အပိုင်း ၁၁၄၃
Viewers 52k

အခန်း ၁၁၄၃

နည်းနည်းလောက်ဆိုးသွမ်းကြည့်ဖို့ စိတ်ဝင်စားစရာကောင်းသားပဲ 


တုနှိုင်းမဲ့တည်ရှိမှုက ပြန်ရောက်လာပြီ ...


မြင့်မြတ်အပျိုစင်ထံမှ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ တစ်ကြိမ်ထပ်မံထုတ်လွှတ်နေသည့်အတွက် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ထိုတည်ရှိမှုသည် အမျိုးသားစားဖိုမှူးနှင့် ကိစ္စများကို ရှင်းလင်းရန် ရောက်လာခဲ့သည်ဟု ပရိသတ်များက ခန့်မှန်းနေကြသည်။


ဒီယောကျာ်းက အရမ်းရဲတင်းတာပဲ ...


ယဇ်ပူဇော်ဟင်းလျာများ၏ ချက်ပြုတ်နည်းများကို ပြောင်းပစ်သည့်အပြင် ဟင်းပွဲအသစ်တစ်ခုကိုပါ ကိုယ့်သဘောနှင့်ကိုယ် ထပ်ထည့်ခဲ့သည်။ ထိုသို့လုပ်ဆောင်မှုကြောင့် မြင့်မြတ်အပျိုစင်က သူ့ကို လက်ဝါးတစ်ချက်ဖြင့် သတ်ပစ်နိုင်သည်။ အသက်ရှည်ရှည်နေလာရသူတစ်ဦးအနေဖြင့် ဤအမျိုးသားစားဖိုမှူးက အံဩဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။


အင်ပါယာခန်းမဆောင်မှ စားသောက်နေသူများ၏ အမြင်အရ ထိုတုမးနှိုင်းမဲ့တည်ရှိမှုက ယဇ်ပူဇော်ဟင်းလျာများကို ယူဆောင်သွား၍ မြည်းစမ်းပြီးနောက်မှ သူနှင့်စာရင်းရှင်းရန် ရောက်လာခြင်းဖြစ်သည်။


အားလုံးအသက်ရှုရပ်တန့်နေကြသည်။


မူလက ရိုသေစွာဦးညွှတ်နေသော မြင့်မြတ်အပျိုစင်က ဖြည်းညှင်းစွာခေါင်းမော့လိုက်သည်ကို မှင်သက်စွာ ကြည့်ရှု့နေကြသည်။


မြင့်မြတ်အပျိုစင်၏ စွမ်းအင်များက ထိတ်လန့်ခြောက်ခြားစရာ ကောင်းလာပြီး လေဟာနယ်ကိုပင် တွန့်ချိုးသွားစေသည်။


" မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း ... အင်မော်တယ်ဆေးဖက်ဝင်အစားအစာရဲ့ ချက်ပြုတ်နည်းအပြည့်အစုံက မင်းမှာဘာလို့ရှိနေရတာလဲ ..."

မြင့်မြတ်အပျိုစင်က ချိုးနှိမ်သောအမူအရာဖြင့် ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


သူမလက်များကို ဆန့်ထုတ်လိုက်ချိန်တွင်လေထုတစ်ခုလုံး အေးခဲသွားတော့သည်။ အားလုံးက တုနှိုင်းမဲ့တည်ရှိမှု၏ ပူးကပ်ခြင်းခံထား‌ရသော မြင့်မြတ်အပျိုစင်က ထိုမေးခွန်းမျိုး ဘာကြောင့်မေးသည်ကို နားမလည်ခဲ့ပေ။


ထိုစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်က ရန်စနေသည်ဟု ထင်ရသည်။


အင်မော်တယ်ဆေးဖက်ဝင်အစားအစာရဲ့ ချက်ပြုတ်နည်းအပြည့်အစုံတဲ့လား ...


အဲ့ဒါက ...


လူအများစု လေအေးကို ရှုရှိုက်လိုက်ရသည်။ မြင့်မြတ်အပျိုစင်၏ ဆိုလိုရင်းကို သူတို့အားလုံး သဘောပေါက်သွားပြီဖြစ်သည်။


ယခင်ယဇ်ပူဇော်ဟင်းလျာများက အပြစ်အနာအဆာများ ရှိခဲ့သော်လည်း ဤလူက ချက်ပြုတ်နည်းများကို ပြုပြင်မွမ်းမံပြီး ဟင်းလျာတစ်ပွဲထပ်ထည့်လိုက်သောကြောင့် ပြီးပြည့်စုံသွားခဲ့သည်။


ဆိုလိုတာကတော့ ဒီယောကျာ်းပြောင်းလဲခဲ့တဲ့ ယဇ်ပူဇော်ဟင်းလျာတွေက မှန်ကန်သွားတာပဲ ...


