အပိုင်း ၁၁၅၃
Viewers 53k

အခန်း ၁၁၅၃

စကားများသော ကိုးမြှီးမြေခွေးဖြူလေး


မြေခွေးဖြူလေး၏ အရှိန်ကအလွန်မြန်သည့်အတွက် အဖြူရောင်အလင်းတန်းလေးက တောနက်ထဲသို့ ခုန်ဝင်သွားသကဲ့သို့ဖြစ်နေသည်။


သို့ရာတွင် ပုဖန်၏စိတ်စွမ်းအင်က အလွန်သန်မာသည့်အတွက် မြေခွေးဖြူလေးကို လိုက်မီရန် မခက်ခဲပေ။ မကြာမီ မြေခွေးလေးကို မီသွားသည်။


လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်က ချိုင့်ဝှမ်းကို ဖြတ်သန်းလာကြသည်။


ပတ်ဝန်းကျင်ကို အကဲခတ်နေလျက် ပုဖန်အနည်းငယ်စိတ်လှုပ်ရှားနေသည်။ မြေခွေးဖြူလေးနောက် လိုက်သွားစဉ် လေထဲမှအသက်စွမ်းအင်က ပို၍ထူထပ်လာသည်။


ဤကဲ့သို့စွမ်းအင်မျိုး‌ကြောင့် အသက်စမ်းချောင်းနှင့် နီးကပ်လာကြောင်း ခံစားမိလာသည်။


နတ်ဘုရားပျောက်ကွယ်တောင်ကို ဖုံးကွယ်ထားသည့် မှော်အခင်းအကျင်းတစ်ခုရှိသည်။


အသက်စမ်းချောင်း၏ စွမ်းအင်ကို မှော်အခင်းအကျင်းဖြင့် ဖုံးလွှမ်းထား‌သဖြင့် ရှေ့သို့ဆက်တိုးလာမှသာ စွမ်းအင်ကို ခံစားမိသည်။


သာမန်အခြေအနေများအောက်တွင် အသက်စမ်းချောင်းမှ သန်မာသည့်အသက်စွမ်းအင်က နတ်ဘုရားပျောက်ကွယ်တောင်ထိပ်တစ်ခုလုံးကို လွယ်ကူစွာ ပျံ့နှံ့နေမည်သာဖြစ်သည်။


မညီညာသောလမ်းကြောင်းတစ်ခုကို ဖြတ်သန်းလာချိန်တွင် ပတ်ဝန်းကျင်မှသစ်ပင်များ ပို၍စိမ်းလန်းလာသည်။ အသက်ပြင်းပြင်းရှုလိုက်လျှင် သိပ်သည်းသောစွမ်းအင်များက နှာခေါင်းထဲဝင်လာသည်ကို ခံစားရနိုင်သည်။


၎င်းက အနည်းငယ်ချိုမြနေသဖြင့် စိတ်ကြည်လင်စေသည်။


၎င်းက အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းဖြစ်သည့် အသက်စမ်းရေဖြစ်သည်။ ၎င်းနှင့် အဆင့်တူသော မသေမျိုးသစ်ပင်ပေါက်ထက်ပင် ပို၍တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။


ရုတ်တရက် မြေခွေးလေး ရပ်တန့်သွားသည်။ အမြှီးကိုလှုပ်ရမ်းလျက် အရှေ့ဘက်မှလိုဏ်ဂူငယ်လေးကို ညွှန်ပြနေသည်။


ပုဖန် ရပ်တန့်သွားပြီး အဝေးမှထိုလိုဏ်ဂူကို ယံသယဖြင့် ကြည့်နေသည်။


လိုဏ်ဂူက အလွန်မကြီးမားသော်လည်း အတွင်းမှ ထူထပ်သော အသက်စွမ်းအင်များ ပျံ့နှံ့နေသည်။ ထို့အပြင် ဝင်ပေါက်တွင် တတောက်တောက်ကျနေသည့် အရောင်လက်သော အရည်များလည်း ရှိနေသည်။


