အပိုင်း ၁၁၆၇
Viewers 53k

အခန်း ၁၁၆၇

ပုဖန်က အထွတ်အမြတ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူများကို သတ်ပစ်ခြင်း


အသက် သလင်းကျောက်သစ်သီးများကို စားပြီးနောက်တွင် မြို့တော်သခင်ကျိုးက ပြန်သတိရလာခဲ့သည်။ သူ့ဝမ်းဗိုက်ထဲတွင် အသက်စွမ်းအင်များ မြင့်တက်နေပြီး သူ့ကို ပိုမိုစွမ်းအင်ပြည့်လာသည်ဟု ခံစားလိုက်ရသည်။


သလင်းကျောက်သစ်သီးများက အသက်စမ်းချောင်း၏ တွဲဖက်ထုတ်ကုန်ဖြစ်သည်။ ၎င်းတွင် အလွန်အမင်းအားပြင်းလှသော အသက်စွမ်းအင်များ ပါဝင်နေပြီး အတုအယောင်အထွတ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းဖြစ်သည်။ သဘာဝကျစွာဖြင့် ၎င်းက လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်ပေသည်။


မြို့တော်သခင်ကျိုးက မျက်စိဖွင့်ကြည့်လိုက်သောအခါ သူ့ဘေးတွင် ပုဖန်ကို မြင်လိုက်ရ၍ သူ့အမူအယာက ရှုပ်ထွေးသွားခဲ့သည်။


သူ့ကို လာကယ်သည့်လူက ပုဖန်ဖြစ်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။ သူအရင်က ထိုစားဖိုမှူးငယ်လေးကို ပြဿနာရှာခဲ့ဖူးသေးသည်။


ခဏအကြာတွင် အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူနှစ်ဦး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။သူ့မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး ပုဖန်ကို သတိပေးရန် ကြိုးစားလိုက်သည်။

"ဂ...ဂရုစိုက်...."


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူများကို ဆန့်ကျင်ရန်မှာ သူ့လိုလူပင် အင်အားမဲ့ဖြစ်သွားရသည်။


"စိတ်မပူပါနဲ့...."

ပုဖန်က မြို့တော်သခင်ကျိုးကို တစ်ချက်လှည်ကြည့်ရင်း ပြောလိုက်သည်။


ခဏအကြာတွင် သူက အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူများကို လှည့်ကြည့်လိုက်သည်။ သူတို့၏ အော်ရာများက အလွန်သန်မာလှသည်။ သူတို့လက်ထဲတွင် ဓားရှည်ကြီးများ ရှိကြပြီး အရာတိုင်းကို အစိတ်စိတ်ပိုင်းတော့မည်ဟု ထင်ရသော အနက်ရောင်ခုတ်ပိုင်းချက်နှစ်ခုကို ထုတ်လွှတ်လိုက်သည်။


သူတို့ဆီမှ ထွက်လာသော ဖိအားက မြို့တော်သခင်ကျိုးကို တုန်ယင်မိသွားစေသည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ဆိုသည်မှာ သူတော်စင်ငယ်အဆင့်ကိုရောက်ရန် ပြင်ဆင်နေကြသူများဖြစ်ကြသည်။ ထိုအဆင့်က မဟာလမ်းစဉ်၏ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်သည့် အခြေခံအဆင့်ဖြစ်ကြသည်။


မဟာလမ်းစဉ်၏ စိတ်ဆန္ဒက အံ့ဖွယ်အရာတစ်ခုဖြစ်သည်။ လူတစ်ယောက်က ထိုအရာကို ထိန်းချုပ်နိုင်လျှင် သူ၏တိုက်ခိုက်နိုင်စွမ်းကို အဆင့်မြင့်သွားစေနိုင်သည်။


အမှန်အတိုင်းပြောရလျှင် အထွတ်အထိပ်နယ်ပယ်တစ်ဝက်အဆင့်က ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့်ထက် အနည်းငယ်သာ သန်မာသော်လည်း ၎င်းတို့က မဟာလမ်းစဉ်၏ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်စွမ်းရှိ၍ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ပိုမိုမြင့်တက်သွားစေသည်။


