့ အဝတ်ဖြဲလက်ချောင်းလို့ခေါ်တယ်...."
ရင်းနှီးနေသည့် အသံက ပျော်နေပုံပေါက်ပြီး ခဏအကြာတွင် တစ်စုံတစ်ခုဖြစ်သွားခဲ့သည်။
ငရဲစွမ်းအင်များက ရုတ်တရက် စုဝေးလာကာ ကောင်းကင်ပေါ်တွင် လက်ချောင်းတစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် သရဖူဆောင်းထားသည့် အမျိုးသမီးကို ညွှန်လိုက်သည်။
ဤလက်ချောင်းမကျလာမီ လေဟာနယ်က အဆက်မပြတ် ကျိုးပျက်နေပုံပေါ်နေသည်။
"ငရဲဘုရင်ရဲ့ အဝတ်ဖြဲလက်ချောင်းက.... လက်ချောင်းတစ်ချောင်းမှာ အဝတ်တစ်ခါဖြဲသွားတာပဲ..."
လေပြင်းပြင်းထန်ထန်တိုက်ခတ်လာပြီး အနက်ရောင်ဝတ်ရုံက လေနှင့်အတူ လွင့်မျောနေကာ ချောမောသော်လည်း နွမ်းလျနေသည့် မျက်နှာလေးထွက်ပေါ်လာသည်။ ထိုမျက်နှာလေးက ဘဝ၏ အနိမ့်အမြင့် အတက်အကျ အရာအားလုံးကို တွေ့ကြုံဖူးပြီးသည့် ပုံနှင့်တူနေသည်။
သရဖူဆောင်းထားသည့် အမျိုးသမီး၏ ကုတ်ဆွဲချက်နှင့် ငရဲဘုရင်တို့၏လက်ချောင်းများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ကြောက်မက်ဖွယ်စွမ်းအင် နှစ်ခုအားပြိုင်နေကြသည်။
သရဖူနှင့်အမျိုးသမီးက နောက်သို့ပြန်ကန်ထွက်သွားကာ မျက်နှာဖြူဖျော့သွားရသည်။
သရဖူနှင့်အမျိုးသမီး၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ စွမ်းအင်များက သူမလက်မောင်းတစ်လျှောက် မြင့်တက်လာသည်။
သူမ၏ ဝတ်ရုံလက်ဖျားများက ပြဲစုတ်သွားကာ သူမ၏ဖြူဖွေးသွယ်လျသော လက်မောင်းလေးများကို ထုတ်ဖော်ပြလာသည်။
အားပြိုင်မှုနှစ်ခု ပြီးနောက်တွင် သူမ၏ အင်္ကျီလက်ဖျားကသာ ပြဲစုတ်သွားခဲ့သည်။
"ကံဆိုးစွာနဲ့... အဝတ်ဖြဲတာကို လုံးဝမဖြဲနိုင်သေးဘူး..."
ငရဲဘုရင်အာဟ လက်မြှောက်ကာ သူ့မျက်နှာသူအုပ်ထားပြီး မျက်လုံးများတွင် စိတ်မကျေနပ်မှုတို့ကို ပြသရင်းပြောလာသည်။
ပုဖန်က လက်ထဲတွင် မီးသင့်ကျောက်ဒယ်ပြားကို ကိုင်ပြီး ငရဲဘုရင်အာဟကို ကြောင်တောင်တောင်လေး ကြည့်လိုက်သည်။
"အာဟလား...."
ပုဖန် သံသယဝင်စွာမေးလိုက်သည်။
"အိုး... ပုဖန်လေး... နောက်ဆုံးတော့ ငါမင်းကို တွေ့ခဲ့ပြီ... မင်းဒီဘုရင်ကို မင်းကို လိုက်ရှာခိုင်းတယ်ဆိုတာ မဖြစ်သင့်တာနော်..."
ငရဲဘုရင်အာဟက ပုဖန် သူ့နာမည်ကို ပြောလိုက်သည်နှင့် ပုဖန်ကို အပြုံးကြီးကြီး လှည့်ပြုံးပြလိုက်သည်။ သူ၏စိတ်အားထက်သန်မှုက ပုဖန်ကို အနည်းငယ်ကြောက်သွားစေသည်။
"မင်းဘာလို့ ဒီမှာရှိနေတာလဲ..."
ပုဖန်တွေးစစဖြင့် မေးလိုက်သည်။
ဒါနတ်ဘုရားမ မြို့တော်မဟုတ်ဘူးလား..
"ငါလာခဲ့တဲ့ လမ်းတစ်လျှောက်လုံး အစပ်ချောင်းရနံ့က မွေးပျံ့နေတယ်လေ... အိုး... ငါအစပ်ချောင်းလိုက်ရှာတာမဟုတ်ပါဘူး မင်းကိုလာရှာတာပါ... ငါအခုရောက်လာပြီနော်..."
ငရဲဘုရင် အာဟပြောလိုက်သည်။
ရုတ်တရက်
ငရဲဘုရင်အာဟ အနောက်တွင် လေပြင်းကြီးတစ်ခု တိုက်လာသည်။
ပုဖန်မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဂရုစိုက်...."
ငရဲဘုရင်အာဟ ပြုံးလိုက်ကာ ဖြေးဖြေးချင်းနောက်လှည့်လိုက်ပြီး နောက်ထပ် လက်တစ်ချောင်းဆန့်ထုတ်လိုက်သည်။
"ဒီဘုရင် ငရဲကပြန်လာကတည်းက ကိုယ့်ကိုကိုယ်တိုးတက်အောင် အကောင်းဆုံးကြိုးစားခဲ့တယ်... နောက်ဆုံးမှာတော့ ငါ့အဖေစီစဉ်ပေးခဲ့တဲ့အတိုင်း ငရဲကြီးဆယ့်ရှစ်ထပ်ကို ဖောက်ထွက်နိုင်ခဲ့ပြီ.... အခု ဒီဘုရင်က အရမ်းကိုအရမ်းကို သန်မာနေပြီ... မိန်းကလေး ငါအခု ဒီကိုရောက်နေရတာ... ငါ့ရဲ့ အဝတ်ဖြဲလက်ချောင်းက််ို သုံးမလို့ပဲ..."