အားလုံးနားလည်သွားကြသည့်အခါ ဆူဆူညံညံဖြစ်သွားသည်။


ဒီယောကျာ်း မသေတော့ဘူးပေါ့ ...


ဧကရီပိလော့သည်ပင် ယခုအချိန်၌ အနည်းငယ်ထိတ်လန့်သွားသောကြောင့် မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏အနီရောင်နှုတ်ခမ်းများကို ဖွင့်ဟထားပြီး မှင်သက်နေမိသည်။


ချီစစ်နှင့် အခြားလူများလည်း မယုံကြည်နိုင်ဖြစ်နေသည်။


ဒီအမျိုးသားစားဖိုမှူးရဲ့ ပြုပြင်မွမ်းမံထားတဲ့ဟင်းလျာတွေက မှန်သွားတာလား ...


မြင့်မြတ်အပျိုစင်၏ အေးစက်သောအကြည့်က ပုဖန်အပေါ် ကျရောက်လာသည်။


" ကျုပ်က ဘယ်သူလဲတဲ့လား ..."


ပုဖန် အေးခဲသည်။

ဘာလို့ ဒီမိန်းမက အဲ့မေးခွန်းမေးတာပါလိမ့် ...


ထို့နောက် သူသဘောပေါက်သွားသည်။ ယဇ်ပူဇော်ဟင်းလျာများကို စီစဉ်ပေးသူနှင့် ဆက်နွယ်မှုတစ်စုံတစ်ရာရှိနေသည်ဟု ထိုအမျိုးသမီးက တွေးနေသည့်ပုံပင်။


ချက်ပြုတ်နည်းအညွှန်းများကို ပြောင်းလဲရခြင်းက အမှန်ပင် ခက်ခဲလှသည်။ ယခုဟင်းလျာများကလည်း ဆောင်းမနက်ခင်းဟူသာ့် ဟင်းလျာတစ်မျိုးထပ်ဖြည့်ခဲ့သော်လည်း အကောင်းဆုံးအနေအထား မဟုတ်သေးသည်ကို ဝန်ခံရလိမ့်မည်။ 


ဆောင်းမနက်ခင်းကို ထပ်မံဖြည့်စွက်လိုက်ခြင်းက ပြီးပြည့်စုံသွားခဲ့သော်လည်း ၎င်း၏ချို့ယွင်းချက်များက များပြားလှသည်။ ထို့အပြင် ယဇ်ပူဇော်ဟင်းလျာများကို အကောင်းဆုံးပေါင်းစပ်ထားခြင်းလည်း မဟုတ်သေးပေ။


အခြားဟင်းလျာသုံးမျိုးဖြင့် ၎င်းကိုပေါင်းစည်း၍ အင်မော်တယ်ဆေးဖက်ဝင်အစားအစာ ဖြစ်သွားခဲ့သော်လည်း စွမ်းအားက အကောင်းဆုံးမဟုတ်နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ချက်ပြုတ်စွမ်းရည်၏ ကန့်သတ်ချက်ကြောင့်ဖြစ်မည်မှာ သဘာဝပင်။


အသက်ပြင်းပြင်းရှုပြီးသည့်နောက် ပုဖန်၏မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ မြင့်မြတ်အပျိုစင်ကိုကြည့်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။

" ကျုပ်က လေနဲ့အတူလွင့်မျောနေတဲ့ စားဖိုမှူးတစ်ယောက်ပါပဲ ..."


မြင့်မြတ်အပျိုစင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။


အခြေအတင်ဆွေးနွေးနေကြသည့် လူအုပ်ကြီးလည်း ခဏတာတိတ်ဆိတ်သွားပြီး အသံတစ်သံမှ မထွက်ရဲပေ။


မြင့်မြတ်အပျိုစင်က ပုဖန်ကို စိုက်ကြည့်နေသည်။


ကြာမြှင့်စွာ စိုက်ကြည့်နေသည်အတွက် ပုဖန်၏ ဆံပင်များပင် ထောင်လာသည်ဟု တွေးလိုက်မိသည်။


ထို့နောက် မြင့်မြတ်အပျိုစင်က ရုတ်တရက်ပြုံးသည်။ ထိုအပြုးက အလွန်အမင်းလှပသောကြောင့် တစ်ကမ္ဘာလုံးကိုပင် ထိတ်လန့်သွားစေသည်။


" အရမ်းကောင်းတယ် ... သာမန်စားဖိုမှူးတစ်ယောက်ပဲပေါ့ ..."


