အပိုင်း ၁၁၃၈
Viewers 53k

အခန်း ၁၁၃၈

ကျောက်စိမ်းသကြားရည် ပိန်းဥဝိညာဉ်သစ်သီး


ဟင်းလျာတွေမစားခင် နှုတ်မြိန်စာကိုးပွဲတောင်လား ...


ကျင်းယွမ် ဤအကြောင်းကို ပြောလိုက်သည့်အခါ ခန်းမဆောင်တစ်ခုလုံး အေးခဲသွားသည်။


ယခင်ကတော်ဝင်စားသောက်ပွဲကြီး ကျင်းပချိန်တွင် မီနူးအရ ဟင်းလျာတစ်ပွဲပြီးတစ်ပွဲလာချခြင်းဖြစ်သည်။ နှုတ်မြိန်စာကဲ့သို့ ဟင်းလျာမျိုးမရှိခဲ့ပေ။


အရေးကြီးဆုံးအရာက နှုတ်မြိန်စာဆိုတာ ဘာလဲ ...


အခြားသူများ ဂရုတစိုက်တွေးပြီးသည့်နောက် နားလည်လာကြသည်။


နှုတ်မြိန်စာဟူသည်မှာ အဓိကဟင်းပွဲများကို အာရုံစိုက်စားသုံးနိုင်ရန် အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည့်အရာဖြစ်သည်။ သွေးဆောင်သည့် နည်းလမ်းတစ်မျိုးလည်းဖြစ်သည်။


သို့ရာတွင် နှုတ်မြိန်စာက အာလုံး၏ အာရုံခံစားမှုကို လှူံ့ဆော်ပေးနိုင်မှသာလျှင် ဤနည်းလမ်းက အသုံးဝင်သည်။ သို့မဟုတ်လျှင် အားလုံးကိုစိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။


အစေခံများက လက်တစ်ဖက်ကို ဝတ်ရုံလက်ကို ပင့်ထားကာ အခြားလက်တစ်‌ဖက်ကိုမြှောက်ပြီး ကျင်းယွမ်၏ညွှန်ကြားချက်အတိုင်း အဖုံးများကို ဖွင့်လိုက်ကြသည်။


အတွင်းမှ အလင်းတန်းများဖြာထွက်လာသည့်အတွက် အားလုံး မျက်စိများမှေးထားမိကြသည်။


" ပထမဆုံးနှုတ်မြိန်စာက ဝိညာဉ်မုန်လာချဉ်ပါ ..."


အစေခံများက ပထမဆုံးဟင်းလျာကို ပြသလိုက်သည်နှင့် စောင်းတီးသံများ ချက်ချင်းထွက်ပေါ်လာသည်။


အားလုံး၏ အကြည့်များက ထိုဟင်းအပေါ်သို့ ရောက်သွားသည်။ အေးစက်သည့် မြင့်မြတ်အပျိုစင်နှင့် ဂုဏ်ကျက်သရေကြီးမားသည့် ဧကရီပိလော့သည်ပင် မသိလိုက်ပဲ ပထမဟင်းလျာကို ကြည့်လိုက်မိကြသည်။


ပထမဆုံးဟင်းလျာက အံ့အားသင့်ဖွယ် ဖြစ်နေမည်သာ။


ဒါကြောင့် ပုဖန်က ဒီဟင်းကို နှုတ်မြိန်စာအဖြစ် ရွေးခဲ့တာများလား ... 


အားလုံးလည်း မနေနိုင်ပဲ သိချင်နေကြသည်။


‌အဝေးတွင် အစပ်ချောင်းကို ပါးစပ်ထဲထည့်ထားသည့် ငရဲဘုရင်အာဟသည်လည်း ခေါင်းကုတ်လျက် မျက်လုံးထဲတွင် သိချင်စိတ်များဖြင့် ပြည့်နေသည်။


နယ်သာရီသည်လည်း အလားတူပင်။ ပုဖန် ထိုဟင်းလျာကို ပထမဆုံးဟင်းလျာအဖြစ် ရွေးချယ်ရသည့် အကြောင်းအရင်းကို သိချင်နေသည်။


သို့ရာတွင် အဖုံးကို ချွတ်လိုက်ချိန်တွင် ပြိုင်ဘက်ကင်းရနံ့လှိုင်းတစ်မျိုးက အရပ်မျက်နှာအနှံ့ ပျံ့နှံ့လာသည်။


ဝိညာဉ်မုန်လာချဉ်လား ...


