အပိုင်း ၁၁၆၀
Viewers 53k

အခန်း ၁၁၆၀

အသက်စမ်းချောင်းကို ထည့်ပိတ်ထားသည့် မှော်အစီအရင်


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးတွင်


အနားယူနေသည့် နယ်ပယ်သခင်တိထိုက်က ရုတ်တရက် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး မဲမှောင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။


"အရမ်းများ နောက်ကျနေပြီလား... မသေမျိုးသစ်ပင်က ပြန်လည်မရှင်သန်သေးသလို ပုဖန်ကလည်း အသက်စမ်းရေနဲ့ ပြန်မလာသေးဘူး... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နဲ့ ငရဲအကျဉ်းထောင်ကြားက အကာအကွယ်ချိတ်ပိတ်က ကျိုးပျက်သွားပြီ... အခုဆို သူတို့ဘက်က ကျင့်ကြံသူတွေကလည်း အုံလိုက်ကျင်းလိုက် ကျူးကျော်နေပြီ...."


သူ စားသောက်ဆိုင်ထဲမှ ဖြေးဖြေးချင်း လမ်းလျှောက်ထွက်လာလိုက်ပြီး တံခါးရှေ့တွင်ရပ်ကာကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဆွေးမြေ့နေပြီဖြစ်သော မသေမျိုးသစ်ပင်တွင် သစ်ရွက်တစ်ရွက်ပင်မရှိပေ။ ယခင်က သန်စွမ်းကျန်းမာလှသော မသေမျိုးသစ်ပင်က ယခုတွင် သေဆုံးနေလေပြီ။


မသေမျိုး သစ်သီးအားလုံးလည်း ပျောက်ကွယ်သွားကာ ညှိုးရော်ခြောက်သွေ့နေသော အဝါရောင်သစ်ရွက်များကသာ သစ်ကိုင်းများတွင် တွဲလွဲခိုနေပြီး လေတိုက်လိုက်သည်နှင့် ကြွေကျလုမတတ်ဖြစ်နေသည်။


စိတ်ဓာတ်ကျဖွယ်လေထုက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခွင်တွင် ပျံ့နှံ့နေသည်။


နယ်ပယ်သခင်တိထိုက်က သူ၏သွယ်လျလျလက်မောင်းကို မြှောက်လိုက်ပြီး မျက်နှာပေါ်တွင် နာကျင်နေသော အမူအယာတို့မွှန်းထုံနေသည်။ လေထုထဲတွင် အနက်ရောင်စွမ်းအင်များက စီးဆင်းနေသည့်ပုံပင်။


၎င်းက ငရဲအကျဉ်းထောင်မှ စွမ်းအင်ဖြစ်ပြီး သူ၏အရေပြားကို စူးရှစေသည်။


"ငရဲအကျဉ်းထောင်ရဲ့ စစ်တပ်ရောက်လာခဲ့ပြီ..."

နယ်ပယ်သခင် တိထိုက် ခပ်တိုးတိုးရေရွတ်လိုက်သည်။

"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အဆုံးသတ် ရောက်ရှိလာပြီပဲ..."


သူရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကောင်းကင်ပေါ်ဟစ်အော်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ စတုတ္ထအလွှာတွင် မြို့တော်သခင်မုန့်ချီက မြင့်မားသည့် အဆောက်အဦးတစ်ခုပေါ်တွင် ရပ်နေသည်။ သူမ၏ အဖြူရောင်ဝတ်ရုံက လေကြမ်းများကြောင့် တဖျပ်ဖျပ်နှင့် နားငြီးလောက်အောင် လွင့်ခါနေသည်။


ကောင်းကင်တွင် ဆက်လက်ပျံ့နှံ့နေသော အမှောင်ထုကို ကြည့်ရင်း သူမ၏ လှပသော မျက်တောင်တို့က စိတ်ဝိဉာဉ်ပင် အကြောက်တလန့်တုန်ခါသွားဟန်နှင့် ကပ်ဆိုးကြီးကျရောက်တော့မည်ဟု သိနေသည့်ဟန် တုန်ယင်နေသည်။


