အပိုင်း ၁၁၅၉
Viewers 52k

အခန်း ၁၁၅၉

မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကြောက်ရွံ့မှု


" ပစ်မှတ်ထားတဲ့ အရောင်းပမာဏ ရရှိပြီး အချက်အပြုတ်နတ်ဘုရားဖြစ်ဖို့ ခြေလှမ်းတစ်လှမ်းတိုးလာတဲ့အတွက် ဂုဏ်ယူပါတယ် ...မစ်ရှင်အတွက်ဆုကတော့ ... စိတ်စွမ်းအင်ထိန်းချုပ်နည်းလမ်းတစ်စုံနဲ့ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါတယ် ..."


ပုဖန် မျက်လုံးဖွင့်လိုက်သည့်အခါတွင်လည်း မအံ့ဩတော့ပေ။ လိုအပ်သည့် ရောင်းအားပမာဏရရှိမည်ကို သူကြိုသိခဲ့သည်။ အမှန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးကို မသေမျိုးသစ်ပင်ကြောင့် မပိတ်ခဲ့ရပါက ဤပစ်မှတ်ထားသည့်ရောင်းအားကို ရောက်ရှိနေခဲ့မည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ နတ်ဘုရားမမြို့တော်တွင် ဖန်ဖန့်ရေခဲမုန့်ဆိုင်လေးကို ဖွင့်ပြီးသည့်နောက် သူ၏ပစ်မှတ်ကို ရရှိခါနီးသည်ကို သိရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရေခဲမုန့်ဆိုင်၏ ရောင်းအားက အလွန်မြင့်သောကြောင့်ပင်။ အခြားစားသောက်ဖွယ်ရာများထက် ရေခဲမုန့်က အမျိုးသမီးများကို ပိုဆွဲဆောင်နိုင်ခဲ့သည်။


အသက်စမ်းချောင်းနှင့် မနီးမဝေးတွင်ထိုင်နေလျက် ပုဖန် သက်ပြင်းချလိုက်သည်။


ရောင်းအားပစ်မှတ်သို့ ရောက်ရှိသွားသည်နှင့် ပုဖန်၏ ကျင့်ကြံခြင်းအခြေခံသည်လည်း တိုးလာသည်။


စနစ်၏ မျက်နှာပြင်ဘောင်ကွက်ကို ကြည့်လိုက်သည်။


( ပိုင်ရှင် : ပုဖန်


အစစ်အမှန်စွမ်းအင် ကျင့်ကြံခြင်းအဆင့် : ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးနယ်ပယ်


ချက်ပြုတ်ခြင်းစွမ်းရည် : ကြယ်ရှစ်ပွင့်


ကျွမ်းကျင်မှုများ : ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ် အဆင့် နှစ် ( ၁၀၀/၁၀၀)... ခုနစ်စင်ကြယ် အသားလွှာထွင်းထုခြင်း အဆင့် နှစ် ( ၁၀၀/၁၀၀ )... ဓားစွမ်းရည် အဆင့် တစ် အရှင်သခင်ဓားဆယ့်သုံးချက် ( ၁၃/၁၃ )...လျှာကဝေ အခင်းအကျင်း ( ၄/၆ ) ‌အင်မော်တယ် ဖြတ်တောက်ခြင်းပုံစံ ( ၁/၃ )


လက်နက်များ : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) ... မဟူရာလိပ်ခုံးဒယ်အိုး ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) အနီရောင်စားဖိုမှူးဝတ်ရုံ ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ )...ကျားဖြူကောင်းကင်ဒယ်အိုး ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ )...


ချက်ပြုတ်ခြင်း နတ်ဘုရားအဆင့် သတ်မှတ်ချက် : ပထမအဆင့် အင်မော်တယ်စားဖိုမှူး ( ပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို ထုတ်ယူနိုင်ပြီး မသေမျိုးစွမ်းအင်ကို စုဆောင်းကာ ချက်ပြုတ်မှုစွမ်းရည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်သည် )


စနစ်၏ အဆင့်သတ်မှတ်ချက် : အဆင့် လေး ( မသေမျိုးစွမ်းအင်ကို ပေါင်းစပ်နိုင်သည်။ စစ်မှန်သောစွမ်းအင် ပြောင်းလဲခြင်းအချိုးသည် 200% သို့ တိုးလာသည် )