ရနံ့လှိုင်းများပျံ့နှံ့ကာ အဆက်မပြတ် မြင့်တက်လာသည်။


ဟမ် ...


အားလုံး၏မျက်နှာများ ရုတ်ချည်းပြောင်းလဲသွားသည်။ တစ်ကြိမ် အနံ့ခံကြည့်ရုံဖြင့် ချဉ်စုတ်စုတ်အနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။ အရသာခံဖုများကို ကျီစယ်နေသည့်အတွက် မသိလိုက်ချိန်မှာပင် ၎င်းတို့၏ပါးစပ်မှ သွားရည်များ စီးကျလာသည်။


" မုန်လာဥတစ်ပန်းကန်လား ..."


" တကယ့် မုန်လာဥလား ... သေချာတော့ ဖြတ်တောက်ထားတာပဲ ..."


" ဒါကို ဟင်းလျာလို့ သဘောထားနိုင်ပါ့မလား ... နောက်နေသလိုပဲ ..."


ရွှေရောင်ဧရာမစားပွဲခုံကြီးမှ အားလုံး၏မျက်နှာများ ပြောင်းလဲကုန်ကြသည်။ ပထမဆုံးဟင်းလျာက မုန်လာဥတစ်ပန်းကန်သု မထင်ထားခဲ့ကြပေ။


ကျင်းယွမ်က သူတို့၏ အမူအရာများကို ခန့်မှန်းထားမိသည့်ပုံပေါ်သည်။ အားလုံး ထိတ်လန့်သွားသောကြောင့် သူမ စိတ်‌သက်သာရာရသွားသည်။


ဒီဟင်းလျာကို မေးခွန်းထုတ်ရမယ်ဆိုရင်တော့ ...


သူမမျက်နှာတွင် ရွှတ်နောက်နောက် အပြုံးတစ်ခု ပေါ်လာသည်။


ခေါင်းဆောင်စားဖိုမှူးပုက နှုတ်မြိန်စာကိုထည့်သွင်းရန် အကြံဉာဏ်ပေးခဲ့ခြင်းဖြစ်သည်။ မူလက သူမ မေးခွန်းထုတ်ခဲ့မိသည်။ တော်ဝင်စားသောက်ပွဲကြီးဖြစ်သဖြင့် ဟင်းလျာ၁၈မျိုးလုံးက လက်ရာမြောက်နေရမည်ဖြစ်သည်။


သို့ရာတွင် ခေါင်းဆောင်စားဖိုမှူးပုက ထိုကဲ့သို့အကြံဉာဏ်တစ်ခု ပေးခဲ့သည်။


ပို၍အရေးကြီးသည်မှာ ပထမဆုံးဟင်းလျာက မုန်လာဥတစ်ပန်းကန် ဖြစ်နေခြင်းပင်။


ထို့ကြောင့် ကျင်းယွမ်ကို မေးခွန်းထုတ်စေမိခြင်းဖြစ်သည်။ သို့ရာတွင် ပုဖန်၏ ယုံကြည်ချက်ရှိပြီးရွှင်မြူးနေသော အမူအရာကြောင့် သူ မုန်လာဥကိုစားကြည့်လိုက်မိသည်။


ထို့နောက် သူမအနိုင်ယူခံလိုက်ရသည်။


" ဒီဝိညာဉ်မုန်လာချဉ်တွေ ခေါင်းဆောင်စားဖိုမှူးပုရဲ့ တန်ဖိုးကြီး နှုတ်မြိန်စာတွေပါ ... အရေအတွက်က ကန့်သတ်ထားတာမို့ ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး ..."

