အပိုင်း ၁၁၄၂
Viewers 62k

အခန်း ၁၁၄၂

မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း 


မှော်အခင်းအကျင်းက တောက်ပလာသည်။ အပြင်ဘက်မှော်အခင်းအကျင်းက နာရီလက်တံအတိုင်းလှည့်နေသည်။ အတွင်းဘက် မှော်အခင်းအကျင်းက နာရီလက်တံပြောင်းပြန် လှည့်နေသည်။


ထိုနေရာအတွင်းမှ စုပ်ယူသောစွမ်းအင်များ ထွက်ပေါ်နေပြီး ယဇ်ပူဇော်ဟင်းလျာများအပေါ် ရစ်‌ဝဲနေသည့် အငွေ့ ၊ ရနံ့နှင့် စိတ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေသည်။


ပုဖန်၏စကားများက အားလုံး၏နားထဲ မနက်ခင်းခေါင်းလောင်းသံကဲ့သို့ဖြစ်နေပြီး လေအေးများရှုရှိုက်သွားရစေသည်။


ဒီယောကျာ်းက ချက်နည်းတွေကိုပြောင်းလိုက်ရုံမကပဲ ဟင်းပွဲတစ်မျိုးတောင် ထပ်ပေါင်းလိုက်သေးတယ်ပေါ့ ...


သူက သောက်ပြဿနာရှာနေတာပဲ ...


ယဇ်ပူဇော်ဟင်းလျာတွေကို ဒီလိုပြောင်းပစ်တာက နတ်ဘုရားပျောက်ကွယ်တောင်တန်းက တုနှိုင်းမဲ့တည်ရှိမှုကို အမျက်ဒေါသမဖြစ်စေဘူးလား ...


ပုဖန်၏ကို ကြည့်နေသည့်အကြည့်များက လုံးလုံးလျားလျားပြောင်းလဲသွားသည်။ ၎င်းတို့အားလုံးက ပုဖန်ကို မစဉ်းစားမဆင်ခြင်လုပ်တတ်ပြီး သေခြင်းတရားကိုမသိသည့်လူကဲ့သို့ ကြည့်နေကြသည်။


သူတို့၏အမြင်တွင် ပုဖန်၏ လုပ်ဆောင်ချက်များက အမှန်ပင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။


ပူးကပ်ခံထားရသည့် မြင့်မြတ်အပျိုစင်က ဟင်းလျာလေးမျိုးကိုကြည့်ကာ မျက်ခုံးများပင့်လိုက်သည်။ သူမ၏အကြည့်များထဲတွင် မယုံသင်္ကာဖြစ်မှုတစ်လု ဖြတ်သန်းသွားသည်။


နွေဦးလေပြည်၊ နွေဝေဒနာ၊ ဆောင်းဦးတိမ်မြုပ်ခြင်း ထိုဟင်းလျာ၏ချက်ပြုတ်နည်းများကို နတ်ဘုရားမမြို့တော်သို့ သူမလက်ဆင့်ကမ်းပေးခဲ့သည်။


သို့ရာတွင် မူလမီနူးထဲတွင် ဆောင်းမနက်ခင်းဟူသည့် ဟင်းလျာတစ်မျိုးကို ပုဖန်က ထပ်မံ ထည့်သွင်းခဲ့သည်။


ထိုမျှသာမက ယဇ်ပူဇော်ဟင်းလျာများကိုလည်း နာမည်ပေးလိုက်သေးသည်။


အမှန်တွင် ထိုယဇ်ပူဇော်ဟင်းလျာများတွင် နာမည်ရှိသည်ယ ၎င်းက သူမမိတ်ဆွေတစ်ဦးက လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ပေးခဲ့သည့် အင်မော်တယ်ဆေးဖက်ဝင်အစားအစာ ဟူသည့်နာမည်ဖြစ်သည်။


၎င်းကို ဒဏ်ရာများကုသရာတွင် အသုံးပြုသည်။


သို့သော် ထိုချက်ပြုတ်နည်းများက အလွန်ချို့တဲ့နေသဖြင့် သူတို့ထံတွင် အပြစ်အနာအဆာများ ရှိနေသည်ဟု တွေးခဲ့မိဖူးသည်။