စနစ်မှပေး‌သောဆု : စိတ်စွမ်းအင်ထိန်းချုပ်နည်းစနစ်တစ်စုံနှင့် နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းတစ်စုံ၏ အစိတ်အပိုင်းတစ်ခု )


စနစ်၏ ဘောင်ကွက်ကို ကြည့်ရှု့ပြီးသည့်အခါ ပုဖန် ပြင်ပကမ္ဘာသို့ ပြန်လာလိုက်သည်။


သတင်းအချက်အလက်အချို့ကို သူ အရေးမစိုက်နိုင်ပေ။


ပုဖန်၏ ကျင့်ကြံခြင်းက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိသွားသည်မှာ အံ့သားသင့်ဖွယ်မဟုတ်ပေ။ စနစ်၏အဆင့်တက်မြှု ဤကဲ့သို့သောအလွန်ကြီးမားသောကွာဟချက်ကို အမြဲတမ်းဖြစ်စေပြီး အချိန်ကုန်သက်သာစေသည်။ လိုအပ်သော အရောင်းပစ်မှတ်ကို ရရှ်ိနေသရွေ့ အချို့သောလူများ ဘဝတစ်သက်တာတွင် မရောက်ရှိနိုင်သော အဆင့်သို့ ရောက်ရန် အသက်ရှူတစ်ချက်ခန့်သာ အချိန်ယူရပေမည်။


အဆင့်ပိုမြင့်လာလေ သတ်မှတ်ရောင်းအားသို့ရောက်ရန် ခက်ခဲလေဖြစ်သည့်အတွက် လွယ်လွယ်မကျော်လွှားနိုင်မည်မှာ သဘာဝပင်ဖြစ်သည်။


ပုဖန် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားက ယခင်ထက်ပို၍ သန်မာလာသည်ကို ခံစားမိသည်။


အကယ်၍ သူသာ ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်တွင်သာ ယခုလက်ရှိစွမ်းအားဖြင့် ချက်ချင်းသတ်ဖြတ်ခြင်းကို ခံရနိုင်သည်။


စိတ်ထဲတွင့် ပင့်သက်ရှိုက်လိုက်ပြီးသည့်အခါမှ ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအခြေခံက အလွန်ခြိမ်းခြောက်နိုင်သည့်အဆင့်ရှိကြောင်း အမှတ်ရသွားသည်။


အကယ်၍ ပေါက်ကွဲအသားလုံးများကို အသုံးမပြုခဲ့ပါက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူများစွာကို သတ်နိုင်ခဲ့မည်မဟုတ်ပေ။


သူတကယ် ကံကောင်းသွားတာပဲ ...


ပုဖန် သက်ပြင်းချပြီး စိတ်တည်ငြိမ်အောင်နေလိုက်သည်။ 


ဤတစ်ကြိမ်အဆင့်မြှင့်ခြင်း၏ ဆုက အနည်းငယ်ထူးဆန်းသည်။ ၎င်းက ဟင်းလျာတစ်ခုမဟုတ်ပဲ စိတ်စွမ်းအင်ထိန်းချုပ်နည်းစနစ်တစ်စုံဖြစ်သည်။ 


ဆုလဒ်က အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ ပုဖန်၏ခေါင်းထဲသို့ တစ်ဟုန်ထိုးရောက်လာသည်။


ပုဖန် ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး။မျက်လုံးများ နောက်တစ်ကြိမ်ပိတ်လိုက်သည်။


သူ၏အတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သော အတက်အကျလှိုင်းများဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ကို ရေတံခွန်တစ်ခုကဲ့သို့ ဆေးချသွားသည်။


" အိုး ... ဘာပါလိမ့် ..."


သူ ဝိညာဉ်ပင်လယ်သို့ရောက်လာသည်။


ဝိညာဉ်ပင်လယ်အထက် ကောင်းကင်ယံ၌ အလင်းတန်းများ ပေါ်လာပြီး စာတန်းများ အောက်သို့ ရွေ့လျားနေသည်။


အဲဒါတွေက သူ့ရဲ့ စိတ်စွမ်းအင်ကို ထိန်းချုပ်တဲ့ နည်းစနစ်တွေလို့ ထင်ရတယ် ...


