အပိုင်း ၁၁၄၈
Viewers 53k

အခန်း ၁၁၄၈

နွေးထွေးတာတစ်ခုခု စားချင်လား 


ပြင်းထန်သော နှင်းမုန်တိုင်းက အဆက်မပြတ်တိုက်ခတ်နေပြီး ပုဖန်၏ မျက်နှာကို နှင်းခဲများဖြင့် ရိုက်နှက်နေသကဲ့သို့ပင်။ 


ကောင်းကင်ဘုံနှင့် မြေကြီးတစ်ခုလုံး ဖြူဖွေးသော နှင်းခဲများဖြင့် ပြည့်နေကာ အမြင်အာရုံကိုပင် ဝေဝါးသွားစေနိုင်သည်။ 


ဤကဲ့သို့ နှင်းမုန်တိုင်းမျိုးက မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒနှင့် အလားသဏ္ဍာန်တူသည်။ ပုဖန်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင် နှင်းမုန်တိုင်းထဲတွင် တည်ငြိမ်စွာလမ်းလျှောက်ရန် ခက်ခဲလွန်းနေသည်။


အနည်းငယ်ပင် တသိမ့်သိမ့်တုန်သွားစေနိုင်သည်။


ပုဖန် မျက်မှောင်ကြုတ်ပြီး ရှေ့သို့ဆက်လျှောက်နေသည်။ 


မြေပေါ်မှနှင်းများက ထူထဲသောအလွှာတစ်ခုဖြစ်သည်အထိ စုပုံနေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခြေထောက်၏ တစ်ဝက်က နစ်မြုပ်နေသည်။ 


ပုဖန်၏စိတ်က အလွန်သတိကြီးသည်။ ဧကရီပိလော့၏အပြောအရ နတ်ဘုရားပျောက်ကွယ်တောင်တန်းက အန္တရာယ်များသောနေရာဖြစ်၍ ဂရုတစိုက်နှင့် နိုးနိုးကြားကြားနေရမည်ဖြစ်သည်။ ဤနေရာက တုနှိုင်းမဲ့ တည်ရှိမှုများစွာကျဆုံးခဲ့သည့်နေရာလည်းဖြစ်သည်။


ပုဖန်၏အမြင်အရ ဧကရီပိလော့က တုနှိုင်းမဲ့တည်ရှိမှုဟု ခေါ်သည့်အရာက ခွေးဘုရင်ကိုပင် မရှုံးခဲ့ပေ။ အကယ်၍ ခွေးဘုရင်၏အဆင့်ခန့် ကျင့်ကြံသူပင် သေလုနီးပါးဖြစ်နိုင်ချေရှိပါက သူသည်လည်း ခြေလှမ်းတိုင်းကို သတိထားရမည်ဖြစ်သည်။ 


ပုဖန် နှင်းမုန်တိုင်းကိုစိုက်ကြည့်ပြီး လမ်းဆက်လျှောက်လာခဲ့သည်။ သူလမ်းလျှောက်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ 


နောက်ဆုံးတွင် ခဲရာခက်ဆစ်ဖြင့် တေင်ပေါ်တက်သည့်လမ်းကို ခြေချနိုင်ခဲ့သည်။ သို့သော် ထိုလမ်းကြောင်းပေါ်တွင် ဖြည်းဖြည်းမှန်မှန်နှင့် စိတ်ရှည်စွာဆက်လျှောက်နေသညိ။


နတ်ဘုရားပျောက်ကွယ်တောင်သို့ ရောက်လာပြီးချိန်တွင်လည်း လက်ရှိတစ်စုံတစ်ယောက်၏ အရိပ်အမြွက်ကိုမျှ မမြင်ခဲ့ရပေ။ မြေပြင်ကဲ့သို့ပင် ကောင်းကင်တစ်ခုလုံးလည်း စာရွက်ကဲ့သို့ ဖြူဖွေးနေသည်။


သူ၏လက်နှင့်ခြေဖျားများလည်း အေးစက်နေသည်။ လက်နှစ်ဖက်ကို စားဖိုမှူးဝတ်စုံ၏အိတ်ကပ်ထဲ ထည့်လိုက်သည့်အချိန်မှ နွေးထွေးသွားပြီး စိတ်ခံစားချက်ပိုကောင်းလာစေသည်။


လူတစ်ယောက်က ဤကဲ့သို့ဆိုးရွားသော ရာသီဥတုတွင် တစ်ယောက်တည်းနေရပါက သူ၏စိတ်အခြေအနေက ဆိုးရွားလာနိုင်သည်။


တောင်ပေါ်တက်သည့် လမ်းကြောင်းအပေါ် ခြေချလိုက်ပြီးချိန်မှစ၍ ပုဖန် စိတ်လှုပ်ရှားလာသည်။ အနည်းဆုံး သူသွားရမည့် အရပ်မျက်နှာကို သိရှိသွားပြီဖြစ်သည်။


ရုတ်တရက် ...


