အပိုင်း ၁၁၃၆
Viewers 53k

အခန်း ၁၁၃၆

ယဇ်ပူဇော်ဟင်းပွဲများ၏ ပြုပြင်မွမ်းမံထားသောချက်ပြုတ်နည်းအညွှန်းများ


အခြားလူများက သူ့ကိုမည်သို့ခေါ်သည်ကို ပုဖန်ဂရုမစိုက်ပေ။


ထို့အပြင် သူ၏အမြင်အရ မီးဖိုချောင်၏မင်းဆိုးမင်းညစ်ဟု ခေါ်ခြင်းကို ချီးကျူးစကားဟု သတ်မှတ်နိုင်သည်။

တကယ်လို့ တစ်စုံတစ်ယောက်က မီးဖိုချောင်ကို အပြည့်အဝမချုပ်ကိုင်ထားနိုင်ရင် စားဖိုမှူးကောင်းတစ်ယောက် ဘယ်လိုဖြစ်လာမှာလဲ ...


ခေါင်းဆောင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အချောင်လိုဖို့နဲ့ ပါဝင်ပစ္စည်းတွေက်ို တွက်ကပ်နေတတ်တဲ့ အမိန့်မနာခံတဲ့ လက်ထောက်စားဖိုမှူးတွေကို က်ိုင်တွယ်ရမယ်ဆိုရင် မီးဖိုချောင်က ဘယ်လိုဖြစ်လာမလဲ ... သေချာပေါက်ကို ဆိုးရွားတဲ့လေထုကြီးဖြစ်နေမှာပဲ ...


ပုဖန် တစ်ကြိမ်ခန့်စစ်ဆေးကြည့်လိုက်သောအခါ အနည်းဆုံး လက်ထောက်စားဖိုမှူးတစ်ဝက်ခန့်က အလုပ်ကို ဖြတ်လမ်းနည်းဖြင့်လုပ်ပြီး ပါဝင်ပစ္စည်းများကိုလည်း ခိုကပ်ထားကြသည်။ တစ်နည်းအားဖြင့်ဆို‌ရသော် ထိုစားဖိုမှူးများက အလုပ်ကိုသေသေချာချာ မလုပ်ပေ။


အဘယ့်ကြောင့်ဆိုသော် ထိုလူများက မီးဖိုချောင်တွင်သာ အမြဲချက်ပြုတ်နေရသောကြောင့် ပါဝင်ပစ္စည်းများ ကိုင်တွယ်ပုံကိုနေသားကျသွားပြီး အမှတ်တမဲ့ဖြင့် အဆင့်တစ်ချို့ကို ကျော်သွားခြင်းဖြစ်သည်။


ဥပမာအားဖြင့်ပြောရသော် အခွံအားလုံးပြောင်စင်အောင် ခွာရမည့် ပါဝင်ပစ္စည်းများပေါ်တွင် အခွံများကျန်နေခြင်းမျိုးဖြစ်သည်။ ထို့အပြင် အခွံခွာပြီးပါကလည်း သေချာစွာ မဆေးကြောကြပေ။


အခြားသူများအတွက် ထိုလုပ်ငန်းစဉ်များမှာ သတ်မပြုမိဖွယ် သို့မဟုတ် အရေးမကြီးသည့်ကိစ္စများဟုလည်း တွေးနိုင်သည်။ သို့ရာတွင် ပုဖန်အတွက် ထိုအဆင့်များက ကျန်ခဲ့၍မရပေ။ အဆက်မပြတ်တိုးတက်စေရန်အတွက် ချက်ပြုတ်ရာတွင် အလွန်တင်းကြပ်သော လိုအပ်ချက်များရှိသည်။


ဒါကို ရိုးရိုးရှင်းရှင်း ငြင်းဆိုနိုင်ပေမယ့် အလုပ်ကို လစ်လျှူရှုပြီး ပါဝင်ပစ္စည်းတွေကို တွန့်တိုနေမယ်ဆိုရင် ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး...