သို့ရာတွင် နှစ်ပေါင်းတစ်ထောင်ခန့်အတွင်း မည်သူကမှ ထိုအပြစ်အနာအဆာများကို မပြောင်းလဲပေးခဲ့ပေ။


ယခင်က အင်မော်တယ်ဆေးဖက်ဝင်အစားအစာကို ပြောင်းလဲရန် ကြိုးစားခဲ့ဖူးသည့် စားဖိုမှူးတစ်ယောက်ရှိသည်။ သို့ရာတွင် သူက အင်မော်တယ်ဆေးဖက်ဝင်အစားအစာကို အဆိပ်အတောက်ဖြစ်သွားစေခဲ့သည်။ ကံကောင်းသည်မှာ ထိုအစားအစာကို စားပြီးနောက်တွင် သူမကိုလွန်စွာ မသက်ရောက်ခဲ့ပေ။


သို့ရာတွင် ကောင်းကျိုးလည်းမရှိခဲ့ပေ။


သို့ဖြစ်၍ အခြားစားဖိုမှူးများကို ယဇ်ပူဇော်ဟင်းလျာများအား ပြောင်းလဲခွင့်မပြုတော့ပေ။ ချက်ပြုတ်နည်းများပြောင်းလဲသည့်စားဖိုမှူးကို နေရာတွင်ပင် ကွပ်မျက်မည်ဖြစ်သည်။


မှော်အခင်းအကျင်းကြောင့် တောက်ပနေသည့် ဟင်းလျာလေးခုကိုကြည့်ကာ ပတ်ဝန်းကျင်မှလူများ အသက်ပင် မရှုရဲပေ။


မြင့်မြတ်အပျိုစင်၏ နှုတ်ဆိတ်မှုကြောင့် ပုဖန်အနည်းငယ် စိတ်အေးကာ သက်ပြင်းချလိုက်သည်။


ထိုအမျိုးသမီး ရင်ထဲခံစားသွားရမည်ကို သူသိသည်။


ထိုဟင်းလျာသုံးခု၏ ချက်ပြုတ်ရန်အညွှန်းများကို မြင်လိုက်ချိန်၌ ၎င်းတို့က ရောဂါလုံးစုံပျောက်ကင်းအစားအစာကို ဖော်ညွှန်းကြောင်းသိလိုက်သည်။ သို့ရာတွင် အင်မော်တယ်ဆေးဖက်ဝင်အစားအစာက ရောဂါလုံးစုံပျောက်ကင်းအစားအစာ ထက်ပို၍ အဆင့်မြင့်သည်။


လှည့်ပတ်နေသောစွမ်းအင်များက အလွန်အမင်းတောက်ပနေကာ မသေမျိုးဆေးပင်များနှင့် ပါဝင်ပစ္စည်းများ၏ ဆေးစွမ်းသက်ရောက်မှုကို အပြည့်အဝ ပြသနေသကဲ့သို့ပင်။


၎င်းက အလွန်ပြီးပြည့်စုံပြီး ချို့ယွင်းချက်မရှိပေ။ သို့ရာတွင် ၎င်းကအလွန်ပြီးပြည့်စုံနေသောကြောင့် အင်မော်တယ်ဆေးဖက်ဝင်အစားအစာ၏ အကျိုးသက်ရောက်မှုများကို ဆုံးရှုံးစေပြီး အဆိပ်ပြင်းတစ်မျိုး ဖြစ်လာနိုင်သည်။


ပုဖတ် အစောပိုင်းက အကြိမ်ပေါင်းမရေတွက်နိုင်စွာ ကြိုးစားပြီးသည့်နောက် ဤပြောင်းလဲမှုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ စစ်ဆေးမှုများစွာနှင့် တိုးတက်မှုများကို ဖြတ်သန်းခဲ့ရသော သူ၏စွမ်းရည်ကြောင့် ဖြစ်သည်။


အကယ်၍ ဤသို့အဖြစ်အပျက်ယခင်ကသာဖြစ်ပျက်ခဲ့ပါက ပြောင်းလဲမှုများ လုပ်ဆောင်ရန် ယုံကြည်ချက်ရှိမည်မဟုတ်ပေ။