အဆင့်ပိုမြင့်လာစေ စနစ်၏ ဆုများက ပို၍ကြီးမားလာလေဖြစ်သည်ာ ထို့ကြောင့်စိတ်စွမ်းအင်ကို ထုတ်ချုပ်သောနည်းလမ်းများကို အသုံးမဝင်ဟု မထင်ခဲ့ပေ။


ခဏတာ လေ့ကျင့်ပြီးသည့်အခါ မျက်လုံးများ ပြန်ဖွင့်လိုက်သည်။


ထိုနည်းစနစ်များက ပုဖန်၏စိတ်စွမ်းအင်ကို အဆင့်မြှင့်ပေးနိုင်သည်။ ယခင်က စိတ်စွမ်းအင် ထုတ်လွှတ်နည်းကိုသိရှိပြီး ချက်ပြုတ်ရာတွင် အသုံးပြုခဲ့သော်လည်း ထိန်းချုပ်ခြင်းက အလွန်ကြမ်းတမ်းသည့်အတွက် သိမြင်နားလည်ခြင်းကလည်း အားနည်းခဲ့သည်။ ဤနည်းစနစ်များက သူ၏စိတ်စွမ်းအင်ကို စုစည်းကာ နတ်ဘုရာအာရုံခံမှုကိုပင် ရောက်ရှိသွားနိုင်သည်။ ၎င်းတို့ကိုလေ့ကျင့်ပြီးပါက သူ၏စိတ်စွမ်းအင်ကို ရန်သူများအား တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပြီး ချက်ပြုတ်ရာတွင်လည်း ပို၍အကူအညီပေးလာနိုင်မည်ဖြစ်သည်။


စိတ်စွမ်းအင်ထိန်းချုပ်နည်းများကို နတ်ဘုရားသိမြင်မှု၊ နတ်ဘုရားစိတ်ဆန္ဒနှင့် နတ်ဘုရားအာရုံခံမှုဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားသည်။


ပုဖန်၏စိတ်စွမ်းအင်က သန်မာသော်လည်း မကျစ်လျစ်ပေ။ စိတ်စွမ်းအင်ထိန်းချုပ်နည်းလမ်းများကို အဆင့်ခွဲခြားထားပုံအရ နတ်ဘုရားသိမြင်မှုအဆင့်သို့ပင် မရောက်သေးပေ။


ပုဖန် တင်ပျဉ်ခွေထိုင်လျက် သူ၏ဝိညာဉ်ပင်လယ်ထက် ကောင်းကင်ယံတွင် တောက်ပနေသည့် ကြယ်များကဲ့သို့ ရွှေရောင်စာတန်းများကို လေ့လာခဲ့သည်


၎င်းတို့ဆီမှ အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ ဝိညာဉ်ပင်လယ်ကို ရွှေရောင် မျက်နှာကျက်ကဲ့သို့ ဖုံးအုပ်ထားသည်။


ရွှေရောင်အလင်းတန်းအောက်တွင် နတ်ဘုရားအတင့်ချက်ပြုတ်ခြင်းပစ္စည်းအစုံ၏ ဝိညာဉ်များက ဝိညာဉ်ပင်လယ်တစ်ဝိုက်တွင် သီးခြားနေရာယူထားသည်။ ၎င်းတို့က အလွန်တိတ်ဆိတ်နေပုံရသည်။


အဝေးတွင် ဆူပူအုံကြွမှုကြီးတစ်ခု ရှိနေသည်။


၎င်းက ပုဖန်၏ဝိညာဉ်ပင်လယ်၏အမည်မသိအစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူ၏ဝိညာဉ်ပင်လယ်မှာ အပြည့်အဝမဖွံ့ဖြိုးသေးကြောင်း ထင်ရှားသည်။


စာသားများ ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အတက်အကျများကို ဖြန့်ကျက်နေချိန်တွင် ပုဖန်၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်းများဖြင့် တုန်ခါသွားသည်။


ရုတ်တရက် သူ၏ဝိညာဉ်ကပို၍ စုစည်းလာသည်။


သူ၏ငယ်ထိပ်မှ တစ်ခုခုထွက်ပေါ်လာသည်ကို ခံစားမိသည်။


မျက်လုံးများပိတ်ထားသော်လည်း သူ၏ပတ်ပတ်လည်မှ အရာအားလုံးကို မြင်နိုင်နေသည်။ သူ၏အမြင်အာရုံတွင်းမှ မည်သည့်အရာမျှ လွတ်မသွားပေ။ မြေကြီးပေါ်မှ ပုရွက်ဆိတ်များကိုပင် မြင်နိုင်သည်။


ပုဖန် မျက်လုံးများဖွင့်လိုက်သည်။ သူ၏အကြည့်က ဓားတစ်ချောင်းကဲ့သို့ စူးရှပြီး ကြောက်မက်ဖွယ်စွမ်းအင်များ ထွက်ပေါ်နေသည်။


အိုး ...


