အခန်း ၁၁၅၁
ထစ်ချုန်းမိုးအမဲသားလုံးများ စားရခြင်းကိုနှစ်သက်သည့် မြေခွေးလေး
ကျယ်လောင်သော ပေါက်ကွဲသံများထွက်ပေါ်လာသည်။
နတ်ဘုရားပျောက်ကွယ်တောင်၏အထွဋ်အထိပ် ချိုင့်ဝှမ်းထဲတွင် ...
ပုဖန်၏ခြေထောက်အောက်မှ ခုနစ်ရောင်ခြယ်ရေကန်က ပူဖောင်းများ တပွက်ပွက်ထပြီးပြောင်းလဲလာသည်။
မြေခွေးလေးက ရေကန်ထဲခုန်ချလိုက်ချိန်တွင် ကန်တစ်ခုလုံး ဂယက်ထလာသည်။
အဝေးမှ ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ အကြည့်များ မသိမသာ မှေးကျဉ်းသွားပြီး ကြောက်မက်ဖွယ်စွမ်းအင်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားမိလာကြသည်။
ဤစွမ်းအင်က ကြောက်မက်ဖွယ်ကောင်းနေသော်လည်း သူတို့ကို နောက်ပြန်မဆုတ်စေပေ။
နတ်ဘုရားပျောက်ကွယ်တောင်က သူတို့၏ လေ့ကျင့်ရေးကွင်းပြင်ဖြစ်သည်။ အကယ်၍ အာတိတ်ကြယ်စင်မြေခွေးလေးကို ဖမ်းမိခဲ့ပါက စစ်ဆေးချက်တွင် ပထမနေရာရပြီး ဆုများလည်း ရရှိနိုင်သည်။
ဤသွေးဆောင်မှုကို မည်သူမှ တောင့်မခံနိုင်ပေ။
ဤအခွင့်အရေးကိုအသုံးချပြီး ထိပ်တန်းအဆင့် ကျင့်ကြံသူများ ရောက်မလာမီ အာတိတ်ကြယ်စင်မြေခွေးကို ဖမ်းဆီးရမည်။
သူတို့၏အောက်ခြေမှ မြေပြင်က ပေါက်ကွဲထွက်လာသည်။
ငရဲအကျဉ်းထောင်ကျင့်ကြံသူအားလုံး ပုဖန်ဘက်သို့ဦးတည်ကာ ပျံသန်းလာကြသည်။ သူတို့၏ရည်ရွယ်ချက်က ပုဖန်၏ခြေထောက်အောက်မှ ခုနစ်ရောင်ခြယ်ရေကန်ထဲဆင်းကာ မြေခွေးလေးကို ဖမ်းဆီးရန်ဖြစ်သည်။
" နတ်ဘုရားပျောက်ကွယ်တောင်က တားမြစ်နယ်မြေဆိုပြီး ဒီလောက်ပဲလားကွ ... အာတိတ်ကြယ်စင်မြေခွေးကို ဒီလို လွယ်လွယ်ရှာတွေ့မယ်တောင် မထင်ထားဘူး ..."
" အားလုံးက ပြောကြတာတော့ တားမြစ်နယ်မြေတွေက ကြောက်စရာကောင်းတယ်တဲ့ ဒါပေမဲ့ ငါကတော့ ချဲ့ကားပြောနေတယ်လို့ပဲထင်တယ် ..."
" ရှုခင်းတွေ ပြောင်းသွားရုံကလွဲလို့ ဘာမှမရှိဘူးပဲ ... သူများတွေပြောနေတဲ့ ကြောက်စရာဆိုတာ ဘယ်မှာလဲ ..."
ငရဲအကျဉ်းထောင် ကျင့်ကြံသူများက ဆွေးနွေးနေစဉ် အကြည့်များက ပုဖန်ဆီသို့ရောက်လာသည်။
ဤနေရာတွင် ပုဖန်တစ်ယောက်တည်းသာ ငရဲအကျဉ်းထောင်ကျင့်ကြံသူမဟုတ်သထြင့် မျက်စိစပါးမွှေးစူးနေကြသည်။
သေချာပေါက် ဒီမျက်စိစပါးမွှေးစူးစရာကို ဖယ်ထုတ်ပစ်ရမယ် ...