ငရဲအကျဉ်းထောင်မှ လူများက ကောင်းကင်ငရဲတံတားကို စတင်ဖြတ်ကျော်နေပြီဖြစ်ကြောင်း သူမသိပေသည်။


မြို့တော်သခင်ကျိုးကလည်း သူမဘေးတွင် ထွက်ပေါ်လာသည်။ သူ့မျက်လုံးများက စိတ်ဓာတ်ကျနေဟန် မှုန်မှိုင်းရီဝေနေကာ မျက်နှာကလည်း အလွန်အမင်း ဖျော့တော့နေသည်။


ကောင်းကင်ယံရှိ အမှောင်ထုက ဆက်လက် ပျံ့နှံ့နေသည်။ မသေမျိုးသစ်ပင်၏ ကာကွယ်မှုမရှိ၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အက ထိရှလွယ်သော အခြေအနေတွင် ရှိနေပေသည်။ ငရဲအကျဉ်းထောင်မှ ကျူးကျော်လာမှုကို လုံးဝခုခံနိုင်မည် မဟုတ်ပေ။


"မရဘူး.... အသက်စမ်းရေသာ မရှိရင်... မသေမျိုးသစ်ပင်ကလည်း ပြန်ရှင်လာမှာမဟုတ်ဘူး... ငါတို့တွေ ငရဲအကျဉ်းထောင်က စစ်တပ်ရဲ့ သတ်ဖြတ်ခြင်း ခံရတော့မှာပဲ..."

မုန့်ချီ ရေရွတ်လိုက်သည်။


ရုတ်တရက် ငါးလွှာရှိရာကောင်းကင်ပေါ်ကို ထိုးတက်သွားသော အလင်းတန်းတစ်ခုကို မြင်လိုက်ရ၍ မုန့်ချီရော မြို့တော်သခင်ကျိုးပါ မျက်မှောင်ကြုတ်သွားသည်။


"နယ်ပယ်သခင်မလား..."

မြို့တော်သခင်ကျိုးက ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။


နယ်ပယ်သခင် တိထိုက်ကာ ပုဖန်အတွက် အချိန်ဆွဲပေးဖို့ ငရဲအကျဉ်းထောင်က စစ်တပ်ကို ရပ်တန့်မလို့များလား....


"သွားကြစို့... ငါတို့ နယ်ပယ်သခင်ရဲ့ ပခုံးပေါ်က ဝန်ထုပ်ကို ကူညီပြီး ထမ်းပေးကြရအောင်...."

မြို့အရှင် မုန့်ချီက ငြင်ငြင်သာသာပြောလိုက်သည်။


သို့သော် သူမ၏တောင်းဆိုချက်ကို မြို့တော်သခင်ကျိုးက ငြင်းလိုက်သည်။

"မရဘူး.... မင်းဒီမှာနေနေရမယ်... ကြောက်လန့်နေတဲ့ လူတွေကို စိတ်ငြိမ်အောင် လုပ်ပေးရမှာ.. ငါပဲ နယ်ပယ်သခင်နဲ့ ပူးပေါင်းပြီး ရန်သူတွေကို ခုခံလိုက်မယ်..."


၎င်းက မုန့်ချီကို ရပ်တန့်သွားစေသည်။


"လူတွေကို စိတ်ငြိမ်အောင် လုပ်ပေးတဲ့နေရာမှာ... မင်းက ငါ့ထက် တော်တယ်လေ..."