၎င်းက ပုဖန်၏ ပေါက်ကွဲအသားလုံးများနှင့် ဆွေးမြေ့အိုးတို့နှင့်တူသည့် အခြေခံအရာသာဖြစ်သည်။


သူတို့က မဟာလမ်းစဉ်၏ စိတ်ဆန္ဒကို အနည်းငယ်ငှားယူနိုင်သော်လည်း ၎င်းက မသန့်စင်ပေ။


ပုဖန်၏ အမူအယာက လုံးဝမပြောင်းလဲပေ။ သူ၏ အနီရောင်စားဖိုမှူး ဝတ်ရုံက ထက်မြိလှသည့် ဓားစွမ်းအင်များကြောင့် ဆူညံစွာ လွင့်ပျံနေသည်။


ယခုတွင် ပုဖန်၏ ကျင့်ကြံခြင်းအဆင့်က ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့်ကို ချိုးဖောက်သွားပြီးဖြစ်ပြီး သူ၏စိတ်စွမ်းအင်ကလည်း ကြောက်မက်ဖွယ်အဆင့်အထိ ထိုးတက်သွားသည်။ သူက သူတော်စင်ငယ်အဆင့်သို့ မရောက်သေးသော်လည်း ခြေတစ်လှမ်းသာလိုတော့သည်။ အမှန်အတိုင်းပြောရလျှင် သူ၏ စိတ်စွမ်းအင်က သာမန်သူတော်စင်အဆင့်တစ်ဝက်များထက် ပိုသန်မာလေသည်။


သူတော်စင်ငယ်အဆင့် ရောက်ခြင်းက ကြီးကျယ်လာသည့် မှတ်ကျောက်တင်စရာ တစ်ခုဖြစ်သည်။ လူတစ်ယောက်က သူတော်စင်လေးအဆင့်သို့ ရောက်သွားပါက အကြီးမြင့်ဆုံးသော တည်ရှိမှုတစ်ခုအဖြစ် မှတ်ယူ၍ရပေပြီ။ 


မဟာလမ်းစဉ်၏ စိတ်ဆန္ဒကိုထိန်းချုပ်နိုင်ခြင်းဆိုသည်မှာ အလွန်အင်အားကြီးလှသည့် စွမ်းရည်ပင်ဖြစ်သည်။


ပုဖန်က လူများကို အမြဲတစေ တည်ငြိမ်ကာ သိမ်မွေ့သော ပုံကိုသာ ပြလေ့ရှိသော်လည်း ယခုအကြိမ်တွင် ရူးသွပ်နေသည့်အတိုင်းသာ ပြုမူတော့မည်ဟု တွေးလိုက်မိသည်။ မြို့တော်သခင် ကျိုးက သူ၏စစ်မှန်စွမ်းအင်များ ကုန်ဆုံးသွားပြီး သွေးများလွှမ်းနေသော်လည်း ရန်သူများကို တိုက်ခိုက်နေသည့်ပုံကို ကြည့်ပြီး သူ့သွေးများ ဆူပွက်လာရသည်။ 


သူ နဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆွဲထုတ်လိုက်သည်။ တဖြေးဖြေးနီးကပ်လာသည့် ဓားစွမ်းအင်နှစ်မျိုးကိုကြည့်ရင်း သူ့မျက်လုံးများက အလွန်အမင်း ထက်ရှလာသည်။ ရုတ်တရက် သူ့ပါးစပ်ကိုဟလိုက်ကာ အဖြူရောင်မီးတောက်ကို မှုတ်ထုတ်လိုက်ပြီး ကောင်းကင်တစ်ခွင် မီးပင်လယ်ကြီး ဖြစ်သွားစေသည်။ ခဏအကြာတွင် သူ့လက်ထဲရှိဓားက မီးများကို နှစ်ခြမ်းခွဲဖြာသွားစေသည်။