တားမြစ်နယ်မြေ နတ်ဘုရားပျောက်ကွယ်တောင်ကို ကြောက်ရွံ့လေးစားရန် အားလုံးက ပြောထားသော်လည်း ဤနေရာက ထိုကျင့်ကြံသူများကို ကြောက်စရာကောင်းသည်ဟု မခံစားရစေပေ။
" အာတိတ်ကြယ်စင်မြေခွေးက ခုနစ်ရောင်ခြယ်ရေကန်ထဲမှာကွ ..."
ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ပုံရိပ်က အမြောက်ဆန်ကဲ့သို့ ရေကန်ထဲခုန်ချသွားသည်။
ရေကန်က ရုတ်တရက် ကြီးမားစွာပြောင်းလဲသွားပြီး ထိတ်လန့်ဖွယ်လှိုင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။
ခုနစ်ရောင်ခြယ်ရေကန်မှ ရေများက မျက်စိပသာဒဖြစ်စေပြီး မြင်ရသူတိုင်းကို မှင်သက်စေသည်။
ပျံသန်းလာသည့် ကျင့်ကြံသူက ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။ ခဏတွင်းချင်းမှာပင် ဧရာမလက်ဖဝါးကြီးတစ်ခုက လှိုင်းများအတွင်းမှ ဆန့်ထွက်လာသည်။
ထိုလက်ဖဝါးမှာ အလွန်ကြီးမားလှသည်။ လက်ဖဝါးထိပ်တွင် လက်သည်းချွန်ချွန်သုံးချောင်းရှိသည်။
စူးရှသော ကြောက်မက်ဖွယ်လှိုင်းများက ထိုလက်ဖဝါးမှ ပျံ့နှံ့လာပြီး ကျင့်ကြံသူ၏မျက်လုံးများကို မှေးကျဉ်းသွားစေသည်။
သူ ထွက်ပြေးချင်သော်လည်း အချိန်မမီတော့ကြောင်း သိလိုက်သည်။
လက်ဖဝါးကြီးက ငရဲအကျဉ်းထောင်မှ ကြယ်ရှစ်ပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူကို ညှစ်သတ်ပစ်လိုက်သည်။
တစ်ချက်ပဲ လှုပ်ရှားပြီး သတ်ပစ်လိုက်တာပဲ ...
ကြွင်းကျန်နေသော ဝိညာဉ်က အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသော ခန္ဓာကိုယ်မှတစ်ဆင့် ခုနစ်ရောင်ခြယ်ကန်ထဲဝင်ရောက် ပေါင်းစပ်သွားသည်။
ပုဖန်က အနီးဆုံးနေရာတွင်ရှိနေ၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ပုဖန် လေအေးကို ရှုရှိုက်လိုက်ရသည်။
ဒီရေကန်မှာ အဲ့လိုကြောက်စရာတည်ရှိမှုတစ်ခု ရှိနေတာလား ...
သူရေကန်ထဲ ရပ်နေတုန်းကကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ ...
ပုဖန်၏ ရင်ထဲတွင် ပြောပြ၍မရနိုင်အောင် ထိတ်လန့်သွားသည်။
သားရဲဧကရာဇ်များလား ... မဟုတ်သေးဘူး အထွဋ်အမြတ်အဆင့်သားရဲပဲ ...
အထွဋ်အမြတ်နယ်ပယ်ဝိညာဉ်သားရဲတစ်ကောင်ကသာလျှင် ကြယ်ရှစ်ပွင့်စစ်မှတ်မသေမျိုးနယ်ပယ်ကျင့်ကြံသူကို လက်ဖဝါးတစ်ဖက်တည်းဖြင့် တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။
ဒါက ကြယ်ကိုးပွင့် သားရဲဧကရာဇ်တစ်ကောင် လုပ်နိုင်တဲ့အရာမဟုတ်ဖူး ...