မြို့တော်သခင်ကျိုးက မုန့်ချီကို စိုက်ကြည့်၍ ပြောလိုက်သည်။


မုန့်ချီ တိတ်ဆိတ်သွားသည်။


သူမပြောသည်ကို မစောင့်တော့ပဲ မြို့တော်သခင်ကျိုးက ရယ်ကာမောကာဖြင့် ကောင်းကင်ပေါ် ပျံတက်သွားသည်။


မုန့်ချီက အသက်ပြင်းပြင်းရှိုက်လိုက်ပြီးမှ မျက်နှာလွှဲလိုက်သည်။


အမှန်တကယ်ပင်။ သူမက လူတိုင်းကို စိတ်ငြိမ်အောင် လုပ်ပေး ပေမည်။ လူတိုင်းသာအကြောက်တရားထံ ရှုံးနိမ့်သွားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မျှော်လင့်ချက်ရှိတော့မည် မဟုတ်ချေ။



နယ်ပယ်သခင်တိထိုက်၏ ရွှေရောင်ဆံနွယ်တို့က လေလှိုင်းများကြောင့် ရှုပ်ထွေးနေသည်။


ရုတ်တရက် သူ့အနောက်ကို လှည့်ကြည့်လိုက်သောအခါ မြို့တော်သခင်ကျိုးကို မြင်လိုက်ရသည်။


"မင်းဘာလို့ ဒီကိုရောက်နေရတာလဲ..."

သူမျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။


"ကျွန်တော်က သခင့်ရဲ့ဘေးမှာ အတူတူတိုက်ပွဲဝင်ဖို့ ရောက်လာတာပါ... မုန့်ချီက လူတွေကို စိတ်ငြိမ်အောင် လုပ်ပေးနေတယ်... ဒါမှ ကျွန်တော်တို့ ရန်သူတွေကို ရဲရဲဝံ့ဝံ့တိုက်လို့ရမှာ.."

မြို့တော်သခင်ကျိုးက ပြန်ဖြေလိုက်သည်။ သူ၏လက်ချောင်းများကို အမျိုးသမီးများလို ကိုင်မထားပါက အလွန်ယောက်ျားပီသသည့်ပုံ ပေါက်နေမည်ဖြစ်သည်။


နယ်ပယ်သခင် တိထိုက်၏ နှုတ်ခမ်းထောင့်တို့ အနည်းငယ် တွန့်လိမ်သွားသည်။


"ကောင်းတာပေါ့... ဒါဆိုလည်းရန်သူတွေကို အတူတိုက်ခိုက်ကြမယ်... သူတို့ဘယ်လောက်သန်မာနေနေ သူတို့ကို သတ်ပြီး ငါတို့အတွက် လမ်းဖောက်ကြမယ်... ငါတို့တတ်နိုင်သမျှ အချိန်ဆွဲထားရမယ်... စားဖိုမှူးလေးပုဖန်က အသက်စမ်းရေနဲ့ ပြန်လာမယ်လို့ ငါယုံကြည်တယ်...."


မြို့တော်သခင်ကျိုးက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှဆက်မပြောပေ။


သူတို့နှစ်ယောက်လုံး အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ပဉ္စမအလွှာကို ပျံသန်းလိုက်ကြသည်။


ဘုန်း


ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တိမ်များကို ထွင်းဖောက်ကာ သူတို့နှစ်ယောက် ပဉ္စအလွှာကို ရောက်လာခဲ့သည်။


မြေပြင်ပေါ် ခြေချပြီးသည်နှင့် ခပ်လှမ်းလှမ်းကို ကြည့်လိုက်ကြသည်။


ခဏအကြာတွင် ပတ်ပတ်လည်ကို ကြောင်အမှင်သက်နေသော အကြည့်များဖြင့် ကြည့်လိုက်ပြီး နေရာတွင်ပင် တောင့်ခဲသွားခဲ့သည်။


လေပြင်းတစ်ချက်က သူတို့နှစ်ယောက်ကို တိုက်ခတ်သွားသည်။


သူတို့နှစ်ယောက်ကို မရေမတွက်နိုင်သော မျက်လုံးများက စိုက်ကြည့်နေကြသည်။


လေထုပင်လျှင် ရပ်တန့်သွားမယောင်ဖြစ်နေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာတွင် အနက်ရောင်ငရဲစွမ်းအင်တို့ဖြင့် ဖုံးအုပ်နေပြီဖြစ်သည်။