၎င်းက အသက်စမ်းရေ၏ အဆင့်နိမ့်ပုံစံဖြစ်သည်။


ပုဖန် လိုဏ်ဂူဝသို့ လျှောက်သွား‌ပြီး အေးစပ်သော ရေစက်လေးများကို ထိကြည့်နေသည်။ ထို့နောက် သူ၏မျက်လုံးထဲ အရောင်လက်သွားသည်။


လိုဏ်ဂူအတွင်းကို ကြည့်လိုက်သည်။


ပုဖန် ညှင်သာစွာ အသက်ရှုထုတ်လိုက်ပြီး စိတ်စွမ်းအင်ကို အာရုံစိုက်နေသည်။ မကြာမီ ရေကျသံများကို ကြားလိုက်ရသည်။


အသက်စမ်းချောင်းက ဒီနေရာမှာပဲ ...


ပုဖန် အံ့အားသင့်စွာဖြင့် အလွန်ရင်ခုန်နေသည်။ မြေခွေးဖြူလေးကို ကြည့်လိုက်သည့်အခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ကြည့်နေသည်။ 


မြေခွေးဖြူလေး၏ခေါင်းကို ပွတ်လိုက်သည်။


မြေခွေးဖြူလေးက မျက်လုံးများမှေးစင်းသွားပြီး ပျော်ရွှင်စွာဖြင့် အမြှီးကို လှုပ်ရမ်းနေသည်။


ထို့နောက် ကြယ်ပျံတစ်ခုကဲ့သို့ ဂူထဲကို တစ်ဟုန်ထိုးပြေးဝင်ပြီး ပျောက်ကွယ်သွားသည်။


ပုဖန် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။ အသက်စမ်းချောင်းကို တွေ့ရှိခြင်းက ပျော်ရွှင်ရမည့်ကိစ္စတစ်ခုသာဖြစ်သည်။


မြေခွေးလေးနောက်မှလိုက်၍ လိုဏ်ဂူထဲဝင်သွားသည်။


လိုဏ်ဂူကအလွန်သေးငယ်သည့်အတွက် အတွင်းသို့ဝင်လိုပါက ပုဖန်ခါးကိုင်း၍သွားမှ ရသည်။


ဝင်လိုက်သည့်နှင့် အေးစ်ိမ့်စိမ့် ခံစားလာရသည်။


ထိုအေးစိမ့်မှုက အရိုးထဲထိ မဝင်သွားပေ။ ၎င်းက နတ်ဘုရားပျောက်ကွယ်တောင်ခြေတွင် ခံစားခဲ့ရသည့်အေးစက်မှုနှင့် လုံးဝကွာခြားသည်။


အေးစိမ့်မှုများကို တောင့်ခံလိုက်သည့်အခါ စိတ်ကြည်လင်သွားပြီး သူ၏အသက်စွမ်းအင် အဆီအနှစ်က အပြည့်အဝ ပြန်လည်ကောင်းမွန်သွားသကဲ့သို့ပင်။


အသက်စမ်းချောင်းဖြစ်ထိုက်ပါပေတယ် ... ဒီလိုစွမ်းအင်မျိုးက သူ့ကိုစိတ်လှုပ်ရှားစေတယ် ... 


အထဲတွင် မြေခွေးဖြူလေး၏အရိပ်ကို မမြင်ရတော့ပေ။


သို့ရာတွင် သူအလျင်မလိုပေ။ ၎င်းက နတ်ဘုရားပျောက်ကွယ်တောင်တွင်နေထိုင်သည့် သားရဲဖြစ်၍ လမ်းပျောက်မည်မဟုတ်ပေ။