ထို့နောက် သူ့နောက်တွင် မီးဖိုချောင်သုံးဓားကြီးကို ကိုင်ကာ ခမ်းနားကြီးကျယ်လှသော ပုံရိပ်ကြီးထွက်ပေါ်လာပြီး ခုတ်ချလိုက်သည်။


ထိုဓားချက်က အထွတ်အထိပ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ 


ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးက ချက်ချင်း ထွက်ပေါ်လာသည်။


အထွတ်အထိပ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ယောက်က မြဲမြဲရပ်နေဆဲဖြစ်သော်လည်း ပုဖန်က နောက်သို့ပျံထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျပြီး တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။


သူ၏ အကြည့်ကလေးနက်သွားခဲ့သည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူတစ်ယောက်၏ ခွန်အားက ကြယ်ကိုးပွင့်အဆင့်အမှန်မသေမျိုး ကျင့်ကြံသူတစ်ဦးထက် အတော်လေး သန်မာပေသည်။


သို့သော် ပုဖန်က ယုံကြည်ချက်မရှိသည့်လူမဟုတ်ပေ။ သူက ရှုံးနိမ့်မည်ဟုတစ်ထစ်ချ ယုံကြည်လိုက်ခြင်း မရှိပေ။


သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကောင်းကင်ပေါ် ထိုးတက်သွားခဲ့သည်။ ချက်ချင်းလက်ငင်း သူက အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ယောက်ရှေ့သို့ ရောက်သွားသည်။


သူ့ဆံပင်များက လေနှင့်အတူ မျောလွင့်နေသည်။


" အင်မော်တယ်ဖြတ်တောက်ခြင်းစတိုင် ခုတ်ပိုင်းချက်..."


သူ၏ အထွတ်အထိပ်အဆင့်တွင်ရှိသော ဓားစွမ်းရည်ဖြင့် တိုက်ခိုက်လိုက်သည်။


ထိုဓားချက်က ကောင်းကင်ပေါ်မှ ကျလာသည့်အလား သူ့တို့ဆီကို လျပ်တစ်ပြက်အတွင်း ကျရောက်လာသည်။


ဘုန်း


၎င်းက ‌အံ့ဖွယ်ခုတ်ပိုင်းချက်ဖြစ်ပြီး အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် တူညီနေသည်။


အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ယောက်က ထိုတိုက်ခိုက်မှုကြောင့် ချက်ချင်း ထိတ်လန့်သွားသည်။


ဤအချိန်တွင် ၎င်းက အဆင့်ညီသည့် တိုက်ပွဲဖြစ်လာပြီး သူတို့သုံးယောက်လုံး နောက်သို့ ပျံထွက်သွားကြသည်။


အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ဦးက ပင့်သက်ရှိုက်မိသွားသည်။ သူတို့က ထိုစားဖိုမှူးလေးက ဤမျှတစ်မူထူးနေပြီး ကြယ်ကိုးပွင့် စစ်မှန် မသေမျိုးအဆင့်တွင် သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နိုင်မည်ဟု မထင်ခဲ့ပေ။


ဘယ်လိုလုပ် ဒီစားဖိုမှူးလေးမှာ ဒီလောက်ကြီးမားတဲ့ ပါရမီနဲ့ သန်မာမှုတွေရှိရေတာလဲ...


အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ဦးက အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။


"ငါတို့ သူ့ကိုသတ်ရမယ်... သူ့ကိုသာ ကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင် သေချာပေါက် ငါတို့အတွက် ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်..."