မြင့်မြတ်အပျိုစင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။ ခဏအကြာတွင် သူမဆံပင်များလေထဲတဖျပ်ဖျပ်လွင့်လာပြီး ပုဖန်ကိုကြည့်ကာ ပြောလိုက်သည်။ 

" မင်းချက်တဲ့ ယဇ်ပူဇော်ဟင်းလျာတွေက နည်းနည်း အကျိုးသက်ရောက်မှုရှိတယ် ... မင်းကို ငါ အကြွေးတင်သွားပြီလို့ မှတ်ထားလိုက် ..."


ရုတ်တရက် မြင့်မြတ်အပျို၏င်၏မျက်လုံးမှ တောက်ပသောရောင်ခြည်များဖြာထွက်လာသည်။


ကြောက်မက်ဖွယ်စွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။


မပျောက်ကွယ်သွားမီ မျက်လုံးတစ်စုံက သူ့ကို ပုံရိပ်ဟင်းလင်းပြင်ထဲမှ စိုက်ကြည့်သွားသည်ကို ပုဖန်ခံစားလိုက်ရသည်။


ဘုန်း ...


မနက်ခင်းခေါင်းလောင်းသံကဲ့သို့ အသံထွက်ပေါ်ခာပြီးနောက် မြင့်မြတ်အပျိုစင်၏ပုံရိပ်က မြေပြင်ပေါ်လဲကျသွားသည်။


ထိုအခါမှ အားလုံးသဘောပေါက်သွားသည်။


တုနှိုင်းမဲ့တည်ရှိမှုတစ်ခုက သူ့ကိုအကြွေးတင်သွားတယ်ပေါ့ ...


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။


နတ်ဘုရားပျောက်ကွယ်တောင်တန်းက အဲ့ဒီတည်ရှိမှုက နည်းနည်း စိတ်ဝင်စားစရာကောင်းသားပဲ ... ဒီစကားတစ်ခွန်းပြောဖို့ ထွက်လာတယ်ပေါ့ ...


နည်းနည်းလောက်ဆိုးသွမ်းကြည့်ဖို့ စိတ်ဝင်စားစရာကောင်းသားပဲ ...


ကြည့်ရတာ အင်မော်တယ်ဆေးဖက်ဝင်အစားအစာက တော်တော်အကျိုးသက်ရောက်သွားပုံပဲ ...


အင်မော်တယ်ဆေးဖက်ဝင်အစားအစာကို ပုဖန် အလွန်စူးစမ်းချင်နေသည်။ ထိုဟင်းလျာလေးမျိုးကို စုပေါင်းထားလိုက်သည့်အခါ သေသပ်သောအဓိပ္ပါယ်လှိုင်းတစ်ခု ရှိနေသကဲ့သို့ပင်။


နွေဦး နွေ ဆောင်းဦး ဆောင်း ... တို့က ရာသီဥတုများ၏ အဓိပ္ပါယ်များလွှမ်းခြုံထားသကဲ့သို့ နာကြင်မှုနှင့် ဝမ်းနည်းမှုတို့ ပါဝင်နေသည်။


ပုဖန် ရင်ထဲတွင် အနည်းငယ်အံ့ဩသွားရသည်။ ဖမ်းဆုပ်၍မရနိုင်သော ခံစားချက်အချို့ကို အဆက်မပြတ် ခံစားနေရသည်။


သူနားမလည်သောကြောင့် ကြာကြာတွေးမနေတော့ပေ။ သူက အေးအေးလူလူနေတတ်သည့်လူတစ်ယောက်သာဖြစ်သည်။


ကြမ်းပြင်ပေါ်တွင် အားနည်းစွာလဲကျနေသည့် မြင့်မြတ်အပျိုစင်ကိုကြည့်ပြီးနောက် ရွှေရောင်စားပွဲဝိုင်းကြီးဘက်လှည့်လာပြီး ဝိုင်နှစ်ခွက်ကို ငှဲ့လိုက်ပြန်သည်။


အင်ပါယာခန်းမဆောင်ကြီးအတွင်းတွင် ပုဖန်၏ခြေသံများကိုသာ ကြားနေရသည်။


ဝိုင်ငှဲ့နေသည့်အသံများက နားထဲတွင် တေးသံတစ်ခုကဲ့သို့ပင်။


ပုဖန် ဝိုင်နှစ်ခွက်ကိုကိုင်၍ မြင့်မြတ်အပျိုစင်၏ဘေးသို့ ရောက်လာကာ သူမကို ဝိုင်ခွက်တစ်ခွက်ပေးလိုက်သည်။

" အားနည်းမှုတွေကို ဖြေလျှော့ဖို့ ဝိုင်နောက်တစ်ခွက်သောက်လိုက်ပါ ..."