ကျင်း‌ယွမ်က များစွာမရှင်းပြပဲ သူတို့ကို စားချင်စိတ်ပြင်းပြလာအောင်လုပ်လိုက်သည်။


ရွှေရောင်စားပွဲကြီးပေါ်မှလူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ 


အဲ့ဒါက ဝိညာဉ်မုန်လာချဉ်ဖြစ်ဖြစ် ဝိညာဉ်မုန်လာအစပ်ဖြစ်ဖြစ် ဘယ်သူက စိတ်ဝင်စားမှာလဲ ... သူတို့အားလုံး မုန်လာဥပဲလေ ...


တော်ဝင်စားသောက်ပွဲကြီးလိုမျိုး မြင့်မြတ်တဲ့ ပွဲတစ်ခုမှာ ပထမဆုံးဟင်းလျာက မုန်လာချဉ်ဖြစ်နေရတာလဲ ... လက်ခံလို့ကို မရဘူး ...


ဧကရိပိလော့ စကားတစ်ခွန်းမျှ မပြောပေ။ အမှန်တွင် သူမ၏သံသယက အခြားလူများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဖန်၏ အချက်အပြုတ်စွမ်းရည်ကို သူမသိရှ်ိထားသောကြောင့် မုန်လာဥနီကို ပထမဆုံးဟင်းလျာအဖြစ် ချက်ပြုတ်ရဲသည်ကို မထူးဆန်းနေပေ။


ထို့ကြောင့် ဧကရီပိလော့ တူကိုယူလိုက်သည်။ ထိုတူများက ငွေရောင်ဖြင့်ပြုလုပ်ထားသည့်အတွက် အခြားတူများဖြင့်မတူပေ။ လက်ရာမြောက်သည့် ဖီးနစ်ငှက်ပုံများ တူထိပ်‌တွင် ရေးထွင်းထားသည်။


မုန်လာဥဖတ်တစ်ခုကို ယူလိုက်သည်။


၎င်းက အရောင်တလက်လက်တောက်ပနေကာ အပေါ်တွင် အကြည်ရောင်အရည်လည်း ရှိနေသည်။ ထိုမုန်လာဥက်ု ပုဖန်ကိုယ်တိုင် လှီးဖြတ်ထားသဖြင့် အရွယ်အစားတူတူပင်ဖြစ်သည်။


မုန်လာဥထံမှ ချဉ်စုတ်စုတ်အနံ့များ ပျံ့နှံ့လာသည်။ ထိုအနံ့က မခံမရပ်နိုင်သည်အထိ မဟုတ်ပဲ နက်ရှိုင်းသာ့်ထင်မြင်ချက်တစ်ခုကို ကျန်ရစ်စေခဲ့သည်။


အားလုံး၏ စိုက်ကြည့်နေသော မျက်လုံးများအောက်တွင် ဧကရီပိလော့က သွားချွန်ချွန်များဖြင့် မုန်လာဥကို ကိုက်လိုက်သည်။


ချိုချဉ်အရသာက သူမပါးစပ်ထဲ စိမ့်ဝင်ပျံ့နှံ့သွားသည်။ ထိုအရသာက အလွန်မပြင်းထန်သော်လည်း အရသာခံဖုများကို တစိမ့်စမ့်ဖြစ်သွားစေကာ မျက်ခုံးများ အနည်းငယ်ပင့်လိုက်မိသည်။


ဒီအရသာက ...


ဂျွက် ဂျွက် ...


ဧကရီဘုရင်မမျက်မှောင်ကြုတ်နေရာမှ မျက်လုံးများ ရုတ်ချည်း အရောင်လက်လာသည်။


မုန်လာဥဖတ်တစ်ခုလုံးကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည်။ ထို့နောက် ဧကရီဘုရင်မကြီးက နောက်တစ်ခု ထပ်ယူစားသည်။


" ကောင်းသားပဲ ..."