ပုဖန်၏ ခြေထောက်က ရေကန်မျက်နှာပြင်ကို ထိလိုက်ချိန်တွင် လှိုင်းဂယက်ငယ်လေးများထလာသည်။
ဝတ်ရုံရှည်ကြီးက တဖျပ်ဖျပ်လွင့်နေလျက် သူ၏ပုံရိပ်က အနောက်သို့ ပျံသန်းသွားသည်။
ရုတ်တရက် ...
ပုဖန်တုန်ယင်သွားပြီး မျက်ခုံးပင့်လိုက်သည်။
ထိုရေကန်၏ မြူးကြွသောအရောင်များ ပျောက်ကွယ်သွားသည်ကို သူမြင်လိုက်ရသည်။ ချက်ချင်းပင် ကတ္တီပါနီရောင်မျက်ဝန်းတစ်စုံက ရေမျက်နှာပြင်အောက်မှ တောက်ပလာသည်။
အဝေးတွင် ...
အခြားငရဲအကျဉ်းထောင်ကျင့်ကြံသူများက ကြောက်လန့်စွာ နောက်ဆုတ်သွားကြပြီး ထိုရေကန်ထဲကို ခြေမချရဲကြတော့ပေ။
သူတို့ အခုလေးတင် ကြောက်စရာမကောင်ူဘူးပြောနေတုန်းရှိသေးတယ် ကျင့်ကြံသူတစ်ယောက်က မျက်စိတစ်မှိတ်အတွင်း သေသွားပြီ ...
ရင်ထဲတွင် တုန်လှုပ်သွားမိကြသည်။
ရုတ်တရက် ...
ဧရာမလက်ဖဝါးကြီးက လက်ဖဝါးကို ဖြေလျော့လိုက်သည့်အခါ ကြေမွနေသော ခန္ဓာကိုယ်တစ်ခုက ရေကန်ထဲပြုတ်ကျလာသည်။
ထို့နောက် ကျန်ရှိနေသော ကျင့်ကြံသူများကိုပါ လက်ဖဝါးဖြင့် ဆက်တိုက်ပုတ်ချလိုက်သည်။
ဘုန်း ဘုန်း ဘုန်း ...
မြောက်များစွာသော လှုပ်ရှားမှုများနှင့် ငရဲစွမ်းအင်များက ကောင်းကင်ထိ တက်လာပြီးနောက် လက်ဖဝါးကို တိုက်ခိုက်ကြသည် ။ သို့သော် ထိုလက်ဖဝါးကြီးကို ထိခိုက်အောင်မလုပ်နိုင်ကြပေ။
လက်ဖဝါးက ရိုက်ချလိုက်သဖြင့် ရေကန်တစ်ပြင်လုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။
ကျင့်ကြံသူများအားလုံး လွတ်မြောက်ရန် ခက်ခဲနေကြသည်။ ထိုလက်ဖဝါး၏အောက်တွင် ပုရ်ွဆိတ်များနင်းချေသကဲ့သို့ ခြေခွခံလိုက်ရသည်။
သေဆုံးသည်အထိ ချေမွခံလိုက်ရသော်လည်း သူတို့၏ခန္ဓာကိုယ်များကို မချန်ထားခဲ့ပဲ လက်ဖဝါးကြီးက ရေကန်ထဲဆွဲချသွားသည်။
ထို့နောက်တွင် ရေကန်က ခုနစ်ရောင်ခြယ်ပြန်ဖြစ်သွားပြီး ယခင်ထက်ပို၍ သက်ဝင်လာသည်။
ဒီရေက ...