ထို့ပြင် ဆောင်းမနက်ခင်းကို စနစ်၏ညွှန်ကြားချက်များအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


ဆောင်းမနက်ခင်းက ထိုဟင်းလျာသုံးမျိုးအတွက် အကောင်းဆုံးတွဲဖက်မှုမဟုတ်သော်လည်း အနည်းဆုံး ထိုဟင်းလျာသုံးမျိုးတည်းကို စားခြင်းထက်ပို၍ကောင်းမွန်သည်။


" ဒါဆိုရင်တော့ ငါမြည်းကြည့်ပါ့မယ် ... မင်း ငါ့ကိုမလိမ်ဘူးလို့ မျှော်လင့်ပါတယ် ... မင်းလိမ်ပြောတယ်ဆိုရင်တော့ ဒီမြို့ထဲကနေ အသက်ရှင်လျက် ထွက်သွားရမယ်မထင်နဲ့ ..."

မြင့်မြတ်အပျိုစင်က အေးစက်စွာပြောလိုက်သည်။


ထို့နောက် သူမခန္ဓာကိုယ်ကိုလှည့်ကာ ပုဖန်၏ဘေးမှထွက်သွားသည်။


မြင့်မြတ်အပျိုစင်က ရွှေရောင်စားပွဲဝိုင်းရှေ့သို့ လျှောက်သွားကာ အားလုံး၏ အကြည့်များကို ဆွဲဆောင်နေသည်။


ယခုအချိန်၌ သူမက အလွန်ကြောက်မက်ဖွယ်ကောင်းနေသဖြင့် ကြောက်ရွံ့စိတ်ဖြင့် သူမကို ကြည့်နေကြသည်။


နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ တုနှိုင်းမဲ့တည်ရှိမှုတစ်ခုနှင့် ဆက်သွယ်နိုင်သော မြင့်မြတ်အပျိုစင်မှာ အမြဲတမ်းကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းနေသည်။


မှော်အခင်းအကျင်းက ဆက်လက်လှည့်ပတ်နေသည်။


မြင့်မြတ်အပျိုစင်က သူမလက်ဖဝါးနှစ်ဖက်ဖြင့် အစီအရင်များ အတင်မပြတ်ဆွဲနေသည်။


သူမ၏ လက်ချောင်းသွယ်သွယ်များက အဆက်မပြတ်ပြောင်းလဲနေသည်။ မကြာမီ လျှို့ဝှက်ဆန်းကြယ်သော အတက်အကျများက လက်ချောင်းများထံမှ ပျံ့နှံ့လာသည်။


သူမထံက ကြယ်ပျံအလင်းတန်းတစ်ခု ဖြာထွက်လာပြီးမှော်အခင်းအကျင်းပေါ်သို့ ကျရောက်သွားသည်။ မှော်အခင်းအကျင်းက လည်ပတ်နေစဉ်တွင် လျှို့ဝှက်ဆန်းကြယ်သည့်အတက်အကျများကိုဖြန့်ဝေနေကာ အင်မော်တယ်ဆေးဖက်ဝင်အစားအစာများကို ဖုံးလွှမ်းထားသည်။ 


မကြာမီ ဟင်းလျားလေးမျိုး မှုန်ဝါးဝါးဖြစ်သွားပြီး ရွှေရောင်စားပွဲဝိုင်းကြီး‌ပေါ်မှ ပျောက်ကွယ်သွားသည်။ 


ဂလောင် ...


ဂလောင်ခနဲအသံနှင့်အတူ မြင့်မြတ်အပျိုစင်၏လက်ထဲရွှေရောင်တောင်ဝှေးကြီး ပြုတ်ကျသွားသည်။


အင်ပါယာခန်းမဆောင်ပေါ်မှ ကြောက်မက်ဖွယ်ဖိအားများ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် လူအားလုံး၏နှလုံးသားအပေါ် ဖုံးလွှမ်းထားသည့် အရိပ်ကြီး ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။


အားလုံး အပြင်းအထန် အသက်ရှုနေကြရသည်။ ဖိအားကနေရာတိုင်းတွင်ရှိနေသောကြောင့် အားလုံးက အသက်ရှုရန်အတွက် ရုန်းကန်နေရသည်။


အဲ့ဒီ တုနှိုင်းမဲ့တည်ရှိမှုကြီး ထွက်သွားပြီလား ...