ကျင်းယွမ်၏ ပျော့ပျောင်းပြီး ရှက်ရွံ့တတ်သော စိတ်နေစိတ်ထားက ဤလူများ၏ မရိုးသားသော အပြုအမူကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်နိုင်သည်။


တစ်ဖက်မှ ပုဖန်မှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ချက်ပြုတ်ခြင်းနှင့်ပတ်သက်လာပါက သူ၏စိတ်ထားက အလွန်ဆိုးရွားသည်။


သူတစ်ယောက်တည်းချက်ပါက အဆင်ပြေသော်လည်း လက်ထောက်စားဖိုမှူးတစ်ယောက်ရှိနေပါက ထိုစားဖိုမှူးအမှားလုပ်သမျှက သူ၏မျက်လုံးထဲတွင် မဆိုင်းမတွ ရောင်ပြန်ဟပ်လာသည်။


ကျင်းယွမ်ထွက်ခွာသွားသည်ကိုကြည့်ပြီး ပုဖန်၏ မျက်နှာက လုံးဝမပြောင်းလဲပေ။ သူ့အဖို့ ချက်ပြုတ်ခြင်းက အနုပညာတစ်ခုသာဖြစ်ပြီး ထိုအနုပညာကိုလည်း အပြည့်စုံဆုံးဖြစ်အောင် အပြင်းအထန်ကြိုးစားလိုသည်။


ပုဖန် ခုံတစ်ခုံဆွဲယူကာ ထိုင်လိုက်သည်။ သူ၏မျက်ခုံးများ ပင့်သွားမိသည်။


စိတ်ထဲတွင် ထိုအခန်းထဲတွင်မြင်ခဲ့သာ့် ယဇ်ပူဇော်ဟင်းလျာသုံးပွဲ၏ ချက်ပြုတ်နည်းအညွှန်းများ ပေါ်လာသည်။


ကျင်းယွမ်၏အပြောအရ ယဇ်ပူဇော်ဟင်းလျာသုံးပွဲမှာ ပြောင်းလဲ၍မရပေ။ သို့ရာတွင် ထိုဟင်းလျာသုံးပွဲက မျက်လုံးထဲတွင် ပြီးပြည့်စုံနေသည်ဟု ထင်ရသော်လည်း အပြစ်အနာအဆာများ ရှိနေဆဲဖြစ်သည်။


အကယ်၍ ထိုဟင်းလျာများကိုပြုပြင်ပြီး ကွာဟချက်များကို ဖြည့်နိုင်ပါက ထိုဟင်းလျာ၏ အရသာနှင့်အရောင်အဆင်းက နောက်အဆင့်တစ်ခု‌သို့ ရောက်သွားမည်ဖြစ်သည်။


ယဇ်ပူဇော်ဟင်းလျာသုံးပွဲမှာ နွေဦးလေပြည် နွေဝေဒနာ ဆောင်းဦးတိမ်မြုပ်ခြင်းဟူသည့် အသံထွက်လှပသော နာမည်သုံးမျိုးဖြစ်သည်။


ဘယ်သူက ဒီနာမည်သုံးခုပေးခဲ့ပါလိမ့် စိတ်ဝင်စားစရာပဲ ...


ပုဖန် မေးစေ့ကိုပွတ်နေသည်။ ထိုဟင်းလျာသုံးမျိုး၏နာမည်ကို ကြည့်ရုံဖြင့် ပူဆွေမှုလှိုင်းအနည်းငယ်ကို ခံစားမိသည်။


သေချာတာတော့ ဒါကသူ့ရဲ့ ခံစားချက်သက်သက်ပါပဲ ...


ပုဖန် ခဏခန့် မလှုပ်ရှားမိပေ။ ခုံပေါ်တွင်သာထိုင်နေပြီး အတွေးထဲနစ်မြောနေသည်။


ငါးရက်တာအချိန် ကျန်သေးသည်ဖြစ်၍ ထိုအချိန်အတွင်းတွင် လိုအပ်သော ပါဝင်ပစ္စည်းများကို ရှာဖွေကာ အားလုံးကိုစီစဉ်ထားရမည်ဖြစ်သည်။