ပုဖန် ခြေချလိုက်ချိန်တွင် မြေပြင်က ရုတ်တရက် အက်ကွဲသွားသဖြင့် သူ့မျက်စိကိုမှေးစင်းလိုက်မိသည်။


ဘုန်း ...


ကြေမွသွားသော ဆီးနှင်းမြေပြင်မှ လက်တစ်ဖက်ထွက်လာပြီး ပုဖန်ဆီသို့ လာနေသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်အတက်အကျများက ပုံရိပ်ယောင်ဟင်းလင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသကဲ့သို့ပင်။


ပုဖန် မျက်ခုံးပင့်လိုက်သည်။ အတွေးတစ်တစ်ခုဖြင့် သူ၏ဝိညာဉ်ပင်လယ်ထဲတွင် လှိုင်းဂယက်ထလာပြီး စွမ်းအားကြီးမားသည့် စိတ်စွမ်းအင်များ ပျံ့နှံ့လာသည်။


ခဏအကြာတွင် မဟူရာလိပ်ခုံးဒယ်အိုးက သူ့လက်ထဲတွင် ပေါ်လာသည်။ ၎င်းက ပို၍ကြီးမားလာကာ ထိုလက်တစ်ဖက်ကို ပြင်းထန်စွာရိုက်ချလိုက်သဖြင့် လက်ပိုင်ရှင်ကို အနည်းငယ် အေးခဲသွားစေသည်။ သူ၏လက်က ဒယ်အိုးကို ကွဲကြေသွားလိမ့်မယ်ဟုထင်ထားပုံရသည်။


ပွတ်တိုက်မှု၏ အကျိုးဆက်အနေဖြင့် ပုဖန်၏ပုံရိပ်က လေပေါ်ပျံဝဲသွားကာ အဝေးသို့ ကျလာသည်။ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဧရာမပုံရိပ်တစ်ခုက မြေပြင်ပေါ်သို့ ဖြေးညှင်းစွာတက်လာသည်။


နတ်ဘုရားပျောက်ကွယ်တောင်ကို ခြေချလိုက်စဉ်မှာပင် အကျပ်အတည်းအခြေအနေတစ်ခုဖြင့် ရင်ဆိုင်လိုက်ရမည်ဟု ပုဖန် မထင်ထားပုံပင်။


လက်ဖဝါးတစ်ချက်က သေလုဆဲဆဲခံစားချက် မပေးနိုင်သော်လည်း သူ့ကို စိတ်လှုပ်ရှားပြီး ကပ်ဆိုက်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရစေသည်။


ဂရား ...


ကျယ်လောင်သော မြည်ဟိန်းသံကြီးဖြင့် မျောက်ဝံကဲ့သို့သားရဲကြီးက နှင်းများအကြားမှ ပေါ်ထွက်လာသည်။ သူ၏မျက်လုံးထဲတွင် ရွှေအိုရောင်အလင်းတစ်ခု တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အမွေးများတွင် နှင်းများဖြင့်ကပ်နေသည်။


၎င်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်များ ထွက်ပေါ်လာပြီး အသက်ရှုလိုင်းတိုင်း နှာခေါင်းမှ အငွေ့များထွက်နေသည်။


၎င်းက သားရဲဧကရာဇ်ဖြစ်သည်။ ဤစွမ်းအင်များအရ ၎င်းက ကြယ်ငါးပွင့် သို့မဟုတ် ထို့ထက် မြင့်နိုင်သည်။ 


ပုဖန် အသက်ပြင်းပြင်းရှုလိုက်ပြီး သူ၏မျက်နှာက တည်ငြိမ်သည့်အသွင် ဖြစ်လာသည်။


နတ်ဘုရားပျောက်ကွယ်တောင်ကို ခြေချလိုက်ချိန်မှာပဲ ဒီလိုအခြေအနေနဲ့ ကြုံတွေ့ရတယ်ဆိုတော့ အကောင်းမြင်ဖို့ သိပ်မဖြစ်နိုင်ဘူး ...