ဧကရီပိလော့က ချီးကျူးလိုက်သည်။


ကြည့်ရှု့နေသူများ သိချင်လာကြသည်။


မုန်လာဥတစ်ဖတ်ရဲ့အရသာက ဘယ်လောက်ကောင်းလို့လဲ ...


သို့သော် အားလုံးက မုန်လာဥများကို ပါးစပ်ထဲဖြထည့် တိတ်ဆိတ်နေကြသည်။


အရသာက သူတို့၏အရသာခံဖုကို ကျီစယ်နေပြီး နှာခေါင်းထိပ်ဖျားမှာပင် ချွေးများထွက်လာသည်။ 


အချဉ်အရသာက အလွန်ကောင်းမွန်သောကြောင့် ခန္ဓာကိုယ်တွင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။


အရသာက အရမ်းကောင်းတာပဲ ...


ကျင်းယွမ်ညင်သာစွာရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

" ဒုတိယ နှုတ်မြိန်စာက ကြာစွယ်ချဉ်စပ်ပါ ..."


ပရိသတ်များ၏ မျက်လုံးက ဒုတိယမြောက်နှုတ်မြိန်စာပေါ်သို့ ရောက်သွားသည်။


လည်နေသောဗန်းကြီးပေါ်သို့ တူများရောက်လာပြန်သည်။


" တတိယဟင်းလျာ သလင်းကြည် ကြက်ခြေထောက်ပါ ..."


" စတုတ္ထဟင်းလျာက အသူရာရှုးရှဲအစပ်ချောင်း ..."


ကျင်းယွမ်က ဟင်းလျာများကို တစ်ခုပြီးတစ်ခု ကြေညာပေးနေသည်။


ရွှေရောင်စားပွဲမှ လူ၁၅ယောက်က တူများကို ဟင်းလျာတိုင်းအပေါ်တွင် ရွေ့လျားနေပြီး စားသုံးခြင်းကို မရပ်တန့်နိုင်ကြပေ။ မုန်လာဥနှုတ်မြိန်သာက အရသာရှိရုံသာမက နောက်ထပ်ရောက်လာသည့် ဟင်းပွဲများကလည်း သူတို့ကို အလွန်အမင်း အံ့အားသင့်သွားစေသည်။


သလင်းကြည်ကြက်ခြေထောက်နှင့် အသူရာရှူးရှဲအစပ်ချောင်းများပင် ဖြစ်ပါစေ ၎င်းတို့က ကြောင်ဆေးပင်ကဲ့သို့ သူတို့ကို ဆွဲဆောင်နေသည်။


အသူရာရှူးရှဲအစပ်ချောင်းတဲ့လား ...


ငရဲဘုရင်အာဟ အံ့အားသင့်သွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်‌နေသည်။


ကောင်လေးပုဖန်က သူ့အစပ်ချောင်းတွေကို နှုတ်မြိန်စာလုပ်ပစ်တာလား ...


အဲ့လိုသုံးရင် ရတယ်ပေါ့လေ ...


ဧကရီပိလော့လည်း အံ့အားသင့်သွားသည်။ သူမ ငရဲဘုရင်အာဟကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ပါးစပ်ထဲမှ အစပ်ချောင်းကို ဝါးနေသည်ကို မြင်သည့်အခါ သူမစိတ်ထဲ သိချင်သွားမိသည်။


အဲ့ဒါက တကယ်စားလို့ရတာလား ...


ပုဖန်က အစပ်ချောင်းများကို အပိုင်းပိုင်းဖြတ်ထားကာ ပန်းကန်ထဲထည့်ထားသဖြင့် အရောင်တလက်လက်တောက်နေသည်။


အစပ်ချောင်းက နှုတ်မြိန်စာအားလုံးထဲတွင် အနံ့အပြင်းဆုံးဟု ဆိုနိုင်သည်။ အားလုံး၏လက်များက တူဆီသို့ အလိုလိုရောက်သွားသည်။


ဧကရီပိလော့လည်း အစပ်ချောင်းကို ပါးစပ်ထဲထည့်လိုက်ပြီး အစပ်အရသာကို စုပ်ယူလိုက်သည်။


ချက်ချင်းပင် မွှေးပျံ့သော အစပ်အရသာ ပျံ့လွင့်လာသည်။


" အိုး ..."