ဤနေရာကို ခေါ်လာသည်ဖြစ်၍ မကြာခဏလာနေကျ နေရာဖြစ်ကြောင်းလည်း ထင်ရှားသည်။


လိုဏ်ဂူက အလွန်မှောင်မည်းလွန်းလှသည်။ ဂူအတွင်းသို့ ဖြာကျနေသည့် အလင်းတန်းငယ်လေးတစ်ခုကသာ အမှောင်ထုကို လင်းလက်အောင် ပြုလုပ်ပေးနေသည်။


ပုဖန်၏စွမ်းရည်နှင့် ကျင့်ကြံခြင်းအဆင့်အရ အမှောင်ထဲတွင် ကောင်းမွန်စွာမြင်နိုင်သဖြင့် တည်ငြိမ်စွာဆက်လျှောက်နေသည်။


လိုဏ်ဂူအတွင်းမှ လမ်းကြောင်းက လမ်းလျှောက်ဝင်ရန်အတွက် မလွယ်ကူပေ။ ဤနေရာမှ မြေမျက်နှာသွင်ပြင်တိုင်းက ထူးဆန်းလွန်းလှသည်။


ဤကဲ့သို့ ထူးဆန်းသောနေရာတွင်သာလျှင် ထူးခြားဆန်းပြားသည့်ရတနာဖြစ်သော အသက်စမ်းရေ ထွက်ပေါ်လာပုံရသည်။


အေးစိမ့်သောလေက ပို၍ ပြင်းထန်လာသည်။


ပုဖန်က အေးစိမ့်မှုကို အနည်းငယ်သာ ခံစားရသော်လည်း ရင်ထဲတွင် စိုးရိမ်လာသဖြင့် အရှိန်မြှင့်လိုက်သည်။


ပုဖန်၏ပခုံးပေါ်မှ ပုစွန်ပိစိက ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး မျက်လုံးဝိုင်းကြီးများက နေရာအနှံ့ကို လှည့်ပတ်ကြည့်နေသည်။


ခဏအကြာတွင် ပုစွန်ပိစိက ရွှေရောင်ကြယ်ပျံအဖြစ်ပြောင်းလဲသွား၍ ရှေ့သို့တစ်ဟုန်ထိုးပျံထွက်သွားကာ ပျောက်ကွယ်သွားသည်။


ပုဖန် ဖမ်းရန်ပြင်လိုက်သော်လည်း ၎င်း၏အရှိန်က မြန်လွန်းနေသည်။


ပုဖန် ငိုရမည်လား ရယ်ရမည်လားပင်မသိပေ။ ထိုအကောင်‌ငယ်လေးက အသက်စမ်းချောင်း၏စွမ်းအင်ကို ခံစားမိ၍ မစောင့်နိုင်တော့ပုံရသည်။


ရှေ့သို့ဆက်လျှောက်လာသည့်အခါ ကျောက်တုံးထူသောလမ်းကို ဖြတ်ကျော်နိုင်ခဲ့သည်။


မကြာမီ အမှောင်ထုက ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး အဝေးတွင် အလင်းရောင်တောက်ပလာသည်။


တောက်ပသော အဖြူရောင်အလင်းတန်းက မြင်ကွင်းထဲတွင် ပြည့်နေသည်။ အသက်စမ်းချောင်းက ရှေ့တွင် ရှိနေသည်မှာ သေချာသည်။


ပုဖန် မတွန့်ဆုတ်တော့ပဲ အရှိန်တင်လိုက်သည်။ 


တောက်ပနေသောအလင်းတန်းရှိရာ နေရာသို့ ရှေ့တိုးသွားစဉ် နေရာကလည်း ပို၍ကျယ်လာသည်ကို ခံစားမိသည်။


မြေအောက်မှ နတ်ဘုရားမမြို့တော်ကဲ့သို့ မကျယ်ဝန်းသော်လည်း ၎င်းက ဧရာမလှိုဏ်ဂူတစ်ခုဖြစ်‌ကြောင်းပြောနိုင်သည်။