မြေပြင်ပေါ်တွင် လှဲလျောင်းနေသည့် ခွေးဘုရင်က ရုတ်တရက် မျက်လုံးဖွင့်ကာ ပုဖန်ကိုကြည့်လိုက်သည်။ ပုဖန်၏မျက်လုံးမှ ဖြာထွက်နေသည့်အလင်းတန်းများကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။


ဒီကောင်လေး သန်မာလာပြန်ပြီ ... 


သူ၏ ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးနယ်ပယ်စွမ်းအင်များကို ဖုံးကွယ်မထားသောကြောင့် ခွေးဘုရင်က ရှင်းလင်းစွာ အာရုံခံနိုင်သည်။


အဝေးမှ ကျောက်တုံးကြီးပေါ်တွင်ထိုင်နေသည့် ရေခဲသူတော်စင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ ပုဖန်ကို သူမ စူးစူးရဲရဲကြည့်နေသည်။


သူမရင်ခွင်ထဲမှ မြေခွေးလေးက ပုဖန်၏စွမ်းအင်ကို အာရုံခံမိသည့်အခါ ခုန်ထွက်သွားသည်။ ၎င်းက အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ပုဖန်၏ ပခုံးပေါ်ခုန်တက်ကာ ၎င်း၏မျက်နှာနှင့် ပုဖန်၏မျက်နှာကို ပွတ်သပ်နေသည်။


ပုဖန် ညင်သာစွာပြုံးလိုက်ပြီး မြေခွေးဖြူလေး၏ခေါင်းကို ပွတ်လိုက်သည်။


သူ မတ်တပ်ရပ်လိုက်သည့်အခါ အရိုးများက မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ တစ်ကြိမ် အဆင့်မြှင့်လာခဲ့ပြန်ပြီဖြစ်သည်။


ခွေးဘုရင် မျက်ဆံလှန်လိုက်သည်။ သူအိပ်နေစဉ် ပုဖန်က အဘယ့်ကြောင့် ထိုသို့ ဆူဆူညံညံဖြင့် နှောင့်ယှက်နေသည်ကို သူနားမလည်နိုင်ပေ။ 


ကိုးမြှီးမြေခွေးကြီးက သူ၏ရွှေအိုရောင်မျက်လုံးများဖြင့် ပုဖန်ကို ထိတ်လန့်စွာ ကြည့်နေသည်။


အသက်ရှုသံတစ်ချက်အတွင်း ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကို ရောက်သွားတယ်ဆိုတော့ သူက တကယ့် ဆရာကြီးပဲ ...


ရေခဲအပျိုစင်က ပုဖန်ကို အေးစက်စက် ကြည့်နေသည်။


သူမဆီကို သူလျှောက်လာသည့်အခါ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက လူတစ်ယာက်က သူမကို အပြုံးဖြင့် ချဉ်းကပ်လာသကဲ့သို့ ထင်လိုက်မိသည်။


သို့သော် ၎င်းက ထင်ယောင်ထင်မှားဖြစ်နေခြင်းသာ။


သူမ မျက်တောင်ခတ်လိုက်ချိန်တွင် သူမနှင့် ရင်းနှီးနေသည့် မျက်နှာက ပျောက်ကွယ်သွားပြီး ပုဖန်၏ မျက်နှာသေကြီးကိုသာ မြင်လိုက်ရသည်။


" မင်းက သူနဲ့တော်တော်တူတယ် ... သူ အဆင့်တက်သွားတုန်းကလည်း မင်းလိုပဲ ..."