ဧကရီ၏မျက်လုံးများ ပြူးကျယ်သွားသည်။


ဒီအစပ်အရသာ ... ဒါမျိုးအရသာ ... အရိုးထဲအထိ စိမ့်ဝင်သွားနိုင်တဲ့ အရသာမျိုး ...


ဒါက အစပ်ချောင်းဆိုတာပေါ့လေ ...


အရသာက တကယ်ကိုကောင်းတာပဲ ...


ဧကရီပိလော့က ခေါင်းမော့ပြီး ပါးစပ်ထဲမှအစပ်ချောင်းကိုဝါးနေသည်။ ပို၍ဝါးလေ သူမနှုတ်ခမ်းများ နီရဲလာပြီး ဆွဲဆောင်မှုရှိသော မျက်နှာလည်း ရဲတွတ်လာသည်။


သူမ၏ လှပသောမျက်နှာအစိတ်အပိုင်းတစ်ခုစီက ယစ်မူးနေမှုကို ဖော်ပြနေသည်။


ဧကရီ၏ တုံ့ပြန်ချက်မှ ဘေးမှလူများကို ကြောက်လန့်လာစေသည်။ မြင့်မြတ်အပျိုစင်က ပို၍သံသယဝင်လာသည်။


ဒါက အစပ်ချောင်းတစ်ချောင်းပဲလေ ...သူမကိုကြည့်ရတာ ဘာလို့ ဆေးသောက်နေသလို ဖြစ်နေရတာလဲ ...


ထို့နောက် အားလုံး၏တူများ လှုပ်ရှားလာသည်။


စားပွဲမှ လူ၁၅ယောက်လုံး ခေါင်းမော့ကာ အရူးအမူးဖြစ်နေသည့်မျက်နှာများ ဖြစ်ကုန်ကြသည်။


အဝေးတွင် ...


ငရဲဘုရင်အာဟက ကမ္ဘာပေါ်တွင် ချစ်ခြင်းမေတ္တာများ မရှိတော့သကဲ့သို့ မျက်နှာမျိုးဖြစ်နေသည်။ ရွှေရောင်တိုင်လုံးများကိုမှီကာ တိုင်နှင့်ခေါင်းနှင့် ထပ်ခါထပ်ခါ ဆောင့်နေသည်။


" ဒီဘုရင်ရဲ့အစပ်ချောင်းတွေ ..."


" ယဉ်ကျေးမှုမရှိတဲ့မိန်းမတွေ ... အစပ်ချောင်းကို ဘာလို့ အဲ့လိုစားနေရတာလဲ ... အဲ့ဒါက ဒီလိုစားရမှာ..."


" တစ် စုပ်လိုက် နှစ် ပြန်ဆွဲထုတ်လိုက် သုံး စုပ်လိုက် လေး ပြန်ဆွဲထုတ်လိုက် ... ပါးစပ်ထဲထည့်လိုက် ထုတ်လိုက်လုပ် ... အဲ့ဒါကမှ အစပ်ချောင်းစားတဲ့ နည်းလမ်းအစစ်လေ ..."


ငရဲဘုရင်အာဟ၏ နှလုံးသားထဲ သွေးများစီးကျနေပြီး ငိုကြွေးနေသည်။


တစ်ဖက်တွင် နယ်သာရီ၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


ပုဖန်ရဲ့ ရှူးရှဲအစပ်ချောင်းတွေက တကယ်ကို ဆွဲမက်စရာပဲ ...