မြင့်မြတ်အပျိုစင်က သူ့ကိုတစ်ချက်သာကြည့်လိုက်ပြီး သူမမျက်နှာတွင် အနည်းငယ်အံ့ဩနေသောအမူအယာဖြင့် ပြည့်နှက်နေသည်။ မည်သို့ပင်ဖြစ်သေ ဝိုင်ခွက်ကိုယူလိုက်သည်။


ကြည့်ရှု့နေသူများ ယခုမှ စိတ်နှင့်လူကပ်သွားကြသည်။


ထို့နောက် ...


စကားပြောသံများက နေရာအနှံ့တွင် ထွက်ပေါ်လာသည်။


ဒီအမျိုးသားစားဖိုမှူးက ‌တကယ်ကို အံ့ဩဖွယ်ဖြစ်ရပ်ကြီး ဖန်တီးလိုက်တာပဲ ...


ယဇ်ပူဇော်ဟင်းလျာတွေကိုသုံးပြီး နတ်ဘုရားပျောက်ကွယ်တောင်တန်းက တည်ရှိမှုကို စိတ်လှုပ်ရှားအောင် လုပ်လိုက်တာပဲ ...


ဧကရီပိလော့လည်း ပုဖန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကာ အနည်းငယ်သတိလစ်ဟင်းသွားပုံပင်။


အဝေးတွင် ...


ကျင်းယွမ်က သူမ၏အနီရောင်နှုတ်ခမ်းများကို လက်ဖြင့် အုပ်ထားသည်။ သူမမျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။


သူ တကယ်အောင်မြင်သွားတာပဲ ...


ခေါင်းဆောင်စားဖိုမှူးပု အောင်မြင်သွားတာလား ...


ပုဖန်ပြောင်းလဲခဲ့သော် ယဇ်ပူဇော်ဟင်းလျာများက မြင့်မြတ်အပျိုစင်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ဟု မထင်ခဲ့ပေ။


သူ ... သူမက အရာအားလုံးကို ဖျက်ဆီးမိတော့မလို့ပဲ ...


ထိုသို့တွေးမိလိုက်သည့်အခါ ကျင်းယွမ်၏နှလုံးသားထဲတွင် လိပ်ပြာမသန့်ဖြစ်သွားသည်။


ပုဖန်က ဝိုင်တစ်ငုံသောက်လိုက်ပြီး သူ၏အကြည့်များက ကျင်းယွမ်ပေါ်ရောက်သွားသည်။

" ကောင်းပြီ ... ဟင်းလျာတွေဆက်ပြီး တည်ခင်းလေ ... တော်ဝင်စားသောက်ပွဲကြီးကို ဆက်လုပ်ရဦးမယ် ..."


ထို့နောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သော စောင်းသံများ မြည်လာပြန်သည်။


အင်ပါယာခန်းအဆောင်ထဲတွင် တေးသံများ အဆက်မပြတ် ဝေ့ဝဲနေသည်။


ကျင်းယွမ်က အစေခံများထံမှ တော်ဝင်စားသောက်ပွဲဟင်းလျာများကိုယူ၍ ရွှေရောင်စားပွဲဝိုင်းပေါ်တင်လိုက်သည်။


၎င်းကိုမြင်သည့်အခါ ဧကရီပိလော့ စိတ်လှုပ်ရှားလာပြန်သည်။


အဖုံးများဖွင့်လိုက်တိုင်း အလင်းတန်းများက နေရာစုံမှ ဖြာထွက်လာသည်။ အလင်းတန်းများက ကောင်းကင်ထိရောက်ရှိနေသည့်အတွက် အားလုံးက တအံ့တဩရေရွတ်နေကြသည်။


အတွင်းမှ သိပ်သည်းသောရနံ့များက တော်ဝင်ခန်းမဆောင်တစ်ခုလုံးကို ပြည့်နှက်နေသည်။ ထိုရနံ့များက နန်းတော်ထဲမှ လွတ်မြောက်ပြီး မြို့တော်တစ်ခုကို လွှမ်းခြုံနေချင်သကဲ့သို့ပင်။