ရေခဲသူတော်စင်က ပြောလိုက်သည်။


ပုဖန် မတုန်မလှုပ်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ယခုအခါတွင် ထိုစကားများကို သူပို၍ ကျင့်သားရလာသည်။


ရေခဲသူတော်စင်ပြောခဲ့သည့် မိတ်ဆွေဟောင်းက စနစ်၏ ယခင်ပိုင်ရှင် ဖြစ်နိုင်သည်။


သို့ရာတွင် ထိုကိစ္စက သူ့ကို အနှောင့်အယှက်မပေးပေ။ သူက ပုဖန်ဖြစ်သည့်အတွက် တခြားယောကျာ်းများနှင့် မတူပေ။


" မင်းက နတ်ဘုရားပျောက်ကွယ်တောင်ကို အသက်စမ်းရေ လာယူတာမလား ..."

ရေခဲသူတော်စင်က ကျောက်တုံးပေါ်တွင် သိမ်မွေ့စွာထိုင်ပြီး ပုဖန်ကို လှပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။


ပုဖန် ခေါင်းငြိမ့်လိုက်သည်။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မသေမျိုးသစ်ပင်ကြီးက ‌ခြောက်သွေ့စပြုနေပါပြီ ... အဲ့ဒါကြောင့် အပင်ပေါက်လေး နိုးထနိုင်ဖို့ အသက်စမ်းရေ လိုနေပါတယ် ..."

ပြောပြီးသည့်နောက် ပုဖန်က ခြောက်သွေ့ကာ အသက်မဲ့နေသည့် အပင်ပေါက်လေးကို သူမကိုပြလိုက်သည်။


ရေခဲသူတော်စင်က အပင်ပေါက်ကိုကြည့်က။ မျက်ခုံးတွန့်ချိုးလိုက်သည်။


" အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းပဲ ... အသက်စမ်းရေကို လိုအပ်တာ မထူးဆန်းတော့ပါဘူး ... မဟုတ်သေးဘူး သာမန် အသက်စမ်းရေနဲ့လည်း ပြန်ရှင်သန်လာမှာမဟုတ်ဖူး မူလအစရေကို လိုအပ်လိမ့်မယ် ..."


ရေခဲသူတော်စင်တွင် ကောင်းစွာသိမြင်နိုင်သော မျက်လုံးများရှိ၍ ပြဿနာကို တစ်ချက်တည်းကြည့်ရုံဖြင့် သိရှိသွားသည်။


အမှန်တရားမှာ သူမပြောသည့်အတိုင်းဖြစ်၍ ပုဖန် တိတ်ဆိတ်နေသည်။


ရေခဲသူတော်စင်က လက်ချောင်းများမြှောက်၍ အဝေးမှ ရေဝဲကို ညွှန်ပြလိုက်သည်။

" ဒါက အသက်စမ်းချောင်းရဲ့ မူလရင်းမြစ်ပဲ ... မင်းသာ အဲ့ဒီနေရာက မူလရေကိုယူနိုင်ရင် ငါအလကားပေးနိုင်တယ် ..."


ပုဖန် ခဏရပ်တန့်သွားသည်။ ရေခဲသူတော်စင်က သူ့ကိုလိုက်လျောမည်ဟု မထင်ခဲ့မိပေ။


" အသက်စမ်းရေကို ဒီနေရာ သယ်လာခဲ့တာ ယောက်ျားတစ်ယောက်ပဲ ... တကယ်လို့ မင်းယူနိုင်တယ်ဆိုရင် မင်းရဲကံကြမ္မာကပေးတဲ့ အခွင့်အရေးပဲ ... ဒါပေမဲ့ တစ်ခုတော့သတိပေးမယ် ... အသက်စမ်းရေရဲ့မူလရင်းမြစ်က အဆုံးမဲ့တဲ့ အန္တရာယ်တွေပါဝင်တယ် ... မင်းသတိထားရမယ် မူလရင်းမြစ်ကိုရောက်သွားမှ မင်းဒုက္ခရောက်ရင် ငါကယ်မှာမဟုတ်ဖူး ..."


ရေခဲသူတော်စင်၏ အေးစက်သောလေသံကြောင့် ပုဖန် မျက်မှောသ်ကြုတ်သွားသည်။

.