ဤနေရာသို့ လာခဲ့ရသည့်ခရီးကို ပြန်လည်စဉ်းစားကြည့်ပါက ဤနေရာမှာ ခုနစ်ရောင်ခြယ်ရေကန်၏အောက်တွင် ဖြစ်နိုင်သည်။


ပုဖန် ဂူထဲတွင်ရပ်လိုက်ပြီး နေရာတစ်ဝိုက်ကို စူးစမ်းနေသည်။


သူ၏နားထဲတွင် ရေများအဆင်မပြတ် စီးကျသံများကို ကြားနေရသည်။


လိုဏ်ဂူ၏အလယ်ဗဟိုတွင် ကြီးမားသော ရေတံခွန်တစ်ခုရှိသည်။ တောက်ပနေသော အဖြူရောင်ရေများက ထိုနေရာမှစီးကျကာ ကန်ထဲသို့ရောက်သွားပြီး လှိုင်းများ တစ်ခုနှင့်တစ်ခု ထပ်နေစေသည်။


" အသက်စမ်းချောင်းပဲ ..."


ပုဖန် အသက်ရှုအေးခဲမတတ်ဖြစ်သွားပြီး ရေတံခွန်မှ အကြည့်မခွာနိုင်တော့ပေ။


ရေတံခွန်အောက်ခြေတွင် အဆက်မပြတ်မြင့်တက်နေသော စွမ်းအင်လှိုင်းများက ရေထဲသို့ စီးကျနေသည်။


ထိုစွမ်းအင်လှိုင်းများမှ ပျံ့နှံ့လာသည်က ထူထပ်သော အသက်စွမ်းအင်များဖြစ်သည်။


‌အဝေးမှ ရေကန်ထဲတွင် မြေခွေးဖြူလေးက အေးအေးဆေးဆေးပင် လှဲလျောင်းပြီး လည်ပင်းဆန့်၍ ရေကို အဆက်မပြတ်သောက်နေသည်။ 


ပုစွန်ပိစိသည်လည်း ကန်ထဲတွင် အေးအေးလူလူပင် ရေကူးနေသည်။


၎င်း၏ပုံရိပ်မှာ အနည်းငယ်အရောင်တောက်နေပြီး အသွင်ကူးပြောင်းနေသကဲ့သို့ ရွှေရောင်တောက်တောက် အလင်းတန်းများထုတ်လွှတ်နေသည်။


မြေခွေးလေးက ပုဖန်ရောက်ရှိလာမှုကို ခံစားမိသည်နှင့် ပုဖန်ကို လှမ်းခေါ်နေသကဲ့သို့ မတ်တပ်ရပ်လိုက်သည်။


ပုဖန်၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ပျော်ရွှင်မှုကို ဖော်ပြနေသည်။


ရှေ့သို့ တဖြည်းဖြည်းလျှောက်သွားသည်။


ထိုရေကန်ကို အဖြူရောင်မြူနှင်းအလွှာနှင့် ဖုံးအုပ်ထားပြီး ထိုမြူနှင်းများတွင်ပင် အသက်စွမ်းအင်များနှင့် ပြည့်နေသည်။


" နောက်ဆုံးတော့ အသက်စမ်းချောင်းကို ရှာတွေ့ခဲ့ပြီ ..."


ပုဖန် အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။


ရေကန်ဘေးသို့လာပြီး ခါးကုန်းလိုက်သည်။


ဤရေကန်က အလွန်မကြီးမားပေ။ ခုနစ်ရောင်ခြယ်ရေကန်ထက်ပင် အနည်းငယ်သေးသည်ဟု ဆိုနိုင်သည်။


ပုဖန် လက်ကိုခါလိုက်သည့်အခါ လက်ထဲတွင် ဖြူပြာရောင်ကြွေပန်းကန်လုံးတစ်လုံး ပေါ်လာသည်။


ရွှစ် ...


ထိုပန်းကန်လုံးထဲသို့ အသက်စမ်းချောင်းမှ ကြည်လင်နေသောရေများကို ထည့်လိုက်သည်။ 


ပုဖန် ရေတငုံစာသောက်လိုက်သည်။


ဂလု ...