အရင်ကတော့ သူမ အရူးအမူးနဲ့ အများကြီးစားခဲ့မိတာပဲ ... တစ်ကြိမ်တည်းမှာ အများကြီးစားမိတော့ အဲ့တည်းက အစပ်ချောင်းကို ရှောင်နေမိတယ် ... ခုတော့ အစပ်ချောင်းကို မြင်တဲ့အချိန်တိုင်း ထွက်ပြေးချင်နေပြီ ...


သို့ရာတွင် ပုဖန်၏အစပ်ချောင်းများက ကျိန်းသေပေါက် ဆွဲဆောင်နိုင်စွမ်းရှိကြောင်း သူမဝန်ခံရလိမ့်မည်။


နှုတ်မြိန်စာကိုးမျိုးကို တည်ခင်းပြီးပြီဖြစ်သည်။


အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် နှုတ်မြိန်စာများအားလုံးကို ရွှေရောင်စားပွဲခုံမှလူများ ပြောင်စင်အောင် စားပစ်လိုက်ကြသည်။


အစေခံများလည်း လေအေးကို ရှုရှိုက်နေရသည်။


သူတို့၏သခင်မများ ဤသို့စားသည်ကို ပထမဆုံးမြင်ဖူးကြခြင်းဖြစ်သည်။


သို့ရာတွင် နှုတ်မြိန်စာကိုးမျိုးကို စားခဲ့ပြီးသူများက ဗိုက်မပြည့်ကြသေးပေ။ သူတို့၏ဗိုက်ထဲတွင် တဂွီဂွီမြည်လျက် ထပ်စားချင်နေကြသေးသည်။


အေးစက်ပြီး မာနကြီးသည့် မြင့်မြတ်အပျိုစင်သည်ပင် နောက်ထပ်ရောက်လာမည့်ဟင်းလျာများကို စိတ်ဝင်တစား စောင့်မျှော်နေသည်။


စားဖိုမှူးကျင်းယွန်၏ နှုတ်ခမ်းများက စိတ်ကျေနပ်သည့်အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။


ခေါင်းဆောင်စားဖိုမှူးပုရဲ့ နှုတ်မြိန်စာတွေက အလုပ်ဖြစ်သားပဲ ...


သူမ ရင်ထဲတွင် ချီးကျုးနေမိပြီး မီးဖိုချောင်သို့ ပြန်သွားသည်။ ခဏအကြာတွင် သူမကိုယ်တိုင်ဟင်းလျာတစ်ခုကို ကိုင်ဆောင်လာကာ အဝေးသို့လျှောက်လာသည်။


" တော်ဝင်စားသောက်ပွဲကြီးရဲ့ ပထမဆုံးဟင်းလျာ ... ကျောက်စိမ်းသကြားရည် ပိန်းဥဝိညာဉ်သစ်သီးပါ ..."


စိတ်လှုပ်ရှားသော အငွေ့အသက်များဖြင့် ကျင်းယွမ်၏ ချိုသာသောအသံမှာ နေရာတစ်ခုလုံးကို ပဲ့တင်သွားသည်။


သူမ၏ ညင်သာပြီးသေးငယ်သော ခြေလှမ်းများဖြင့် ရွှေရောင်စားပွဲခုံဆီသို့ လျှောက်သွာကာ ဖြူပြာရောင်ပန်းကန်ပြားကို တင်ထားလိုက်သည်။


အစောပိုင်းက စားသုံးပြီးသည့်ပန်းကန်များကို အစေခံများက ယူဆောင်သွားပြီးပြီဖြစ်သည်။ တစ်ချိန်တည်းများပင် နှုတ်မြိန်စာများကို အခြားစားပွဲများတွင် တည်ခင်းနေသည်။


" ကျောက်စိမ်းသကြားရည် ပိန်းဥဝိညာဉ်သစ်သီး တဲ့လား ..."


ဤဟင်းလျာကြောင့် အားလုံးအေးခဲသွားသည်။ 

ဒါကမှ တော်ဝင်စားသောက်ပွဲကြီးရဲ့ ဟင်းလျာပေါ့လေ ..."