ဒီနေရာတစ်ခုလုံးမှာ သားရဲဧကရာဇ်တွေ ရှိနေတာများလား ...


ရွှေအိုရောင်မျက်လုံးတစ်စုံက ပုဖန်၏ ကနဦးလှုပ်ရှားမှုကြောင့် ဒေါသထွက်နေပုံရပြီး စိုက်ကြည့်နေသည်။


အဖြူရောင်မျောက်ဝံ သားရဲဧကရာဇ်ကြီး ပါးစပ်ဟလိုက်သည့်အခါ ဖြူဖွေးသောသွားများ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ခြေလှမ်းတိုင်းက နှင်းများကို ပြင်းထန်စွာပြိုကျလာစေပြီး နှင်းများပြည့်နေသော ကောင်းကင်ကြီးသည်လည်း ပေါက်ကွဲထွက်လာသကဲ့သို့ပင်။


ခဏအကြာတွက် သားရဲဧကရာဇ်၏ပုံရိပ်က ပုဖန်ဆီသို့ တစ်ဟုန်ထိုးပြေးလာသည်။ ၎င်း၏အမွေးများဖြင့် လက်သီးတစ်လုံးက လေဟာနယ်ကိုပင် တွန့်ချိုးသွားစေသည်။ လက်များကိုယမ်းလျက် ဟိန်းဟောက်နေသည်မှာ ပုဖန်ကိုအသက်ပျောက်သည်အထိ ချေမွလိုသည့်ပုံပင်။


မျောက်ဝံဖြူကြီး၏ မျက်လုံးများထဲတွင် ပုဖန်၏ ဖြူဖျော့ဖျော့ခန္ဓာကိုယ်က နှင်းမုန်တိုင်းထဲမှ ထိပ်တန်းစားသောက်ဖွယ်တစ်ခု ဖြစ်နေသည်။


ပုဖန်က မျောက်ဝံဖြူကြီးကိုကြည့်လိုက်ပြီး အသက်ရှုထုတ်လိုက်သည်။ ထို့နောက် ခါးမှခါးပတ်ကိုထိလိုက်သည်။


ခဏတွင်းချင်း ကျားဟိန်းသံကြီးတစ်ခုက ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေပြီး ရုတ်တရက် ကောင်းကင်ပေါ်မှ ကျလာသည်။ 


မျောက်ဝံဖြူကြီး အေးခဲသွားသည်။ ပုဖန်ဆီသို့လာနေသည့် လက်သီးချက်က ကောင်းကင်ပေါ်မှကျလာသည့် မီးဖိုဆီသို့ ပြောင်းသွားသည်။


ပဲ့တင်သံကြီးဖြင့် မျောက်ဝံဖြူကြီးကို ကျားဖြူကောင်းကင်မီးဖိုက ရိုက်ချလိုက်သဖြင့် သူ၏ခေါင်းမှာ နှင်းတောထဲ မြုပ်သွားသည်။


ပုဖန် ဤနေရာ၌ပင် မရပ်သေးပေ။ ပါးစပ်ဟ၍ အဖြူရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ၎င်းက လှပစွာကခုန်လျက် သူ၏လက်ဖဝါးထက်တွင် ပေါလောမျောနေသည်။


မီးတောက်၏အပူချိန်က လျှို့ဝှက်ဆန်းကြယ်စွာ မြင့်တက်လျက်ရှိသည်။ ခဏတွင်းချင်းမှပင် ကောင်းကင်ပေါ်မှကျဆင်းလာသည့်နှင်းများ ရေငွေ့ပြန်ကုန်သည်။ 


အဖြူရောင်နှင်းများကိုနင်းလျက် ပုဖန်က မျောက်ဝံဖြူကြီးရှေ့တွင် ရုတ်တရက်ပေါ်လာသည်။


ဘုန်း ...