ချိုမြအေးစက်သော အသက်စမ်းရေက ချက်ချင်းပင် ဝမ်းဗိုက်ထဲ ကျဆင်းသွားသည်။


အေးစက်မှူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။


အသက်စမ်းရေက မပူသည့်အပြင် အနည်းငယ်ပင် အေးစက်နေသေးသည်။ သို့ရာတွင် မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရအောင်ကြည်လင်ပြီး အနည်းငယ် ချိုသည်။ အချိုအရသာက သကြားကဲ့သို့မဟုတ်ပဲ သဘာဝကျစွာချိုသည့် အရသာမျိုးပင်။


အစာအိမ်ထဲသို့ ရေတစ်ငုံဝင်သွားသည့်အခါ သိပ်သည်းသော အသက်စွမ်းအင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအသက်စွမ်းအင်က ခန္ဓာကိုယ်အနှံ့ရောက်ရှိသွားပြီး ပုဖန်၏ ခန္ဓာကိုယ်မှ ဆဲလ်တိုင်းကို အားဖြည့်ပေးနေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


အသက်စမ်းရေက တကယ်ကောင်းတာပဲ ...


ဒီဟာစနစ်ကပေးထားတဲ့ နွေဦးစမ်းရေထက်တောင် ကောင်းသေးတယ် ...


ထူထပ်သာ့် အသက်စွမ်းအင်ကြောင့် ပုဖန်၏ တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရသည်။


သေချာပေါက် အထင်မှားခြင်းပဲပေါ့ ...


သို့သော် ဤကဲ့သို့အသက်စွမ်းအင်မျိုးက ပုဖန်ကို အနည်းငယ် သံသယဝင်စေသည်။

ဒီရေက တကယ်ပဲ မသေမျိုးသစ်ပင်ကို ပြန်ရှင်သတ်စေမှာလား ...


ပုဖန် စိတ်ထဲ တစ်ချက်တွေးလိုက်သည်။


မသေမျိုးအပင်ပေါက်များက လက်ထဲတွင် ပေါ်လာသည်။ ထိုအပင်ပေါက်က နယ်ပယ်သခင်တိထိုက်ပေးထားခဲ့သည့်အရာဖြစ်သညိ။


ရေတစ်ခွက်ထပ်ခွက်ပြီး အပင်ပေါက်ကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။


ပလုပ်ခနဲအသံဖြင့် အပင်ပေါက်က ပန်းကန်လုံးအောက်ခြေထဲ ‌ရောက်သွားပြီး ပူစီဖောင်းများ ပေါ်လာသည်။


ပွက် ပွက် ...


ပူဖောင်းများ ပျောက်ကွယ်သွားသည့်အခါတွင်လည်း အပင်‌ပေါက်က လုံးဝမလှုပ်ရှားပေ။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


အတွင်မှ အပင်ပေါက်ကို ထုတ်ယူလိုက်သည်။


အပင်ပေါက်က အသက်စမ်းရေကို စုပ်ယူသွားခဲ့တယ်လေ ...


" အလုပ်မဖြစ်ဘူးလား ...ဒါဆိုရင် အပင်ပေါက်က ပြန်မရှင်နိုင်တော့ဘူးလား ..."


ပုဖန် သက်ပြင်းချလိုက်သည်။


ရုတ်တရက် ...


အသက်စမ်းရေမှ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့လာသည်ကို ခံစားမိ၍ ပုဖန် အေးခဲသွသည်။ 


သံသယဝင်စွာဖြင့် ခေါင်းမော့ပြီး အဝေးကိုကြည့်လိုက်သည်။


ထို့နောက် သိလိုက်ရသည်မှာ ...


မြူများဖုံးလွှမ်းနေသော ရေတံခွန်ထဲတွင် ရွှေအိုရောင်မျက်ဝန်းတစ်စုံ ပေါ်လာသည်။


ဟမ် ...