သူတို့ ချက်ချင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်သည်။


ခဏအကြာတွင် ကြောက်မက်ဖွယ်ရာ ငရဲစွမ်းအင်တို့ ထောင်းထောင်းထနေသော သူတို့၏ ဓားများကို မြှောက်လိုက်ကြသည်။ တစ်ချိန်တည်းတွင်လည်း သူတို့ခေါင်းပေါ် မဟာလမ်းစဉ်၏ စိတ်ဆန္ဒတို့က ဝန်းရံလာသည်။


သူတို့က ငရဲအကျဉ်းထောင်၏ မဟာလမ်းစဉ်၏ စိတ်ဆန္ဒကို ချိတ်ဆက်လိုက်ပြီး ဖြစ်သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကို ရှေးဟောင်းဖြစ်တည်မှုကြီးတစ်ခု၏ မျက်လုံးအစုံက စိုက်ကြည့်နေသလို ခံစားလိုက်ရပြီး ၎င်းက သူ၏အရေပြားပေါ် တွားတက်လာသလို ခံစားလိုက်ရသည်။


အဲ့တာက ငရဲအကျဉ်းထောင်၏ မဟာလမ်းစဉ်၏ စိတ်ဆန္ဒလား... မဟာလမ်းစဉ်၏ စိတ်ဆန္ဒ ဆိုတော့ မဟာလမ်းစဉ်၏ စိတ်ဆန္ဒ ဆန့်ကျင်ဘက်ပဲဖြစ်ရမယ်....

 ပုဖန် ထိုသို့ တွေးလိုက်မိသည်။


သူတို့က ဟိန်းဟောက်လိုက်ကြကာ သူတို့၏ အော်ရာများက ပေါင်းစပ်သွားပုံပင်။


လေထဲတွင် တုန်ခါသံတို့ ထွက်ပေါ်လာသည်။


ခဏအကြာတွင် သူတို့ထုတ်လွှတ်လိုက်သည့် မဟာလမ်းစဉ်၏ စိတ်ဆန္ဒက ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။


ဓားအလင်းက ကြည်လင်နေကာ လေဟာနယ်ကိုပင် ပိုင်းဖြတ်နိုင်သည်အထိ ထက်ရှလှသဘ်။ ၎င်းက အလွန်စွမ်းအားကြီးလှကာ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ဖြတ်တောက်နိုင်စွမ်းရှိသည့်အလား ထင်မှတ်နေရသည်။


ပုဖန် အသက်ပြင်းပြင်းရှူလိုက်သည်။


ခဏအကြာတွင် သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲရှိ ပုရပိုက်က အလင်းတန်းများ ထွက်ပေါ်လာပြီး အသက်ဝင်လာသလို ခုန်လှုပ်နေသည်။ ထို့နောက် သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် နဂါးဟိန်းသံ၊ ကျားဟိန်းသံ၊ ငှက်မြည်တမ်းသံနှင့် ထောင်တျဲအော်သံတို့ ထွက်ပေါ်လာသည်။ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းများကလည်း ၎င်းတို့၏ အော်ရာများကို ထုတ်လွှတ်နေပြီး သူ၏စိတ်စွမ်းအင်ကို ကြောက်မက်ဖွယ်အဆင့်ထိ ထိုးတက်သွားစေသည်။


၎င်းက အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မျှအထိ ရောက်ရှိလုနီးနီးပင်။


အချိန်အတော်ကြာသောအခါ ပုဖန်၏စိတ်စွမ်းအင်က သူ၏အစစ်အမှန်စွမ်းအင်ထက် ပိုမိုသန်မာလာသည်။ သူတော်စင်ငယ်လေးအဆင့်သို့ ချိုးဖောက်ရန်မှာ ခက်ခဲ၍သာမဟုတ်ပါလျှင် သူ၏စိတ်စွမ်းအင်က သူ၏အစစ်အမှန်စွမ်းအင်ထက် အတော်လေးရှေ့ရောက်နေလောက်ပြီ ဖြစ်သည်။ သို့သော့ သူ၏ စွမ်းအင်အားလုံးကို သုံးလိုက်သောအခါ ၎င်း၏အစွမ်းက အလွန်အမင်းကြောက်မက်ဖွယ်ကောင်း လှသည်။