အစားအသောက်ကောင်းများကြောင့် အားလုံးယစ်မူးနေကြသည်။


၎င်းက တော်ဝင်စားသောက်ပွဲကြီးတွင် အမှတ်ရနေစရာပင်။ ယခင်က ဤကဲ့သို့ မဖြစ်ခဲ့ဖူးပေ။ 


ဤကဲ့သို့ ခံစားချက်က အားလုံး၏ ပျော်ရွှင်ကြည်နူးမှုများကို ဖြစ်ပေါ်စေသည်။


ဧကရီပိလော့သည်လည်း မြိန်ရေယှက်ရေ စားသောက်နေသည်။


တူများကို အဆက်မပြတ်ဆန့်ထုတ်ပြီး ပန်းကန်လုံးထဲသို့ ဟင်းလျာများ ထည့်နေကြသည်။ 


ယခုနှစ် တော်ဝင်စားသောက်ပွဲကြီးက အလွန်သက်ဝင်လှသည်။


ပုဖန် လက်ပိုက်ပြီး အဝေးတွင် ရပ်နေသည်။ အားလုံး၏တက်ကြွနေသည့် အမူအယာကိုတွေ့ရသည့်အခါမှ စိတ်အေးပြီးသက်ပြင်းချနိုင်သည်။


သူကအလွန်ယုံကြည်ချက်ရှိနေသော်လည်း တော်ဝင်စားသောက်ပွဲကြီးက သေးငယ်သောစစ်ဆေးချက်တစ်ခု မဟုတ်သည့်အတွက် သူ့ကို ဖိအားအလွန်ပေးခဲ့သည်။


ချက်ပြုတ်ရာတွင်လည်း စိတ်ဖိစီးမှုဖြင့် ချက်ပြုတ်ခဲ့ရသည်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက ဤစိတ်ကူးယဥ်ကမ္ဘာတွင် ထိပ်ဆုံး၌ရှိနေမည့် အချက်အပြုတ်နတ်ဘုရားဖြစ်ရန် ရည်မှန်းချက်သို့ မရောက်ရှိနိုင်တော့ပေ။


ကံကောင်းစွာဖြင့် သူအောင်မြင်ခဲ့သည်။


ပုဖန် ခုံတစ်လုံးဆွဲကာ အဝေးတွင် တည်ငြိမ်စွာထိုင်ပြီး ဝိုင်သောက်နေသည်။


ရုတ်တရက် ...


ပုဖန် အေးခဲသွားသည်။ သူ၏ခန္ဓာကိုယ်က်ို တစ်ယောက်ယောက်က စူးစူးရဲရဲ ကြည့်နေသည်ကို ခံစားလိုက်ရသည်။ 


သူ၏စိတ်စွမ်းအင်က အလွန်အမင်းစူးရှသည်ဖြစ်၍ ခဏတွင်းချင်းမှာပင် မျက်လုံးတစ်စုံကို အာရုံခံမိသွားသည်။


တစ်ဖက်မှအကြည့်ကို လိုက်ရှာလိုက်ရာ မြင့်မြတ်အပျိုစင်နှင့် မျက်လုံးချင်းဆုံသွားသည်။ 


ပုဖန်နှင့် အကြည့်ချင်းဆုံသွားသဖြင့် မြင့်မြတ်အပျိုစင်က နှုတ်ခမ်းစူကာ တစ်ဖက်သို့လှည့်သွားသည်။ ဝိုင်ခွက်ကိုယူပြီး တစ်ငုံစာသောက်ချလိုက်သည်။


ကောင်းမွန်သောဝိုင်နှင့် အစားအစာကောင်းများ ရှိနေသည်။ 


တော်ဝင်စားသောက်ပွဲကြီးကို ပြည့်စုံခမ်းနားစွာ ကျင်းပနေသည်။ 


အနည်းဆုံး ဧကရီဘုရင်မကြီးပင် ပျော်ရွှင်နေရသည်။


ခွက်တိုက်သံများနှင့် ဟင်းလျာများ ကုန်ခါနီးသောအခါ တော်ဝင်စားသောက်ပွဲကြီး ပြီးဆုံးတော့မည်ဖြစ်ကြောင်း ကြေညာလ်ုက်သည်။


စိတ်ကျေနပ်သွားသော စားသောက်သူများကိုကြည့်ကာ ပုဖန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ထို့နောက် အဝေးတွင်ရပ်နေသည့် လှပသောကျင်းယွမ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။


ကျင်းယွမ်က အလျင်စလိုလျှောက်လာသည်။

" ခေါင်းဆောင်စားဖိုမှူးပု ဘာဖြစ်လို့လဲ ..."