ပုဖန် သတိအနေအထားဖြစ်သွားပြီး စိတ်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။


သူ့ထံတွင် စားဖိုမှူးဝတ်စုံ၏အစွမ်းမရှိသဖြင့် မစွန့်စားရဲပေ။


အသက်စမ်းချောင်းမှာ တခြားဝိညာဉ်သားရဲတစ်ကောင် ရှိနေတာများလား ...


၎င်းက ပုဖန်ကို ဖိအားမပေးနေသော်လည်း စိတ်အေးလက်အေးမနေရဲပေ။


အသက်စမ်းချောင်းထဲတွင် နေနိုင်ခြင်းကပင် တစ်ဖက်မှအရာ၏ အင်အားကို ပြသနေသည်။ အသက်စမ်းရေကို နေ့တိုင်းသောက်ရုံဖြင့်ပင် သူ၏စွမ်းရည်က ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်နေနိုင်သည်။


" ဘယ်သူလဲ ..."

ပုဖန် မျက်မှောင်ကြုတ်လျက် အသံကိုမြှင့်ပြီး မေးလိုက်သည်။


သူ၏အသံက ရေတံခွတ်၏အသံထက်ပင် ကျယ်သွားပြီး လိုဏ်ဂူတစ်ခုလုံးထဲတွင် ပဲ့တင်ထပ်မေသည်။


ပုဖန်၏ စကားလုံးများ ပျောက်ကွယ်သွားပြီးနောက် ခဏတာ တိတ်ဆိတ်သွားသည်။


ထို့နောက် သားရဲဟိန်းဟောက်သံကြီး ချက်ချင်းပင် ထွက်ပေါ်လာပြီး ‌လေပွေတစ်ခုဖြစ်ပေါ်လာကာ ပုဖန်ကိုပင် လဲကျမတတ်ဖြစ်သွားစေသည်။ 


မြေခွေးဖြူလေးက ရေကန်၏ဘေးတွင် လှဲနေသည်။


ဘုန်း ...


မြူနှင်းများက ချက်ချင်းပျောက်ကွယ်သွားသည်။


ရေထဲမှ ရွှေအိုရောင်မျက်လုံးများပိုင်ရှင်ကို ပုဖန်မြင်လိုက်ရသည်။


ပုဖန်၏မျက်လုံးများ မှေးစင်းသွားကာ လေအေးကို ရှုရှိုက်လိုက်ရသည်။


အဘယ့်ကြောင့်ဆိုသော် အသက်စမ်းရေ၏ မျက်နှာပြင်ပေါ်တွင် ရပ်နေသည်မှာ ဧရာမမြေခွေးဖြူကြီး ဖြစ်နေသောကြောင့်ပင်။


မြေခွေးဖြူကြီးက ဆယ်မီတာခန့်အထိမြင့်ကာ လိုဏ်ဂူထိပ်ကိုပင် ထိနေသည်။


ယခင်က လှဲနေသောကြောင့် မမြင်လိုက်ရသော်လည်း မတ်တပ်ရပ်လိုက်သည့်အခါမှ သူ၏ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။


မြေ‌ခွေးဖြူကြီး၏ပုံရိပ်က တောက်ပနေပြီး အလွန်စွမ်းအားကြီးလျက် ညှို့ယူဖမ်းစားမှုများဖြင့် ပြည့်နေသည်။


အရေးကြီးဆုံးမှာ ...