‌နှင်းထဲခေါင်းစိုက်နေသည့် မျောက်ဝံဖြူကြီးက ရုတ်တရက် ခေါင်းမော့လာပြီး ပုဖန်ကို ဟိန်းဟောက်နေသည်။


သို့ရာတွင် မီးဖိုနှင့် အရိုက်ခံထားရသဖြင့် မထနိုင်သေးပေ။ ထိုမီးဖိုက သေဆုံးခြင်းခံစားချက်ကို ယူဆောင်လာသကဲ့သို့ပင်။


သူ၏ကန့်သတ်ထားသောမှတ်ဉာဏ်ဖြင့်ဆိုလျှင် အားနည်းသောအစားအစာတစ်ခုက ရုတ်တရက်ကြီးစွမ်းအားကြီးလာခြင်းကို နားလည်နိုင်မည်မဟုတ်ပင်။


ပါးစပ်ကိုဟထားပြီး ရွှေအိုရောင်မျက်လုံးများတွင် ရက်စက်သည့် အလင်းတန်းကိုမြင်လိုက်ရသည်။


သို့သော် နောက်ထပ် မဟိန်းဟောက်မီမှာပင် ပုဖန်၏လက်က ၎င်း၏နဖူးကိုဖိထားလိုက်သည်။ သူ၏အခြားလက်တစ်ဖက်က အဖြူရောင်မီးတောက်ကိုကိုင်ပြီး အနားကပ်လာသည့်အခါ မျောက်ဝံဖြူကြီး ဆွံ့အသွားသည်။


သူ၏မျက်စိရှေ့မှ တောက်လောင်နေသောအပူက မျောက်ဝံဖြူကြီး၏ မျက်လုံးများကို မှေးကျဉ်းသွားစေသည်။ 


မျောက်ဝံဖြူကြီးက မီးကို ကြောက်ရွံ့သည့်အပြင် ပုဖန်၏ မသေမျိုးမီးတောက်က သူ၏ရင်ထဲသို့ အကြောက်တရားများကို သယ်ဆောင်လာသည်။


" အချက်ခံမလား ... လမ်းပြမလား ..."

ပုဖန် တည်ငြိမ်စွာပြောလိုက်သည်။ သူစကားနေစဉ် ပါးစပ်မှအဖြူရောင်အပူငွေ့များ ထွက်ပေါ်လာသည်။ နှင်းမုန်တိုင်းတိုက်နေသည့်အတွက် စကားပြောရန် ပျင်းလွန်းနေသည်။


မျောက်ဝံဖြူကြီးက ပုဖန်ကိုကြည့်ပြီး မျက်လုံးများ မှေးကျဉ်းသွားသည်။


ပုဖန်၏မီးတောက်က နီးကပ်လာသည်နှင့်အမျှ မျောက်ဝံဖြူကြီး၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး ညည်းတွားလိုက်သည်။


ဘုတ် ...


ရုတ်တရက် သူ၏ခေါင်းကို‌နှင်းထဲမြှုပ်လိုက်ပြီး သေချင်ယောင်ဆောင်နေသည်။


သေချင်ယောင်ဆောင်နေသည့် မျောက်ဝံဖြူကြီးကိုကြည့်ကာ ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


အတွေးတစ်ချက်ဖြင့် သူ၏လက်ထဲတွင် ဝိညာဉ်သားရဲအသားတစ်တုံး ပေါ်လာသည်။ ထိုအသားကို လွင့်မျောနေသော မီးတောက်အထက်သို့ ပစ်လိုက်သည်။ 


ချက်ချင်းပင် တရှဲရှဲအသံများထွက်ပေါ်လာကာ အသားရနံ့တစ်ခု လေနှင့်အတူပါလာသည်။


ပုဖန်၏စိတ်စွမ်းအင်ကို ထိုအသားပတ်ပတ်လည်တွင် ရစ်ပတ်ထားလိုက်ပြီး ရွှေဝါရောင်တောက်လာသည်အထိ ကင်ထားလိုက်သည်။ အသားမှ ဆီများ နှင်းများအပေါ်စီးကျလာသည့်အတွက် တရှဲရှဲအသံများကို ကြားနေရသည်။


မျောက်ဝံဖြူကြီး၏ပုံရိပ်က တစ်ချက်လှုပ်သွားသည်။ ခေါင်းကိုတဖြည်းဖြည်းမော့လိုက်သည့်အခါ နှာခေါင်းပေါ်မှ နှင်းအပုံလိုက်ပြုတ်ကျလာသည်။ 


၎င်းက အသားကင်ကိုကြည့်ကာ ပါးစပ်ဟပြီးသွားရည်များကျလာသည်။ 


" လမ်းပြပေးမယ်ဆိုရင် အစားကောင်းကောင်းစားရမယ် ..."