ပတ်ဝန်းကျင်တွင်လည်း နယ်ပယ်သခင်တိထိုက်နှင့် မြို့ဝော်သခင်ကျိုးတို့ကို ရှာတွေ့သွားပြီဖြစ်သော ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများရှိနေသည်။ သူတို့နှစ်ယောက် ထွက်လာသည်နှင့် ထိုလူများက ရွှင်မြူးနေသော အကြည့်များဖြင့် ကြည့်လာကြသည်။


ဝုန်း


မြေပြင် တုန်ခါသွားသည်။ ခဏအကြာတွင် လူအုပ်ကြီးက ကွဲထွက်သွားကာ ဧရာမပုံရိပ်ကြီးတစ်ခုက လေဟာနယ်ကိုပင် အမှုန့်ချေပစ်လိုက်နိုင်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်၍ လမ်းလျှောက်ထွက်လာသည်။


၎င်းက မီတာဒါဇင်ချီအောင် မြင့်မားသည့် လူ့ဘီလူးကြီးပင်။ သူ၏အရေပြားကမဲနယ်ရောင် ရှိပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြွက်သားများဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ရုပ်ဆိုးလှသည့် မျက်နှာပေါ်တွင် ကြက်သွေးနီရောင် မျက်လုံးတစ်စုံရှိနေပြီး မကောင်းဆိုးဝါးတစ်ကောင်လ်ိုပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ၏ လက်တစ်ဖက်က ပုံပျက်အောင် ပျက်စီးနေပြီး အရိုးများပင် ငေါထွက်နေသည်။


ဂါး


ထိုလူ့ဘီလူးကြီးက နယ်ပယ်သခင်တိထိုက်နှင့် မြို့တော်သခင်ကျိုးကို မြင်သည်နှင့် အော်ဟစ် ဟိန်းဟောက်လိုက်သည်။ ချက်ချင်းလက်ငင်းပင် သူ၏ခန္ဓာကိုယ်မှ သေစေနိုင်လောက်သည့် ဖိအားကြီး ထွက်ပေါ်လာသည်။


"စက်ဆုပ်ဖို့ကောင်းတဲ့ လူသားတွေ... ငါ့လက်ကို ဖောက်ခွဲခဲ့တာ ဘယ်သူလဲ.. သူ့ကို ငါ့ဆီခေါ်လာခဲ့စမ်း... ငါသူ့ကို့ အပိုင်းပိုင်းဖြစ်အောင် ဖြဲဆုပ်ပစ်မယ်...."

လူ့ဘီလူးကြီးက အော်ဟစ်၍ပြောလိုက်ပြီး သူ၏နက်မှောင်နေသည့် ငရဲစွမ်းအင်များက ကောင်းကင်သို့တိုင်အောင် ထိုးတက်နေသည်။


သူထုတ်လွှတ်နေသည့် စွမ်းအင်များကို ကြည့်ခြင်းဖြင် သူက သူတော်စင်ငယ်လေးဖြစ်ကြောင်း သိသာလှပေသည်။ သူတော်စင်ငယ်လေး ဖြစ်ကြောင်း သိပြီးနောက်တွင်လည်း စိတ်သက်သာရာ မရသေးပေ။ အဘယ်ကြောင့်ဆိုသော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးတွင် အသန်မာဆုံးဖြစ်သော နယ်မြေသခင်တိထိုက်ကပင် အထွန်အမြတ်အဆင့်တစ်ဝက် ကိုသာ ရောက်သေး၍ဖြစ်သည်။