ငရဲဘုရင် အာဟ၏အသံ လွင့်ပျံလာသည်။
ခဏအကြာတွင် သူ့နောက်၌ လက်ချောင်းကြီးတစ်ချောင်း ထွက်ပေါ်လာပြန်သည်။
ရုတ်တရက်
သရဖူဆောင်းထားသော အမျိုးသမီးက ရုတ်တရက် ပြေးထွက်သွားသည်။
ငရဲဘုရင် အာဟ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို လက်ညှိုး ညွှန်လိုက်သည်။
"ဟမ်...."
ငရဲဘုရင်အာဟ အံ့ဩသွားရသည်။
သူ့နောက်မှ ကြောက်မက်ဖွယ် လေပွေကြီးထွက်ပေါ်လာသည်။
ထိုလေပွေက သူဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံကို ပြဲစုတ်သွားစေသည်။
လက်ထဲတွင် မီးသင့်ကျောက်ဒယ်ပြားကိုင်ထားသော ပုဖန်က ငရဲဘုရင်အာဟကို မျက်မှာသေဖြင့် ကြည့်လိုက်သည်။
"အရမ်းသန်မာလာပါတယ်ဆို...."
သရဖူနှင့် အမျိုးသမီးက ငရဲဘုရင်ဟာအကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။
"သောက် တဏှာရူး... နင်ကများ ငါ့ရဲ့ နတ်ဘုရားမမြို့တော်ကို ဖောက်ဝင်ရဲတယ်လား... သူ့ကိုဖမ်းကြစမ်း...."
သရဖူနှင့် အမျိုးသမီးက အစောင့်များကို အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် အစောင့်များတစ်ယောက်ပြီးတစ်ယောက် ငရဲဘုရင်အာဟထံ ပြေးထွက်သွားသည်။
ငရဲဘုရင်အာဟ၏မျက်နှာက သနားစရာလေးဖြစ်နေဆဲပင်။
"မင်းကမှ ငါ့ကို ဒီလိုလုပ်အောင် တွန်းအားပေးခဲ့တာကွ..."
"ဒီတစ်ကြိမ်တော့ ငရဲဘုရင်ရဲ့ အဝတ်ဖြဲလက်ချောင်းအစစ် အကြောင်းသေချာပြရသေးတာပေါ့...."
"လာလေ... လုပ်လိုက်စမ်းပါ..."
ဝှီး
ငရဲဘုရင်အာ၏ ခန္ဓာကိုယ်မှာ ငရဲစွမ်းအင်အမြောက်အများ ထွက်ပေါ်လာသည်။
ငရဲစွမ်းအင်များက ကောင်းကင်ပေါ် ပြေးတကိသွားပြီး ငရဲစွမ်းအင်တိမ်များ ဖြစ်ပေါ်လာသည်။
သူ၏ပုံရိပ်ကလည်း ချက်ချင်းပျောက်ကွယ်သွားသည်။
လူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုတို့ ဖြတ်ပြေးသွားကြသည်။
"ဘုန်း...."
လက်ချောင်းက ညွှန်ပြလိုက်သည်။
ရုတ်တရက် အစောင့်များ၏ အော်ဟစ်သံထွက်ပေါ်လာသည်။
သူတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်များ ပျက်ဆီးသွား၍ လေနှင့်အတူလွင့်မျောနေသော အောက်ခံအဝတ်များသာ ကျန်ခဲ့လေသည်။
သရဖူနှင့် အမျိုးသမီး၏မျက်လုံးများ အေးစက်သွားကာ ပင့်သက်ရှိုက်မိသွားသည်။
"သူက ပညာရှိငယ်အဆင့်မှာလား...."
သရဖူနှင့်အမျိုးသမီးက အံ့ဩတကြီးအော်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုလက်ချောင်းက သူမရှေ့သို့ မည်သည့်အချိန်က ရောက်နေလိုက်သလဲပင် မသိလိုက်ပဲ သူမနှဖူးကို တောက်ချလိုက်သည်။
လေပြင်းတစ်ချက် တိုက်သွားသည်။
အဝတ်အစားများ စုတ်ပြဲသံတို့ ဆက်လက်ထွက်ပေါ်လာသည်။
ခဏအကြာတွင် လူတိုင်း၏နားစည်ကို ဆွဲဖြဲနေသလို စူးရှလှသည့် အမျိုးသမီး၏အော်သံ ထွက်ပေါ်လာသည်။
ခပ်လှမ်းလှမ်းရှိ ပုဖန်က သူ၏မီးသင့်ကျောက်ဒယ်ပြားကို ပြန်သိမ်းလိုက်ပြီး အသက်ဖွဖွရှုလိုက်သည်။
ငရဲဘုရင်အာဟကြောင့် ချပ်ဝတ်များ အဝတ်များ စုတ်ပြဲသွားပြီဖြစ်၍ မြေပြင်ပေါ် လဲနေကြသော အစောင့်များကိုကြည့်၍ ပုဖန် မဲ့ပြုံးပြံလိုက်သည်။
တကယ့်ကိုအာဟပဲ... လုံးဝပြောင်းလဲမသွားခဲ့ဘူး...