အပိုင်း ၁၁၄၄
Viewers 53k

အခန်း ၁၁၄၄

ဟင်္သာပြဒါးသစ်သီးအရသာ နို့ရေခဲမုန့်


ခေါင်းဆောင်စားဖိုမှူးပုက ဧကရီဘုရင်မကြီးအတွက် ရေခဲမုန့်ကို သီးသန့်ပြင်ဆင်ခဲ့သည်။


ကျင်းယွမ်၏စကားကြောင့် ဧကရီဘုရင်မကြီး၏ မျက်လုံးများ အရောင်တောက်သွားသည်။ ကျင်းယွမ်၏လက်ထဲတွင်ကိုင်ထားသည့် ရေခဲမုန့်ခွက်က အခြားလူများနှင့် ကွဲပြားနေသည်ကို သူမမြင်လိုက်သည်။


အခြားရေခဲမုန့်များမှာ နှင်းကဲ့သို့ဖြူဖွေး၍ နို့အနံ့များ ထွက်နေသော်သည်။ သူတို့ကို ပန်းပွင့်ပုံစံဖော်ထားပြီး ဖြူပြာရောင်ကြွေပန်းကန်ပြား၏အလယ်တွင် နေရာချထားသည်။ ပုံစံက အလွန်လှပနေသော်လည်း သာမန်သာဖြစ်သည်။


သို့ရာတွင် ကျင်းယွမ်ကိုင်ထားသည့် ရေခဲမုန့်က ကတ္တီပါနီရောင်ဖြစ်နေသည်။ အခြားရေခဲမုန့်များနှင့် အရောင်မတူသည်ဟု ထင်ရသော်လည်း အမှန်တွင် အလွှာတစ်ခု ထပ်လောင်းထားခြင်းသာဖြစ်သည်။ ထိုအနှစ်ရည်က ရေခဲမုန့်ထဲသို့ စီးဝင်သွားသဖြင့် ရေခဲမုန့်၏အရောင်ကို ပြောင်းသွားစေသည်။


ပန်းပွင့်တစ်ပွင့်ကဲ့သို့ လေထဲတဖျပ်ဖျပ်လွင့်နေပြီး အလွန်လှပနေသည်။


တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် ဧကရီပိလော့၏ မျက်လုံးများက ထိုနေရာတွင်စွဲကပ်သွားပြီး အကြည့်မခွာနိုင်တော့ပေ။


အစေခံများအားလုံး သူတို့နေရာများသို့ ပြန်ရွှေ့သွားကြသည်။ ခန်းဆောင်ထဲမှ လူအားလုံးရှေ့တွင် ရေခဲမုန့်များချထားပြီးဖြစ်၍ တစ်ဦးလျှင်တစ်ခွက်စီစားခွင့်ရသည်။


ရေခဲမုန့်ပြုလုပ်ရခြင်းက မခက်ခဲသော်လည်း အသေးစိတ်ပြုလုပ်ရသည်ကများလွန်း၍ ရိုးရှင်းသည်ဟု မသတ်မှတ်နိုင်ပေ။ ဥပမာအနေဖြင့် ပါဝင်ပစ္စည်းများ၏ အချိုးအစားကို ဂရုတစိုက်ထည့်ရပြီး အအေးအပူချိန်ကိုလည်း ထိန်းချုပ်ရသည်။


ပြောင်းလဲမှုအနည်းငယ်ကပင် ရေခဲမုန့်အပေါ် သက်ရောက်မှုများစွာဖြစ်ပေါ်စေနိုင်သည်။ ပုဖန် ၎င်းကို ပိုမိုလေ့လာချင်သော်လည်း သူ့တွင် အချိန်မရှ်ိပေ။ 


အားလုံး၏ အာရုံများက သူတို့ရှေ့မှ ရေခဲမုန့်များတွင်သာရှိနေသည်။


အစေခံများက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်နေပြီး ထိုရေခဲမုန့်များကို မနာလိုစွာဖြင့် ကြည့်နေသည်။


ကျင်းယွမ်က ပုဖန်၏ဘေးတွင် စိတ်လှုပ်ရှားစွာ ရပ်နေသည်။


ဒီစားကောင်းသောက်ဖွယ်ကို အနာဂတ်မှာ သေချာပေါက်သင်ယူရမယ် ...