ထို့အပြင် ယဇ်ပူဇော်မှုအတွက် လ်ိုအပ်သည့်ဟင်းလျာသုံးခုကိုလည်း အဆုံးသတ်ထားရန် လိုအပ်သည်။


ပြုလုပ်ရန် လိုအပ်သည်များ မြောက်များစွာ ရှိသေးသော်လည်း အချိန်က နီးကပ်နေသည်။


အချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။


ထိုအချိန်အတွင်း အင်ပါယာနန်းတော်အတွင်းတွင် ပုဖန်၏သတင်းက လျင်မြန်စွာပျံ့နှံ့သွားသည်။


လက်ထောက်စားဖိုမှူးအားလုံးကို ပုဖန်နှင်ထုတ်လိုက်သည့်သတင်းက အင်ပါယာနန်းတော်မှ နတ်ဘုရားမမြို့တော်တစ်ခုလုံးကို နောက်ဆုံးတွင် ပျံ့နှံ့သွားသည်။


ထိုသတင်းကို ကြားသည့်အခါ လူအများစု၏မျက်နှာများက အထူးအဆန်းသဖွယ်ဖြစ်သွားကာ စိတ်ဝင်စားသွားကြသည်။


လက်ထောက်စားဖိုမှူးအားလုံးကို မီးဖိုချောင်ထဲက နှင်ထုတ်တယ်ပေါ့ ...


ဒီယောကျာ်းက ဘာလုပ်ဖို့ကြံနေတာလဲ ... ဟင်းလျာ၁၈မျိုးကို သူ့ကိုယ်တိုင်ချက်ချင်နေတာလား ...


အိုး ... ဒါပေမဲ့ သူ့မှာမဟာစားဖိုမှူးကျင်းယန်က လက်ထောက်အနေနဲ့ ရှိသေးတာပဲ ...


ဒါပေမဲ့ ...


စားဖိုမှူးကျင်းယွမ် ရှိရင်တောင်မှ သူတို့နှစ်ယောက်ထဲလေ ... တော်ဝင်စားတော်ပွဲက ဟင်းလျာအားလုံး အချိန်မီချက်ဖို့ အရမ်းခက်ခဲနေသေးတယ် ...


ပုဖန်၏ နှင်ထုတ်ခြင်းခံလိုက်ရသည့် စားဖိုမှူးများက ပုဖန်ကို အပြစ်တင်ပြီး စကားများကို ချဲ့ကားပြောနေသည်။


ခဏတွင်းချင်းမှာပင် အင်ပါယာနန်းတော်တစ်ခုလုံး ဤနှစ်၏ တော်ဝင်စားသောက်ပွဲကြီးကို မမျှော်လင့်မိကြတော့ပေ။


ဧကရီပိလော့လည်း ထိုသတင်းကို ကြားသည်။ သူမနားထဲ ထိုသတင်းများရောက်ရန် နေ့တစ်ဝက်သာကြာလိုက်သည်။


အစေခံမလေ၏ ပြန်လည်ပြောပြချက်ကို နားထောင်ကာ ဧကရီပိလော့၏မျက်နှာတွင် ရွှတ်နောက်နောက်အပြုံးတစ်ခု ပေါ်လာသည်။

" လက်ထောက်စားဖိုမှူးတွေအားလုံးကို သူနှင်ထုတ်လိုက်တယ်ဆိုတာတကယ်ပေါ့ ... စိတ်ဝင်စားစရာပဲ ... ရုတ်တရက်ကြီး ဒီနှစ်ရဲ့ တော်ဝင်စားသောက်ပွဲကြီးကို မျှော်လင့်မိလာပြီ ..."

ဧကရီပိလော့က နီရဲနေသောနှုတ်ခမ်းလေးများကို ဖွင့်ဟကာ ဆင်စွယ်ရောင်သွားလေးများကို ပြသလျက် ပြောလိုက်သည်။


‌အစေခံမလေးက ချက်ချင်းသိချင်သွားသည်။

" အရှင်မ အဲ့ယောကျာ်းက တော်ဝင်စားသောက်ပွဲကြီးက ဟင်းပွဲအားလုံး သူ့ဘာသာချက်မယ်ထင်တယ် ...."