ဘုန်း


သူ၏စိတ်စွမ်းအင်က သိပ်သည်းသွားပြီး အလင်းတန်းတစ်ခုအဖြစ် ဖြစ်ပေါ်လာကာ ပုဖန်၏ခေါင်းမှ ထွက်ပေါ်လာသည်။


ခပ်လှမ်းလှမ်းတွင် ဧရာမနတ်ဆိုးနှင့်တိုက်ခိုက်နေသော နယ်ပယ်သခင်တိထိုက်က သူ့ခေါင်းကိုလှည့်ကြည့်လိုက်သည်နှင့် ပုဖန် သူ၏ကြောက်မက်ဖွယ်အော်ရာကို ထုတ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။


သူ အနည်းငယ်မျှ အံ့ဩသွားပြီး ချက်ချင်းပျော်ရွှင်လာတော့သည်။


"ပုဖန်ပဲ.... သူပြန်လာပြီ... သူ အသက်စမ်းရေကို ပြန်ယူလာခဲ့ပြီလား..."


နယ်ပယ်သခင်တိထိုက်၏ မျက်နှာတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် တောက်ပလာခဲ့သည်။


ဧရာမနတ်ဆိုးကြီးကလည်း ပုဖန်၏စိတ်စွမ်းအင်ကို အာရုံခံမိသည်။ သို့သော် လျစ်လျူသာရှုလိုက်သည်။ သူက သူတော်စင်ငယ်အဆင့် မရှိသည့် လူများကို စိတ်ပင်မဝင်စားပေ။


သူ ထိုးချလိုက်သည်။ ငရဲစွမ်းအင်များက မြွေများအဖြစ် ပြောင်းလဲသွားပြီး နယ်မြေသခင်တိထိုက်ထံ ပြေးဝင်သွားကာ သူ့ကို လုံးဝ ဝါးမြိုရန် ကြိုးစားလိုက်သည်။


စိတ်စွမ်းအင်တို့ရောယှက်နေသော လေလှိုင်းများက ပုဖန်၏ဆံပင်ကို ဆက်လက်တိုက်ခတ်နေပြီး ထောင်ထသွားစေသည်။


ပုဖန် ပေါက်ကွဲအသားလုံးများကို ထပ်ထုတ်လိုက်ပြီး ၎င်းတို့က သူ့နားတွင် လည်ပတ်နေကြသည်။


အထွတ်အမြတ်နယ်ပယ်တစ်ဝက်အဆင့်မှလူနှစ်ယောက်က သူ၏ဆွေးမြေ့အိုးနှင့် မထိုက်တန်ပေ။ ၎င်းက အလွန်စွမ်းအားကြီးလှသည်။ သူက ၎င်းကိုတစ်ခါတည်းအသုံးပြုရန်သာ ယုံကြည်ချက်ရှိသည်။ ထိုတစ်ခေါက်ကိုအသုံးပြုပြီးသွားပါက အချိန်အကြာကြီး အားနည်းသွားပေလိမ့်မည်။


ခဏမျှ တွေးတောပြီးနောက်တွင် ပေါက်ကွဲအသားလုံးများကသာ အထွတ်အမြတ်နယ်ပယ်တစ်ဝက်အဆင့်ရှိ ကျင့်ကြံသူနှစ်ယောက်ကို ကိုင်တွယ်ရန်လုံလောက်သည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ အသားလုံးတစ်လုံးနှင့် မလုံလောက်လျှင် နှစ်လုံးထပ်သုံး၍ ပစ်လိုက်မည်ဖြစ်သည်။


မကြာမီ ပေါက်ကွဲအသားလုံး ဆယ့်လေးလုံး ထွက်ပေါ်လာပြီး သူ့ဘေးတွင် ရွှေရောင်စက်ဝိုင်းလို အဝိုင်းပတ်နေသည်။