သူတော်စင်ငယ်က သူ့ကို အနိုင်ယူရန်မှာ လုံလောက်သည်ထက် ပိုနေလေပြီ။



ထိုအချိန် နတ်ဘုရားပျောက်ကွယ်တောင်ထဲတွင်


များပြားလှသည့် အသက်စွမ်းအင်များက လေထဲတွင် ပျံ့နှံ့နေပြီး ရေများက သက်တန့်ရောင်ရေကန်ထဲ ကျဆင်းနေကာ မြူခိုးတို့ ဝန်းရံနေသည်။


ရေကန်ဘေးတွင် မြေခွေးကြီးတစ်ကောင်ရပ်နေပြီး ၎င်း၏ အမြှီးကိုးချောင်းကို ရမ်းခါနေသည်။ 


ကျောက်တုံးပေါ်ရှိ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမလှလေးတစ်ဦးက သူမလက်ထဲတွင် မြေခွေးလေးတစ်ကောင်ကို ကိုင်ထားသည်။ သူမနှင့် မနီးမဝေးတွင် အနက်ရောင်ခွေးဝကြီးက မြေပြင်ပေါ်တွင်လှဲလျောင်းနေပြီး ရေကန်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။


ရေကန်ထဲတွင် ရေဝဲတစ်ခုရှိသည်။ အထဲမှ အသက်စွမ်းအင်များအဆက်မပြတ် ထွက်နေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်သည့် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။


ကိုးမြှီးမြေခွေးက ထိတ်လန့်သွားသည်။

"အဲ့လူသားက ရေကန်ထဲကို ခုန်ချလိုက်တာလား... သေချင်လို့ ခုန်ချတာပဲ..."


ရေဝဲထဲရှိ ဖျက်စီးစွမ်းအားများက အလွန်အမင်း အားကောင်းလှပြီး သူတော်စင်ငယ်တစ်ယောက်ကိုပင် သတ်နိုင်လေသည်။


"သူဘာလို့ ခုန်ချလိုက်တာလဲ... ရူးများသွားတာလား...."


ပုဖန်က အသက်စမ်းချောင်း၏ အဖျားပိုင်းသို့ တည့်တည့်ခုန်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အနီရောင်စားဖိုမှူးဝတ်ရုံ၏ ကာကွယ်နိုင်စွမ်းက သူ့ကို သတ္တိရှိစေ၍ဖြစ်သည်။


သူ့ပတ်ပတ်လည်ရှိ အသက်စွမ်းအင်များက ဖျက်စီးစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ အသက်စွမ်းအင်များက အထွပ်အထိတ်ရောက်သောအခါ သေခြင်းတရားအဖြစ် ပြောင်းလဲသွားသည်။


အနီရောင်စားဖိုမှူးဝတ်စုံက ကြက်သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ဖျက်စီးစွမ်းအင်များကလည်း ပုဖန်၏ခန္ဓာကိုယ်ကို ဖိချေကာ နေရာတိုင်းသို့ မီးပွားတို့ လွင့်စင်နေသည်။


ပုဖန်က ဂရုမစိုက်ပဲ မနေရဲချေ။ သူ၏စိတ်စွမ်းအားကို ဂရုတစိုက်ထုတ်လွှင့်ကာ နတ်ဘုရားအာရုံဖြင့်ပတ်ဝန်းကျင်ရှိ အရာတိုင်းကို အာရုံခံနေသည်။


မကြာမီ အောက်ခြေသို့ရောက်သွားပြီး ရေပွက်သံနှင့်အတူ အောက်ပြုတ်ကျသွားသည်။


ရေကန်ထဲရှိ ရေများက အသက်စမ်းရေဖြစ်သည်။ ၎င်းက ချိုမြက လန်းဆန်းစေပြီး အသက်စွမ်းအင်များစွာ ပါဝင်နေသည်။


သို့သော် ၎င်းက ပုဖန်လိုချင်သည့် အရာမဟုတ်ပေ။


သူ ပူဖောင်းတစ်လုံးကို မှုတ်ထုတ်လိုက်ကာ အောက်ခြေကို ရေထဲမှ ငါးတစ်ကောင်လိုကူးခတ်သွားသည်။ လက်ဆန့် ခြေဆန့်ဖြင့် ကူးခန်သွားသည်။