မြင့်မြတ်အပျိုစင်က တောင်ဝှေးကိုကိုင်ပြီး စိတ်အေးစွာဖြင့် သင်ပြင်းချလိုက်သည်။ သူမနဖူးပြင်တွင် ချွေးများထွက်နေသည်။


ခေါင်းမော့၍ ပုဖန်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။


သူမက ပူးကပ်ခံလိုက်ရခြင်းဖြစ်သော်လည်း အရာအားလုံးကို မြင်လိုက်ရသည်။ သို့ရာတွင် ဘေးမှရပ်နေသူတစ်ဦး၏ ရှု့ထောင်မှသာ မြင်ရခြင်းဖြစ်သည်။


ဒီယောကျာ်း ...


သူ၏သတ္တိနှင့် စိတ်ဝိညာဉ်က သူမကို အနည်းငယ်ထိတ်လန့်သွားစေသည်။


နတ်ဘုရားပျောက်ကွယ်တောင်တန်း၏ ထိုတည်ရှိမှုရှေ့တွင် တည်ငြိမ်နေနိုင်ခြင်းက ကျိန်းသေပေါက် သာမန်မဟုတ်ပေ။အတိတ်က ငရဲဘုရင်ထျန်စန်းနှင့် သူ့ကိုပင် နှိုင်းယှဉ်နိုင်သည်။


သို့ရာတွင် ...


ယဇ်ပူဇော်ဟင်းလျာများကို သူ၏တစ်ဦးတည်းဆုံးဖြတ်မှုဖြင့် ပြောင်းလဲလိုက်ခြင်းက ရာဇဝတ်မှုဖြစ်သည်။


ယဇ်ပူဇော်ဟင်းလျာများ တည်ခင်းခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း စားဖိုမှူးမြောက်များစွာက ပြောင်းလဲရန်ကြိုးစားခဲ့သာ်လည်း အကျိုးသက်ရောက်သည့် ကြိုးစားမှုများမဖြစ်ခဲ့သဖြင့် တော်ဝင်စားသောက်ပွဲတွင် အကြိမ်မရေမတွက်နိုင်အောင် သွေးစွန်းခဲ့ရသည်။


သူ့ရဲ့ပြောင်းလဲမှုတွေက အဲ့ဒီတုနှိုင်းမဲ့တည်ရှိမှုရဲ့ အသိအမှတ်ပြုမှုကိုရမယ်လို့ ဘာကြောင့်ယုံကြည်ချက်ရှိနေတာလဲ ...


မြင့်မြတ်အပျိုစင်က စကားတစ်ခွန်းမျှမပြောပေ။ ဤယောကျာ်း၏ကံကြမ္မာကို မကြာမီသိနိုင်တော့မည်ဖြစ်၍ သူမနေရာတွင်သာ တိတ်ဆိတ်စွာစောင့်နေသည်။


အကယ်၍ ထိုယောကျာ်းက လိမ်ညာချဲ့ကားခဲ့ပါက ထိုနေရာတွင်ပင် အသတ်ခံရမည်ဖြစ်သည်။


အဝေးတွင် ...


ဧကရီပိလော့က မျက်လုံးများမှေးစင်းကာ စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


ဒီစားဖိုမှူးလေးက အဲ့လောက် ယုံကြည်မှုရှိတယ်ပေါ့ ...


နှစ်တစ်ထောင်ကျော်အတွင်း ချက်ပြုတ်နည်းတွေကို ဘယ်သူကမှ အောင်အောင်မြင်မြင် မပြောင်းလဲခဲ့ဖူးဘူး .... ဒါပေမဲ့ ဒီစားဖိုမှူးလေးကတော့ ရက်အနည်းငယ်အတွင်း လုပ်ခဲ့တယ်ပေါ့ ... ပြီးတော့ ဟင်းပွဲတစ်ပွဲပါ ထပ်ထည့်လိုက်သေးတယ် ...