အဝေးမှ ခွေးဘုရင်က မျက်လုံးဖွင့်ကာ ထိုနေရာသို့ စူးစမ်းစွာကြည့်နေသည်။ သူသိရ‌သရွေ့ သူသည်လည်း အသက်စမ်းရေမူလရင်းမြစ်တွင် ကြောက်မက်ဖွယ်ရာများကို မြင်တွေ့ခဲ့ရသည်။


ပုဖန်က အပင်ပေါက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။


ပခုံးပေါ်မှ မြေခွေးလေးကို ရေခဲသူတော်စင်ထံသို့ ပေးလိုက်သည်။ ထို့နောက် ခြေတစ်လှမ်းနောက်ဆုတ်ပြီး အသက်စမ်းရေ၏ မူလရင်းမြစ်ဆီသို့ တစ်ဟုန်ထိုးထွက်သွားသည်။ 


ရေခဲသူတော်စင်၊ ခွေးဘုရင်၊ ကိုးမြှီးမြေခွေးနှင့် မြေခွေးဖြူလေးတို့က သူ့ကို ကြည့်နေကြသည်။


အသက်စမ်းချောင်း၏ အန္တရာယ်က နောင်ပြောင်စရာမဟုတ်ပေ။


ပုဖန်၏ သူ၏ရည်ရွယ်ရာနေရာဆီသို့ လေထဲမှ တစ်ဆင့် လျှောက်သွားသည်။ မကြာမီ ရေဝဲဆီသို့ ချဉ်းကပ်လာသည်။


အားပြင်းသော အသက်စွမ်းအင်များက ထိုနေရာမှ အဆက်မပြတ် လျှံထွက်နေသည်။


တစ်ဖက်တွင် ရပ်နေလိုက်ပြီး အဆုံးမဲ့‌နေပုံရသည့် ရေဝဲ၏အလယ်ဗဟိုကိုကြည့်လိုက်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။


ဒါက အသက်စမ်းရေရဲ့ မူလရင်းမြစ်ဖြစ်မယ် ...


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ အသက်စွမ်းအင်များက အထွဋ်အထိပ်ကိုရောက်လာသည့်အခါ သေဆုံးခြင်းအဆီအနှစ်များနှင့် ပြည့်ဝလာသည်။ ရေဝဲထဲရှိ အသက်စွမ်းအင်များက လူသတ်စွမ်းအင် စမ်းချောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်လျက် နောက်ဆုံးတွင် ရေခဲသူတော်စင်ပြောခဲ့သော အန္တရာယ်များ၏ အဓိပ္ပါယ်ကို သူနားလည်ခဲ့သည်။


‌ကြွေပန်းကန်ပြားတစ်ချပ်ထုတ်ပြီး သူစ နတ်ဘုရားသိမြင်မှုကို ထုတ်လွှတ်လိုက်သည်။


ကြည့်ရသည်မှာ မမြင်ရသော လက်တစ်ဖက်က ပန်းကန်လုံးကိုကိုင်ကာ ရေဝဲထဲမှ မူလအစရေကို ခပ်ထုတ်နေသည်နှင့်တူသည်။


သို့ရာတွင် ပန်းကန်လုံးက ရေဝဲထဲရောက်သွားချိန်၌ ‌ကြောက်ရွံ့ဖွယ်စွမ်းအားများက ၎င်းကို အမှုန့်တစ်ခု ဖြစ်သွားစေခဲ့သည်။


ဖျက်ဆီးနိုင်သည့်အင်အားက ပုဖန်ကို ပင့်သက်ရှိုက်သွားစေသည်။ 


ဘာလို့ မူလအစရေက ကြောက်စရာကောင်းနေရတာလဲ ...


မူလရေကို သာမန်နည်းဖြင့် ထုတ်ယူရန် အနည်းငယ်ခက်ခဲပုံရသည်။


အဝေးမှ ကိုးမြှီးမြေခွေးကြီး၏ မျက်နှာတွင် ရွှင်မြူးနေသည့် အကြည့်တစ်ခုကို မြင်ရသည်။ အစောပိုင်းက သူ့ဇနီးကိုကယ်ရန် ဤနေရာကို ချန်ထားရဲသည့် အကြောင်းအရင်းတစ်ခု ရှိနေသည်။ အသက်စမ်းရေ၏ မူလရင်းမြစ်က အန္တရာယ်များဖြင့် ပြည့်နေသောကြောင့် သူ မစောင့်ကြည့်နေသော်လည်း လူအနည်းငယ်ကသာ မူလအစရေကို ရယူနိုင်သည်။


" ဒီကောင်လေးအတွက် လွယ်မယ်မထင်ဘူး ..."