" သူသာ လက်ထောက်စားဖိုမှူးတွေအားလုံးကို နှင်ထုတ်လိုက်ရင် ငါဒီနှစ်ကို အရမ်းမျှော်လင့်မိမယ်မထင်ဘူး ..."

ဧကရီက ပြောလိုက်သည်။


အစေခံမလေး စိတ်ထဲရှုပ်ထွေးသွားသည်။


" သူ အဲ့လိုမလုပ်ခဲ့ရင် လက်ထောက်စားဖိုမှူးတွေပ ဘယ်လိုလူတွေဆိုတာ ငါသိခဲ့မှာ မဟုတ်ဖူး ... အရင်နှစ်က ဒီဘုရင်မက ချွင်းချက်မထားပဲ တော်ဝင်စားသောက်ပွဲကို အိုးနင်းခွက်နင်းနဲ့ပဲ ပြီးစေခဲ့တာ ... ဒါပေမဲ့ ဒီနှစ်တော့ တစ်ခုခုပြောင်းလဲသွားပြီး ... မဟုတ်ရင်တော့ ဒီဘုရင်မရဲ့ မျှော်လင့်ချက်တွေ အလဟဿဖြစ်ပြီပေါ့ ..."


ဧကရီပိလော့က အိပ်ချင်မူးတူးဖြင့် သူမ၏ရွှေရော်ါပလ္လင်ပေါ်တွင် ပြန်လှဲနေလိုက်သည်။ သူမ၏အချိုးကျသော ခန္ဓာကိုယ်က လှပသောအကွေးအကောက်တစ်ခု ဖြစ်နေသည်။



နေ့တစ်ဝက်ကြာပြီးနောက် ကျင်းယွမ် အမောတကောဖြင့် ပြန်ရောက်လာသည်။


အဝေးမှလှမ်းကြည့်လိုက်စဉ် ဝှိုက်တီက မီးဖိုချောင်အပြင်ဘက်တွင် ရပ်နေသဖြင့် သူမစိတ်မတည်မငြိမ်ဖြစ်သွားသည်။


ဝှိုက်တီ့ထံမှဖိအားက သူမကို ကြောက်လန့်စေသည်။


သို့သော် သတ္တိမွေးကာ မီးဖိုချောင်တံခါးကို ဖွင့်လိုက်သည်။


မီးဖိုချောင်ထဲတွင် ...


ပုဖန်က ခုံပေါ်ထိုင်ကာ အတွေးထဲ နစ်မြုပ်နေသည်။ သူ၏စိတ်ထဲတွင် ထိုဟင်းလျာများကို ချက်ပြုတ်ရမည့်အဆင့်များကို တွေးတောနေသည်။


ကျင်းယွမ်ပြန်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများ လှုပ်ရှားသွားသည်။


ကျင်းယွမ်က မီးဖိုချောင်တံခါးများပိတ်လိုက်ကာ ပုဖန်ဆီသို့ လျှောက်လာသည်။ သူမကို မြင်သော်လည်း သ စကားမပြောပေ။ သူမ လက်ဝှေ့ယမ်းလိုက်သည့်အခါ ပါဝင်ပစ္စည်းထားသည့်နေရာတွင် ပါဝင်ပစ္စည်း အစုလိုက်အပြုံလိုက်ပေါ်လာသည်။


" တော်ဝင်စားသောက်ပွဲကြီးအတွက် ပါဝင်ပစ္စည်းနှစ်စုံစာရှိတယ် ... ခေါင်းဆောင်စားဖိုမှုးက အခွင့်အရေးနှစ်ကြိမ်ရှိတယ် ... အကယ်၍ဟင်းလျာတစ်ခုကျရှုံးသွားရင် တစ်ခါပြန်ကြိုးစားလို့ရတယ် ... ပါဝင်ပစ္စည်းအများစုက တန်ဖိုးကြီးတယ်ဆိုတော့ အချိန်တိုအတွင်ူ နှစ်စုံစာပဲ ယူလာနိုင်ခဲ့တယ် ..."