တကယ်လို့ ပုဖန်ရဲ့ ပြောင်းလဲမှုက အောင်မြင်ခဲ့မယ်ဆိုရင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုဝင်ဖို့ အခွင့်အရေးရသွားပြီပေါ့ ...


ဧကရီပိလော့ ရွှင်မြူးစွာ ပြုံးပြလိုက်သည်။


ယခုအချိန်တွင် အားလုံး၏နှလုံးသားထဲ၌ စိတ်ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ ပုဖန်ကို ကြည့်နေသည့် အကြည့်များကလည်း ရှုပ်ထွေးနေသည်။


သို့ရာတွင် မည်သူမျှ ပုဖန်ကို အကောင်းမတွေးပေးပေ။


အရေးကြီးဆုံးကတော့ နှစ်ပေါင်းတစ်ထောင်အတွက်း ဘယ်သူမှမပြောင်းလဲနိုင်ချဲ့တာကို ဒီအမျိုးသားစားဖိုမှူးက ရက်အနည်းငယ်အတွင်း ပြောင်းလဲလိုက်မှာလား ဆိုတာပဲ ...


အားလုံးက သူ့ကိုမနှစ်သက်ကြသော်လည်း အံ့ဩဖွယ်ရာဟု ထင်ကြသည်။


ထိုအချိန်တွင် ကျင်းယွမ်က အသိစိတ်ပြန်ဝင်လာသည်။ သူမဘေးတွင် ရပ်နေသည့် ပုဖန်ကိုကြည့်၍ သူမမျက်လုံးများ ချက်ချင်းနီရဲလာသည်။


နှုတ်ခမ်းများကို ခပ်တင်းတင်းဖိကပ်ထားကာ ငိုချင်လာသည်။


သူမ အလွန်တုံးအခဲ့မိသည်။ သို့သော် ယခုချိန်၌ အားလုံးကို နားလည်သွားပြီဖြစ်သည်။မြင့်မြတ်အပျိုစင်၏ ဒေါသကိုရင်ဆိုင်လိုက်ရသောအခါမှ သူမဆုံးဖြတ်ချက်က မိုက်မဲကြောင်းသိလိုက်ရသည်။


" ခေါင်းဆောင်စားဖိုမှူးပု ..."

ကျင်းယွမ်က အထစ်ထစ် အငေါ့ငေါ့ဖြင့်ပြောလိုက်သည်။ သူမ၏ သေးငယ်သောမျက်နှာက ဖြူဖွေးနေကာ သွေးတစ်စက်မျှ မရှိတော့ပေ။


သို့ရာတွင် ပုဖန်က ပြန်မဖြေသောကြောင့် သူမ၏မျက်နှာက ပို၍ ဖြူဖျော့လာသည်။


" ကျွန်မ ..."


သူမပါးစပ်ဟ၍ တစ်စုံတစ်ခုပြောလိုသော်လည်း ပုဖန်၏ တည်ကြည်သောအသံက သူမကို ဖြတ်ပြောလိုက်သည်။


" အဆင်ပြေပါတယ် ... ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့ ... ဒီတစ်ခါက ထားလိုက်တော့ နောက်ထပ်မဖြစ်စေနဲ့ ..."


ကျင်းယွမ် " ဟုတ် " ဟုပြန်ဖြေလိုက်ကာ မျက်ရည်များဝဲလာသည်။


" အင်ပါယာနန်းတော် မီးဖိုချောင်ကိုသွားပြီး ကျန်တဲ့ဟင်းလျာ ၁၂မျိုးကိုယူခဲ့ ... အခုက သူတို့ကို တည်ခင်းရမယ့်အချိန်ပဲ ... ပြီးတော့ ပြငဆင်ထားတဲ့ဝိုင်ပါ ယူခဲ့ ..."