" မီးဖိုချောင်ထဲက အချိုပွဲတွေ ယူလာခဲ့ပြီး အားလုံးကိုပေးလိုက် ... တော်ဝင်စားသောက်ပွဲကြီးပြီးရင် အချိုပွဲက နောက်ဆုံးအစားအစာပဲ ..."

ပုဖန်က တည်ငြိမ်စွာဖြင့် ညွှန်ကြားနေသည်။ 


ဟမ် ... 


ကျင်းယွမ် အေးခဲသွားသည်။


ညစာပြီးတော့ အချိုပွဲလား ... အဲ့လိုအရာမျိုး ရှိလို့လား ...


ခေါင်းဆောင်စားဖိုမှူးပု ဘယ်တုန်းကလုပ်လိုက်တာလဲ ...


ကျင်းယွမ် သံသယမကင်းဖြစ်ကာ တော်ဝင်ခန်းမဆောင်မှ မီးဖိုဆောင်သို့ လျှောက်သွားသည်


မီးဖိုချောင်တံခါးကို ဖွင့်လိုက်သည့်အခါ အေးစက်၍ သက်တောင့်သက်သာဖြစ်စေသော ရနံ့တစ်ခုက ထွက်ပေါ်လာသည်။ ၎င်းက သူမမျက်လုံးများကို မှေးကျဉ်းသွားစေပြီး ခဏအကြာတွင် အရောင်လက်လာသည်။


ခေါင်းဆောင်စားဖိုမှူးပု ပြောခဲ့သည့် အချိုပွဲကို သူမနားလည်သွားသည်။ 


စားပွဲပေါ်တွင် သပ်ရပ်စွာ စီထားသည့် ဖြူပြာရောင်ပန်းကန်လုံးငယ်များရှိနေသည်။ ပန်းကန်လုံးတိုင်း၏ဘေးတွင် အဖြူရောင်အဝတ်စနှင့် ငွေဇွန်းတစ်ချောင်းစီရှိသည်။


၎င်းက ပုဖန်ယခင်ပြိုင်ပွဲတွင် ပြုလုပ်ခဲ့သည့်ရေခဲမုန့်ပင်။ သူမသင်ယူလိုသော စားကောင်းသောက်ဖွယ်တစ်မျိုးဟုလည်း ပြောနိုင်သည်။


ခေါင်းဆောင်စားဖိုမှူးပုက ဒါကိုပါ တော်ဝင်စားသောက်ပွဲမီနူးထဲ ထည့်ထားမယ်လို့ ဘယ်သူထင်မှာလဲ ...


ထိုသို့ အချိုပွဲမျိုးက တော်ဝင်စားသောက်ပွဲကြီးတွင် ပါဝင်သင့်သည်ဟု သူမလည်းတွေးနေသည်။ 


ဒါမျိုးစားသောက်ဖွယ်ရာက နတ်ဘုရားမမြို့တော်က မိန်းကလေးတွေအတွက်ပဲ ကလေးကအစ အသက်ကြီးတဲ့သူတွေကိုပါ ဆွဲဆောင်နိုင်တဲ့ စားကောင်းသောက်ဖွယ်တစ်မျိုး ...


စားပွဲပေါ်မှ ရေခဲမုန့်များကိုကြည့်ကာ ကျင်းယွမ်မသိလိုက်ပဲ ပြုံးမိသွားသည်။ သူမမျက်နှာတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။


ရေခဲမုန့်၏ထိပ်မှ ရေခဲအမှုန်လေးများကို ပုဖန်က ပန်းပွင့်ပုံရေးထွင်းထားသည်။


အစေခံများအား ထိုရေခဲမုန့်ကို ဂရုတစိုက်ယူလာခဲ့ရန်ညွှန်ကြားပြီးနောက် ကျင်းယွမ်က မျှော်လင့်တကြီးပြင် အင်ပါယာခန်းမဆောင်သို့ ပြန်လာခဲ့သည်။


ရေခဲမုန့်၏အောင်နိုင်ခြင်း ခံလိုက်ရမည့် အားလုံး၏မျက်နှာများကို မြင်ရရန် မစောင့်နိုင်တော့ပေ။


ညစာစားပြီးတဲ့နောက် ရေခဲမုန့်တစ်ခွက် ... ခေါင်းဆောင်စားဖိုမှူးပုမှာ ဒီလိုအကြံဉာဏ်ကောင်းတွေ ရှိတာပဲ ...