ကျင်းယွမ်က ပုဖန်ကိုကြည့်ကာ ပြောလိုက်သည်။


ပုဖန် မတ်တပ်ရပ်ပြီး လက်များကိုဆုပ်ထားသည်။ ပါဝက်ပစ္စည်းများဆီသို့ လာရောက်စစ်ဆေးကြည့်ရှု့လိုက်သည်။


ထို့နောက် ကျင်းယွမ်ကိုကြည့်ကာ ပြောလိုက်သည်။

" အပြင်ထပ်သွားပြီးတော့ ကျောက်စိမ်းသစ်သီးနဲ့ ခရမ်းရောင်တိမ်လွှာမြက်ကို ရှာလာခဲ့ ..."


" ဟမ် ... ကျောက်စိမ်းသစ်သီးနဲ့ ခရမ်းရောင်တိမ်လွှာမြက်လား ..."

ကျင်းယွမ်အနည်းငယ်အေးခဲပြီး အံ့ဩသွားသည်။ 


" ဟင်းလျာ၁၈မျိုးထဲမှာ အဲ့ဒီပါဝင်ပစ္စည်းတွေ လိုအပ်တဲ့ဟင်းလျာမရှိဘူးလေ ..."


သူမ မျက်ခုံးများပင့်လိုက်သည်။ သူမ ထပ်ပြောရန် ပြင်လိုက်စဉ် ပုဖန်၏ အေးစက်သောအကြည့်များဖြင့် ဆုံသွားသည်။


လက်‌ထောက်စားဖိုမှူးအားလုံးကို ပုဖန်နှင်ထုတ်ခဲ့သသည်ကို တွေးမိပြီး ကျင်းယွမ်၏မျက်နှာပိစိလေးက ဖြူဖျော့လာသည်။


" ကျွန်မ ချက်ချင်းသွားလိုက်ပါ့မယ် ..."


ဒါက မီးဖိုချောင်ရဲ့မင်းဆိုးမင်းညစ်ကြီးပဲ .. သူ့အမိန့်ကိုမှ မေးခွန်းသွားထုတ်မိရတယ်လို့ ...


သူမရင်ထဲတွင် ကြောက်လန့်မှုလိုင်းများထန်နေသည်။


ကျင်းယွမ် တစ်ဖက်သို့လည့်ကာ ပြေးသွားပြီး အချိန်တိုအတွင်းပျောက်ကွယ်သွားသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ချိုးသွားသည်။


ဒီမိန်းကလေး ငတုံးလား ...


ကျင်းယွမ်ထွက်သွားပြီးနောက် ပုဖန်၏အကြည့်များက ပါဝင်ပစ္စည်းများအပေါ် ရောက်လာသည်။ သက်ပြင်းချလိုက်ပြီး ဝတ်ရုံလက်များကိုခေါက်တင်ကာ ထိုပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်တော့သည်။


သေချာတာကတော့ ယစ်ပူဇော်ဟင်းလျာသုံးခုရဲ့ ပါဝဝင်ပစ္စည်းတွေကို အရင်ဆုံးပြင်ဆင်ရမှာပါ ...


ဝှစ် ...


ဓားအလင်းရောင်တစ်ခု လင်းလက်လာသည်။


ပုဖန်၏အကြည့်များ စူးရှလာကာ ကြယ်စင်များစွာ ပေါ်လာသည်။ ခဏတွင်းချင်းမှာပင် ကြယ်ပျံများ ဆင်းသက်ပြီး ဓားအလင်းရောင်များ ပေါ်ထွက်လာသည်။


ထိုပါဝင်ပစ္စည်းများက ကောင်းကင်ထက်မြင့်တက်သွားကာ ဓားအလင်းရောင်အောက်တွင် ပုံသဏ္ဍာန်များ ပြောင်းလဲသွားသည်။


အခွံများက နေရာအနှံ့လွင့်ပျံလာပြီး ရိုးတံများလည်း ပြုတ်ကျလာသည်။ တစ်ချက်လှီးလိုက်တိုင်းတွင် အပြည့်စုံဆုံးအနေအထားသို့ ရောက်လာသည်။