ပုဖန် ပြောလိုက်သည်။


ကျင်းယွမ် အေးခဲသွားသည်။ သူမငို‌နေသော်လည်း မတ်တပ်ရပ်ကာ ခေါင်းငြိမ့်လိုက်သည်။ ပုဖန်ကို ဦးညွှတ်လိုက်ပြီး မီးဖိုချောင်ဘက် ပြေးသွားသည်။


အစေခံမလေးသုံးယောက်သည်လည်း အလွန်ကြောက်ရွံ့နေသဖြင့် အလျင်အမြန်ထွက်သွကြသည်။


အင်ပါယာခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ အကြည့်ပေါင်းစုံက ပုဖန်ဆီသို့ ရောက်လာသည်။


အမျိုးသမီးများ၏ သဘာဝအရ အတင်းအဖျင်းများ ပြောကြပြန်သည်။ ခေါင်းများလှည့်ကာ အဆက်မပြတ် ဝေဖန်ပြောဆိုနေကြသည်။


ဧကရီပိလော့က ရိုတ်ချည်းမတ်တပ်ရပ်လိုက်သည့်အခါ ခန်းမဆောင်တစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။


မြင့်မြတ်သူတော်စင်က သူမကိုယ်ကို တောင်ဝှေးဖြင့် ထူ၍ထလိုက်ပြီး သူမ၏ပုံရိပ်ကို ဦးညွတ်လိုက်သည်။


စွမ်းအားကြီးသောတည်ရှိမှု၏ ပူးကပ်ခံလိုက်ရခြင်းက သေးငယ်သောကိစ္စမဟုတ်သည်မှာ သိသာလှပေသည်။ 


ဧကရီဘုရင်မကြီးက သူမနောက်မှ အစေခံများကို တစ်ချက်ကြည့်လိုက်သည်။


အစေခံနှစ်ယောက်က သူမဆိုလိုသည်ကို သဘောပေါက်သွားသည်။ ရွှေရောင်ထိုင်ခုံတစ်ခုကိုယူလာပြီး မြင့်မြတ်အပျိုစင်၏ရှေ့တွင် နေရာချပေးလိုက်သည်။


မြင့်မြတ်အပျိုစင်က အနည်းငယ်ပြုံးပြီး ဧကရီပိလော့ကို အရိုအသေပြုလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မ ..."


ပြောပြီးသည့်နောက် ထိုင်လိုက်သည်။ သူမ၏တောင်ဝှေးကို အစေခံမလေးများက ကိုင်ထားသည်။ ဒူးပေါ်တွင် လက်တင်လျက် ပုဖန်ကိုတည်ကြည်စွာ စိုက်ကြည့်နေသည်။


ခဏအကြာတွင် ကျင်းယွမ်က ဖြည်းဖြည်းချင်းရောက်လာသည်။ သူမလက်ထဲတွင် ဖြူပြာရောင် ဝိုင်ပုလင်းတစ်လုံးကို သယ်လာသည်။ 


ပုဖန်ကို ဝိုင်ပုလင်းပေးလိုက်ပြီး လက်ခုပ်တီးလိုက်သည်။


ထိုအခါ အနောက်ဘက်တွင် ငွေရောင်အဖုံးဖြင့် ဖြူပြာရောင်ကြွေပန်းကန်ကို ကိုင်ဆောင်ထားသည့် အစေခံဆယ့်နှစ်ယောက်စုဝေးလာသည်။


ပုဖန် ဝိုင်ပုလင်းကိုယူကာ ခြေတစ်လှမ်းတိုးလိုက်သည်။ သူလှုပ်ရှားလိုက်တိုင်း ခန်းမဆောင်တစ်ခုလုံး၏အကြည့်က သူနှင့်အတူ လှုပ်ရှားသွားသည်။


ရွှေရောင်စားပွဲဝိုင်းကြီးရှေ့သို့ လျှောက်လာကာ အဖုံးကိုဖွင့်လိုက်သည်။ ထို့နောက် ဖြူပြာရောင်ကြွေခွက်နှစ်လုံးကိုထုတ်ယူလိုက်သည်။


ဝိုင်ရနံ့ပြင်းပြင်းက ပုလင်းထဲမှထွက်လာကာ ခန်းမဆောင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ၎င်းက အားလုံး၏မျက်လုံးများကို အရောင်လက်သွားစေသည်။


ဒီဝိုင်က တော်တော်မွှေးတာပဲ ...