အဖြူရောင်မြေ‌ခွေး၏ အမြှီးကိုးချောင်းလုံးက အဆက်မပြတ် ယိမ်းနွဲ့နေသည့်အတွက် မြင်ရသူတိုင်းကို ထိတ်လန့်သွားစေသည်။


မြေခွေးဖြူလေးက မြေခွေးကြီးကို မြင်သည့်အခါ တောက်ပနေသော မျက်လုံးများဖြင့် ပျံသွားသည်။


၎င်းက ကိုးမြှီးမြေခွေးကြီး၏ ခေါင်းပေါ်သို့ ခုန်တက်သွားပြီး ထိုင်စရာနေရာရွေးချယ်ကာ ခေါင်းပေါ်တွင်ပင် ထိုင်လိုက်သည်။


မြေခွေးကြီးက သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်


ဤ မြေခွေးကြီးထံမှ စွမ်းအားက အလွန်ကြီးမားလွန်းသည့်အတွက် ပုဖန် မှင်သက်နေမိသည်။ ဤသားရဲက ဝိညာဉ်သားရဲသာမက သူတော်စင်အဆင့်သားရဲဖြစ်မည်မှာ သေချာပေါက်ပင်။


ပုံပန်းသွင်ပြင်အရ ထိုမြေခွေးကြီးက မြေခွေးဖြူလေး၏ ဖခင်ဖြစ်ပုံရသည်။


‌အသက်စမ်းချောင်းရှိသည့် လိုဏ်ဂူက အဖြူရောင်မြေခွေးကြီး၏ သားရဲတွင်းဖြစ်ပုံရသည်။


‌ကိုးမြှီးမြေခွေးကြီးက ပုဖန်ဘက်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည့်ပုံပင်။


ထို့နောက် ၎င်း၏ပါးစပ်ကိုဟလိုက်သည်။


"လူသား ... မင်းက အသက်စမ်းရေကို လာရှာတာလား ... မင်းကိုယ်ပေါ်မှာ အဲ့ဒီမိန်းမရဲ့စွမ်းအင်တွေကို ခံစားမိတယ် ..."


မြေခွေးဖြူကြီး၏ပုံစံက ညင်သာပြီး အသံကလည်း ပညာရှိတစ်ယောက်၏အသံနှင့်တူသည်။


ပုဖန် အသက်ပြင်းပြင်းရှုလိုက်ပြီး စကားပြောရန်ပါးစပ်ဟလိုက်သော်လည်း မြေခွေးကြီးက ဖြတ်ပြောလိုက်သည်။


" အိုး ... အဲ့ဒီမိန်းမရဲ့စွမ်းအင်ပဲ မဟုတ်ဖူး ... တခြားရင်းနှီးနေတဲ့စွမ်းအင်တွေလည်းရှိတာပဲ ... ထူးဆန်းလိုက်တာ ... ဒီလိုစွမ်းရည်နဲ့ အားနည်းတဲ့ လူသားတစ်ယောက်က အဲ့လိုစွမ်းအင်တွေအများကြီးနေတယ်ပေါ့ ... ဘယ်သူရှိနေသေးလဲ တွေးကြည့်ပါရစေ ..."


" ထားလိုက်ပါတော့ ... ငါ့ရဲ့ဦးနှောက်က အရင်လိုမျိုး ကြည်ကြည်လင်လင် မရှိတော့ဘူး ... အဲ့တော့ ဘာကိုမှ မမှတ်မိနိုင်တော့ဘူး ... ဒါပေမဲ့ လူသား ငါ့သမီးလေးက မင်းနဲ့ ဆက်ဆံရေးပြေလည်ပုံရတယ် ...မင်း သူမကို ခေါ်သွားချင်နေတာလား ... ငါသတိပေးလိုက်မယ် ငါ့သမီးလေးက သုံးနှစ်ပဲရှိသေးတာ ဘာကိုမှနားမလည်သေးဘူး ... လူသားတွေက စက်ဆုပ်သရာကောင်းတယ် ... မင်း သူမကို မခေါ်သွားသင့်ဘူး ..."


" ဟမ် ... မင်းရဲ့ ကိုယ်ပေါ်က ယဇ်ပူဇော်ဟင်းလျာတွေရဲ့ အနံ့လည်းရတယ် ... တခြားအရာတွေကောပဲ ..."