ပုဖန် ပြောလိုက်သည်။


လေထဲတွင်မျောနေသည့် ရွှေဝါရောင် ဝိညာဉ်သားရဲအသားကို ချက်ပြုတ်နေသကဲ့သို့ လေထဲတွင် အဆက်မပြတ်လှည့်နေသည်။ 


၎င်း၏ရနံ့က နှာဖျားကိုကျီစယ်နေသည်။


မကြာမီတွင် မျောက်ဝံဖြူကြီးက အစားအသောက်ပေါ်တွင် ရှုံးနိမ့်သွားသဖြင့် ခေါင်းငြိမ့်လိုက်သည်။


" ကောင်းပြီ လိမ္မာတယ် ..."


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ လက်ဖြင့်တစ်ချက်တောက်လိုက်သည့်အခါ အသားကင်က မျောက်ဝံဖြူကြီးဆီသို့ ပျံဝဲသွားသည်။


မျောက်ဝံဖြူကြီးက ပျော်ရွှင်စွာစားနေသဖြင့် တဂျွတ်ဂျွတ် ဝါးသံများထွက်ပေါ်နေသည်။


ပုဖန် ကျားဖြူကောင်းကင်ဒယ်အိုးကို ပြန်သိမ်းလိုက်သည်ာ လက်ပိုက်ကာ မျောက်ဝံဖြူကြီးကို တည်ငြိမ်စွာ ကြည့်နေသည်။


အသက်စမ်းရေကို ရှာရန်အတွက် နတ်ဘုရားပျောက်ကွယ်တောင်ကို သွားရာတွင် လမ်းပြတစ်ယောက်လိုအပ်သည်။ တောင်က အလွန်ကြီးမားသဖြင့် ကိုယ်တိုင်ရှာဖွေနေပါက အချိန်ဖြုန်းသည်သာဖြစ်မည်။


မျောက်ဝံဖြူကြီးက ဗိုက်ဝသည်အထိ စားပြီးသွားသောအခါ မြေပေါ်မှ နှင်းလက်တစ်ဆုပ်စာကို ကောက်ဝါးလိုက်သည်။ ထို့နောက် ပုဖန်ကို မျက်နှာချိုသွေးစွာကြည့်ပြီး အသက်ရှုလိုက်တိုင်းနှာခေါင်းမှ အဖြူရောင်မီးခိုးများ မှုတ်ထုတ်နေသည်။


အစားကောင်းစားရရင် စိတ်ကြည်သွားတာပဲ ...


အရှေ့က မျောက်ဝံဖြူကတော့ အဲ့ဒါရဲ့ သက်သေပဲ ...


" အသက်စမ်းချောင်း ဘယ်မှာရှိလဲသိလား ..."

ပုဖန်က မေးလိုက်သည်။


မျောက်ဝံဖြူကြီးက ပုဖန်စစကားကို နားလည်ပုံဖြင့် ခေါင်းငဲ့ကြည့်လိုက်သည်။


အသက်စမ်းချောင်းလား ...


ခဏတွကင်းချင်း မျောက်ဝံဖြူကြီး၏ ပါးစပ်က စက်ဝိုင်းပုံဖြစ်သွားကာ ခေါင်းငြိမ့်ပြသည်။


ပုဖန် ပျော်ရွှင်သွားသည်။

" ငါ့ကို အဲ့နေရာခေါ်သွားပေးရင် အသားကင်အများကြီးစားရမယ် ..."


အသားကင်များအကြောင်း ကြားလိုက်ရသည့်အခါ မျောက်ဝံဖြူကြီး၏ မျက်လုံးများ ချက်ချင်းအရောင်တောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များကိုယမ်းနေသည်။


ရုတ်တရက် ...


မျောက်ဝံဖြူကြီးနှင့် ပုဖန် အေးခဲသွားသည်။


လူတစ်ယောက်နှင့် သားရဲတစ်ကောင်က ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားသည့် နှင်းမုန်တိုင်းကြီး လွင့်ပြယ်သွားပြီး အေးခဲသောလေပွေများလည်း ရပ်တန့်သွားသည်။


နှင်းကျခြင်းရပ်သွားသည့်အခါ မျောက်ဝံဖြူကြီးက အသက်စမ်းချောင်းသွား လမ်ူပြမည့်ဟန်ဖြင့် ‌တစ်ဖက်သို့လှည့်၍ လမ်းလျှောက်သွားသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ 

ထင်တဲ့အတိုင်းပဲ အစားကောင်းတစ်ခုနဲ့ ‌မဖြေရှင်းနိုင်တာ ဘာမှမရှိဘူး ... တစ်ခုမရရင် နှစ်ခုနဲ့ သိမ်းသွင်းရမှာပေါ့ ...