ပါဝင်ပစ္စည်းများကို လှီးဖြတ်ပြီးသည့်အခါ ၎င်းတို့ကိုရေဆေးရသည်။


နတ်ဘုရားမမြို့တော်၏ ရေက ထူထဲသောဝိညာဉ်စွမ်းအင်များကြောင့် ကြည်လင်လျက်ရှိသောကြောင့် သူ၏နွေဦးစမ်းရေနှင့် မကွာခြားလှပေ။


ထို့ကြောင် ထိုရေဖြင့်သာတိုက်ရိုက်ဆေးလိုက်သည်။


ကျယ်ဝန်းလှသော မီးဖိုချောင်ထဲတွင် ပုဖန် ပါဝင်ပစ္စည်းများကို ဆေးနေသည့်အသံကိုသာ ကြားနေရသည်။


အချိန်အတန်ကြာသည့်အခါ ကျင်းယွမ်ပြန်ရောက်လာသည်။


ပုဖန် ရှာခိုင်းသည့် ပါဝင်ပစ္စည်းနှစ်မျိုးမှာ အလွန်ရှားပါးလှသည့်အတွက် ၎င်းတို့ကိုရှာတွေ့ရန် ပါဝင်ပစ္စည်းဂိုဒေါင်တစ်ခုစီတိုင်းကို အိတ်သွန်ဖာမှောက် ရှာဖွေခဲ့ရသည်။


မီးဖိုချောင်တံခါးဖွင့်ကာ ပြန်လာချိန်၌ ဖြတ်တောက်ဆေးကြော‌ပြီးသောပါဝင်ပစ္စည်းများကို ဖြူပြာရောင်ပန်းကန်များပေါ်တွင်တင်ထားပြီး ရေစက်များက ပါဝင်ပစ္စည်းအားလုံးအပေါ်၌ တောက်ပနေသည်ကို မြင်လိုက်ရသည်။


ကျင်းယွမ် တံခါးဝ၌ပင် အေးခဲသွားသည်။


အချိန်သိပ်မကြာသေးတာတောင်မှ ပုဖန်က ယဇ်ပူဇော်ဟင်းလျာတွေအတွက် ပါဝင်ပစ္စည်းတွေကို အဆင်သင့် လုပ်ပြီးပြီပေါ့ ...


" အဲ့နားမှာ ဘာရပ်လုပ်နေတာလဲ ... ပါဝင်ပစ္စည်းတွေ ကျုပ်ကိုပေး ... ပြီးရင်ကျန်တဲ့ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပေး ...ဒါတွေကိုကိုင်တွယ်ရင် ဖြစ်ကတတ်ဆန်းမလုပ်မိစေနဲ့ ..."


ကျင်းယွမ် စိတ်နှင့်လူနှင့်ပြန်ကပ်သွားကာ ပုဖန်ဆီသို့ ပါဝင်ပစ္စည်းနှစ်မျိုးကို ပေးလိုက်သည်။


ပုဖန် ၎င်းတို့ကို ရသည့်အခါ ချက်ချင်းပင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုလှည့်ကာ ကျောက်စိမ်းသစ်သီးကို နှစ်ပိုင်းခွဲလိုက်သည်။


သစ်သီးနှစ်ခြမ်းကိုညှစ်လိုက်သည့်အခါ အတွင်းမှ အစိမ်းရင့်ရောင်အရည်များထွက်လာသည်။ ထိုအစိမ်းရင့်ရောင်သစ်သီးရည်များကို သူပြင်ဆင်ထားသည့် ဖြူပြာရောင်ပန်းကန်လုံးထဲ ထည့်လိုက်သည်။


ခရမ်းရောင်တိမ်လွှာမြက်အတွက် ပုဖန်ပါးစပ်ဟ၍ မီးတောက်အဖြူများ မှုတ်ထုတ်လိုက်သည့်အခါ ထိုမြက်များအရည်ပျော်ပြီး ခရမ်းရောင်သစ်သီးရည်များ ဖြစ်လာသည်။


ထိုသစ်သီးရည်ကိုလည်း ဖြူ‌ပြာရောင်ပန်းကန်လုံးထဲ ထည့်လိုက်သည်။


ယဇ်ပူဇော်ဟင်းလျာသုံးမျိုး၏ ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးပြီဖြစ်သည်။