" အိုး ... ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ချက်တွေက အတော်လေး ..."


…..


ပုဖန် အသက်စမ်းချောင်းရှေ့တွင်ရပ်နေသော ကိုးမြှီးမြေခွေးကြီးကို ဆွံ့အစွာကြည့်နေမိသည်။ တစ်ဖက်လူက သူ့ကို ဂရုပင်မစိုက်ပဲ တစ်ယောက်တည်း စာဖတ်သကဲ့သို့ရေရွတ်နေသည်ကို သူသဘောပေါက်သွားသည်။


ဒီမြေခွေးအိုကြီးက စကားကိုအမျှင်မပြတ်ပြောနေတာပဲ ...


နောက်ဆုံးတွင် ကိုးမြှီးမြေခွေးကြီး စကားပြောပြီးသွားသည်။


ထိုအခါမှ သူ၏ရွှေအ်ိုရောင်မျက်လုံးများက ပုဖန်ပေါ်သို့ရောက်လာသည်။


၎င်း၏အကြည့်က စူးရှလွန်းသဖြင့် ပုဖန်၏တစ်ကိုယ်လုံး တောင့်တင်းလာသည်။


" မင်းလက်ထဲက အပင်ပေါက်ကို ကယ်ချင်နေတာလား ...ဒါဆိုရင်တော့ အသက်စမ်းချောင်းရဲ့ မူလအစရေကို အသုံးပြုမှရမယ် ..."


" အသက်စမ်းချောင်းကရေကို မင်းရယူနိုင်ပေမယ့် ... အသက်စမ်းချောင်းရဲ့ မူလအစရေကိုတော့ ... မေ့ထားလိုက်တာ အကောင်းဆုံးပဲ ... ဒီဘဝမှာတော့ ရနိုင်မယ်မထင်ဘူး ..."


ကိုးမြှီးမြေခွေးကြီးက ပါးစပ်ဟ၍ ရိုးသားစွာပြုံးပြလိုက်သည်။


သို့သော် သူ၏သမီးလေးက ဆင်းလာချိန်တွင် ...


သူ၏ ရွှေအိုရောင်မျက်လုံးများ မှေးကျဉ်းသွားသည်။


ခဏတွင်းချင်း သူ၏မျက်လုံးထဲတွင် ဒေါသဖြင့် ပြည့်နှက်သွားသည်။


" ချီးပဲ ... ငါ့မိန်းမကို ဘယ်သူထိခိုက်အောင်လုပ်တာလဲ ..."


ကိုးမြှီးမြေခွေးက ဟိန်းသောက်လျက် အမြှီးကိုးချောင်းကို ဝှေ့ယမ်းကာ ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲ ဝင်ရောက်သွားသည်။


ထိုလေပွေကြောင့် ပုဖန်ထိတ်လန့်ပြီး ထခုန်မတတ် ဖြစ်သွားသည်။



နတ်ဘုရားပျောက်ကွယ်တောင်


ခုနစ်ရောင်ခြယ်ရေကန်ထဲတွင် ...


နှင်းကဲ့သို့ ဖြူဆွတ်နေသော အမွေးများဖြင့် မြေခွေးတစ်ကောင်က အမြှီးခြောက်ချောင်းကို ထောင်ထားသည်။ ခြောက်မြှီးမြေခွေး၏ လက်ဖဝါးတွက် သွေးများဖြင့် စိုရွှဲနေသည်။


အဖြူရောင်ခြောက်မြှီးမြေခွေး၏ရှေ့တွင် အနက်ရောင်မီးတောက်များ လွှမ်းခြုံထားသည့် ကျင့်ကြံသူတစ်ယောက် ရပ်နေသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူ၏ရှေ့တွင် လေးလံသော အနက်ရောင်ဓားတစ်ချောင်း ရှိနေသည်။ ထိုဓားပေါ်တွင် အနက်ရောင်မီးတောက်များဖြင့် တောက်ပနေသည်။