နှုတ်မြိန်စာများကလည်းကောင်းမွန်သော်လည်း ခေါင်းဆောင်စားဖိုမှူးကို စစ်ဆေးသည်မှာ ဟင်းလျာ၁၈မျိုးလုံးဖြစ်သည်။


စားဖိုမှူးကျင်းယွမ်က မရှင်းပြတော့ပဲ ငွေရောင်အဖုံးကိုသာ ဖွင့်လိုက်သည်။


ချက်ချင်းပင် အငွေ့များတက်လာပြီး ရွှေရောင်တောက်နေသည့် အလင်းတန်းများက အားလုံး၏ မြင်ကွင်းထဲတွင် ပြည့်နှက်သွားသည်။


ထိုဟင်းလျာ၏ သွင်ပြင်ကို မြင်သောအခါ အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။


ဒါက တကယ်ကို လန့်စရာကြီးပဲ ...


ဧကရီပိလော့သည်ပင် အံ့အားသည့်သွားသည့်အတွက် အနီရောင်နှုတ်ခမ်းများ ပွင့်ဟလာသည်။


အငွေ့များက ဟင်းလျာပေါ်ပျံတက်လာချိန်တွင် သကြားရည်ကို စက်ဝိုင်းတစ်ခုပုံရစ်ပတ်ထားပြီး အလယ်ဗဟိုတွင် ကောင်းကင်သို့ရောက်သည်အထိ အတောင်ပံများကို ဖြန့်ကျက်နေသည့် ဖီးးနစ်ငှက်ပုံဖြစ်သနေသည်။


ဖီးနစ်ငှက်၏ ဗိုက်တွင် ပန်းရောင်ဝိညာဥ်သစ်သီးများရှိသည့်အတွက် မီးရောင်အောက်တွင် ထိုဟင်းလျာက တလက်လက်တောက်ပနေသည်။


ဤဟင်းလျာကို မြင်ရသည့်အခါ ဤဟင်းလျာကို ယခင်က စားခဲ့ဖူးသော်လည်း တစ်ချိန်တည်းမှာပင် မစားခဲ့ဖူးဟု‌ တွေးမိပြန်သည်။


သကြားရည်က ပိန်းဥဝိညာဉ်သစ်သီးကို ရစ်ပတ်ထားသည်။


ဧကရီပိလော့မစောင့်နိုင်တော့ပေ။ မိန်းကလေးများက အလှအပကို ကြိုက်နှစ်သက်သည်မှာ သဘာဝဖြစ်၍ ဤသို့လှပသည့်ဟင်းလျာကို မြင်တွေ့ရခြင်းက ၎င်းတို့က်ို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစေသည်။


ငွေရောင်တူကိုယူ၍ ထိုနေရာတွင် ပေါ်လောပေါ်နေသည့် ဝိညာဉ်ပိန်းဥသစ်သီးကို သကြားရည်ထဲ နှစ်လိုက်သည်။


ထိုအခါ နောက်ထပ် ဆူဆူညံညံအသံများ စတင်လာပြန်သည်။


အားလုံး လေအေးကို ရှုရှိုက်နေရသည်။ 


အဘယ့်ကြောင့်ဆိုသော် ဧကရီဘုရင်မကြီး ယူလိုက်သည့်သကြားရည်များက ငွေရောင်အမျှင်တန်းကဲ့သို့ ဖြစ်နေကာ ပိန်းဥနှင့်အတူ အလွန်လှပသော ပိုးချည်မျှင်များကဲ့သို့ ထင်ရသည်။


ဆွဲယူလ်ိုက်သည့်အခါ ဖီးနစ်ငှက်အတောင်ပံက သကြားရည်များကို လှုပ်ရှားသွားစေသည့်အတွက် သိမ်မွေ့စွာ ကခုန်နေသည်ဟုပင် ထင်ရသည်။


လန့်စရာပဲ ... သေချာပေါက် ထိတ်လန့်စရာကြီး ...