ပုဖန်၏ မျက်မှာ မည်းမှောင်သွားသည်။
များပြားသော ငရဲအကျဉ်းထောင်ကျင့်ကြံသူများ ထပ်ခါထပ်ခါ သေဆုံးနေသဖြင့် ကျန်ရှိနေသော ကျင့်ကြံသူများ သတ္တိမရှိကြတော့ပေ။ သူတို့အားလုံး တစ်ဖက်သို့လှည့်ကာ ချိုင့်ဝှမ်းသို့ ခုန်ချပြီး နတ်ဘုရားပျောက်ကွယ်တောင်ထိပ်မှ ထွက်ခွာသွားကြသည်။
ဧရာမလက်ဖဝါးကြီးက ပုဖန်ဘက် လှည့်လာသည်။
ကောင်းကင်ကို ဆုတ်ဖြဲနေသကဲ့သို့ တဝှီးဝှီးအသံများ ကြားနေရသည်။
၎င်းက ပုဖန်ကို ရိုက်ချရန်ပြင်နေသည်။
ဤလက်ဖဝါးတွင် လူတစ်ယောက်၏ စိတ်ကိုပင် ကွဲကြေသွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအား ပါဝင်နေသည်။
တစ်ချိန်တည်းမှာပင် ခြောက်ခြားဖွယ်လေပွေတစ်ခု ပေါ်လာကာ ပုဖန်ကို မြေပြင်တွင် ဖိထားရန် ပြင်နေသည်။
အင်အားကြီးသော စွမ်းအင်ကြောင့် ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်စုံက ပြင်းပြင်းထန်ထန်လွင့်နေသည်။
ဤဝိညာဥ်သားရဲက စမ်းချောင်းဝါမြစ်တွင် သွေးနဂါးကိုတွေ့စဉ်က ခံစားချက်ကို ပေးစွမ်းနေသည်။
သွေးနဂါးထက်တောင် ဒီဝိညာဉ်သားရဲက ပ်ိုပြီးကြမ်းကြုတ်နေနိုင်တယ် ...
ပုဖန် အနီရောင်စားဖိုမှူးဝတ်စုံ၏စွမ်းအားကို အသက်သွင်းလိုက်သည်။ ခဏတွင်းချင်း ငှက်တစ်ကောင်၏တွန်ကျူးသံကြီးပေါ်လာပြီး စားဖိုမှူးဝတ်ရုံက အနီရောင်ပြောင်းသွားသည်။
သူ၏နောက်တွင် မီးတောက်တောင်ပံများ ဖြန့်ကျက်ပေါ်ထွက်လာသည်။
ပုဖန် ထိုလက်ဖဝါးကို ကြည့်နေမိသည်။
ထိုလက်ဖဝါးကြီးက ရိုက်ချမည့်အချိန်တွင် ရုတ်တရက် အေးခဲသွားသည်။
လေထဲတွင် ရပ်နေပြီး သွေးများစီးကျလာသည်။
ပလုပ်ခနဲအသံဖြင့် သွေးများ မြေပြင်ပေါ် ကျနေသည်။
ဘုန်း ...
လက်ဖဝါးက နောက်ဆုတ်လိုက်ချိန်တွင် ရေများဘေးသို့ စင်သွားသည်။
ဟမ် ...
ပုဖန် အံ့အားသင့်သွားသည်။
အနီရောင်စားဖိုမှူးဝတ်စုံရဲ့ အစွမ်းကို သုံးမယ့်အချိန်မှ လက်ဖဝါးက နောက်ဆုတ်သွားတာလား ...
ဘာတွေဖြစ်ကုန်တာလဲ ...
လက်ဖဝါးက သူ့က်ိုမတိုက်ခိုက်တော့ဘူးလား ...
သူက ခံ့ညားလွန်းလို့များလား ...
ပုဖန် စိတ်ထဲတွင် ရေရွတ်နေသည်။ ထိုဝိညာဉ်သားရဲ ဘာဖြစ်နေသည်ကို သူမသိပေ။
ပွက်ခနဲအသံဖြင့် အဖြူရောင်ကျောက်စိမ်းကဲ့သို့ဖြူသည့် မြေခွေးဖြူလေးက ဧရာဝဝိညာဉ်သားရဲလက်ဖဝါးပေါ်တွင် ရပ်လိုက်သည်။
အမြှီးကို လှုပ်ခါနေချိန်တွင် မြေခွေးဖြူလေး၏ တစ်ကိုယ်လုံးမှ အလင်းများ ဖြာထွက်နေသည်။
လက်ဝဖါးကြီးနှင့် ပွတ်သပ်နေပြီးနောက် မြေခွေးဖြူလေးက အောက်သို့ခုန်ချကာ အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းပြီး ပုဖန်ဆီသို့လာနေသည်။
ဝှစ် ...