ပုဖန် မျောက်ဝံဖြူကြီးနောက်ကို လိုက်သွားရန်ပြင်လိုက်ချိန်တွင် သူ၏မျက်လုံးများ မှေးကျဉ်းသွားသည်။


ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးသည့် မျောက်ဝံဖြူကြီးက လေထဲပျံလာသည်။


မြေပြင်ပေါ်တွင် ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာစေပြီး နှင်းများကို နေရာအနှံ့ပြန့်ကျဲသွားစေသည်။


ဧရာမချိုင့်ခွက်ကြီးတစ်ခုက ပုဖန်ရပ်နေသည့်နေရာအထိရောက်လာသည်။ ချိုင့်ခွက်ထဲတွင် မျောက်ဝံဖြူကြီး ခွေလဲနေသော ခန္ဓာကိုယ်ကြီး ရှိနေသည်။ ပူ‌နွေးနေသော အနီရောင်သွေးများက နှင်းများကိုအရောင်ဆိုးနေသည်။


မမျောက်ဝံဖြူကြီး၏ ခေါင်းပေါ်တွင် မြှားတစ်ချောင်းရှိသည်။ မြှားထိပ်တွင် မည်းနက်နေသည့် ငရဲစွမ်းအင်များ လှည့်ပတ်နေပြီး မပျောက်ကွယ်သွားသေးပေ။


ပုဖန် မျက်ခုံးပင့်လိုက်သည်။ သူ၏စိတ်စွမ်းအင် လှုပ်ရှားလာပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။


ထိုနေရာတွင် ပုံရိပ်အချို့က လေကိုဖြတ်သန်းပြီး ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။


ဦးဆောင်လာသူမှာ ဆံပင်ဖြူနှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ကျောတွင် အနက်ရောင်လေးရှည်ကြီးကိုကိုင်လာပြီး သိပ်သည်းသော ငရဲစွမ်းအင်များ ထုတ်လွှတ်နေသည်။ သူ၏နောက်တွင် ဝတ်ရုံနက်များဝတ်ဆင်ထားသည့် ကျင့်ကြံသူလေးယောက်ဖြစ်သည်။ ရှေ့မှလူနဲ့ အလားတူစွာဖြင့် ထူထဲသော ငရဲစွမ်းအင်များကို ထုတ်လွှတ်နေကြသည်။


" ဟူး ... ငါတို့ကံကောင်းတာပဲ နှင်းမုန်တိုင်းရပ်သွားတာနဲ့ သားကောင်ရှာတွေ့တယ် ..."


ခေါင်းဆောင်ဖြစ်သူ၏ တည်ကြည်သောအသံက လေထဲတွင် ပဲ့တင်နေသည်။ 


နောက်ဆုံးတွင် ထိုကျင့်ကြံသူ၏မျက်လုံးများက ပုဖန်ဆီသို့ရောက်လာသည်။ ထိုအကြည့်က ကြောက်မက်ဖွယ်ဖိအားများ ယူဆောင်လာသဖြင့် အသက်ရှုသံများပင် အေးခဲသွားမတတ်ပင်။


နတ်ဘုရားပျောက်ကွယ်တောင် ... ဒီမှာ ဘာဖြစ်လို့ တခြားလူတွေရှိနေတာလဲ ...


ကမ္ဘာမြေအကျဉ်းထောင်က လူတွေပဲလား ...


ပုဖန် သံသယဝင်လာသည်။ ဧကရီပိလော့က နတ်ဘုရားပျောက်ကွယ်တောင်တန်း၏ ဝင်ပေါက်ကို မဖွင့်ခဲ့သည်မှာ ကြာလှပြီဟု ပြောခဲ့သည်။

ဒါဆိုရင် နတ်ဘုရားပျောက်ကွယ်တောင်မှာ လူတစ်ယောက်မှ ရှိမနေသင့်ဘူးလေ ...


ဘာလို့ လူငါးယောက် ရှိနေတာလဲ ...


ပြီးတော့ အဲ့လူတွေရဲ့ ခန္ဓာကိုယ်ကနေထွက်တဲ့စွမ်းအင်တွေက ... အားအနည်းဆုံးလူတောင်မှ ကြယ်ခုနစ်ပွင့်စစ်မှန်မသေမျိုးနယ်ပယ်အဆင့် ရှိတယ် ...