အချိန်အတော်ကြာ ကူးခတ်ပြီးနောက်တွင် ပုဖန် အောက်ခြေသို့ ရောက်လာလေပြီ။


 ရုတ်တရက် ဘုန်းကနဲမြည်သံကြားလိုက်ရပြီး မမြင်ရသော အကာအရံတစ်ခုကို ဖြတ်ကျော်ခဲ့သလို ခံစားလိုက်ရသည်။


သူ့ကို ဝန်းရံနေသော အသက်စမ်းချောက်းက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး လှိမ့်ချလိုက်ကာ မတ်တတ်ရပ်လိုက်သည်။


အစစ်အမှန်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဝန်းရံလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ရေများကို ခြောက်သွေ့သွားစေသည်။


နေရာတစ်ခုလုံးက အသက်စမ်းရေများ ရေငွေ့ပျံ့ရာမှ ထွက်ပေါ်လာသည့် ရနံ့များဖြင့် ပြည့်နှက်နေသည်။


"ဒါက အသက်စမ်းချောင်းရဲ့ အရင်းအမြစ်ဖြစ်မယ်..."


ပုဖန် အံ့အားသင့်သွားသည်။ ရေအောက်ထဲတွင် ဤသို့သောအရာမျိုး ရှိနေမည်ဟု သူတစ်ခါမှ မထင်ခဲ့ပေ။


နေရာတစ်ခုလုံးက ကိုယ်ပိုင် ကမ္ဘာလို့ဖြစ်နေသည်။


အသက်စမ်းချောင်း၏ မူလစမ်းရေများက ဤနေရာမှ လာသည် ဖြစ်လောက်သည်။


ပုဖန် တိတ်ဆိတ်နေဆဲဖြစ်သည်။ သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် ရွှေရောင် ပုရပိုက်က အလင်းတန်းများ ထွက်ပေါ်လာသည်။


သူ၏ စိတ်စွမ်းအင်က မရေမတွက်နိုင်သော မမြင်ရသည့် လက်တန်များနှယ်ပျံ့နှံ့သွာသပြီး ဤထူးဆန်းလှသည့် နေရာမှ အရာတိုင်းကို မြင်သွားရစေသည်။


"အိုး...."


ရုတ်တရက် ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး နေရာတစ်ခုကို လှည့်ကြည့်လိုက်သည်။


သူစတင်၍ လမ်းလျောက်လိုက်ပြီး သူအာရုံခံမိသော နေရာကို ရောက်လာခဲ့သည်။


၎င်းက ကျောက်တုံးအခန်းလေးတစ်ခုဖြစ်သည်။


အခန်းထဲတွင် သလင်းကျောက်နှင့်တူသောအရာများ ရှိနေပြီး အရည်အချို့ကလည်း စီးဆင်းနေကြသည်။


"ဒါဘာတွေလဲ...."

ပုဖန် ပဟေဠိဖြစ်နေရသည်။


"ဒါက အသက်စမ်းချောင်းရဲ့ အရင်းအမြစ်က ထုတ်လုပ်ထားတဲ့ အသက်သလင်းသီးတွေပဲ... အသက်စွမ်းအင် ကြွယ်ဝပြီး သူတို့က ရေနဲ့ထိရင် အရည်ပျော်သွားပြီး မီးနဲ့ထိရင် အငွေ့ပျံသွားတယ်.... သူတို့က အတုအယောင် scared grade အဆင့် ပါဝင်ပစ္စည်တွေပဲ..."