နတ်ဘုရားမမြို့တော်တစ်ခုလုံးတွင် ရေခဲမုန့်မကြိုက်သူ မရှိနိုင်ကြောင်း ကျင်းယွမ်လောင်းကြေးထပ်နိုင်သည်။ ၎င်းက နတ်ဘုရားမမြို့တော်အတွက် ပြုလုပ်ထားသည့် အထူးသီးသန့်အစားအစာဟုပင် ခေါ်နိုင်သည်။


ပုဖန် အဆက်မပြတ်တုန်ယင်နေသာ့် ကျင်းယွမ်ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

" မင်းရောစားချင်တာလား ..."


" စားချင်တယ် ..."


ပုဖန်က ထိုသို့မေးခွန်းမျိုးမေးမည်ဟု မထင်ထားသည့်အတွက် ကျင်းယွမ် အံ့အားသင့်သွားသည်။ မည်သို့ပင်ဖြစ်စေ သူမက တစ်ချက်မှတုံ့ဆိုင်းခြင်းမရှိပဲ ဖြေလိုက်သည်။


သူမ သေချာပေါက်ကို စားချင်နေသည်။ ရေခဲမုန့်ကိုတစ်ကြိမ်စားပြီးချိန်မှစ၍ ထိုအရသာက သူမကို ပွတ်သပ်ပေးနေသည့် နူးညံ့သောလက်ဖဝါးတစ်ဖက်ကဲ့သို့ ခံစားရပြီး ရင်ထဲ ယားကျိကျိ ဖြစ်လာစေသည်။


" အိုး ... တခြားအရသာတော့မရှိဘူး ... မူရင်းအရသာပဲရှိတယ် ..."


ပုဖန် စိတ်ထဲတစ်ချက်တွေးလိုက်ရုံဖြင့် ရေခဲမုန့်အပုံလိုက်ကြီးက သူ့ရှေ့တွင် ချက်ချင်းပေါ်လာသည်။ 


ဖြူပြာရောင်ကြွေပန်းကန်လုံးတစ်ခုထုတ်ကာ ရေခဲမုန့်တစ်ကော်စာယူလိုက်ပြီး ပန်းကန်လုံးကို ကျင်း‌ယွမ်ဆီသို့ ပေးလိုက်သည်။


သူစိတ်လှုပ်ရှားစွာဖြင့် ယူလိုက်သည်။


ပုဖန်လည်း သူ့အတွက် တစ်ခွက်ယုလိုက်သည်။ တစ်ခါတစ်ရံ‌တွင် ပုဖန် ရေခဲမုန့်စားလေ့ရှိသည်။ အေးမြ၍ ချိုမြိန်သောခံစားချက်က သူ၏နှလုံးသားနှင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်သွားစေသည်။


အားလုံးကိုယ်စီ ရေခဲမုန့်တစ်ခွက်စီစားကာ အလုပ်ရှုပ်နေကြသဖြင့် အချိန်အတန်ကြာသည်အထိ ခန်းမဆောင်ထဲတွင် မည်သည့်အသံမျှ ထွက်မလာပေ။ ငွေဇွန်းဖြင့် ရေခဲမုန့်ကို ပျော်ရွှင်စွာခပ်ပြီး တစ်လုတ်စာအပြည့်ပါးစပ်ထဲ ထည့်လိုက်ကြသည်။


ယခင်က ပုဖန်နှင့် ကျင်းယွမ်ပြိုင်ဆိုင်ကြစဉ်က လူအများစုက ရေခဲမုန့်ကို သတိပြုမိခဲ့ကြသည်။ ထိုအချိန်က သူတို့အားလုံးစားချင်ခဲ့ကြသော်လည်း အခွင့်အရေး မရခဲ့ပေ။


ယခု အားလုံးစားခွင့်ရကြ၍ ပျော်ရွှင်နေကြသည်။


ဧကရီဘုရင်မကြီးက သူမ၏ ပန်းနုရောင်သန်းနေသော လက်ချောင်းများဖြင့် ငွေဇွန်းကို ယူလိုက်သည်။ ကတ္တီပါနီရောင် အနှစ်ရည်ဆမ်းထားသည့် ရေခဲမုန့်ကို ခပ်ယူလိုက်သောအခါ အပေါက်ငယ်တစ်ခု ဖြစ်သွားသည်။