ရုတ်တရက် ကိုးမြှီးမြေခွေးကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။


ရေဝဲ၏ အပြင်ဘက်တွင်ရပ်နေသော ပုဖန်က နောက်သို့တစ်လှမ်းဆုတ်ပြီး မူလရင်းမြစ်တည့်တည့်သို့ ခုန်ချသွားကာ ‌လှည့်ပတ်နေသော ရေများထဲတွင် တစ်ခဏချင်းပျောက်ကွယ်သွားသည်။


သူ လေအေးကို ရှုရှိုက်လိုက်ရသည်။


" အဲ့လူသား သေချင်နေတာလား ... သူတော်စင်ငယ်တွေတောင်မှ အသက်စမ်းရေရဲ့ မူလရင်းမြစ်ထဲကျသွားရင် အပြင်းအထန် ဒဏ်ရာရနိုင်တယ် ... ဘာလို့ သူအရမ်း စိတ်ကြီးဝင်နေတာလဲ ... သူသေသွားမှာ ‌ကျိန်းသေတယ် ...


တစ်ဖက်မှ ရေခဲသူတော်စင်နှင့် ခွေးဘုရင်တို့၏မျက်လုံးများထဲတွင် ရွှင်မြူသည့်အရိပ်အယောင်များ ပေါ်လာသည်။



ထိုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အဆုံး ကောင်းကင်ငရဲတံတားနှင့်ကပ်လျက် မြို့ရိုးကြီးတွင် ...


မဟာကြေးတံခါးကြီးက တိတ်ဆိတ်စွာရှိနေသည်။


ရုတ်တရက် ကျယ်လောင်သော တူညံသံအချို့က တံခါးအတွင်းမှပဲ့တင်ထပ်လာကာ ကျောက်တုံးကျောက်ခဲများ မြို့ရိုးပေါ်မှ ပြုတ်ကျလာသည်။


" ဖွင့်လိုက်စမ်း ..."


နတ်ဆိုးအသံကြီး ထွက်လာသည်။


ကြေးတံခါးကြီးက တကျွိကျွိအသံမြည်လာသည်။ တံခါးဆီမှ ဆူညံသံများက မြေပြင်ကိုဖြတ်သန်းသွားကာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို လှုပ်ခါလိုက်သည်။


ဂျိန်း ...


ကြေးတံခါးကြီး ဖြည်းညှင်းစွာပွင့်လာပြီး ကြောက်မက်ဖွယ်ငရဲစွမ်းအင်များက အနောက်ဘက်မှ လျှံထွက်လာသည်။


ရုတ်တရက် အရိုးများမြင်နေရသော စိမ်းပြာရောင်လက်ကြီးက မြို့တံခါးကိုဖိကာ တွန်းဖွင့်လိုက်သည်။


နားအူစေသောအသံဖြင့် ကြေးတံခါးကြီးကို ဖွင့်ချလိုက်သည့်အခါ မြို့ရိုးကိုပင် ရိုက်ခတ်သွားသည်။


ထို့နောက်တွင် ဧရာမပုံရိပ်တစ်ခုက အနက်ရောင်မြို့၏ဝင်ပေါက်မှထွက်လာသည်။ ၎င်းကရှေ့သို့ တစ်လှမ်းတိုးလာတိုင်း မြေပြင်က ပြင်းပြင်းထန်ထန်လှုပ်ခါသွားသည်။


ဝှီး ဝှီး ဝှီး ...


လေကိုဆုတ်ဖြဲလိုက်သည့်အသံများ ထပ်ခါထပ်ခါ ထွက်ပေါ်လာသည်။


ထိုပုံရိပ်ကြီး၏နောက်မှ ဝတ်ရုံနက်လွှမ်းခြုံထားသည့် ငရဲအကျဉ်းထောင်ကျင့်ကြံသူများစွာ ထွက်လာကြသည်။


ဘုန်း ...


ဧရာမပုံရိပ်ကြီးမှ ခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်တွင် ချို့ခွက်များဖြစ်သွားပြီး ကြောက်မက်ဖွယ်စွမ်းအင်များက အရပ်မျက်နှာအနှံ့ကို မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားသည်။


" နောက်ဆုံးတော့ အစီအရင်ပျက်သွားပြီ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က နူးညံ့တဲ့ပန်းပွင့်လေးတွေ ငရဲအကျဉ်းထောင်ရဲ့ ထိတ်လန့်ဖွယ်ရာတွေကို မြည်းစမ်းကြည့်‌ရတော့မယ် ..."