သူတို့ကိုဦးဆောင်လာသည့် အသန်မာဆုံးလူ၏ ကျင့်ကြံခြင်းမှာ ချီစစ် သို့မဟုတ် လင်းတမိန်တို့ထက် နိမ့်မည်မဟုတ်ပေ။ ထိုလူက စစ်မှန်မသေမျိုးနယ်ပာ်၏ အထွဋ်အထိပ်အဆင့်ပင် ရှ်ိနိုင်သည်။


ထိုလူအုပ်စု၏ အသွင်သ‌ဏ္ဍာန်က ပုဖန်ကို အံ့အားသင့်သွားစေသည်။


လူငါးယောက်၏အကြည့်က ပုဖန်ဘက်သို့ လှည့်လာပြီး အေးစက်စွာပြုံးလိုက်ကြသည်။


သူတို့ရည်ညွှန်းသည့်သားကောင်မှာ မျောက်ဝံဖြူကြီးမဟုတ်ပဲ ပုဖန်ဖြစ်သည်။


" ကမ္ဘာမြေအကျဉ်းထောင်က တစ်ယောက်ယောက်လား ... ပြီးတော့ စားဖိုမှူးတဲ့ ... မျောက်ဝံဖြူက်ုတောင်မှ အစားအသောက်နဲ့ဆွဲဆောင်လို့ရတယ်ဆိုတော့ လုပ်ရည်ကိုင်ရည်တော့ရှိသားပဲ ..."

ကျောတွင် လေးကိုသယ်ဆောင်ထားသည့်ကျင့်ကြံသူက ရယ်လိုက်သည်။


လူငါးယောက်လုံးက ပုဖန်ကို အထင်သေးစွာကြည့်ပြီး လှောင်ပြောင်နေကြသည်။


ပုဖန်၏ ကျင့်ကြံခြင်းကို တစ်ချက်ကြည့်ရုံဖြင့် သူတို့မြင်လိုက်သည်။ သူတို့အားလုံးအတွက် ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူက ကြောက်ဖို့ပင် မထိုက်တန်ပေ။


" ခင်ဗျားတို့အားလုံးက ငရဲအကျဉ်းထောင်ကလား ..."

ဆံပင်ဖြူနှင့်ကျင့်ကြံသူငါးယောက်ကိုကြည့်ကာ ပုဖန်လေအေးကို ရှုရှိုက်လိုက်ရသည်။


ထိုလူအုပ်စုထံမှစွမ်းအင်များက သူယခင်က တွေ့ခဲ့ဖူးသည့် ဘုံကိုးပါးမျိုးနွယ်စုမှ နယ်သာစားဖိုမှူးများနှင့်တူသည်။ 


ဒါပေမဲ့ ငရဲအကျဉ်းထောင်က လူတွေက နတ်ဘုရားပျောက်ကွယ်တောင်မှာ ဘာလာလုပ်ကြတာလဲ ...


ဒီနေရာက တားမြစ်နယ်မြေမဟုတ်ဖူးလား ...


ပုဖန်၏ ခေါင်းထဲတွင် မေးခွန်းများဖြင့်သာ ပြည့်နေသော်လည်း အတွေးမလွန်တော့ပေ။


မြှားဖြင့်ပစ်ခံလိုက်ရသော မျောက်ဝံဖြူကြီးကိုကြည့်ပြီး သူ၏အမူအယာက ခက်ထန်လာသည်။ အကြောင်းအရင်းတစ်ချို့ကြောင့် ရင်ထဲတွင် ဒေါသများမြင့်တက်လာသည်။


လူငါးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သည့်လူက ပြောလိုက်သည်။

" အိုး ... ငါတို့က ငရဲအကျဉ်းထောင်ကဆိုတာသိတယ်ပေါ့ ... မင်းကင်လိုက်တဲ့အသားက ဘယ်လောက်မွှေးလဲဆိုရင် ငါတို့အခုဗိုက်ဆာလာပြီ ... ငါတို့ဗိုက်ပြည့်တဲ့အထိ အသားကင်ပေးရင် မင်းကို အသက်ရှင်ခွင့်ပေးမယ် ..."


ပုဖန်ကိုကြည့်ကာ သူတို့အားလုံး ဖြည်းညှင်းစွာလျှောက်လာသည်။ သူတို့မျက်လုံးထဲတွင် ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူက ပုရွက်ဆိတ်‌တစ်ကောင်သာဖြစ်သည်။


နတ်ဘုရားပျောက်ကွယ်တောင်မှာ ဒီလောက်ကျင့်ကြံခြင်းအဆင့်ပဲရှိတဲ့ ပုရွက်ဆိတ်တစ်ကောင် ဘာလို့ ပေါ်လာရတာလဲ ... ဘာပဲဖြစ်ဖြစ် သူတို့အတွက် အရေးမကြီးပါဘူး ... ဒီပုရွက်ဆိတ်က ဟင်းချက်တတ်တဲ့စားဖိုမှူးတစ်ယောက်ပဲကို ...