စေးကပ်သောအရည်များ စီးကျသွားပြီး အတွင်း၌ ပန်းနုရောင်ရေခဲမုန့်ကို ပြသလိုက်သည်။ ထိုနှိ့အရသာရေခဲမုန့်ကြားထဲတွင် လှီးထားသာ့် ဝိညာဉ်သစ်သီးစိတ်များရှိသည်။


ဤသစ်သီးကို ပုဖန်ကိုယ်တိုင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ၎င်းက ဝါးရလွယ်ပြီး အရည်ရွှမ်းသည်။ ကိုက်လိုက်သည့်အခါ ချိုသောအရည်များစိမ့်ထွက်လာပြီး နူးညံ့ချိုမြိန်သောရနံ့ကို ပျံ့နှံ့သွားစေသည်။


ဤဝိညာဉ်သစ်သီးတွင် အချဉ်အရသာ အနည်းငယ်ပါဝင်သည်။ ရေခဲမုန့်ချိုချိုနှင့် တွဲစပ်လိုက်သောအခါ အရသာက တစ်ခုချင်းစီ၏ အကောင်းဆုံးများ ပေါင်းစပ်သွားသောကြောင့် မေ့မရနိုင်ဖြစ်စေသည်။


မျက်လုံးများကိုမှေးစင်းလိုက်ပြီး ဧကရီပိလော့က ရေခဲမုန့်တစ်ဇွန်းကို ပါးစပ်ထဲထည့်လိုက်သည်။


ဧကရီပိလော့၏ မျက်နှာတွင် ယစ်မူးမှုများ ပေါ်လွင်နေသည်။


သူမခံတွင်းထဲ၌ ရေခဲမုန့်အရသာ ပျံ့နှံ့သွားသည်နှင့် အသီး၏ ချိုချဉ်အရသာက ဘုရင်မကြီး၏ နှလုံးသားကို ချက်ချင်းအရည်ပျော်သွားစေသည်။


" အရသာရှိလိုက်တာ ..."


သူမ လက်သီးကိုတင်းတင်းဆုပ်လိုက်မိပြီး ငယ်ရွယ်သောအပျိုစင်ကဲ့သို့ မျက်နှာတွင် ပန်းနုရောင်သန်းသွားသည်။


ဝိုး ...


အင်ပါယာခန်းမဆောင်တစ်ခုလုံး အံ့အားသင့်သွားသည်။


ငရဲဘုရင်အာဟလည်း ယခုအချိန်တွင် အစပ်ချောင်းစားရန်ပင် မေ့နေမိသည်။ ရေခဲမုန့်ကို မျက်လုံးများ မှေးကျဉ်းလျက်ကြည့်နေပြီး နှုတ်ခမ်းစူထားသည်။


ဤအမူအယာကြောင့် သူ့ဘေးတွင်ထိုင်နေသည့် နယ်သာရီက အရိုးထဲမှစိမ့်ကာ ကြောက်ရွံ့သွားသည်။


ရေခဲမုန့်၏သွင်ပြင်က ပြီးဆုံးလုနီးဖြစ်နေသော တော်ဝင်စားသောက်ပွဲကြီးကို နောက်ထပ် အထွဋ်အထိပ်တစ်ခုသို့ ပို့ဆောင်ပေးလိုက်သည်။ 


အားလုံးရေခဲမုန့်စားနေကြချိန်၌ ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေသည်။


သို့သော် ရေခဲမုန့်စားပြီးသော်အခါ အမျိုးသမီးများက အုပ်စုဖွဲ့ပြီး ရေခဲမုန့်ကောင်းကြောင်းကို တတွတ်ဆွတ်ပြောနေကြသည်။


ငရဲဘုရင်အာဟက နယ်သာရီကိုဆွဲထားပြီး အဆက်မပြတ်‌စကားပြောနေသည်။ နယ်သာရီကသူ့ကို စူးစူးရဲရဲကြည့်ပြီးနောက် လျစ်လျူရှု့ထားသည်။


ငရဲဘုရင်အာဟက အစပ်ချောင်းမှလွဲ၍ အခြားအရာတစ်ခုကို ထပ်မံရှာဖွေတွေ့ရှိသွားပြီး နောက်တစ်ကြိမ် ချစ်မိသွားသည့်ပုံပင်။


" ငါ့ရဲ ရေခဲမုန့်ထဲမှာ အသီးစိတ်လေးတွေပါတယ်ထင်တယ် ..."