မြေခွေးဖြူလေးထွက်သွားသည်နှင့် ဧရာမလက်ဖဝါးကြီးက ရေကန်ထဲပြန်ဆင်းသွားသည်။ အချိန်တိုအတွင်း မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ အရာအားလုံး တိတ်ဆိတ်သွားသည်။
မြေခွေးလေးက ရေကန်အစပ်သို့တက်လာပြီး ရေများရွှဲရွှဲစိုနေလျက် ပုဖန်ဘေးတွင် ပေါ်လာသည်။
ပုဖန်၏ ခန္ဓာကိုယ်ဘေးတွင် တစ်ပတ်လှည့်လိုက်ကာ သူ၏ခြေထောက်တစ်ဝိုက်ကို စက်ဝိုင်းပုံလှည့်နေသည်။
၎င်းက ရုတ်တရက်ခုန်ပြီး ပုဖန်၏ပခုံးပေါ်တက်လာကာ အဖြူရောင်အမြှီးလေးကို ပုဖန်၏ မျက်နှာနှင့်ညပွတ်သပ်နေသည်။
ထိုမြေခွေးငယ်လေးက အဘယ့်ကြောင့် သူ့ကိုခင်မင်နေသည်ကို ပုဖန်နားမလည်နိုင်ဖြစ်နေသည်။
မြေခွေးလေးက လျှာထုတ်ပြီး ပုဖန်၏မျက်နှာကိုလျက်လိုက်ပြီး ပုဖန်ကို အဓိပ္ပါယ်ပါပါဖြင့်ကြည့်နေသည်။
ထိုအကြည့်ကြောင့် ပုဖန် ဆံပင်များပင်ထောင်လာသည်။
ဒီမြေခွေးက သူ့ကိုသဘောကျနေတာတော့ မဟုတ်လောက်ပါဘူးနော် ...
ပုဖန် တွေးလိုက်သည်။
မြေခွေးငယ်လေးနှင့် အကြည့်ချင်းဆုံလိုက်ချိန်တွင် ထိုအကြည့်ကို ရင်းနှီးနေသဖြင့် ပုဖန် အေးခဲသွားသည်။
သေချာဂရုတစိုက်တွေးကြည့်ရမယ်ဆိုရင် ဘယ်ဟာမဆို အစပ်ချောင်းနှင့် ညှိနှိုင်းတတ်တဲ့ လူရွှင်တော် ငရဲဘုရင်အာဟတော့မဟုတ်ဖူး ...
ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
ဒီမြေခွေးလေးက သူ့ဆီက အရသာရှိတာတစ်ခုခု စားချင်နေတာများလား ...
ပုဖန် စိတ်ထဲတစ်ချက်တွေးလိုက်ပြီး မျက်လုံးများမှေးကျဉ်းကာ အစပ်ချောင်းကို ထုတ်ယူလိုက်သည်။
အစပ်ချောင်း၏ သင်းပျံ့သောရနံ့က ပျံ့နှံ့လာသဖြင့် မြေခွေးလေးက ရှေ့တိုးလာပြီး အနံ့ခံကြည့်သည်။ ထို့နောက် လက်ဖဝါးလေးများဖြင့် နှာခေါင်းကိုအုပ်လိုက်ပြီး နောက်ဆုတ်သွားသည်။
" အိုး ... ကြည့်ရတာ အစပ်ချောင်းကို မကြိုက်ဖူးထင်တယ် ..."