စနစ်၏ အသံက ပုဖန်ခေါင်းထဲတွင် မြည်ဟည်းလာသည်။


ပုဖန် အံ့ဩသွားသည်။ ထိုအရာများက မှော်ဆန်ဆန်စိတ်ဝိဉာဉ်သစ်သီးများ ဖြစ်နေမည်ဟု မထင်ခဲ့ပေ။


ဤသလင်းကျောက်များက စိတ်ဝိဉာဉ်သစ်သီး အစစ်များ ဖြစ်နေသည်။


သူ လက်ဆန့်ထုတ်ပြီး သလင်းကျောက်တစ်ခုကို ကောက်လိုက်သည်။


အတွေးတစ်ချက်ဖြင့် ပါးစပ်ဟကာ အဖြူရောင်မီးတောက်ဘောလုံး တစ်ခုကိုမှုတ်ထုတ်လိုက်သည်။


မီးတောက်က သလင်းကျောက်ကို ထိသွားသည်နှင့် အငွေ့ပျံ၍ ပျောက်ကွယ်သွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားပြီး မွှေးပျံ့လှသည့် ရနံ့များထွက်ပေါ်လာသည်။


၎င်းက ကောင်းမွန်လှသည့် ပါဝင်ပစ္စည်းများဖြစ်သည်။ ၎င်းက အထွဋ်အမြတ်အဆင့်သေမျိုး ပါဝင်ပစ္စည်းမဟုတ်ဘဲ အတုအယောင် မသေမျိုး ပစ္စည်းဖြစ်သော်လည်း မဆိုးလှပေ။


ပုဖန် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ကာ သလင်းကျောက်သစ်သီးများကို ယူပြီး သူ၏ လယ်ယာမြေထဲ ပစ်ထည့်လိုက်သည်။


သလင်းကျောက်သစ်သီးများကို ယူဆောင်ပြီးနောက်တွင် နောက်တစ်ခုကို တွေ့လိုက်ရသည်။


သစ်သီးများအောက်တွင် ငွေရောင်အရည်များ ပါရှိသည့် ကြေးပန်းကန်လုံးများ ရှိနေသည်။


အရည်များက တုန်ခါနေပြီး သူ့ကို ကိုးရိုးကားရားနိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။


သူ မျက်စိမှေးကျဉ်းရင်း စိတ်ခွန်အားကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူ၏စိတ်စွမ်းအင်က အရည်များနှင့် ထိတွေမိသည်နှင့် အငမ်းမရဖြစ်လာသည်။


"အိုး...."

၎င်းက ပုဖန်ကို ထိတ်လန့်သွားစေသည်။


ရုတ်တရက် ငွေရောင်နဂါးလေးနှစ်ကောင်က ကြေးပန်ကန်ထဲမှ ခေါင်းလေးပြူထွက်ကာ သူ့ကို ကြည့်လာသည်။


ပုဖန်က သူတို့ကို ပြန်ကြည့်လိုက်သောအခါ ငွေရောင်အရည်များအဖြစ် ပြန်လည်ပျော်ဝင်သွားသည်။


"သူတို့က အသက်စမ်းချောင်းရဲ့ အရင်းအမြစ်လား.."


ပုဖန် က ထိုငွေရောင်နဂါးနှစ်ကောင် ပြန်ပေါ်လာလိုက် အရည်ပျော်လာလိုက်ဖြင့် ပန်းကန်လုံးထဲတွင် ကစားသလို ကူးခတ်နေသည်ကို သိချင်နေသော အမူအယာဖြင့် ကြည့်နေသည်။