" ဒီမှာရောပဲ ... ငါမြန်မြန်ဝါးလိုက်မိတော့ အရသာကို သေချာမကွဲပြားလိုက်ဖူး ... ဒါပေမဲ့လည်း အရမ်းအရသာရှိတယ် ..."


" ဒီဟာကို ရေခဲမုန့်လို့ခေါ်တာလား ...အရမ်းစားကောင်းတာပဲ ..."


အမျိုးသမီးများက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းများလှည့်ကာ ရေခဲမုန့်အကြောင်းပြောဆိုနေပြီး စိတ်လှုပ်ရှားမှုကို မျှဝေနေကြသည်။


ဧကရီဘုရင်မကြီး၏ ရေခဲမုန့်က သူတို့နှင့်ကွာခြားကြောင်းလည်း သတိပြုမိကြသည်။


ချီစစ်က အနီရောင်အရာဝတ္ထုများကို အမြဲတမ်းသတိထားမိသူဖြစ်၍ ဘုရင်မကြီး၏ ကတ္တီပါနီရောင် ရေခဲမုန့်ကိုမြင်လိုက်သောအခါ အားကျမှုများဖြင့် သူမမျက်လုံးထဲတွင် အရောင်လက်နေသည်။


" ဘုရင်မကြီး ... အရှင်မရဲ့ ရေခဲမုန့်အရသာက ဘယ်လိုမျိူးပါလဲ..."

ချီစစ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။


လင်းတမိန်နှင့် အခြားလူများလည်း လှည့်ကြည့်ကြသည်။


ဧကရီဘုရင်မကြီးက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်ပြီး အနီရောင်နှုတ်ခမ်းများ ကွေးညွှတ်ကာ ပြန်ဖြေလိုက်သည်။

" ခေါင်းဆောင်စားဖိုမှူးပုရဲ့ အထူးရေခဲမုန့်က ဟင်္သာပြဒါးသစ်သီးအရသာဖြစ်ပုံရတယ် ... ချိုချဉ်အရသာလေးဆိုပေမယ့် တော်တော်လေးစားကောင်းတယ် ဒီဧကရီရဲ့ အကြိုက်နဲ့ ကွက်တိပဲ ..."


ဧကရီဘုရင်မကြီးက မတွန့်ဆုတ်ပဲ ချီးကျူးလိုက်ကာ ရေခဲမုန့်ကို စိတ်အားထက်သန်စွာ ချီးမြှောက်နေသည်။


ရေခဲမုန့်က တကယ်ကို အရသာရှိတယ် ...


ပုဖန်က နောက်ဆုံးရေခဲမုန့်တစ်ဇွန်းကို စားလိုက်ပြီး ပါးစပ်ထဲတွင် အရည်ပျော်အောင်စောင့်နေသည်။ သူ၏ခံတွင်းထဲမှ အပူလက်ကျန်များကို ၎င်းက ယူဆောင်သွားပြီးသည့်အခါ ပုဖန် မတ်တပ်ရပ်လိုက်သည်။ သူ၏အကြည့်များက စိတ်ကျေနပ်မှုများနှင့်ပြည့်နှက်ပြီး အခြားအမျိုးသမီးများကို သူမ၏အတွေးကို ဝေမျှနေသော ဧကရီပိလော့ဆီသို့ ရောက်သွားသည်။


ပုဖန် ဖြည်းညှင်းစွာလျှောက်လာပြီး မကြာမီ ဧကရီပိလော့အနီးသို့ ရောက်လာသည်။


ပတ်ဝန်းကျင်မှ အမျိုးသမီးများက ပုဖန်အတွက် နေရာဖယ်ပေးကြသည်။ ယခုအချိန်တွင် ပုဖန်က သူတို့၏ ကလေးလေးဖြစ်နေသည်။


တခြားဟင်းလျာများမပါဝင်ပဲ ရေခဲမုန့်တစ်မျိုးတည်းကပင် ရှိသမျှ အမျိုးသမီးများကို ရူးသွပ်သွားစေနိုင်သည်။


ပုဖန် ဧကရီပိလော့ကိုကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းများကွေးညွှတ်၍ သူ၏ခေါင်းမှ ဆံပင်များကို ချည်နှောင်ထားသည့် ဖဲကြိုးကိုဖြည်လိုက်သည့်အခါ ဆံပင်များကျဆင်းလာသည်။ 

" ဘုရင်မကြီး ကျုပ်ရဲ့ တော်ဝင်စားသောက်ပွဲကြီးကို စိတ်ကျေနပ်ရဲ့လား ..."