ပေါက်ကွဲအသားလုံးဆယ့်လေးလုံးကို ထိန်းချုပ်ရသည်မှာ ယခုလက်ရှိတွင် ပုဖန်၏ အကန့်အသတ်ဖြစ်သည်။ ထို့အပြင် ၎င်းက သူ၏စိတ်စွမ်းအင်ကို အဆုံးထိတွန်းပို့ထားပြီးမှ ထိုမျှအရေအတွက်ဖြစ်သွားရခြင်းဖြစ်သည်။


ခပ်လှမ်းလှမ်းတွင် အထွတ်အမြတ်နယ်ပယ်တစ်ဝက်အဆင့်ရှိ ကျင့်ကြံသူနှစ်ယောက်က တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထောင်ထသွားသော်လည်း မတွန့်ဆုတ်သွားခဲ့ပေ။


ထို့နောက် ၎င်းတို့နှစ်ယောက်၏ မဟာလမ်းစဉ်၏စိတ်ဆန္ဒတို့ ပေါင်းစပ်နေသော ဓားချက်က ခုတ်ပိုင်းချလာသည်။ ၎င်းမကျရောက်လာမီ ၎င်း၏စွမ်းအင်က မြေပြင်ကို အပိုင်းပိုင်းအစစဖြစ်သွားစေခဲ့သည်။


"သေလိုက်စမ်း...."


သူတို့ ပုဖန်ကဲ့သို့ ဉာဏ်ကြီးရှင်ကို သတ်ကိုသတ်ရမည်ဖြစ်ပြီး ထိုသို့မသတ်မိပါက သူတို့ပြဿနာက ရှင်းတော့မည်မဟုတ်ပေ။


ပုဖန်က လေထဲတွင် မျောလွင့်နေသည်။ သူ၏မီးတောက်နေသော အနီရောင်စားဖိုမှူး ဝတ်ရုံက လေနှင့်အတူမျောလွင့်နေပြီး သူ့နောက်ကျောဘက်ရှိ မီးတောက်အတောင်ပံများကလည်း တောက်ပနေသည်။


သူ့လက်ကိုမြှောက်လိုက်ပြီး လှန်ချလိုက်သောအခါ သူ့လက်ချောင်းများဘေးတွင် အသားလုံးများက ပျံသန်းနေကြသည်။


စက္ကန့်ပိုင်းအတွင်း အသားလုံးဆယ့်လေးလုံးက ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းဆီ တည့်တည့်ပြေးဝင်သွားသည်။


ပုဖန် ပခုံးပေါ် လှဲလျောင်းနေသော မြေခွေးလေးက မျက်လုံးမှိတ်ကာ နားအုပ်ပြီး ၎င်း၏ အမြှီးလေးကို ကွေးလိုက်သည်။


ဘုန်း


နားကန်းလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မျက်စိကန်းမတတ်လင်းနေသော အလင်းတန်းများကပါ နေရာတိုင်းသို့ ပျံ့လွင့်သွားသည်။


အနီးအနားမှ မရေမတွက်နိုင်သော ကျင့်ကြံသူများပါ နောက်သို့ ပျံကန်ထွက်သွားပြီး ကြောင်တောင်တောင်ဖြစ်သွားကြသည်။ သူတို့ မော့ကြည့်လိုက်သောအခါ ထိုပေါက်ကွဲမှုကြီးကို မြင်လိုက်ရ၍ ပင့်သက်ရှိုက်မိသွားသည်။


မြို့တော်သခင်ကျိုးပင် မှင်သက်သွားရသည်။ သူ့နှလုံးသားတစ်ခုလုံးကို ဧရာမလက်ကြီးတစ်ဖက်က ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ရပ်နေသောပုဖန်က ထိုခဏတွင် တောက်ပနေသည့် နတ်ဘုရားတစ်ပါးနှင့် တူနေခဲ့သည်။


သူက အရမ်းသန်မာတာပဲ.... ဒီစားဖိုမှူးလေးက ဘယ်တုန်းကစပြီး ဒီလောက် သန်မာလာရတာလဲ....