သူ ပန်းကန်လုံးနား လျှောက်သွားကာ လက်မြှောက်ရင်း ကောက်ယူရန် လုပ်လိုက်သည်။


သို့သော် ထိုပန်းကန်လုံးက အလွန်လေးလှပြီး မပင် မမနိုင်ကြောင်း သိလိုက်ရသည်။


တစ်စုံတစ်ယောက်က အသက်စမ်းချောင်း၏ အရင်းအမြစ်ကို ချိတ်ပိတ်ထားခဲ့သည်။


ပုဖန် မျက်မှောင်ကြုတ်ကာ ကြေးပန်းကန်လုံးကို ကြည့်နေလိုက်သည်။


ချိတ်ပိတ်ခဲ့သူက ဤသည်ကို မည်သူမှ မချိုးဖောက်နိုင်ကြောင်း သေချာနေသည့်ပုံပင်။


သူ ပန်းကန်လုံးကို အသေအချာကြည့်နေပြီးနောက်တွင် သက်ပြင်းရှိုက်မိကာ သူ့အမူအယာက ထူးဆန်းသွားသည်။


သူ ပန်းကန်လုံးရှေ့တွင်ခြေချိတ်ထိုင်လိုက်သည်။


ထိုစဉ် ငွေရောင်နဂါးလေးနှစ်ကောင်က ပန်းကန်လုံးအဖျားမှနေ၍ သူ့ကို စပ်စုသလိုကြည့်လာကြသည်။


ပုဖန် မျက်လုံးမှိတ်လိုက်ကာ သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ကာ လက်မြှောက်လိုက်သည်။ သူ၏ စိတ်စွမ်းအင်ကို လက်ဖဝါးတွင်စုက မှော်အစီအရင်တစ်ခုဖွဲ့စည်းလိုက်သည်။


ထို့နောက် အသက်သလင်းကျောက်သစ်သီးများကို အစီအရင်အလယ်တွင် ထည့်ကာ သစ်သီးကို ပန်းကန်လုံးထဲ ပစ်ထည့်လိုက်သည်။


ခဏအကြာတွင် ပန်းကန်လုံးထဲရှိ အရည်များက ဆူပွက်လာသည်။


"သေချာတာပေါ့... တစ်စုံတစ်ယောက်က လျှာကဝေ အစီအရင်ကို ပန်းကန်လုံးအောက်ခြေမှာ ထည့်ထားတာပဲ .."


အသက်သလင်းကျောက်သစ်သီးများက မှော်အစီအရင်ထဲ ပါလာသည်နှင့် ပန်ကန်လုံးထဲရှိ မှော်အစီအရင်က ပျက်ဆီးသွားသည်။


ပုဖန် ကြေးပန်းကန်လုံးကို ထပ်မံ မယူရန် ကြိုးစားလိုက်သည်။ ဤအချိန်တွင် သူမလိုက်နိုင်ပြီဖြစ်ပြီး နဂါးလေးနှစ်ကောင်က သူ့လက်ပေါ် ချက်ချင်း တွား၍တက်လာသည်။ ထို့နောက်တွင် ပန်းကန်လုံးထဲရှိ ငွေရောင်အရည်များက ပျောက်ကွယ်သွားသည်။


လျှာကဝေအစီအရင် ကလည်း ဤသို့ သုံး၍ရပုံပင်။


ငွေရောင်နဂါးလေးနှစ်ကောင်က အသက်စမ်းချောင်း၏ အရင်းအမြစ်ဖြစ်သည်။ သူတို့ကို ကြည့်ရင်း ပုဖန်၏ နှုတ်ခမ်းတို့က အနည်းငယ် ကွေးညွတ်သွားသည်။


သူမသေမျိုးသစ်ပင်ပေါက်လေးကို ထုတ်ယူလိုက်ပြီး နဂါးနှစ်ကောင်ကို ပေးလိုက်သည်။


ချက်ချင်းပင် သူတို့က ကစားစရာအသစ်တွေ့သွားဟန် ကစားနေကြသည်။


ငွေရောင်စွမ်းအင်များက သစ်ပင်၏ မျက်နှာပြင်ပေါ်ကို ထိုးဖောက်သွားသည်။


ငွေရောင်အသက်စွမ်းအင်များက စုပ်ယူခံရပြီးနောက်တွင် အသက်မဲ့နေပုံပေါ်သော အပင်ပေါက်က ချက်ချင်းပြောင်းလဲသွားသည်။