သူတို့အားလုံး နတ်ဘုရားပျောက်ကွယ်တောင်၏ အေးစက်နေသော နှင်းများကြားတွင် ရက်ပေါင်းများစွာနေခဲ့ရ၍ နွေထွေးသောအစားအစာ၏ အရသာကိုပင်မေ့နေသည်။


ပုဖန် ထွက်ပေါ်လာခြင်းက သူတို့၏ ပြဿနာကို ဖြေရှင်းပေးလိုက်သည်။


ပုဖန် ဆန္ဒရှ်ိမရှိက သူတို့နဲ့မဆိုင်ဘူး ... ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ် ပုရွက်ဆိတ်တစ်ကောင်က သူတို့ကို ငြင်းနိုင်မယ်တဲ့လား ...


ငရဲအကျဉ်းထောင်မှ လူငါးယောက်ကို ပုဖန် အေးစက်စွာကြည့်နေသည်။ သူတို့အားလုံးက သူ့ကို နံရံ တွဲလောင်းချိတ်ထားသည့်အသားတစ်တွဲကဲ့သို့ကြည့်နေသဖြင့် ပုဖန် စိတ်အနှောင့်အယှက် ဖြစ်လာသည်။


အေးခဲနေသော မျောက်ဝံဖြူကြီး၏အလောင်းကိုကြည့်ကာ ပုဖန် သက်ပြင်းချလိုက်သည်။


လက်ကိုခါလိုက်သည့်အခါ အငွေ့တထောင်းထောင်းနှင့် ‌ထစ်ချုန်းမိုးအသားလုံးများက သူ့လက်ထဲရောက်လာသည်။


ဒီလူတစ်အုပ်စုက နွေးထွေးတဲ့ အစားအစာတွေ စားချင်တာလား ...


ကောင်းပြီလေ ... သူတို့ကို လုံလုံလောက်လောက် နွေးသွားအောင် လုပ်ပေးရမယ် ...


ပုဖန်က နတ်ဘုရားပျောက်ကွယ်တောင်အကြောင်း နားမလည်ပေ။ သူသိသည်မှာ နယ်ပယ်သခင်တိထိုက်သွားယူခိုင်းသည့် အသက်စမ်းရေက နတ်ဘုရားပျောက်ကွယ်တောင်တွင် ရှိကြောင်းသာ။


ငရဲအကျဉ်းထောင်က ကျင့်ကြံသူတွေကို ဒီလိုပြိုင်ဆိုင်ခိုင်းတယ်ဆိုတော့ အသက်စမ်းရေကို ယူဖို့ပဲဖြစ်မှာ ဟုတ်တယ်မလား ... 


ပုဖန် သက်ပြင်းချလိုက်သည်။ အသက်စမ်းချောင်းမှရေကိုယူရန် အချိန်ဖြုန်းမနေသင့်တော့ဟု ခံစားလာမိသည်။


အတွေးတစ်ချက်ဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။


ပုစွန်ပိစိက ပုဖန်၏ရှေ့တွင် ပေါ်လာသည်။


ပုဖန် လက်ဆန့်ထုတ်ပြီး ပုစွန်ပိစိ၏ခေါင်းကိုထိလိုက်သည်။ ထိုအခါ ပုစွန်ပိစိက ဧရာမပုစွန်ကြီးဖြစ်သွားသည်။


ပုဖန် ပုစွန်ပိစိပေါ်တက်ပြီး ညှင်သာစွာပြောလိုက်သည်။

" ပုစွန်ပိစိ သွားကြမယ် ..."


ဘုန်း ...


ပုစွန်ပိစိ၏ ခြေချောင်းများက နှင်းများကိုဖြတ်သန်းကာ နတ်ဘုရားပျောက်ကွယ်တောင်ပေါ်သို့ အမြောက်တစ်ခုပစ်လွှတ်လိုက်သကဲ့သို့ ပြေးထွက်သွားသည်။


ခဏတွင်းချင်း ငရဲအကျဉ်းထောင်ကျင့်ကြံသူများစွာကို ကျော်ဖြတ်သွားသဖြင့် သူတို့အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။