ဧကရီပိလော့က ပုဖန်ကိုကြည့်ကာ "ဟမ့်" ဟု ညင်သာစွာပြောလိုက်သည်။ သူမလက်ပိုက်ပြီး ခြေထောက်ချိတ်ထိုင်လိုက်သည်။

"ဒီတစ်ခေါက် တော်ဝင်စားသောက်ပွဲကြီးက အဆင်ပြေတယ် ... စားဖိုမှူးလေး တော်တော်ကြိုးစားခဲ့တယ် ..."


ဧကရီ၏ တုံ့ပြန်မှုနှင့် ကိုယ်အမူအယာများကြောင့် အနီးမှလူများက ပါးစပ်ကိုအုပ်ပြီး ကျိတ်ရယ်နေကြသည်။


သို့ရာတွင် ဧကရီ၏ အမူအယာများက ဂုဏ်ယူဝင့်ကြွားနေဆဲပင်။


၎င်းက သူပြောချင်သည့် အဓိကအချက်မဟုတ်၍ ပုဖန် စိတ်ထဲမထားပေ။ ဧကရီပိလော့ကို တည်ငြိမ်စွာကြည့်နေပြီး သူ၏မျက်နှာမှ ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရေခဲတစ်တုံ့ကဲ့သို့ မျက်နှာသေကြီးဖြစ်လာပြီးနောက် သူမကိုစူးစူးရဲရဲကြည့်ကာ ပြောလိုက်သည်။

" ဒါဆိုရင် ဘုရင်မကြီးရဲ့ အရင်ကစကားတွေကို အတည်ယူလို့ရေးတယ်မလား ... တကယ်လို့တော်ဝင်စားသောက်ပွဲကြီးကို အရှင်မကျေနပ်စေရင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားဖို့ လမ်းဖွင့်ပေးမယ်မလား ..."


ပုဖန်၏ စကားများကြောင့် အင်ပါယာခန်းမဆောင်ကြီးတစ်လုလုံး ခဏတွင်းချင်း တိတ်ဆိတ်သွားသည်။ 


အားလုံး၏အကြည့်များက ပုဖန်နှင့် ဧကရီပိလော့တို့အပေါ် ရောက်လာသည်။ မြင့်မြတ်အပျိုစင်သည်ပင် သူတို့ကို အေးစက်စွာကြည့်နေသညိ။


နတ်ဘုရားပျောက်ကွယ်တောင်တန်းက နတ်ဘုရားမမြို့တော်အတွက် ဆတ်ဆတ်ထိမခံနိုင်သော နေရာတစ်ခုဖြစ်သည်။


ဧကရီပိလော့၏မျက်နှာပေါ်မှအပြုံးက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ပုဖန်ကို စူးစူးရဲရဲ ကြည့်နေသည်။ သူတို့နှစ်ယောက်၏ အကြည့်များလေထဲဆုံသွားချိန်၌ မီးပွားများပင် စင်လာတော့မည်ဟု ထင်ရသည်။


ပတ်ဝန်းးကျင်မှလူများ ရင်တမမဖြစ်နေသည်။


ရုတ်တရက် ...


ဧကရီပိလော့ ပြုံးလိုက်သည်။ ထိုအပြုံးက နှင်းများနေရာအနှံ့ ကျဲပြန့်နေသော ဆောင်းရာသီတွင် ပွင့်လန်းသည့် အရောင်တောင်ပသော ပန်းပွင့်ကဲ့သို့ပင်။


ထိုအပြုံးကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် အရောင်မှိန်သွားစေသည်။


" ဒီဧကရီက အမြဲတမ်း စကားတည်းတဲ့လူမျိုးပဲ ... မင်းက ‌ဒီနှစ်တော်ဝင်စားသောက်ပွဲကြီးမှာ ဒီဧကရီကို ကျေနပ်စေခဲ့တဲ့အတွက် မင်းရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရမှာ သဘာဝပဲလေ ..."

ဧကရီပိလော့က ဖြေလိုက်သည်။


ပုဖန်၏ မျက်လုံးများ အရောင်တောက်လာသည်။


" ဒါပေမဲ့ ဒီဧကရီတစ်ခုတော့ပြောမယ် ... နတ်ဘုရားပျောက်ကွယ်တောင်တန်းက ကမ္ဘာမြေအကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေပဲ ... အဲ့နေရာအတွင်းက အန္တရာယ်တွေကို စိတ်ကူးကြည့်လို့တောင်မရဘူး ... အထူးသဖြင့်တော့ မင်းလို ကြယ်သုံးပွင့်စစ်မှန်မသေမျိုး ပုရွက်ဆိတ်လေးအတွက်ပေါ့ ..."