ဧကရီပိလော့၏ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။


ဤဟင်းလျာက သူမထံတွင် ဖြစ်ပေါ်ခဲသည့် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်လာစေသည်။


ထို့နောက် ပိန်းဥက်ို ညင်သာစွာလျက်လိုက်သည်။ ၎င်းကိုရစ်ပတ်ထားသည့် သကြားရည်များက မွှေးပျံ့လွန်းလှသည်။


သူမ မျက်နှာကနီရဲလာပြီး ပင့်သက်ရှိုက်လိုက်မိသည်။ ထို့နောက် ဖြည်းဖြည်းချင်း ကိုက်လိုက်သည်။


နူးညံ့သောအရသာက ပိန်းဥ၏ ပျော့ပြောင်းသောအ‌ဆင်းကို သယ်ဆောင်လာပေးသည်။ ၎င်း၏ အချိုအရသာ ပျော့ပြောင်းမှုနှင့် ရနံ့များကို တစ်မျိုးတည်း ပေါင်းစည်းလိုက်သည့်အခါ အရာအားလုံးတစ်ချိန်တည်းတွင် ပေါက်ကွဲသွားသကဲ့သို့ပင်။


ဧကရီပိလော့က သူမ၏အနီရောင်နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ ယခုအချိန်၌ သူမ၏ပျော်ရွှင်မှုများကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ပေ။ 


အခြားသူများလည်း ၎င်းကို မြင်‌လိုက်ရသည်။


ဒီဟင်းပွဲက အဲ့ဒါမျိုး တုံ့ပြန်ရတဲ့အထိကို ကောင်းတာလား ...


စားဖိုမှူးကျင်းယွမ်သည်လည်း အံ့အားသင့်နေသည်။ ခေါင်းဆောင်စားဖိုမှူးပု မွမ်းမံပြင်ဆင်လိုက်သည့်သင်းလျာက ကောင်းကင်နှင့်မြေပြင်ကို လှန်လိုက်သကဲ့သို့ကွာခြားသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။


သူမလည်း တံတွေးမျိုချမိနေပြီး ဤဟင်းလျာကို မြည်းစမ်းချင်နေသည်။


မြင့်မြတ်အပျိုစင်က ဧကရီဘုရင်မကို တစ်ချက်ကြည့်ကာ တူဖြင့် ပိန်းဥကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။


သူမသည်လည်း ပင့်သက်ရှိုက်သွားရသည်။


စားပွဲဝိုင်းမှ ကျန်ရှိနေသောလူ၁၃ယောက်လည်း အရူးအမူးဖြစ်နေသည်။


ချီစစ်နှင့် အခြားလူများ၏မျက်လုံးများ အရောင်တောက်နေသည်။


သူတို့အားလုံး မှင်သက်စွာ ကြည့်နေကြသည်။


ဒီနှစ်ရဲ့ တော်ဝင်စားသောက်ပွဲကြီးက အရင်နှစ်တွေနဲ့ တော်တော်လေးကွာခြားတာပဲ ...


ထို့ကြောင့် သူတို့အားလုံး မျှော်လင့်မိနေကြသည်။


ထိုအချိန်တွင် ကျင်းယွမ်၏မျက်နှာပေါ်၌ စိုးရိမ်သည့် အမူအရာတစ်ခု ပေါ်လာသည်။ ပိန်းဥဝိညာဉ်သစ်သီးကို ပျော်ရွှင်စွာစားနေသည့် မြင့်မြတ်အပျိုစင်ကို ကြည့်လိုက်မိသည်။


‌ခေါင်းဆောင်စားဖိုမှူးပု ပြောင်းလဲခဲ့သော ယဇ်ပူဇော်ဟင်းလျာများ၏ ချက်ပြုတ်နည်းအညွှန်းများကို တွေးမိပြီး အနည်းငယ် စိတ်မတည်မငြိမ်ဖြစ်လာသည်။