ပုဖန် အစပ်ချောင်းကို ပြန်သိမ်းလိုက်ပြီး စနစ်၏သိုလှောင်အိတ်ထဲမှ စားကောင်းသောက်ဖွယ်များစွာကိုထုတ်ယူလိုက်သည်။
မြေခွေးငယ်လေးကို ကိုယ်တိုင်ရွေးခိုင်းလိုက်သည်။
ပုဖန်က ထစ်ချုန်းမိုးအမဲသားလုံးများကို ထုတ်လာသည့်အခါ မြေခွေးလေး၏မျက်လုံးများ အရောင်လက်သွားသည်။
မြေခွေးလေးက ချက်ချင်းပျံလာပြီး လက်ဖတါးများများ အမဲသားလုံးများကို ဖက်လိုက်သည်။ ထို့နောက် ပါးစပ်ဟ၍ ပါးစပ်ထဲထည့်လိုက်သည်။
ပုဖန် မှင်သက်သွားသည်။
ထို့နောက် သူ၏မျက်နှာပြောင်းလဲသွားသည်။
ဒါက ထစ်ချုန်းမိုးအမဲသားလုံးနော် ... ပေါက်ကွဲနိုင်စွမ်းက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူကိုတောင် အပြင်းအထန် ဒဏ်ရာရစေနိုင်တယ် ... အသားလုံးအနည်းငယ်နဲ့ဆို သေတောင်သေနိုင်တယ် ...
ဒီမြေခွေးလေး အဲ့ဒါကြီးကို ဒီတိုင်းမျိုချလိုက်တာလား ...
ပုဖန် မြေခွေးလေး၏ပါးစပ်ကို အမြန်ဆွဲယူလိုက်ပြီး အမဲသားလုံးများကို ထုတ်ယူရန်ပြင်လိုက်သည်။
သို့သော် ပါးစပ်ဟလိုက်သည့်အခါ အထဲတွင် ဘာမှမရှိတော့ပေ။
ဘုန်း ...
ခပ်အုပ်အုပ်အသံတစ်ခုထွက်လာသည်။
ပုဖန် ထိတ်လန့်နေစဉ်တွင် မြေခွေးလေး၏ ဗိုက်ကဖောင်းကားလာပြီး ပေါက်ကွဲသံတိုးတိုး ထွက်လာသည်။
ထို့နောက် မူလပုံစံသို့ ပြန်ရောက်သွားသည်။
မြေခွေးလေး ပါးစပ်ဟလိုက်ပြီး လေချဉ်တက်လိုက်သည့်အခါ မီးတောက်တစ်ခု ထွက်လာသည်။
သူ့ပုံစံက ထပ်စားချင်နေသလိုပဲ ...
သူ့ဗိုက်ကို အင်မော်တယ်သံမဏိနဲ့များလုပ်ထားတာလား ...
ထစ်ချုန်းမိုးအမဲသားလုံးကို စားပြီးတာတောင် ဒဏ်ရာမရဘူးပေါ့ ...
မြေခွေးငယ်လေးက ပုဖန်၏ပခုံးပေါ်တက်လာပြန်သည်။
ဒီမြေခွေးလေးက ပေါက်ကွဲတဲ့အမဲသားလုံးတွေကို စားနိုင်မယ်လို့ မထင်ထားမိဘူး ...
ပုဖန် ကိုယ်တိုင်တောင်မှ ဒီအမဲသားလုံးကို မစားရဲဘူး ...
နောက်ထပ်အသားလုံးတစ်လုံးထုတ်၍ မြေခွေးလေးကိုပေးလိုက်သည်။ ထိုမြေခွေးလေးက အသားလုံးကိုနှစ်သက်စွာကြည့်နေပြီးနောက် ကိုင်၍ အနံ့ခံနေသည်။ ထို့နောက် ပါးစပ်ဟကာ ဝါးပြီးမျိုချလိုက်သည်။
ဂလုခနဲအသံဖြင့် ဗိုက်ထဲရောက်သွားသည်။
နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်လာပြန်သည်။
ဗုံးတွေကိုစားတဲ့ မြေခွေးပါလား ...
ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
နတ်ဘုရားပျောက်ကွယ်တောင်က တကယ်ကို တစ်ခုခုပဲ ... အရေးကြီးဆုံးကတော့ ဒီမြေခွေးလေးရဲ့ ခင်မင်မှုက သူ့ကို ထူးဆန်းနေစေတယ် ...
နပေါဦး ...
ပုဖန် အေးခဲတောင့်တင်းသွားသည်။
မဟုတ်မှလွဲရော ဒီမြေခွေးလေးက နတ်ဘုရားပျောက်ကွယ်တောင်မှာ အိပ်ပျော်နေတဲ့ ကြောက်မက်ဖွယ်တည်ရှိမှုနဲ့ ဆက်နွယ်နေတာများလား ...