အင်ပါယာခန်းမဆောက်တွင် ဧကရီပိလော့က ထိုင်ခုံတွင်မှီနေကာ သူမမျက်နှာတွင် စိတ်ကျေနပ်မှုများဖြင့် ပြည့်နေသည်။


သူမ၏ အေးစက်သော ကိုယ်နှုတ်အမူအယာက်ို ထိန်းသိမ်းထားသည့်မြင့်မြတ်အပျိုစင်မှလွဲ၍ ရွှေရောင်စားပွဲဝိုင်းမှလူအားလုံး ဗိုက်ကို ပွတ်သပ်နေကြသည်။


မျက်လုံးများမှေးစင်းလျက် စိတ်ကျေနပ်စွာ သက်ပြင်းချနေကြသည်။


ဤတစ်ကြိမ် တော်ဝင်စားသောက်ပွဲကြီးက အလွန်ပျော်ရွှင်စရာကောင်းသည်။


အစားအသောက်ကောင်းများစားသုံးရပြီး အဖြစ်အပျက်တစ်ချို့ကို ကြုံတွေ့ခဲ့ရသဖြင့် စိတိကြည်နူးနေကြသည်။


ဟင်းလျာများက အလွန်အရသာရှိသည်။ ပြင်ဆင်မွမ်းမံထားသည့် ယဇ်ပူဇော်ဟင်းလျာများကလည်း သူတို့၏ကမ္ဘာကြီးကို ပြောင်းပြန်ဖြစ်စေခဲ့သည်။ ယုတော်ဝင်စားသောက်ပွဲကြီးကို ဘဝတစ်လျှောက်တွင် မေ့ပျောက်ရန် ခက်ခဲလိမ့်ပေမည်။


ကောင်းတဲ့အရာတွေက အဆုံးသတ်တော့မယ်ဆိုတော့ နှမြောစရာပဲ ... 


တော်ဝင်စားသောက်ပွဲကြီးကို မပြီးဆုံးလိုကြပေ။


ဤသို့ အရသာရှိသော အစားအစာများအား အနာဂတ်တွင် မစားရတော့မည်ကိုသိ၍ လင်းတမိန် အနည်းငယ်ဝမ်းနည်းနေသည်။


ချီစစ်လည်း နောင်တရနေသည်။


ဧကရီပိလော့၏ အကြည့်များပ ပုဖန်ကို နတ်ဘုရားမမြို့တော်တွင် ထာဝရနေကာ တော်ဝင်စားသောက်ပွဲကြီးကို ပြင်ဆင်စေလိုသည့်ပုံပင်။


ဒါက သေချာပေါက် ဉာဏ်ရှိတဲ့ တွေးခေါ်မှုပဲ ...


ပုဖန်က နောက်ဆုံးတွင် နတ်ဘုရားမမြို့တော်မှ ထွက်သွားမည်ကို သူမသိသည်။ သူက ဤနေရာနှင့် သက်ဆိုင်သူ မဟုတ်ပေ။


ရုတ်တရက် ...


စောင်းသံများ တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။


အားလုံး အေးခဲသွားကြသည်။ 


စောင်းသံများ ထွက်ပေါ်လာသည့်အဓိပ္ပါယ်က ဟင်းလျာများ တည်ခင်းတော့မည်ဟူသည့် သဘောပင်။


တော်ဝင်စားသောက်ပွဲကြီး မပြီးသေးတာများလား ...


တခြားဟင်းလျာတွေ ရှိသေးတာလား ...


ဒါပေမဲ့ တော်ဝင်စားသောက်ပွဲကြီးရဲ့ ဟင်းလျာ ၁၈မျိုးလုံး တည်ခင်းပြီးသွားပြီလေ ...