အထွတ်အမြတ်နယ်ပယ်တစ်ဝက်အဆင့်ရှိ ကျင့်ကြံသူနှစ်ယောက်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားသည်။ 


သူတို့ရဲ့တိုက်ခိုက်မှုထဲမှာ မဟာလမ်းစဉ်ရဲ့စိတ်ဆန္ဒတွေ ပါပါတယ်... ဒါပေမဲ့ ဒီလူက ဘာကိစ္စ လွယ်လွယ်လေး ကာလိုက်နိုင်တာလဲ..... ပြီးတော့ ပေါက်ကွဲနေတဲ့ဟာတွေက အသားလုံးတွေရောဟုတ်ရဲ့လား... အသားလုံးတွေမှာ အဲ့လောက်ကြောက်ဖို့ကောင်းတဲ့ အစွမ်းတွေမှမရှိတာ.... 


"နောက်ထပ်ခြောက်ခုကျန်သေးတယ်...."

ပုဖန်ရေရွတ်လိုက်ပြီး သူ့ခါးသူစမ်းလိုက်သည်။


ခဏအကြာတွင် တစ်စုံတစ်ခုလည်ပတ်နေသံက လေထဲတွင် ထပ်မံ၍မြည်လာပြန်သည်။ 


ပေါက်ကွဲမှု၏အလယ်တွင် ရွှေရောင်အလင်းတန်းများက တိမ်တိုက်များနှင့် ဖုန်မှုန့်များဆီ ဖြတ်သန်းသွားသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

အထွတ်အမြတ်နယ်ပယ်တစ်ဝက်အဆင့်ရှိ ကျင့်ကြံသူနှစ်ယောက် လုံးတို့ ကြက်သီးမွေးညင်းထသွားကြသည်။


ရွှေရောင်အလင်းတန်းများက တောက်ပလာခဲ့သည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်သည်ထက် ပြူးကျယ်လာကာ သူတို့ရှေ့တွင် လွင့်မျောနေသော အသားလုံးများကို စိုက်ကြည့်လိုက်ကြသည်။


"သေလိုက်ပါတော့..."


သူတို့ ချက်ချင်းလှည့်ပြေးချင်သော်လည်း ထိုသို့တွေးလိုက်သည်နှင့် ကျန်နေသည့် အသားလုံးခြောက်လုံးက ပေါက်ကွဲသွားသည်။


သူတို့က ကြီးမားလှသည့် စွမ်းအင်ကြီးနှင့်အတိုက်ခိုက်ခံရပြီး စွမ်းအင်များနှင့် သန်မာမှုများက လျော့နည်းနေပြ၍ ထိုပေါက်ကွဲမှုကို လုံးဝမခုခံနိုင်ခဲ့ကြပေ။


မီးတောက်များက အထွတ်အမြတ်နယ်ပယ်တစ်ဝက်အဆင့်ရှိ ကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်ကို ချက်ချင်းဝါးမြိုသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက တွန့်လိမ်သွားကြကာ ကျည်ဆံနှစ်ခုလို နောက်သို့ပျံထွက်သွားကြသည်။ 


ပုဖန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အတွေးတစ်ချက်ဖြင့် မဟူလိပ်ခုံးဒယ်အိုးကို ထုတ်လိုက်သည်။ ၎င်းကို တင်းတင်းကိုင်ထားပြီး အလင်းတန်းတစ်ခုအလားပြေးထွက်သွားသည်။


ခပ်လှမ်းလှမ်းမှ အထွတ်အထိပ်နယ်ပယ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှစ်ဦးက မြေပြင်ပေါ်ပြုတ်ကျသွားပြီး သွေးများအန်ထုတ်လိုက်ကာ မျက်လုံးများပြာဝေသွားခဲ့သည်။


ရုတ်တရက် ပုဖန်က အနက်ရောင်ဒယ်အိုးကြီးကိုင်ပြီး အောက်သို့ ခုန်ဆင်းလာသည်။


ထိုအနက်ရောင်ဒယ်အိုးကြီးက သူတို့မျက်လုံးထဲတွင် ပိုမိုကြီးမားလာသည်။


ဘုန်း


မျက်စိတစ်မှိတ်အတွင်း ဒယ်အိုးက အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူတစ်ယောက်၏ ခေါင်းကို မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း ချိုင့်ဝင်သွားအောင် ရိုက်ချလိုက်သည်။