ကျင်းယွမ်က ဘေးနားတွင်ပါဝင်ပစ္စည်းများကို ပြင်ဆင်နေချိန်၌ ပုဖန်ဘက်သို့လှည့်ကာ စပ်စုလိုက်သည်။

" ကျောက်စိမ်းသစ်သီးနဲ့ ခရမ်းရောင်တိမ်လွှာမြက်က ယဇ်ပူဇော်ဟင်းလျာတွေအတွက် မလိုဘူး ဟုတ်တယ်မလား ..."


ပုဖန် ချက်ချင်းပြန်မဖြေပေ။ ကျင်းယွမ်ကို တစ်ချက်သာကြည့်ပြီး ပြောလိုက်သည်။

" စောင့်ကြည့်နေပါ ... ခဏနေရင်သိလာလိမ့်မယ် ..."


ခဏအကြာတွင် ...


ကျားဖြူကောင်းကင်မီးဖိုနှင့် မဟူရာလိပ်ခုံးဒယ်အိးပေါ်လာသည်။ ဒယ်အိုးကိုမီးဖိုပေါ်တင်လိုက်ပြီးနောက် မီးတောက်တစ်ခု မှုတ်ထုတ်လိုက်သဖြင့် ‌မီးဖိုထဲ၌ မီးတောက်လာသည်။


တောက်လောင်နေသည့်အပူက ချက်ချင်းပျံ့နှံ့လာသည်။ 


ပုဖန်က ဖဲကြိုးဖြင့် ဆံပင်ကိုစီးနှောင်လိုက်ပြီးနောက် စတင်ချက်ပြုတ်တော့သည်။


ပုဖန်လက်ထဲမှ ယောက်ချိုကို လှည့်လိုက်သည်။ သူ၏စိတ်စွမ်းအင်များ ပျံ့နှံ့လာပြီး အနီရောင်စားဖိုမှူးဝတ်ရုံကို ပျံသန်းလာစေသည်။


ကျင်းယွမ် အဝေးတွင်ရပ်နေကာ မှင်သက်နေသည်။


ပုဖန်၏ လှုပ်ရှားမှုများက ရေကဲ့သို့ ချောမွေ့လှသည်။ ကြည့်နေရုံဖြင့်ပင် အံ့ဩမှင်သက်သွားစေသည်။


ယဇ်ပူဇော်ဟင်းလျာသုံးမျိုးတွင် ပထမဆုံးမှာ နွေဦးလေပြည်ဖြစ်သည်။


၎င်းက အသီးအရွက်ဟင်းလျာဖြစ်သည်။ ချက်ပြုတ်နည်းအညွှန်းအရဆိုလျှင် ထိုဟင်းလျာရရှိရန် ဝိညာဉ်ဆေးပင် ၃၂မျိုးကို မသေမျိုးပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်ရသည်။ ပါဝင်ပစ္စည်းတစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အရသာများရှိသောကြောင့် သာမန်အတိုင်း ရောစပ်၍ မရနိုင်ပေ။ စားသုံးသည့်အချိန်တွင် အရသာ ၃၂မျိုးလုံးပေါ်လွင်အောင် ပေးစွမ်းနိုင်ရမည်ဖြစ်၍ စားဖိုမှူး၏ထိန်းချုပ်မှုပေါ် မူတည်သည်။


၎င်းသည် နွေဦးလေပြည်နှင့်အတူ သက်ရှိထောင်ပေါင်းများစွာ၏ ပြန်လည်ထူထောင်မှုကို ကိုယ်စားပြုပြီး ပန်းပေါင်းရာနှင့်ချီ ပွင့်ဖူးသည့်ကဲ့သို့ လှပသောခံစားချက်ကို ပေးစွမ်းရမည်ဖြစ်သည်။


နွေဦးလေပြည်၏ အဓိပ္ပါယ်က ထိုကဲ့သို့ဖြစ်သည်။


ဘုန်း ဘုန်း ဘုန်း ...