အဲ့ဒါကြောင့် သူ့မှာစားစရာတွေရှိတာ သိနေတာများလား ...
အဲ့လိုတွေးလိုက်မိတော့ ဖြစ်နိုင်ချေတွေ တိုးလာတယ် ...
ပုဖန် မျက်လုံးများအရောင်တောက်လာပြီး အဖြူရောင်မြေခွေးလေးကို စူးစူးရဲရဲ ကြည့်နေသဖြင့် ၎င်း၏အမွေးများပင်ထောင်လာသည်။
" ကောင်လေး ... မင်းရဲ့အမွေးဖြူလေးတွေကြောင့် မင်းကို မြေခွေးဖြူလေးလို့ခေါ်မယ် ..."
ပုဖန် လက်ဆန့်ထုတ်၍ မြေခွေးဖြူလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
မြေခွေးဖြူလေးက သဘောကျစွာဖြင့် မျက်လုံးများကိုမှေးစင်းထားသည်။
" မြေခွေးဖြူလေးက အသက်စမ်းချောင်းဘယ်မှာရှိလဲသိလား ..."
ပုဖန် ခဏတာတွေးတောပြီးနောက် အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
ဤခုနစ်ရောင်ခြယ်ရေကန်က ကျိန်းသေပေါက် အသက်စမ်းချောင်းမဖြစ်နိုင်ပေ။ ထိုနေရာက အထွဋ်အမြတ်သားရဲများ၏ ရေချိုးသည့်နေရာနှင့်ပိုတူေနသည်။
ထို့ကြောင့် အသက်စမ်းချောင်းက တစ်နေရာရာတွင်ရှိနိုင်သည်။ သို့သော် မည်သည့်နေရာတွင် ရှိနေကြောင်း ပုဖန်စဉ်းစားမရပေ။
အသက်စမ်းချောင်းလား ...
မြေခွေးဖြူလေးက ခေါင်းငုံ့၍ တွေးတောနေပြီးနောက် မြေခွေးမျက်လုံးလေးများ အရောင်တောက်လာပြီး ပုဖန်ကို ကြည့်လိုက်သည်။
၎င်းက ပုဖန်၏ပခုံးပေါ်မှခုန်ချပြီး မြေပြင်ပေါ်ဆင်းသွားသည်။
အမြှီးကိုဘယ်ညာယိမ်းလျက် ပုဖန်ကို အသက်စမ်းချောင်းဆီသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ခြေလှမ်းတစ်လှမ်းသာ လှမ်းလိုက်သည့်အချိန်တွင် ...
မြေခွေးဖြူလေး၏ အမွေးများ ထောင်တက်လာသည်။
ပုဖန်လည်း မျက်ခုံးပင့်ပြီး အဝေးကိုကြည့်လိုက်သည်။
ထိုနေရာတွင် မြူများက ဘေးတစ်ဖက်တစ်ချက်စီသို့ ရွေ့သွားကာ ပုံရိပ်နှစ်ခုပေါ်လာသည်။
ကြောက်မက်ဖွယ်စွမ်းအင်က နေရာတစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားသည်။
" နောက်ဆုံးတော့ရှာတွေ့ပြီ ..."
ကျောပေါ်တွင် ဓားရှည်သုံးချောင်းနှင့်လူက ပုဖန်ကို စိုက်ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
" နတ်ဘုရားပျောက်ကွယ်တောင်ခြေမှာ ငါတို့ငရဲအကျဉ်းထောင်ကျင့်ကြံသူတွေကိုသတ်ခဲ့တာ မင်းလား ..."
အသံအက်အက်ကြီးတစ်ခုထွက်လာပြီး ဓားရှည်တစ်ချောင်းကိုလည်း ထုတ်လိုက်သည်။
အဖြူရောင်ဆံပင်နှင့် ဝတ်ရုံနက်ဝတ်ထားသော အခြားတစ်ယောက်ထံတွင်လည်း ကြီးမြတ်သောစွမ်းအင်တစ်ခု ရှိနေသည်။
သူတို့က ပုဖန်၏ဘေးမှ မြေခွေးဖြူလေးကို ကြည့်နေကြသည်။
" အာတိတ်ကြယ်စင်မြေခွေးလည်းရှိတော့ အချိန်ကုန်သက်သာတာပေါ့ ..."