ဧကရီပိလော့က အေးစက်စွာ ပြောလိုက်သည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။

" အရှင်မ စိတ်မပူပါနဲ့ ကျုပ်မှာ အစီအစဉ်ရှိပါတယ် ..."


ဧကရီပိလော့ကသူ့ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားခွင့်ပြုသရွေ့ သူ၏မစ်ရှင်ပေါ်၌ ယုံကြည်မှုအပြည့်အဝရှိသည်။


" တားမြစ်နယ်မြေတွေက လူတွေကို ဝင်ခွင့်မပြုထားတဲ့ နေရာတွေပဲ ... ကမ္ဘာမြေအကျဉ်းထောင်မှာ မဟာတားမြစ်သုံးခုရှိပြီး ငရဲအကျဉ်းထောင်မှာက လေးခုရှိတယ် ... နတ်ဘုရားပျောက်ကွယ်တောင်တန်းက အဲ့ဟာတွေထဲက တစ်ခုပဲ ... အဲ့နေရာက တားမြစ်နယ်မြေလို့ခေါ်ရတဲ့အထိ ကြောက်စရာမကောင်းပေမယ့် သာမန်တော့မဟုတ်ဖူး ... စိတ်မကူးထားနိုင်တဲ့ အန္တရာယ်တွေနဲ့တွေ့နိုင်တယ် ... မင်းသွားချင်တာ သေချာရဲ့လား ..."


ထို့နောက် ဧကရီပိလော့က ဆက်ပြောသည်။

" မင်းတကယ်လို့ စိတ်ပြောင်းသွားရင် နတ်ဘုရားမမြို့တော်မှာနေပြီး ဧကရီရဲ့ အင်ပါယာစားဖိုမှူးလုပ်လို့ရတယ် ... စည်းစိမ်အများကြီးလည်း ခံစားနိုင်တယ် ..."


ဧကရီ၏အသံက ပြုစားမှုများဖြင့် ပြည့်နှက်နေသော်လည်း ပုဖန်က ၎င်းတို့ကို စိတ်မဝင်စားပေ။ သူ၏ပစ်မှတ်က အသက်စမ်းရေဖြစ်သည်။ သို့မှသာ မသေမျိုးအပင်ပေါက်များကို ပြန်လည်ရှင်သန်စေနိုင်မည်ဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် သို့မဟုတ် ကောင်း ကင်ကမ္ဘာမြေလယ်ယာမြေမှ မသေမျိုးအပင်ပေါက်များပင် ဖြစ်စေ ၎င်းတို့ကသာ သူ၏ပထမဦးစားပေးဖြစ်သည်။


" ဘုရင်မကြီးရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျုပ်က နတ်ဘုရားပျောက်ကွယ်တောင်တန်းကို မဖြစ်မနေသွားရမှဖြစ်မယ် ..."

ပုဖန်ပြောလိုက်သည်။


ပုဖန်၏ ရပ်တည်ချက်က ခိုင်မာလွန်းသည့်အတွက် ဧကရီပိလော့၏ မျက်လုံးများ မှေးစင်းသွားသည်။ မည်သို့ပင်ဖြစ်စေ သူမ သူ့ကိုအကြံမပေးတော့ပေ။


‌တားမြစ်နယ်မြေဟု ခေါ်ရခြင်းမှာ ထိုနေရာတွင် တုနှိုင်းမဲ့တည်ရှိမှုများစွာ ကျဆုံးခဲ့မှဖြစ်နိုင်လိမ့်မည်။


ထိုနေရာတွင် အန္တရာယ်များရှိသည်မှာ သံသယဝင်ရန်ပင်မလိုပေ။


" မင်း သွားချင်တယ်ဆိုမှတော့ ဒီဧကရီလည်း မတားတော့ပါဘူး ... သုံးရက်အကြာမှာ ဒီဧကရီက နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားတဲ့ဝင်ပေါက်ဖွင့်ပေးမယ်... မင်း အဲ့နေရာကိုတစ်ခါ ဝင်သွားပြီးတာနဲ့ မင်းရဲ့သေဆုံးခြင်း ရှင်သန်ခြင်းက မင်းကိုယ်တိုင်နဲ့ ကောင်းကင်ဘုံအပေါ်ပဲ မူတည်တော့တယ် ..."