၎င်းက အခြားသော အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူက အလွန်အမင်းကြောက်လန့်သွားခဲ့သည်။


ပုဖန်က တဖြေးဖြေးချင်းခေါင်းလှည့်ပြီး ကျန်နေသော အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူကို အမူအယာမဲ့စွာ ကြည့်လိုက်သည်။


"စိတ်မပူပါနဲ့... လူတိုင်းကို ဝေမျှပေးမှာပါ...."


သူပြောပြီးသည်နှင့် လက်ထဲမှ ဒယ်အိုးကိုမြှောက်ကာ ထိုသနားစရာလူ၏မျက်နှာကို ရိုက်ချလိုက်သည်။


ဒုန်းကနဲမြည်သံနှင့်အတူ ထိုအထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ နှာခေါင်းနှင့် ပါးစပ်များမှ သွေးတို့ အန်ထွက်လာသည်။ ထို့နောက် သူက အဝေးသို့ ပျံထွက်သွားသည်။


ပုဖန် သူ့နားလိုက်သွားလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကို မြှောက်ကာ လွှတ်ချလိုက်သည်။ တန်ချိန်ပေါင်း သောင်းကျော်လေးသော ဒယ်အိုးက ဘုန်းကနဲမြည်သံနှင့်အတူ သူ့ခေါင်းကို မြေကြီးထဲ နစ်သွားစေသည်။


ပုဖန်က ဒယ်အိုးတစ်ခုနှင့် အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူနှစ်ယောက်ကို သတ်ခဲ့သည်။


ပတ်ပတ်လည်မှ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက ကျောရိုးတစ်လျောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။


မြို့တော်သခင်ကျိုးလည်း အံ့အားသင့်သွားရသည်။ သူ ပုဖန်၏မဟူရာ လိပ်ခုံးဒယ်အိုးကို ကြည့်ပြီး သူ့လက်ထဲရှိ အနက်ရောင်ဒယ်အိုးကို ကြည့်လိုက်သည်။


နှစ်ခုလုံးက ဒယ်အိုးတွေပဲကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ....


အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူနှစ်ယောက် ကျဆုံးခြင်းက ဧရာမနတ်ဆိုးကြီး၏ အာရုံကိုဆွဲဆောင်သွားသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် နယ်ပယ်သခင်မှလွဲ၍ အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူကို သတ်နိုင်မည့်လူ မရှိဟု သူထင်ခဲ့သည်။


သူ ပုဖန်ကို မတူညီသော အကြည့်ဖြင့်ကြည့်လိုက်မိသည်။


သူ့မျက်လုံးများ မှေးကျဉ်းသွားသည်။


ဒီခံစားချက်ကို ရင်းနှီးနေပါတယ်....


"မင်းပဲ... ငါ့လက်မောင်းကို ဖောက်ခွဲခဲ့တာ မင်းပဲ... သေပေတော့...."

ဧရာမနတ်ဆိုးကြီးက သူ၏လက်သီးနှစ်ဖက်ကို မြေပြင်ပေါ် ထိုးချပြီး လေပေါ်မြောက်သွားအောင် လုပ်လိုက်သည်။


သူဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီး ထွက်ပေါ်လာကာ နယ်ပယ်သခင်တိထိုက်ကို ပျံထွက်သွားစေသည်။ တစ်ချိန်တည်းတွင် သူ၏ဟိန်းဟောက်မှုက စွမ်းအင်ကြီးမားသည့် ပေါက်ကွဲမှုကြီးအဖြစ် ပြောင်းလဲကာ ပုဖန်ထံ တိုက်ရိုက် တိုးဝင်သွားသည်။