၎င်းက တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ဖြစ်သည်။


၎င်းက ဤတစ်ကြိမ်တော်ဝင်စားသောက်ပွဲ၏ အံအားသင့်ဖွယ်ဖြစ်သည်။ ထိုဝိုင်က ပုဖန်၏ရတနာဖြစ်သောကြောင့် သူ့ထံတွင်လည်း မြောက်များစွာမရှိပေ။


ဤဝိုင်ပုလင်း အသေးသည်ပင် သူ၏သိမ်းဆည်းထားမှုများထဲမှ တစ်ဝက်ဖြစ်သည်။


ဝိုင်ကို ခွက်နှစ်ခွက်ထဲထည့်လိုက်ပြီးနောက် ခွက်များကိုကိုင်ကာ မြင့်မြတ်အပျိုစင်၏ဘေးကို သွားလိုက်သည်။


သူမဆီသို့ ဝိုင်ခွက်ကိုကမ်းလိုက်သည့်အခါ မြင့်မြတ်အပျိုစင်၏ အေးစက်စက်မျက်နှာက လှည့်ကြည့်လာသည်။ သူမ၏ လှပသောမျက်ခုံးများကို တွန့်ချိုးကာ ပုဖန်ကို သံသယမကင်းစွာ ကြည့်လိုက်သည်။

" ဒါက ဘာအဓိပ္ပါယ်လဲ ..."


ဘေးမှလူများလည်း နားမလည်ကြပေ။


" ဝိုင်နည်းနည်းသောက်ပြီး စိတ်အေးအေးထားလိုက်ပါ ..."

ပုဖန်ပြောလိုက်သည်။


မြင့်မြတ်အပျိုစင်က အေးခဲသွားသည်။ သို့သော် လက်ဆန့်ထုတ်ပြီး ဝိုင်ခွက်ကိုယူလိုက်သည်။ ခေါင်းမော့၍ ကြွေခွက်ထဲမှ ကြည်လင်နေသည့်အရည်ကို ခေါင်းငုံ့ကြည့်လိုက်သည်။


မြင့်မြတ်အပျိုစင်က ဤအခိုက်အတန့်တွင် အနည်းငယ်မှင်သက်နေသကဲ့သို့ပင်။


ပုဖန်က သူမကိုဂရုမစိုက်ပဲ သူ၏ခွက်ထဲမှဝိုင်ကို တစ်ကျိုက်တည်းသောက်လိုက်သည်။ 


သူ၏အစာအိမ်ထဲ ဝိုင်ဝင်ရောက်သွားသည်နှင့် ပွက်ပွက်ဆူနေသောအပူများက လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲရောက်သွားကာ အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။


" ကောင်းသားပဲ ..."

ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။


နတ်ဘုရားပျောက်ကွယ်တောင်တန်း၏ တုနှိုင်းမဲ့တည်ရှ်ိမှုထံမှ ရခဲ့သည့် အအေးဓာတ်ကပျောက်ကွယ်သွားသည်။ ဝိုင်တစ်ခွက်သောက်လိုက်ခြင်းက စိတ်ဖိစီးမှုများကို လျော့ကျစေသည်မှာ အမှန်ပင်။ 


အဝေးတွင် ...


ဧကရီပိလော့လည်း သူမကိုယ်တိုင်ဝိုင်တစ်ခွက်ငှဲ့ပြီး သောက်လိုက်သည်။


ဝိုင်က အစာအိမ်ထဲဝင်ရောက်သွားသည်နှင့် သူမ၏အနီရောင်နှုတ်ခမ်းများက ပို၍ဖောင်းလာသကဲ့သို့ပင်။ သူမ၏ ဖြူဖျော့နေသောမျက်နှာတွင် အနီလှိုင်းတစ်ခု ပေါ်လာသည်။


ဧကရီ၏မျက်လုံးများ ချက်ချင်းပင်အရောင်လက်လာသည်။

" ဝိုင်ကောင်းပဲ ..."