ညင်သာသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
ဝတ်ရုံနက်နှင့်လူက ဆံပင်များကို လှန်တင်ပြီးပြောလိုက်သည်။
" ငါတို့ကိုယ်ကို မိတ်ဆက်ပါရစေ ... ငါတို့နှစ်ယောက်လုံးက ဒီတစ်ကြိမ် ငရဲအကျဉ်းထောင် ကောင်းကင်ဘုံဆက်ခံသူစမ်းသပ်ချက်မှာ ဝင်ပြိုင်ကြတဲ့ လက်ရွေးစင်စမ်းသပ်ခံသူတွေပဲ ...ငါတို့က ငရဲအကျဉ်းထောင်ရဲ့ နတ်ဆိုးဓားမျိုးနွယ်က မျိုးဆက်သစ်တွေပါ ..."
ထိုလူက ပုဖန်ကိုကြည့်ကာ ပြောလိုက်သည်။
" မင်းက ငါတို့ငရဲအကျဉ်းထောင်က စမ်းသပ်ချက်ဖြေဆိုသူတွေက်ို သတ်ပစ်ခဲ့တာပဲ ... ဒီစမ်းသပ်ချက်ကို ကြီးကြပ်တဲ့ အရှင်သခင်က အရမ်းစိတ်တိုပြီး စနစ်အတိုင်းဆက်လုပ်ဖို့အတွက် မင်းကိုသတ်ဖို့ဒီကို လွှတ်လိုက်တာ မင်းအဆင်သင့်ဖြစ်ပြီလား ..."
ထိုလူက ညင်သာစွာရယ်လိုက်ပြီးနောက် ပြုံးလိုက်သည်။ ခဏအကြာတွင် ပါးစပ်ထဲလက်ထည့်ပြီး အရောင်လက်နေသည့် ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထိုဓားကို အစာအိမ်ထဲတွင် ဖွက်ထားသည့်ပုံပင်။
ဓားအလင်းတန်းက အလွန်စူးရှလွန်းသဖြင့် လေကိုပင် ပိုင်းဖြတ်နိုင်မည်ဟု ထင်ရသည်။
ရုတ်တရက် ...
ဂေ့ ...
တင်းမာနေသောအခြေအနေကို လေချဉ်တက်သံတစ်ခုက နှောင့်ယှက်လိုက်သည်။
ပုဖန် မြေခွေးဖြူလေးကို ကြည့်လိုက်သည့်အခါ မြေခွေးလေးက ပါးစပ်ဟ၍ ငရဲအကျဉ်းထောင်ကျင့်ကြံသူနှစ်ယောက်ဘက်လှည့်ထားပြီး စူးရှစွာအော်လိုက်သည်။
ဘုန်း ဘုန်း ...
ခဏတွင်းချင်း အမြောက်သံနှစ်ချက် ထွက်ပေါ်လာသည်။
ရွှေရောင်ကြယ်ပျံနှစ်ခုက ငရဲအကျဉ်းထောင် နတ်ဆိုးဓားမျိုးနွယ်စု၏ ကျင့်ကြံသူနှစ်ယောက်ထံ တစ်ဟုတ်ထိုး ပြေးဝင်သွားသည်။
ဘုန်း ...
ခဏတွင်းချင်း သူတို့ကို မီးအလင်းရောင်ဖြင့် ဖုံးလွှမ်းသွားပြီး မှိုပွင့်ပုံစံတိမ်လေး မြင့်တက်လာသည်။
မြေခွေးဖြူလေးက မျက်ခုံးများပင့်လိုက်သည်။
ပုဖန် ဆွံ့အသွားသည်။
ထစ်ချုန်းမိုးအမဲသားလုံးတွေစားပြီးတော့ မြေခွေးလေးက မြေခွေးအမြောက် ဖြစ်သွားတာများလား ...