အားလုံးအေးခဲသွားပြီး မီးဖိုဆောင်ဘက်သို့ အလိုလို လှည့်ကြည့်လိုက်ကြသည်။


ထိုနေရာတွင် ပုံရိပ်များစွာရှိနေသည်။


ထိတ်လန့်သွားသော လူအုပ်ကြီးကိုကြည့်ကာ ပုဖန် တ်တပ်ရပ်လိုက်သည်။


" ဒီတစ်ခေါက်တော်ဝင်စားသောက်ပွဲကြီးကို နှစ်သက်ပေးတဲ့အတွက် ‌အားလုံးကို ကျေးဇူးတင်ပါတယ် ... အစားအစာကောင်းတွေဆိုတာ ပျော်ပျော်ရွှင်ရွှင်စားသောက်ဖို့ပဲလေ ... အားလုံးက ရိုးသားကြတဲ့အတွက် ကျုပ်မှာလည်း အကျိုးကျေးဇူးတွေ ရပါတယ် ... အခု တော်ဝင်စားသောက်ပွဲကြီးရဲ့ နောက်ဆုံးအပိုင်းအနေနဲ့ ပြီးတော့ ကျုပ်က ဒီတစ်ကြိမ်ရဲ့ ခေါင်းဆောင်စားဖိုမှူးးတစ်ယောက်ဖြစ်တဲ့အတွက် ထမင်းတစ်နပ်စားပြီးချိန်မှာ သုံးဆောင်ရတဲ့ ဟင်းလျာတစ်ခုကို တည်ခင်းပေးပါ့မယ် အားလုံး သဘောကျမယ်လို့ ထင်ပါတယ် သုံးဆောင်ကြပါဦး ..."


ပုဖန် မတ်တပ်ရပ်ပြီး ဝိုက်တစ်ခွက်လုံး မော့သောက်လိုက်သည်။ ဝိုင်အရသာပြင်းပြင်းက လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲရောက်သွားကာ ပါးစပ်ဟ၍ " ကောင်းလိုက်တာ" ဟူသည့် စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။


အားလုံး ထိတ်လန့်သွားကြသည်။

ဟင်းလျာတစ်ခု ရှိသေးတယ်ပေါ့ ...


စောင်းသံများနှင့်အတူ ကျင်းယွမ်က အစေခံများကို ဦးဆောင်ကာ ဟင်းလျာများကို ယူလာသည်။ အရိပ်ထဲမှ ထွက်လာပြီး တန်းစီလျက် ရွှေရောင်စားပွဲအနီးသို့ ချဉ်းကပ်လာကြသည်။


သူမလက်ထဲတွင် ဖြူပြာရောင်ပန်းကန်လုံးကို ကိုင်တောင်ထားပြီး အတွင်းတွင် နို့နှစ်ရောင်နှင့် ပန်းပွင့်ပုံရေးထွင်းထားသော အေးစိမ့်သည့် တစ်စုံတစ်ခု ရှိနေသည်။


ရေ ... ရေခဲမုန့်လား ...


ဧကရီပိလော့ အေးခဲသွားသည်။ ခဏအကြာတွင် သူမပျော်ရွှင်စွာအော်ဟစ်လိုက်သည်။


သူမ၏လှပသော မျက်နှာအစိတ်အပိုင်းတစ်ခုစီကို အပြုံးဖြင့် မွမ်းမံထားသဖြင့် မြင်ရသူတိုင်းကို ယစ်မူးစေသည်။


မူလက ဤတော်ဝင်စားသောက်ပွဲတွင် ရေခဲမုန့်မပါသည့်အတွက် ရေခဲမုန့်ကို နောက်ဆုံးတွင်တည်ခင်းမည်ဟုထင်ခဲ့သောသူမ အနည်းငယ် နောင်တရသွားခဲ့သည်။


ပျော်ရွှင်မှုကရုတ်တရက် ရောက်ရှိလာပြီး စားကြည့်ရန်အတွက် ပြင်ဆင်ထားသည်။


ကျင်းယွမ် ရေခဲမုန့်ကိုယူကာ ဧကရီပ်လော့ရှေ့ရောက်လာပြီး ဖြူပြာရောင်ကြွေပန်းကန်လုံးကို ကိုင်ဆောင်ထားသည်။


အဝတ်ဖြူတစ်စကို ညင်သာစွာချလိုက်ပြီး ကြွေပန်းကန်ပြား၏ဘေးတွင် ငွေဇွန်း‌တစ်ချောင်း ချထားလိုက်သည်။


ကျင်းယွမ်က သူမနှုတ်ခမ်းထောင့်များကို အပြုံးတစ်ခုအဖြစ် တွန့်ကွေးလိုက်သည်။

" ဘုရင်မကြီး ခေါင်းဆောင်စားဖိုမှူးပုက ဒီအချိုပွဲကို အရှင်မအတွက် လုပ်ခဲ့ပါတယ် ... ဟင်္သာပြဒါးသစ်သီးအရသာ နို့ရေခဲမုန့်ပါ မြည်းစမ်းကြည့်ပါဦး ..."