မြင့်မြတ်အပျိုစင်လည်း စိတ်နှင့်လူပြန်ကပ်သွားပြီး သူမမျက်နှာတွင် အေးစက်မှုများက ပြန်လည်နေရာယူထားသည်။


ပုဖန်ကိုကြည့်လိုက်ပြီး ဝိုင်ခွက်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားကာ အခြားတစ်ဖက်က ဝတ်ရုံလက်ကိုကိုင်ထားပြီး တစ်ငုံသောက်လိုက်သည်။


သို့ရာတွင် ဝိုင်ခွက်က သူမနှုတ်ခမ်းကိုထိပြီး ဝိုင်များလည်ချောင်းထဲ စီးဝင်သွားချိန်၌ ...


ကြောက်မက်ဖွယ်အော်ရာများက အင်ပါယာခန်းမဆောင်ထဲ တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။


ဖူး ...


ဝိုင်တစ်ငုံစာကို သောက်လိုက်သည့် မြင့်မြတ်အပျိုစင်က သူမပါးစပ်ထဲက ဝိုင်များကို ချက်ချင်းထွေးထုတ်လိုက်သည်။


သူမဝိုင်ခွက်ကိုချလိုက်ပြီး မတ်တပ်ရပ်၍ ထိုဖိအားများထွက်ပေါ်လာသည့်နေရာကို ရိုသေစွာဦးညွှတ်လိုက်သည်။ သူမ၏လက်နှစ်ဖက်ကို နဖူးတွင်ထားထားသည်။


‌ပုံရိပ်ရောင်ဟင်းလင်းပြင် တွန့်ချိုးသွားပြီး ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။


ခဏအကြာတွင် ...


ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကို တစ်ကြိမ်ထပ်မံခံစားလိုက်ရသောကြောင့် သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


ကြည့်ရာတာ စိတ်သက်သာရာရဖို့ နောက်ထပ်ဝိုင်တစ်ခွက် လိုဦးမယ်ထင်တယ် ...


ယခုအချိန်တွင် အင်ပါယာခန်းမဆောင်ထဲမှလူအားလုံး ရင်တမမဖြစ်နေသည်။ ဧရာမလက်ကြီးက သူတို့၏နှလုံးသားကို ထပ်မံဖိညှစ်ထားပြန်သည်။


အဲ့ဒါကြီး ပေါ်လာပြန်ပြီ ...


နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ တုနှိုင်းမဲ့တည်ရှိမှုက တစ်ကြိမ်ထပ်ရောက်လာပြီ ...


ဒီတစ််ကြိမ်လာတာ အဲ့ယောက်ျားနဲ့ ကိစ္စတွေရှင်းဖို့ထင်တယ် ...


နှစ်ပေါင်းတစ်ထောင်အတွင်း ယဇ်ပူဇော်ဟင်းလျာတွေက်ို ပြောင်းလဲခဲ့တဲ့လူတိုင်း အသတ်ခံခဲ့ရတာပဲ ... ဘယ်သူ့ကိုမှ အသက်ချမ်းသာမပေးခဲ့ဘူး ...


ဒီအမျိုးသားစားဖိုမှူလည်း အသတ်ခံရတော့မှာပဲ ...


ဘုန်း ...


ရွှေရောင်ခုံ‌တွင်ထိုင်နေသည့် မြင့်မြတ်အပျိုစင်က သူမခေါင်းကို စောင်းငဲ့လိုက်သည်။


သူမအမြင်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။


ကြောက်မက်ဖွယ်ဖိအားက ရုတ်ချည်းလျော့ပါးသွားသည်။


သူမမျက်လုံးများက ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်နေကာ ရေခဲတမျှအေးစက်သည့်အသံက ခန်းမဆောင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။


" မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း ... မင်းမှာ ဘာလို့ အင်မော်တယ်ဆေးဖက်ဝင်အစားအစာရဲ့ ချက်ပြုတ်နည်း အပြည့်အစုံရှိနေရတာလဲ ..."


သူမ၏စကားသံ ထွက်ပေါ်လာချိန်၌ အားလုံးထိတ်လန့်သွားသည်။