မီးတောက်အလင်းရောင်က ကောင်းကင်ထိ‌တက်လာသည်။


ထို့နောက် ပါဝင်ပစ္စည်းများကို ဒယ်အိုးထဲထည့်လိုက်သည်။


ပုဖန် ကြော်နေချိန်၌ ဒယ်အိုးကို လှုပ်ခါနေသည်။ ပါဝင်ပစ္စည်းအားလုံး လေပေါ်ဝဲပျံသွားသည်နှင့် ၎င်းတို့ထံမှစီးကျလာသည့် အဆီများက တောက်ပလျက်ရှိသည်။


ဒယ်အိုးကိုလှန်ပြီးသည့်အခါ ပါဝင်ပစ္စည်းများကို ယောက်ချိုထဲထည့်လိုက်သည်။ ထို့နောက် ကြွေပန်းကန်ပေါ် တင်လိုက်သည်။


သူ၏စိတ်စွမ်းအင်ဖြင့် ပါဝင်ပစ္စည်းများကို တင်ပြထားပုံက အကွေ့အကောက်များလှသည်။


ဆီများ ပွက်ပွက်ဆူလာပြီး တရှဲရှဲအသံများ ထွက်လာသည်။


၎င်းက ထိုဟင်းလျာကို အရောင်တလက်လက်ဖြစ်စေသည်။


ဝုန်း ...


ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ စုဝေးလာသည်။


မိုးကြိုးပြစ်ဒဏ် သက်ဆင်းလာပြီဖြစ်သည်။


၎င်းကို ဝှိုက်တီက ကိုင်တွယ်လိုက်သည်။ ဤတစ်ကြိမ်တွင် ဝှိုက်တီဗိုက်ဝအောင်စားလိုက်ရသည်။


ကျင်းယွမ်က ဤမြင်ကွင်းကို ယစ်မူးနေသည့်ဟန်ဖြင့် ကြည့်နေသည်။ ပုဖန် ချက်ပြုတ်နေသည်ကိုကြည့်ရုံဖြင့် သူမများစွာသင်ယူလိုက်ရသည်။


မီးတောက်ထိန်းချုပ်မှုနှင့် ပါဝင်ပစ္စည်းများအတွင်းမှအပူကို အာရုံခံနိုင်ခြင်းက အံ့ဩဖွယ်ရာပင် ။


သူမက မီးတောက်ကို မှုန်ဝါးဝါးသာ ထိန်းချုပ်နိုင်သောကြောင့် ပုဖန်၏စွမ်းရည်က သူမနှင့်နှိုင်းယှဉ်ပါက ရှုပ်ထွေးလှသည်။


ထိုအဆင့်သို့ရောက်ရန် လေ့ကျင့်မှုများစွာလို‌အပ်နေသေးသည်။ 

သူမက အများကြီးလိုအပ်နေသေးတာပဲ ...


ရုတ်တရက် ...


ကျင်းယွမ်၏မျက်နှာ ပြောင်းလဲသွားသည်။


ဒယ်အိုးထဲမှ ကျောက်စိမ်းသစ်သီးကို တည်နေသည့်အချိန်တွင် အစောပိုင်းကပြင်ဆင်ထားလိုက်သည့်ဟင်းလျာအပေါ် လောင်းချတော့မည်ကို သူမသိသွားသည်။


ဒီအဆင့်က ချက်ပြုတ်နည်းအညွှန်းထဲ မပါဘူးလေ ...


" ခေါင်းဆောင်စားဖိုမှူးပု မလုပ်နဲ့ ... ယဇ်ပူဇော်ဟင်းလျာရဲ့ ချက်ပြုတ်နည်းကို ပြောင်းလို့မရဘူး ..."

ကျင်းယွမ်၏ မသိစိတ်က အော်လိုက်မိသည်။


သို့ရာတွင် ပုဖန်က သူမကို ခပ်တည်တည်ဖြင့် တစ်ချက်သာကြည့်လိုက်ပြီး လှုပ်ရှားမှုများ မရပ်တန့်ပေ။


အစိမ်းရင့်ရောင်အရည်များကို ဆက်လက်လောင်းချနေသည်။