ဧကရီ၏ စကားများကိုကြားရသည့်အခါ ခန်းမဆောင်တစ်ခုလုံး ဆူဆူညံညံဖြစ်သွားသည်။


နှစ်ပေါင်း ဘယ်လောက်တောင်ကြာခဲ့ပြီလဲ ... နောက်ထပ်ယောက်ျားတစ်ယောက်က နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားဦးမယ်ပေါ့ ...


မြင့်မြတ်အပျိုစင်က မျက်ခုံးများတွန့်ချိုးထားပြီး ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ 


ယခင်ရက်များက အမြင်အာရုံများ ပေါ်လာသည့်အတွက် သူမနှဖူးတွင် ချွေးစေးများထွက်လာကာ အသက်ရှုသံများ ပြင်းထန်လာသည်။


" ‌ဒီယောကျာ်းနဲ့ နတ်ဘုရားမမြို့တော်ရဲ့မွေးဖွားမှုက ဆက်နွယ်နေတာများလား ..."

မြင့်မြတ်အပျိုစင် ရေရွတ်လိုက်သည်။


ဧကရီဘုရင်မကသူ့ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားခွင့်ပြုလိုက်သောကြောင့် ပုဖန် စိတ်အေးသွားရသည်။


သုံးရက်ကြာရင် သွားရတော့မှာပေါ့ ...


ပုဖန် ထိုအခြေအနေက အဆင်ပြေသည်ဟုထင်လိုက်မိသည်။ ဤသုံးရက်ကို အသုံးချပြီး စနစ်၏မစ်ရှင်ကို ပြီးမြောက်ရန် ကြိုးပမ်းရမည်။


ထိုသို့တွေးပြီးနောက် ပုဖန်က ဧကရီပိလော့ကို ထူးဆန်းစွာကြည့်လိုက်သည်။ 


" ဘာဖြစ်လို့လဲ စားဖိုမှူးလေး ... ကိစ္စတစ်ခုခု ရှိသေးလား ..."

ဧကရီပိလော့က မျက်ခုံးပင့်လိုက်သည်။ ဧကရီတစ်ယောက်အနေဖြင့် ယောကျာ်းတစ်ယောက်ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားခိုင်းရသည်ကို သူမ သဘောမကျပေ။


" ဘုရင်မကို တစ်ခုလောက် တောင်းဆိုချင်သေးလို့ပါ ..."

ပုဖန် ပြောလိုက်သည်။


ဧကရီဘုရင်မက ပုဖန်ကိုစောင်းငဲ့ကြည့်ကာ စိတ်မရှည်စွာ ဖြေလိုက်သည်။

" တစ်ခုခုပြောမယ်ဆို မြန်မြန်ပြော ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ ခန်းမဆောင်တစ်ခုလုံးကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်များက ဧကရီပိလော့ပေါ်သို့ရောက်သွားပြီး ပြောလိုက်သည်။

" ကျုပ်ရဲ့ ရေခဲမုန့်က်ု ဘယ်လိုထင်ကြလဲ ..."


ရေခဲမုန့်အကြောင်း ပြောလိုက်သည်နှင့် အမျိုးသမီးများအားလုံး လျှာသပ်ကုန်ကြသည်။


" အရသာရှိတယ် ... အရမ်းအရသာရှိတယ် ..."

အားလုံး ဖြေလိုက်ကြသည်။


မာနကြီးသော ဧကရီပိလော့သည်ပင် ရေခဲမုန့်၏ အရသာကို ချီးမွမ်းသည်။


" အိုး ဘုရင်မကြီး နတ်ဘုရားမမြို့တော်မှာ ကျုပ်ရေခဲမုန့်ဆိုင်ဖွင့်ချင်ပါတယ် ...အရသာပေါင်းစုံရှိတဲ့ ရေခဲမုန့်တွေပေါ့ ... ဒါပေမဲ့ ဘုရင်မကြီးသဘောတူမှ ဖွင့်မှာပါ ..."

ပုဖန်ပြောလိုက်သည်။


သူ၏စကားကိုကြားသည်နှင့် အားလုံးထိတ်လန့်ကုန်သည်။